Sai San Thein & Family

Sai San Thein & Family Airconditioning & Refrigeration Parts Trading , Services...

12/05/2024

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ
⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡

ESE (early streamer emission) မိုးကြိုးလွှဲစနစ်မှာပါဝင်သော အခြေခံအစိတ်အပိုင်းများမှာ...

~ ဖြစ်ပေါ်လာသော မိုးကြိုးကို ဖမ်းယူနိုင်သော မိုးကြိုးလွှဲ (Air Terminal)

~ မိုးကြိုးလွှဲ (Air Terminal) မှ ဖမ်းယူရရှိထားသော မိုးကြိုးလျှပ်စီးကို အဆောက်အဦးနှင့်သက်ရှိသတ္တဝါများကို မထိခိုက်စေဘဲ မြေကြီးစီသို့ ဆွဲချပေးသော ကြေးကြိုး (Down Conductor) များ

~ ကြေးကြိုး (Down Conductor) မှ ဆွဲချစီးဆင်းလာသော မိုးကြိုးလျှပ်စီးကို မြေကြီးထဲသို့ ခွဲဖြာစီးဆင်းစေသော မြေဓါတ်ချခြင်း (Earthing System) စနစ်များ

~ မိုးကြိုးလျှပ်စီးကြောင့် တစ်ဆင့်ခံဖြစ်လာသော ရှော့လျှပ်စီးများ (Over Voltage, Surge Voltage) ကို အကာအကွယ်ပေးသော မိုးကြိုးလွှဲ ဘရိတ်ကာ ( internal surge protector ) တွေ အဓိကပါဝင်ပါတယ်။
...ဖော်ပြပါ အချက်ထဲက တခုခု မကောင်းရင် အချိတ်အဆက်မမိရင် မိုးကြိုးဒဏ်ကို ခံရမှာက အသေအချာပါ။ ☠️☠️☠️

♻️ လိုအပ်သောတပ်ဆင်မှုအချို့ကို လုပ်ကိုင်ဖူးသမျှ လေ့လာမိသမျှကို ဖော်ပြပေးလိုက်ပါတယ်။
တပ်ဆင်မည့်အမျိုးအစားပေါ်မူတည်၍ မူကွဲသတ်မှတ်ချက်တွေ ရှိနိုင်ပါတယ်...

⚡ မိုးကြိုးလွှဲ (Air Terminal) ကိုတပ်ဆင်မည့် မည်သည့် အဆောက်အဦးထက်မဆို(၂)မီတာပိုမြင့်၍တပ်ဆင်ရမည်။

⚡ မိုးကြိုးလျှပ်စီးကို သယ်ဆောင်ပေးမည့် ကြေးကြိုး (Down Conductor) သည် ဧရိယာ အနေဖြစ် အနဲဆုံး 50 mm square ရှိရမည်။လုံးပတ်‌‌ကြေးကြိုး Round Conductor)နဲ့ တိတ်ကြေးပြား (Flat Conductor) တွင် ဧရိယာချင်းတူပါက မျက်နှာပြင်ဧရိယာပိုမိုကျယ်ပြန့်သော တိတ်ကြေးပြား (Flat Conductor) ကိုပိုမိုရွေးချယ်အသုံးပြုကြပါသည်။ အထူးသဖြစ် Tin Coated Copper Flat Wire ကို အသုံးပြုရန်လိုအပ်ပါသည်။

⚡ Down Conductor ကို ဖြစ်နိုင်သမျှ တစ်ဖြောင့်တည်းတပ်ဆင်ရမည်ဖြစ်ပြီး ဆွဲချစီးဆင်းလာသော မိုးကြိုးလျှပ်စီးကို မြေကြီးထဲသို့ ခွဲဖြာစီးဆင်းစေနိုင်ရန် Earthing Point ဆီသို့ အတိုဆုံး အဖြောင့်ဆုံးလမ်းကြောင်းအတိုင်းတပ်ဆင်ရမည်။ သတိပြုရန်မှာ Down Conductor ဖြတ်သန်းရာလမ်းကြောင်းတွင် လျှပ်စစ်နည်းလမ်းအရ ညို့ဝင်နိုင်သော အခြားမည်သည့် Electrical Cable များမရှိစေရပါ။

⚡ အကယ်၍ Down Coductor ကို အဆောက်အဦးပြင်ပမှ သွယ်တန်းယူခြင်း မဖြစ်နိုင်ပါက Down Conductor ဝင်ဆန့်သောအရွယ်ဖြစ်သည့် ကာဗာ( Insulation, Non Flammable Duct ) ဖြစ် သွယ်တန်းနိုင်ပါသည်။ ဒီနေရာမှာ အဆောက်အဦးအတွင်းမှ သွယ်တန်းခြင်းသည် အဆောက်အဦးအပြင်မှ Down Conductor သွယ်တန်းယူခြင်းထက် နီးဆက်ရာ Electrical Wire အတွင်းသို့ လျှော့လျှပ်စီး (Voltage Surge) များဝင်ရောက်နိုင်ခြေပိုများလာနိုင်ပါသည်။

⚡ Down Conductor ကို အဆောက်အဦး တွင်တပ်ဆင်ပါက လမ်းတလျှောက် ၁ မီတာ အကွာအဝေးတိုင်းတွင် ကလစ် (Fixing Clamp) ဖြစ်သေချာစွာ တပ်ဆင်ရမည်။

⚡ Down Conductor ၏ အရှည်သည် ၂၀ မီတထက်ပိုရှည်ပါက ၂၀မီတာအရှည်တိုင်းတွင် ဂျိုင်းဘောက်စ် (Expension Joint ) ကိုတပ်ဆင်ရမည် ဖြစ်သည်။

⚡ Down Conductor ကို တပ်ဆင်ရာတွင် မြေပြင်နှင့်နီးကပ်လာချိန် မြေပြင်အထက် ၂မီတာကိုကာဗာပြွန် (Insulated Guard Tube) နှင့်အကာအကွယ်ပြုတပ်ဆင်ရမည်။ ထိုမှသာ မိုးကြိုးလျှပ်စီး စီးဆင်းချိန်၌ လူနှင့်သက်ရှိတို့ မတော်တဆထိမိခြင်းမှ ကာကွယ်နိုင်မည်။

⚡ Down Conductor မှ ဆွဲချစီးဆင်းလာသော မိုးကြိုးလျှပ်စီးကို မြေကြီးထဲသို့ ခွဲဖြာစီးဆင်းစေနိုင်ရန် Earthing Point ၏ Earthing Resistance ကိုတိုင်းတာနိုင်ရန် အတွက် Earth Test Link Box ကို မြေပြင်အထက် ၁.၅ မီတာတွင်တပ်ဆင်ထားခြင်းဖြစ် ESE စနစ်၏ Earthing Resistance ကို လိုအပ်သလို ခွဲခြားတိုင်းတာနိုင်မည်ဖြစ်ပြီး သီးခြားသတ်မှတ်ချက် မရှိပါက ၎င်း Earthing Resistance သည် 10 Ohm အနည်းဆုံးရှိရမည်။ သီးခြားသတ်မှတ်ချက် ( ဥပမာ 2 Ohm) ဆိုပါက ထို OHM ရရှိသည်အထိ Earthing စနစ်ကို ပြုလုပ်ရမည်။

⚡ Earth Conductor ကို မြေပြင်အောက် ( - 500 mm ) အောက်တွင်အနိမ့်ဆုံးမြုပ်နှံတပ်ဆင်ရမည်။ Under Ground တွင်မြုပ်နှံတပ်ဆင်ထားသော Electrical Wire လမ်းကြောင်းများဖြစ် အနည်းဆုံး ၁ မီတာ အကွာတွင်ထားရှိရမည်ဖြစ်ပြီး Gas Pipe Line များပါဝင်ပါက ထိုလမ်းကြောင်းမှ အနည်းဆုံး ၃ မီတာအကွာတွင် ထားရှိရမည်ဖြစ်သည် ။

# Credit - Original Uploader 🙏🙏

07/05/2024
နှစ်ကူးလက်ဆောင်ပို့ပေးပါသော"ရှမ်းကန်"မိသားစုကိုယ်ကျန်းမာစိတ်ချမ်းသာ၍ကြီးပွားတိုးတက်အောင်မြင်ပါစေလို့ဆုမွန်ကောင်းတောင်းပေ...
07/02/2024

နှစ်ကူးလက်ဆောင်ပို့ပေးပါသော"ရှမ်းကန်"မိသားစုကိုယ်ကျန်းမာစိတ်ချမ်းသာ၍ကြီးပွားတိုးတက်အောင်မြင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်။

Janko Solar N Type 575watts ရောက်ပါပြီ။
16/12/2023

Janko Solar N Type 575watts ရောက်ပါပြီ။

23/07/2023
21/05/2023
19/05/2023
Solarနဲ့သုံးသူများ၊မီးအား‌ချွေတာချင်သူများအတွက်ရောင်းအားကောင်းနေတဲ့ LG Inverter 1hp,1.5hpတွေနဲနဲရပါ့မယ်။အရင်လာဝယ်မှစိတ်ခ...
18/05/2023

Solarနဲ့သုံးသူများ၊မီးအား‌ချွေတာချင်သူများအတွက်ရောင်းအားကောင်းနေတဲ့ LG Inverter 1hp,1.5hpတွေနဲနဲရပါ့မယ်။အရင်လာဝယ်မှစိတ်ချရပါ့မယ်။LG Air Corn တွေကိုSpecial Sale prices တွေပေးထားပါတယ်နော်။

Address

105Street X 64 A Street
Mandalay

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

09953380038

Website

Alerts

Be the first to know and let us send you an email when Sai San Thein & Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share