26/02/2025
အရပ်ထဲ , Site ထဲမှာ topping ကို လွယ်လွယ်ခင်းတက်ကြပါတယ် , ၄င်းတို့ဟာ အရင်မူလ မဆလာဂျိုးများအား သေချာမခွာခြင်း ၊ သန့်ရှင်းရေး ပြီးစလွယ် လုပ်ခြင်း ၊ လောင်းမယ့် floor ပေါ်၌ ပုံဖျော်ကာ ပေါက်တူး ဂေါ် မျှဉ်းဆွဲရ လွယ်အောင် ရေများစွာထည့်၍ မွေခြင်း၊ အခြောက်မှုန့်များ ပတ်ခြင်း ပြုလုပ်လေ့ ရှိပါတယ် ။
ဒီလိုမျိုး မလိုအပ်ပဲ over wet(အလွန်အမင်း စိုစွတ်အောင်) ဖြစ်အောင် ပြုလုပ်ခြင်းဟာ ဘိလပ်မြေ အနှစ် လေးတွေကို topping မျက်နှာပြင် ပေါ်စုအောင် လုပ်ပေးလိုက်သလိုဖြစ်ပြီး ဒါတွေဟာ topping ခြောက်သွားတဲ့ အခါမှာ dust layer( ဖုန်မှုန့် အလွှာ) တစ်ခုဖြစ်ပေါ်စေပါတယ်။ အခြောက်မှုန့်များ ( cement နင့် sand အရောအနှော) ကို စိုနေသော topping မျက်နှာပြင် ပေါ်သို့ ဖျန်းပက်ခြင်း များသည် အချိန်မတိုင်မီ concrete ခြောက်သွေ၍ crack ဖြစ်ပေါ်ခြင်းကို ဖြစ်စေတာမို့ မလိုအပ်ဘဲ အခြောက်မှုံ့ သုံးခြင်းကိုလည်း ရှောင်ရှားရပါမယ်။ အရင်မူလ မဆလာဂျိုးများကို သေချာမခွာ ၊ သန့်ရှင်းရေး ညံ ခြင်းတို့ ကြောင့် မိမိလောင်းခဲ့တဲ့ topping ဟာ ဘယ်လောက်ပဲ အရည်သွေး ကောင်းပါစေ ၊ လေခိုမှာ ကျိန်းသေပါတယ် ။ topping လေခိုသွားရင်တော့ အပေါ်က ကြွေပြားပဲခင်းခင်း ၊ ကျောက်ပြားပဲ ခင်းခင်း ၊ ပါကေးပဲ ခင်းခင်း ပျက်စီးရ လွယ်ကူသွားပြီး ပြင်ဆင်စရိတ် ကြီးမားပါတယ် ။
Topping ဘယ်လို ခင်းမလဲ ---
Topping မခင်း ခင် သန့်ရှင်းရေး အရေးကြီးပါတယ် ။ ပထမဦးစွာ ဆောင်ရွက်ရမှာက topping လောင်းမယ့် floor ဟာဆိုရင် ယခင်က အုတ်စီ/ချော လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့်သော်လည်းကောင်း၊ store နေရာအခက်အခဲအရ အုတ်၊သဲ၊ကျောက်၊cement အစရှိသည့် site သုံး ပစ္စည်းများ သိုလှောင်ထားရှိခဲ့မှုကြောင့်သော်လည်းကောင်း အမှိုက်များ၊ မဆလာဂျိုးများ ရှိနေနိုင်ပြီး ၎င်းတို့ကို လှည်းကျင်းဖယ်ရှားရပါမယ်။ ဒီလိုရှင်းလင်းဆောင်ရွက်ရာမှာ အမှိုက်များနင့် ထုထည်ရှိသော မဆလာဂျိုးများကိုသာ အလွယ်တကူ ဖယ်ရှားကြပြီး၊ floor မျက်နှာပြင် တွင် စွဲကပ်နေတတ်သော မဆလာဂျိုးများကို သေသေချာချာ မဖယ်ရှားမိပဲဖြစ်နေတတ်ပါတယ်။ ဒီလိုစွဲကပ်နေတဲ့ မဆလာဂျိုးများကို ဖယ်ရှားဖို့ အလွယ်ဆုံးနည်းကတော့ အဲ့ဒီ floor area ကို ရေသွင်းပြီး တစ်ညထားရပါမယ်။နောက်နေ့တွင် ရေစိမ်ထားသောကြောင့် ပွလာသော မဆလာဂျိုးများကို တူ၊ ခုတ်တူ တို့ကို အသုံးပြု၍ အလွယ်တကူ ဖယ်ရှားလို့ ရမှာပဲဖြစ်ပါတယ်။
ဤကဲ့သို့ သန့်ရှင်းရေး သေချာလုပ်ပြီးပါက survey ဝင်ရပါ့မယ် ။အလွန်အရေးကြီးပါတယ် ။ ရေးဆင်းထားမလား ၊ Level ထားမလား။ WC ခန်းတွေဆိုရင် ရေဆင်းမည့် ဘက် slope ပေးရတာတွေက အသက်ပါပဲ။ topping level အတွက် သတ်မှတ်ထားသည့် pier level များပေးရမှာဖြစ်ပါတယ်။ Pier ပေးရာမှာ ၎င်း pier တုံးများကို 1:2 အချိုး ဖျော်စပ်ပြီး နှစ်လက်မခန့် size များကို တစ်ခုနှင့်တစ်ခု aluminium မျှဉ်းတံ တစ်မှီစာ ပေးရမှာပါ ။ topping level အတွက် သတ်မှတ်ထားသည့် pier level များပေးရမှာဖြစ်ပါတယ်။ ဒါအပြင် topping လောင်းမယ့် ထု ဟာဆိုရင် အနည်းဆုံး 1 လက်မ ရှိနေဖို့ကိုလည်း သတိပြုရပါမယ်။ ဒါမှသာ topping layer အလွယ်တကူ ထိခိုက်ကွဲ ကြေခြင်းမျိုး မဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ Level ပေးထားသောpier များကို 24 hr ခန့် အခြောက်ခံပြီးပါက topping လောင်းခြင်းကို စတင် ဆောင်ရွက်လို့ ရပါပြီ ။
Topping လောင်းရာတွင် floor အားစိုစွတ်မှုရှိစေအောင် ဆောင်ရွက်ထားရပြီး over wet ဖြစ်မနေအောင် ဂရုစိုက်ရပါမယ်။ ကောင်းမွန်စွာသန့်ရှင်းရေး လုပ်ထားသော floor area အား cement 1ဆ water 1ဆ ရောစပ်ထားသော အနှစ်ရည်အား brush ဖြင့် floor အနှံ့ ကယ်ရီ ရိုက်ပေးရပါ့မယ်။ ထို့နောက် topping concrete ဖျော်စပ်ရမှာဖြစ်ပြီး အကောင်းဆုံးအချိုးကတော့ (1:1 1/2:2)(cement 1 : sand 1 1/2 : 3/8"size fine aggregate) ဖြစ်ပါတယ်။ (1:2:4) အချိုးကိုလည်း အသုံးပြုနိုင်ပြီး ဒီမှာတော့ အများစု အသုံးပြု ကြပါတယ်။ Topping လောင်းရာမှာ အသုံးပြုမယ် sand နဲ့ fine aggregate များကို ကြိုတင်၍ ရေဆေးခြင်း၊ အမှိုက်များ ဖယ်ရှားထားခြင်းတို့ကို ပြုလုပ်ထားရပါမယ်။
ဒါ့အပြင် concrete mixing ပြုလုပ်ရာတွင်လည်း concrete mixer ကို အသုံးပြု နိုင်ပါက အကောင်းဆုံးဖြစ်ပြီး၊ site အနေအထားအရ mixer အသုံးမပြုနိုင်ပါက topping လောင်းမည့် နေရာတွင် ပစ္စည်းများစုပုံ၍ ဖျော်စပ်ခြင်းထက် အခြားနေရာတွင် ဖျော်စပ်၍ သယ်ယူလောင်းခြင်းကိုသာဆောင်ရွက် သင့်ပါတယ်။
လုပ်ငန်းစဉ်များ အားလုံး ဆောင်ရွက်ပြီးလို့ concrete setting time ဖြစ်ပြီးနောက်မှာတော့ curing ပေးခြင်းကို အနည်းဆုံး ၅ရက်ခန့် မပျက်မကွက် ( နေရောင်ခြည် ထိတွေ့မှုများသည့် နေရာများတွင် ၁၀ ရက်ခန့် အနည်းဆုံး) ပြုလုပ်ပေးရပါမယ်။
ကောင်းမွန်တဲ့ topping မျက်နှာပြင် တစ်ခု ပိုင်ဆိုင်ပါ စေ
ကိုရင်သာအေး