Sandaku Construction Group

Sandaku Construction Group Everybody stay at smart home.

🙏ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့ရဲ့  နေ့ထူးနေ့မြတ်ဖြစ်တဲ့       ဝါဆိုလပြည့်နေ့  "ဓမ္မစကြာ အခါတော်နေ့" ဖြစ်ပါတယ် 🙏 🙏ယခုလို ထူးခြ...
01/08/2023

🙏ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့ရဲ့
နေ့ထူးနေ့မြတ်ဖြစ်တဲ့
ဝါဆိုလပြည့်နေ့
"ဓမ္မစကြာ အခါတော်နေ့" ဖြစ်ပါတယ် 🙏

🙏ယခုလို ထူးခြားလှတဲ့ မင်္ဂလာနေ့မြတ်မှာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး သီလဆောက်တည်ကာ တရားဘာဝနာများ ပွားများအားထုတ် နိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာများ ပို့သလိုက်ရပါတယ်🙏🙏🙏

Sandaku Construction Group

🏗️သူတို့ ဘယ်လို ဆောက်နေလဲ (4)🧱အုတ်စီလို့ အပေါ်မျက်နှာကြက်ရောက်တော့ အုတ်အလွှားမကိုက်ရင် ဖော့တုံးတွေခံပြီး ကြပ်သွားအောင်လု...
17/07/2023

🏗️သူတို့ ဘယ်လို ဆောက်နေလဲ (4)

🧱အုတ်စီလို့ အပေါ်မျက်နှာကြက်ရောက်တော့ အုတ်အလွှားမကိုက်ရင် ဖော့တုံးတွေခံပြီး ကြပ်သွားအောင်လုပ်တာတွေ့ရတယ်...

🏗️တည်းခိုတဲ့ Apartment မှာတုံးက နံရံထောင့်တွေမပဲ့တာ သေချာကြည်တော့ ထောင့်ဘီတင်‌ပါတာသတိထားမိတယ်....

🏗️ဆောက်လက်စတိုက်မှာလည်း
အလုပ်သမားတစ်ယောက်တည်း ထောင့်ဘီတင်တွေချည်း လိုက်ကပ်နေတာတွေ့ရတယ်...

👍အချောကိုင်တဲ့အခါ အဲဒီထောင့်ဘီတင်အတိုင်း မျဉ်းတိုက်လိုက်တဲ့အခါ ချိန်မျဉ်းစစ်စရာမလိုတော့ဘူး စနစ်ကျပြီး အရမ်းမြန်သွားတာပေါ့...

🚪လူဝင်တံခါးတွေအတွက်ချန်ထားတဲ့ အပေါက်တွေမှာ Ready madeဘောင်တွေထောင်တယ်
ဒီမှာတော့ ကျည်းခွေထောင်တယ်လို့ ခေါ်တာပေါ့....

ကိုယ်တွေဆီမှာ ကျည်းခွေထောင်ရင် လုပ်သားနှစ်ယောက်နဲ့ အသားတွေလိုတာပေါ့...
ချိန်သီး၊မျဉ်းကြိုးတွေနဲ့ ထောင်ရတာ သူတို့ဆီမှာတော့ ချိန်သီး မျဉ်းကြိုးအစား Laser နဲ့ချိန်တဲ့စက်ကိုပဲသုံးတယ်..
hands tools တွေသုံးပြီး
တစ်ယောက်တည်းလုပ်သွားတာမှ စနစ်ကိုကျလို့
တိကျမြန်ဆန်ဆိုတာ ဒါမျိုးကိုမှခေါ်တာပါလားဆိုတာ နားလည်သွားတယ်...

👍3"Precast တိုင်နဲ့ blockအုတ်စုံတဲ့နေရာမှာ မချောခင် သံဇကာကွက်လေးတွေ လိုက်ရိုက်တာ သတိထားမိတယ်...
ဒါမှ ချောလိုက်ရင် မတူတဲ့ materials တွေကြောင့် ဖြစ်တဲ့ crack ကို ကာကွယ်နိုင်မှာလေ...

👍Block အုတ်ကိုထွင်း မီးပိုက်ထည့်ပြီး မချောခင်မှာလည်း သံဇကာကွက်လေးတွေရိုက်ပြီး ထားတာတွေ့ရတယ်...

👍တစ်ထပ်တစ်ထပ်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမား 3ယောက်လောက်ပဲတွေ့ရတယ်...

💪အလုပ်သမားအများကြီးမသုံးပဲနဲ့
လိုသလောက်အင်အားနဲ့ လုပ်နေကြတာ အားရစရာကောင်းလိုက်တာ...

👍ကျွန်တော်တို့ဆီမှာလဲ မဝေးတော့တဲ့ကာလတစ်ခုမှာ သူတို့ဆီကလိုကျွမ်းကျင်လုပ်သားတွေနဲ့ ကုန်ကျစရိတ်သက်သာ
စနစ်လည်းကျပြီး
မြန်ဆန်ကောင်းမွန်တဲ့ အဆောက်အဦးတွေ ပေါ်ထွက်လာမယ်လို့ ယုံကြည်မျှော်လင့်မိပါတော့တယ်...

🙏အဆုံးထိဖတ်ရှုပေးတဲ့အတွက်
ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ...

ဇေယျတု
သဗ္ဗမင်္ဂလာ

🏗️သူတို့ ဘယ်လို ဆောက်နေလဲ(3)🪟တံခါးပေါက်တွေ ပြတင်းပေါက်တွေရှိတဲ့နေရာတိုင်းကို 3တိုင်တွေထောင်ရတာက အုတ်ရိုးက 3"ထုပဲစီကြတာမိ...
15/07/2023

🏗️သူတို့ ဘယ်လို ဆောက်နေလဲ(3)

🪟တံခါးပေါက်တွေ ပြတင်းပေါက်တွေရှိတဲ့နေရာတိုင်းကို 3တိုင်တွေထောင်ရတာက အုတ်ရိုးက 3"ထုပဲစီကြတာမို့လို့ပဲ....

🧱နောက်တစ်ခုကအုတ်က Cellular Light weight Concrete (CLC)ပုံစံဖြစ်နေလို့ပဲ ...
အုတ်ရဲ့ density က900 ,1000လောက်ပဲရှိမယ်‌...

Block အုတ်က ထုကသာ 3"ပဲရှိတာ
အလျှားက 2ပေတောင်ရှိတာဆိုတော့ တစ်ချပ်စီလိုက်တိုင်း အလျှားက 2ပေ အနံက 8"စီပြီးသွားတာဆိုတော့ မြန်တာပေါ့..

👍ပြီးတော့ အုတ်စီတာက အမျိုးသမီးတွေပါစီတာ
အုတ်ကပေါ့တော့ အမျိုးသမီး စီလဲအဆင်ပြေတယ်လေ...

Blockအုတ်တစ်လွှားစီတော့မယ်ဆိုရင် ဘေးကတိုင်မှာ Gunနဲ့ 1.5"အနက်လောက် အပေါက်ဖောက် တစ်မတ်လုံး 8"အရှည်ကို သံကပ်ကော်သုတ်ပြီး အပါက်ထဲရိုက်ထည့် လိုက်ပြီးမှ တစ်လွှားပြီးတစ်လွှား စီတာ..

စီမယ့်အုတ်မှာ မဆလာသုတ်ပြီးမှ အောက်ကစီပြီးသားအုတ်ပေါ်တင်စီတာ
ကော်သဘောမျိုးသုံးတာဖြစ်တော့
နှာထုမရှိ‌တော့ဘူး..

🪚အုတ်ကလဲကိုယ်တွေဆီမှာလို
တူနဲ့ ရမ်းဖဲ့တာမဟုတ်ဘူး
လိုချင်တဲ့ အတိုင်းအတာကိုမှတ်ပြီး လွှနဲ့ ဖြတ်တာမှ လွယ်ပြီးမြန်လိုက်တာ ခဏပဲ...

🗣️ပန်းရံလက်တတ်တစ်ယောက်ကို စကားပြောကြည့်တော့ ကမ္ဘောဒီယားက လာအလုပ်လုပ်တာတဲ့ တစ်နေ့ ဘတ်500ရတယ်ဆိုပဲ...

သူတို့ကြည့်ရတာ အလုပ်ကို စိတ်ပါလက်ပါနဲ့ ‌လုပ်နေကြတာတွေ့ရတယ်...

သူကပြောပြလို့ အပေါ်ထပ်မှာ မြန်မာအလုပ်သမားတွေရှိတာ သိရတယ်..

မြန်မာအလုပ်သမားတစ်ယောက်နဲ့တွေ့တော့ သူကရောက်တာ တစ်လလောက်ပဲရှိသေးတယ်တဲ့ တစ်နေ့ ဘတ်300ရတယ်ဆိုပဲ...

👍ထိုင်းတွေက မြန်မာတွေ ကမ္ဘောဒီးယားတွေ သူ့ထက်နိမ့်တဲ့နိုင်ငံတွေက လုပ်အားနဲ့ နိုင်ငံတိုးတက်အောင် လုပ်နေကြတာပါလားလို့ တွေးမိတယ်...

👍သူတို့ဆီမှာ လာအလုပ်လုပ်ကြတယ် လုပ်အားခလဲသက်သာတယ်
ပြီးရင် အလုပ်သမားတွေကို ပန်းရောင်ကတ်လုပ်ခိုင်းတယ်
အခွန်တွေရတယ်..
တစ်ချို့ဆိုရင် အလုပ်သာလုပ်နေရတာ စားတာသောက်တာ သုံးတာနဲ့ ဘာမှမကျန်တော့ဘူး..
ထမင်းစား အသက်ကြီး ဖြစ်သွားတာပဲ အဖတ်တင်‌တော့တယ်...

ဇေယျတု
သဗ္ဗမင်္ဂလာ
သူတို့ ဘယ်လို ဆောက်နေလဲ (4) ဆက်လက် ရေးပါမည်..

🏗️သူတို့ ဘယ်လို ဆောက်နေလဲ(2)🏢Slab တွေလောင်းပြီးသွားတော့အခန်းတွေကာဖို့ အုတ်စီတော့မယ်ဆိုရင် ပထမဆုံး serveyer သမားက အမှတ်တွ...
13/07/2023

🏗️သူတို့ ဘယ်လို ဆောက်နေလဲ(2)

🏢Slab တွေလောင်းပြီးသွားတော့
အခန်းတွေကာဖို့ အုတ်စီတော့မယ်ဆိုရင် ပထမဆုံး serveyer သမားက အမှတ်တွေ လိုက်ပေးတယ်...

🏗️အဲဒီမှာ အိပ်ခန်းဝင်ပေါက် အိမ်သာဝင်ပေါက် ပြတင်းပေါက် အပေါက်မှန်သမျှကို 3"x3. 5" precast columnတိုင်တွေ လိုက်ထောင်တာပါပဲ...

👍အထပ်ရဲ့ အရပ်အမြင့်က 9ပေလောက်ရှိတော့ precastတိုင်ကို အောက်‌ခြေမှာ ဝရိန်တို့ အပေါ်မျက်နှာကျက်ပြင်မှာ ဝရိန်တို့ပြီး တိုင်တွေလိုက်ထောင်တာပဲ...

🏠တိုင်တွေရဲ့ကြားက လူဝင်တံခါးပေါက်‌ေတွ ပြတင်းပေါက်တွေ ဆိုတော့ အပေါ်မှာ ခေါင်းစီးထုပ် အတွက်လုပ်ပေးရတယ်...

🏗️ကိုယ်ဆီမှာ ပြတင်းပေါက် 6ပေအကျယ်လောက်ဆိုရင် ခေါင်းစီးထုပ်ဆင်တော့ တိုင်ထောင်ပြီး‌ေထာက်ရတာနဲ့ သံချောင်းကို 3မူးလုံး4လုံးချည်ရတာနဲ့ လုပ်ရတာလက်ဝင်လိုက်တာ..

👍သူတို့ဆီမှာ သံဇကာကွက်ပုံနဲ့တစ်မတ်လုံး 2လုံးကို ထောင်လိုက်ချည်လိုက်ရုံပဲ...
ပုံဆင်တာလဲ အထပ်သားနဲ့ ကာလိုက်တာပဲ ဘာထောက်တိုင်တွေမှမပါဘူး သိပ်လွယ်တာ...

👍သူတို့က အလုပ်တစ်ခုကို
တစ်ယောက်ကောင်းပဲ လုပ်တာတွေ့ရတယ်...
တိုင်ထောင်တဲ့သူဆိုရင် တိုင်တွေပဲလိုက်ထောင်ရတယ်...
ခေါင်းစီသံ ချည်တဲ့သူဆိုရင် ခေါင်းစီးပဲ ချည်ရတယ်...

👍ခေါင်းစီးချည်ဖို့အတွက် ထောင်ထားတဲ့ တိုင်တွေမှာ လူဝင်တံခါးအမြင့်ရဲ့ အပေါ်မှာ ထောင်လိုက် အပေါက်သေး2ပေါက် ဖောက်ပြီး တစ်မတ်လုံးသံချောင်းတို 9"လောက်ကို သံကပ်ကော်လို့ခေါ်တဲ့ ဘိလပ်မြေပျစ်ပျစ်ထဲကို
အဖျားပိုင်းတို့ပြီး အပေါက်ထဲ ထည့်လိုက်တာပဲ...

👍ခေါင်းစီးချည်တဲ့လူက မြန်မာ
လူမျိုးဖြစ်နေတယ်...
အသက်က50လောက်ရှိပြီ
စကားစပ်မိတော့ သူကဘုန်းကြီးလူထွက်ဖြစ်နေတယ် ဓမ္မာစရိယ မဖြေတော့ပဲ လူထွက်ပြီး ဒီမှာရောက်နေတာ...

😔သူတို့ဘဝအကြောင်း နားထောင်မိ‌ေတာ့မှဘဲ ခက်ထန်ကြမ်းတမ်းတဲ့ ဘဝတွေအကြောင်းကို တအံ့တဩ ဖြစ်ရတယ်...

ဇေယျတု
သဗ္ဗမင်္ဂလာ
သူတို့ ဘယ်လို ဆောက်နေလဲ (3) ဆက်လက် ရေးပါမည်..

🏗️သူတို့ဘယ်လိုတွေ         ဆောက်နေလဲ🏙️တစ်နေ့ အားနေတာနဲ့  ဘန်ကောက်ရောက်တုံး သူတို့အဆောက်အဦတွေ ဘယ်လိုဆောက်နေလဲ ဆိုတာ သိချင်...
29/06/2023

🏗️သူတို့ဘယ်လိုတွေ
ဆောက်နေလဲ

🏙️တစ်နေ့ အားနေတာနဲ့ ဘန်ကောက်ရောက်တုံး သူတို့အဆောက်အဦတွေ ဘယ်လိုဆောက်နေလဲ ဆိုတာ သိချင်တာနဲ့ ဆောက်လက်စ အထပ်မြင့် အဆောက်အဦး တစ်လုံးသွားပြီး လေ့လာခဲ့တယ်...

🏗️ဘန်ကောက်က အဆောက်အဦတွေ တော်တော်များများက ကြမ်းခင်းကို Flat Slabတွေပဲ လုပ်ကြတာများတယ်...

ကျွန်တော်တို့ဆီမှာက တိုင်တွေကို ထုပ်တွေနဲ့ ဆက်ထားပြီးမှ ကြမ်းခင်းထုကို 4"မှ5" စသည်ဖြင့်
လိုသလိုထည့်ကြတာ..

🏢အခုသွားကြည့်တဲ့Siteက Slabထု 9"လောက်ရှိတာတွေ့ရတယ်...
ထုပ်မပါတော့ ပြင်ဆင်ရတာလွယ်တယ်..
အရပ်မြင့်စရာမလိုဘူး...
Slabပြင်ပဲဆင်ရတော့ ကုန်ကျစရိတ်သက်သာတယ် မြန်တယ်...
တစ်ထပ်ဆိုတစ်ထပ် ရက် ခဏလေးနဲ့ပြီးတယ်...
တိုင်တွေကြည့်လိုက်တော့ ဗျက်က8"ပဲရှိတယ် ..
အလျားကတော့ 30" ‌လောက်ရှိတယ်..တစ်ချို့တိုင်တွေကပိုကြီးတယ်...
တိုင်ရဲ့ဗျက်က8"ပဲရှိတော့ အုတ်စီလို့ အခန်းဖွဲ့ပြီးရင် တိုင်ဒွန့်က သိပ်မကျန်တော့ ကြည့်ရတာလှတယ်...

ကိုယ်တွေဆီမှာဆို တိုင်sizeက 12"x12",14"x14" တွေဆိုတော့ အခန်းဖွဲ့အုတ်စီပြီးရင် အခန်းထဲမှာ တိုင်ဒွန့်ကြီးက အကြီးကြီးကျန်လို့
မလှမပနဲ့ ကြည့်ရတာ အတော်ဆိုးတယ်...

မန္တလေးမှာတောင် အခုဆိုရင်
Flat Slabနဲ့ဆောက်လာတဲ့ တိုက်တွေ တော်တော်လေးများလာပြီ...
ဒါကFlab Slabရဲ့ အားသာတဲ့အချက်တွေ များတာကြောင့်လို့ မြင်တယ်...

ဇေယျတု
သဗ္ဗမင်္ဂလာ

သူတို့ ဘယ်လိုတွေ ဆောက်နေလဲ (2) ဆက်လက် ရေးပါမည်..

#ဘန်ကောက်

🙏နှစ်သစ်မင်္ဂလာဆုတောင်း🙏🙏နှစ်သစ်ကူး    အခါသမယမှာ     ကောင်းမြတ်သော     မင်္ဂလာအပေါင်းနှင့်     ပြည့်စုံကြပါစေ...🙏ကျန်းမာ...
17/04/2023

🙏နှစ်သစ်မင်္ဂလာဆုတောင်း🙏

🙏နှစ်သစ်ကူး
အခါသမယမှာ
ကောင်းမြတ်သော
မင်္ဂလာအပေါင်းနှင့်
ပြည့်စုံကြပါစေ...

🙏ကျန်းမာချမ်းသာကြပြီး
စီးပွားဥစ္စာများလည်း
တိုးတက်အောင်မြင်ကြပါစေကြောင်း

🙏Sandaku Construction
Group မှ
ဆုမွန်ကောင်းများ
တောင်းအပ်ပါတယ်...

🙏Sandaku Construction Group 🙏

02/12/2021

🏯 3Dprinting လုပ်လို့ရနေပြီ...

🙏🙏🙏  Happy Diwali...
04/11/2021

🙏🙏🙏
Happy Diwali...

ကာကွယ်ဆေးနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေပါ...  ရပ်ကွက်ထဲ COVID ကာကွယ်​ဆေးထိုးဖို့ နှိုး​ဆော်​သံ ကြားလို့ ဒီစာကို ​ရ...
01/08/2021

ကာကွယ်ဆေးနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေပါ...

ရပ်ကွက်ထဲ COVID ကာကွယ်​ဆေးထိုးဖို့ နှိုး​ဆော်​သံ ကြားလို့ ဒီစာကို ​ရေးလိုက်ပါတယ်၊ ကိုယ် ထိုးရမယ့်​ဆေးရဲ့ ​ကောင်းကျိုးဆိုးကျိုး၊ ထိုးသင့်မသင့် ဗဟုသတ ရှိထားဖို့ပါ

💉 ဘယ်သူ​တွေ ကာကွယ်​ဆေး ထိုးလို့ရလဲ?
▪︎အသက် ၁၈နှစ်​အထက် ဖြစ်ရပါမယ်
▪︎Pfizer တံဆိပ်ဆိုရင် အသက် ၁၂နှစ်​ကျော်ရင် ရပါပြီ
▪︎Sinovac နဲ့ Sinopharm တံဆိပ်ဆိုရင်​တော့ ၁၈-၆၀နှစ်အတွင်းပဲ ထိုးသင့်ပါတယ်
▪︎ဆီးချို၊ ​သွေးတိုး၊ ​ကျောက်ကပ်၊ ပန်းနာရင်ကြပ်လိုနာတာရှည်​ရောဂါရှိသူ​တွေလဲ ထိုးလို့ရပါတယ် (​သွေးကျဲ​ဆေး ​သောက်​နေရလဲ ထိုးလို့ရပါတယ်)

💉 ဘယ်သူ​တွေ ကာကွယ်​ဆေး ထိုးလို့မရဘူးလဲ
▪︎ဖျား​နေတဲ့သူ​တွေ
▪︎ကိုယ်ဝန်​ဆောင် အမျိုးသမီးများ (သု​တေသန မလုံ​လောက်​​သေး)
▪︎ကာကွယ်​ဆေးနဲ့မတည့်သူ
▪︎​သွေးမတိတ်​ရောဂါရှိသူ (bleeding disorders)
▪︎HIV သမား CD4 ၂၀၀ ​အောက် ကျ​နေတဲ့အခါ
▪︎အခြားကာကွယ်​ဆေးတစ်မျိုးမျိုး ထိုးထားတာ ၂ပတ် မပြည့်​သေးတဲ့အခါ

💉 COVID ဖြစ်ပြီးရင် ကာကွယ်​ဆေးထိုးဖို့ လို​သေးလား
▪︎COVID ဖြစ်ပြီးရင် ခန္ဓာကိုယ်တွင်းက Antibody ထွက်ပါတယ်၊ ၆-၈လအထိ ခံတာမို့ ပုံမှန်​တော့ ထိုးဖို့ ညွှန်း​လေ့မရှိပါ
▪︎လူတစ်​ယောက်နဲ့တစ်​ယောက် Antibody ထွက်တဲ့ပမာဏချင်း မတူနိုင်တာမို့ စိတ်မချလို့ ထပ်ထိုးချင်လဲ ရပါတယ်

💉​ကာကွယ်ဆေးထိုးပြီးရင် COVID ပြန်ဖြစ်နိုင်လား
▪︎ပြန်ဖြစ်နိုင်ပါတယ်၊ ကာကွယ်​ဆေးက ၁၀၀% အပြည့်မကာကွယ်ပါဘူး၊ ​အတိုင်းအတာ တစ်ခုအထိ ရောဂါမပြင်းထန်​အောင် ကူညီတာပါ၊
▪︎ဒါ​ကြောင့် Maskတပ်, လက်​ဆေး, ၆​ပေခွာ​နေ ဆက်ကျင့်ကြံရပါမယ်

💉 ကာကွယ်​ဆေး မထိုးခင် ဘာ​တွေပြင်ဆင်မလဲ
▪︎ကိုယ် ထိုးရမယ့် ကာကွယ်​ဆေးအ​ကြောင်း ​လေ့လာပါ
▪︎နဂို ​သောက်လက်စ ​ဆေး​တွေရှိရင် ဆက်​သောက်ပါ
▪︎အိပ်​ရေးဝဝအိပ်ပါ၊ ​ရေများများ​သောက်ပါ
▪︎ဖြစ်နိုင်ရင် ​ကော်ဖီ, အရက် တစ်ရက် ကြို​ရှောင်ပါ

💉 ကာကွယ်​ဆေးထိုးပြီး ဘာ​တွေ သတိထားမလဲ
▪︎ထိုးပြီးပြီးချင်း နာရီဝက် ငြိမ်ငြိမ်​နေပါ၊ ဓါတ်မတည့်မှု ရှိမရှိ ​စောင့်ကြည့်ပါ
▪︎နာကျင်ကိုက်ခဲလျှင် ပါရာစီတ​မော ​သောက်လို့ရပါတယ်
▪︎၂ပတ်အတွင်း အခြားကာကွယ်​ဆေး မထိုးသင့်ပါ

💉​ ​ဆေးရဲ့ ​ဘေးထွက်ဆိုးကျိုး​တွေ ခံစားရတာက ​ဆေး​အောင်တာလား
▪︎မဆိုင်ပါဘူး

💉 ​ကာကွယ်ဆေးထိုးပြီးရင် Antigen ထွက်တာလား, Antibody ထွက်တာလား
▪︎Antibody ထွက်တာပါ
▪︎Antigen ထွက်​နေတယ်ဆို အဲဒါ COVID ဖြစ်​နေတာပါ၊ ​ဆေး​အောင်တာ မဟုတ်ပါဘူး

💉 ကာကွယ်​ဆေးထိုးပြီးရင် ဘယ်အချိန် Antibody စ,ထွက်လဲ? ဘယ်​လောက်ခံလဲ?
▪︎​ဆေးထိုးပြီး ၂ပတ်​လောက်ဆို Antibody စ,ထွက်ပါပြီ၊ ​
▪︎ဆေး ၂ကြိမ် အပြည့်ထိုးထားရင် ၆လအထိ ခံ​လေ့ရှိပါတယ်

💉 ပထမတစ်ကြိမ်မှာ တံဆိပ်တစ်မျိုး ထိုးပြီး ​နောက်တစ်ကြိမ် အခြားတံဆိပ် ​ပြောင်းထိုးရင်​ကော အာနိသင်ရလား?
▪︎တိကျတဲ့ သုတေသန အ​ဖြေမထွက်​သေးပါဘူး
▪︎ဖြစ်နိုင်ရင် တံဆိပ်တစ်မျိုးတည်းကိုပဲ ၂ကြိမ်အပြည့် ထိုး​စေချင်ပါတယ်

ပြည်သူများ ကပ်​ဘေးမှ အမြန်ဆုံး ​ကျော်လွှားနိုင်ကြပါ​စေ

Dr. NI (​ဒေါက်တာနီနီ)


(P.S - ပုံထဲက %​တွေက စာဖတ်တဲ့ website ​ပေါ် မူတည်ပြီး ကွဲလွဲမှု ရှိနိုင်ပါတယ်)

ငြမ်းပစ္စည်းများကို ငှားပြီး အပြင်မှာ သူခိုးဈေးနဲ့ရောင်းစားသော လူလိမ်သူခိုး 2ယောက်ပါ ဥပဒေအရ အရေးယူသွားမှာပါ အားလုံး လူလိ...
26/07/2021

ငြမ်းပစ္စည်းများကို ငှားပြီး အပြင်မှာ သူခိုးဈေးနဲ့ရောင်းစားသော လူလိမ်သူခိုး 2ယောက်ပါ
ဥပဒေအရ အရေးယူသွားမှာပါ အားလုံး လူလိမ်ကိုသိရအောင်လို့ တင်လိုက်ပါတယ် ကလေးပုံကတော့ သူ့ကလေးပုံပါ

Address

Da 8 (103) 66th Street Between38thx39th Street Maharaungmyay Township
Mandalay

Telephone

+9592007477

Website

Alerts

Be the first to know and let us send you an email when Sandaku Construction Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sandaku Construction Group:

Share