12/03/2025
**မိမိကို အန္တရာယ် ကာကွယ်ပုံ**
မိမိတို့ကိုယ်ဝယ် အန္တရာယ် အမျိုးမျိုး၊ ဘေးဆိုး ဟူသမျှ ကင်းလွှတ်စေရန် စီရင်နည်းမှာ ့မည်သည့် နှစ်မဆို နှစ်ဆန်းတစ်ရက်နေ့တွင် နာရီ ၆ဝ ခေါ်သော တစ်ရက်၏ အတွင်း တစ်ချိန်ချိန်မှာ မိမိတို့၏နေ့အလိုက် ဘုမ္မိဖြစ်သော အရပ်တွင်
ရှိတည်သော သစ်ငုတ်ကိုကိုရှာ၍ ထိုသစ်ငုတ်တိုတွင်နောက်ပြန် ရပ်၍ ဖနှောင့်နှင့် ၇ ချက် အသက်အောင့်ပြီးလျှင် မကောင်း သမျှဘေး။ မကောင်းသမျှဒဏ် ကျွန်ုပ်အစားခံဟု နှုတ်ကဖြစ် စေ၊ စိတ်ကဖြစ်စေ မှန်းဆချွတ်ဆို၍ ကန်ကျောက်ခဲ့ပြီးလျှင် မိမိတို့၏ နေ့အလိုက် အာယုအရပ် နှံပင်ရှိရာမှာ ဖြစ်စေ၊ အနှစ်မျှ ရှိသော သစ်ပင်မှာဖြစ်စေ၊ နတ်ရဲသစ်ပင်မှာဖြစ်စေ ရေသွန်း လောင်း၍ စိတ်ကဆုတောင်းတိုင်တည်ခြင်းပြုပြီးလျှင် ကျန်းမာ ချမ်းသာ အသက်ရှည်ရန် မှန်း၍ ရေလောင်းခြင်း အမှုကို ပြုပါလေ။
ဥပမာ-
တနင်္ဂနွေ သား သမီးကိုပြုလိုက နှစ်ဆန်း တစ်ရက်နေ့တွင် ဘုမ္မိဖြစ်သော တောင်အရပ်၌ သစ်ငုတ်တိုကိုရှု ၍ ၇ ချက် အသက်အောင့်လျက် နောက်ပြန်ဆို၍ ကန်ပြီးပါက အရွေ အာယုအရပ်တွင် အုန်းပင်မှာဖြစ်စေ၊ အနှစ်ရှိသောသစ်ပင်မှာ ဖြစ်စေ၊ နတ်ရဲသစ်ပင်မှာဖြစ်စေ ရေလောင်းလျက် ဆုတောင်း ခြင်း အမှုကိုပြု။
တနင်းလာ သားသမီးမှာ အနောက် တောင် ဘုမ္မိ အရပ် သစ်ငုတ်တိုကို ကန်ခြင်း၊ အရှေ့တောင် အာယုအရပ် နံပင် အနှစ်ရှိသောသစ်ပင်၊ နတ်ရဲသစ်ပင်တွင် ဆုတောင်း၍ ရေ မလောင်းခြင်းကိုပြု။
အင်္ဂါသားသမီးမှာ ဘုမ္မိဖြစ်သော အနောက်အရပ်သစ်ငုတ် တိုတွင် ကန်ခြင်း၊ အာယူဖြစ်သော တောင်အရပ်ရှိနံပင် သစ်ပင် အနှစ်ရှိသော နတ်ရဲ သစ်ပင် တစ်ခုခုတွင် ရေလောင်း၍ ဆုတောင်းခြင်းအမှုကိုပြုပါလေ။
ဗုဒ္ဓဟူးသားသမီးမှာ ဘုမ္မိဖြစ်သော အနောက်မြောက်အရပ် သစ်ငုတ်တိုတွင် ကန်ခြင်း၊ အာယုဖြစ်သော အနောက်တောင် အရပ်ရှိ နံပင် အနှစ်ရှိသော သစ်ပင် နတ်ရဲသစ်ပင် တစ်ခုခုတွင် ရေလောင်း၍ ဆုတောင်းခြင်းစသော အမှုမျိုးကို စုံလင်စွာ ပြုပါလေ။
ကြာသပတေးသားသမီးမှာ ဘုခွဲဖြစ်သော အရှေ့မြောက် သစ်ငုတ်ဘိုတွင် ကန်ခြင်း အာယုဖြစ်သော အနောက်မြောက် အရပ်ရှိ နံပင် အနှစ်ရှိသော သစ်ပင် နတ်ရဲသစ်ပင် တစ်ခုခုတွင် ရေလောင်း၍ ဆုတောင်းခြင်း စသော အမှုမျိုးကို စုံလင်စွာ ပြုပါလေ။
သောကြာသားသမီးမှာ ဘုမ္မိဖြစ်သော အရွှေတောင်အရပ် သစ်ငုတ်တိုတွင် ကန်ခြင်း၊ အာယူဖြစ်သော အလှူမြောက် အရပ်ရှိ နံပင် အနှစ်ရှိသောသစ်ပင်၊ နတ်ရဲသစ်ပင်တစ်ခုခုတွင် ရေလောင်း၍ ဆုတောင်းခြင်းစသော အမှုမျိုးကို စုံလင်စွာ ဆင်ကြလေသည်။
စနေသားသမီးမှာ ဘုမ္မိဖြစ်သော မြောက်အရပ် သစ်ငုတ် တိုတွင် ကန်ခြင်း၊ အာယူဖြစ်သော အနောက်အရပ်နှံပင် အနှစ်ရှိသောသစ်ပင် နတ်ရဲသစ်ပင် တစ်ခုခုတွင် ရေလောင်း၍ ဆု တောင်းခြင်း စသော အမှုမျိုးကို စုံလင်စွာဆင်ကြလေ။
ရာဟုသားသမီးမှာ ဘုမ္မိဖြစ်သော အရှေ့အရပ် သစ်ငုတ် တိုတွင် ကန်ခြင်း၊ အာယုဖြစ်သော မြောက်အရပ်ရှိနံပင် အနှစ် ရှိသော သစ်ပင် နတ်ရဲသစ်ပင် တစ်ခုခုတွင် ရေလောင်း၍ ဆုတောင်းခြင်း စသည်တိုကို ပြုလုပ်ပါလေ။
#ရှားပါးစာပေ
#ဓါတ်ရိုက်ဓါတ်ဆင်ငါဘုရင်ကျမ်း