26/01/2025
BMS ဘယ်လိုအလုပ်လုပ်သလဲ
---------------------
အခု ဆိုလာစနစ်နဲ့ သုံးကြတဲ့ lithium ( Lifepo4) battery တွေ၊ EV ကားတွေ
မှာ သုံးတဲ့ Battery တွေမှာ Battery management system( BMS) ဆိုတဲ့ ကတ်လေးပါပါတယ်။
သူ့မှာ ကွန်ပြူတာစနစ်နဲ့ အလုပ်လုပ်တဲ့ sensors လေးတွေပါပြီးတော့ Battery cell တစ်ခုချင်းရဲ့
voltage,Ampere,Temperature တွေကို အာရုံခံလို့ bms ကို ပေးပို့ပါတယ်။ bms က ရရှိလာတဲ့
data တွေကို စိစစ်ပြီး သတ်မှတ်ထားတဲ့ ပုံမှန်အခြေအနေမှာ အလုပ် လုပ်/မလုပ် ကြည့်ပါတယ်။
ပုံမှန်မဟုတ်တဲ့ အခြေအနေကို တွေ့ရင် ဖြေရှင်းဖို့ ကြိုးစားတယ်။ ဥပမာ ဘက္ထရီထဲမှာ အပူချိန်များနေရင်
လျှော့ချဖို့ကြိုးစားတယ်။ cell တစ်ခုချင်းရဲ့ voltage တွေ မညီရင် cell balancing လုပ်ပြီး ညှိပေးတယ်။
BMS က ရရှိထားတဲ့ data တွေကို သိမ်းဆည်းထားပြီး ဘက္ထရီရဲ့ အားအခြေအနေ ( SOC) ၊ ဘက္ထရီရဲ့ ကျန်းမာရေး
အခြေအနေ ( SOH) စတာတွေကို သတ်မှတ်ပေးတယ်။ Inverter ကနေ အလွန်အကျွံအားမသွင်းအောင် ၊
ဘက္ထရီအား အလွန်အကျွံ မထုတ်အောင် ကာကွယ်ပေးတယ်။ ဘက္ထရီအတွက် safe မဖြစ်တဲ့ အခြေအနေဖြစ်ရင်
Shut down လုပ်ပြီး cell တွေမပျက်စီးအောင် ကာကွယ်ပေးတယ်။
-
Battery နဲ့ Inverter ကို BMS communication ကြိုးချိတ်ထားရင် battery ဘက်က အခြေအနေ ကို Inverter က ပိုပြီး တိတိကျကျသိပါတယ်။ သိသာတဲ့အချက်ကတော့ဘက္ထရီရဲ့ အားအခြေအနေ ( State of Charge) ကို တိတိကျကျသိလို့ အားသွင်း/အားထုတ်တဲ့အခါ လိုအပ်သလို အလျှော့အတင်းလုပ်ပေးနိုင်တယ်။ အသုံးများတဲ့ Growatt inverter မှာ
ဆိုရင် Lithium mode ထားပြီး bms cable ချိတ်လိုက်တဲ့အခါ ဘက္ထရီထဲက အားအကျန် ဘယ်လောက်ရာခိုင်နှုန်း ဆိုရင် အင်ဗာတာကို shut down လုပ်ပေးဖို့ ဆက်တင်လုပ်ထားလို့ရတဲ့အတွက် ဘက္ထရီထဲက
အားအကုန်သုံးပစ်လိုက်တာမျိုးမဖြစ်ဖို့ ကာကွယ်ပေးပါတယ်။ အခြား must, Felicity စတဲ့ အင်ဗာတာတွေမှာတော့ bms cable ချိတ်ဆက်ထားလည်း အဲလို ဘက္ထရီအားကျန်တာကို ရာခိုင်နှုန်းနဲ့ သတ်မှတ်ပေးလို့မရတဲ့အတွက် ဘက္ထရီ voltage အနည်းအများပေါ်ပဲ အလုပ်လုပ်လို့ Growatt
လောက်တော့ မတိကျဘူးပေါ့။
-
တကယ်လို့ ကိုယ့်အင်ဗာတာနဲ့ lifepo4 battery က bms communication cableချိတ်ဆက်လို့မရရင်လည်း စိတ်မပူပါနဲ့။ သိပ်ပြသနာမရှိပါဘူး။ BMS က သူ့ ဘက္ထရီကို အချိန်တိုင်းစောင့်ကြည့်နေပြီး လိုအပ်တဲ့ ကာကွယ်မှုလုပ်နေလို့ပါ။ ဥပမာ အင်ဗာတာက ဘက္ထရီအားတွေ တအားသွင်း
နေလည်း bms က လက်မခံပါဘူး။ 48V စနစ် အင်ဗာတာတွေမှာ အားသွင်းတဲ့အခါ 56V/57V လောက်နဲ့ သွင်းပါတယ်။ ဘက္ထရီဘက်က အများဆုံး 53.5/54V ဆိုရင် အားပြည့်ပြီမို့ အဲထက် ပိုလက်မခံပါဘူး။
ကျွန်တော့် အိမ်မှာဆိုရင် Must 5 kw inverter နဲ့ Lishan Lifepo4
battery သုံးနေတာ ၂ နှစ်လောက် ရှိပါပြီ။ bms cable ချိတ်လို့မရပါ။ support မလုပ်ပါ။ ဘက္ထရီအားမပြည့်မချင်းတော့ အင်ဗာတာက တောက်လျှောက်သွင်းပါတယ်။ဘက္ထရီ အားပြည့်လာတာနဲ့ အင်ဗာတာက အားသွင်း ampere ကို လျှော့ချလို့ နောက်ဆုံး လုံးဝ ပြည့်သွားရင် 1 A လောက်ပဲ ပြတော့ ပြီး ဆက်မသွင်းတော့ပါဘူး။ အားပြည့်တဲ့အချိန် ဘက္ထရီဘက်မှာ 53.5 V ပဲ ရှိပြီး အင်ဗာတာကတော့ 56V ပြပါတယ်။
ပြောချင်တာက အင်ဗာတာက 56V ပြနေလည်း ဘက္ထရီက သူအမြင့်ဆုံးလက်ခံတဲ့ 53.5/54 လောက်မှာပဲ ရပ်လိုက်တာပါ။
ဒီနေ့ GP တစ်ခုမှာ user တစ်ယောက်က သူ့ အင်ဗာတာနဲ့ ဘက္ထရီက bms cable ချိတ်မရလို့ ဘာဖြစ်မလဲ ရင်တမမနဲ့
သုံးနေရတယ်ဆိုတဲ့ ကွန်မ့န်ကို တွေ့လို့ ရေးဖြစ်တဲ့ ပို့စ်ပါ။
-
NEC SOLAR
credit