13/01/2024
မြေအောက်ရေကန် အနက်ကြီးထားသင့်သလား
အိမ်ရှင်အများစုဟာမိမိအိမ်မှာ မြေအောက်ရေကန်တည်တဲ့အခါ ရေများများဆံ့ချင်ကြပါတယ်။ ဒီအခါမှာ ရေကန်အရွယ်အစားကိုကြီးပေးရတာမျိုး ရေကန်ကို နက်အောင်လုပ်ပေးရတာမျိုးတွေရှိလာပါတယ်။
📌ပထမဆုံးအနေနဲ့ အကြံပေးလိုတာကတော့ ရေကန်တည်ဆောက်တဲ့အခါ နေမဲ့လူဦးရေ သုံးမဲ့ရည်ရွယ်ချက်ထပ် နဲနဲလေးပဲပိုပြီး လုပ်ထားရင်ရပါပြီ။
📌ရေပြတ်ခဲ့ရင်ဆိုပြီး ရေကန်ကိုအဆမတန်အကြီးကြီးတွေလုပ်တာဟာ ထင်သလောက်အကျိုးမများပါဘူး။
📌ရေကန်အရွယ်အစားကိုချဲ့လိုက်ရတာ ပြဿနာမရှိပေမဲ့ ရေကန်ကို ပိုပြီးနက်အောင်လုပ်လိုက်ရတာ ပြဿနာရှိပါတယ်။
✅ရေကန်ဆိုတာမျိုးက တစ်နှစ်တစ်ခါလောက်ဖြစ်စေ သန့်ရှင်းရေး၀င်လုပ်ရတာမျိုးရှိပါတယ်။ ဒီလိုရေကန်သန့်ရှင်းရေးလုပ်တဲ့အခါမှာ ရေကန်က 6 ပေလောက်ပဲနက်နေရင်တောင် အောက်ထဲကိုဆင်းရတဲ့သူအတွက်အဆင်မပြေပါဘူး။
✅မိသားစုနေအိမ်အတွက် သုံးမဲ့ရေကန်ကအနက် 5 ပေခွဲလောက်ဆိုအဆင်ပြေပါပြီ။ 5 ပေခွဲလောက်ကန်မှာ မတော်တဆ လူပြုတ်ကျခဲ့ရင်တောင်အန္တရာယ်မရှိနိုင်ပါဘူး။
📌တကယ်လို့ ရေကအများကြီးသုံးရမှာ ရေကန်အနက်ကို 6 ပေထက်ပိုပြီးနက်မှအဆင်ပြေမယ်ဆိုရင်တော့
1️⃣ ရေကန်လူ၀င်ပေါက်ပို 2 ပေခွဲပတ်လည်လောက်ထားပါ။
2️⃣ ရေကန်၀င်ပေါက်အောက်တည့်တည့်နေရာကို ခုံလေးလုပ်ပြီးမြှင့်ထားပါ။
3️⃣ ရေဂါလံအများကြီးထည့်ရတော့မယ်ဆိုရင်တော့ အကောင်းဆုံးက ကွန်ကရစ်နံရံလောင်းပြီး ရေကန်ကိုတည်ဆောက်လိုက်တာပါပဲ။
tank