New Version Myanmar Construction Group - အသွင်သစ်မြန်မာ ဆောက်လုပ်ရေး

  • Home
  • Myanmar
  • Mandalay
  • New Version Myanmar Construction Group - အသွင်သစ်မြန်မာ ဆောက်လုပ်ရေး

New Version Myanmar Construction Group - အသွင်သစ်မြန်မာ ဆောက်လုပ်ရေး We build your future house!

ကျွန်တော်များ NVM Group မှ တာဝန်ယူဆောက်လုပ်ပြီးစီးခဲ့သော ချစ်စရာကောင်းတဲ့ အိမ်ကလေးမှာချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့စိတ်အ...
27/10/2025

ကျွန်တော်များ NVM Group မှ တာဝန်ယူဆောက်လုပ်ပြီးစီးခဲ့သော
ချစ်စရာကောင်းတဲ့ အိမ်ကလေးမှာ
ချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့
စိတ်အေးချမ်းသာစွာ နေထိုင်ချင်ရင်
ဆက်သွယ်လိုက်ပါဗျ

04/01/2025

ကိုယ်တည်ဆောက်မယ့်အိမ်ကိုချစ်ပါ🏠😍🏠

ကျွန်တော်တို့တွေရဲ့ အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ စား၊ ဝတ်၊ နေရေးမှာ နေရေးဆိုတဲ့ အချက်ဟာ အရေးကြီးလှပါတယ်။ ✅✅✅

ဘာလို့ ကျွန်တော်တို့ အဆောက်အဦးတွေဆောက်ပြီး နေထိုင်ကြတာလဲ? အဖြေကတော့ အမျိုးမျိုးရှိမှာပေါ့
- မိသားစု လုံခြုံဖို့👨‍👩‍👦‍👦👨‍👩‍👧‍👧
- Pravicy ရှိဖို့👀👀👀
- အေးအေးချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင် အနားယူနိုင်ဖို့ စသဖြင့်ပေါ့။👪👪👪

ဒီတော့ အိမ်ဆိုတာ ကိုယ့်ရဲ့ အရင်းနှီးဆုံးနဲ့ အနွေးထွေးဆုံးနေရာ တစ်ခုပေါ့။ ကျွန်တော်တို့ လူသားတွေရဲ့ ခန္ဓာကိုယ် လိုပါဘဲ အရိုး၊ အကြော၊ အေသြးအသား တွေနဲ့ ဖွဲ့စည်းထားသလို၊ အိမ်တစ်လုံးဟာဆိုရင်လည်း အရိုးနဲ့တူတဲ့ တိုင်၊ ယက်မ စတဲ့ (frame) တွေ၊ အကြော၊ အသွေးအသားနဲ့ တူတဲ့ Building Utility (ရေ၊ မီး)တွေ၊ အရေပြားနဲ့တူတဲ့ Aesthetic View , Furniture တွေနဲ့ ဖွဲ့စည်းထားတာပါဘဲဗျ။

မိမိ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းနေဖို့ဆိုရင် ကိုယ့်ကို ဆောက်မထားတဲ့ အရိုးတွေရဲ့ ကြံ့ခိုင်မှု အရေးကြီးသလို အိမ်တစ်လုံးကောင်းဖို့ဆိုရင် Structure member တွေရဲ့ ဖွဲ့စည်းမှုက အရေးကြီးပါတယ်။
ဒါပေမဲ့ ကိုယ့်အဆောက်အဦးမှာ သုံးတဲ့ Structure member size တွေကလဲ မလိုအပ်ဘဲ size ကြီးနေရင် ကုန်ကျစရိတ်များ တတ်ပါတယ်။ လိုတာထက် သေးနေငယ်နေမယ်၊ ခိုပြီးဆောက်လုပ်မယ်ဆိုရင်တော့ လုံခြုံစိတ်ချရမှုနဲ့ခိုင်ခံ့မှုအားနည်းသွားမှာဖြစ်ပါတယ်။

ဒါကြောင့် သင့်တင့်တဲ့ ကုန်ကျစရိတ်နဲ့ စိတ်ချရတဲ့ အိမ်တစ်လုံးဆောက်လိုပါက ကျွန်တော်တို့ရဲ့ New Version Myanmar Construction Group - အသွင်သစ်မြန်မာဆောက်လုပ်ရေးကိုသာ သတိရလိုက်ပါ။

"သင့်အနာဂတ်အိမ်လေးကို ကျွန်ုပ်တို့တည်ဆောက်ပေးနေပါတယ်"

New Version Myanmar Construction Group - အသွင်သစ်မြန်မာဆောက်လုပ်ရေး ၊ လူတိုင်းမေး Business Service ၊ ၅ လွှာ ၊ ၇၄ လမ်း ၊ ၃၅ နှင့် ၃၆ လမ်းကြား ၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးမြို့ ။ ဖုန်း - 09 969 660 698 , 09 777 050 029 ၊ Email [email protected], [email protected]

#အသွင်သစ်မြန်မာဆောက်လုပ်ရေး

ဆောက်လုပ်ရေးလုပ်ငန်းတွေအပ်နှံရာတွင် ချုပ်ဆိုကြသောစာချုပ်များ၌ ထည့်သွင်းပါဝင်သင့်သည့် အချက်များ 📃📃📃မင်္ဂလာပါခင်ဗျာဒီနေ့လေ...
29/07/2024

ဆောက်လုပ်ရေးလုပ်ငန်းတွေအပ်နှံရာတွင် ချုပ်ဆိုကြသောစာချုပ်များ၌ ထည့်သွင်းပါဝင်သင့်သည့် အချက်များ 📃📃📃

မင်္ဂလာပါခင်ဗျာ

ဒီနေ့လေးမှာတော့ အိမ်ခြံမြေတိုက်တာတွေ ဆောက်လုပ်ကြတဲ့အခါမှာ အိမ်ရှင်နဲ့ကန်ထရိုက်တာကြား(သို့မဟုတ်)အင်ဂျင်နီယာ(သို့မဟုတ်)အိမ်ဆောက်သည့်ဝန်ဆောင်မှုဆိုင်ရာကုမ္ပဏီအကြား ချုပ်ဆိုကြတဲ့စာချုပ်စာတမ်းကို ဘယ်လိုအချက်အလက်တွေထည့်ပြီးချုပ်ဆိုသင့်တယ်ဆိုတာကို ယနေ့ခေတ်ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်များနဲ့အညီ ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ မိမိတို့နေထိုင်မယ့်အိမ်(သို့မဟုတ်) အဆောက်အဦးကို ဆောက်လုပ်ကြတဲ့အခါမှာ ကန်ထရိုက်အပ်တာ ၊ ဆောက်လုပ်ရေးကုမ္ပဏီတွေအပ်တာ ၊ အင်ဂျင်နီယာနဲ့အပ်တာ အစရှိသည်ဖြင့်ရှိကြမှာဖြစ်သလို သာမာန်အရပ်ထဲက ပန်းရံ၊လက်သမားဆရာကြီးတွေနဲ့အပ်ကြတာမျိုးလည်းရှိနိုင်ပါတယ်။ မိမိဘက်က ငွေကုန်ကြေးကျလည်းခံနိုင်တယ်၊ အရည်အသွေးမီပြီး စိတ်ချရတဲ့ အိမ်ကိုအလိုရှိတယ်ဆိုရင်တော့ ဆောက်လုပ်ရေးလုပ်ငန်းအပ်နှံတဲ့ စာချုပ်စာတမ်းနဲ့တကွ စည်းမျဉ်းစည်းကမ်းများကိုသတ်မှတ်ပြီး အိမ်ဆောက်လုပ်တာဟာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

ဒါဆို ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေထည့်သွင်းချုပ်ဆိုထားသင့်သလဲ?📜📜📜

၁။ မိမိတည်ဆောက်မယ့် အဆောက်အဦးနဲ့ပါတ်သက်တဲ့ လုပ်ငန်းအတိုင်းအတာ(Scope of Work)🏗🏗🏗

ကိုယ်တည်ဆောက်မယ့် အဆောက်အဦးနဲ့ပါတ်သက်တဲ့ ဆောက်လုပ်ရေးဝန်ဆောင်မှုမှာ ဘာတွေပါမယ်၊ ဆောက်လုပ်မယ့်အဆောက်အဦးအတွက် လိုအပ်တဲ့ပစ္စည်းများအရည်အသွေး၊ အသုံးပြုမည့် ပစ္စည်းများရဲ့ အဆင့်အတန်း(Grade/Size) ၊ အလုပ်အချိန်ဇယား(တစ်ပါတ်မှာ ဘယ်နှရက်၊တစ်ရက်မှာ ဘယ်နှနာရီ) အစရှိတာတွေကို ပထမအချက်အနေနဲ့ဆွေးနွေးထည့်သွင်းသင့်ပါတယ်။

၂။ အိမ်ရှင်နဲ့အင်ဂျင်နီယာ(သို့မဟုတ်)ကန်ထရိုက်တာ(သို့မဟုတ်)အလုပ်လက်ခံသူတို့၏ အချက်အလက်များ📄📄📄

ဆောက်လုပ်ရေးအလုပ်အပ်နှံတဲ့နေရာမှာ နှစ်ဦးနှစ်ဖက်ယုံကြည်စိတ်ချရမှုရှိစေဖို့အတွက် အိမ်ရှင်ဘက်ကလည်း အမည်အပြည့်အစုံ၊မှတ်ပုံတင်နဲ့အဘအမည်၊နေရပ်လိပ်စာအစရှိသည်တို့ထည့်သွင်းရမှာဖြစ်သလို အလုပ်လက်ခံတဲ့သူတွေဖြစ်တဲ့ (အင်ဂျင်နီယာ၊ကန်ထရိုက်တာ)တို့ရဲ့ အမည်အပြည့်အစုံ၊ဆောက်လုပ်ရေးလုပ်ငန်းလိုင်စင်(သို့)အင်ဂျင်နီယာလိုင်စင်အမှတ်၊ လုပ်ငန်းလိပ်စာ၊ မှတ်ပုံတင်နဲ့အဘအမည်တို့ကို ထည့်သွင်းရေးသားပြီး လက်မှတ်ရေးထိုး၊လက်ဗွေနှိပ်တာတို့ကိုပြုလုပ်ထားရမှာ ဖြစ်ပါတယ်။

၃။ ဆောက်လုပ်မှုကုန်ကျစရိတ်၊ဝန်ဆောင်မှုကုန်ကျစရိတ်နှင့် ပေးချေမှုများ💵💵💵

အခုလို ငွေဈေးအပြောင်းအလဲများပြီး နိုင်ငံရပ်ခြားကဆောက်လုပ်ရေးပစ္စည်းတွေတင်သွင်းဖို့မလွယ်ကူနေတဲ့ အချိန်မျိုးမှာ အိမ်ရှင်ဘက်ကသာမက အလုပ်လက်ခံသူဘက်ကပါ နစ်နာဆုံးရှုံးမှုနဲ့စရိတ်စကအလေအလွင့်များ မဖြစ်စေရန် အလုပ်စတင်အပ်နှံစဉ်ကတည်းက ခန့်မှန်းကုန်ကျစရိတ်(Estimate Cost) နဲ့ အမှန်တကယ် ဆောက်လုပ်သည့်အခါ ကုန်ကျမည့်ကုန်ကျစရိတ်(Actual Cost)တွေနဲ့ပါတ်သက်ပြီး မည်သို့မည်ပုံစီမံခန့်ခွဲမယ်၊ မည်သို့မည်ပုံပေးချေမယ်၊ အရစ်ကျစနစ်ဖြစ်ပါက ဘယ်လုပ်ငန်းအဆင့်မှာ ဘယ်လောက်ပေးချေမယ်ဆိုတာတွေနဲ့ ငွေဈေးအပြောင်းအလဲဖြစ်ပေါ်ပါက တာဝန်ယူရမည့်သူ(အိမ်ရှင်၏ငွေပေးချေမှုနောက်ကျသည့်အတွက်ဖြစ်ပါက အိမ်ရှင်မှလည်းကောင်း၊ အလုပ်လက်ခံသူမှငွေလက်ခံရယူပြီးနောက် ပစ္စည်းများဝယ်ယူရန်နှောင့်နှေးကြန့်ကြာမှု ကြောင့်ဖြစ်ပါက အလုပ်လက်ခံသူမှလည်းကောင်း) အစရှိတာတွေကိုလည်း ဆွေးနွေးတိုင်ပင်ပြီးထည့်သွင်းချုပ်ဆိုရမှာဖြစ်ပါတယ်။ ဆောက်လုပ်ရေးအလုပ်များကိုအပ်နှံတဲ့အခါမှာ ခန့်မှန်းကုန်ကျစရိတ်ထွက်ပြီးနောက် အမှန်တကယ်ကုန်ကျစရိတ်ကို အတိအကျတွက်ချက်ပြီး ငွေအကြေချေတဲ့ အိမ်ရှင်လည်းမရှိသလောက်ရှားသလို ငွေအပြေအကြေယူပြီးနောက်မှ ထွက်ပြေးတတ်ကြတဲ့ အင်ဂျင်နီယာတွေ၊ကန်ထရိုက်တာတွေရှိတဲ့အတွက် အခုနောက်ပိုင်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ငွေပေးချေမှုအများစုကို လုပ်ငန်းပြီးမြောက်မှုနဲ့စတင်မယ့်အပေါ် ခွဲခြားပြီးပေးချေတာများပါတယ်။ ဒီအခါမှာ ငွေပေးချေမှုနဲ့ပါတ်သက်ပြီး တိတိကျကျဖော်ပြရေးသားထားမှုဟာ တာဝန်ယူမှု၊တာဝန်ခံမှုအတွက် အရေးကြီးလာမှာဖြစ်ပါတယ်။

၄။ အလုပ်ကာလသတ်မှတ်မှု(Duration)နှင့် အပြီးသတ်အပ်နှံရမည့်အချိန်သတ်မှတ်မှု(Dead Line)📆📆📅

လုပ်ငန်းစတင်ဝင်ရောက်မည့်အချိန်နဲ့ လုံလောက်တဲ့အချိန်ကာလအပိုင်းအခြား တစ်ခုကိုသတ်မှတ်တဲ့ သတ်မှတ်ချက်ကာလထည့်သွင်းထားသင့်ပြီး အပြီးသတ်အပ်နှံရမည့်အချိန်ကာလကိုလည်း အတိအလင်းဖော်ပြထားဖို့လိုအပ်ပါတယ်။ ဒီနေရာမှာလည်း အိမ်ရှင်ယူရမည့်တာဝန်လစ်ဟင်းမှုကြောင့်(သို့မဟုတ်)အခြားအကြောင်းအရာများကြောင့် နောက်ကျတဲ့အခါ (ဥပမာ-ဆောက်လုပ်ခွင့်ပါမစ်မရရှိပဲ ဆောက်လုပ်တဲ့အတွက်လုပ်ငန်းရပ်တံ့ထားပေးရတာ၊ ရန်သူမျိုးငါးပါးဘေးကြောင့်ရပ်တံ့ထားပေးရတာ) ၊ အလုပ်လက်ခံသူဘက်မှ ပျက်ကွက်မှုကြောင့် နောက်ကျတဲ့အခါ (သို့မဟုတ်) ဆောက်လုပ်ရေးပစ္စည်းများဈေးကွက်အတွင်းပြတ်လပ်နေမှုကြောင့် နောက်ကျတဲ့အခါ မည်သို့မည်ပုံစီမံခန့်ခွဲမယ်ဆိုတာတွေကိုလည်း အသေးစိတ်တိုင်ပင်ဆွေးနွေးပြီး ထည့်သွင်းရေးသားထားခြင်းအားဖြင့် နှစ်ဖက်အဆင်ပြေစေမှာဖြစ်ပါတယ်။

၅။ တာဝန်ယူမှုနှင့်သက်သာခွင့်များ👨‍💼👨‍💼👨‍💼

အဆောက်အဦးဆောက်လုပ်ဖို့အပ်နှံတဲ့အခါမှာ အိမ်ရှင်ရဲ့တာဝန်သည် ဆောက်လုပ်ခွင့်ရထားပြီး ငွေပေးချေနိုင်ဖို့ဖြစ်ပါတယ်။ အလုပ်လက်ခံသူရဲ့တာဝန်တွေကတော့ အပေါ်မှာဖော်ပြထားတဲ့ အချက်(၁)နဲ့(၄)က သတ်မှတ်ချက်တွေအတိုင်း အတိအကျဝန်ဆောင်ပေးဖို့ဖြစ်ပါတယ်။ ပေးချေထားတဲ့ ဆောက်လုပ်မှုကုန်ကျစရိတ်နဲ့ဝန်ဆောင်ခတွေနဲ့ညီမျှတဲ့ အိမ်ကိုသတ်မှတ်ဒီဇိုင်းအတိုင်းဆောက်လုပ်ပြီး အရည်အသွေးပြည့်မီဖို့ ၊ ခိုင်ခံဖို့၊ ကောင်းမွန်ဖို့တာဝန်များသည် အလုပ်လက်ခံသူရဲ့တာဝန်များဖြစ်ပါတယ်။ ဒီအတွက် အိမ်ရှင်ဘက်မှ စိတ်တိုင်းကျပြုပြင်ပြောင်းလဲတဲ့အခါမျိုးတွေမှာ ထပ်မံကုန်ကျမယ့် ကုန်ကျစရိတ်များအတွက် တာဝန်ယူရမှာဖြစ်သလို ဒီဇိုင်းအပြောင်းအလဲမှာ ဖြစ်ပေါ်လာမယ့် အကျိုးဆက်အတွက် တာဝန်ယူရမှာဖြစ်ပါတယ်။ အလုပ်လက်ခံသူဘက်မှလည်း အိမ်ရှင်စိတ်တိုင်းကျပြုလုပ်ဆောင်ရွက်ပေးမယ်လို့ လက်ခံလိုက်ပြီးနောက် ငွေလက်ခံပြီးရင် မူလသဘောတူညီချက်အတိုင်းပဲ ထပ်မံပြုပြင်တဲ့အပေါ်ကိုပါ တာဝန်ယူပေးရမှာဖြစ်ပါတယ်။ အကယ်၍ အကြောင်းတစ်စုံတစ်ရာကြောင့် အိမ်ရှင်နဲ့အလုပ်လက်ခံသူကြားမှာ ယူပေးရမယ့်တာဝန်အား ပျက်ကွက်မှုကို လက်သင့်ခံပေးရမယ့်အခြေအနေများ ရှိခဲ့ပါက အဆိုပါအခြေအနေများကိုလည်း စာချုပ်မှာဆွေးနွေးတိုင်ပင်ပြီး ထည့်သွင်းရေးသားထားခြင်းအားဖြင့် တာဝန်နဲ့ သက်သာခွင့်တွေကို အတိအလင်းဖော်ပြပြီးဖြစ်မှာဖြစ်ပါတယ်။

၆။ တာဝန်ခံမှု👷👷👷

အပေါ်မှာပြောခဲ့တဲ့ အချက်(၅)က တာဝန်တွေကိုပျက်ကွက်ခဲ့မယ်ဆိုရင် အိမ်ရှင်အနေနဲ့ပျက်ကွက်မှုကြောင့် ဖြစ်ပေါ်ခဲ့ရင် အိမ်ရှင်အနေနဲ့ဘာတွေလိုက်လျောပြီးဆောင်ရွက်ပေးရမယ်ဆိုတဲ့အချက်မျိုးဟာ တာဝန်ခံတာဖြစ်ပါတယ်။ အလုပ်လက်ခံသူဘက်ကတော့ Quality Control ဆိုတဲ့အရည်အသွေးပြည့်မီတဲ့ အပိုင်းကို မှတ်ကျောက်တင်အစစ်ခံနိုင်ရမှာဖြစ်ပြီး ကိုယ်တာဝန်ယူ ဆောက်လုပ်ပေးတဲ့အဆောက်အဦးသည် သုံးထားတဲ့ပစ္စည်း Quality ပေါ်မူတည်ပြီး ဘယ်လိုရှိရမယ်ဆိုတာကို အာမခံပေးနိုင်ရမှာဖြစ်ပါတယ်။ အလုပ်လက်ခံသူရဲ့ တာဝန်ခံမှုကတော့ သတ်မှတ်ထားတဲ့အတိုင်းဖြစ်မလာရင် အိမ်ရှင်ကျေနပ်သည်အထိ တာဝန်ခံပြီး ပြုပြင်ပေးရမယ့်အပိုင်းတွေရှိလာမှာဖြစ်သလို ပြန်လည်ပြုပြင်ဆောင်ရွက်လို့မရတဲ့အခါမှာ အိမ်ရှင်ထံသို့ပေးလျော်ရမည့် နစ်နာကြေးကိုလည်း တာဝန်ခံပေးရမှာဖြစ်ပါတယ်။ ဒီလိုတာဝန်ခံပေးရမယ့် အချက်အလက်အသေးစိတ်တွေကိုလည်း နှစ်ဖက်တိုင်ပင်ဆွေးနွေးပြီးထည့်သွင်းချုပ်ဆိုထားဖို့လိုပါမယ်။

၇။ Guarantee အရည်အသွေးအာမခံမှု & Warranties တာဝန်ယူအာမခံမှု🔏🔏🔏

ဒါကတော့ အလုပ်လက်ခံသူဘက်ကနေ ကိုယ်ဆောက်လုပ်ထားတဲ့ အဆောက်အဦးအပေါ် (အခြားပြင်ပ ပရောဂ ဖြစ်တဲ့ စစ်မက်ဖြစ်ပွားမှုကြောင့်ဖြစ်စေ ၊ ထိခိုက်မှုကြောင့်ဖြစ်စေ ၊ ရန်သူမျိုးငါးပါးဘေးနဲ့ပြင်းထန်တဲ့သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်စေ မှတပါး) ပုံမှန်ရှိသင့်ရှိထိုက်တဲ့ အကောင်းဆုံးအနေအထားမှာရှိမယ့် သက်တမ်းနဲ့ အသုံးပြုထားတဲ့ပစ္စည်းများ၏ သက်တမ်းမည်ရွေ့မည်မျှ ရှိရမည်ကို ထည့်သွင်းချုပ်ဆိုထားသင့်ပါတယ်။ သဘာဝဘေးအန္တရာယ်နဲ့ပါတ်သက်ပြီး ဥပမာပြရလျှင် - အဆောက်အဦးတစ်ခုသည် စနစ်တကျဆောက်လုပ်ထားမည်ဆိုပါက အသေးစားငလျှင်ဒဏ်လောက်ကိုတော့ ခံနိုင်ရည်ရှိရမှာဖြစ်ပါတယ်။ လေပြင်းဒဏ် ၊ မုန်တိုင်းဒဏ်တော့ အတော်အသင့်ခံနိုင်ရမှာဖြစ်ပါတယ်။

၈။ ပြစ်ဒဏ်👮👮‍♀️👮
အပေါ်မှာပြောခဲ့တဲ့ အချက်တွေကို ချိုးဖောက်ရင်၊ပျက်ကွက်ရင် ၊ လစ်ဟင်းရင် ဘယ်လိုကုစားမှုပေးရမယ်၊ ဘယ်လိုပေးလျော်ရမယ်၊ ဘယ်လို တာဝန်ယူရမယ်ဆိုတာတွေထည့်သွင်းရေးသားထားသင့်ပြီး ဥပဒေကြောင်း အရတရားစွဲဆိုအရေးယူဆောင်ရွက်ခြင်းခံရမယ်ဆိုတာကိုလည်း ထည့်သွင်းရေးသားထားရပါမယ်။ ထို့အတူ ပျက်ကွက်မှုတွေကြောင့်တရားစွဲဆိုတဲ့အခါမှာ ကုန်ကျခဲ့တဲ့တရားစရိတ်တွေကိုလည်း ပျက်ကွက်သူကကျခံပေးရမယ်ဆိုတဲ့အချက်ကိုပါ ထည့်သွင်းချုပ်ဆိုထားရပါမယ်။

ဒါတွေကတော့ မပါမဖြစ်ထည့်သွင်းချုပ်ဆိုသင့်တဲ့ အချက်တွေဖြစ်ပြီး အိမ်ရှင်နဲ့အလုပ်လက်ခံသူအကြား အခြားသောသဘောတူညီချက်တွေကိုလည်းထည့်သွင်းချုပ်ဆိုပြီး လိုအပ်လျှင် စာချုပ်ကိုမှတ်ပုံတင်ထားတာမျိုးလည်းပြု လုပ်သင့်ပါတယ်။

တိကျသေချာသော ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ချိတ်ဆက်၍ ခေတ်မီကောင်းမွန် လှပခိုင်ခံ့သော နေအိမ်မင်္ဂလာများပိုင်ဆိုင်နိုင်ကြပါစေ🙏🙏🙏

ဦးရဲမာန်မြတ်ဆွေ (Legal Advisor)

မိတ်ဆွေတို့တည်ဆောက်မည့် အိမ်အဆောက်အဦးများအတွက် ကန်ထရိုက်ဆောက်လုပ်လို၍ဖြစ်စေ၊ ဆောက်လုပ်ပြီးစီးထားသော အဆောက်အဦးအရည်အသွေးစစ်ဆေးလို၍ဖြစ်စေ၊ အဆောက်အဦးဆောက်လုပ်ရန် လုပ်ငန်းအပ်နှံစာချုပ်ချုပ်ဆိုလို၍ဖြစ်စေ အကောင်းဆုံးဖြစ်မယ့်ဝန်ဆောင်မှုကိုရှာနေတယ်ဆိုရင်တော့ 👇👇👇

"သင့်အနာဂတ်အိမ်လေးကို ကျွန်ုပ်တို့တည်ဆောက်ပေးနေပါတယ်"

New Version Myanmar Construction Group - အသွင်သစ်မြန်မာဆောက်လုပ်ရေး ၊ လူတိုင်းမေး Business Service ၊ ၅ လွှာ ၊ ၇၄ လမ်း ၊ ၃၅ နှင့် ၃၆ လမ်းကြား ၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးမြို့ ။
☎☎ ဖုန်း - 09 969 660 698 , 09 777 050 029 ၊📧📧 Email [email protected], [email protected]

#အသွင်သစ်မြန်မာဆောက်လုပ်

20/07/2024
5.7.2024 က လုပ်ငန်းအပ်နှံစာချုပ်ချုပ်ဆိုခဲ့ပြီး 📃📃📃 6.7.2024 နေ့တွင် မြေနှုတ်ခြင်း၊ ပရိတ်ရွတ်ခြင်း ၊ 7.7.2024 နေ့တွင် ပန...
08/07/2024

5.7.2024 က လုပ်ငန်းအပ်နှံစာချုပ်ချုပ်ဆိုခဲ့ပြီး 📃📃📃
6.7.2024 နေ့တွင် မြေနှုတ်ခြင်း၊ ပရိတ်ရွတ်ခြင်း ၊
7.7.2024 နေ့တွင် ပန္နက်တင် မင်္ဂလာပြုလုပ်ခြင်းများ ဆောင်ရွက်၍ အဆောက်အဦးအသစ် စတင်ဆောက်လုပ်တော့မည့် အမရပူရ မြို့နယ် ၊ ပိန်းတန်းရပ်ကွက် ၊ ဘူတာလမ်းရှိ Construction Site 🏗🏗🏗

မိမိတို့၏ New Version Myanmar Construction Group - အသွင်သစ်မြန်မာ ဆောက်လုပ်ရေးအား ယုံကြည်စိတ်ချစွာဖြင့် အလုပ်အပ်နှံ တာဝန်ယူတည်ဆောက်ခွင့်ပြုပါသော အိမ်ရှင်အား အထူးပင်ကျေးဇူးတင်ရှိပါသည်။ 🙏🙏🙏

“ သင့်အနာဂတ်အိမ်လေးကို ကျွန်ုပ်တို့တည်ဆောက်ပေးနေပါတယ်”
🏡🏠🏘

📍 New Version Myanmar Construction Group - အသွင်သစ်မြန်မာဆောက်လုပ်ရေး ၊ လူတိုင်းမေး Business Service ၊ ၅ လွှာ ၊ ၇၄ လမ်း ၊ ၃၅ နှင့် ၃၆ လမ်းကြား ၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးမြို့ ။
📞ဖုန်း - 09 969 660 698 , 09 777 050 029 ၊
📧 Email – [email protected], [email protected]

#အမရပူရပိန်းတန်းရပ် #အသွင်သစ်မြန်မာဆောက်လုပ်ရေး #လုပ်ငန်းအပ်နှံစာချုပ် #ပန္နက်တင်မင်္ဂလာ #မြေနှုတ် #ပရိတ်ရွတ်

အမရပူရမြို့နယ်၊ ရွှေခဲရပ်ကွက်မှာ New Version Myanmar Construction Group မှ ကြီးကြပ်တာဝန်ယူဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်တဲ့ ...
02/07/2024

အမရပူရမြို့နယ်၊ ရွှေခဲရပ်ကွက်မှာ New Version Myanmar Construction Group မှ ကြီးကြပ်တာဝန်ယူဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်တဲ့ RC နှစ်ထပ်ခွဲတိုက်လေးဖြစ်ပါတယ်။

အသေးစိတ်လေးတွေကို သေသေချာချာထည့်သွင်းဆောက်လုပ်ထားတာဖြစ်တဲ့အတွက် Video လေးနဲ့ပြပေးသွားပါဦးမယ်။

New Version Myanmar Construction Group - အသွင်သစ်မြန်မာ ဆောက်လုပ်ရေး
We build your future house!

ရေရှည်ခိုင်ခံ့ကောင်းမွန်ပြီး သပ်ရပ်လှပတဲ့ အဆောက်အဦးနှင့် ဒီဇိုင်းဆိုသည်မှာ(Sustainable Design and Building)အဆောက်အဦးတစ်ခ...
22/06/2024

ရေရှည်ခိုင်ခံ့ကောင်းမွန်ပြီး သပ်ရပ်လှပတဲ့ အဆောက်အဦးနှင့် ဒီဇိုင်းဆိုသည်မှာ(Sustainable Design and Building)

အဆောက်အဦးတစ်ခု ဆောက်တော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်၊ ကြိုတင်စဉ်းစားပြီးမှ သေချာစွာ ဒီဇိုင်းရေးဆွဲ၊ တွက်ချက်ခြင်းဟာ အရေးကြီးလှပါတယ်။ အဲ့ဒါမှသာလျှင် အိမ်ရှင်များအတွက် (cost efficiency) ကုန်ကျစရိတ်သက်သာတဲ့၊ (safety) ကလုံခြုံမှုရှိတဲ့၊ (serviceability)အဆင်‌‌ေပြသက်သာစွာနေထိုင်အသုံးပြုနိုင်တဲ့ အဆောက်အဦးတစ်လုံးရရှိမှာဖြစ်ပါတယ်။

ဒီသုံးခုလုံးအချိုးညီညီ ပေါင်းစပ်နေဖို့လိုအပ်ပါတယ် ။ တစ်ဖက်ဖက်မှာအားနည်းသွားခဲ့ရင်ဘာတွေဖြစ်လာနိုင်သလဲ?
ကုန်ကျစရိတ်သက်သာမှု ကိုဦးစားပေးလွန်းရင်း safety နဲ့ serviceability မှာ အားနည်းသွားတတ်ပါတယ်။ ကိုယ်ခေတ်ပြောင်းလဲလာတာနဲ့အမျှ အဆောက်အဦးရဲ့အမြင်ဆန်းသစ်မှုရရှိဖို့လည်းနည်းပါမယ်။

ဒီနေရာမှာ sustainablility ဆိုတာ (မိမိအိမ်ဟာအမြဲတမ်း‌ေကာင်းမွန်‌ေနဖို့)ဖြစ်ဖို့ဆိုရင်လက်ရှိအနေအထား တစ်ခုသာမက အဆောက်အဦးရဲ့ life span(သက်တမ်း) တစ်လျှောက်လုံး ဒီအိမ်မှာ ကိုယ်နေထိုင်သရွေ့ အဆောက်အဦးတစ်ခုရဲ့ ပုံစံဟာ ခေတ်မီနေရမယ်၊ အဆောက်အဦးဆောက်စဉ်ကာလမှာလဲ ကုန်ကျစရိတ်မများရဘူး ထို့အတူ ဆောက်လုပ်ပြီးစီးပြီးနောက်မှာလည်း ကုန်ကျစရိတ်ရှိတာမျိုးမဖြစ်ရဘူး ၊ အဆောက်အဦးရဲ့ ဖွဲ့စည်းပုံအရလဲ compact(ကျစ်လျစ်) ဖြစ်ရမယ်၊ အဆောက်အဦးဟောင်းသွားရင်တောင် ဒီအိမ်ကို maintenance လုပ်ဖို့ maintenance cost အနည်းဆုံးဖြစ်ရပါမယ်။

ဒီလို ဒီဇိုင်းမျိုးနဲ့ အဆောက်အဦးတစ်လုံးဆောက်လုပ်ဖို့အတွက်စဥ်းစားနေပြီဆိုရင်တော့ သင့်အတွက် အသွင်သစ်မြန်မာဆောက်လုပ်ရေးအသင့်ရှိနေပါပြီ။

"သင့်အနာဂါတ်အိမ်လေးကို ကျွန်ုပ်တို့တည်ဆောက်ပေးနေပါတယ်"

New Version Myanmar Construction Group - အသွင်သစ်မြန်မာဆောက်လုပ်ရေး ၊ လူတိုင်းမေး Business Service ၊ ၅ လွှာ ၊ ၇၄ လမ်း ၊ ၃၅ နှင့် ၃၆ လမ်းကြား ၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးမြို့။
ဖုန်း - 09 969 660 698 , 09 777 050 029 ၊ Email [email protected] , [email protected]

#အသွင်သစ်မြန်မာဆောက်လုပ်ရေး

New Version Myanmar Construction Group မှ တာဝန်ယူတည်ဆောက်ပြီးစီးခဲ့သော စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်မှ အဆောက်အဦးလေးပါ။ယု...
13/06/2024

New Version Myanmar Construction Group မှ တာဝန်ယူတည်ဆောက်ပြီးစီးခဲ့သော စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်မှ အဆောက်အဦးလေးပါ။

ယုံကြည်စွာအပ်နှံပေးသော အိမ်ရှင်မိသားစုကို မိမိတို့ အသွင်သစ်မြန်မာ ဆောက်လုပ်ရေးမိသားစုမှ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ

"သင့်အနာဂါတ်အိမ်လေးကို ကျွန်ုပ်တို့တည်ဆောက်ပေးနေပါတယ်"

New Version Myanmar Construction Group - အသွင်သစ်မြန်မာဆောက်လုပ်ရေး ၊ လူတိုင်းမေး Business Service ၊ ၅ လွှာ ၊ ၇၄ လမ်း ၊ ၃၅ နှင့် ၃၆ လမ်းကြား ၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးမြို့။
ဖုန်း - 09 969 660 698 , 09 777 050 029 ၊ Email [email protected] , [email protected]

မိုးတွင်းရောက်လာပြီဆိုတော့ အိမ်ကြီးရှင်တို့အတွက် မိုးရာသီကာလမှာ မိမိတို့တိုက်က Slab လောင်းထားပေမယ့် မိုးကယိုနေတယ် ၊ ရေစိ...
09/06/2024

မိုးတွင်းရောက်လာပြီဆိုတော့ အိမ်ကြီးရှင်တို့အတွက် မိုးရာသီကာလမှာ မိမိတို့တိုက်က Slab လောင်းထားပေမယ့် မိုးကယိုနေတယ် ၊ ရေစိမ့်တယ်ဆိုတဲ့ပြဿနာတွေ ဘာကြောင့်ဖြစ်ရတယ်ဆိုတာလေး သိရအောင်ပြောပြ ပေးသွားပါ့မယ်။

အခုမှဆောက်မယ့်အိမ်ဖြစ်ဖြစ် ၊ နှစ်ကြာရှည်နေနေတဲ့အိမ်ကို ပြုပြင်ပြီး ယခင်အိမ်ဒီဇိုင်းတွေလို သွပ်မမိုးတော့ပဲ၊ ကွန်ကရစ်နဲ့ပဲ စလပ်ပြင်လောင်းတဲ့အခါ Slab အမိုးပြင်တွေမှာ crack တွေပေါ်နိုင်တဲ့အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ဥပမာ- concrete လောင်းစဉ် temperature changes ဖြစ်ခြင်း၊ rebar cover မရလို့ စတဲ့အကြောင်းအရင်းတွေအများကြီးအနက် အခုပြောပြပေးသွားမယ့် ဆောက်လုပ်မှုဒီဇိုင်းတွက်ချက်တာမျိုးတွေ မပါဝင်ရင် အပေါ်မှာပြောထားတဲ့ မိုးယိုတယ်၊ရေစိမ့်တယ်ဆိုတာတွေဖြစ်တတ်တဲ့အပြင်မိုးများတဲ့ဒေသမှာဆောက်မယ့်အဆောက်အဦး‌များကို ဒီဇိုင်းတွက်ရာမှာ rain load ကို မစဉ်းစားတာ ၊ဆောက်တဲ့အခါ ရေဆင်းslope နဲ့မိုးရေဆင်းပိုက်မလုံလောက်တာနဲ့ကြုံခဲ့ရင် အမိုးslab တွေမှာ Deflection တွေဖြစ်လာပြီးကြောင့်ပါcrack တွေကြောင့် မိုးရေယို့စိမ်တာတွေဖြစ်တတ်ပါတယ်။ မန္တလေးမှာဖြစ်စေ ၊ ဘယ်နေရာမှာပဲဖြစ်စေ အဆောက်အအုံဆောက်မယ်ဆို ဖောင်ဒေးရှင်းက အရေးကြီးတယ်ဆိုတာလူတိုင်းသိကြမှာပါ။ ဒါပေမယ့် “ခေါင်ကစ မိုးမလုံ”ဆိုတဲ့ စကားပုံကိုလည်း ကျနော်တို့ မေ့မထားသင့်ပါဘူး ။ ဒီနေ့ကျနော် ပြောပြပေးသွားမယ့် Rain Load(မိုးရေကြောင့် အဆောက်အဦးပေါ်သက်ရောက်မှုအား) အကြောင်းကတော့ ဒီစကားပုံကို မြင်သာထင်သာရှိစေမှာပါ။

ကိုယ့်အဆောက်အဦးမှာ RC Slab အမိုးအသုံးပြုခဲ့မယ်ဆိုရင် Slab မှာရေဆင်းမကောင်းလို့ပဲဖြစ်ဖြစ် ၊ မိုးရေဆင်းပိုက်တွေ အမှိုက်ပိတ်လို့ပဲဖြစ်ဖြစ် မိုးကြီးလာတဲ့အခါ အဆောက်အဦးတွေမှာ Ponding Effect(ရေအိုင်ခြင်း) ပြဿနာဆိုတာမျိုးဖြစ်လာနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ Slab တွေမှာ (Cracking)အက်ကြောင်းပေါ်ခြင်း၊ မိုးရေယိုစိမ့်ခြင်း စတဲ့ပြဿနာတွေ ဖြစ်လာတဲ့အခါ ပြန်လည်ပြုပြင်တဲ့ ကုန်ကျစရိတ်တွေပါလာနိုင်ပါတယ်။ ဒီလိုပြဿနာတွေမဖြစ်အောင် Roof Slab တွေမှာ Slab ရေဆင်းအနည်းဆုံး တစ်ပေမှာ ၁/၄ လက်မ ထားသင့်ပါတယ် ။ အိမ်ကြီးရှင်တို့အနေနဲ့ ကိုယ့်အိမ်အဆောက်အဦးရဲ့ စလပ်မိုးပေါ်ကို မိုးရွာရင်သက်ရောက်မယ့် Rain Load ကိုတွက်ချင်ရင်တော့ ဗဟုသုတအနေနဲ့ အခုပုံ(၂)မှာပြထားပေးတဲ့အတိုင်းလေး တွက်ချက်ကြည့်နိုင်ပါတယ်။ ဒီလိုတွက်ချက်တဲ့နေရာမှာလည်း ကိုယ့်ဒေသရဲ့နှစ်စဉ် အများဆုံးမိုးရေချိန် လက်မ စံချိန်ဘယ်လောက်ရှိတယ်ဆိုတာမျိုးသိရှိထားရင် ပိုအသုံးဝင်ပါတယ်။

အခုလို အသေးစိတ်တွက်ချက်မှုနဲ့ တိတိကျကျ စီမံဆောက်လုပ်တဲ့ အိမ်လေးတွေကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကျနော်တို့ရဲ့ New Version Myanmar Construction Group - အသွင်သစ်မြန်မာဆောက်လုပ်ရေး နဲ့ ချိတ်ဆက်ပြီး တည်ဆောက်နိုင်ပါပြီ။

“သင့်အနာဂါတ်အိမ်လေးကို ကျွန်ုတို့တည်ဆောက်ပေးနေပါတယ်”
New Version Myanmar Construction Group - အသွင်သစ်မြန်မာဆောက်လုပ်ရေး ၊ လူတိုင်းမေး Business Service ၊ ၅ လွှာ ၊ ၇၄ လမ်း ၊ ၃၅ နှင့် ၃၆ လမ်းကြား ၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးမြို့။
ဖုန်း - 09 969 660 698 , 09 777 050 029 ၊ Email – [email protected] , [email protected]

Address

74St, 35 & 36 Street, Maharaungmyay Tsp
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when New Version Myanmar Construction Group - အသွင်သစ်မြန်မာ ဆောက်လုပ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share