Techno Wind Automation

Techno Wind Automation PLC,HMI,SCADA,DCS,IOT Training and Service.

06/02/2026

စာမရေးတာကြာပြီ၊ နည်းနည်းစိတ်ပါလို့ ရေးလိုက်တာ စာများသွားတယ်။

စက်ရုံတွေမှာ VFD တွေကို အသုံးများလာတာဟာ စွမ်းအင်ချွေတာရေးနဲ့ လုပ်ငန်းခွင်ထိန်းချုပ်မှုအတွက် အရမ်းကောင်းပါတယ်။ ဒါပေမဲ့ Power ပိုင်းဆိုင်ရာမှာတော့ Power Quality Issues လို့ခေါ်တဲ့ ဘေးထွက်ဆိုး ကျိုးအချို့ကို သတိထားဖို့ လိုအပ်လာပါတယ်။ ဘာလို့လဲးဆိုတော့ ယနေ့ အချိန် မီတာခတွေ မြင့်လာတဲ့အတွက် ကိုလုပ်ငန်းအတွက် တကယ်လိုအပ်လား မလိုအပ်လား စဉ်းစားလို့ရ အောင်ပါ။(ထုံးစံအတိုင် ကျွန်တော်၏ မြန်မာ စာလုံးပေါင်း တော့ သိခံ ပေးပါ။ :D )

အဓိက ဖြစ်လာနိုင်တဲ့ အချက်တွေကို ရှင်းပြပေးထားပါမယ်။

Harmonics ဖြစ်ပေါ်ခြင်း။

VFD တွေဟာ Non-linear load အမျိုးအစားဖြစ်လို့ Sine Wave ကို ပုံပျက်စေပါတယ်။ ဒါကို Harmonic Distortion လို့ ခေါ်ပါတယ်။Transformer တွေ၊ ကေဘယ်ကြိုးတွေနဲ့ မော်တာတွေ အလွန်အမင်း အပူတက်လာမယ်။ Circuit Breaker တွေ အကြောင်းမဲ့ ကျသွားတတ်ပါတယ်။ဒါဆိုရင်တော့ Harmonic Filters ဒါမှမဟုတ် Reactors တွေ သုံးသင့်ပါတယ်။

Voltage Spikes

VFD ကနေ မော်တာဆီကို ပေးပို့တဲ့ PWM လှိုင်းတွေကြောင့် ဗို့အားဟာ ပုံမှန်ထက် အဆပေါင်းများစွာ ရုတ်တရက် မြင့်တက်သွားနိုင်ပါတယ်။မော်တာရဲ့ အကွိုင် (Winding Insulation) တွေ ပေါက်ပြဲပြီး မော်တာလောင်စေနိုင်ပါတယ်။ အထူးသဖြင့် VFD နဲ့ မော်တာ ဝေးတဲ့အခါ ပိုဖြစ် တတ်ပါတယ်။

Bearing Currents

VFD က ထွက်တဲ့ မြင့်မားတဲ့ Frequency တွေကြောင့် မော်တာရဲ့ Shaft မှာ လျှပ်စစ်ဓာတ်အားတွေ စုမိ လာပြီး Bearing တွေဆီကို စီးဆင်းသွားတတ်ပါတယ်။ဘယ်ရင်တွေမှာ လျှပ်စစ်ပွတ် တိုက်မှုကြောင့် ချိုင့်ခွက်လေးတွေ Pitting ဖြစ်ပြီး သက်တမ်းမပြည့်ခင် ပျက်စီးတတ်ပါတယ်။ ဒီအချက်ကတော့ တကယ်ကို ဆွေးနွေးရခက်တဲ့အပိုင်းဖြစ်ပါတယ်။Shaft Grounding Rings လုပ်သင့်တယ်။ (အချို့လက် မခံနိုင်လို့ပါ)

Electromagnetic Interference (EMI)
VFD တွေဟာ မြင့်မားတဲ့ Frequency နဲ့ အလုပ်လုပ်တာကြောင့် ရေဒီယိုလှိုင်းတွေလိုမျိုး နှောင့်ယှက်မှုတွေ (Noise) ဖြစ်စေပါတယ်။စက်ရုံထဲက တခြား Sensor တွေ၊ PLC ထိန်းချုပ်မှုစနစ်တွေနဲ့ ဆက်သွယ်ရေးလိုင်းတွေမှာ အချက်အလက်အမှား Signal Error တွေ တက်လာနိုင်ပါတယ်။Shielded Cables သင့်ပါတယ်။
နောက်ထပ်အချက်အလက်တစ်ခုက VFD တွေ အများကြီးသုံးလာတဲ့အခါ Power Factor (PF) အပိုင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက် ၂ ချက် ရှိလာပါတယ်။ အများစု ထင်ထားသလို PF က ကောင်းရုံတင်မဟုတ်ဘဲ သတိထားရမယ့် အချက်တွေလည်း ရှိပါတယ်။

Power Factor (PF) Error များလာနိုင်လား။
ဒီနေရာမှာ Displacement PF နဲ့ Distortion PF ဆိုတာကို ခွဲမြင်ဖို့ လိုပါတယ်။VFD တွေဟာ မော်တာကို တိုက်ရိုက်မောင်းတာမဟုတ်ဘဲ AC ကို DC ပြောင်း၊ ပြီးမှ AC ပြန်ပြောင်းတာ ဖြစ်တဲ့အတွက် VFD ရဲ့ Input ဘက်မှာရှိတဲ့ PF ဟာ အမြဲတမ်းလိုလို မြင့်မားနေတတ်ပါတယ်။VFD တွေမှာ အဝင် (Input) ပိုင်းကို Diode Bridge တွေနဲ့ လုပ်ထားတာဖြစ်လို့ Displacement PF ကတော့ များသောအားဖြင့် ကောင်းပါတယ်။ (0.95 ကနေ 0.98 ဝန်းကျင် ရှိတတ်ပါတယ်။) ဒါကြောင့် Capacitor Bank တွေ သိပ်မလိုတော့ဘဲ Current စီးဆင်းမှု လျော့နည်းသွားစေပါတယ်။

VFD ကြောင့် Harmonic တွေ များလာတဲ့အခါ Sine Wave ပုံပျက်သွားပြီး Distortion ဖြစ်ပြီး Total Power Factor ကိုတော့ ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် မီတာမှာပြတဲ့ PF Unit တွေ လွဲမှားတာမျိုး ဖြစ်နိုင်ပါတယ်။VFD တွေ အများကြီးရှိတဲ့နေရာမှာ ရိုးရိုး Capacitor Bank တွေကို သုံးပြီး PF မြှင့်မယ်ဆိုရင် Harmonic နဲ့ပေါင်းပြီး Resonance ဖြစ်ကာ Capacitor တွေ ပေါက်ကွဲတတ်ပါတယ်။ Harmonic Distortion ကြောင့် ဖြစ်လာတဲ့ Distortion PF ဟာ စုစုပေါင်း PF ကို ဆွဲချပါတယ်။ အဲဒီအခါ Power Factor Meter မှာ 0.95 ပြနေပေမဲ့ တကယ့် Wattmeter မှာတော့ ထိရောက်မှု နည်းနေတာမျိုး ဖြစ်တတ်ပါတယ်။

ဒီတော့ Capacitor Bank တွေကို PF တက်အောင် သုံးမယ်ဆိုရင် အန္တရာယ် ရှိနိုင်ပါလို့ပြေားရမယ်။VFD က ထွက်တဲ့ Harmonic Frequency တွေနဲ့ Capacitor Bank ရဲ့ Capacitance တို့ ပေါင်းမိပြီး Resonance ဖြစ်ကာ Capacitor တွေ ပေါက်ထွက်တာ၊ မီးလောင်တာမျိုး ဖြစ်နိုင်ပါတယ်။Harmonic လှိုင်းတွေကို ပိုပြီး ကြီးထွားလာစေပြီး Transformer တွေကို ဒုက္ခပေးပါတယ်။

ဘာလုပ်သင့်လဲးဆိုတော့ Capacitor Bank တွေနဲ့တွဲပြီး Detuned Reactor တွေကို သုံးသင့်ပါတယ်။ သူတို့က Harmonic ကြောင့် Capacitor မပျက်အောင် ကာကွယ်ပေးပါတယ်။Active Power Filters Harmonic တွေကိုလည်း စစ်ထုတ်ပေးသလို PF ကိုလည်း အလိုအလျောက် အကောင်းဆုံးဖြစ်အောင် ညှိပေးပါတယ်။ဒါကြောင့် VFD က Displacement PF ကို ကောင်းစေပေမဲ့ Harmonic ကြောင့် ဖြစ်လာတဲ့ Distortion PF က စနစ်တစ်ခုလုံးကို နှောင့်ယှက်နိုင်ပါတယ်။

နောက်တစ်ခုကတော့ Generator သုံးရတဲ့အပိုင်းမှာ Generator ရဲ့ Power Supply ဟာ Transformer ခံထားတဲ့ National Grid လောက် Stiff မနေဘဲ Soft Source ဖြစ်နေပါတယ်။ ဒီအပိုင်းအတွက်လဲး စဉ်းစား သင့်ပါတယ်။ ဆီစျေး တွေ စက်ပျက်တာတွေ ပေါင်းရင်လဲးစျေးကများနေတာကို။
ဒါကိုတော့ လိုအပ်ရင် ထပ်ရေးပါမယ်။ အခုစာအရမ်းများသွားလို့ ဒါလောက်ပါဘဲး။

Yar Zar Min
Techno Wind Automation
Mandalay
6-2-2026

C # Windows Form App Development Online TrainingC # Language နှဲ့ Windows ပေါ်မှာ software တစ်ခုဖန်တီးချင်တဲ့သူတွေအတွက် ...
25/01/2025

C # Windows Form App Development Online Training

C # Language နှဲ့ Windows ပေါ်မှာ software တစ်ခုဖန်တီးချင်တဲ့သူတွေအတွက် သင်တန်းလေး တစ်ခု February 1ရက်နေ့စဖွင့်ပါမယ်ဗျ။ Video သင်ခန်းစာတွေတင်ပေးမှာပဲဖြစ်ပါတယ်။
သင်တန်းကြေးက 100,000 Ks ဖြစ်ပါတယ်
Promotion : 80,000 Ks 28ရက်နေ့ 12AM ထိ
Telegram မှာ Video သင်ခန်းစာတွေတင်ပေးမှာဖြစ်ပါ။

ဆက်သွယ်ရန်
----------------------
Ph: 09796520509

Telegram: t.me/yelintun1997

Note:
သင်တန်းတက်ပြီး ကြည့်ချင်တဲ့နေ့မှ Video ကြည့်မယ်ဆိုတဲ့သူတွေအတွက်တော့အဆင်မပြေနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ project တွေလုပ်ပြီး ကျွန်တော်ဆီပို့ပေးရပါမယ် ကျွန်တော်ကနေမှ ပြန်စစ်ပြီး လိုအပ်ချက်ရှိရင် ပြန်ပြောပေးသွားမှာမို့လို့ပါပဲ။ Project ‌တွေပြီးပြီဆိုမှသာ သင်ခန်းစာကိုရှေ့ဆက်မှာပါ။ သင်တန်းသားဦး‌ရေက Limit ရှိပါတယ်!!!


 Techno Wind Automation Training PLC သင်တန်း Batch-6 ကို (9-11-2024) ရက်နေ့တွင့် ဖွင့်တော့မှာဖြစ်ပါတယ်။ သင်တန်းစိတ်ဝင်စ...
01/11/2024

 Techno Wind Automation Training

PLC သင်တန်း Batch-6 ကို (9-11-2024) ရက်နေ့တွင့် ဖွင့်တော့မှာဖြစ်ပါတယ်။ သင်တန်းစိတ်ဝင်စားသူများ စာရင်ပေးနိုင်ပြီဖြစ်ပါတယ်။

Basic SCADA & Modbus TCP သင်ခန်းစာများပါဝင်မည်။

 သင်ကြားမည့် PLC အမျိုးအစား။
1. SIEMENS S7-1200 PLC
2. KTP700 HMI
3. TIA Portal Software
 သင်ခန်းစာများ။
1. Product overview
2. STEP 7 programming software
3. PLC Concepts
4. Basic Instructions
5. Extended Instructions
6. Technology Instructions
7. Communication
8. Analog Input/Output
9. PLC and VFD motor control
10. PLC and Stepper, Servo control
စသည့်ခေါင်းစဉ်များမှ သင်ကြားပါမည်။

 သင်တန်းအချိန် နှင့် ရက်။
9:00 am to 12:00 pm (SATDAY & SUNDAY)

 သင်တန်းကြေး။
၂၅၀၀၀၀ကျပ်

 ဆက်သွယ်ရမည့်ဖုန်း
09-403600441,09797294931

 ဆက်သွယ်ရမည့်လိပ်စာ
၇၈-လမ်း ၊ ရန်မန်းလမ်း ၊ စက်မှုပန်းခြံ ၊ တောင်မြင့်ရပ်ကွက် ၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

Modbus instructionsCPU သည် မတူညီသော network များပေါ်တွင် Modbus ဆက်သွယ်မှုကို ပံ့ပိုးသည်-Modbus RTU (Remote Terminal Uni...
27/09/2024

Modbus instructions

CPU သည် မတူညီသော network များပေါ်တွင် Modbus ဆက်သွယ်မှုကို ပံ့ပိုးသည်-

Modbus RTU (Remote Terminal Unit) သည် Modbus network devices များအကြား serial data transfer အတွက် RS232 သို့မဟုတ် RS485 electrical connection ကို အသုံးပြုသည့် standard network communication protocol တစ်ခုဖြစ်သည်။ RS232 - RS485 CM - RS485 CB ရှိသော CPU သို့ PtP (Point to Point) network ports များကို ထည့်နိုင်သည်။

Modbus RTU သည် ဆက်သွယ်ရေးအားလုံးကို Master စက်တစ်ခုတည်းမှ လုပ်ဆောင်သည်။ slave များသည် master ၏တောင်းဆိုမှုကိုသာ master/slave network ကို အသုံးပြုပြီး တုံ့ပြန်နိုင်သည်။ master သည် slave address တစ်ခုသို့ request တစ်ခု ပေးပို့ပြီး ထို slave address ကသာ command ကို responds ပြန်သည်။
ဆိုလိုသည်မှာ master တစ်ခုနှင့် slave အများကြီးချိတ်ထားတယ်။ Master တစ်ခုက Slave ID1 ကို request လုပ်လိုက်တဲ့အခါ Slave ID1 ကသာ responds ပြန်လုပ်တယ်။

Modbus TCP
Modbus TCP (Transmission Control Protocol) သည် TCP/IP communication အတွက် CPU ပေါ်ရှိ PROFINET connector ကို အသုံးပြုသည့် standard network communication protocol တစ်ခုဖြစ်သည်။ နောက်ထပ် communication hardware module မလိုအပ်ပါ။ ဆိုလိုသည်မှာ Siemens S7-1200 တွေမှာ PROFINET Connector က built-in ပါရှိတဲ့အတွက်ဖြစ်ပါတယ်။

Modbus TCP သည် client-server connections များကို Modbus communication အသုံးပြုသည်။ STEP 7 နှင့် CPU အကြားချိတ်ဆက်မှုအပြင် client-server connections အများ အပြားချိတ်နိုင်သည်။ Mixed client နှင့် server connections များကို CPU မှခွင့်ပြုထားသည့် အများဆုံးချိတ်ဆက်မှုအရေအတွက်အထိ ပံ့ပိုးပေးသည်။

MB_SERVER connection တစ်ခုစီတိုင်းသည် သီးခြား instance DB နှင့် IP port နံပါတ်ကို အသုံးပြုရပါမည်။ IP port တစ်ခုလျှင် ချိတ်ဆက်မှု 1 ခုသာ ပံ့ပိုးထားသည်။
မှတ်ချက်။ Modbus TCP သည် CPU firmware V1.02 သို့မဟုတ် နောက်ပိုင်းတွင်သာ မှန်ကန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

S7-1200 ကို Modbus TCP Server အဖြစ် အသုံးပြုခြင်း။

PLC S7-1200 ကို Modbus TCP Client အဖြစ်သတ်မှတ်ထားသောကြောင့် PLC သည် အခြား device များမှ data value များကိုဖတ်နိုင်ပြီး ၎င်းတို့ကို PLC ကိုယ်တိုင်တွင် သိမ်းဆည်းနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့်၊ temperature controller သို့မဟုတ် အခြား VSD မှ တန်ဖိုးများကို ဖတ်ရန် PLC ကို အသုံးပြုနိုင်သည်။ ဤအကြောင်းအရာတွင်၊ PLC S7-1200 ကို Modbus TCP Server အဖြစ် သတ်မှတ်မည်ဖြစ်ပြီး၊ ဆိုလိုသည်မှာ PLC သည် အခြား device များအတွက် Modbus ဒေတာ တန်ဖိုးများကို read/write လုပ် မည် ဖြစ်သည်။

Modbus TCP Server setup steps

1. Modbus parameter setting tool အဖြစ် အသုံးပြုရန် Data block ခု ဖန်တီးပါ။

ဒီထက်ပိုပြီးလေ့လာမယ်ဆို ဗီဒီယို သင်ခန်းစာတွေ နှင့်လေ့လာနိုင်ပါတယ်။
မှတ်ချက်။ SIEMENS S7-1200 အတွက်သိသန့် ဖြစ်ပါတယ်။
Yar Zar Min
Techno Wind Automation Training
09-797294931
Mandalay.

စိတ်ချယုံကြည်စွာလုပ်ငန်းအပ်နှံပေးပါသော (ချမ်းငြိမ်းဝေ ) ကော်စေ့  စက်ရုံ  မိသားစုကိုကျေးဇူးတင်ပါသည်။Control Panel တပ်ဆင်ပ...
12/05/2024

စိတ်ချယုံကြည်စွာလုပ်ငန်းအပ်နှံပေးပါသော

(ချမ်းငြိမ်းဝေ ) ကော်စေ့ စက်ရုံ မိသားစုကိုကျေးဇူးတင်ပါသည်။

Control Panel တပ်ဆင်ပြီးစီးခဲ့ပါတယ်။
*********************************************

လူကြီးမင်းတို့၏ စက်ရုံအလုပ်ရုံများ ရှိ automation လုပ်ငန်းများ အသစ်တည်ဆောက်ခြင်း ၊ PLC control programming ရေးခြင်း၊ VFD , Soft Start များ တပ်ဆင်အသုံးပြုလိုပါက ကျနော်များရဲ့ Techno Wind GROUP အားစိတ်ချယုံကြည်စွာဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်လိပ်စာကတော့
Yar Zar Min
09403600441
09797294931
စက်မှုပန်းခြံ ၊ တောင်မြင့်ရပ်ကွက်။
မန္တလေးမြို့။

21/04/2024

သံအဟောင်းတွေကို ပြန်ကြိတ်တဲ့ စက် test run

စစ်ကိုင်း။
21-4-24

Address

No. 1/15, 78 Street, Pyigyitagon Township
Mandalay
05051

Website

Alerts

Be the first to know and let us send you an email when Techno Wind Automation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share