Maple Pyinoolwin Developing & Construction

Maple Pyinoolwin Developing & Construction "Trust Maple,live stable" သံတီတိုင်၊သံငြမ်းနှင့်​ဆောက်လုပ်​ရေးလုပ်ငန်းသုံးဆက်စပ်ပစ္စည်းအမျိုးမျိုးငှားရမ်း​ရောင်းဝယ်​ရေး

❗️သတိ❗️Maple Pyinoolwin မိတ်ဆွေများခင်ဗျာ ...Maple 4 မှဂရန်မြေကွက်များအားtiktok ပေါ်တွင်မဖြစ်နိုင်သောစျေးများနဲ့ရောင်းချ...
23/02/2025

❗️သတိ❗️
Maple Pyinoolwin မိတ်ဆွေများခင်ဗျာ ...
Maple 4 မှဂရန်မြေကွက်များအား
tiktok ပေါ်တွင်မဖြစ်နိုင်သောစျေးများနဲ့ရောင်းချနေပါတယ် ...
Maple4မှမြေကွက်၂၄ကွက်မှာပိုင်ရှင်အသီးသီးထံသို့ရောင်းချပြီးသည်မှာ၁နှစ်ကျော်ခန့်ပင်ရှိပါပြီ
ယခုရောင်းချနေသည့်စျေးနှင့်လည်းဘယ်လိုမှမရနိုင်ပါ

မိတ်ဆွေများအနေနဲ့သတိပြုနိုင်ကြပါရန်နှင့်
ယခုရောင်းနေသည်မှာလည်း Maple Pyinoolwinမှမဟုတ်ကြောင်း
ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ပါကလည်း
လုံးဝတာဝန်မယူပါကြောင်း
သတိပေးကြေငြာအပ်ပါတယ်ခင်ဗျာ ...

လေးစားစွာဖြင့်
Maple Pyinoolwin Developing & Construction com.ltd

အ​လေအလွင့်ကုန်ကျစရိတ်အသက်သာဆုံးအိမ်​ဆောက်ကြမယ်=====================================​ရောင်နီဦးမှ သံတီတိုင်သံငြမ်းနှင့်​ဆ...
09/06/2020

အ​လေအလွင့်ကုန်ကျစရိတ်အသက်သာဆုံးအိမ်​ဆောက်ကြမယ်
=====================================
​ရောင်နီဦးမှ သံတီတိုင်သံငြမ်းနှင့်
​ဆောက်လုပ်​ရေးလုပ်ငန်းသုံးဆက်စပ်ပစ္စည်းအမျိုးမျိုးကို
အစဥ်တစ်စိုက်အား​ပေးခဲ့ကြတဲ့မိတ်​ဆွေများခင်ဗျာ ...

လူကြီးမင်းတို့အ​နေနဲ့
မိမိတို့​ဆောက်လုပ်​ရေးလုပ်ငန်းများအတွက်
သံတီတိုင် သံငြမ်း သံပိုက် ​ဖောင်ဝက်(formwork)များကို
ငှားရမ်းအသုံးပြုခြင်းဖြင့်
လုပ်ငန်းခွင်မှာအပိုကုန်ကျမှုများကို ​လျှော့ချနိုင်တဲ့အပြင် ...

​ဖောင်ဝက်ဆင်ခြင်းလုပ်ငန်းများ
သံချီသံ​ကွေးလုပ်ငန်းများ
ကွန်းကရစ်​လောင်းခြင်းလုပ်ငန်းများ
အ​ဆောက်အဦကိုအပိုင်းလိုက်အပ်နှံခြင်းများ
အ​ဆောက်အဦတစ်ခုလုံးအပ်နှံခြင်းလုပ်ငန်းများအားလုံးကို

​​ရောင်နီဦး construction မှ
​အရည်အ​သွေးပြည့်မီစွာ
​စျေးနှုန်းချိုသာစွာဖြင့်
လက်ခံ​ဆောင်ရွက်​ပေး​နေပါပြီခင်ဗျာ ...

​ရောင်နီဦး မိသားစု
095187357
095054123

အဆောက်အဦတစ်လုံးကို ကုန်ကျစရိတ်အသက်သာဆုံးဘယ်လိုဆောက်ကြမလည်း ???=====================================အဆောက်အဦတစ်လုံးဆောက်တ...
26/05/2020

အဆောက်အဦတစ်လုံးကို ကုန်ကျစရိတ်အသက်သာဆုံးဘယ်လိုဆောက်ကြမလည်း ???
=====================================
အဆောက်အဦတစ်လုံးဆောက်တဲ့အခါ ..
မလိုလားအပ်တဲ့ အပိုကုန်ကျမှုတွေကိုတွေ့ကြရပါတယ်..
အဓိကအပိုကုန်ကျတဲ့နေရာတွေကတော့ ..
ပုံဆင်ပုံရိုက်နဲ့ငြမ်းဆင်တဲ့နေရာဖြစ်ပါတယ်....။

ကျွန်တော်တို့အသုံးပြုရတဲ့ ငြမ်းဆင်ခြင်းအတွက်ကုန်ကျစရိတ်ဟာ ..
အိမ်တစ်ဆောင်လုံးဆောက်လုပ်မဲ့ကုန်ကျစရိတ်ရဲ့
၂၀%ကနေ၃၀%အထိ ကုန်ကျတတ်ပါတယ် ..
ဒီကုန်ကျမှုတွေဟာ ပိုင်ရှင်ကိုယ်တိုင်မကြပ်မတ်နိုင်ရင်..
ထပ်ပြီးမြင့်တက်လာနိုင်ပါသေးတယ်...။

ဆောက်ပြီးသွားတော့ရော ???
အဆောက်အဦတစ်လုံးဆောက်လုပ်ပြီးစီးသွားပြီဆိုရင်..
အထက်ကအသုံးပြုခဲ့တဲ့ငြမ်းနဲ့ဆက်စပ်ပစ္စည်းအားလုံးဟာ..
အမှိုက်ဖြစ်သွားပါတော့တယ်..
ဒါတွေဟာမလိုလားအပ်တဲ့အပိုကုန်ကျမှုတွေပဲဖြစ်ပါတယ်...။

အဲ့ဒီလိုအပိုကုန်ကျမှုအလေအလွင့်တွေကိုဘယ်လိုလျှော့ချမလည်း???
အလေအလွင့်ကုန်ကျစရိတ်အနည်းဆုံးဖြစ်ဘို့အတွက်..
ငြမ်းနဲ့ဆက်စပ်ပစ္စည်းအမျိုးမျိုးကို..
ဝယ်ယူ၍ဖြစ်စေ ငှါးရမ်း၍ဖြစ်စေ..
အသုံးပြုပြီး လျှော့ချနိုင်ပါတယ်...။

အဲ့ဒီပစ္စည်းတွေအသုံးပြုရင် ဘာအကျိုးအမြတ်တွေရမလည်း???
၁။ပုံဆင်ပုံရိုက်ခြင်းငြမ်းဆင်ခြင်းတို့အတွက်လေဘာခသက်သာစေပါတယ်
၂။လုပ်ငန်းခွင်မတော်တဆအန္တရာယ်များကိုကင်းဝေးစေပါတယ်
၃။အချိန်ကုန်သက်သာစေပါတယ်
၄။အဆောက်အဦရဲ့အရည်အသွေးကိုပိုမိုမြှင့်တင်နိုင်ပါတယ်
၅။သစ်ဝါးများဝယ်ယူအသုံးပြုခြင်းထက်ကုန်ကျစရိတ်ကိုထက်ဝက်ခန့်ပိုသက်သာစေပါတယ်
(အသစ်ဝယ်သုံးပြီးပြန်ရောင်းရင်တောင်သက်သာပါတယ်)
၆။မိမိလုပ်ငန်းခွင်မှာမလိုအပ်တဲ့အပိုအလေအလွင့်မရှိတော့ဘဲစိတ်ချမ်းသာနိုင်ပါတယ်
၇။ရွှေ့ပြောင်းတပ်ဆင်ရလွယ်ကူတဲ့အတွက်ဆိုက်တစ်ခုမှတစ်ခုသို့အလွယ်တကူရွှေ့ပြောင်းအသုံးပြုနိုင်ပါတယ်

ဝယ်သုံးပြီးရင်ရောပြန်ရောင်းလို့ရလား???
ဟုတ်ကဲ့ရပါတယ်
ဝယ်ယူအသုံးပြုပြီးသောငြမ်းနဲ့ဆက်စပ်ပစ္စည်းများကို
အလွယ်တကူပြန်လည်ရောင်းချလို့ရပါတယ်...။

နိုင်ငံခြားမှတင်သွင်းသော ..
အရည်အသွေးမြင့်ငြမ်းနှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုးကို
ကျွန်တော်တို့ရောင်နီဦးမိသားစုမှ
စျေးနှုန်းမှန်ကန်ချိုသာစွာ
ငှါးရမ်း/ရောင်းချပေးနေပါပြီခင်ဗျာ-

ငှားရမ်းရရှိနိုင်သောပစ္စည်းများ ---
>သံတီတိုင်များ...(T-Head Prop)
>သံငြမ်းများ ...(Scaffolding Frame)
>GIပိုက်များ ...(Scaffolding Pipe)
>တိုင်ပုံးများ ... (Column Formwork)
>တိုင်ပုံးကလစ်များ ...(Formwork Click)
>မစ်ဆာအိုးများ ...(Mixer)
>ငြမ်းဘန်းများ ...(Scaf Walk Board)
>ငြမ်းဘီးများ ...(Wheel with brake)
>ငြမ်းစင်သုံးလှေကားများ ...(Scaf Step Ladder)
>အောက်ဆက်တိုင်များ ...(Adjustable Base Plate)
>အပေါ်ဆက်တိုင်များ ...(U-Jack)

ကိုယ်စိတ်နှလုံး သာယာရွှင်ပြုံးနိုင်ကြပါစေခင်ဗျား ...

ရောင်နီဦးမိသားစု
သံတီတိုင်သံငြမ်းနှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုး
ငှါးရမ်းရောင်းဝယ်ရေး

အမှတ် ၁၁၄/၁၁၅
ပြည်​ထောင်စုလမ်းမကြီး
Pro-1 ​ဆောက်လုပ်​ရေးပစ္စည်းဆိုင်​ရှေ့
​ အေးသာယာ (ထုံးဘို) ​တောင်ကြီးမြို့
095187357,095054123
==========================
ရပ်ကွက်ကြီး၁၀ မြနန္ဒာဟိုတယ်ဘေး
မန္တလေးလားရှုးလမ်း
တနတဂိတ်၃ရှေ့
ပြင်ဦးလွင်မြို့
09-5187357,09-5054123
========================
အမှတ်-၉/၁၈ ၆၂လမ်း
အောင်ဇေယျနှင့်အနော်ရထာလမ်းကြား
စရပ်ကွက် ပြည်ကြီးတံခွန်မြို့နယ်
မန္တလေးမြို့
09-5187357,09-5054123
=========================
အမှတ်၃၂ ပြည်လမ်း
မြောက်ပိုင်းရပ်ထောက်ကြန့်မြို့
09-5063199,09-5041415
==========================
ကမ္ဘောဇဘဏ်၃ရှေ့
ရန်ကုန်-မန္တလေးလမ်းမကြီး
ရပ်ကွက်ကြီး ၇ ပဲခူးမြို့
09-5063199,09-5187357

"2020" ခုနှစ် 💦 💦 💦 မြန်မာနှစ်သစ်မင်္ဂလာ၌မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး 🇲🇲🇲🇲🇲🇲ကျက်သ​ရေမင်္ဂလာအ​ပေါင်းနှင့်ပြည့်စုံ၍ ယခ...
17/04/2020

"2020" ခုနှစ် 💦 💦 💦 မြန်မာနှစ်သစ်မင်္ဂလာ၌
မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး 🇲🇲🇲🇲🇲🇲
ကျက်သ​ရေမင်္ဂလာအ​ပေါင်းနှင့်ပြည့်စုံ၍ ယခုကြုံ​တွေ့​နေရတဲ့​ရောဂါကပ်ဆိုးကြီးကို ​အောင်မြင်စွာဖြတ်​ကျော်နိုင်ကြပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့်ရှိကြပါ​စေ​ကြောင်း ဆုမွန်​ကောင်း​တောင်း​ပေးလိုက်ရပါတယ်ခင်ဗျား .....

​ရောင်နီဦးမိသားစု
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

တောင်ကြီးဆိုင်ခွဲကို၉.၃..၂၀၂၀ ​နေ့မှစတင်၍ ဖွင့်လှစ်​တော့မည်ဖြစ်ပါသဖြင့်​ရောင်နီဦးမိတ်​ဆွေများလာ​ရောက်​လေ့လာ ဝယ်ယူ ငှားရ...
08/03/2020

တောင်ကြီးဆိုင်ခွဲကို
၉.၃..၂၀၂၀ ​နေ့မှစတင်၍ ဖွင့်လှစ်​တော့မည်ဖြစ်ပါသဖြင့်
​ရောင်နီဦးမိတ်​ဆွေများ
လာ​ရောက်​လေ့လာ ဝယ်ယူ ငှားရမ်းပြီး
ရက် ၃၀ အထူးပရိုမိုးရှင်းနှုန်းများ ရယူခံစားနိုင်ကြပါပြီခင်ဗျားးး

095187357
095054123

ရောင်နီဦး ​တောင်ကြီးဆိုင်ခွဲကိုများမကြာမီ ဖွင့်လှစ်သွား​တော့မှာဖြစ်ပါတယ်ခင်ဗျားဆိုင်ဖွင့်ပွဲအထိန်းအမှတ်အဖြစ်အထူး discou...
04/03/2020

ရောင်နီဦး ​တောင်ကြီးဆိုင်ခွဲကို
များမကြာမီ ဖွင့်လှစ်သွား​တော့မှာဖြစ်ပါတယ်ခင်ဗျား
ဆိုင်ဖွင့်ပွဲအထိန်းအမှတ်အဖြစ်
အထူး discount အစီအစဥ်များပြုလုပ်သွားမှာဖြစ်လို့
အမြန်သာ လှမ်းခဲ့ကြပါ မိတ်​ဆွေများခင်ဗျားးး
095187357
095054123

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ...ငြမ်းနဲ့ဆက်စပ်ပစ္စည်းတွေကိုအသုံးပြုသင့်တဲ့အကြောင်းအရင်းများ !!!ယနေ့ခေတ်ဆောက်လုပ်ရေးလုပ...
12/01/2020

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ...
ငြမ်းနဲ့ဆက်စပ်ပစ္စည်းတွေကိုအသုံးပြုသင့်တဲ့အကြောင်းအရင်းများ !!!

ယနေ့ခေတ်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ...
ငြမ်းတွေအသုံးပြုလာကြတဲ့အတွက်...
အသုံးပြုသူတွေအတွက် အဘက်ဘက်ကနေ
အထောက်အကူတွေရလာကြတာတွေ့ရပါတယ်.....။

ဘယ်လိုအထောက်အကူတွေရတာပါလည်း ???

၁။ဘယ်လောက်ကြီးတဲ့အဆောက်အဦဖြစ်ဖြစ်
ဘယ်လောက်မြင့်တဲ့အဆောက်အဦဖြစ်ဖြစ်
အလွယ်တကူတပ်ဆင်အသုံးပြုနိုင်ပါတယ်...။

၂။တပ်ဆင်ခြင်း ပြန်လည်ဖြုတ်သိမ်းခြင်းတွေမှာ
အချိန်ကုန်သက်သာစေတဲ့အတွက်လုပ်ငန်းပိုတွင်ကျယ်စေပါတယ်...။

၃။လုပ်ငန်းခွင်မှာ လုပ်ကိုင်နေကြရတဲ့
အလုပ်သမားများနဲ့ဝန်ထမ်းများကို
လုပ်ငန်းခွင်မတော်တဆမှုအန္တရာယ်များအတွက်
ယုံကြည်စိတ်ချရမှုအပြည့်အဝပေးနိုင်ပါတယ်...။

၄။သံထည်ပစ္စည်းများနဲ့ခိုင်မာတဲ့တပ်ဆင်မှုများဖြစ်တဲ့အတွက်
သက်တောင့်သက်သာဖြစ်တဲ့လုပ်ငန်းခွင်အတွင်းမှာ
ယုံကြည်စိတ်ချစွာလုပ်ကိုင်ရတဲ့အတွက်
လုပ်ငန်းခွင်ကိုအများကြီးအကျိုးသက်ရောက်မှုရစေပါတယ်...။

၅။အဆောက်အဦရဲ့အရည်အသွေးကိုတက်လာစေတာကတော့
အဓိကတိုက်ရိုက်ရတဲ့ အကျိုးအမြတ်ပါပဲ...။

၆။သစ်တွေဝါးတွေကိုဝယ်ယူအသုံးပြုခြင်းထက်
ကုန်ကျစရိတ်ထက်ဝက်ခန့်သက်သာစေပါတယ်...။

၇။လုပ်ငန်းခွင်မှာအရေးအကြီးဆုံးဖြစ်တဲ့
''ဘေးကင်းရေးသည်ပထမ''(Safty First)ဆိုတဲ့
ဆောင်ပုဒ်အတိုင်း လှည့်ကြည့်စရာမလိုလောက်အောင်
ယုံကြည်စိတ်ချမှုအပြည့်အဝပေးစွမ်းနိုင်ပါတယ်...။

ကဲ ... ရောင်နီဦးကငြမ်းတွေငှါးသုံးဘို့သင်ဘာတွေတုန့်ဆိုင်းနေဦးမလည်း ?????

095187357
095054123

Address

အမှတ်AA109/110, သိင်္ဂီလမ်း, ရပ်ကွက်ကြီး၁၀, ပြင်ဦးလွင်မြို့
Mandalay

Telephone

095187357

Website

Alerts

Be the first to know and let us send you an email when Maple Pyinoolwin Developing & Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share