MYAT MYINT KYAWConstruction Co.,Ltd.

MYAT MYINT KYAWConstruction Co.,Ltd. မြန်ဆန် တိကျ လက်ရာကောင်းမွန်ခြင်းတို့၏ စွမ်းရည်

 #နေစရာအိမ်ဆောက်မယ်ဆိုရင်(သိထားသင့်တယ်)*****************************************(တန်ဖိုးရှိလွန်းလို့ သိမ်းထားခဲ့တာပါ။ အခ...
05/02/2026

#နေစရာအိမ်ဆောက်မယ်ဆိုရင်(သိထားသင့်တယ်)
*****************************************
(တန်ဖိုးရှိလွန်းလို့ သိမ်းထားခဲ့တာပါ။ အခုခေတ်မှာ လုပ်ဖို့မပြောနဲ့ သိသူတောင်နည်းသွားပြီ)

ဆရာကြီးဒဂုန်ရဲ့စာတွေဖတ်ရင်း တွေ့မိလို့သိမ်းထားခဲ့တဲ့ထဲက
အိမ်ဆောက်ရင် လိုအပ်ချက်တွေကို
သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
မြင်လဲမြင်ဆရာပါ။
သူရေးခဲ့တဲ့ စာစုကို
ပြန်ဖော်ပြလိုက်ပါတယ်။

အသက်တွက်ပြီးမှအိမ်ဆောက်ပါ။
အိမ်ဆောက်တော့မယ်ဆိုရင် အသက်တွက်ပြီးမှ
အိမ်ဆောက်သင့်တယ်လို့ ဆိုပါတယ်။
ဒီအချက်ကို လင်္ကာလေးနဲ့ညွှန်းထားပုံက
အိမ်သစ်ဆောက်လိုများလူဗိုလ်၊
သက်ကိုရှစ်နဲ့စား
တစ်ခုကြွင်းမူသူဌေးယူ၊
နှစ်မူသူကြွယ်သား။
လေးခုကြွင်းငြားရွှေလှေခါး၊
ငါးကားရွှေပြဿဒ်။
သုံး၊ခြောက်၊ခုနှစ်၊သုံးဘုံလစ်၊
အိမ်သစ်မဆောက်အပ်တဲ့။
လင်္ကာရဲ့သဘောကဒီလိုပါ။

ကိုယ့်ရဲ့ အသက်ကို (၈)နဲ့ စားလိုက်ပါ။
#၁ကြွင်းရင် ဒီနှစ်မှာ
အိမ်ဆောက်တဲ့အတွက် သူဌေးဖြစ်နိုင်သလို၊
#၂ကြွင်းရင် လည်း သူကြွယ်ဖြစ်တတ်ပါသတဲ့။
#၄ကြွင်းရင် ဘ၀ရဲ့ အဆင့်မြင့်မှုကို ရရှိပြီး၊
#၅ကြွင်းရင် လည်း တို့ထက်ကောင်းပါတယ်။

#၃ကြွင်း၊ #၆ကြွင်း၊ #၇ကြွင်းနဲ့ #ဝကြွင်းရင်တော့ ဒီအသက်၊ ဒီနှစ်ထဲမှာ အိမ်သစ် မဆောက်သင့်ပါဘူး။ ဆောက်ရင် ဆောက်သူအဖို့ ဘေးရန်များတာ၊ စီးပွားပျက်တာ၊ ရောဂါဘယများပြားတာတွေ ဖြစ်နိုင်တယ်နဲ့တူပါတယ်။

အိမ်သစ်ဆောက်မယ့်မြေရွေးရဦးမယ်အိမ်သစ်ဆောက်သင့်တဲ့ အသက်ရောက်လိုက အိမ်သစ်ဆောက်ဖို့စီစဉ်ပြီဆိုရင်၊ ဆောက်မယ့်မြေလည်းရွေးချယ်ရပါဦးမယ်။ စနစ်တကျရွေးချယ်မှအိမ်ရှင်အတွက် ကောင်းမွန်ပြီး ဘေးရန်အသွယ် ကင်းဝေးနိုင်ပါမယ်၊ မြေရွေးနည်း လင်္ကာကတော့ ဒီလိုပါ။

အဆင်းဖြူငြားမြေပုဏ္ဏား၊စီးပွားဖြစ်တတ်စွာ။
အဆင်းနီလွင်မြေဘုရင်၊မင်းလျှင်ဖြစ်တတ်ပါ။
အဆင်းနက်ကမြေဒါသ၊ဒုက္ခဘေးတွေ့ရာ။
အဆင်းဝါဘိမြေပကတိ၊သုခိအဝေရာ။
အဆင်းပြာလျှံ၊ကေသပံ၊နိုင်ငံတည်ထောင်ရာ။
မြေမင်းပုဏ္ဏားကျောင်းအိမ်များ၊ ဆောက်ထားဇရပ်သာ။
မြေဒါသမှာဥယျာဉ်သာ၊
လယ်မှာလုပ်လေပါ၊
မြေပကတိကိုရဟန်းဆို၊
နေလို့ကောင်းလေစွ။

လင်္ကာရဲ့သဘောက မြေရဲ့အဆင်းအရောင်ကိုကြည့်ပြီး အိမ်၊ ကျောင်း၊ ဇရပ်၊ ဥယျာဉ်တို့ တည်ထားသင့်တယ်ဆိုတဲ့သဘောပါ။ သေသေချာချာပြောရရင်
အဆင်းဖြူတဲ့ မြေကို မြေပုဏ္ဏားလို့ ခေါ်တယ်။
ဒီမြေမှာအိမ်ဆောက်ရင် အိမ်ရှင်ဟာစီးပွားတက်မယ်။ ချမ်းသာမယ်။
မြေအဆင်းနီရင် ဒီမြေကိုမြေဘုရင်လို့ သတ်မှတ် တယ်။ ဒီမြေမှာ အိမ်ဆောက်ရင် အိမ်ရှင်ဟာအကြီး အကဲဖြစ်မယ်။ အများရဲ့ ကြည်ညိုလေးစားမှုကို ခံရမယ်။
အဆင်းနက်တဲ့ (မြေသြဇာ၊ မြေဆီမြေနှစ်များတဲ့) မြေကို မြေဒါသလို့ ခေါ်တယ်။
ဒီမြေမှာ အိမ်မဆောက်သင့်ဘူး။ ဘေးရန်များတတ်တယ်။
ဒီမြေဟာ (မြေဆီ မြေနှစ် များတဲ့အတွက် ) ဥယျာဉ် စိုက်ပျိုးတာ၊ လယ်လုပ်ကိုင်တာသာ
လုပ်သင့်ပါ သတဲ့။
အဆင်းအရောင် ခပ်ပြာပြာရှိတဲ့မြေကိုတော့ ကေသပ လို့ခေါ်ပြီး နိုင်ငံအကြီးအကဲတွေရဲ့
အေရးပါတဲ့ အဆောက်အအုံတွေ ဆောက်သင့်တယ်လို့ယူဆရပါ တယ်။
မြေအဆင်းဟာ ဝါရင်ပကတိ မြေသားအဖြစ် သတ်မှတ်ပါတယ်။
ဒီမြေဟာ အိမ်တို့၊ ဇရပ်တို့ ထက်ရဟန်း သံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောက်သင့်ပါတယ်။ ရဟန်းသံဃာတော် များကြည်လင် အေးချမ်းစွာ သီတင်းသုံးပျော်မွေ့စေနိုင်တဲ့မြေမျိုးပါ။
ဒီလမှာအိမ်သစ်ဆောက်ပါအိမ်သစ်ဆောက်ဖို့ အသက်လဲရောက်ပြီ၊ ဆောက်သင့်တဲ့ မြေလဲရပြီ၊ ကဲ အိမ်သစ်ဆောက်ကြစို့။ အဲတစ်ခု ကျန်သေးတယ်။ ဘယ္လမွာ ဆောက်မလဲ။ လင်္ကာလေးကို ဖတ်ကြည့်ပါဦး။

လတန်ခူးမှာအိမ်ဆောက်ခါ၊ ချမ်းသာပြည့်ကြွယ်၀။
လကဆုန္ကားဆန္စပါး၊ ပေါများကြွယ်တက်လှ။
ဝါခေါငျလမှာအိမျဆောကျခါ၊ ဥစ္စာတိုးပွားရ။
နတ်တော်လတွင်အိမ်ဆောက်လျှင်၊ ပေါ်ထင်ကျော် စောစွ။
ပြာသိုလမှာလူတကာ၊များစွာချီးမွမ်းရ။
တပေါင်းလ၀ယ်၊ချမ်းသာကြွယ်၊ဆောင်းဖွယ်
ဤခြောက်လ။
လင်္ကာက ပြောထားတာကလေးက ရှင်းရှင်းကလေးပါနော်၊
အကျဉ်းရုံးပြောရရင် တန်ခူးလ၊ ကဆုန်လ၊ ဝါခေါင်လ၊ နတ်တော်လ၊ ပြာသိုလ၊ တပေါင်းလ စတဲ့ မြန်မာလတွေမှာ အိမ်သစ်ဆောက်သင့်တယ်။ ဆောက်ရင် ကောင်းတယ်။ သူ့လနဲ့သူစီးပွားတက်တာ၊ စပါးထွက်တာ၊ ချမ်းသာတာ၊ ထင်ပေါ်ကျော်ကြားတာတွေ ဖြစ်မယ်။ ဒါကြောင့် အဲဒီခြောက်လမှာ အိမ်သစ်ဆောက်သင့်ပြီး စပါးစိုက်တဲ့လ၊ အလုပ်များတဲ့လတွေမှာဖြစ်တဲ့ နယုန်လ၊ ဝါဆိုလ၊ ဝါဆိုလ၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း။ တပိုတွဲ စတဲ့ လတွေမှာ အိမ်သစ်မဆောက်သင့်ပါဘူး။ လရွေးပြီးရင်၊နေ့လဲရွေးပေးဦး။ အဲဒီလိုအိမ်သစ်ဆောက်ဖို့ လရွေးပြီးတာနဲ့ ကြိုက်တဲ့နေ့မှာ စတင်ပြီးဆောက်လို့မဖြစ်သေးပါဘူး သင့်လျှော်တဲ့နေ့ ရွေးဖို့ကိုလဲ လင်္ကာနဲ့ပဲ လမ်းညွန်ထားပါတယ်။
လင်္ကာကလေးကဒီလိုပါ။
တနင်္ဂနွေတွင်အိမ်ဆောက်လျှင်၊ မရွှင်စိတ်သောက။
နေ့တနင်္လာလွန်ချမ်းသာ၊ အင်္ဂါ လာဘ်ကြီးရ။
ဗုဒ္ဓဆောက်ခါဆင်းရဲစွာ၊ ရံခါ ချမ်းသာရ။
ကြာသပတေးမှာအိမ်ဆောက်ခါ၊ ရောဂါကင်းစင်ပ။
နေ့ကားသောကြာအေးကြည်စွာ၊ ရံဖန်ပူပင်ရ။
စနေနေ့မူအိမ်ဆောက်သူ၊ ဗိုလ်လူညှင်းပမ်းကြ။

ဒီလင်္ကာသဘောအရ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေတို့မှာ အိမ်သစ်စမဆောက်သင့်ဘူး၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မှာ အသင့်အသင့်ကောင်းပေမယ့် စနေ၊ တနင်္ဂနွေ မှာတော့ လုံး၀မကောင်းနိုင်ဘူး။ စပြီး ဆောက်သင့်တဲ့ ရက်တွေကတော့ တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနေ့ တို့ပါပဲ။ ဘာကြောင့် ဆောက်လုပ်သင့်သလဲဆိုတာကတော့ လင်္ကာမှာပါပြီးသားပါ။
မြေကျစ်အားကဟောတဲ့ဗေဒင် ကိုယ်အိမ်ဆောက်ဖို့ရွေးထားတဲ့မြေရဲ့ မြေကျစ်အား(မြေရဲ့သိပ်သည်းခြင်း)က ကိုယ့်ကိုဗေဒင်ဟောတတ်ပါသတဲ့။
ဟောပုံက-
အိမ်ကျောင်းဆောက်ရာ၊ မြေကိုသာ၊ သေချာမှတ်ပြီးမှ။
ပေါက်ပေါက်ဆန်ပန်း ဓိဌာန်မှန်း၊ ချိန်နော်ကြည့်အပ်လှ။
တစ်ကျပ်ပြည့်လတန်၊ ဆင်းရဲတက် နှစ်ကျပ်ဒုက္ခရ။
သုံးကျပ်လေးကျပ်၊ မတောင်းတက်၊ ငါးကျပ်မေတ္တာမျှ။
ခြောက်ကျပ်မှာ လာဘ်၊ ခုနှစ်ကျပ် အရပ်ပြောင်းရွေ့ရ။
ရှစ်ကျပ်ဥစ္စာ ၊ ပေါများပါ၊ ကိုးမွာ သိဒ္ဓိကပ်၊
တစ်ဆယ်ဘေးမှတ်၊ ဆယ့်တစ်ကျပ်၊ တိုးတက်သက်ဇီ၀။
ဆယ့်နှစ်ဆယ့်သုံး၊ ချိန်ကျပ်နှုန်း၊ ရွှင်ပြုံးချမ်းသုခ။
ဆယ့်လေးချစ်ခင်၊ ဆယ့်ငါးကွင်းလူရှင်မှန်တတ်စွ။
ဆယ့်ခြောက်ကောင်းစွန်၊ တစ်ဆယ့်ခွန်၊ အလွန်မျက်ထွက်စွ။
ချိန်ကျပ်ကောင်းစွာ၊ အိမ်ကျောင်းရာ၊ ဆောက်ခါနေထိုင်ကြ။
ကြံတိုင်းလည်းအောင်၊ သိဒ္ဓိဆောင်၊ လူ့ဘောင်ကျော်ဇောလှ။ တဲ့

ဒီလင်္ကာကို (Burmese to Burmese)
ဘာသာပြန်ရရင်- အိမ်တို့၊ ကျောင်းတို့ဆောက်ဖို့ မြေနေရာတိတိကျကျရပြီဆိုရင် မြေပေါ်မှာ ဆန်၊ ပန်း၊ ပေါက်ပေါက် နဲ့ဖြန့်ကြဲပူဇော်ရမယ်၊ အဓိဋ္ဌာန်ပြု သစ္စာဆိုပြီး တိကျမှန်ကန်တဲ့ အတိတ်နမိတ်ပေါ်အောင် ဆုတောင်းရမယ်။
ပြီးရင်တူရွင်းနဲ့မြေကိုတစ်ကော်ကော်လိုက်ရမယ်။
ရတဲ့ မြေ တစ်ကော်စာကို ကျပ်သားနဲ့ ချိန်ကြည့်ရမယ်။ မြေတစ်ကော်စာချင်း တူပေမယ့် အလေးချိန်မတူနိုင်ဘူး။ ဒါက မြေကျပ်အား (ဝါ) မြေရဲ့ သိပ်သည်းမှုချင်း မတူလို့ပါ။ ဒီမြေကျစ်အားဟာ အိမ်ဆောက်မယ့်သူအတွက် အတိတ်နိမိတ်ပါပဲ။ ဘယ်လိုအတိတ်နမိတ်လဲဆိုတော့-
တူရင်းမြေတစ်ကော်စာဟာ-
တစ်ကျပ်သားရှိရင်ဆင်းရဲမယ်။
နှစ်ကျပ်သားရှိရင်ဘေးဒုက္ခတွေ့မယ်။
သုံးကျပ်သားရှိရင် လေးကျပ်သားရှိရင် သိပ်မကောင်းဘူး။ ငါးကျပ်သားရှိရင် လူတကာရဲ့ချစ်ခင်မှုကိုခံရမယ်။
ခြောက်ကျပ်သားရှိရင် လာဘ်ရမယ်။
ခုနှစ်ကျပ်သားရှိရင် အရပ်တစ်ပါးကို ပြောင်းရွေ့ ရတတ်တယ်။
ရှစ်ကျပ်သားရှိရင် ဥစ္စာဓနပေါများမယ်။
ကိုးကျပ်သားရှိရင် သိဒ္ဓိအပေါင်းနဲ့ပြည့်စုံနိုင်တယ်။
ဆယ်ကျပ်သားရှိရင်တော့ ဘေးဥပါဒ်အန္တရာယ်တွေ့ ကြုံရတက်တယ်။
ဆယ့်တစ်ကျပ်သားရှိရင် အသက်ရှင်မယ်။
ဆယ့်နှစ်ကျပ်၊ ဆယ့်သုံးကျပ်သားရှိရင် ပျော်ရွှင် ချမ်းသာစွာနေရမယ်။
ဆယ့်လေးကျပ်သားရှိရင် ချစ်သူခင်သူပေါများမယ်။
ဆယ့်ငါးကျပ်သားရှိရင် တော်မှန်တဲ့သူဖြစ်မယ်။
ဆယ့်ခြောက်ကျပ်သားရှိရင် ကောင်းတယ်။
ဆယ့်ခုနှစ်ကျပ်သားရှိရင်တော့ ဒေါသထွက်စရာ။ အမျက်ထွက်တာတွေ ဖြစ်မယ်။

ရိုးရာဓလေ့ပန္နက်ရိုက်ပုံ
*****************
ဒီလိုမြေကို စနစ်တကျရွေး၊ အိမ်ဆောက်မယ့်၊ နှစ်၊ လ၊ ရက်တွေ သေသေချာချာရွေးပြီးလို့ အိမ်ဆောက်ပြီဆိုရင် စစချင်းဆောင်ရွက်ရမှာက ပန္နက်ရိုက်ခြင်းပါပဲ။

ပန္နက်ရိုက်ရာမှာ ထုံးတမ်းအစဉ်အလာအရ မြေစောင့်နတ်ကို ပူဇော်ရပါတယ်။ ပူဇော်ရာမှာ တင်လှူရတဲ့၊ အရာတွေကတော့ အသားသက်လွတ် ထမင်းနှင့်ယိုစုံပါ။
ဒါတွေကို ဖက်သန့်သန့်နဲ့ထည့်ပြီး ပူဇော်ရပါတယ်။ ပူဇော်ရာမှာရတဲ့ ဆုတောင်းကတော့ ဒီလိုပါ။ (ရိုးရာအစဉ်အလာ ထိန်းသိမ်းမှတ်တမ်းတင်တဲ့အနေနဲ့ ထည့်သွင်းဖော်ပြပါရစေ)။
ဥုံ ဘုမ္မိရာဇာ၊ မြေသင်္ချာကို၊ အစိုးရသည့် နဂါး သနင်း၊မြေနတ်မင်း၊ ကောင်းခြင်းတိုင်မြဲ၊ ပန္နက်သဲက၊ စသည်ရုံပေါင်း၊ ခြပုန်းတောင်ပို့၊ ဤသို့တစ်ကြောင်း၊ ရှေးသူဟောင်းတို့၊
မကောင်းချွတ်လွဲ၊မြေထဲလားမြုပ်၊ အရုပ်ဆင်းချ၊ ဆိုရေးစသား၊ ဒေါသကင်းရေး၊ ကောင်းရာဆေးလော့၊ သူ့သွေးသွန်ရာ၊ ဆရာပြုဟောင်း၊ မကောင်းတစ်ဆေ၊ နေ့တွင်သည်ကား၊ ဝေးဝေးရှား၊ ဘုရားရုပ်တု၊ ဆင်းတုမလွတ်၊ ဓာတ်တော် မွေတော်ရှိငြားသော်လည်း၊ ကော်ရော်ရိုညွတ် နတ်တကာတို့၊ မပါစေကြောင်း။ ရေကြောင်းဆေး မည်။ အလျှံတည်၊ အရောင်ညီးညီး၊ လင်ပန်းကြီး နှင့်၊ ပွဲကြိုနတ်ယကာ၊ ကိုင်စွဲကာဖြင့်၊ အင်းကားလက်ယျာ၊ ဆေးကားလက်ဝဲ၊ ကိုင်စွဲအနေ မြေတွင်ချ၊ ပသမလွတ်၊ ယွင်းချွတ်သော်လည်း၊ နတ်ရှင့်ပွဲတော်၊ စားတော်ခေါ်လော့၊ ဇဟိ ံတတ္တိ ံဘုံဉ္ဇာဟိ ဘုဉ္ဇာဟိဒီလို ပူဇော်ဆုတောင်းပြီးရင် ဆန်ပေါက်ပေါက်တွေနဲ့ မြေကွက်အနှံ့ ကြဲဖြန့်ရပါတယ်။ ပြီးတော့မှ ပန္နက်ချကြလေ့ရှိကြပါတယ်။

တိုင်ထူရင် ရှောင်ရမယ့်အသား
**********************
အိမ်ဆောက်ရာမှာ မသုံးသင့်တဲ့အသားတွေကိုလဲ ညွန်ပြထားတာရှိပါသေးတယ်။ အဲဒီအသားတွေကတော့ မိချောင်း၊ မအူ၊ သခွပ်၊ သျှိသျှား၊ သီးသား၊ သပြေသား၊ သစ်ဆိမ့်သား၊ ရေသာသား၊ ကေလာသား၊ လက်ပံသား၊ လဲဝါတို့ဖြစ်ပါတယ်။

မိဘတိုင်ခြောက်လုံးရဲ့ အမည်သညာမြန်မာ့ရိုးရာ အိမ်ပုံစံအရ အဓိကကျတဲ့ တိုင်ခြောက်လုံးရှိပါတယ်။ ဒီတိုင်ခြောက်လုံးတည်ပုံနဲ့ အမည်တွေကတော့ ဟောဒီပုံစံအတိုင်းပါပဲ။

အရှေ့မြောက် (စုံပင်လယ်)
အရှေ့တောင် ( ဦးယူ )
အလယ်မြောက် ( ကျငန်းမ )
အလယ်တောင် ( ကျငန်းဖို )
အနောက်မြောက် ( သပြေ )
အနောက်တောင် ( ကုမ်ဘီ )

အဲဒီတိုင်ခြောက်လုံးမထူခင်မှာ တိုင်စိုက်မယ့်ကျင်းထဲကို ဟောဒီအတိုင်း ဆိုင်ရာရာ သွန်းလောင်းမြုပ်နှံရပါတယ်။
ကျငန်းဖိုကျင်းထဲ ပတ္တမြားစိမ်းရေလောင်းရမယ်။
ကျငန်းမကျင်းထဲကို ခဲရေ လောင်းရမယ်။
ဦးယူတိုင်စိုက်မယ့်ကျင်းထဲကို ကြေးနီမြုပ်ရမယ်။
စုံပင်လယ်တိုင်စိုက်မယ့်ကျင်းထဲကို ဆန်မြုပ်ရမယ်။
ကုမ်ဘီတိုင်စိုက်မယ့် ကျင်းထဲကို ကြေးဖြူမြုပ်ရမယ်။
သပြေတိုင်စိုက်မယ့်ကျင်းထဲကို ခဲမဖြူမြှုပ်ရမယ်။
ဒီတိုင်တွေကို မစိုက်မီက တစ်ခါတည်းမှန်ကန်အောင် စနစ်တကျစိုက်ထူရမယ်။ ပန္နတ်သေသေချာချာချပြီးမှ ထူရမယ်။ ထူပြီးတော့မှ မကြိုက်လို့ သဘောမကျလို့ဆိုပြီး ပြန်နှုတ်၊ ပြန်စိုက်တာမျိုးမဖြစ်စေရဘူး။
ဒါတွေလဲရှောင်ရဦးမယ် ။
အိမ်ဆောက်ရာမှာ ရှောင်သင့်တာတွေလဲ ရှိပါသေးတယ်။
အဲဒါတွေကတော့ -
အိမ်ဖြစ်တဲ့အတွက် တိုင်တွေ၊ ဘောင်တွေမှာ ကနုတ် ပန်းဆွဲတွေ ဘာတွေနဲ့ တန်ဆာမဆင်ရဘူး။
ထုတ်တန်းမစွပ်ခင် ယက်မတင်တာမျိုး မလုပ်ရဘူး။ ထုပ်တန်းတင်ပြီးမှ ယပ်မစွပ်ရမယ်။ ကြမ်းခင်းထက်ကျော်ပြီး ရှည်ထွက်နေတဲ့ တိုင်တွေမရှိသင့်ဘူး။ ရှိနေရင် ဖြတ်ပစ်ရမယ်။ ခေါင်ရိုးနဲ့ (ခေါင်လျှောက်ခွ) မတင်ခင်မှာလဲ ကြမ်းမဖောက်ရဘူး။ ထုတ်တွေ၊ တန်းတွေ အစွန်းထွက်တာ မရှိစေရဘူး။ ရှည်ထွက်နေရင်ဖြတ်ပစ်ရမယ်။ ပြီးတော့ အိမ်မဆောက်ခင်က ၀င်းထရံကို ကြိုပြီး ခတ်မထားရဘူး။ အိမ်ဆောက်ပြီးမှ ၀င်းခတ်ရမယ်။ အိမ်သစ်ပြီးလို့ အိမ်သစ်တက်တော့မယ်ဆိုရင် သပြေသားကိုင်ပြီးမှ တတ်ရပါမယ်။ ကျောင်းသစ် တက်တော့မယ်ဆိုရင် သနပ်သားဆောင်ပြီးမှ တက်ရမယ်။ ဒါမှ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းမယ်လို့ ဆိုပါတယ်။

အိမ်အကာအကွယ်
**************
အိမ်သစ်မှာနေထိုင်ကြမယ့် မိသားစုတွေ ဘေးဥပါဒ်အန္တရာယ်တွေကင်းဝေးအောင် ကာကွယ်ကြပုံလဲ ရှိပါသေးတယ်။
ကာကွယ်ပုံမှာ --
အရှေ့တောင်ကတိုင်မှာ သိ
အနောက်တောင်က တိုင်မှာ န
အနောက်မြောက်ကတိုင်မှာ ဗိ
အရှေ့မြောက်ကတိုင်မှာ ဘု
ဆိုပြီး ရေးသားရခြင်းပါပဲ။
အဲဒီ စာတစ်လုံးစီရဲ့ အရှည်ကတော့ -
သိ = သိကြား
န = နဂါး
ဗိ = ဗိဿနိုး
ဘု = ဘုရား ဖြစ်ပါတယ်။
ဒီစာရေးထားတဲ့ တိုင်တွေကိုလဲ ရွှေရည်၊ ငွေရည်၊ စိန်ရည်၊ ကျောက်ရည်တို့ သွန်းလောင်းပေးရပါတယ်။ ဒီလိုပြုခြင်းအားဖြင့် အိမ်သူအိမ်သားများဖို့ ဥပါဒ်အန္တရာယ်ကင်းရှင်းပြီး စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ပါသတဲ့ ။

အခုတင်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရ အိမ်သစ်၊ ကျောင်းသစ် ဆောက်ရာမှာ ပြုလုပ်ဆောင်ရွက်၊ ရှောင်ကြ၊ ဆောင်ကြတဲ့အချက်တွေပါ။
ခေတ်နဲ့ လျော်ညီစွာရှိတယ်၊ မလျော်ညီတယ်ဆိုတာကိုတော့ စာဖတ်သူတို့ကို ဆုံးဖြတ်ခွင့်ပေးပြီး ရိုးရာဓလေ့ထုံးစံတစ်ရပ်ကို မှတ်တမ်းတင်တဲ့အနေနဲ့ ဖော်ပြလိုက်ရပါတယ်။

#မြတ်မြင့်ကျော်
#မြတ်မြင့်ကျော်ဆောက်လုပ်ရေး



#ရုံးလိပ်စာ
#မန္တလေးမြို့
#ပြည်ကြီးတံခွန်မြို့နယ်
#စရပ်ကွက်
#52လမ်း127လမ်းနှင့်128လမ်းကြား
09.402656794

အဆောက်အအုံတစ်ခု ဆောက်တော့မယ်ဆိုရင် အရေးအကြီးဆုံးက အောက်ခြေ ဖောင်ဒေးရှင်းပါပဲ၊ ဒီဖောင်ဒေးရှင်းကို ဒီဇိုင်းစပြီး တွက်ချက်တ...
13/01/2026

အဆောက်အအုံတစ်ခု ဆောက်တော့မယ်ဆိုရင် အရေးအကြီးဆုံးက အောက်ခြေ ဖောင်ဒေးရှင်းပါပဲ၊ ဒီဖောင်ဒေးရှင်းကို ဒီဇိုင်းစပြီး တွက်ချက်တော့မယ်ဆိုရင် ကျွန်တော်တို့ အရင်ဆုံး ခေါင်းထဲထည့် စဉ်းစားရတာက ဒီအဆောက်အအုံကြီးက သက်ရောက်လာမယ့် ဝန်အားတွေအကြောင်းပေါ့၊ အဓိကအားဖြင့်တော့ အဆောက်အအုံ ကိုယ်ထည်ကလာတဲ့ Dead Load ရယ်၊ လူတွေ ပရိဘောဂတွေကြောင့် ဖြစ်လာမယ့် Live Load ရယ်ကို အခြေခံတွက်ရတာပေါ့ဗျာ၊ ဒါတင်မကသေးဘူး တကယ်လို့ ကိုယ်ဆောက်မယ့်နေရာက လေတိုက်ခတ်မှု ပြင်းထန်တဲ့နေရာဆိုရင် Wind Load ကိုပါ ထည့်တွက်ရသလို ငလျင်ကြောရှိရင်လည်း Earthquake Load ကို မဖြစ်မနေ ထည့်စဉ်းစားရပါတယ်၊ နောက်ပြီး မြေအောက်ရေ မျက်နှာပြင် မြင့်တဲ့နေရာမျိုးဆိုရင် ရေကန်အားကြောင့်ဖြစ်တဲ့ Uplift force ကိုပါ ထည့်သွင်းစဉ်းစားပြီးမှ ဒီဇိုင်းလုပ်ရတာမျိုးပါ။
​ဖောင်ဒေးရှင်း အမျိုးအစားတွေကတော့ အများကြီးရှိပေမယ့် ကျွန်တော်တို့ဆီမှာ အသုံးများတာတွေကတော့ Isolated သို့မဟုတ် Single Footing လို့ခေါ်တဲ့ တစ်တိုင်တစ်ထီး ဖောင်ဒေးရှင်းရယ်၊ တိုင်နှစ်လုံး သုံးလုံးတွဲတဲ့ Combined Footing ရယ်၊ တန်းရှည်လိုက်လောင်းတဲ့ Strip Footing ရယ်၊ နောက်ပြီး တစ်ပြင်လုံး အပြည့်လောင်းတဲ့ Mat Foundation နဲ့ ပါိုင်တိုင်တွေသုံးတဲ့ Pile Cap Foundation ဆိုပြီး ရှိကြပါတယ်၊ ဒီထဲကမှ ဘယ်ဟာကို ရွေးမလဲဆိုတာကတော့ ကိုယ်ဆောက်မယ့်နေရာက မြေသားအခြေအနေ (Soil Condition) နဲ့ အဆောက်အအုံက ကျလာမယ့် ဝန် (Loading) ပေါ်မှာ မူတည်ပြီး အပြောင်းအလဲ ရှိနိုင်တာပေါ့။
​တွက်ချက်တဲ့အပိုင်း ပြောရရင် ဖောင်ဒေးရှင်းရဲ့ ဧရိယာအကျယ်အဝန်းကို လိုချင်ရင် အပေါ်ကကျလာမယ့် Superstructure Loading နဲ့ အောက်ခံမြေကြီးရဲ့ ခံနိုင်ရည်အား (Soil Bearing Capacity) တို့ကို နှိုင်းယှဉ်ပြီး တွက်ယူရပါတယ်၊ Footing Depth ခေါ်တဲ့ ဖောင်ဒေးရှင်း အထူကို တွက်တဲ့အခါမှာတော့ Shear နှစ်မျိုးကို အဓိကထား စဉ်းစားရတယ်ဗျ၊ ပထမတစ်ခုက Two Way Punching Shear ပေါ့၊ ဒါက တိုင်ရဲ့ မျက်နှာပြင်ကနေ d/2 လို့ခေါ်တဲ့ အကွာအဝေးမှာ ဖြစ်ပေါ်တတ်တဲ့ Shear Stress ပါ၊ နောက်တစ်ခုက One Way or Beam Shear ပါ၊ သူကျတော့ တိုင်မျက်နှာပြင်ကနေ d အကွာအဝေးမှာ ဖြစ်တတ်တဲ့ Shear မျိုးပေါ့၊ ကိုယ်သုံးမယ့် Footing အထူက ဒီ Shear တွေကို ခံနိုင်ရည်ရှိရဲ့လားဆိုတာ သေချာတွက်ချက်ပြီးမှ အဆင်ပြေမှာပါ။
​လက်တွေ့မြေပြင်မှာ ဖောင်ဒေးရှင်း ရွေးချယ်မယ်ဆိုရင် အဓိက Factor နှစ်ခုကို ကြည့်ရတယ်ဗျ၊ တစ်ခုက မြေကြီးအခြေအနေ၊ နောက်တစ်ခုက အဆောက်အအုံကလာမယ့် Load ပေါ့၊ ဖောင်ဒေးရှင်းရဲ့ အဓိက တာဝန်ကိုက အပေါ်က တိုင်တွေ၊ နံရံတွေကနေ ဆင်းလာတဲ့ ဝန်အားတွေကို အောက်က မြေကြီးဆီကို အန္တရာယ်ကင်းကင်းနဲ့ ဖြန့်ဝေပေးပို့ဖို့ပဲလေ၊ ဒါကြောင့်လည်း အခြေခံအကျဆုံး Isolated Footing ကို Spread Footing လို့ ခေါ်ကြတာပေါ့၊ မြေကြီးအခြေအနေကို သိချင်ရင်တော့ Soil Test လုပ်ကြည့်မှ ရမယ်၊ Soil Test Result မှာ အနက် ဘယ်လောက်မှာ မြေကြီးက ဝန်ဘယ်လောက်ခံနိုင်တယ်ဆိုတဲ့ Bearing Capacity ကို ကြည့်ပြီး ဆုံးဖြတ်ရတာပေါ့။
​ဥပမာဗျာ အပေါ်ယံမြေလွှာမှာတင် Bearing Capacity ကောင်းတယ်၊ အဆောက်အအုံက ကျလာမယ့် ဝန်ကိုလည်း ကောင်းကောင်း ထမ်းနိုင်တယ်ဆိုရင် သိပ်အနက်ကြီး တူးစရာမလိုတော့ဘူး၊ Shallow Foundation နဲ့ သွားလို့ရပြီ၊ Shallow Foundation မှာ အသုံးအများဆုံးက Isolated Footing ပေါ့၊ ဥပမာ မြေကြီး ၆ ပေအနက်မှာ Bearing Capacity က တစ်စတုရန်းမီတာကို ၁၀ တန် ခံနိုင်တယ် ဆိုပါစို့၊ တိုင်ကကျလာမယ့် Load ကလည်း ၁၀ တန်ဆိုရင် Footing ခြေပြားကို ၁ စတုရန်းမီတာထက် နည်းနည်းပိုကြီးအောင် လုပ်လိုက်ရင် ရပြီပေါ့၊ ဒါပေမဲ့ တစ်ခါတလေကျရင် တိုင်တွေက အရမ်းနီးနေတာမျိုး၊ ဒါမှမဟုတ် မြေကွက်အကန့်အသတ်ကြောင့် Footing တွေ ထပ်နေတာမျိုးဆိုရင်တော့ သီးသန့်ခွဲမနေတော့ဘဲ ပေါင်းပြီး Combined Footing အနေနဲ့ ဒီဇိုင်းထုတ်ရတာမျိုး ရှိတတ်တယ်၊ တချို့ကျတော့လည်း Footing တွေ မထိပေမယ့် လိုအပ်ချက်အရ Strap Beam နဲ့ လှမ်းချိတ်ပြီး Strap Footing အနေနဲ့ သုံးကြတာလည်း ရှိတာပေါ့။
​တကယ်လို့ အဆောက်အအုံက ဝန်အရမ်းများမယ်၊ မြေကြီးခံနိုင်ရည်အားက နည်းနေမယ်ဆိုရင် Footing Size တွေက အရမ်းကြီးလာပြီး တစ်ခုနဲ့တစ်ခု ဆက်သလို ဖြစ်သွားတတ်တယ်၊ အဲဒီလို တစ်ပြင်လုံး ပြားခင်းလိုက်သလို ဖြစ်သွားရင်တော့ Mat Foundation သို့မဟုတ် Raft Foundation လို့ ခေါ်လိုက်တော့တာပဲ၊ Mat ဆိုတာ ဖျာ၊ Raft ဆိုတာ ဖောင်ပေါ့ဗျာ၊ သဘောတရားကတော့ ရေပေါ်မှာ ဖောင်ကြီးတင်ထားသလို မြေကြီးပေါ်မှာ အဆောက်အအုံကြီးကို ဖောင်ဒေးရှင်းပြားကြီးနဲ့ တင်ထားတဲ့ သဘောပါပဲ၊ ဒီလိုမျိုး Shallow Foundation တွေကို မြေကြီးတူးပြီး လုပ်ရတာမို့ Open Foundation လို့လည်း ခေါ်ကြသေးတယ်။
​ဒါပေမဲ့ အဆောက်အအုံက High-rise လိုမျိုး အထပ်မြင့်ကြီးတွေ ဖြစ်လာမယ်၊ ဒါမှမဟုတ် အပေါ်ယံမြေသားက လုံးဝမကောင်းဘူးဆိုရင်တော့ Shallow Foundation နဲ့ မရတော့ဘူး၊ အောက်ခံကျောက်သား Bedrock ရှိတဲ့အထိ ဆင်းရတော့မယ်၊ ဒီလိုအခြေအနေမျိုးမှာ ပိုင်တိုင် (Pile) တွေကို ရိုက်သွင်းတာပဲဖြစ်ဖြစ်၊ မြေကြီးတူးပြီး ကွန်ကရစ်လောင်းထည့်တဲ့ Bored Pile ပဲဖြစ်ဖြစ် သုံးပြီး Deep Foundation ပုံစံ သွားရတော့မယ်၊ ပိုင်တိုင်က အောက်က ကျောက်သားအထိ ရောက်ပြီး ထောက်ထားရင် End Bearing Pile လို့ခေါ်တယ်၊ ကျောက်သား မတွေ့လို့ မြေသားနဲ့ ပိုင်တိုင်ကြားက ပွတ်မှုအား (Friction) ကိုပဲ အားပြုရရင်တော့ Friction Pile ပေါ့၊ အဲဒီ ပိုင်တိုင်တွေအပေါ်မှာမှ Pile Cap အုပ်ပြီး တိုင်တွေ ပြန်တင်ရတာပါ၊ တကယ်လို့ Load က အရမ်းများလွန်းအားကြီးလို့ ပိုင်တိုင်တွေလည်း အများကြီးရိုက်ရမယ်၊ Pile Cap တွေကလည်း ဆက်ကုန်မယ်ဆိုရင်တော့ Pile တွေအပေါ်မှာ Mat Foundation လောင်းသလိုမျိုး Pile Raft Foundation ဆိုပြီး တွဲသုံးရတာမျိုးတွေလည်း ရှိပါတယ်ဗျာ။

ဖုန်းဘေလ် ဦးသူယူ
23/10/2025

ဖုန်းဘေလ် ဦးသူယူ

မျက်နှာစာ အလှ
18/10/2025

မျက်နှာစာ အလှ

 #အရစ်ကျ နဲ့ အိမ်ဆောက်ဖို့ စိတ်ကူးထားရင်မြတ်မြင့်ကျော် ဆောက်လုပ်ရေးနဲ့ ဆက်သွယ်ဆွေးနွေးလိုက်ပါ  အိမ်တည်ဆောက်ဖို့စတင်ချိန်...
18/10/2025

#အရစ်ကျ နဲ့ အိမ်ဆောက်ဖို့ စိတ်ကူးထားရင်
မြတ်မြင့်ကျော် ဆောက်လုပ်ရေးနဲ့ ဆက်သွယ်ဆွေးနွေးလိုက်ပါ အိမ်တည်ဆောက်ဖို့စတင်ချိန်မှစတင်ပြီး အိမ်အပ်နှံတဲ့အထိ အဆင်ပြေသော
အရစ်နဲ့ ပေးချေအပ်နှံနိုင်ပါပြီ

အိမ်မက်တွေက စျေးမကြီးပါဘူးကျွမ်းကျင်တဲ့ကန်ထရိုက်တွေနဲ့သာ အပ် ကုန်ကျစရိတ် အမှန်ထွက်တယ်15'×40' မြေကွက်မှာ  13'.6"×36'×2ထပ်...
16/10/2025

အိမ်မက်တွေက စျေးမကြီးပါဘူး
ကျွမ်းကျင်တဲ့ကန်ထရိုက်တွေနဲ့သာ အပ်
ကုန်ကျစရိတ် အမှန်ထွက်တယ်
15'×40' မြေကွက်မှာ 13'.6"×36'×2ထပ် ​ကျောက်ပြားကာနဲ့ဆောက်ရင် သိန်း​၄၀၀မကျော်ဘူးကျောက်ရိုးစီ
ခြင်းတိုင်ချ တိုင်5"×2ခွဲlဘင်း အခင်း9mmထပ်သား

မှတ်ချက် ရေ မီး ဆေး​ တွေမပါဘူး
အိမ်ဆိုတာက ထည့်ချင်ထည့်သလောက် ကုန်တယ်

ကျောက်ပြားကာ အဆောက်အဦးတွေ ကုန်းကျစရိတ် မေးမေးနေလို့ အကြမ်းဖျင်းတင်ပေးလိုက်ပါတယ်
အိမ်ဆောက်ဖို့ငွေချိန်သူများ သိအောင်
Like Share လုပ်ပေးသွား

MPT ဖုန်းဘေလ် ဦးသူယူ
15/10/2025

MPT ဖုန်းဘေလ် ဦးသူယူ

U9 ဖုန်းဘေလ် ဦးသူယူ
15/10/2025

U9 ဖုန်းဘေလ် ဦးသူယူ

15/10/2025

mytel ဖုန်းဘေလ် ဦးသူယူ

ATOM ဖုန်းဘေလ် ဦးသူယူ
15/10/2025

ATOM ဖုန်းဘေလ် ဦးသူယူ

Address

52လမ်း×127လမ်းထောင့်
Mandalay
၀၅၀၅၀၂

Alerts

Be the first to know and let us send you an email when MYAT MYINT KYAWConstruction Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MYAT MYINT KYAWConstruction Co.,Ltd.:

Share