Santhit steel structure & furniture building group

Santhit  steel structure & furniture building group building group

19/01/2022

wowow

06/09/2020

မိန်းကလေးတွေကို ဆွဲဆောင်နိုင်သည့် အမျိုးသားတစ်ယောက်ရဲ့ အလေ့အကျင့်များ

အမျိုးသားတစ်ယောက်အနေနဲ့ မိန်းကလေးတွေကို ဆွဲဆောင်နိုင်ဖို့ ဘာတွေလိုအပ်မယ်လို့ ထင်ပါသလဲ။

ရုပ်ရည်ချောမောခန့်ညားမှုလား...?
ငွေကြေးဥစ္စာပြည့်စုံမှုလား...?

ဒါတွေမဟုတ်ပဲ မိန်းကလေးတွေ သဘောကျတဲ့ အမူအကျင့်နဲ့ စိတ်ပိုင်းဆိုင်ရာ ခံယူချက်တချို့ရှိပါသေးတယ်။

၁။ မိမိကိုယ်ကိုယ် ယုံကြည်မှု

မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသားတွေကို မိန်းကလေးတွေက သဘောကျပါတယ်။ တွန့်ဆုတ်တွေဝေတတ်တဲ့ ယောက်ျားတွေက ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ မိန်းကလေးတွေအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ခံစားရစေပါတယ်။ ဒါ့ကြောင့် ယုံကြည်မှုအပြည့်နဲ့ ပြတ်ပြတ်သားသားဆုံးဖြတ်လုပ်ဆောင်တတ်သူတွေကို သဘောကျတတ်ကြတာဖြစ်ပါတယ်။

၂။ စာနာနားလည်မှု

မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းနဲ့ မောက်မာထောင်လွှားမှုကြားမှာ စည်းလေးတစ်ခုပဲ ခြားပါတယ်။ ဘယ်လိုပတ်သက်ဆက်ဆံမှုမျိုးမှာပဲဖြစ်ဖြစ် မိမိကိုယ်ကိုယ် အမွှမ်းတင်ဖို့ တဖက်သားကို နှိမ့်ချဆက်ဆံတာမျိုး မလုပ်မိဖို့ လိုပါတယ်။ ဒါ့ကြောင့် တဖက်သားကို စာနာနားလည်ပေးတတ်တဲ့ အမျိုးသားတွေကို ဆွဲဆောင်မှုရှိတယ်လို့ ထင်ကြတာဖြစ်ပါတယ်။

၃။ အကောင်းမြင်စိတ်

အကောင်းမြင်စိတ်နဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုက မတူပါဘူး။ မိမိကိုယ်ကိုယ် ယုံကြည်မှုက ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်နေသဘောထားမျိုးဖြစ်ပါတယ်။ အကောင်းမြင်စိတ်ကတော့ ထိန်းချုပ်နိုင်တာတွေ ကျော်လွန်သွားချိန်မှာတောင် အကောင်းဆုံးတွေကို မျှော်လင့်ပြီး စီမံဆောင်ရွက်နိုင်တာပဲ ဖြစ်ပါတယ်။ ဒီလို အကောင်းမြင်စိတ်မျိုးကိုလည်း မိန်းကလေးတွေက သဘောကျတတ်ကြပါတယ်။

၄။ လေးစားမှု

အမျိုးသားတစ်ယောက်က တံခါးဖွင့်ပေးတာ၊ ထိုင်ဖို့ ခုံနေရာပြင်ပေးတာ စသဖြင့် လေးစားသမှုကို ပြတဲ့အမူအရာတွေကို မိန်းကလေးတွေက သဘောကျပါတယ်။ ဒီထက်အရေးကြီးတာက အကြောင်းကိစ္စတစ်ခုနဲ့ပတ်သက်ပြီး သူတို့ရဲ့ ထင်မြင်ယူဆချက်ကို ထည့်သွင်းစဉ်းစားပေးတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လေးစားမှုကို ဖော်ပြတတ်တဲ့ အမျိုးသားတွေက မိန်းကလေးတွေကို ပိုပြီးဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။

၅။ နားထောင်ပေးတတ်ခြင်း

မိန်းကလေးတွေက သူတို့ရဲ့ ခံစားချက်တွေကို ဖွင့်ဟလေ့ရှိပါတယ်။ အမျိုးသားတွေကတော့ တော်ရုံနဲ့ ပြောလေ့မရှိပါဘူး။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ရဲ့ စကားကို သေချာအာရုံစိုက်နားထောင်ပေးတတ်ဖို့တော့ လိုပါတယ်။ ဒါက မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့ အချက်ဖြစ်နေတာကြောင့်ပါ။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine

အခြားစိတ်ဝင်စားစရာဆောင်းပါးအလန်းစား အကြမ်းစားတွေကို
Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

www.mmgentleman.com

06/09/2020

ကပ်ရောဂါပျံ့ပွားချိန်မှာ ငွေကြေးစီမံခန့်ခွဲနည်း (၅)ခု

COVID-19 ကပ်ရောဂါပျံ့ပွားနေချိန်မှာ လူတိုင်းက ငွေကြေးအခက်အခဲ၊ အကြပ်အတည်းကို အနည်းအများဆိုသလို ကြုံတွေ့နေကြရပါတယ်။ ဒီအချိန်မှာ သင့်ရဲ့ ငွေကြေးကို စီမံခန့်ခွဲမှုက ပုံမှန်ထက်ပိုပြီး အရေးကြီးလာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ငွေကြေးအခက်အခဲတွေ လျော့ပါးသက်သာစေဖို့နဲ့ ပုံမှန်အချိန်အထိ တောင့်ခံထားနိုင်ဖို့ နည်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ အသုံးစရိတ်တွေကို မှတ်သားထားပါ

ဒီကာလမှ ငွေကို အဆင်အခြင်မဲ့ လျှောက်သုံးနေလို့ မဖြစ်ပါဘူး။ သုံးသမျှငွေပမာဏတိုင်းကို နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မှတ်သားထားဖို့ လိုပါတယ်။ သင့်အနေနဲ့ ငွေကြေးအခြေအနေ ခက်ခဲမနေရင်တောင်မှ ဘယ်နေရာမှာ ဘယ်လောက်သုံးလိုက်တယ်ဆိုတာကို မှတ်သားထားတာက အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။

၂။ သင့်ငွေကြေးအခြေအနေကို စစ်ဆေးပါ

နောက်တချက်ကတော့ သင့်ရဲ့ ငွေကြေးအခြေအနေကို ပုံမှန်စစ်ဆေးဖို့ပဲ ဖြစ်ပါတယ်။ ဒါမှသာ မလိုအပ်တဲ့အသုံးစရိတ်တွေကို လျှော့ချဖြတ်တောက်ပြီး လိုသလိုချိန်ညှိနိုင်မှာဖြစ်ပါတယ်။

၃။ မလိုအပ်တာတွေ မဝယ်ပါနဲ့

သင်ပိုင်တဲ့ ငွေကြေးကို သင်ကိုယ်တိုင်ပဲ သုံးစွဲနိုင်ပါတယ်။ ကပ်ရောဂါကာလမှာ ဘာကိုမှ သေချာမပြောနိုင်တာကြောင့် မဖြစ်မနေလိုအပ်တာတွေကလွဲလို့ မလိုအပ်တာတွေကို မဝယ်တာ အကောင်းဆုံးပါပဲ။

၄။ နည်းနည်းပဲဖြစ်ဖြစ် စုဆောင်းပါ

တတ်နိုင်မယ်ဆိုရင် ဒီကာလမှာလည်း နည်းနည်းစီ စုဆောင်းသင့်ပါတယ်။ ဒါက သင့်ကိုယ်သင် အရင်ပေးတဲ့ သဘောပါပဲ။ ကပ်ရောဂါကာလ ဘယ်လောက်ကြာမလဲဆိုတာ မသိနိုင်တဲ့အတွက် တတ်နိုင်သမျှ ချွေတာစုဆောင်းထားတာ အကောင်းဆုံးဖြစ်ပါတယ်။

၅။ စိတ်အေးသက်သာစွာနေပါ

ငွေကြေးဟာ ခံစားမှုနဲ့သက်ဆိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကပ်ရောဂါဖြစ်နေချိန်မှာ စိတ်အလိုလိုက်ပြီး လျှောက်မသုံးမိအောင်၊ မလိုအပ်တာတွေ အများကြီးဝယ်မထားမိအောင် ဂရုစိုက်ပါ။ သင့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်သလို ငွေကြေးအခြေအနေကိုလည်း ဂရုစိုက်ပါ။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine

အခြားစိတ်ဝင်စားစရာဆောင်းပါးအလန်းစား အကြမ်းစားတွေကို
Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

www.mmgentleman.com

06/09/2020
06/09/2020

အမျိုးသားများအတွက် တစ်ကိုယ်ရည်ကျန်းမာရေး

ကျန်းမာရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုဟာ လူသားတိုင်းအတွက် အလွန်အရေးကြီးပါတယ်။ လူအများနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေဖို့နဲ့ တစ်နေ့တာလုံး တက်ကြွရွှင်လန်းနေစေဖို့ ပိုပြီးတောင် ကိုယ့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထားဖို့ လိုအပ်ပါတယ်။

ခေါင်းအစ ခြေအဆုံး သန့်ရှင်းသပ်ရပ်တဲ့ အမျိုးသားတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွလာမယ်။ လုပ်ငန်းခွင်မှာ အောင်မြင်မှုရနိုင်တဲ့အပြင် ဆန့်ကျင်ဘက်လိင်ကိုပါ ဆွဲဆောင်မှု ရှိစေတယ်။ မိမိကိုယ်ကို ယုံကြည်မှု ရှိစေလို့ အလုပ်အကိုင်တွေ အဆင်ပြေချောမွေ့စေတယ်။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနြေပီး အားအင်တွေ အပြည့် ရှိနေမှာပါ။

ဒါဆိုရင် အမျိုးသားတွေအတွက် အလွန်အရေးကြီးပြီး မေ့ထားလို့ မဖြစ်တဲ့ နေ့စဉ် တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ အမွှေးနံ့သာ အသုံးပြုပါ။

ခုခေတ်မှာတော့ အမျိုးသားတော်တော်များများ အမွှေးနံ့သာတွေကို အသုံးပြုလာကြပါတယ်။ ဆံသားနဲ့ မျက်နှာအတွက်သာမက ရေမွှေး၊ ချိုင်းလိမ်းဆီ၊ ကိုယ်ခန္ဓါအတွက် ဖျန်းတဲ့ စပရေး အစရှိတဲ့ အမွှေးနံ့သာတွေ ရေပန်းစားလာပါတယ်။ နေပူမရှောင်၊ မိုးရွာမရှောင် အပြင်ထွက် သွားလာနေရတဲ့ အမျိုးသားတွေအတွက်ဆို ပိုပြီးတောင် လိုအပ်ပါတယ်။ ဒါ့အပြင် ချွေးထွက်သန်တဲ့ အမျိုးသားတွေဆိုရင်လည်း ပိုပြီး သုံးသင့်ပါတယ်။ မွှေးရနံ့သင်းပျံ့နေတဲ့အခါမှာ အလုပ်လုပ်ရတာလည်း စိတ်ကို ကြည်လင်စေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေတယ်။ တစ်ပါးသူကိုလည်း ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။

၂။ တစ်နေ့ ၂ကြိမ် မျက်နှာသစ်ပါ။

မနက်အိပ်ယာ ထတဲ့အချိန်နဲ့ ညအိပ်ခါနီး အချိန် တစ်နေ့ကို ၂ကြိမ်တိတိ မျက်နှာသစ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတလေ အပြင်သွားပြီး ပြန်လာရင် ပင်ပန်းလွန်းတာကြောင့် မျက်နှာမသစ်၊ ကိုယ်လက်မဆေးကြောပဲ တန်းအိပ်တတ်တဲ့ အကျင့်ရှိရင်တော့ ခုကတည်းက ဖျောက်သင့်ပါပြီ။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ သိပ်မပြင်းတဲ့ ဆပ်ပြာနဲ့ တစ်နေ့ကို ၂ကြိမ် မှန်မှန် မျက်နှာသစ်ပေးခြင်းဖြင့် အသားအရေ ခြောက်တာ၊ အဆီပြန်တာ၊ အရောင်မညီတာ လျော့နည်းစေပြီး မျက်နှာကိုလည်း နုပျိုလန်းဆန်းစေပါတယ်။

၃။ ခံတွင်းသန့်ရှင်းဖို့လည်း မမေ့ပါနဲ့။

အပြင်ပန်းအလှကို ဂရုစိုက်ပြီး ခံတွင်းကိုလည်း မေ့လို့မဖြစ်ပါဘူး။ ကိုယ့်ရဲ့ ခံတွင်းကို သေချာသန့်ရှင်းရေးမလုပ်ဘူးဆိုရင် အနံ့ဆိုးတွေ ထွက်နိုင်လို့ ကိုယ်အပါအဝင် ဘေးနားက လူတွေပါ စိတ်ကသိကအောက် ဖြစ်စေပါတယ်။ ဒါ့အပြင် သွားကြားထဲမှာ စားကြွင်းစားကျန်တွေ ကပ်ငြိနေရင် ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာနိုင်ပြီး သွားကိုပါ ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ ၂ကြိမ် သွားသေချာတိုက်ပါ။ အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။ စားကြွင်းစားကျန်တွေကို ဖယ်ရှားပစ်ဖို့ သွားပွတ်ကြိုးကို နေ့စဉ်အသုံးပြုပေးပါ။

၄။ အတွင်းခံတွေကို နေ့စဉ်လဲပေးပါ။

အဝတ်အစားတွေတော့ နေ့တိုင်းလဲဝတ်ပြီး အတွင်းခံတွေကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်။ အမျိုးသားတွေရဲ့ လိင်အင်္ဂါတစ်ဝိုက်နဲ့ ပေါင်ခြံတဝိုက်မှာ ချွေးမကြာခဏ ထွက်နိုင်တဲ့အတွက် အတွင်းခံဟာ ဘက်တီးရီးယားတွေ အပေါက်ဖွားနိုင်ဆုံး နေရာဆိုလည်း မမှားပါဘူး။ ဒါကြောင့် အပြင်ကနေ ပြန်လာတာနဲ့ ကိုယ့်ရဲ့ အဝတ်အစားတွေ အကုန်လုံးကို လျှော်ပါ။ နေ့စဉ် သန့်ရှင်းတဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်ပေးပါ။

၅။ ရေမှန်မှန်ချိုးပါ။

ရာသီဥတုအေးလို့၊ အချိန်မရှိလို့၊ ပျင်းလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရေမချိုးပဲ နေတာတွေ ရပ်လိုက်ပါတော့။ အမျိုးသားတွေရဲ့ နေ့စဉ် တစ်ကိုယ်ရည်သန့်ရှင်းမှုမှာ ရေမှန်မှန်ချိုးပေးဖို့လည်း အရေးကြီးပါတယ်။ တစ်နေ့ကို ၁ကြိမ်၊ အပြင်သွားရတဲ့ နေ့တွေမှာဆိုရင် ၂ကြိမ် ရေအေးနဲ့ ဖြစ်စေ၊ ရေပူရေနွေးနဲ့ဖြစ်စေ ရေချိုးပေးဖို့ အရေးကြီးပါတယ်။ ဒါမှပဲ အပြင်ကနေ ကပ်ပါလာတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေအပြင် ကိုယ်ခန္ဓါမှာ ပေါက်ဖွားလာနိုင်တဲ့ ဘက်တီးရီးယားပိုးတွေကို သန့်ရှင်းပေးနိုင်ပြီး စိတ်ကို ကြည်လင်လန်းဆန်းစေမှာပါ။

၆။ လက်သည်း၊ ခြေသည်းညှပ်ပါ။

ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်မှုအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှု လုပ်ရာမှာ လက်သည်း၊ ခြေသည်းတွေကို မေ့ထားလို့ မဖြစ်ပါဘူး။ လက်သည်းတွေ ရှည်နေတဲ့အခါ ဖုန်တွေ၊ အညစ်အကြေးတွေ ကပ်နေနိုင်တဲ့အပြင် ကုတ်မိတဲ့အခါမှာလည်း ထိခိုက်ဒဏ်ရာ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် လက်သည်းရှည်နေတာကို ကြည့်နေရတဲ့သူအဖို့ စိတ်ထဲ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့် လက်သည်း၊ ခြေသည်းတွေ ရှည်နေပြီဆိုရင် အမြန်ဆုံး ညှပ်ပစ်ဖို့ မမေ့သင့်ပါဘူး။

၇။ အမွေးအမျှင်တွေကို ရိတ်ပါ။

မျက်နှာပေါ်က အမွေးအမျှင်တွေဟာ လူကို ပိုပြီး အိုမင်းရင့်ရော်စေသလို ကြည့်ရတာလည်း မကောင်းပါဘူး။ ကိုယ်ခန္ဓါ အထူးသဖြင့် ချိုင်းလို နေရာမျိုးမှာ အမွေးအမျှင်တွေ များလွန်းရင် ချွေးထွက်တဲ့အခါ အနံ့အသက်လည်း မကောင်းနိုင်သလို ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့လည်း ပိုမိုလွယ်ကူစေပါတယ်။ ဒါကြောင့် အမွေးအမျှင်တွေကို ပုံမှန်ရိတ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက်လည်း အရေးပါသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုတွေ တိုးစေနိုင်ပါတယ်။

Ref : Hellosayarwon

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine

အခြားစိတ်ဝင်စားစရာဆောင်းပါးအလန်းစား အကြမ်းစားတွေကို
Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

www.mmgentleman.com

06/09/2020

သင့်အပေါ် လူတွေရဲ့ ဆက်ဆံပုံ ပိုမိုကောင်းမွန်တာ လိုချင်ပါသလား..?

ဒါဆိုရင်တော့ လူတွေအပေါ် သင့်ရဲ့ဆက်ဆံပုံနည်းလမ်းကို ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။ လူမှုဆက်ဆံရေးဟာ မှန် တစ်ချပ်လိုပါပဲ။ သင့်အပေါ် လူတွေရဲ့ဆက်ဆံပုံနည်းလမ်ဟာ အခြားသူတွေအပေါ် သင်ဆက်ဆံတဲ့နည်းလမ်းရဲ့ ရောင်ပြန်ဖြစ်ပါတယ်။

ဒါ့ကြောင့် သင့်အပေါ် လူတွေရဲ့ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို လိုချင်ရင် လိုက်နာသင့်တဲ့ စည်းမျဉ်းတချို့ရှိပါတယ်။

၁။ လူတွေရဲ့ အတိတ်ကို အကဲဖြတ်မယ့်အစား သူတို့ရဲ့အနာဂတ်ကို တည်ဆောက်ရာမှာ ကူညီပေးပါ

လူတိုင်းမှာ အတိတ်ကိုယ်စီရှိကြပါတယ်။ တချို့အတိတ်တွေက လက်ရှိမာနတွေရဲ့ ရင်းမြစ်ဖြစ်နိုင်သလို၊ ပြန်အစမဖော်ချင်တဲ့ အရာတွေလည်း ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် ဘယ်လိုအတိတ်တွေပဲ ရှိရှိ လူတိုင်းက ပြောင်းလဲကြပါတယ်။ ဒါ့ကြောင့် အတိတ်ကို အခြေခံပြီး အကဲဖြတ်နေမယ်အစား သူတို့အတွက် ရပ်တည်ပေးပြီး အနာဂတ်ကောင်းအောင် တတ်နိုင်သမျှ ကူညီပေးပါ။ လူတွေရဲ့ လေးစားမှုကို လိုချင်ရင် လူတွေကို လေးလေးစားစားဆက်ဆံပါ။

၂။ စိတ်ဝင်တစားနားထောင်ပါ၊ ပွင့်ပွင့်လင်းလင်းပြောပါ၊ ရိုးရိုးသားသားဆက်ဆံပါ

ဘယ်သူနဲ့မဆို စကားပြောတဲ့အခါ ရိုးသားပွင့်လင်းစွာ ပြောဆိုဆက်ဆံပါ။ ရိုးသားမှုကို လူတွေက တန်ဖိုးထားကြပါတယ်။

၃။ ကြင်နာစွာ ဆက်ဆံပါ

သင့်အနေနဲ့ အခြားသူတွေကို ပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်က ကြင်နာမှုပဲ ဖြစ်ပါတယ်။ အကူအညီလိုအပ်နေသူတစ်ယောက်ကို တွေ့ရင် တတ်နိုင်သလောက် လက်ကမ်းကူညီပါ။ ဒါပေမယ့် လူတွေရဲ့ လေးစားမှုကို လိုချင်တဲ့စိတ်နဲ့ မကူညီပါနဲ့။ တစ်ခုခု ပြန်လည်ရယူလိုစိတ်နဲ့ ကူညီတာကို လူတွေက အလွယ်တကူသတိပြုမိနိုင်ပါတယ်။ စိတ်ရင်းစေတနာမှန်နဲ့ ကူညီပါ။

၄။ တဖက်သားကို နှိမ်ပြီး မိမိကိုယ်ကိုယ် အမွှန်းမတင်ပါနဲ့

တဖက်သားကို နှိမ်ချပြီး မိမိကိုယ်ကို အမွှန်းတင်တာက သင့်မှာစစ်မှန်တဲ့ အရည်အချင်းမရှိတဲ့ သဘောပါပဲ။ သင့်ကိုယ်သင် အရေးပါကြောင်း ဖော်ပြဖို့ ဘယ်သူ့ကိုမှ သိမ်ငယ်အောင် မလုပ်မိပါစေနဲ့။ လူတိုင်းကို တန်းတူညီမျှ ဆက်ဆံပါ။

၅။ လူတိုင်းမှာ ဇာတ်လမ်းကိုယ်စီရှိပါတယ်

လူတစ်ယောက်ချင်းစီတိုင်းမှာ သင်မသိနိုင်တဲ့ ကိုယ်ပိုင်ဇာတ်လမ်းနဲ့ အခက်အခဲတွေ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် တဖက်သူအကြောင်းကို သေချာမသိပဲ အကဲမဖြတ်ပါနဲ့။ သင့်ရဲ့ တဖက်သတ်အမြင်နဲ့ မဆက်ဆံပဲ သင်လိုချင်တဲ့ ဆက်ဆံပုံနည်းလမ်းအတိုင်း အရင်ဆက်ဆံပေးပါ။

၆။ မတော်တဆတွေ့ဆုံမှုဆိုတာ မရှိဘူး

သင့်ဘဝမှာ တွေ့ဆုံခဲ့ရသူတိုင်းဟာ ရည်ရွယ်ချက်တစ်ခုခု ရှိပါတယ်။ တချို့တွေက သင့်ကို တိုးတက်စေဖို့၊ တချို့တွေက သင့်ကို နာကျင်စေပြီး လူတွေအကြောင်းနားလည်စေဖို့၊ တချို့တွေက သင့်ကို လွှမ်းမိုးလှုံ့ဆော်နိုင်ဖို့ ဖြစ်ပါတယ်။

၇။ ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့

ထွေထွေထူးထူးအောင်မြင်မှုမရှိတဲ့သူ၊ ပညာရေးနိမ့်ပါးသူတစ်ယောက်ကို အထင်သေးမိဖို့ လွယ်ပါတယ်။ ဒါပေမယ့် သူတို့မှာလည်း သင်မမြင်နိုင်တဲ့ အရည်အချင်းတွေ ရှိနိုင်ပါတယ်။

၈။ သင့်ကို အားပေးကူညီသူတွေကို အသိအမှတ်ပြုပါ

သင့်ကို အားပေးကူညီခဲ့ဖူးသူတွေရဲ့ ကျေးဇူးကို မမေ့ပါနဲ့။ သင့်ကို နာကျင်စေခဲ့ဖူးသူတွေကို ခွင့်လွှတ်ပေးနိုင်အောင် ကြိုးစားပါ။ သင့်ကို လိုအပ်နေသူတွေကို ကူညီပေးပါ။

သင့်အပေါ် လူတွေဆက်ဆံစေချင်တဲ့ နည်းလမ်းအတိုင်း သင့်ဖက်က အရင်စပြီး လူတွေကို ဆက်ဆံပါ။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့
Gentleman Magazine

အခြားစိတ်ဝင်စားစရာဆောင်းပါးအလန်းစား အကြမ်းစားတွေကို
Gentleman Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

www.mmgentleman.com

06/03/2020
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတွေ လုံးဝမလုပ်တဲ့ အချက် ၁၀ ချက်ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိသူတွေ၊ ကိုယ့်အရည်အချင်...
21/02/2020

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတွေ လုံးဝမလုပ်တဲ့ အချက် ၁၀ ချက်

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိသူတွေ၊ ကိုယ့်အရည်အချင်းကို ယုံကြည်တဲ့သူတွေ လုံးဝမလုပ်တဲ့အချက်တွေကတော့

၁။ ဆင်ခြေမပေးကြဘူး။

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိသူတွေဟာ အရာရာကို လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ မီးပွိုင့် မိလို့ အလုပ်နောက်ကျတာ၊ သူဌေးမကောင်းလို့ ရာထူးမတိုးတာ
စသဖြင့် သူတို့ကဘယ်တော့မှဆင်ခြေပေးလေ့မရှိဘူး။ သူတို့ဘဝကို သူတို့ကိုယ်တိုင်
ထိန်းချုပ်နိုင်စွမ်း ရှိတယ်လို့ ခံယူထားကြပါတယ်။

၂။ နောက်ဆုတ်လေ့မရှိဘူး။

ပထမဆုံးလုပ်လိုက်တဲ့အရာက မှားသွားတယ်ဆိုရင်တောင် သူတို့ဇွဲမလျှော့ဘူး။ ကြုံတွေ့ရတဲ့
ပြဿနာနဲ့ ရှုံးနိမ့်မှုတွေကို ဖြတ်ကျော်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ အရာတစ်ခုတည်းကိုပဲ ထပ်ခါ တလဲလဲ ကြိုးစားနေတာတော့ မဟုတ်ဘူး။ ပြဿနာနဲ့ ကြုံတွေ့လာတဲ့အခါ ကိုယ့်ကိုယ်ကို
ယုံကြည်မှုရှိတဲ့လူတွေဟာ ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းကို အဖြေရှာပြီး နောက်တစ်ခါ
ထပ်မဖြစ်အောင် ကြိုတင်ကာကွယ်တတ်ကြပါတယ်။

၃။ တစ်ခုခုလုပ်ဖို့ ခွင့်ပြုချက်ကို စောင့်ဆိုင်းလေ့မရှိဘူး။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတွေဟာ သူတို့ကိုတစ်ခုခုလုပ်ဖို့၊ ဘယ်အချိန်မှာလုပ်ဖို့ ပြောစရာမလိုတဲ့ လူတွေဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ “ငါလုပ်နိုင်ပါ့မလား” ၊ “ငါ လုပ်သင့်လား” စတဲ့
မေးခွန်းတွေမေးပြီး အချိန်ဖြုန်းနေမှာ မဟုတ်ပါဘူး။ သူတို့ကိုယ်သူတို့ “ငါဘာလို့မလုပ် ရမှာလဲ”လို့ပဲ မေးကြမှာဖြစ်ပါတယ်။ သူတို့တွေဟာ လုပ်စရာရှိတာကိုပဲ ချက်ချင်းထလုပ်လိုက်ကြမှာပါ။

၄။ လူတွေအာရုံစိုက်လာအောင် မလုပ်ကြဘူး။

ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းတဲ့လူတွေဟာ လူအများက အာရုံစိုက်တာကို လိုချင်ကြပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့သူတွေက ကိုယ်ဟာအရေးပါ တဲ့လူဖြစ်တယ်
ဆိုပြီး လူအများရှေ့မှာ အာရုံစိုက်ခံရအောင် လုပ်ပြနေမှာမဟုတ်ပါဘူး။ ဖြောင့်ဖြောင့်မတ်မတ် နေတဲ့ လူတစ်ယောက်ရဲ့ အနားကိုပဲ အကြံဉာဏ်ယူဖို့၊ မိတ်ဆွေ ဖွဲ့ဖို့ လူတွေက ချဉ်းကပ်လာ
ကြမှာဖြစ်ပါတယ်။ သူတို့တွေဟာ လူတွေချီးမွမ်းအောင် လုပ်ပြနေဖို့ စိတ်မဝင်စားတဲ့ လူတွေ
ဖြစ်ပါတယ်။

၅။ သူတစ်ပါးရဲ့ ချီးမွမ်းမှုကို မလိုအပ်ကြဘူး။

တခြားလူတွေက အသိအမှတ်ပြုမှ သူတို့အောင်မြင်တယ်လို့ သူတို့မခံယူထားကြသလို သူတို့ ဘယ်လောက်ပဲကောင်း အောင်လုပ်လုပ် ဝေဖန်တဲ့လူတွေရှိနေ မယ်ဆိုတာကို သိထားကြသူ တွေဖြစ်ပါတယ်။ သူတစ်ပါးချီးမွမ်းမှ ရလာတဲ့ယုံကြည်မှုဟာ ကိုယ့်ကိုယ်ကို တကယ်ယုံကြည်တာ မဟုတ်ပါဘူး။

၆။ အချိန်ဆွဲလေ့ မရှိဘူး။

ယုံကြည်မှုရှိသူတွေက အချိန်မဆွဲကြပါဘူး။ သူတို့ကိုယ် သူတို့ လုပ်နိုင်တယ်ဆိုတာ ယုံကြည်ထားပြီး သူတို့လုပ် လိုက်တဲ့ အလုပ်တိုင်းက ပန်းတိုင်ကို အရောက်လှမ်းနေတယ်ဆိုတာ သိထားကြပါတယ်။ သူတို့ဟာ သင့်တော်မယ့်အချိန်၊ အရမ်းကောင်းတဲ့ အခြေအနေတွေကို
မစောင့်မျှော်ပါဘူး။ ဒီနေ့တစ်နေ့ထဲကိုပဲ သူတို့ရဲ့ အချိန်ကောင်းအဖြစ်သတ်မှတ်ထားကြပါ
တယ်။

၇။ သူတစ်ပါးကို မဝေဖန်ဘူး။

ယုံကြည်မှုရှိသူတွေက တခြားသူတွေကို မဝေဖန်ပါဘူး။ လူတိုင်းမှာ ကိုယ့်ခံယူချက်၊ ကိုယ့်
အမြင်နဲ့ ကိုယ်ရှိတယ်ဆိုတာ သူတို့သိထားပြီး သူတို့ကို အကောင်းမြင်အောင် တခြားသူတွေကို အပြစ်ရှာဝေဖန်တာမျိုး မလုပ်ကြပါဘူး။ ယုံကြည်မှုရှိသူတွေဟာ သူများကိုဝေဖန်ပြီး အချိန်
ဖြုန်းနေမှာမဟုတ်သလို သူများနဲ့လည်း သူတို့ကိုယ်သူတို့ လိုက် ယှဉ်နေမှာ မဟုတ်ပါဘူး။

၈။ ပဋိပက္ခဖြစ်လာရင်လည်း ခေါင်းရှောင်လေ့မရှိဘူး။

ပဋိပက္ခဖြစ်လာတိုင်း ရှောင်လွှဲသွားတဲ့ လူတွေထဲမှာ ယုံကြည်မှုရှိသူတွေ မပါပါဘူး။ ယုံကြည်မှုရှိသူတွေဟာ ဖြစ်လာတဲ့ ပဋိပက္ခတွေကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကိုပဲ အဖြေရှာလေ့ရှိပါတယ်။ ပဋိပက္ခဆိုတာ ဘဝမှာ ရင်ဆိုင်ရ မယ့် အရာတစ်ခုလို့ပဲ မှတ်ယူပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းကြပါတယ်။

၉။ မပြည့်စုံသေးဘူးဆိုတဲ့အတွေး သူတို့ဆီမှာမရှိဘူး။

ယုံကြည်မှုရှိသူတွေဟာ ဝန်ထမ်းကောင်းမရှိလို့၊ ပိုက်ဆံမရှိသေးလို့၊ မပြည့်စုံသေးလို့ဆိုပြီး သူတို့လုပ်မယ့် အလုပ်ကို စွန့်လွှတ်လိုက်မှာမဟုတ်ပါဘူး။ သူတို့ လိုအပ်တဲ့အရာကို ရအောင်
ဘယ်လိုလုပ်မလဲ၊ အဲဒါမရှိဘဲ လုပ်ရင်ရောဖြစ်လား အစရှိသဖြင့် အဖက်ဖက်က စဉ်းစားပြီး
မရရအောင်လုပ်မယ့် လူမျိုးတွေဖြစ်ပါတယ်။

၁၀။ ရေလိုက်ငါးလိုက် မနေကြဘူး။

ယုံကြည်မှုရှိသူတွေဟာ ဘဝကို ရေလိုက်ငါးလိုက် မဖြတ်သန်းပါဘူး။ စိန်ခေါ်မှုတွေမရှိတော့တဲ့ ဘဝကိုသေနေတဲ့ ဘဝတစ်ခုအဖြစ် ခံယူထားကြတဲ့ လူတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ပန်းတိုင်တစ်ခုပြီး တစ်ခုချမှတ်ပြီး ပန်းတိုင်ရောက်အောင် ဆက်ကြိုးစားကြပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေရဲ့
အမူအ ကျင့်တွေကို လေ့လာပြီး ဘဝမှာဒီထက်မက အောင်မြင်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲလိုက်ပါ။

Credit to Original Writer

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Santhit steel structure & furniture building group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share