CHUN Group

CHUN Group Construction & Precast Technology

CHUN PRECAST ကတာဝန်ယူတည်ဆောက်ပေးထားတဲ့ ကျွဲဆည်ကန် ၇၂ လမ်းပေါ်ကPrecast Fence 500 ft ဆိုဒ်လေးပါ 🥰🥰🥰🥰
23/07/2026

CHUN PRECAST ကတာဝန်ယူတည်ဆောက်ပေးထားတဲ့ ကျွဲဆည်ကန် ၇၂ လမ်းပေါ်က
Precast Fence 500 ft ဆိုဒ်လေးပါ 🥰🥰🥰🥰

07/07/2026

နေပြည်တော် Precast Fence Project 😊😊😊

05/07/2026

Precast ဆိုရင် CHUN ကိုသတိရလိုက်ပါ 🥰🥰🥰

၂၀၁၈ ကတည်းက စတင်ခဲ့တဲ့
Precast ခရီးစဥ်ဟာ ၈ နှစ်ဆိုတဲ့
ကာလကို ဖြတ်သန်းလို့လာခဲ့ပါပြီ

ဒီအချိန်အတွင်းမှာ
​အတွေ့အကြုံတွေ သင်ခန်းစာတွေ
ကျရှုံးမှုတွေ အောင်မြင်မှုတွေ အခက်အခဲတွေ
ရင်ဆိုင်ကျော်ဖြတ်ခဲ့တာဖြစ်လို့
ရင့်ကျက်တည်ငြိမ်တဲ့ လုပ်ငန်းတစ်ခုအသွင်ကို
ရောက်ရှိလာခဲ့ပါပြီ....

ချစ်မိတ်ဆွေတို့ရဲ့
လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက်
CHUN precast group က
အသင့်ရှိနေပါတယ် 🥰🥰🥰🥰

 Location - ပေါ်တော်မူဘုရား၊ ပုလိပ်။Status      - Completed.
04/07/2026



Location - ပေါ်တော်မူဘုရား၊ ပုလိပ်။
Status - Completed.

စစ်ကိုင်း HCP ဆိုဒ် ပြီးစီးမှု မှတ်တမ်းများ.........................................................စစ်ကိုင်းမြေမှာ အခက်...
29/05/2026

စစ်ကိုင်း HCP ဆိုဒ် ပြီးစီးမှု မှတ်တမ်းများ
.........................................................

စစ်ကိုင်းမြေမှာ အခက်အခဲများစွာနဲ့
တည်ဆောက်ပေးခဲ့တဲ့ Precast System
HCP (hollow core panel) ကိုယ်ပိုင် အထက်တန်းကျောင်းကြီးကို
ပြီးစီးအပ်နှံခဲ့ပါပြီ .......

CHUN Precast Group မှတာဝန်ယူတည်ဆောက်ပေးထားတဲ့ ြံစည်းရိုးတွေဖြစ်ပါတယ် 🥰🥰🥰တည်ဆောက်ရလွယ်ကူ မြန်ဆန်ပြီးတော့RC ဖြစ်လို့ အရမ်း...
25/05/2026

CHUN Precast Group မှ
တာဝန်ယူတည်ဆောက်ပေးထားတဲ့
ြံစည်းရိုးတွေဖြစ်ပါတယ် 🥰🥰🥰

တည်ဆောက်ရလွယ်ကူ မြန်ဆန်ပြီးတော့
RC ဖြစ်လို့ အရမ်းပဲခိုင်ခံ့ပါတယ်.....

#အိမ်ယာစီမံကိန်းကြီးများ
#စက်ရုံကြီးများ
#လူနေခြံဝန်းများ မှာ ကုန်ကျစရိတ်သက်သက် သာသာနဲ့ အမြန်ပြီးနိုင်ပါတယ်...

စက်ရုံလိပ်စာကတော့ -
ရှမ်းကန်ကျေးရွာ၊ ဘယ်လင်းစက်မှုဇုန်
စဥ့်ကိုင်မြို့နယ်။

09 402 605 767
09 670 825 919 ကိုဆက်သွယ်မေးမြန်း
စုံစမ်းနိုင်ပါတယ်။




တံတားတစ်စင်းကို လချီပြီးဆောက်ရမှာလား 🤔🤔...................................................................ကားဗက် (Culver...
05/05/2026

တံတားတစ်စင်းကို လချီပြီးဆောက်ရမှာလား 🤔🤔
...................................................................
ကားဗက် (Culvert) တစ်ခု တည်ဆောက်ဖို့ပဲဖြစ်ဖြစ်... လမ်းဘေး ရေမြောင်း (Drain) တည်ဆောက်ဖို့ပဲဖြစ်ဖြစ်
မြေတူးပြီးရင် ... ရေလမ်းလွှဲခြင်း၊ လူသွားလမ်းလွှဲခြင်းလုပ်ငန်းစဥ်တွေကို လချီလုပ်ကြရပါတယ်...

ဒီအတောအတွင်းမှာ လမ်းလွှဲမှမောင်းရခြင်းစတဲ့
အဆင်မပြေမှုများစွာကို ဖြတ်ကျော်ပြီး
လုပ်ငန်းစဥ်အဆင့်ဆင့် လုပ်ကြရပါတယ်...

ခုတော့ ဒါတွေ အေးဆေးဖြစ်သွားပါပြီ 😎😎😎
တံတားအသေးလေးများမှစပြီး
တန် ၄၀၊ တန် ၆၀ ခံတံတားများအထိ
Precast System ဖြင့် ထုတ်လုပ်တပ်ဆင်လို့
ရပါပြီ.....

#ကုန်ကျစရိတ်သက်သာမယ်လို့_မဆိုလိုပါ

ဒါပေမယ့် သေချာတာကတော့
#ပေ၂၀တံတားတစ်စင်းကို_၂ရက်နဲ့ပြီးနိုင်တယ်
#ပေ၁၀၀ရေမြောင်းကို_၂ရက်နဲ့ပြီးနိုင်တယ်

👉 အချိန်အများကြီးမြန်သွားမယ်
👉 ကွာလတီအရမ်းကောင်းသွားမယ်
👉 လမ်းအကြာကြီးမပိတ်တော့ပါ
👉 နှစ်ပေါင်းများစွာခိုင်ခံ့သွားမှာ ဖြစ်ပါတယ်

Box Culvert (တံတား) ဆိုဒ်များကို
မိမိလိုချင်သလို customized မှာယူလို့ရပါတယ်
တပ်ဆင်လိုသည့်အချိန်နဲ့ တစ်လခန့်ခွါ၍
အော်ဒါပေးရပါတယ်....

လက်ရှိ စက်ရုံတွင်ရှိသော ဆိုဒ်တွေကတော့ -

(1) 5'-0" x 5'-0" size (length = 3'-0")
(2) 9'-0" x 6'-0" size (length = 3'-0")

(1) 12" x 18" size (length = 3'-0")
(2) 18" x 24" size (lenght = 3'-0")

Precast Box Culvert နဲ့
Precast U Drain များကို Price အသေသတ်မှတ်ထားခြင်းမရှိပါ...
✅ လိုချင်တဲ့ ဖိအားခံနိုင်မှုပမာဏ
✅ လိုချင်တဲ့ sizes ဆိုဒ်
✅ structure Design
✅ တည်နေရာ ....စတဲ့အချက်အလက်ပေါ်မူတည်ပြီး Price တွက်ပေးပါတယ် (Quotation ပေးပါတယ်)

➡️ လမ်းတံတား ဆောင်ရွက်သည့်လုပ်ငန်းများ
➡️ အိမ်ခြံမြေဖေါ်ဆောင်သည့်လုပ်ငန်းများ ပို၍ အသုံးတည့် အဆင်ပြေပါတယ်ခင်ဗျာ.....

စိတ်ဝင်စားပါက
CHUN PRECAST FACTORY
09 402 605 767 (VIBER)
09 670 825 919 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ ...

စက်ရုံလိပ်စာ -
ရှမ်းကန်ကျေးရွာ၊ ဘယ်လင်းစက်မှုဇုန်
စဥ့်ကိုင်မြို့နယ်။

အားနည်းချက်ကို အားသာချက်အဖြစ်သို့....................................................ပုံမှန် RC အဆောက်အဦး တစ်လုံးဆောက်မ...
05/05/2026

အားနည်းချက်ကို အားသာချက်အဖြစ်သို့....................................................

ပုံမှန် RC အဆောက်အဦး တစ်လုံးဆောက်မယ်
မြေစတူးရာမှာ အခက်အခဲစတွေ့ပါတယ်...
#မြေပြို
#မြေဆယ်
#ရေဝင်
#ရေစုပ်ထုတ် စတဲ့ဖောင်ဒေးရှင်းပိုင်းအခက်အခဲ တည်ဆောက်ရေးအခက်အခဲများ

ဒုတိယက #အလုပ်သမား
အလုပ်သမားရှားတယ် ရှိတဲ့အလုပ်သမားကျ
လက်ရာမကောင်း လက်ရာကောင်းပြန်တော့
ပြောမကောင်းဆိုမကောင်း အလုပ်ချိန်မမှန် ရက်မမှန်.....စတဲ့အခက်အခဲ

တတိယက #ချိတ်ဆက်ကြီးကြပ်မှုအခက်အခဲ
မြေတူးအဖွဲ့ ပန်းရံအဖွဲ့ လက်သမားအဖွဲ့ ချည်ကွေးအဖွဲ့
စတဲ့ စတဲ့ လူပေါင်းများစွာ အဖွဲ့များစွာက အချင်းချင်း ချိတ်ဆက်လုပ်ကိုင်မှု ညှိနှိုင်းလုပ်ကိုင်မှုအရမ်း အားနည်းကြတာကြောင့် အလုပ်အဆင်မချောခြင်း အမှားများခြင်း ကြီးကြပ်ရခက်ခဲခြင်း ငွေပိုကုန်ခြင်း
လုပ်ငန်းရှေ့မရောက်ခြင်း စတဲ့အခက်အခဲများ

စတုတ္ထကက #သဲ_ကျောက်_ကြိုပုံထားလို့မရ
#စျေးကိုကြိုးချည်ထားလို့မရ...စတဲ့ပစ္စည်းအခက်အခဲနဲ့ စျေးနှုန်းအခက်အခဲ

ပဌ္စမက #ရာသီဥတု
နေပူတယ် မိုးရွာတယ် အလုပ်သမားမလာ
အလုပ်မပြီး ကွန်ကရစ်လောင်းမရ...စတဲ့အခက်အခဲ

ဆဌမက #အရည်အသွေးအခက်အခဲ
သံပင်တွေကြားထဲ ကွမ်းတံတွေးထွေးတာကစပြီး
ကွန်ကရစ် အဂ်တေအချိုးအစားအမှန်တာ
အုတ်ရေမလောင်းတာ ပြီးစလွယ်လုပ်တာ
ပေါ့ပေါ့လေးလုပ်တာ အချောင်ခိုတာ စတဲ့လူအားနည်းချက်ကြောင့်ဖြစ်လာတဲ့ အရည်အသွေးထိန်းသိမ်းရခက်တဲ့ အခက်အခဲ.....

ပုံမှန် ဆောက်လုပ်ရေးတွေမှာ ဒါတွေကြုံရလေ့ရှိပါတယ်...
ဒီအခက်အခဲတွေဟာ အပေါ်ရံလောက်ရှိသေးပြီး ဒီ့ထက်ဆိုးတာတွေရှိသေးတယ်ဆိုတာ အိမ်ရှင်တွေနဲ့ အင်ဂျင်နီယာတွေ အသိဆုံးဖြစ်ပါတယ်...

ဒါတွေတစ်ခုမှ မကြုံရပဲ
မျက်လှည့်ပြလိုက်သလို
ဖျက်ခနဲ အဆောက်အဦးတစ်လုံး ပြီးစီးသွားစေမယ့် နည်းစနစ်တစ်ခု ရှိတယ်ဆိုရင်
ဒါဟာ ်ပါပဲ

အစိတ်အပိုင်းအားလုံး
စက်ရုံထုတ်ဖြစ်တာဖြစ်လို့
ဆိုဒ်လုပ်ငန်း ၈၀ % လုပ်ရကိုင်ရသက်သာသွားပါတယ်....

Precast စနစ်ရဲ့
အားနည်းချက် ၃ ခုကတော့
#သယ်ယူပို့ဆောင်ရေး
#ကရိန်းဖြင့်တပ်ဆင်ရေး
#ကျွမ်းကျင်လုပ်သား စတာပဲဖြစ်ပါတယ်
ဒါတွေဖြေရှင်းနိုင်ရင်
ဆောက်လုပ်ရေးလောကကို Next Level တက်လှမ်းနိုင်ပါပြီ 👌👌👌

HCP houseတန်ဖိုးသင့် Precast အဆောက်အဦးတည်ဆောက်လိုသူများသတိပြုဖွယ် ❗️❗️❗️.......................................HCP bloc...
25/04/2026

HCP house
တန်ဖိုးသင့် Precast အဆောက်အဦး
တည်ဆောက်လိုသူများသတိပြုဖွယ် ❗️❗️❗️
.......................................

HCP block များထုတ်လုပ်ရာတွင်
မပါမဖြစ် ပါဝင်ရသော အဓိက ဓါတုဆေးတစ်မျိုး (chemical agent) အား ထိုင်းနိုင်ငံမှ
အဓိက တင်သွင်းရပါတယ်ခင်ဗျာ...

ယခုအခါ ၄င်းဆေးကုန်ကြမ်းပြတ်လပ်နေပြီ
ဖြစ်ပြီး တင်သွင်းသည့်မူရင်းကုမ္ပဏီမှာလည်း
မည်သည့်အချိန်မှ ထိုဆေးရောက်ရှိနိုင်မည်ကို
မသိသေးဟု ဆိုပါတယ်ခင်ဗျာ ...

ကျနော်တို့ CHUN precast စက်ရုံတွင်လည်း
ထိုဆေးမှာ ပမာဏအနည်းငယ်သာ ကျန်ပါတော့တယ်...

ဒါ့ကြောင့် ခန့်မှန်းခြေ စတုရန်းပေ ၅၀၀၀ ခန့်မျှသာ
တည်ဆောက်ပေးနိုင်တော့မည်ဖြစ်တာကြောင့်
ခန့်မှန်းခြေ အိမ် ၅ လုံးခန့်သာ
တည်ဆောက်၍ ရနိုင်ပါတော့မယ်ခင်ဗျာ...

ချစ်မိတ်ဆွေများအနေနဲ့
တည်ဆောက်လိုပါက အမြန်ဆက်သွယ်ပေးကြပါလို့
မေတ္တာရပ်ခံပါတယ်ခင်ဗျာ 🙏🙏🙏🙏

Address

Room No-2, , 24th/63th X 64th, Aung Myay Tharzan Township
Mandalay

Telephone

+959402605767

Website

Alerts

Be the first to know and let us send you an email when CHUN Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share