30/01/2023
လှေကား စုံ မထားရလို့
ကြားဖူးကြမှာပါ။
-
လှေကားစုံထားရင်
ခိုက်တတ်ပါတယ်။
-
ဘာကြောင့်ခိုက်လဲဆိုတာ က
လူ့သဘာဝကြောင့်ပါ။
-
လူဆိုတာ ကိုယ်စလှမ်းတဲ့
ခြေနဲ့ ခြေလှမ်းပြန်ဆုံး
တတ်ပါတယ်။
-
ဥပမာ ညာခြေနဲ့ စလှမ်းရင်
ညာခြေဆီ ဘယ်ခြေလာပြီး
အဆုံးသတ်ပါတယ်။
-
ညာနဲ့စရင် ညာနဲ့ဆုံးပါတယ်။
အဲဒီလိုပဲ ဘယ်နဲ့စရင် ဘယ်နဲ့
ဆုံးပါတယ်။
-
မယုံရင် ကိုယ့်ဘာသာ
တမင်သက်သက် လုပ်မယူပဲ
လှမ်းကြည့်ပါ။
-
ညာနဲ့စ ညာနဲ့ဆုံးလို့
ခြေလှမ်းရေ အရေအတွက်က
မ, ဖြစ်ပါတယ်။
-
ဘယ်နဲ့စလဲ အတူတူပါပဲ။
-
အဲဒါကြောင့် -
လှေကားထစ်တွေ
မ, သာ ထားတာပါ။
-
စုံ,ထားရင် - တလှမ်း
လိုနေလို့ အပေါ်တက်တဲ့ခါ
ခြေထောက်က အလိုအလျှောက်
လှမ်းမိပြီး -
-
ဟန်ချက် ပျက် ပြီး
ချော်ကျနိုင်ပါတယ်။
-
အောက်ဆင်းတဲ့အခါ -
ကြမ်းပြင်ပေါ်ရောက်နေတာကို
နောက်ထပ် လှမ်းမိလို့ ဟန်ချက်
ပျက်ပြီး မှောက်လဲတတ်ပါတယ်။
-
အဲလိုလဲရင် -
ထိခိုက်ဒဏ်ရာရပါတယ်။
အဲဒါ ခိုက်မိတာပါပဲ။
-
အဲလိုခိုက်မိတာကို
လှေကား စုံထားရင်
ခိုက်တယ်ဆိုပီး စကားက
ကားသွားတာပါပဲ
________________________________________
အခုလို အစအဆုံးဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးပါရှင့်။
အထက်ပါအချက်တွေက မိတ်ဆွေအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
စာဖက်သူမိတ်ဆွေရဲ့ သူငယ်ချင်းများကိုလည်း သိရအောင် သွားပေးလိုက်ဦးနော်။
________________________________________
https://www.facebook.com/dayinkauk18/
DaYinKauk Construction
*************************
Office Adress
----------------------
No.247
Thandar 7 St,Nga Ward
North Okkalapa township
Yangon
မြန်မာပြည်အနှံ့ဆောက်လုပ်ရေး ဝန်ဆောင်မှု့။
________________________________________