Treasure House

Treasure House Information Technology, Computer Science and Printing Services

မတူညီသော SSD မျိုးကွဲများအား ခွဲခြားကြည့်ခြင်း Solid State Drive လို့ခေါ်တဲ့ SSD တွေက ကျနော်တို့နေ့စဉ်ထိတွေ့နေကျ ဟာ့ဒစ် ...
09/09/2024

မတူညီသော SSD မျိုးကွဲများအား ခွဲခြားကြည့်ခြင်း

Solid State Drive လို့ခေါ်တဲ့ SSD တွေက ကျနော်တို့နေ့စဉ်ထိတွေ့နေကျ ဟာ့ဒစ် (HDD) တွေထက်အဆများစွာပိုကာင်း ပိုမြန်တာတော့ဟုတ်တယ်

အဲလိုမြန်တာကိုမှ SSD တွေဟာ သူတို့ရဲ့ အမျိုးအစား မူကွဲအလိုက် အနိမ့်အမြင့်ရှိကြပြန်ပါသေးတယ်။

SSD ကို SATA, M2, PCIE (add-in card) ဆိုပီး သုံးမျိုးခွဲထားပါတယ်။

✅ SATA SSD ✅

SATA SSD က 2.5လက်မမို့ ပုံမှန်မြင်တွေ့နေကျ laptop ဟာ့ဒစ်တွေနဲ့ အရွယ်အစားတူညီပီး မြန်နှုန်းအနေနဲ့ 600MB/s အထိရှိပါတယ်။

SSD တွေထဲမှာ SATA က ဈေးနှုန်းအားဖြင့်အနည်းဆုံးဖြစ်တာမို့ SSD စတင်အသုံးပြုတဲ့သူတွေအနေနဲ့ အများဆုံးရွေးချယ်လေ့ရှိတဲ့ အမျိုးအစားလည်းဖြစ်တယ်။

✅ M2 SSD ✅

M2 က ရုတ်တရက်ကြည့်ရင် ကွန်ပျူတာ RAM နဲ့ ဆင်သယောင်ရှိပြီး သူ့ကို မားသားဘုတ်ရဲ့ M2 slot မှာ စိုက်ကာအသုံးပြုရပါတယ်။ (M2 slot ဟာ မားသားဘုတ်တိုင်းမှာမပါဝင်ပဲ
Intel 6th gen Skylake မှသာစတင်ပါဝင်လာပါတယ်)

M2 ကို transfer protocol အနေနဲ့ နှစ်မျိုးထပ်မံခွဲခြားထားပါသေးတယ်၊ M2 SATA SSD နဲ့ M2 NVMe SSD ဆိုပီး။

M2 SATA နဲ့ M2 NVMe ဘယ်လိုတွေကွာလည်း ?

တပ်ဆင်ပုံ တပ်ဆင်နည်းကတော့အတူတူပါပဲ. . M2 slot လေးမှာ စိုက်လိုက်ရုံပဲ. . ဘာလို့လည်းဆိုတော့ ပုံစံကအတူတူပဲလေ

အဲ . . မတူတာက မြန်နှုန်းပါ။

M2 SATA က SATA ဆိုတဲ့အတိုင်း အမြင့်ဆုံး 600MB/s ရှိပါတယ်၊ M2 NVMe ကတော့ ထုတ်လုပ်သူအလိုက် 2100MB/s ကနေ 3500MB/s အထိရှိတတ်ပါတယ်။

အနည်းဆုံး သုံးဆလောက်တောင်ကွာတာနော်

ဈေးနှုန်းကိုကြည့်မယ်ဆိုရင်လည်း M2 ခြင်းအတူတူ NVMe က SATA ထက်ပိုများသွားပါတယ်။

✅ PCIE SSD ✅

သူကတော့ အကောင်းဆုံးနဲ့ဈေးအကြီးဆုံးပါပဲ၊

ဂရပ်ဖစ်ကတ်အသေးစားလေးနဲ့ဆင်တူပီး မားသားဘုတ်ရဲ့ PCI-E slot မှာ တပ်ဆင်အသုံးပြုရပါတယ်။

ဈေးက 2.5" SATA, M2 တွေနဲ့ယှဉ်ရင် တော်တော်ကြီးကိုကွာဟတဲ့အတွက် အတော်အသင့်အသုံးပြုလေ့မရှိကြပါဘူး။

သင်ဟာ အစဉ်အဆက် HDD ကိုသာအသုံးပြုရာကနေ အပြောင်းအလဲဖြစ်အောင် SSD နဲ့ တွဲသုံးကြည့်ချင်တယ်ဆိုရင်တော့ 2.5" SATA SSD တွေကို ပထမဆုံး စဉ်းစားရမှာပါ၊
ဈေးလည်းအသက်သာဆုံးဖြစ်သလို မားသားဘုတ်တိုင်းနဲ့လည်းအသုံးပြုလို့ရတဲ့အတွက် သူ့ကိုသာရွေးဖို့တိုက်တွန်းပါတယ်။

SSD ထဲမှာတော့ အနိမ့်ဆုံးဆိုပီး လျှော့တော့မတွက်ပါနဲ့၊ သင့်ရဲ့ ဟာ့ဒစ်ထက် လေးငါးဆလောက်မြန်ပါတယ်။

M2 ကိုတော့ မိမိရဲ့ မားသားဘုတ်မှာ M2 slot လည်းပါမယ်၊ NVMe လည်း အထောက်အပံ့ပေးတယ်ဆိုရင် တစ်ခါတည်း M2 NVMe ကိုသာသုံးပါလို့ပြောချင်ပါတယ်။
M2 SATA ကျ အပေါ်ကပြောခဲ့တဲ့ 2.5" SATA နဲ့ မြန်နှုန်းကမထူးခြားနားမို့ပါ။

ငွေဆိုတာက ကိုယ့်အတွက်အတားအဆီးမဟုတ်ဘူး၊ မျက်စိထဲမှာလည်း ဂရပ်ဖစ်ကတ်နဲ့အပြိုင် လှတပတလေးမြင်ချင်သပဆိုရင်တော့ PCIE SSD ကိုသာရွေးလိုက်ပါ။

(ပုံမှာ ဘယ်ကနေညာ SATA 2.5" / M2 / PCIE)

Solid State Drive (SSD) ဆိုတာ ဘာလည်း၊ ဘယ်လည်း ?

Solid State Drive ကို ကွန်ပျူတာ (အထူးသဖြင့် ဂိမ်းဦးစားပေး ဒက်စတော့နဲ့ လက်ပ်တော့) တွေမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာတာဟာ ကာလတစ်ခုအနေနဲ့ရှိလာခဲ့ပြီ
ဖြစ်ပါတယ်။

Solid State Drive ဆိုတာ ဘာလည်း ?

Solid State Drive (SSD) ဆိုတာ လက်ရှိကွန်ပျူတာတိုင်းရဲ့ အဓိက ဒေတာအချက်အလက်တွေ၊ သီချင်း ဓာတ်ပုံ ဗွီဒီယို အစရှိတာတွေကို သိမ်းဆည်းသိုလှောင်ထားပေးတဲ့
Hard Disk Drive (HDD) နဲ့ အခြေခံသဘောတရားခြင်းအတူတူပဲဖြစ်ပါတယ်။ Hard Disk မူကွဲတစ်မျိုးပါပဲ။

ထူးခြားတာက သူ့မှာ Hard Disk ထက် ပိုမိုကောင်းမွန်တဲ့ အချက်တွေရှိပါတယ်

Hard Disk (HDD) တွေက ဒေတာတွေသိမ်းဆည်း ဖော်ပြဖို့အတွက် သူ့အတွင်းမှာရှိတဲ့ components အစိတ်အပိုင်းတွေဟာ ရွေ့လျားပေးရပါတယ်၊ ကွန်ပျူတာကနေ
သီချင်းတစ်ပုဒ်ဖွင့်လိုက်တိုင်း၊ copy/paste လုပ်ငန်းစဉ်တစ်ခု၊ ပရိုဂရမ်ဆော့ဖ်ဝဲလ် တစ်ခုခုကို ဖွင့်လိုက်တိုင်း Hard Disk ဟာ အတွင်းဖက်မှာ လှုပ်ရှားမှုတွေပြုလုပ်ရပါတယ်။
ဒီအတွက် အချိန်တစ်ခုပေးရပါတယ်. . loading time ခေါ်ပါတယ် ၊ ကွန်ပျူတာ မြင်ကွင်းမှာ ချက်ချင်းပေါ်မလာသေးပဲ အဝိုင်းလေးလည်နေတာ သုံးစက္ကန့် လေးစက္ကန့်လောက်
စောင့်နေရမယ်ပေါ့။ အတွင်းဖက်မှာ ရွေ့လျားရတဲ့ သဘောသဘာဝအရ Hard Disk တွေဟာ အသုံးပြုသက်တမ်းကြာတာနဲ့အမျှ သူ့အစိတ်အပိုင်းတွေဟာ ပုံမှန်မဟုတ်တော့ပဲ
ခါတိုင်းထက် loading ပိုကြာလာတာမျိုး၊ ကော်ပီ ကူးရာမှာ နှေးနေတာမျိုး ကြုံလာရမှာပါ။

Solid State Drive (SSD) ကတော့ HDD နဲ့ တည်ဆောက်ပုံခြင်းမတူပါဘူး။ သူ့မှာ ရွေ့လျားရတဲ့ အစိတ်အပိုင်းတွေမပါတဲ့အတွက် loading time မှာ HDD နဲ့ယှဉ်ရင်
သိသိသာသာမြန်ဆန်ပါတယ်။ SSD ရဲ့ တည်ဆောက်ပုံက ကျနော်တို့ အကုန်နီးပါး အသုံးပြုနေကြ သိနေကြတဲ့ memory sitck တွေနဲ့တူပါတယ်။ HDD တွေက လှုပ်ရှားမှု
(impact) ခံနိုင်ရည်နည်းပါးပြီး အမြင့်က လွတ်ကျတာမျိုးဆို (internal component တွေထိခိုက်ပီး) သုံးမရတော့တဲ့အထိပျက်တတ်ပါတယ်။ SSD ကတော့ impact
ခံနိုင်ရည်အား အရမ်းကောင်းပါတယ်၊ memory stick တွေကြည့်. . ဘယ်လောက် လွတ်ကျကျ ပျက်ခဲပါတယ် (တူနဲ့တော့ မထုနဲ့ပေါ့ :3 )

မိမိ desktop ကွန်ပျူတာသာ SSD တွေချည့်သုံးထား. . ကွန်ပျူတာ ပုံး ကို ဒူးနဲ့တိုက် ခြေထောက်နဲ့ ကန်မိပစေအုံး အခြားအစိတ်အပိုင်းတွေသာ လစ်ချင် လစ်သွားမယ်..
SSD က အေးဆေးပါပဲ။

(Hard Disk ကိုအဓိကထားအသုံးပြုနေတဲ့ ကွန်ပျူတာတွေမှာ Hard Disk သက်တမ်းမကြာသေးပဲပျက်ရခြင်းက casing ပုံး တင်ထားတဲ့ နေရာ စားပွဲက လှုပ်နေတာမျိုး၊
မီးအားအတက်အကျကြမ်းတာကြောင့် HDD အလုပ်လုပ်ပုံ မညိမ်တော့တာမျိုး စတာတွေပါဝင်ပါတယ်)

ကွန်ပျူတာအသုံးပြုနေတုန်း ရုတ်တရက်မီးပျက်သွားပီး UPS ကလည်း မထိမ်းတော့ပဲ shut down ဖြစ်သွားတာမျိုးမှာ Hard Disk ဟာ အထိနာပါတယ်၊ မီးပြန်လာလို့
ကွန်ပျူတာပြန်ဖွင့်ရင် Windows boot ချက်ချင်းမတက်ပဲ တောင်အီမြောက်အီအီ လုပ်နေတာမျိုးနဲ့အချိန်တွေတော်တော်ကြာတတ်ပါတယ်။

SSD ပေါ်မှာ Windows တင်ထားရင် အဆိုပါဒုက္ခတွေကင်းပါတယ် .. boot တက်တာလည်း HDD က 7~15 sec လောက်ကြာရင် SSD က 4~8 sec ဆိုတာအလွန်ဆုံးပါပဲ။
သုံးရတာ စိတ်ချမ်းသာပါတယ်

SSD ရဲ့ မကောင်းတဲ့ အချက်ကိုပြောပါဆိုရင် ဈေးကြီးတာပါပဲ။

70000ks ဝန်းကျင်မှာ HDD ဝယ်ရင် 1TB (1000GB) ရပေမယ့် SSD ဆိုရင် 120GB ပဲရပါမယ်။

120GB ဆို ဘယ်လိုလုပ်လောက်မလည်း၊ အရမ်းနည်းတာပဲ၊ ဒါဖြင့်သုံးလို့ဘယ်ဖြစ်မှာတုန်း ??

ဟုတ်ပါတယ်.. storage ပမာဏနည်းနည်းနဲ့ ပေးရတာအရမ်းများနေတယ်ဆိုတာ… (laptop တွေမှာလည်း SSD ပါဝင်တဲ့ model တွေဟာ ဈေးနှုန်းကြီးမြင့်လေ့ရှိပါတယ်)

သူ့ကိုအသုံးချသင့်တာက Partition C လို့ခေါ်တဲ့ Windows OS ရှိတဲ့ နေရာမှာပါ။

ပုံမှန် ဒေတာ သိုလှောင်ဖို့အတွက်ကတော့ HDD တွေကိုပဲ အားထားနေရအုံးမှာပါ။

Desktop ကွန်ပျူတာအသုံးပြုတဲ့သူတိုင်း SSD 120/128GB လောက်ကို OS အတွက် သုံးသင့်ပါတယ်။

SSDရဲ့ ကောင်းကျိုးများကတော့

1. Boot တက်ရန် 4~7sec (Hard Disk နဲ့ဆိုပါက 7~15sec . အခန့်မသင့်ရင် ဆယ်မိနစ်ခန့်ကြာနိုင်)

2. Read/write speed သုံးဆခန့်ပိုမိုမြန်ဆန် (game များ load time တွင် ပိုမိုမြန်ဆန်)

3. Impact ခံနိုင်ရည်အား ကောင်းမွန်

4. အရွယ်အစား သေးငယ်

ဆိုးကျိုး

1. HDD နှင့်ယှဉ်လျင် ဈေးနှုန်း အတော်မြင့်မား

2. HDD များတွင် ပျက်တော့မည်ဆိုပါက အသံမမှန်တော့ခြင်း (ကလစ် ကလစ် ကြားရ) ဖြင့် သိနိုင်သော်လည်း SSD သည် မည်သည့် အရိပ်အယောင်မှမပြပဲ
ပျက်နိုင်ခြင်း/ခန့်မှန်းမရနိုင်ခြင်း (HDD မှာ အသံမမှန်တော့လျင် ကြိုတင် backup လုပ်ထားခြင်းဖြင့် data ကာကွယ်နိုင်မည်ဖြစ်သော်လည်း SSD တွင် ကြိုမခန့်မှန်းနိုင်)

3. Game များတွင် load time တွင်သာ ပိုမိုမြန်ဆန်ပီး gameplay performance တွင်မူ HDD နှင့်အတူတူသာဖြစ်ပါတယ်။

USB အကြောင်း သိကောင်းစရာ______________🖊USB ဆိုတာ... Universal Serial Bus ကို အတိုချုပ်ခေါ်ထားတာဖြစ်ပါတယ်!🖊၁၉၉၆ ခုနှစ် ဇန...
13/09/2021

USB အကြောင်း သိကောင်းစရာ
______________

🖊USB ဆိုတာ... Universal Serial Bus ကို အတိုချုပ်ခေါ်ထားတာဖြစ်ပါတယ်!

🖊၁၉၉၆ ခုနှစ် ဇန်နဝါရီလ ကနေစတင်ပြီး Compaq, DEC, IBM, Intel, Microsoft, NEC နဲ့ Nortel စတဲ့ ကုမ္ပဏီတွေကနေအဆင့်ဆင့် ပြောင်းလဲဒီဇိုင်း ထုတ်ခဲ့တာဖြစ်ပါတယ်!

🖊USB ကို Computer နဲ့ ချိတ်ဆက်မယ့် ကွန်ပျူတာဆက်စပ်ပစ္စည်းတွေနဲ့ သော်လည်းကောင်း (ဥပမာ - Keyboard, Mouse, Memory Stick, Phone)၊ DC လျှပ်စစ်ကိုအသုံးပြုရန်သော်လည်းကောင်း စံတစ်ခုအနေနဲ့တွဲဖက်သုံးစွဲကြပါတယ်!

🖊USB မှာ အခုဆိုရင် USB 1.x, USB 2.x, USB 3.x (x= 1,2,3 စသည်) Generation ၃ ခုတိုင်ရောက်နေခဲ့ပြီး Type အနေနဲ့ဆိုရင်တော့ Type A, Type B, Type C စသဖြင့် ၃ မျိုးအထိရှိနေပါပြီ!

🖊အမြန်နှုန်းအနေနဲ့တော့ Full Speed, Hi-Speed နဲ့ Super-Speed ဆိုပြီးစျေးကွက်ထဲမှာခေါ်ဝေါ်သုံးစွဲလာကြပါတယ်!

🖊USB ဆိုတာပေါ်ပေါက်လာတဲ့အဓိကရည်ရွယ်ချက်ကတော့ Computer နဲ့ဆက်စပ်ပစ္စည်းတွေသာမက ဖုန်းတွေကိုပါစံချိန် စံညွှန်းတစ်ခုအနေနဲ့ အလွယ်တကူချိတ်ဆက် အသုံးပြုလို့ရအောင် ဘုံအနေနဲ့ ဒီဇိုင်းလုပ်ခဲ့တာပဲဖြစ်ပါတယ်!

🖊အခုခေတ်မှာဆိုရင်တော့ IT နဲ့ပတ်သက်တဲ့ ပစ္စည်းအားလုံးနီးပါးမှာ USB မပါဘူးဆိုတာ မရှိသလောက်ကို ဖြစ်နေပါပြီ!

1️⃣USB 1.0 ဆိုရင်တော့ ၁၉၉၆ ကနေစတင်ပေါ်ပေါက်ခဲ့ပြီး Data အကူးအပြောင်းအနေနဲ့ မြန်နှုန်း 187.5 KB/s ကနေ Full Speed 1.5 MB/s အထိပျှမ်းမျှရရှိနိုင်ပါတယ်...!

❗️USB 1.0 မှာ Type A နဲ့ Type B ဆိုပြီး အဖြူရောင်ခေါင်းနဲ့ Standard Size အဖြစ်၂ မျိုးလာပါတယ်!
💢Printer တွေနဲ့ Scanner တွေမှာအများဆုံးတွေရပါတယ်။

2️⃣USB 2.0 ဆိုရင်တော့ ၂၀၀၁ ခုနှစ်က ပေါ်ပေါက်ခဲ့တာဖြစ်ပြီး Data အကူးအပြောင်းအနေနဲ့ မြန်နှုန်း Hi-Speed 60 MB/s အထိရရှိနိုင်မှာဖြစ်ပါတယ်!

❗️USB 2.0 မှာ Mini Type A နဲ့ Mini Type B ဆိုပြီးတော့ Mini အနေနဲ့ အသစ်ပေါ်ပေါက်လာပါတယ်!

💢နောက်ပိုင်းမှာ Android Phone တွေမှာခေတ်စားလာတဲ့ အားသွင်းခေါင်းပုံစံ Micro AB ဆိုပြီး USB OTG(USB On The Go) Phone နဲ့ Memory Stick ကိုထိုးသုံးလို့ရသည်အထိပေါ်ပေါက်လာပါတယ်!

3️⃣USB 3.0 ကိုတော့ ၂၀၁၁ ခုနှစ်မှာစတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး Data အကူးအပြောင်းအနေနဲ့ မြန်နှုန်း 625 MB/s (Super Speed) အထိရရှိနိုင်တယ်လို့ဆိုပါတယ်!

❗️USB 3.0 မှာ Type A နဲ့ Type B ဆိုပြီး များသောအားဖြင့် အပြာရောင်ခေါင်းနဲ့ Standard Size အပြင် Micro B ဆိုပြီးတော့ လည်း Micro Size နဲ့လာပါတယ်!

❗️USB 3.0 Type B ကိုတော့ အခုနောက်ပိုင်းထွက်လာတဲ့ High End Printer တော်တော်များများမှာအသုံးပြုတာတွေ့ရပြီး Micro B ကိုတော့ အခုရေပန်းစားနေတဲ့ External Hard Disk တော်တော်များများမှာပါ၀င်လာပါတယ်!

🍎Apple Device တွေမှာသုံးတဲ့ Thunderbolt တွေရဲ့ အစလို့လည်းပြောလို့ရပါတယ်!

❗️USB 3.0 နောက်မှာလိုက်ပါလာတဲ့ USB 3.1 နဲ့ 3.2 ကိုတော့ 2014 နဲ့ 2017 မှာအသီးသီး ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်!

❗️Data အကူးအပြောင်းအနေနဲ့တော့ မြန်နှုန်း 1.25 GB/s ကနေ 2.5(GB/s) အထိကိုရရှိနိုင်တယ်လို့ဆိုကြပါတယ်!

📱အခုဖုန်းတွေမှာခေတ်စားနေတဲ့ Type C ဆိုတာဖြစ်ပါတယ်!

❗️ပုံစံအနေနဲ့ Full Duplex ဒီဇိုင်းတွေလာတဲ့အတွက် တပ်တဲ့အချိန်မှာ ဘက်ရွေးစရာမလိုပဲ တပ်လို့ရပါတယ်!

⚠️တစ်ခုရှိတာကတော့ USB မှာ ပါ၀င်တဲ့ တစ်ချို့ပစ္စည်းတွေနဲ့ Computer ချိတ်ဆက်အသုံးပြုတဲ့ အခါ Plug and Play မျိုးမဟုတ်ပဲ Computer System နဲ့ Hardware အချိတ်အဆက်ရစေဖို့ Driver မောင်းပေးရတာမျိုးရှိပါတယ် (ဥပမာ - Printer, Computer ခေတ်နှောင်းပစ္စည်းတွေကို USB ခေါင်းပြောင်းနဲ့သုံးစွဲတဲ့အခါတွေမှာ)

❗️USB တွေကို Computer နဲ့ ချိတ်ဆက်သုံးစွဲရုံတင်မက ဖုန်းအားသွင်းတာ၊ DC လျှပ်စစ်လိုအပ်တဲ့ပစ္စည်းတွေကို Power ပေးတာစသဖြင့်အသုံးပြုကြပါတယ်!

❗️DC Voltage ပေးတာအနေနဲ့တော့ အနည်းဆုံး 5 V ကနေစပြီးအများဆုံး 20 V အထိ၊ Current အနေနဲ့တော့ အနည်းဆုံး 100 mA ကနေ အများဆုံး 5A အထိ၊ Power အားသုံးစွဲမှုအနေနဲ့ အနည်းဆုံး 0.5 W ကနေ အများဆုံး 100 W အထိသုံးစွဲနိုင်မှာဖြစ်ပါတယ်!

‼️ဖုန်းအားသွင်း Adapter အများစုကတော့ USB Power ပိုင်းမှာ Voltage 5 V, Current အနေနဲ့တော့ 1 A အနည်းဆုံးကနေ အလယ်အလတ် 2 A ကနေ 3 A အထိ, အမြင့် ဆုံး 5A အထိရရှိနိုင်မှာဖြစ်ပါတယ်!

Credit To Original Writer

တခြားသူများအတွက် ပြန်လည်မျှ​ဝေခြင်းဖြင့် ကူညီပါ။ (Share လုပ်​ပေးဖို့ ​​မေတ္တာရပ်ခံပါတယ်) ​နောက်ထပ် Computer Knowledge ​တွေ သိရဖို့ ခုဒီ Page ➡️ https://www.facebook.com/treasurehouse.mm/ ကို Like & Follow လုပ်ထားဖို့လည်း မ​မေ့နဲ့​နော်😍

အားလုံးအဆင်​ပြေကြပါ​စေ🙏🙏🙏

ဇာတ်ကြီးဆယ်ဘွဲ့📚📚📚📚📚ဗုဒ္ဓအလောင်းတော်ဘုရားအဖြစ်သို့မရောက်မီနောက်ဆုံးဘဝဖြစ်စဉ်ဆယ်ခုဇာတ်တော်ကြီး ဆယ်ဘွဲ့ ဆိုသည်မှာ ဗုဒ္ဓအလေ...
12/09/2021

ဇာတ်ကြီးဆယ်ဘွဲ့
📚📚📚📚📚

ဗုဒ္ဓအလောင်းတော်ဘုရားအဖြစ်သို့မရောက်မီနောက်ဆုံးဘဝဖြစ်စဉ်ဆယ်ခု

ဇာတ်တော်ကြီး ဆယ်ဘွဲ့ ဆိုသည်မှာ ဗုဒ္ဓအလောင်းတော်ရှင်မြတ် ပါရမီရင့်ညောင်းပြီး ဘုရားအဖြစ် မရောက်မီ နောက်ဆုံး ဘဝဖြစ်စဉ် ဆယ်ခုကို ခေါ်သည်။ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားသည် မိမိ၏ အတိတ်ဘဝ များ၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပါဠိဂါထာဖြင့် ဟောကြားတော်မူခဲ့သည်။ ယင်းတို့သည် နိကာယ် ငါးရပ်အနက် ခုဒ္ဒကနိကာယ်တွင် ပါဝင်သည်။ စုစုပေါင်း (၅၄၇) ဇာတ်ရှိသော်လည်း အလွယ်တကူဖြစ်စေရန် (၅၅၀) ဇာတ်တော်ဟု ခေါ်ကြသည်။ ယင်းတို့ကို ဘုရားရှင် ဟောကြားရာ၌ တစ်ဂါထာဖြင့် ဟောကြားသောဇာတ်၊ နှစ်ဂါထာဖြင့် ဟောကြားသောဇာတ်စသဖြင့် ရှိ၍ ဂါထာတစ်ရာကျော် မှ တစ်ထောင်ကျော်အထိ ဟောကြားသော (၁၀)ဇာတ် ရှိသည်။ ယင်းဆယ်ဇာတ်ကို မဟာနိပါတ်ဟုလည်း ခေါ်ကြ သကဲ့သို့ ဇာတ်ကြီးဆယ်ဘွဲ့ ဟူ၍လည်း ခေါ်ဆိုကြသည်။

ဇာတ်ကြီးဆယ်ဘွဲ့မှာ ဘုရားဖြစ်ခါနီး နောက်ဆုံးဆယ် ဘဝ သို့မဟုတ် နောက်ဆုံးဆယ်ဇာတ် ဖြစ်သည်။ ယင်း ဆယ်ဘဝသည် ဘုရားအဖြစ်နှင့်လည်း အလွန်နီးကပ် သည်။ အခြားဘဝတို့ထက်လည်း ပိုမို၍ မြင့်မြတ်သည်။ ပါရမီလည်း ရင့်ကျက်သည်။ ထို့ကြောင့် ‘နုမှာငါးရာ၊ ရင့်မှာတစ်ကျိပ်’ ဟုခေါ်ဆိုကာ အခြားဇာတ်များကို ပါရမီနုစဉ်ဖြစ်ခဲ့သော ဇာတ်များဟု သတ်မှတ်၍ ဇာတ်ကြီး ဆယ်ဘွဲ့ကို ပါရမီရင့်စဉ်ဖြစ်ခဲ့သော ဇာတ်များအဖြစ် သတ်မှတ်ကြသည်။

ဇာတ်ကြီးဆယ်ဘွဲ့မှာ တေမိ၊ ဇနက၊ သုဝဏ္ဏသာမ၊ နေမိ၊ မဟောသဓာ၊ ဘူရိဒတ်၊ စန္ဒကုမာရ၊ နာရဒ၊ ဝိဓူရနှင့် ဝေဿန္တရာ ဇာတ်တော်ကြီးများ ဖြစ်ကြကာ ယင်းတို့ကို အလွယ်အကူ မှတ်သားနားလည်စေရန် တေ၊ ဇ၊ သု၊ နေ၊မ၊ ဘူ၊ စံ၊ နာ၊ ဝိ၊ ဝေ ဟူသော အက္ခရာသင်္ကေတအဖြစ် မှတ်သား ကြသည်။

ဗုဒ္ဓဘုရားရှင်သည် ပါဠိဂါထာဖြင့် ဟောကြားတော်မူခဲ့ သည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီး နှစ်ပေါင်း၉၃၀ ခန့်အကြာတွင် ရာဇဂြိုဟ်ပြည်သား အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် သီရိလင်္ကာကျွန်း အနုရာဓမြို့ တောင် ဘက်ရှိ မဟာဝိဟာရကျောင်းကြီး၌ သီတင်းသုံးတော်မူစဉ် ပါဠိဘာသာဖြင့်ပင် အကျယ်ဖွင့်ဆို၍ ရေးသားတော်မူခဲ့သည်။ ထို့နောက် သာသနာနှစ် ၉၃၀ ကျော်တွင် သီရိလင်္ကာကျွန်းမှ မြန်မာနိုင်ငံ သထုံပြည်သို့ ရောက်ရှိ လာခဲ့သည်။

ဝေါဟာရအနက်
〰️〰️〰️〰️〰️〰️
စာရေးဆရာ မင်းယုဝေက 'ဇာတက' ဟူသော ပါဠိစကားကို မြန်မာတို့က ‘ဇာတ်’ ဟု ခေါ်ဆိုကြ၍ ဇာတ်သည် 'အဖြစ်' ၊ 'ဘဝ' ဟူ၍ အနက်ရသည်။ အဓိကအားဖြင့် ဂေါတမ ဗုဒ္ဓဘုရားလောင်း၏ အတိတ်ဝတ္ထု၊ အဖြစ်အပျက်၊ အကြောင်းအရာများကို ‘ဇာတ်’ဟု ခေါ်လေ့ရှိသည်ဟု ဆိုသည်။

နုမှာငါးရာ၊ ရင့်မှာ တစ်ကျိပ်
➖➖➖➖➖➖➖➖➖
ဗုဒ္ဓဘာသာအလိုအရ သံသရာတလျောက် ဗောဓိဆုပန်ခဲ့သော အလောင်းတော်သည် ဘဝပေါင်းများစွာကို ကျော်လွန်ခဲ့ရသည်။ ပါရမီတော်ကို ဖြည့်ရာတွင် လွန်စွာအလှမ်းဝေးသော ဘဝများကို ချန်လှပ်၍ မဝေးလွန်း မနီးလွန်းသော ဘဝများတွင် ဖြစ်ခဲ့သည်များကို (၅၅၀) ဇာတ်တော်များအဖြစ် မှတ်တမ်းတင်ခဲ့သည်။ အစွန်းထွက်ကို ဖြုတ်၍ နုမှာငါးရာဟု မှတ်သားကြပါသည်။ ဤသို့ဖြင့် ပါရမီတော်များကို တစ်စတစ်စ ဖြည့်လာရာ ဗောဓိဆုနှင့် အလွန်နီးကပ်လာသော (တေမိယ) မှသည် (ဝေဿန္တရာ) ဘဝများကို ဇာတ်တော်ကြီး ဆယ်စောင် (သို့မဟုတ်) ရင့်လာဆယ်ဘဝဟု သတ်မှတ်ပြီး ရင့်မှာ တစ်ကျိပ် ဟုခေါ်ကြသည်။

တေ•ဇ•သု• နေ•မ•ဘူ•စန်•နာ•ဝိ•ဝေ ဟု အစီအစဉ်အလိုက်ဖြစ်အောင် အတိုကောက်မှတ်သားကြလေ့ရှိသည်။

Credit Original Uploaders

တခြားသူများအတွက် ပြန်လည်မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ။ ​အ​ထွေ​ထွေဗဟုသုတ​တွေ (General Knowledge) သိရဖို့ ခုဒီ Page ➡️ https://www.facebook.com/treasurehouse.mm/ ကို Like & Follow လုပ်ထားဖို့လည်း မ​မေ့နဲ့​နော်😍

အားလုံးအဆင်​ပြေကြပါ​စေ🙏🙏🙏

ကမ္ဘာ့တိုက်​ကြီးများအ​ကြောင်း ​လေ့လာနိုင်ဖို့ စုစည်း​ဖော်ပြပေးလိုက်ပါတယ်​။  ပုံများကိုထောက်၍ အသေးစိတ်ဖတ်ရှု​လေ့လာနိုင်ပါ...
12/09/2021

ကမ္ဘာ့တိုက်​ကြီးများအ​ကြောင်း ​လေ့လာနိုင်ဖို့ စုစည်း​ဖော်ပြပေးလိုက်ပါတယ်​။ ပုံများကိုထောက်၍ အသေးစိတ်ဖတ်ရှု​လေ့လာနိုင်ပါတယ်။

တခြားသူများအတွက် ပြန်လည်မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ။ ​အ​ထွေ​ထွေဗဟုသုတ​တွေ (General Knowledge) သိရဖို့ ခုဒီ Page ➡️ https://www.facebook.com/treasurehouse.mm/ ကို Like & Follow လုပ်ထားဖို့လည်း မ​မေ့နဲ့​နော်😍

အားလုံးအဆင်​ပြေကြပါ​စေ🙏🙏🙏

ကွန်ပျုတာ USB Port ကို တခြားသူ သုံးမရအောင် ပိတ်နည်း_______________📌 ဘာကြောင့် ပိတ်ထားသင့်တာလဲ❓ကိုယ်မရှိတဲ့ အချိန်မှာ တခြ...
03/09/2021

ကွန်ပျုတာ USB Port ကို တခြားသူ သုံးမရအောင် ပိတ်နည်း
_______________

📌 ဘာကြောင့် ပိတ်ထားသင့်တာလဲ❓ကိုယ်မရှိတဲ့ အချိန်မှာ တခြားသူတစ်ယောက်က USB Stick ထိုးပြီး ကိုယ့် ကွန်ပျုတာထဲက အချက်အလက်တွေကို ယူသွားတာမျိုး မဖြစ်အောင် ပိတ်ထားသင့်ပါတယ်။ ရုံးလိုနေရာမျိုးမှာဆိုရင် ကိုယ့်ကွန်ပျုတာကို ဟိုလူက Stick ထိုး၊ ဒီလူက Stick ထိုးနဲ့ ကြာလာရင် ကိုယ့်ကွန်ပျုတာလည်း Virus ကြောင့် အဆင်မပြေဖြစ်လာရော၊၊

📌 ဒါမျိုး မဖြစ်ရလေအောင်။ မိတ်ဆွေသုံးနေတဲ့ ကွန်ပျုတာရဲ့ USB Port တွေကို ပိတ်ထားလို့ ရပါတယ်။ (ပြန်ဖွင့်လို့ရတဲ့ နည်းလမ်းလေးကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။)

📌 အရင်ဆုံး အနေနဲ့ Run Box ကို ခေါ်ပါ။ ကွန်ပျုတာမှာ Run Box ခေါ်ချင်တယ်ဆိုရင် Windows Keys + R နဲ့ နှိပ်ရပါတယ်။

📌 Run Box ပေါ်လာပြီဆိုရင် regedit လို့ ရိုက်လိုက်ပါ။ ပေါ်လာတဲ့အထဲကမှတဆင့် အောက်မှာ ဖော်ပြထားတဲ့ လမ်းကြောင်းအတိုင်းသွားပါ။

📌 HKEY_LOCAL_MACHINE > System > CurrentControlSet > Services > USBSTOR

📌 USBSTOR ရောက်ရင် ညာဘက်ကPanel ထဲမှာ Start ကိုရှာပါ တွေ့ပြီဆိုရင် Right click နှိပ်ပြီး Modify ကိုရွေးပါ (သို့မဟုတ်) Double click နှိပ်ပါ။ အဲ့ထဲက Value data ဆိုတဲ့အကွက်ထဲမှာ 3 ဖြစ်နေပါလိမ့်မယ် အဲ့ဒါကို 4 ပြောင်းလိုက်ပါ... ပြီးရင်စက်ကို Restart ချပေးလိုက်ပါ။ အဲ့ဒါဆိုရင် သင့် Computer မှာ USB ထိုးလိုက်ရင်ဘာမှတက်လာမှာမဟုတ်တော့ပါဘူး။

📌 ဆိုလိုတာက 3 ဆိုတာက enable ၊ 4 ဆိုတာက disable ပါ။ အဲ့တော့ USB ကိုပိတ်ထားချင်တယ်ဆိုရင် အဲ့အကွက်ထဲမှာ 4 ကိုထားပေးပြီး ပြန်ဖွင့်ချင်တယ်ဆိုရင် 3 ကိုပြန်ထားပေးလိုက်ရင်ရပါပြီ။

Learn4U

မိမိအတွက် အဆင်​ပြေလို့ အကျိုးရှိတယ်ဆိုရင် တခြားသူများအတွက် ပြန်လည်မျှ​ဝေခြင်းဖြင့် ကုသိုလ်ယူပါ။ (Share လုပ်​ပေးဖို့ ​​မေတ္တာရပ်ခံပါတယ်) ​နောက်ထပ် Computer Knowledge ​တွေ သိရဖို့ ခုဒီ Page ➡️ https://www.facebook.com/treasurehouse.mm/ ကို Like & Follow လုပ်ထားဖို့လည်း မ​မေ့နဲ့​နော်😍

အားလုံးအဆင်​ပြေကြပါ​စေ🙏🙏🙏

🔐Google ကို ​ကောင်း​ကောင်းသုံးတတ်ရင် ကိုယ်​လေ့လာချင်တာ​တွေအတွက် အေးဆေးပဲနော်🔐ကျောင်းသားများအတွက် Google ကတော့ မရှိမဖြစ် ...
02/09/2021

🔐Google ကို ​ကောင်း​ကောင်းသုံးတတ်ရင် ကိုယ်​လေ့လာချင်တာ​တွေအတွက် အေးဆေးပဲနော်🔐

ကျောင်းသားများအတွက် Google ကတော့ မရှိမဖြစ် အရာတစ်ခုလို့ အဓိပ္ပာယ်ဖွင့်ဆိုရပါမယ်။

ဒါပေမဲ့ Google ကို ကျောင်းသားအများစုကတော့ ဘယ်လိုအသုံးပြုရမလဲဆိုတာကို သေချာစွာ မသိရှိသေးပါဘူး။ မိမိရှာဖွေလိုသည့် အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့ကို သေချာစွာ မသိရှိတာကြောင့် အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်ကြေးကျ များရသည့် အဖြစ်မျိုးနှင့်လည်း ကြုံနေရပါတယ်။ ဒီလို အခြေအနေများရှိသည့် ကျောင်းသားတိုင်းအတွက် Google အသုံးပြုနည်း လမ်းညွှန်အနေနှင့် အချက်အလက်များ ရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့အတွက် နည်းလမ်းများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
___________

Google Web Search (Tips and Tricks)
___________

1️⃣စာအုပ်တစ်အုပ်ကို pdf file format နှင့် ရှာဖွေလိုပါက filetype:pdf ဟု ထည့်သွင်းရေးသားပြီး ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
ဥပမာ။ ။ electronics filetype:pdf

2️⃣အချို့စကားလုံးများကို မိမိရှာဖွေသည့် အဖြေရလဒ်အတွင်း ထည့်သွင်းမဖော်ပြစေလိုပါက "– "( အနုတ်လက္ခဏာ) ခံပြီး ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
ဥပမာ။ ။ restaurant - japan (Japan စားသောက်ဆိုင်မရှာရန် လုပ်ဆောင်ခြင်း ဖြစ်သည်။)

3️⃣တစ်မျိုးမဟုတ်တစ်မျိုး တစ်ခုခုကို ရှာဖွေမှုရလဒ်မှာ ထည့်သွင်းဖော်ပြစေလိုပါက 'OR' ခံပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်။
ဥပမာ။ ။ Drone OR UAV

4️⃣Google တွင် အင်္ဂလိပ်ဘာသာမှ အင်္ဂလိပ်ဘာသာ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှာဖွေလိုပါက "Define" ကို အသုံးပြုနိုငိမှာဖြစ်ပါတယ်။
ဥပမာ။ ။ define Drone

5️⃣ကိုယ်ရှာဖွေလိုတဲ့ အကြောင်းအရာရဲ့ စာလုံးပေါင်းကို မသိဘူးဆိုရင် "*" ကို အသုံးပြုပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်။
ဥပမာ။ ။ electroni*s

6️⃣ရှာဖွေမှုရလဒ်မှာ ကိုယ်ရှာချင်တာကို ရေးထားတဲ့အတိုင်း အတိအကျရှာဖွေဖို့အတွက် ဆိုရင်တော့ " " ကို အသုံးပြုပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်
ဥပမာ။ ။ “I am student”

7️⃣Google မှာ Graph ရေးဆွဲလိုပါက ကိုယ်ရေးဆွဲမည့် Graph ၏ ညီမျှခြင်းကို ရိုက်ထည့်ပြီး လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ဥပမာ။ ။ y=x^2+6x+9

8️⃣Website တစ်ခုကနေ မိမိရှာဖွေလိုတာကို Google အသုံးပြုပြီး ရှာဖွေဖို့ဆိုရင် site:easy devboards.com Bluetooth ဟု ရိုက်ထည့်ပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်။

9️⃣အင်တာနက် ဆက်သွယ်မှု မရှိစဉ် ယခင်ရှာဖွေထားသည့် ရှိပြီး Cache များကို ပြန်လည်ကြည့်ရှုလိုပါက cache: ကို ခံပြီးရှာဖွေနိုင်မှာဖြစ်ပါတယ်။
ဥပမာ။ ။ cache:easydevboards.com
___________

Advanced Google Web Search
__________

ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ နောက်ထပ်မံပြီး Webpage များတွင် ရှာဖွေခြင်းနှင့် ပတ်သက်သည့်
အချက်အလက်များကို သိရှိထားရန် လိုအပ်ပေသည်။

✅စကားလုံးတိုင်းသည် ရှာဖွေမှုတိုင်းတွင် အရေးပါသည်ကို သတိပြုပါ။ who, the who, a who သုံးမျိုးကို ရှာဖွေကြည့်ပါက
ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

✅အကြောင်းအရာများကို ရှာဖွေရာတွင် စကားလုံး ရှေ့နောက်အထားအသိုသည်လည်း မှန်ကန်ရန် လိုအပ်ပါသည်။
ဥပမာအားဖြင့် blue sky, sky blue အထားအသို နှစ်ခုအပေါ်တွင် ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။

✅မိမိရှာဖွေလိုသည့် စကားလုံးများကို စာလုံးအကြီးဖြင့်ဖြစ်စေ၊ စာလုံးအသေးဖြင့်ဖြစ်စေ ရေးသားနိုင်ပါသည်။ ရလဒ်ကွဲပြားမှု မရှိနိုင်ပါ။

✅comma (,) ကဲ့သို့သော စာလုံးများကို မည်သို့ပင် ထည့်သွင်းစေကာမူ အရေးမကြီးလှပေ။ သို့သော် အချို့သော C #, C++, Google+ စသည်ဖြင့် Programming language အမည်များ နောက်တွင် တွဲလျက်ပါသည့် # သို့မဟုတ် + စသည်တို့မှာ အရေးပါသည်ကို သတိပြုရန် လိုအပ်ပေသည်။ ရံဖန်ရံခါ မိမိရှာဖွေသည့် အချက်အလက်များကို မတွေ့ဘဲ လည်နေခြင်းမျိုး ကြုံလာပါက Keyword လွဲမှားခြင်းကြောင့် ဖြစ်နိုင်ပါသည်။ Keyword ကို ပြောင်းလဲရှာဖွေ ကြည့်နိုင်ပါသည်။ ရှာဖွေမှုရလဒ်များ တစ်စုံတစ်ခုကို ရှာဖွေမည်ဆိုပါက ကြော်ငြာများကိုလည်း ရလဒ်များတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

အဓိက မိမိရှာဖွေသည့် ရလဒ်အဖြေကိုသာ တိုက်ရိုက်ဖတ်ရှုဖို့ လိုအပ်မည် ဖြစ်ပါသည်။ Search Bar ၏ အောက်ဘက်ရှိ Filter တွင် Web, image, maps, shopping စသည်ဖြင့် မိမိလိုအပ်သည့်အရာကို ရွေးချယ်နိုင်ပါသည်။ ပုံများကိုသာ ရှာဖွေလိုပါက image ကိုရွေးချယ်နိုင်ပါသည်။ ရှာဖွေသည့် စကားလုံးကလည်း အတိအကျရှိမည်၊ Google ဘက်ကလည်း ရလဒ်ရှိမည် ဆိုပါက Knowledge အနေနှင့် ဘေးဘက်တွင် သီးခြားပြသထားခြင်းမျိုးလည်း ရှိပါသည်။ အထူးသဖြင့် နေရာများကို ရှာဖွေရာတွင် သီးခြားပြသမှုများကို
မြင်တွေ့ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။
___________

Advanced Searching
___________

Advanced Searching ကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

1️⃣Advanced Search page ဒီနေရာမှာ ပုံတွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_image_search တွင် ရှာဖွေနိုင်မည် ဖြစ်ပြီး၊ Website တွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_search တွင် ရှာဖွေနိုင်မည် ဖြစ်ပါသည်။

2️⃣ဒုတိယ နည်းလမ်းတစ်ခု အနေနှင့် Operator များကို အသုံးပြုပြီးလည်း ရှာဖွေနိုင်မည် ဖြစ်ပါသည်။ Operator List များကို https://support.google.com/websearch/answer/2466433 ဤလင့်ခ်တွင် ကြည့်ရှုနိုင်မည် ဖြစ်ပြီး Operator များ အကြောင်းကို အထက်တွင် Tips and Tricks အနေနှင့် ဖော်ပြပြီး ဖြစ်ပါသည်။

စာအုပ်များ ရှာဖွေခြင်း မိမိဖတ်ရှုလိုတဲ့ စာအုပ်တွေကို ရှာဖွေမည် ဆိုပါက Google Book မှတစ်ဆင့် ရှာဖွေပါက အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ယင်းအပြင် Google Book တွင် စာအုပ်တစ်အုပ်လုံးကို မဟုတ်သော်လည်း အချို့အစိတ်အပိုင်းများကို နမူနာဖတ်ရှုခွင့် ပေးထားသည့်အတွက် စာအုပ်ရှာဖွေ ဒေါင်းလုပ်ရယူမည့်သူများ အတွက် အထူးပင် အဆင်ပြေစေနိုင်မည် ဖြစ်ပါသည်။

https://books.google.com/ တွင် စာအုပ်များကို ရှာဖွေနိုင်မည် ဖြစ်ပါသည်။
နမူနာအနေနှင့် Wireless Communication နှင့် ပတ်သက်သည့် စာအုပ်စာတန်းများ ရှာဖွေလိုပါက အထက်ပါလင့်ခ်တွင် Wireless Communication ဟု ရိုက်ထည့်ပြီး ရှာဖွေပါက စာအုပ်စာတမ်းများ ကျလာမည် ဖြစ်သည်။ ယင်းစာအုပ်များ၏ လင့်ခ်တွင်
https://books.google.com/books?isbn=_______” ဟု ဖော်ပြထားမည် ဖြစ်သည်။ ယင်းကွက်လပ်နေရာတွင် ဂဏန်းများပါရှိမည် ဖြစ်ပြီး ယင်းနံပါတ်များသည် အပြည်ပြည်ဆိုင်ရာသုံး စာအုပ်နံပါတ် (ISBN) ဖြစ်သည်။

အကယ်၍ မိတ်ဆွေ၊ သူငယ်ချင်းများက စာအုပ်တစ်အုပ်ကို ညွှန်းပါက ISBN ကို ကွက်လပ်နေရာမှာ ရိုက်ထည့်ပြီး အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါသည်။

ISBNနံပါတ်တွေကို စာအုပ်တွေရဲ့ ရှေ့ဆုံးစာ မျက်နှာမှာလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။
စာအုပ်များကို ဖတ်ရှုပြီးပါကလည်း စာအုပ်ကို မိမိ Library တွင် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ Google Account လိုအပ်မည် ဖြစ်သော်လည်း ကျောင်းသားအများစုက gmail အသုံးပြုတာကြောင့် Google Account ရှိပြီး ဖြစ်ပေလိမ့်မည်။

Library အတွင်း သိမ်းဆည်းထားခြင်းဖြင့် မိမိဖတ်ရှုပြီး စာအုပ်များကို မှတ်သားထားနိုင်ပြီး ဖတ်ရှုရန် လိုအပ်သည့် စာအုပ်များကိုလည်း အလွယ်တကူ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

အထက်ပါအချက်များကို Google မှာ လေ့လာရှာဖွေမည့် ကျောင်းသူ/သားများအတွက် အထောက်အကူဖြစ်ရန်အတွက် အသုံးများသောအချက်များကို
ဖော်ပြလိုက်ရပါသည်။ တကယ်တော့ Google SE ကသင်တို့ထင်တာထက် အများကြီးကျယ်ပြန့်ပါတယ်။

crd-to-writer

မိမိအတွက် အဆင်​ပြေလို့ အကျိုးရှိတယ်ဆိုရင် တခြားသူများအတွက် ပြန်လည်မျှ​ဝေခြင်းဖြင့် ကုသိုလ်ယူပါ။ (Share လုပ်​ပေးဖို့ ​​မေတ္တာရပ်ခံပါတယ်) ​နောက်ထပ် Knowledge ​တွေ သိရဖို့ ခုဒီ Page ➡️ https://www.facebook.com/treasurehouse.mm/ ကို Like & Follow လုပ်ထားဖို့လည်း မ​မေ့နဲ့​နော်😍

အားလုံးအဆင်​ပြေကြပါ​စေ🙏🙏🙏

Bitcoin ဆိုတာဘာလဲ                       Bitcoin ဆိုတာ အင်တာနက်ထဲမှာ အသုံးပြုတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတစ်ခု ဖြစ်ပါတယ်။  ကာဆီန...
30/08/2021

Bitcoin ဆိုတာဘာလဲ
Bitcoin ဆိုတာ အင်တာနက်ထဲမှာ အသုံးပြုတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတစ်ခု ဖြစ်ပါတယ်။ ကာဆီနိုတွေမှာ လောင်းကစားလုပ်ဖို့ ငွေကြေးနှင့်ကွိုင်ပြားကို လဲလှယ်ပြီးမှ ဆော့လို့ရသလိုမျိုးပဲ၊ အင်တာနက်ထဲမှာ ပစ္စည်းတစ်ခုခုကို ဝယ်ဖို့အတွက် ကြားခံအသုံးပြုတဲ့ အင်တာနက်ထဲက Coin ကို Bitcoin လို့ခေါ်ပါတယ်။ ၂၀၀၉ မှာ Bitcoin စတင်ပေါ်ပေါက်ခဲ့ပြီး၊ ၂၀၁၁ နောက်ပိုင်းမှာ ဥပဒေနှင့်မလွတ်ကင်းတဲ့ ပစ္စည်းတွေဖြစ်တဲ့ မူးယစ်ဆေးဝါး၊ လက်နက် စသည်တို့ကို Silk Road လို့ခေါ်တဲ့ Website ကနေ Bitcoin ဖြင့် ကျယ်ကျယ်ပြန်ပြန့် အရောင်းအဝယ်ပြုလုပ်ခဲ့ကြတဲ့ သာဓကရှိတာကြောင့် ယခုအချိန်ထိ Bitcoin ကိုအသုံးပြုဖို့ လူတော်တော်များများ စိုးရွံ့နေလေ့ရှိပါတယ်။ သို့သော်လည်း တဖြည်းဖြည်းနှင့်ကျယ်ပြန့်လာတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတစ်ခု ဖြစ်နေပါပြီ။ အင်တာနက်ထဲမှာ ရှိတဲ့ Bitcoin ကိုထိန်းချုပ်ထားတဲ့ ဘဏ်၊ ငွေကြေးအဖွဲ့အစည်း စသည့်ဗဟိုအဖွဲ့အစည်း ဆိုတာမျိုးတွေ မရှိပါဘူး။ အဲ့ဒါကြောင့် Bitcoin ဟာ တရားဝင်လား၊ မဝင်ဘူးလားဆိုတာကတော့ မေးခွန်းထုတ်စရာတစ်ခုပါ။ လက်ရှိအချိန်မှာတော့ နိုင်ငံတော်တော်များများမှာ တရားဝင်ကဲ့သို့သုံးစွဲနေပြီး၊ တစ်ချို့နိုင်ငံတွေမှာတော့ အငြင်းပွားစရာတစ်ခုအနေနှင့် ရှိနေဆဲပါ။ Bitcoin ဆိုတာ Virtual Currency တစ်ခုဖြစ်တာကြောင့်၊ ကာဆီနိုမှာအသုံးပြုတဲ့ Coin ပြားကဲ့သို့ ပုံပန်းသဏ္ဌာန်လည်းမရှိသလို၊ ငွေစက္ကူတွေလို ပုံနှိပ်ထားတာမျိုးလည်း မဟုတ်ပါဘူး။ Bitcoin ကို Cryptocurrency လို့လည်း ပြောနိုင်ပါတယ်။ Bitcoin အပြင်အခြား Cryptocurrency တွေလည်းရှိပါတယ်။ Cryptocurrency ဖြစ်တာကြောင့် Bitcoin မှာ Hashing လို့ခေါ်တဲ့ အချက်အလက်ကို လျှို့ဝှက်စာအဖြစ်ပြောင်းလဲသိမ်းဆည်းတဲ့နည်းလမ်းကိုအသုံးပြုထားပြီး လူတစ်ဦးမှ၊ အခြားလူတစ်ဦးဆီကို အင်တာနက်မှတဆင့် လွှဲပြောင်းပေးပို့တဲ့အခါမှာလည်း လက်ခံတဲ့သူဆီမှာ အဲ့ဒီလျှို့ဝှက်စာကိုချိတ်ဆက်နိုင်တဲ့ သတ်မှတ်ထားတဲ့လျှို့ဝှက်စာရှိမှသာလျှင်လက်ခံနိုင်အောင် ဖန်တီးထားတဲ့ ငွေကြေးပုံစံဖြစ်ပါတယ်။ ဒါကြောင့် Bitcoin ဖြင့် အရောင်းအဝယ်လုပ်ခြင်းကို P2P (Peer to Peer) Transaction လို့လည်းပြောကြပါတယ်။ အင်တာနက်ထဲမှာ Bitcoin ဖြင့်ရောင်းတဲ့ ပစ္စည်းတစ်ခုကိုဝယ်ဖို့ မိမိမှာရှိတဲ့ ငွေကြေး (ဥပမာ USD, EUR စသည်ဖြင့်) ကို Bitcoin ဖြင့်ပြောင်းလဲပြီးမှ ဝယ်လို့ရပါတယ်။ အဲ့လိုဝယ်ယူတဲ့အခါမှာ ပုံမှန်ငွေပေးချေမှုပုံစံတွေကဲ့သို့ ဖြစ်ပေမယ့်၊ Bitcoin နှင့်ပေးချေရင်တော့ ဘဏ်၊ ငွေကြေးအဖွဲ့အစည်း၊ စသည့်ကြားခံအဖွဲ့အစည်းတွေ မပါဝင်တဲ့အတွက် ပိုမိုသက်သာသည့်နှုန်းထားဖြင့် ငွေပေးချေနိုင်ခြင်းက သူ့ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။ Bitcoin ကိုလဲလှယ်နိုင်တဲ့ ငွေကြေးတန်ဖိုးနှုန်းထားဟာ အခြားငွေကြေးတွေကို လဲလှယ်နိုင်တဲ့ နှုန်းထားတွေကဲ့သို့ အမြဲပြောင်းလဲနေပါတယ်။ Bitcoin နှင့် USD ငွေကြေးလဲလှယ်မှုနှုန်းထားကို Google မှာ ယခုလို တွေ့နိုင်ပါတယ်။ Bitcoin ဟာ အခြားငွေကြေးတွေကဲ့သို့ သူ့မှာလည်း ယူနစ်သက်မှတ်ချက်တွေရှိပါတယ်။ ဥပမာ။ 100μBTC ကို 100 microbitcoin လို့ခေါ်ပြီး 0.0001BTC (BTC=Bitcoin) နှင့်တန်ဖိုးတူတယ်။ 100μBTC ကို USD ပြောင်းရင် 0.11USD ရပါတယ်။ Bitcoin နှင့်ပတ်သက်တဲ့ ယူနစ်တွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ Bitcoin ဆိုတဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို ဖန်တီးခဲ့တာကတော့ Software Developer တစ်ယောက်လို့ဆိုတဲ့ Satoshi Nakamoto ဖြစ်ပါတယ်။ သို့သော် သူဟာဘယ်သူလည်း၊ လူတစ်ယောက်ကိုရည်ညွှန်းတာလား၊ အဖွဲတစ်ဖွဲ့ကိုရည်ညွှန်းတာလား ဆိုတာကိုတော့ ယခင်ကဘယ်သူမှ သေချာစွာ မသိခဲ့ကြပါဘူး။ သို့သော် ၂၀၁၆ မေလက BBC သတင်း တစ်ခုမှာတော့ သြစတြေးလျနိုင်ငံသား Programmer တစ်ယောက်ဖြစ်တဲ့ Craig Wright ဆိုသူက၊ သူဟာ Nakamoto ဖြစ်ပြီး Bitcoin ကို တီထွင်ခဲ့တဲ့သူလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ သို့ပေမယ့် Wright ထုတ်ဖေါ်ပြောကြားခဲ့တဲ့ အထောက်အထားအချို့က လုံလောက်မှုမရှိတာကြောင့် Wright ကို Bitcoin သုံးစွဲနေကြတဲ့ အဖွဲ့အစည်းတွေက ပိုပြီးတိကျသေချာတဲ့ အထောက်အထားတွေပြဖို့ တောင်းဆိုထားပါတယ်။

Bitcoin ကိုဘယ်လိုထုတ်လုပ်လဲ။

Bitcoin ထုတ်လုပ်ဖို့ရန် ကွန်ပျူတာမှာ လိုအပ်တဲ့ ဟာ့ဒ်ဝဲလ်နှင့်ဆော့ဒ်ဝဲလ်တွေကို ထည့်သွင်းတပ်ဆင်ပြီး ထုတ်လုပ်နိုင်ပါတယ်။ သို့သော်အလွယ်တကူ ထုတ်လုပ်နိုင်တဲ့နည်းလမ်းတစ်ခုတော့ မဟုတ်ပါဘူး။ Bitcoin တွေထုတ်လုပ်ခြင်းဆိုတာထက် Bitcoin Mining (တူးဖေါ်ခြင်း) လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ Bitcoin တွေရအောင်တူးဖေါ်တဲ့အခါမှာ တစ်ဦးတစ်ယောက်တည်း တူးဖေါ်ခြင်းဟာ ကုန်ကျစရိတ်များတဲ့အပြင်၊ Bitcoin လည်းအများအပြားမရနိုင်တဲ့အတွက် Bitcoin mining pool လို့ခေါ်တဲ့ Bitcoin တူးဖေါ်တဲ့ အဖွဲ့တွေနှင့် အကျိုးတူ၊ ပူးပေါင်းတူးဖေါ်ခြင်းဟာ ကုန်ကျစရိတ်သက်သာတဲ့အပြင်၊ Bitcoin လည်းအများအပြားရနိုင်သလို၊ အတွေ့အကြုံတွေလည်း ဖလှယ်နိုင်ပါတယ်။ Bitcoin ကိုတူးဖေါ်တဲ့အခါမှာ Bitcoin တွေကိုသိမ်းစည်းဖို့ (သို့) လက်ခံဖို့ Bitcoin Wallet တစ်ခုရှိရပါမယ်။ Bitcoin Wallet ဆိုတာ e-Wallet ဖြစ်ပါတယ်။ လက်ရှိကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အသုံးပြုနေတဲ့ Mobile Wallet (k pay)ကဲ့သို့သော Application တစ်ခုဖြစ်ပါတယ်။

Bitcoin ကို Mining မလုပ်ပဲ ဘယ်လိုရနိုင်လဲ။

Bitcoin ကို Mining မလုပ်ပဲ အခြားနည်လမ်းတွေနှင့်လည်း ရနိုင်ပါတယ်။ အခြားနည်းလမ်းတွေဆိုတာ တချို့အလုပ်တွေကို အွန်လိုင်းကနေလက်ခံပြီး လုပ်ပေးကြတဲ့အခါမှာ၊ လုပ်အားခအတွက် ငွေပေးချေမှုကို အခြားငွေကြေးတွေနှင့်ပေးချေမှု မပြုလုပ်ပဲ Bitcoin နှင့်ငွေပေးချေမှုပြုလုပ်ကြတာကြောင့် ၄င်းမှတဆင့်ရနိုင်တာမျိုးဖြစ်ပါတယ်။နောက်ထပ်နည်းလမ်းတစ်ခုက အွန်လိုင်းမှာ ငွေကြေးတွေရဲ့အတက်အကျပေါ်မူတည်ပြီး (EUR, USD, SGD, CNY, JPY) စသည့်ငွေကြေးတွေကို Trading လုပ်လို့ရပါတယ်။ ငွေကြေးတွေကို Trading ပြုလုပ်ခြင်းကို ForeX (Foreign Exchange) Trading လို့ခေါ်ပါတယ်။ ForeX Trading မှာ Bitcoin ကိုလည်း Trading လုပ်နိုင်ပါတယ်။ Bitcoin ကို BTC အနေနှင့် ForeX Trading လုပ်တဲ့ Website တွေမှာ တွေ့နိုင်ပါတယ်။ Bitcoin ကို ForeX Trading လုပ်ခြင်းအားဖြင့်လည်း ရနိုင်ပါတယ်။ Bitcoin အခမဲ့ရနိုင်တဲ့နည်းလမ်းတွေလည်း ရှိပါတယ်။ အခမဲ့ရတယ်ဆိုပေမယ့်၊ မိမိ၏အချိန်ပေးလိုက်ရတာမျိုး ဖြစ်နိုင်သလို၊ Online Gambling Website တွေကနေ လောင်းကစားဖို့ စိတ်ပါလာအောင် အနည်းအကျဉ်းပေးပြီး ဆွဲဆောင်တာမျိုးတွေလည်း ရှိပါတယ်။ တနည်းနည်းနှင့် ရလာတဲ့ Bitcoin တွေကိုလက်ခံဖို့အတွက်ကတော့ မိမိမှာ Bitcoin Wallet တစ်ခုရှိဖို့တော့လိုပါကြောင်း မေတ္တာဖြင့် တင်ပြလိုက်ရပါတယ်ခင်ဗျာ။
💰💰💰💰💰💰💰
Crd Bitcoin

မိမိအတွက် အဆင်​ပြေလို့ အကျိုးရှိတယ်ဆိုရင် တခြားသူများအတွက် ပြန်လည်မျှ​ဝေခြင်းဖြင့် ကုသိုလ်ယူပါ။ (Share လုပ်​ပေးဖို့ ​​မေတ္တာရပ်ခံပါတယ်) ​နောက်ထပ် Computer Knowledge ​တွေ သိရဖို့ ခုဒီ Page ➡️ https://www.facebook.com/treasurehouse.mm/ ကို Like & Follow လုပ်ထားဖို့လည်း မ​မေ့နဲ့​နော်😍

အားလုံးအဆင်​ပြေကြပါ​စေ🙏🙏🙏

❝ လူသိနည်းတဲ့   ရဲ့ လုပ်ဆောင်ချက် (၅) ခု ❞___________လတ်တလောမှာ လူသုံးများလာတဲ့ Telegram ရဲ့ လုပ်ဆောင် ချက်တွေက အရမ်းလည်...
27/08/2021

❝ လူသိနည်းတဲ့ ရဲ့ လုပ်ဆောင်ချက် (၅) ခု ❞
___________

လတ်တလောမှာ လူသုံးများလာတဲ့ Telegram ရဲ့ လုပ်ဆောင် ချက်တွေက အရမ်းလည်းအသုံးဝင်သလို Telegram ရဲ့
နောက်ဆုံးထွက် Vesrsion Update မှာလည်း Features
တွေပိုစုံလာပါပြီ။

❝ Telegram ဟာ End-to-end Encryption စနစ်သုံးထားပြီးMessage တွေကို လက်ခံသူတစ်ဦးတည်းပဲ ဖတ်ရူနိုင်သလို ကြားဖြတ် အသုံးပြုတာမျိူးတွေကို လုံးဝပိတ်ပင်ထားတာမို့လို့ သာမန် Message App တွေထက် ပိုလုံခြုံပါတယ်။ ♨️

လက်ရှိမှာတော့ Movie Channel တွေကြောင့် လူသုံးများလာသလို ကိုယ်တိုင်ကလည်း Telegram ရဲ့ Message Chat တွေကို အသုံးပြု နေတယ် ဆိုရင်တော့ ဒီလုပ်ဆောင်ချက် (၅)ခုက တကယ်ကိုအသုံးဝင်မှာပါ
ဖြစ်ပါတယ်။ 🔖

1⃣ Message တွေကို Schedule နဲ့ ပို့နိုင်တယ်
_______________

📎 (Schedule Message)

- ဒီ Feature က အတော်လေးမိုက်ပါတယ်။ စာကို ကိုယ်ကြိုက်တဲ့ချိန် ရွေးထားပြီးပို့တာပါ။ Birthday Wish တွေအတွက် အထူးအသုံးဝင်ပါလိမ့်မယ်။

** ကိုယ်ပို့ချင်တဲ့ လူဆီကို စာရိုက်ပြီးတာနဲ့ Send button ကို ခပ်ကြာကြာလေးဖိထားလိုက်မယ်ဆိုရင် Schedule Message ကိုတွေ့ပါလိမ့်မယ်။ Schedule Message ကိုနှိပ်လိုက်မယ်ဆိုရင်တော့ ကိုယ်ပို့ချင်တဲ့ အချိန်ကို စိတ်ကြိုက်ရွေးပြီး ပို့လို့ရပါတယ်။ 🔖

2⃣ အသံမကြားအောင် စာပို့မယ်
_________________

📎 (Silent Messages)

- တစ်ဖက်လူက အလုပ်ရူပ်နေနိုင်တဲ့အချိန် ကိုယ်ကလည်း အရေးတကြီး စာပို့ဖို့လိုနေတယ်ဆိုရင် ဒီ Feature လေးကိုအသုံးပြုနိုင်ပါတယ်။
ပို့လိုက်တဲ့စာက ဝင်သွားမယ် ၊ ဒါပေမဲ့ တစ်ဖက်လူဆီမှာ Noti Soundသံကြားရမှာမဟုတ်ပါဘူး။

** စာရိုက်ပြီးတာနဲ့ Send Button ကိုဖိထားပြီး Silent Messages ကိုရွေးပေးလိုက်ပါ။ 🔖

3⃣ စာတွေ ၊ File တွေကို အလိုအလျှောက်ဖျက်ပေးနိုင်တယ်
_____________

📎 (Self-Destruct Media)

- ကိုယ်ပို့ထားတဲ့ Message တွေကို အချိန်အတိုင်းအတာတစ်ခုထိ ရှိနေပြီး ကြာရင် သူ့ဘာသူ အလိုလိုပျက်သွားအောင်လုပ်တာပါ။
Photo , Video , Text အကုန်လုံးကို Self-Destruct အနေနဲ့
လုပ်နိုင်ပါတယ်။

** Secret Chat အနေနဲ့ သုံးနေတဲ့လူဆိုရင် Text Bar မှာ နာရီ ပုံလေးရှိပါတယ်။ စာရိုက်ပြီး နာရီပုံလေးကိုနှိပ်လိုက်တာနဲ့ ကိုယ်ပို့စေချင်တဲ့ အချိန်အထိပဲပြပေးပြီး အချိန်ပြည့်ရင် တစ်ဖက်လူကမြင်ရတော့မှာ မဟုတ်ပါဘူး။ ပုံတွေဆိုရင်တော့ ပို့မယ်ပုံကို အရင်ထောက်လိုက်မှ နာရီပုံ
လေး ပေါ်ပါတယ်။ 🔖

4⃣ ပို့ချင်တဲ့ Video တွေကို တည်းဖြတ်နိုင်တယ်
_____________

📎 (Edit Send Video)

- တစ်ယောက်ယောက်ဆီကိုပို့ဖို့ Video တွေကို သီးခြား Edit လုပ်ဖို့ မလိုတော့ပါဘူး။ Telegram မှာ Video Edit Feature ပါလာပါ ပြီ။ Version အသစ်ဖြစ်ဖို့တော့လိုပါတယ်။

** ပို့မယ့် Video ကို Play လုပ်ဖို့ ထောက်လိုက်ပါ ၊ Edit ပေါ်လာပါလိမ့်မယ် ၊ Brightness , Contrast နဲ့ Clip Edit ကိုပါလုပ်လို့ရမှာဖြစ်သလို Self-destruct နဲ့လည်း ပို့နိုင်ပါတယ်။ 🔖

5⃣ Youtube Video တွေကို Youtube မှာ သွားရှာနေဖို့
မလိုတော့ဘူး၊
_____________

📎 (Youtube and Gif Search)

- Youtube ထဲမှာ Video Link တွေကို Copy သွားယူနေစရာမလိုတော့ပါဘူး ၊ @ youtube လို့ခေါ်ပြီး နောက်ကကိုယ်ရှာချင်တဲ့Video Name ကို ရိုက်လိုက်တာနဲ့ Video တွေ တန်းပေါ်ပါတယ်။🔖

❝ ကိုယ်တိုင်က Telegram သုံးနေတယ်ဆိုရင် Movie ကြည့်ဖို့ အတွက်တင်မဟုတ်ပဲ ၊ Chat အတွက် သုံးသင့်ပါတယ်။ ပြီးတော့ ခုဝေမျှထားတဲ့ လုပ်ဆောင်ချက်လေးတွေကိုလည်း စမ်းသုံးကြည့်သင့်ပါတယ်။

✍️✍️

မိမိအတွက် အဆင်​ပြေလို့ အကျိုးရှိတယ်ဆိုရင် တခြားသူများအတွက် ပြန်လည်မျှ​ဝေခြင်းဖြင့် ကုသိုလ်ယူပါ။ (Share လုပ်​ပေးဖို့ ​​မေတ္တာရပ်ခံပါတယ်) ​နောက်ထပ် Computer Knowledge ​တွေ သိရဖို့ ခုဒီ Page ➡️ https://www.facebook.com/treasurehouse.mm/ ကို Like & Follow လုပ်ထားဖို့လည်း မ​မေ့နဲ့​နော်😍

အားလုံးအဆင်​ပြေကြပါ​စေ🙏🙏🙏

Address

Mandalay

Telephone

+959444457872

Website

Alerts

Be the first to know and let us send you an email when Treasure House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share