Aung Myin Thu Construction & Development Co., Ltd.

Aung Myin Thu Construction & Development Co., Ltd. Construction & Development Company Limited

ကြာဇံဟင်းခါးစတုဒီသာ လာ‌ရောက်သုံးဆောင်ကြပါရန် ဖိတ်ကြားခြင်းအောင်မြင်သူ ကုမ္ပဏီများအုပ်စု၏ (၁၅)နှစ်တိုင်တိုင် နှစ်စဉ်ပြုမြ...
08/05/2025

ကြာဇံဟင်းခါးစတုဒီသာ လာ‌ရောက်သုံးဆောင်ကြပါရန် ဖိတ်ကြားခြင်း

အောင်မြင်သူ ကုမ္ပဏီများအုပ်စု၏ (၁၅)နှစ်တိုင်တိုင် နှစ်စဉ်ပြုမြဲ အာစိဏ္ဏကံကုသိုလ်တော်ဖြစ်သော ကြာဇံဟင်းခါးစတုဒီသာ ကျွေးမွေးခြင်းကို မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရားကြီးတွင် ၁၃၈၇ ခု ကဆုန်လပြည့် တနင်္ဂနွေနေ့ (11.5.2025)ရက်နေ့တွင် ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးမှ မိဘပြည်သူများ လာရောက်သုံးဆောင်ကြပါအုံးလို့ စိတ်စေတနာထက်သန်စွာဖြင့် ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ

အကြောင်းသင့်လို့ပြောရရင် ကဆုန်လပြည့်နေ့ဆိုတာ ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးတန်ဖိုးထားရသော ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ပါ ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုသည့်အတိုင်း ဗျာဒိတ်‌တော်ခံယူတော်မူသော၊ ဖွားမြင်တော်မူသော၊ ဘုရားပွင့်တော်မူသော၊ ပရိနိဗ္ဗာန်စံတော်မူသော ဟူသည့် အင်မတန်ထူးခြားမွန်မြတ်တဲ့ ဗုဒ္ဓနေ့ဖြစ်ပြီး သာသနာတော်နှစ် ၂၅၆၈ ခုနစ်ရဲ့ နောက်ဆုံးရက်လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် ဗုဒ္ဓနေ့အထိမ်းအမှတ် ကြာဇံဟင်းခါးစတုဒီသာအလှူတော်ဆိုရင်လည်း မမှားဘူးပေါ့

အဲဒီလို့ မွန်မြတ်သန့်စင်တဲ့ ဗုဒ္ဓနေ့မှာ
ကြာဇံဟင်းခါးဘယ်အချိန်ကစ ကျွေးမလဲဆိုရင်
ကြာဇံဟင်းကျက်တဲ့အချိန်က စပြီး ကျွေးမှာပေါ့
ဒါပေမယ့်လို့ ညနေ နေမကျခင် ကျက်အောင်လို့တော့ အောင်မြင်သူအဖွဲ့သားတွေ ဝီရိယထားလို့ကြိုးစားချက်ကြပါမယ်

ဘယ်ချိန်ထိ ကျွေးမှာလဲ မမေးပါနဲ့
မကုန်မချင်းကြွေးမှာပါ
မကုန်မချင်းဆိုလို့လဲ နည်းနည်းလေးမထင်ပါနဲ့
ကြာဇံအချိန်တစ်ရာကို
ကြက်သားဟာလာနဲ့ နိုင်းခြင်းရောပြီး
လာသမျှကို နောင်လည်းအခါခါတနေစေရအောင်
အောင်မြင်သူ မိသားစုများက လက်စွမ်းပြ ချက်ပြုတ်ကြမှာပါ

မလှူခင် လှူဆဲ လှူပြီး စလယ်ဆုံး
စေတနာသုံးတန် ရှေ့ဆောင်လို့ ပြုကြတဲ့အလှူပွဲမို့
လာရောက်သုံးဆောင်ကြပါအုံးလို့
စိတ်ဆန္ဒနဲ့ ဖိတ်မန္တကပြုလိုက်ပါတယ်

နှစ်စဉ်ပြုမြဲလို့ဆိုသည်အတိုင်း အရင်နှစ်ကပြုဖူးတဲ့ပုံရိပ်လေးများကို အမှတ်တရအဖြစ် ပြန်လည်တင်ပြလိုက်ပါတယ်

အားလုံးသော မြန်မာနိုင်ငံသားအပေါင်း ငလျင်ကပ်ဆိုးဘေးနှင့်တကွ ဘေးအပေါင်းရန်အပေါင်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ပါစေကြောင်း အောင်မြင်သူ ကုမ္ပဏီအုပ်စုနှင့် ဝန်ထမ်းမိသားစုများမှ ဆုမွန်ကောင်းပို့သအပ်ပါတယ်ခင်ဗျာ 🙏🙏🙏

ထူးမြတ်ပေစွ တပေါင်းလအေးတစ်ဝက် ပူတစ်ခါနဲ့ တပေါင်းလရာသီ ရောက်ရှိလို့လာပါပြီ။ရှေးလူကြီးသူမများပြောတဲ့ နေ့ပူညချမ်း တပေါင်းလသ...
13/03/2025

ထူးမြတ်ပေစွ တပေါင်းလ

အေးတစ်ဝက် ပူတစ်ခါနဲ့ တပေါင်းလရာသီ ရောက်ရှိလို့လာပါပြီ။
ရှေးလူကြီးသူမများပြောတဲ့ နေ့ပူညချမ်း တပေါင်းလသရမ်းဆိုသလို
နေ့ခင်းပူပေမယ့် ညမှာတော့ အေးနေသေးတယ်။
နွေရာသီရဲ့ ပထမဦးဆုံးလလည်းဖြစ်တာမို့ တစ်နှစ်တာလုံး စိမ်းလန်းခဲ့သော သစ်ရွက်တို့သည် အသစ်အသစ်သော ရွက်နုတို့ဖြစ်ပေါ်လာဖို့ သူတို့နေရာက ခွာပေးကြလေပြီ။

ဆယ့်နှစ်လရှိတဲ့ မြန်မာလများထဲမှာ နောက်ဆုံးလဖြစ်ပြီး အလှဆုံးလတစ်လလို့ကော ဆိုနိုင်မလား။
ရှေးကာရီက အကျော်အမော် စာဆိုတော်များကတော့ဖြင့် တပေါင်းလအကြောင်းသည် ဖွဲ့နွဲ့လို့အကောင်းဆုံးဟု ယူဆထားကြသလိုမျိုး သူတစ်မျိုး ငါတစ်သွယ် အဖုံဖုံအမျိုးမျိုး စာချိုးတွေ ရှိခဲ့ကြပါတယ်။

စာဆိုတော်ကြီး ဦးမောင်ကလေးက တပေါင်းလအကြောင်း ဒီလိုဖွဲ့နွဲ့ထားတာတွေ့ရပါတယ်..

"ဆောင်းသက်လေ၊ ရော်ရွက်ကြွေ မြေမှာခပါတဲ့၊ နွေလအပြောင်း။ ပြာနုငယ်ကြည်၊ ကာဠုထေရ် ဂါထာစီတဲ့၊ ရာသီမိန်ချိန်သမယမှာ၊ လွမ်း(စရာ့) လှတပေါင်း"

စာဆိုတော်ကြီးကတော့ တပေါင်းလဟာ လှပလွန်းလို့ လတပေါင်းလို့တောင်မရေးပဲ လှတပေါင်းလို့ဖွဲ့နွဲ့ထားတာ တွေ့ရပါတယ်။

သျှင်ဥတ္တမကျော်၊ မယ်ခွေ၊ မဟာ အတုလမင်းကြီး၊ လူဦးမင်း၊ ဦးယာ၊ သူတော်ဦးမင်း၊ စလေဦးပုည စသည့်စာဆိုတော်ကြီးများကလည်း တပေါင်းလ၏ သာယာပုံကို တခမ်းတနား သီကုံးဖွဲ့နွဲ့ခဲ့ကြတာ ရှာဖွေဖတ်ရှုနိုင်ကြပါတယ်။

ကျွန်တော်တို့ဘိုးဘေးဘီဘင်မြန်မာများဟာ ဘယ်အမည်ကိုမှ အဓိပ္ပါယ်မဲ့ လက်လွတ်စပယ် မမှည့်ခေါ်ကြပါဘူး။ အထူးသဖြင့် ဆယ်နှစ်လရာသီလတွေမှာ တော်တော်များများ သူ့အဓိပ္ပါယ်နှင့်သူ ရှိနေတတ်ပါတယ်။

ပမာအားဖြင့် တပို့တွဲလမှာ ထန်းတက်ခြင်းဖြင့် အသက်မွေးသောသူတို့၏(ဝါ)ထန်းတက်သမားတို့၏ လုပ်ငန်းအစလဖြစ်ပြီး စင်စစ် တပို့တွဲမဟုတ်၊ ထန်းပို့တွဲလသာဖြစ်ပါတယ်။ ထန်းပင်မှ ပိုထွက်နေသော ထန်းလက် ထန်းရွက်အရင့်တို့ကို ခုတ်ထစ်ပြုပြင်ရသောလဖြစ်၍ ထန်းပို့တွဲမှ တပို့တွဲဟု အဆင့်ဆင့်ပြောင်းခဲ့ပါတယ်။

တပေါင်းလမှာလည်း ထန်းသမားတို့ တပို့တွဲလတွင် ပြုပြင်ထားသော ထန်းနို့ထန်းခိုင်စသည်တို့ဝယ် မြူအိုးဖြင့်ခံ၍ ရသော ထန်းရေတို့ကို ဖျဉ်းအိုးကြီးများဖြင့် စုပေါင်း ရသော (ဝါ) ကြိုရသောလဖြစ်၍ ထန်းပေါင်းလဟုခေါ်ကြပြီး ထိုမှ တပေါင်းလဟုဖြစ်လာသည်ဟု မှတ်သားဖူးပါတယ်။

ကျွန်တော်တို့ ဆောက်လုပ်ရေးနယ်ပယ်တွင်တော့ အလုပ်လုပ်လို့ကောင်းတဲ့ လတစ်ဆိုလည်း မမှားပါဘူး။ ဒီနောက်လဆို အရိပ်ထဲနေရင်တောင် ချွေးတစ်စက်စက်ကျသော လတန်ခူးကို ရောက်ပါပြီ။

အားလုံးပဲ တပေါင်းပွဲတော်ကို ပျော်ရွင်စွာနဲ့ ကုန်ဆုံးနိုင်ကြပါစေကြောင်း အောင်မြင်သူဆောက်လုပ်ရေးနှင့်ဖွံ့ဖြိုးရေးကုမ္ပဏီ မိသားစုမှ
ဆုမွန်ကောင်း‌တောင်းပေးလိုက်ပါတယ် 🙏🙏🙏

ခမောက်တစ်လုံးခေါင်းပေါ်တင်ပြီးပူရှိန်ပြင်းတဲ့ ရှင်နေမင်းကို လမင်းသာသလိုသဘောထား လုပ်ကိုင်နေကြရသူတွေမြွေပါးကင်းပါးဆိုတာ ဂရ...
02/03/2025

ခမောက်တစ်လုံးခေါင်းပေါ်တင်ပြီး
ပူရှိန်ပြင်းတဲ့ ရှင်နေမင်းကို လမင်းသာသလိုသဘောထား လုပ်ကိုင်နေကြရသူတွေ

မြွေပါးကင်းပါးဆိုတာ ဂရုမထားနိုင်ဘူး
ဓားမတစ်‌ချောင်း ခါးကြားထိုး
တံဇဉ်တစ်လက် လက်မှာကိုင်ပြီး
လယ်ကန်သင်းတွေ လျှောက်နေရသူတွေ

ဖင်ထဲကို ရွှံ့တစ်ခွဲဝင်အောင်
နွားနဲ့ဖက် ရုန်းကန်ရတဲ့
နဖူးကချွေး ခြေမအထိကျအောင် လုပ်ရသူတွေ

မိုးအစနွေအဆုံး ရာသီတုန်းလို့ စပါးပေါ်ချိန်
ဇနီးမယားကို ရွှေနားဠောင်း ငွေနားဠောင်း ဆင်ဖို့ဝေးစွ
ရာသီအစက စပါးပေါ်ပေး ကြွေးမှီတောင် ကျေအောင်မဆပ်နိုင်သူတွေ

လောကသဘာဝ ကံ‌စေစားရာ
ဇာတ်ရုပ်ကို ပီပြင်အောင် မျောပါရသူချင်း
ကိုယ့်ဝမ်းစာအတွက် ကိုယ်တတ်သလို
လုပ်ကိုင်ဖြေရှင်းကြရာ

ခင်ဗျားတို့က
အခြားသူတွေထက် ပိုနစ်နာကြတယ်

ခင်ဗျားတို့က
အခြားသူတွေထက် ပိုပင်ပန်းကြတယ်

ခင်ဗျားတို့က
အခြားသူတွေထက် ပိုဆင်းရဲကြတယ်

ယနေ့ကျရောက်သော
တောင်သူလယ်သမားနေ့မှ စ၍
ခင်ဗျားတို့ ဘဝတွေ သာယာကြပါစေ
မျှတသောရာသီဥတုကို တွေ့ကြုံရပြီး
ကြွေးမှီတွေကင်းလို့ လှူဒါန်းပေးကမ်းနိုင်ကြပါစေကြောင်း
အောင်မြင်သူဆောက်လုပ်ရေးကုမ္ပဏီမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

တောင်လှေကားအတက်ဝယ်မောင်ရေ အသွားခက်တယ် လို့မဆိုရဘူးကွယ် ဆိုတဲ့သီချင်းလို အသွားမခက်လို့ခုဆို အောင်မြင်သူတို့ ချစ်သူရှိရာ န...
31/01/2025

တောင်လှေကားအတက်ဝယ်

မောင်ရေ အသွားခက်တယ် လို့

မဆိုရဘူးကွယ် ဆိုတဲ့သီချင်းလို အသွားမခက်လို့

ခုဆို အောင်မြင်သူတို့

ချစ်သူရှိရာ နှင်းမှုံမြို့တော်မှာ

ချစ်တဲ့သူအတွက်

ချစ်မေတ္တာတွေ နှင်းလိုလွှမ်းခြုံပြီး

ဆောက်ပေးလိုက်တဲ့ ချစ်ရိပ်မြုံလေး

ခုဆို အကြမ်းထည် ပြီးသွားပြီနော်

အလျားအနံမညီတဲ့ စက္ကူတွေကို

ပိုက်ဆံလို့ သတ်မှတ်ပြီး ကြားခံဆက်ဆံနေမယ့်အစား

အသွားအပြန်ရှိတဲ့ မေတ္တာဓာတ်ဖြင့်သာ ဦးစားပေးဆက်ဆံတာမို့

လက်ခံရတဲ့ အိမ်ရှင်လည်း ပျော်တပြုံးပြုံးနဲ့ မော်မဆုံးပေါ့

ဒါကြောင့် မိတ်ဆွေတို့ရဲ့ အောင်မြင်မှုတွေ

ပိုမိုခိုင်မာအောင်တည်ဆောက်ပေးမယ့်

အောင်မြင်သူ ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေးကုမ္ပဏီနဲ့

အမြန်ဆုံးလက်တွဲပြီး

သင့်အိမ်မက်တွေကို အကောင်အထည်ဖော်လိုက်ပါ

နှစ်စဉ်နှစ်တိုင်း ပြုလုပ်သောအောင်မြင်သူ ကုမ္ပဏီ မိသားစု၏ ကထိန်အောင်ပွဲအထိမ်းအမှတ် ကြာဇံဟင်းခါး အလှူလေးပါ လမ်းပေါ်သွားလာန...
27/01/2025

နှစ်စဉ်နှစ်တိုင်း ပြုလုပ်သော
အောင်မြင်သူ ကုမ္ပဏီ မိသားစု၏
ကထိန်အောင်ပွဲအထိမ်းအမှတ်
ကြာဇံဟင်းခါး အလှူလေးပါ

လမ်းပေါ်သွားလာနေသော ဆူကြုံနိမ့်မြင့်
အယုတ်အလတ်အမြတ်မရွေး
ရဟန်းရှင်လူ လူသူလေးပါးမကျန်
ကုသိုလ်ပြုကျွေး‌မွေးခဲ့ပါတယ်

ဆွမ်းခံကြွလာတဲ့ ဆရာတော်ဘုရားကို
ဦးဦးဖျားဖျား ဆပ်ကပ်ခွင့်ရတဲ့အတွက်
ကုသိုလ်ထူးတယ်ဆိုရမှာပါပဲ

အဝေးဖိတ်နေ့မို့ ဒါနဆန်ကြွတဲ့ သီလရှင်
ဆရာလေးဆရာကြီးများကိုလည်း
ဆပ်ကပ်ခွင့်ရခဲ့ပါတယ်

‌ခေါင်းရွက်ဈေးသည်ကစလို့
ဈေးသွားဈေးလာ၊ ကျောင်းသွားကျောင်းပြန်
အိမ်နီးပတ်ဝန်းကျင် မကျန်ရအောင်
လောက်လောက်ငင ပြည့်ပြည့်ဝဝ
တိုက်ကျွေးခွင့်ရခဲ့ပါတယ်

ကြီးကျယ်ခမ်းနားသော ဂုဏ်ဒြပ်တွေမပါတဲ့
အညတရတွေရဲ့ မလှမပါပွဲမို့
အမှတ်တရတွေ ထည်ထည်ဝါဝါမရှိပေမယ့်
တွေးကြည့်ရင်
ကြည်နူးရွှင်မြူးရတဲ့ အခိုက်အတန့်လေးတော့
ဖြစ်ခဲ့တာအမှန်ပါ

ငှက်ပျောသီးကို တိပ်ကပ်တာလည်း အနုပညာတစ်ခုဆို အဆောက်အဦးကို ပိုက်စိမ်းကာတာလည်း အနုပညာတစ်ခုမဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲဝို...
18/01/2025

ငှက်ပျောသီးကို တိပ်ကပ်တာလည်း အနုပညာတစ်ခုဆို
အဆောက်အဦးကို ပိုက်စိမ်းကာတာလည်း အနုပညာတစ်ခုမဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ

ဝိုင်းခြုံမက ဘွဲ့မယူပဲ အကြော်ရောင်းပြီး သူဌေးဖြစ်ပေမယ့်
ဒီဆယ်ထပ်တိုက်ကြီးကတော့ ပိုက်စိမ်းမကာပဲ ပြီးသွားမှာမဟုတ်ဘူးနော်

ကိုကောင်းက အင်တာဗျူးမှာ စကားပြောမှားသလို
အောင်မြင်သူက ပိုက်စိမ်းကာ မမှားပါဘူးနော် သိဖို့

ဇင်အောင်က စင်ပေါ် ကွင်းထိုးဖိနပ်မစီးခိုင်းသလို
ဒီဆယ်ထပ်ပေါ်တက်ရင်လည်း ကွင်းထိုးဖိနပ်ကြီး စီးတက်ရင်တော့ အဆင်မပြေဘူးနော်

အနောနီးမတ်က ထားလိုက်ပါသီချင်းဆိုသလို
အောင်မြင်သူကလည်း ကြွားလိုက်တာလို့ မထင်စေချင်ဘူး
ပိုက်စိမ်းကာတာ ဂျွတ်ဆင်ကြီး

အဟုတ်လား တကယ်လား
မဟားတရားလုပ်ပြီး ကြွားလုံးထုတ်နေတာလား
သိချင်ရင် ပုံလေးတွေ တစ်ချက်ရှိုး

🙏မိဘပြည်သူများ အားလုံးကို ကဆုန်လပြည့်နေ့ စတုဒီသာအလှူတော်မှာ လာရောက်ကုသိုလ်ယူ သုံးဆောင်နိုင်ကြပါရန် ရိုသေစွာဖြင့် ဖိတ်ခေါ...
18/05/2024

🙏မိဘပြည်သူများ အားလုံးကို ကဆုန်လပြည့်နေ့ စတုဒီသာအလှူတော်မှာ လာရောက်ကုသိုလ်ယူ သုံးဆောင်နိုင်ကြပါရန် ရိုသေစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ ..

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်သော သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ ဟူ၍ဆိုကြသည့် ဝါဆိုလပြည့်နေ့...
01/08/2023

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်သော သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ ဟူ၍ဆိုကြသည့် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဖြစ်ပါသည်....
နေ့ထူးနေ့မြတ် အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားကြပါစေကြောင်း 𝗔𝘂𝗻𝗴 𝗠𝘆𝗶𝗻 𝗧𝗵𝘂 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 & 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗖𝗼., 𝗟𝘁𝗱. မှဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ..🙏🙏🙏
#ဝါဆိုလပြည့်

Aung Myin Thu Construction and Developement Co.,Ltd. မှ တာဝန်ယူတည်ဆောက်သော အဆင့်မြင့်ဝန်ထမ်းအိမ်ရာ (၆)ခန်းတွဲ (၁၀)ထပ် သိ...
29/07/2023

Aung Myin Thu Construction and Developement Co.,Ltd. မှ တာဝန်ယူတည်ဆောက်သော အဆင့်မြင့်ဝန်ထမ်းအိမ်ရာ (၆)ခန်းတွဲ (၁၀)ထပ် သို့ Top Engineering Consultants International Co,ltd မှ နာယကကြီး ဦးကျော်လွင်(ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး-ငြိမ်း)နှင့် ဒါရိုက်တာ
အဖွဲ့ဝင်များလာရောက်ကွင်းဆင်းစစ်ဆေးခြင်း

Location-Mandalay

ℍ𝕠𝕥𝕝𝕚𝕟𝕖 - 0977788825 / 09776788827
𝑬𝒎𝒂𝒊𝒍- [email protected]
သို့ ဆက်သွယ်နိုင်ပါသည်။

Address

Between 84 X 85, Between 30 X 31/Chan Aye Thar San Township
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959776788827

Website

Alerts

Be the first to know and let us send you an email when Aung Myin Thu Construction & Development Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Myin Thu Construction & Development Co., Ltd.:

Share