Golden World Aluminium၊ မှန်၊ UPVC Windows & Doors

Golden World Aluminium၊ မှန်၊ UPVC Windows & Doors Showroom : Corner of 62(A) x 117 Streets, Pyigyitagon Tsp. Mandalay. Phone : 09-785142209, 09-456471117, 09-420022240

🧧 Gong Xi Fa Cai! 🧧 💰 တရုတ်နှစ်သစ်ကူးအချိန်ကာလာမှ စ၍ ကျတော်များ Golden World Aluminium ၏ မိတ်ဟောင်း/မိတ်သစ်များ အားလုံး ...
16/02/2026

🧧 Gong Xi Fa Cai! 🧧

💰 တရုတ်နှစ်သစ်ကူးအချိန်ကာလာမှ စ၍ ကျတော်များ Golden World Aluminium ၏ မိတ်ဟောင်း/မိတ်သစ်များ အားလုံး အလုပ်အကိုင်အခွင့်အလမ်းအသစ်များ၊ ချမ်းသာကြွယ်ဝမှုများ၊ ကံကောင်းခြင်းများနှင့်အတူ အောင်မြင်မှုအသစ်များ တစ်နှစ်ပတ်လုံး ရရှိနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခမျာ။

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယ မှာ နယ်ဝေး မှာ ရှိတဲ့ ဘိုးဘိုးဘွားဘွား၊ ဖေဖေ၊ မေမေ၊ ညီကို၊ မောင်နှမ ဆွေမျိုးသားချင်းတွေဆီ ...
05/10/2025

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယ မှာ နယ်ဝေး မှာ ရှိတဲ့ ဘိုးဘိုးဘွားဘွား၊ ဖေဖေ၊ မေမေ၊ ညီကို၊ မောင်နှမ ဆွေမျိုးသားချင်းတွေဆီ အလည်ပြန်ချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်မိသားစုလေးနဲ့ကိုယ် စုံစုံညီညီ တောင်ပေါ်၊ မြေပြန့်၊ ကမ်းခြေ၊ ဘုရားဖူး၊ အနားယူဖို့ ခရီးထွက်ချင်လို့ပဲဖြစ်ဖြစ် ဘယ်ကိုပဲသွားချင် သွားချင် ကိုယ့်အိမ်လေးကို ဒီအတိုင်းထားသွားရဖို့ လုံခြုံရေးအတွက် စိတ်ပူနေရတုန်းပဲလား?

ဒါဆိုရင်တော့ ကျတော်တို့ Golden World Aluminium နဲ့ လက်တွဲကြည့်လိုက်ပါ။
Golden World Aluminium ရဲ့ ခိုင်ခံ့တဲ့ အလူမီနီယမ်တံခါးတွေက မိတ်ဆွေတို့ မရှိတဲ့အချိန်မှာ အိမ်ကို လုံခြုံအောင် အကောင်းဆုံး စောင့်ရှောက်ကာကွယ်ပေးထားမှာပါ။ လက်ရာအထူးကောင်းမွန်တဲ့အပြင် အရည်အသွေးမြင့် Accessories ပစ္စည်းများ နှင့် တောင့်တင်းခိုင်မာသော Quality အမြင့် အလူမီနီယမ်ဘောင်များကိုသာ အသုံးပြုထုတ်လုပ်ပေးထားတဲ့ ကျတော်တို့ ပြတင်းတံခါးလေးများက မိတ်ဆွေတို့ မိသားစုခရီးတစ်ခုပျော်ရွှင်စွာ ထွက်နိုင်စေဖို့အတွက် အကောင်းဆုံး အာမခံချက်တစ်ခုအဖြစ် ရှိနေမှာပဲဖြစ်ပါတယ်။

"မိတ်ဆွေရဲ့အိမ် လုံခြုံရေးကို ကျတော်တို့ တာဝန်ယူပေးပါရစေ။ စိတ်ချလက်ချသာ ခရီးထွက်လိုက်ပါ...."

Golden World Aluminium
Where Quality Meets Innovation

Showroom : Corner of 62(A) x 117 Streets, Pyigyitagon Tsp. Mandalay.
Contact Us : 09-785142209, 09-456471117, 09-420022240
Email : [email protected]
TikTok : .world2025


ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါသမယ မှာ ချစ်ခင်ရတဲ့ မိဘ၊ ဆွေမျိုး၊ ညီကိုမောင်နှမများ နှင့်အတူ ပျော်ရွှင်စရာ အမှတ်တရ အားလ...
05/10/2025

ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါသမယ မှာ ချစ်ခင်ရတဲ့ မိဘ၊ ဆွေမျိုး၊ ညီကိုမောင်နှမများ နှင့်အတူ ပျော်ရွှင်စရာ အမှတ်တရ အားလပ်ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း နှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေကြောင်း ကျတော်များ "Golden World Aluminium" မိသားစု မှ ဆုမွန်ကောင်းတောင်ပေးအပ်ပါတယ်ခမျာ။ 🙏🏼🙏🏼🙏🏼


#သီတင်းကျွတ်လပြည့်နေ့ #အဘိဓ္ဓမာအခါတော်နေ့
#ဆုတောင်း

အလုပ်ပိတ်ရက် အသိပေးကြေညာခြင်း၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၅ ရက် (တနင်္ဂနွေနေ့) မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၇ ရက် (အင်္ဂါနေ...
04/10/2025

အလုပ်ပိတ်ရက် အသိပေးကြေညာခြင်း

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၅ ရက် (တနင်္ဂနွေနေ့) မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၇ ရက် (အင်္ဂါနေ့) အထိသည် ‘သီတင်းကျွတ် ပိတ်ရက်များ’ ဖြစ်သည့်အတွက် ကျတော်များ "Golden World Aluminium" Showroom နှင့် စက်ရုံအား ပိတ်ထားမည်ဖြစ်ပါကြောင်း Golden World Customer များအား လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။

Golden World Aluminium
Where Quality Meets Innovation

Showroom : Corner of 62(A) x 117 Streets, Pyigyitagon Tsp, Mandalay.
Factory : Corner of 62(A) x 116(A) Streets, Pyigyitagon Tsp, Mandalay.
Phone : 09-785142209, 09-456471117, 09-420022240
Email : [email protected]
TikTok : .world2025


Golden World Aluminium မှ မကြာမှီ ထုတ်လုပ်တပ်ဆင်ပေးသွားမည့် တောင်ကြီးမြို့ရှိ အလှဆုံး နှင့် အခမ်းနားဆုံးသော နာမည်ကြီးအိမ...
26/09/2025

Golden World Aluminium မှ မကြာမှီ ထုတ်လုပ်တပ်ဆင်ပေးသွားမည့် တောင်ကြီးမြို့ရှိ အလှဆုံး နှင့် အခမ်းနားဆုံးသော နာမည်ကြီးအိမ်ယာကြီးထဲမှ Villa များဖြစ်ပါတယ်ခမျာ။ ယုံကြည်စွာဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်ပေးပါသော တာဝန်ရှိလူကြီးများ နှင့် ကူညီစောင့်ရှောက်ပေးကြသော မိတ်ဆွေများအားလုံး ကို ကျေးဇူးအထူးတင်ရှိပါတယ်ခမျာ။

Golden World Aluminium
"Where Quality Meets Innovation"

Showroom : Corner of 62(A) x 117 Streets, Pyigyitagon
Tsp, Mandalay.
Email : [email protected]
Phone : 09-785142209, 09-456471117,
09-420022240.



အားလုံးသိပြီးကြတဲ့အတိုင်း ပြီးခဲ့တဲ့ September 9ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ Apple Event မှာ Apple ဟာ သူတို့ထုတ်ကုန်တွေထ...
13/09/2025

အားလုံးသိပြီးကြတဲ့အတိုင်း ပြီးခဲ့တဲ့ September 9ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ Apple Event မှာ Apple ဟာ သူတို့ထုတ်ကုန်တွေထဲက အဓိကတစ်ခုဖြစ်တဲ့ iPhone 17 Series ကို မိတ်ဆက်သွားခဲ့ပါတယ်။ Apple က သူ့ iPhone Series တွေကို အကောင်းဆုံး ဆိုတာမျိုးတွေနဲ့ပဲ ခေတ်အဆက်ဆက် ထည့်သွင်းတည်ဆောက်ပြီး မိတ်ဆက်လာခဲ့တာပဲဖြစ်ပါတယ်။

iPhone တွေဟာ အရင်က Aluminium Frame တွေကို သုံးခဲ့ပေမယ့် iPhone X Series က စပြီး Body Frame ကို Stainless Steel တွေ နဲ့ အစားထိုးအသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် Steel ရဲ့ အားနည်းချက်တွေဖြစ်တဲ့ အပွန်းအစင်းဒဏ်မခံနိုင်တာ၊ လက်ရာတွေကျန်တာ၊ အပူအောင်းတာ စတာတွေကြောင့် iPhone 15 Series မှာ Pro နဲ့ Promax အတွက် Titanium Body Frame တွေကို အစားထိုး အသုံးပြုခဲ့ကြပါတယ်။

ပုံမှန်တွေးကြည့်မယ်ဆိုရင် Titanium ဟာ အလွန်မာကျောပြီး အပွန်းအစင်းဒဏ်ကိုလည်း ကောင်းစွာခံနိုင်တဲ့အတွက် Phone Body Frame အတွက် ပြီးပြည့်စုံတဲ့ သတ္ထုအမျိုးအစားလို့ ထင်ရပေမယ့် အဓိက ကြီးမားတဲ့အချက်ကြီး (၂)ချက် က Apple ကို Titanium အသုံးပြုမှုရပ်ဖို့ တွေးမိစေခဲ့ပါတယ်။

အဲ့ဒီ အဓိက အချက်ကြီး (၂)ချက်ကတော့ -

(၁) ကုန်ကျစားရိတ်ကြီးမားလွန်းခြင်း
(၂) Aluminium ထက် အပူစွန့်ထုတ်နိုင်နှုန်း နည်းပါးခြင်း တို့ပဲဖြစ်ပါတယ်။

အဲ့ထဲက မှ နံပါတ်(၂)အချက်ဟာ ကျတော်တို့ ပြတင်းပေါက်လုပ်ငန်း နဲ့ ဆက်စပ်နေပါတယ်။ Aluminium ဟာ အပူကူးယူနိုင်မှု မြင့်မားတာဖြစ်တဲ့အတွက် အပူစွန့်ထုတ်နိုင်မှုမှာလည်း အင်မတန် မြန်ဆန်တဲ့ သတ္ထုအမျိုးအစားဖြစ်ပါတယ်။ ရှင်းလင်းအောင် ပြောရရင် အပြင်ဘက်က အအေးဓါတ်ကိုလည်း ကောင်းစွာစုပ်ယူနိုင်သလို အတွင်းဘက် က အပူကိုလည်း ကောင်းစွာ စွန့်ထုတ်နိုင်ပါတယ်။
ဒါဟာ ဖုန်းတစ်လုံးအတွက်တော့ အပူစွန့်ထုတ်ခြင်းနဲ့ပက်သက်ပြီး ကောင်းမွန်တဲ့ အဖြေဆိုပေမယ့် ပြတင်းပေါက်တစ်ခုအတွက်တော့ အသွားနှစ်ဖက် နဲ့ ဓါးတစ်ချောင်းလိုပါပဲ။ ကောင်းတဲ့အချိန်ရှိသလို၊ ပြင်ပအပူ/အအေးများလွန်းတဲ့ ဒေသတွေမှာတော့ အဆင်မပြေနိုင်ပါဘူး။ ဒါပေမယ့် ဒီအခက်အခဲ အတွက်ကို နောက်ပိုင်းကျွမ်းကျင်ပညာရှင်များက အဖြေထုတ်ပြီးသားဖြစ်ပါတယ်။

ဟုတ်ပါတယ် Thermal Break လို့ ခေါ်တဲ့နည်းစနစ်ပါ။ Aluminium Frame အတွင်းမျက်နှာပြင် နှင့် အပြင်မျက်နှာပြင် နှစ်ခုအကြားမှာ Polyamid ကဲ့သို့ အရာဝတ္ထုတစ်ခုကို ထည့်သွင်းပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ Thermal Break Series တွေဟာ ပုံမှန် Aluminium Window Frame Series တွေထက် ဈေးကြီးပေမယ့် အပူဆုံးရှုံးမှု/ရရှိမှု လျော့နည်းခြင်း၊ အခန်းအတွင်းဘက် Frame ရဲ့ မျက်နှာပြင်နေရာများ၏ အပူချိန်ဟာ အခန်းတွင်း အပူချိန်နှင့် နီးစပ်လာပြီး သက်တောင့်သက်သာဖြစ်စေခြင်းတို့အပြင် မျက်နှာပြင်စိုထိုင်းမှုဖြစ်ပေါ်ခြင်း၊ ရေခိုးရေငွေ့ရိုက်မှုဖြစ်ခြင်း ကဲ့သို့သော Condensation Case များကိုပါ လျှော့ချပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။

နိဂုံချုပ်ရရင်တော့ Apple ဟာ သူ့ရဲ့ နောက်ဆုံးထွက် Product ဖြစ်တဲ့ iPhone 17 Pro series အတွက် CPU နဲ့ အခြားဖုန်းအတွင်းအစိတ်အပိုင်းတွေက ထွက်လာမယ့် အပူကို မြန်မြန်စုပ်ယူပြီး မြန်မြန်စွန့်ထုတ်နိုင်တဲ့ Thermal Conduction ကောင်းတဲ့အချက်ရယ်၊ Titanium ထက် ကုန်ကျစားရိတ်သက်သာတယ် ဆိုတဲ့ အချက်ရယ်၊ ထုတ်လုပ်ရာမှာ အရောင်ရွေးချယ်နိုင်မှုများပြားသွားမယ်ဆိုတဲ့အချက်တွေရယ်ကြောင့် Aluminium ကို Body Frame အဖြစ် ပြန်လည်အသုံးပြုဖို့ ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီပို့စ်လေးဟာ Aluminium နဲ့ပက်သက်တဲ့ General Knowledge တစ်ခု တိုးစေရန် ရည်ရွယ်ပြီး ရေးလိုက်တဲ့ Post ဖြစ်တာကြောင့် အမှားအယွင်း တစ်စုံတစ်ရာပါခဲ့ရင် စာရေးသူရဲ့ အာဘော်သာဖြစ်ကြောင်း နဲ့ စာဖတ်သူများမှ နားလည်ခွင့်လွှတ်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်ခမျာ။
Golden World Aluminium ကို အားပေးကြတဲ့ မိတ်ဟောင်း/မိတ်သစ်များ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံနိုင်ကြပါစေခမျာ။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခမျာ။

Golden World Aluminium
🏠Showroom : Corner of 62(A) x 117 Streets,
Pyigyitagon Tsp, Mandalay.
☎️09-785142209, 09-456471117, 09-420022240
📮📧[email protected]


လူကြီးမင်းတို့ရဲ့ အိမ်လှလှလေးတွေအတွက် ပြတင်းပေါက်၊ တံခါးပေါက်နဲ့ အခြားအလှဆင်နေရာတွေမှာ မှန်တွေသုံးရတော့မယ်ဆိုရင် -👉ဘယ်လိ...
03/09/2025

လူကြီးမင်းတို့ရဲ့ အိမ်လှလှလေးတွေအတွက် ပြတင်းပေါက်၊ တံခါးပေါက်နဲ့ အခြားအလှဆင်နေရာတွေမှာ မှန်တွေသုံးရတော့မယ်ဆိုရင် -
👉ဘယ်လိုမှန်တွေသုံးကြမလဲ?
👉ဘယ်လိုမှန်ကို ဘယ်နေရာမှာ သုံးတာက ပိုသင့်တော်လဲ?
👉ဘယ်မှန်ကတော့ ဘယ်လို အားသာချက်/အားနည်းချက်တွေ ရှိလဲ?

ဒါတွေကို လူကြီးမင်းကိုယ်တိုင် သိထားဖို့ လိုအပ်ပါတယ်။

ဒါတွေသိဖို့အတွက် လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကိုပေးပြီးတော့ လိုက်ရှာမနေပါနဲ့ 🚫⏰

📍📋ဒီပို့စ်လေးမှာ မှန်တွေရဲ့အကြောင်းနဲ့ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေ အသုံးပြုပုံ၊ အသုံးဝင်ပုံတွေ သူတို့ရဲ့ အချက်အလက်တွေ အားလုံးကို ပုံတစ်ပုံချင်းဆီရဲ့အောက်မှာ ပြည့်စုံစွာဖော်ပြပေးသွားမှာဖြစ်တဲ့အပြင် အချိန်ပေးဖတ်ဖို့မအားတဲ့ လူကြီးမင်းတွေအတွက်လည်း ပုံလေးတွေမှာ အဓိကအချက်လေးတွေကို Point Out လုပ်ပြီး ရေးထားပေးတာမို့ ပုံလေး Save ထားရင်ကို အဆင်ပြေပြီပေါ့ဗျာ။ 🥰👍

ကြိုက်နှစ်သက်တယ်၊ အကျိုးရှိတယ်ဆိုရင် Like and Share လေး လုပ်ပေးခြင်းဖြင့် ကိုယ့်ရဲ့အခြားမိတ်ဆွေတွေကိုလည်း Knowledge Sharing သဘောလေး ဖြစ်စေမှာပါဗျာ့
အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ့။
🥰🙏🏼🙏🏼🙏🏼🥰

Golden World Aluminium
"Where Quality Meets Innovation"

🏠 Showroom : Corner of 62(A) x 117 Streets,
Pyigyitagon Tsp, Mandalay.
☎️ Phone : 09-785142209, 09-456471117, 09-420022240
✉️ email : [email protected]


🌏↗️ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ ကျတော်တို့ရဲ့ လူနေမှုအဆင့်အတန်းများဟာလည်း အရှိန်အဟုန်ကောင်းစွာဖြင့်ပြောင်းလဲနေတာကို...
12/08/2025

🌏↗️ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ ကျတော်တို့ရဲ့ လူနေမှုအဆင့်အတန်းများဟာလည်း အရှိန်အဟုန်ကောင်းစွာဖြင့်ပြောင်းလဲနေတာကို လူကြီးမင်းတို့လည်း သတိထားမိမယ်ထင်ပါတယ်။ ယခင် က အိမ်တစ်လုံးတွင် သမာရိုးကျ ပြတင်းပေါက်၊ တံခါးပေါက်များကို သစ်သား နှင့် မှန်ကို ပေါင်းစပ်၍ ထုတ်လုပ်တပ်ဆင်ခဲ့ကြတာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ယခုနောက်ပိုင်းနှစ်များမှာတော့ Aluminium၊ Steel၊ သံ၊ မှန် စသဖြင့် အမျိုးမျိုးသော ကုန်ကြမ်းပစ္စည်းများကို အသုံးပြုပြီး တီထွင်ထုတ်လုပ်လာခဲ့ကြပါတယ်။

🏠🏠 ဒီိအထဲကမှ လူကြီးမင်းတို့ အိမ်အတွက် Aluminium ပြတင်းပေါက် နှင့် တံခါးပေါက်လေးတွေကို တပ်ဆင်အသုံးပြုမယ်လို့ ရည်ရွယ်ထားတယ်ဆိုရင် ဘာတွေ သိသင့်လဲ ဘာတွေက ရွေးချယ်ဖို့ အခက်တွေ့စေလည်း ဆိုတာကို ဒီပို့စ်လေးမှာ ရှင်းပြသွားမှာပါ။

📏 ပထမဆုံး သိထားသင့်တာကတော့ မိမိအိမ်မှာ အသုံးပြုမယ့် Aluminium Frame များရဲ့ အထူ(Thickness) ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ စံညွှန်းသတ်မှတ်ချက်အရ Aluminium အထူ 1.2mm နှင့် အထက်ကိုသာ အသုံးပြုသင့်ပါတယ်။ သို့ပေမယ့် Customer လိုအပ်ချက်အရ 0.8mm လောက်က စပြီး ဈေးကွက်ထဲမှာ ဝယ်ယူလို့ရပါတယ်ဗျာ့။ လူကြီးမင်းအနေနဲ့ ရေရှည်အသုံးပြုမယ် ၁၀-၁၅နှစ် လှည့်မကြည့်ချင်ဘူးဆိုရင်တော့ 1.2mm အထက်ကိုသာ အသုံးပြုဖို့ အကြံပေးချင်ပါတယ်ဗျာ့။

💵💰 ဒုတိယအချက်ကတော့ ဈေးနှုန်းပါ။ ဘယ်အထူ၊ ဘယ်လို Quality ဆို ဈေးဘယ်လောက်ဆိုတာမျိုး သိသင့်သလို။ ဘယ်လိုတွက်ချက်ယူကြလဲဆိုတာကိုပါ သိသင့်ပါတယ်။
များသောအားဖြင့် Aluminium ဆိုင်များက တစ်ပေပတ်လည်ဈေး နဲ့ ရောင်းကြတာများပါတယ်။ ဥပမာ မိမိတပ်ဆင်မည့်ပြတင်းပေါက် က ၃ပေ × ၄ပေ ဆိုရင် တစ်ပေပတ်လည်ဈေး ၁၂,၀၀၀ တန် Aluminium အမျိုးအစားသုံးမည်ဆိုပါက (၃×၄×၁၂,၀၀၀) ဒီလိုတွက်ပေးရမှာပါ။ ဒါဆိုရင် လူကြီးမင်းရဲ့ ၃ပေ ၄ပေ ပြတင်းပေါက် တစ်ပေါက်စာဈေးနှုန်းရပါပြီဗျာ့။
ကျတော်တို့ Golden World Aluminium မှာ ပစ္စည်းအရည်အသွေး နှင့် ဈေးနှုန်းကို ဈေးကွက်အတွင်း အမြဲမပြတ်လေ့လာစောင့်ကြည့်ပြီးမှ ဈေးဖွင့်တွက်ချက်ပေးတာဖြစ်တဲ့အတွက် ပစ္စည်းမှန် ကို ဈေးနှုန်းမှန် ဖြင့် ရရှိဖို့ အာမခံနိုင်ပါတယ်ဗျာ့။

🪟🚪 တတိယအချက်ကတော့ ဒီဇိုင်း နဲ့ အရွယ်အစားကို ဘယ်လိုရွေးချယ်သင့်လဲ ဆိုတာပါ။ ဒီအပိုင်း က များသောအားဖြင့် Architects များ နှင့် Engineers များက တွက်ချက် အကြမ်းဆွဲပေးကြတာများပါတယ် အိမ်ရှင်က ဆုံးဖြတ်ချက်ချရတဲ့အပိုင်းကိုသာ လုပ်ဆောင်ရတာပါ။
အချို့သော အိမ်ရှင်ကိုယ်တိုင် စိတ်တိုင်းကျ အလှဆင်ချင်တဲ့ ဆိုဒ်များမှသာ အိမ်ရှင်က အစအဆုံးရွေးချယ်ရတာဖြစ်ပါတယ်။ ဒီလိုကိုယ်တိုင်ရွေးချယ်အလှဆင်ရတာ ကို နှစ်သက်သဘောကျတဲ့ အိမ်ရှင်တွေအတွက်လည်း ဝယ်ယူရာတွင် မိမိစိတ်တိုင်းကျ ဖြစ်ချင်တာများကို ဆွေးနွေးတိုင်ပင်ရန်အတွက် ကျတော်တို့ Golden World Aluminium မှနေပြီး ကျွမ်းကျင် B.E Civil Engineer များဖြင့် Free Consulting ပြုလုပ်ပေးပါတယ်ဗျာ့။

🤝 စတုတ္ထအချက်ကတော့ ကိုယ်ဝယ်ယူမယ့် ဆိုင်ရဲ့ ယုံကြည်စိတ်ချရမှုပဲ ဖြစ်ပါတယ်။ Marketing Strategy တွေ များစွာသင်ကြားတိုးတက်လာနေတဲ့ ခေတ်မှာ သူ့ထက်ငါအပြိုင် Social Media ကို အသုံးပြုပြီး လုပ်ငန်းကို ကြော်ငြာကြတာ သဘာဝပဲဖြစ်ပါတယ်။ ဒီအထဲကမှ ဘယ်ဆိုင်ကတော့ ယုံကြည်စိတ်ချရတယ်၊ ဘာတွေ တာဝန်ယူပေးတယ် စတဲ့ Trust Issues များကို ရှာဖွေလေ့လာဆန်းစစ်ရမှာပဲ ဖြစ်ပါတယ်။
ကျတော်တို့ Golden World Aluminium ဟာဆိုရင်ဖြင့် လက်ရာပိုင်းကောင်းမွန်မှု၊ ရက်ချိန်းတိကျမှု၊ ကျတော်တို့ဘက်မှ စေတနာအပိုထားပြီး သေသပ်လှပစွာလုပ်ဆောင်ပေးမှုများကြောင့် ကျတော်တို့နဲ့ လုပ်ငန်း တစ်ခါလက်တွဲလုပ်ကိုင်ပြီးသည့် အိမ်ရှင်တိုင်းမှ အခြားလုပ်ငန်းအသစ်များ ထပ်မံအပ်နှံခြင်း၊ နှုတ်၏စောင်မခြင်းအားဖြင့် အခြားအလုပ်အပ်နှံမည့်သူများကို မိတ်ဆက်ပေးခြင်းများ ပြုလုပ်ပေးကြသည်အထိ ကောင်းမွန်သော Reputation ကို ရရှိထားသည့် လုပ်ငန်းတစ်ခုဖြစ်ပါတယ်ဗျာ့။(ယခုလို လက်တွဲခေါ်ယူပေးသော လူကြီးမင်းများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိရပါတယ်ဗျာ့။)
ထို့အပြင် မိမိရွေးချယ်ထားတဲ့ဆိုင်မှ ရရှိမယ့်ပစ္စည်းရဲ့ အရည်အသွေးစိတ်ချရမှုကိုလည်း လေ့လာသိထားဖို့လိုပါတယ်ခမျာ့။ ကျတော်တို့ Golden World Aluminium အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရ အထူဆိုဒ်ပြည့်ပြီး Color Coating ပိုင်းကို အချိန်ကာလအားဖြင့် အာမခံချက်ပေးနိုင်သော ကုန်ကြမ်းပစ္စည်းကောင်းများကိုသာ သုံးစွဲထုတ်လုပ်ပေးပါတယ်ဗျာ့။
ထို့အပြင် ပြတင်းတံခါးပေါက်များ ထုတ်လုပ်ရာတွင်လည်း လုပ်သက်ရင့် ဆရာများ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိကျသေသပ်လှပစွာ ထုတ်လုပ်ပြီး ပြတင်းတံခါးတစ်ခုစီတိုင်းမှာပါဝင်ရမယ့် Accessories ပစ္စည်းများကိုလည်း အရည်အတွက်လျှော့ထားခြင်း၊ အရည်အသွေးလျော့သုံးခြင်းမျိုးမရှိပဲ အဘက်ဘက်မှ ပြည့်စုံအောင်စဉ်းစားတွက်ချက်ပြီး ထည့်သွင်းထုတ်လုပ်ပေးပါတယ်ဗျာ့။

🛠️🧰 နောက်ဆုံးတစ်ချက်ကတော့ After Sales Service ပဲဖြစ်ပါတယ်။ ကျတော်တို့ Golden World Aluminium သည် ဝယ်ယူတပ်ဆင်ပေးပြီးသည့်တိုင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် Customer ၏ အခက်အခဲများကို ဘာကြောင့်ဆိုတဲ့ Solution ကို အရင်ရှာခြင်းထက် လျှင်မြန်စွာ သွားရောက် Action ယူလုပ်ကိုင်ပြီးမှသာ Solution ကို စဉ်းစားဖြေရှင်းရန်ဆိုသော မူကိုသာ လက်ကိုင်ထား ဆောင်ရွက်နေတဲ့ ဆိုင်ဖြစ်ပါတယ်ဗျာ့။

‼️ လူကြီးမင်းအနေဖြင့် အခြားသိလိုသည်များရှိလျှင် သို့မဟုတ် အကူအညီလိုအပ်နေတာလေးများရှိလျှင် ကျတော်တို့ Golden World Aluminium ၏ Showroom လိပ်စာဖြစ်သော 📍62(A)လမ်း နှင့် 117လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့ သို့ လာရောက်မေးမြန်းနိုင်သလို ကျတော်တို့ Golden World Aluminium ၏ ဖုန်းနံပါတ်များဖြစ်သော ☎️ 09-785142209, 09-456471117, 09-420022240 ☎️ တို့ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ဗျာ့။ စုံစမ်းမေးမြန်းခြင်းကို နွေးထွေးစွာကြိုဆိုပါတယ်ဗျာ့။

Team Member အသစ်များ အမြန်အလိုရှိပါသည်။၁။ အရောင်းဝန်ထမ်း - ၂ဦး (ကျား/မ)၂။ စာရင်းကိုင် - ၂ဦး (မ)၃။ ယာဉ်မောင်း - ၁ဦး (ကျား...
09/08/2025

Team Member အသစ်များ အမြန်အလိုရှိပါသည်။
၁။ အရောင်းဝန်ထမ်း - ၂ဦး (ကျား/မ)
၂။ စာရင်းကိုင် - ၂ဦး (မ)
၃။ ယာဉ်မောင်း - ၁ဦး (ကျား)

အမှတ်စဉ် (၁)အတွက် - လစာ ညှိနှိုင်း

- အသက် (၁၈)နှစ်မှ (၃၀)နှစ်ကြား ဖြစ်ရမည်။
- ၁၀တန်းအောင် (သို့မဟုတ်) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။
- အလူမီနီယမ် နှင့်ပက်သက်သော အရောင်းအတွေ့အကြုံရှိရမည်။
- ကွန်ပြူတာ အခြေခံ ကောင်းမွန်စွာ အသုံးပြုနိုင်ရမည်။
- စာရိတ္တကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူဖြစ်ရမည်။

____________________________

အမှတ်စဉ်(၂)အတွက် - လစာညှိနှိုင်း

- အသက် (၁၈)နှစ်မှ (၃၀)နှစ်ကြား ဖြစ်ရမည်။
- LCCI Level III အောင်မြင်ပြီးသူ ဖြစ်ရမည်။
- စာရင်းပိုင်းဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ (၁)နှစ် အနည်းဆုံးရှိရမည်။
- ကွန်ပြူတာ အခြေခံ ကောင်းမွန်စွာ အသုံးပြုနိုင်ရမည်။
- စာရိတ္တကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူဖြစ်ရမည်။

_____________________________

အမှတ်စဉ်(၃)အတွက် - လစာညှိနှိုင်း

- အသက် (၂၅)နှစ်မှ (၄၅)နှစ်ကြား ဖြစ်ရမည်။
- (ခ)လိုင်စင် သို့မဟုတ် (င)လိုင်စင် ကိုင်ဆောင်ထားသူဖြစ်ရမည်။ (င)လိုင်စင်ရှိသူ ဦးစားပေးပါမည်။
- မန္တလေးမြို့တွင်း ကျွမ်းကျင်စွာ သွားလာနိုင်ရမည်။
- ကျန်းမာရေးကောင်းမွန်ပြီး အလုပ်ချိန်အတွင်း အရက်သေစာ မသောက်စားတတ်သူဖြစ်ရမည်။
- ယာဉ်သန့်ရှင်းမှု၊ ဆီ/ရေ/လေ/ဝိုင် စစ်ဆေးမှု နေ့စဉ်လုပ်ဆောင်နိုင်ရမည်။
- စာရိတ္တကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူဖြစ်ရမည်။

စိတ်ဝင်စားပါက ၆၂(A)လမ်း နှင့် ၁၁၇လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့ရှိ Golden World Aluminium စက်ရုံတွင် လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်သလို [email protected] သို့လည်း CV form ပေးပို့ပြီး အလုပ်လျှောက်ထားနိုင်ပါသည်။

Address

62(A) X 117
Mandalay

Alerts

Be the first to know and let us send you an email when Golden World Aluminium၊ မှန်၊ UPVC Windows & Doors posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share