Htet Hlyan Toe Co.,Ltd

Htet Hlyan Toe Co.,Ltd Construction

08/12/2023
06/09/2023

UPG Panda & Rhino Glue
ခိုင်မြဲ စွဲကပ်မှု အမြင့်ဆုံး၊မြဲမြံသော ချုပ်နှောင်အား

စွဲကပ်မှု အမြင့်ဆုံးနဲ့ အရည်အသွေး အကောင်းမွန်ဆုံး ကော်အမျိုးအစား UPG Panda & Rhino Glue✅✅✅
👉ပါကေး၊အထပ်သား၊သင်ပုန်း အပါအဝင်သစ်ထည်အမျိုးမျိုး
👉စက္ကူ၊ဂျပ်စက္ကူ အပါအဝင် ထုပ်ပိုးမှု အမျိုးမျိုး
👉အခြားစိမ့်ဝင်ထိုးဖောက်နိုင်သော ဒြပ်ပစ္စည်းအမျိုးမျိုးတို့အတွက် အသုံးပြုနိုင်ပါတယ်ရှင်.....

အမြို့မြို့အနယ်နယ်ရှိယူပီဂျီဆေးဆိုင်တိုင်းတွင် မေးမြန်းဝယ်ယူနိုင်ပါတယ်ရှင်.....

Paint & Coating Co.,Ltd.
Panda & Rhino

🙏🙏🙏 ကဆုန်လပြည့် - ဗုဒ္ဓနေ့🙏🙏🙏            ကဆုန်လပြည့်နေ့အကြောင်း           ~~~~~~~~~~~~~~~~~~~~ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာ...
14/05/2022

🙏🙏🙏 ကဆုန်လပြည့် - ဗုဒ္ဓနေ့🙏🙏🙏
ကဆုန်လပြည့်နေ့အကြောင်း
~~~~~~~~~~~~~~~~~~~~
ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ
ကဆုန်လပြည့် ရက်မြတ်များ 🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေးအသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

#ကဆုန်လပြည့်နေ့၏ ထူးခြားချက်များမှာ !

(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ သုံးလောက ထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့

#ဖွားမြင်တော်မူသောနေ့

#ဘုရားဖြစ်တော်မူသောနေ့

#ပရိနိဗ္ဗာန်စံတော်မူသောနေ့

ဤထူးခြားချက်လေးမျိုးတို့နှင့် တိုက်ဆိုက်နေပါသည်။ ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့်၊

#ဤကဆုန်လပြည့်နေ့ ကို - #ကဆုန်လပြည့်ဗုဒ္ဓနေ့ ! ဟု အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့် ဤနေ့ ဤရက်ကို “ကဆုန်လပြည့် မာရ်အောင်နေ့”အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို “ဝိဆခ်ဒေး”ဟု ခေါ်ဆိုကြပါသည်။ ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂ စေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်း
လေ့ရှိကြပါသည်။

၅။ ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် ၇ ပါးတွင် စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့် ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။ ဤကဲ့သို့ မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်လာကို ခေတ်အဆက်ဆက်
ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂လရာသီပွဲတော်များအနက်၊
ကဆုန်လ ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏ အလောင်းသည် တိ ဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို ခံစားရကြောင်း (ထေရာပဒါန်) ကျမ်းဂန်၌ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိ ဿမထေရ်၏အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊ သောကကင်းဝေးခြင်း စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ်ကဆုန်လပြည့်နေ့ ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိ ဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍ကုသိုလ်အထူး
ကိုဆည်းပူးလေ့ရှိကြပါသည်။

ကျောင်းကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝနာအမှုများကိုပြုလုပ်၍ “ကဆုန်လပြည့်ဗုဒ္ဓနေ့”ကိုအမှတ်တရ ဆင်နွှဲကြပါသည်။
======================================
#မာဂဓီ (သာစည်)၏ [အခါတော်နေ့များ စာအုပ်မှ]
တစ်ဆင့်ပြန်လည်ကူးယူဖော်ပြပါသည်။
#မူရင်းရေးသားသူအားလေးစားစွာဖြင့်credit ပေးပါသည်။
- Credit

25/12/2021

သိပ္ပံနည်းကျ မိုးကြိုးမပစ်အောင် ဘယ်လိုလုပ်မလဲ?
=================================
ရေးသူ: ကိုညီ
မိုးကြိုးမပစ်အောင်တော့ လုပ်လို့ မရဘူး။ ပစ်တဲ့မိုးကြိုးက လူနဲ့ သတ္တဝါတွေ အန္တရာယ်မဖြစ်အောင်၊ စက်ပစ္စည်းတွေ မပျက်စီး အောင်တော့ ကာကွယ်ပေးလို့ရတယ်။ ဒါကို Lightning Protection System (မိုးကြိုးလွှဲစနစ်) လို့ခေါ်တယ်။

ဓာတ်အားလိုင်းတွေ အတွက်၊ ဓာတ်အားခွဲရုံတွေအတွက်၊ သဘောင်္တွေအတွက် စသည်ဖြင့် LPS အများကြီးရှိတဲ့ နေရာမှာ အဆောက်အဦတွေအတွက် ဘယ်လို စိတ်ချရတဲ့ LPS တစ်ခုတည်ဆောက်မလဲ။

အရင်ဆုံး အဆောက်အဦရဲ့ အမျိုးအစား၊ တည်နေရာနဲ့ အမြင့်ကို အရင်ဆုံး သိဖို့လိုတယ်။ အဆောက်အဦရဲ့ အမျိုးအစားဆိုတာမှာ ဂိုဒေါင်လို အဆောက်အဦလား? လူနေအဆောက်အဦလား? ဆေးရုံ/ကျောင်းလား? စက်ရုံအလုပ်ရုံလား ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေသိုလှောင်တဲ့ ဆီသိုလှောင်ကန်လား၊ လက်နက်တိုက် လား စသည့်ဖြင့် သေခြာသိဖို့လိုတယ်။ ဒါမှ ကိုယ်က Protection Class ဘယ်လောက်ထား ရမလဲဆိုတာ ဆုံးဖြတ်လို့ရမယ်။ အရေးကြီးရင် ကြီးသလို Class I or II ရွေးနိုင်တယ်။

ခုတော့ ပုံမှန် လူနေ အဆောက်အဦတစ်ခုအတွက် Class III နဲ့ပဲ စဉ်းစားကြည့်ရအောင်။ Class III ဆိုတာက LPS အတွက် အသုံးပြုမည့် Conductor (Al or Cu) ကို တစ်ခုနဲ့တစ်ခု ၁၅ မီတာထက် မကွာဝေးစေပဲ ဆောင်ရွက်တာပါ။ မျက်စေ့ထဲမှာ မြင်အောင်ပြောရရင် အဆောက်အဦတစ်ခုကို သံခြင်းကြားကြီးနဲ့ အုပ်ထားသလိုမျိုး ပစ်သမျှ မိုးကြိုးတွေ အဆောက်အဦကို မထိမှန်ပဲ အုပ်ထားတဲ့ ခြင်းကြားကနေတဆင့် မြေကြီးထဲ ဝင်ရောက် ပျောက်ကွယ်သွားအောင် ဆောင်ရွက်တာပါ။

စဉ်းစားတဲ့ နေရာမှာ အဆောက်အဦရဲ့ အနေအထားကို မူတည်ပြိး ဘယ်လို Horizontal protection ပြေးမလဲ။ နောက်ပြီး Electric Charge တွေကို Ground ရောက်အောင် ပို့ပေးမည့် Down Conductor ကို ဘယ်လို ပြေးမလဲ။ ဒါတွေကို စဉ်းစားဖို့ အတွက်တော့ LPS ကို Design Calculation လုပ်မည့် အင်ဂျင်နီယာက Archi Drawing ကိုနားလည်ဖို့ လိုသလို Structure Drawing ကိုလည်း ဖတ်တတ်ရပါမယ်။ အရမ်း သိနားလည်ကြီး မဟုတ်တောင် အနည်းအကျဉ်းလောက်တော့ သိကိုသိထားရမယ်။ ဒါမှကိုယ့်ရဲ့ LPS ကို Optimum Value ရအောင် လုပ်နိုင်မယ်။ Optimum ဆိုတဲ့နေရာမှာ Effective Cost ကိုလည်း မမေ့သင့်ပါဘူး။ အင်ဂျင်နီယာတစ်ယောက်ရဲ့ တာဝန်က သတ်မှတ်စံချိန်စံညွှန်းနဲ့ အညီလုပ်ငန်းကို ကုန်ကျစရိတ်အနည်းဆုံးနဲ့ အောင်မြင်အောင် လုပ်နိုင်ဖို့ပါ။

Archi နဲ့ Structure Drawing ကို ကြည့်မှသာ Down Conductor ကို ဘာသုံးမလဲ (Tape သုံးမလား Rebar သုံးမလား) နောက်ပြီး (Conceal or Surface or Airgap) စသည့်ဖြင့် ဘယ်နည်းနဲ့ ဆင်းမလဲ ဆုံးဖြတ်နိုင်မယ်။ Structure Column တွေကလည်း အကွေ့အကောက်သိပ်များဘူး။ Diversion လုပ်ဖို့လည်း သိပ်မရှိဘူး ဆိုရင်တော့ Rebar ကို Conceal သုံးတာ စိတ်အချရဆုံးလို့ ယူဆပါတယ်။ ဒီနေရာမှာ Rebar တစ်ချောင်းနဲ့တစ်ချောင်း Tack weld လုပ်တဲ့အချိန် သေခြာ ဂရုစိုက်ဖို့လိုပါတယ်။

ခေါင်ပေါ်မှာ Horizontal run ပြေးဖို့အတွက်ကတော့ Copper Tape ကို သုံးတာ အကောင်းဆုံး ဖြစ်ပါတယ်။ ခေါင်ပေါ်မှာ walk way သို့ sky park မျိုးရှိနေခဲ့ရင် conceal conductor နဲ့ Strike pad နဲ့ အတူတွဲသုံးနိုင်ပါသေးတယ်။

ခေါင်မိုးပေါ်ကနေ ဆင်းလာတဲ့ Down Conductor ကို မြေကြီးပေါ်က Earth pit ထဲ မဝင်ခင် Test Link Box တစ်ခု ကို မဖြစ်မနေ တပ်ရပါတယ်။ ဒါမှ ခေါင်ပေါ်က ဆင်းလာတဲ့ DC Connectivity ကို အလွယ်တကူ စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။ Earth pit ရဲ့ earthing resistance ကတော့ < 10 Ohm ဆိုရင် ရပါပြီ။ (Earth pit installation ကတော့ အများသိပြီး ဖြစ်မယ် ထင်ပါတယ်။)

အကယ်၍ ကိုယ်က Class III Protection ကို ရွေးထားပြီး အဆောက်အဦက 45m + 15m ထက် မြင့်နေခဲ့မယ် ဆိုရင် ကြားမှာ Bonding Points တွေ ထားပေးဖို့ လိုပါတယ်။ ဥပမာ အဆောက်အဦက 60m ဆို 45 m မှာ Bonding points တွေ ထုတ်ပြီး Cladding ကို Bonding လုပ်ရပါမယ်။ အကယ်၍ အဆောက်အဦက Cladding မဟုတ်ပဲ Paint သို့ Tiles ဖြစ်နေခဲ့ရင် အဆောက်အဦတစ်ပါတ် Conductor နဲ့ ပါတ်ပြီး Bonding လုပ်ရပါမယ်။ Bonding Points ဆိုတာ Exothermic Welding ကို ဆိုလိုတာ ဖြစ်ပါတယ်။ အမျိုးတူ သတ္တူနှစ်ခုကို အသင့်ပြုလုပ်ထားတဲ့ မိုထဲထည့်၊ သတ်မှတ်ယမ်းမှုံ ပမာဏထည့်၊ ထို့နောက် မီးရှို့ခြင်းအားဖြင့် အလွန်ပြင်းထန်တဲ့ အပူကို ဖြစ်ပေါ်စေပြီး သတ္တု ၂ ခုကို အရည်ပျော်စေကာ အချင်းချင်း တွဲဆက်တဲ့ နည်းဖြစ်ပါတယ်။

အမိုးပေါ်မှာ ရေတိုင်ကီ ရေပန့် စသည်ဖြင့် Equipment တွေ ရှိနေခဲ့ရင်လည်း Bonding လုပ်ပြီး Main LPS နဲ့ ဆက်သွယ်ပေးရပါမယ်။ Equipment bonding လုပ်ရင် သတိထားရမှာက အစွန်း ၂ ဖက်မှာ ကြိုး ၂ ခြောင်း ဆက်ဖို့ပါပဲ။ လျှပ်စစ်စီးဝင်ပြီးရင် ပြန်စီးထွက်ဖို့ ဖြစ်ပါတယ်။
ဒါအပြင် Equipotential LPS ဆိုတာ ရှိပါသေးတယ်။ ဒါကတော့ ဘောလုံးကွင်း၊ ကစားကွင်း စတဲ့ကွင်းပြောင်ပြောင်တွေမှာ အသုံးပြုပါတယ်။ တည်ဆောက်ပုံကတော့ မြေကြီးအောက်မှာ ၁ မီတာ Wire Mesh လုပ်တာပါပဲ။ ကုန်ကျစရိတ်လည်း အတော်များတဲ့ လုပ်ငန်းပါ။ Copper conductor တစ်မျိုးတည်း သုံးကြပါတယ်။ အဆိုပါ Wire Mesh တွေကိုစု၊ အစထုတ်ပြီး Earth pit နဲ့ ဆက်သွယ်ရပါတယ်။

ခုနောက်ပိုင်တော့ ကျောင်းကစားကွင်း၊ အားကစားကွင်းနဲ့ ရေကူးကန်တွေအတွက် Early lightning detection system ဆိုတာ ရှိနေပါပြီ။ ဒီစနစ်က လေထုထဲမှာရှိတဲ့ electric charge ပမာဏကို တွက်ချက်ပြီး သတိပေးတဲ့ စနစ်ပါ။ ဒီစနစ်ကနေ မိုးကြိုးအန္တရာယ်ကို ကြိုတင်ပြီး သတိပေးတာကြောင့် အန္တရာယ်ဖြစ်မည့် အခြေအနေဆိုရင် အပြင်ထွက်ခြင်း ရှောင်ရှားနိုင်ပါပြီ။

Project name: Ownshop RenovationLocation: Thaton Township,MON State
13/11/2021

Project name: Ownshop Renovation
Location: Thaton Township,MON State

19/10/2021

သီတင်းကျွတ် အချိန်အခါသမယသည် မြန်မာနိုင်ငံသူ၊နိုင်ငံသားများနေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ပါသည်။

ထိုနေ့များ၌ မြန်မာလူမျိုးများသည် မီးထွန်းပွဲတော်များ ကျင်းပကြပြီး မိဘဆွေမျိုးများ၊ရင်းနှီးသော မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များအတွက် ဆုမွန်ကောင်းများပေးပို့ ဆုတောင်းမှုများပြုလုပ်ကြသည်။

ထို့ကြောင့် ကျွန်ုပ်တို့ Htet Hlyan Toe မိသားစု မှ လည်း မိတ်ဆွေအပေါင်းတို့၏ မိသားစု နှင့် ကောင်းမွန်သော လက်တွဲဖော်များ အား ကျန်းမာပြီးဘေးအန္တရယ် ကင်ရှင်းစေရန် ဆုမွန်ကောင်းပို့သအပ်ပါတယ်။

ပျော်ရွှင်နှစ်လိုဖွယ်ကောင်းသော သီတင်းကျွတ် ဖြစ်ပါစေ

11/10/2021

ဆိုလာ အကြောင်း အသုတ်စုံ (စာတွေ့အရ ဖေါ်ပြခြင်း)
---------------------------------------

P = V x I ( P= Power watt , V = Volt, I = Ampere) အရင်မှတ်ပါ

ပုံမှန် 100W ဆိုလာ ပြားတခု ၏ နောက်ကျောတွင်ဖေါ်ပြထား ကိန်းဂဏန်းများမှ
Voc = Volt Open Circuit ဆိုတာက ဆိုလာပြားကို နေရောင်ခြည် နေရာထဲမှာ ချထားပြီး မည်သည့် Load မှ အသုံးခင်တိုင်းရသည့် အဖြေ
VOC = 18-20V ခန့်ရှိပါသည်

Isc = Short Circuit Current ဆိုတာက ဆိုလာပြားကို နေရောင်ခြည် နေရာထဲမှာ ချထားပြီး အထွက်ကြိုး၂ခုကို ချိတ်ပြီး Clamp Meter ြဖင့်တိုင်းစဉ်ရရှိသည် ကိန်းဂဏန်း
Isc = 5A ရှိပါသည်။

P (watt) = Voc x Isc ( P = 20V x 5A) 100W (Maximum ထုတ်ပေးနိုင်တဲ့ Watt ပါ) ဒါဆိုရင် မိမိ ဆိုလာ ဝပ်ဘယ်လောက်ရှိတယ်ဆိုတာ တိုင်းတာ၍ သိနိုင်ပါတယ်

300W ဆိုလာဆိုရင် Voc = 36~38V နဲ့ Isc = 7~8A လောက် ထွက်ပါတယ်။

ဘတ်ထရီ Charging တွက်ကိန်းအရ သွင်းချင်တဲ့ ဘတ်ထရီ၏ 1.5 ဆ volt ဖြင့် ပေးသွင်းရမည်ဖြစ်သဖြင့် 12V အတွက် 18V, 24V အတွက် 36V ရှိရပါမည်။

100W 18V ကို ဘတ်ထရီ 12V ကို အားသွင်းတာဟုတ်ပါပြီး၊ 300W 36V ဆိုလာကို အားသွင်းလို့မရဘူးလားမေးခဲ့ရင် ရပါတယ်။ သို့ရာတွင် အသုံးပြုသော ကွန်ထရိုလာက PWN ြဖစ်ခဲ့ပါက အဲဒိကွန်ထရိုလာ အမျိုးအစားသည် Volt ကို 12V သွင်းနိုင်အောင် 13-14 Volt အထိကို လျော့ချပေးသော်လည်း ရရှိသော Ampere ကို ရရှိအတိုင်းသာ ဘတ်ထရီကို ပေးသွင်းပါမည်။

ဒီအတွက် P=VI အရ P = 36V x 8A = 288W အားရနိုင်သော်လည်း PWN ၏ Volt ကို Ampere Boot မလုပ်တဲ့ အတွက် P = 14V x 8A = 112W သာ ရရှိမည်ဖြစ်ပါသည်။

သို့အတွက် 300W ဆိုလာကို 12V Battery တွင် အသုံးပြူမည်ဆိုပါက ကွန်ထရိုလာကို PWN ကို မသုံးဘဲ MPPT အမျိုးအစားကို သုံးခြင်းဖြင့် မိမိ ဈေးကြီးပေးဝယ်ထားသော ဆိုလာ ၏ စွမ်းရည်အပြည့်ကို ရရှိနိုင်ရန် ဖြစ်ပါသည်။

ဘတ်ထရီ (Battery) ကို အိုးများတွင် Ah ကိန်းဂဏန်းများဖြင့်ဖေါ်ပြ သော်လည်း Ampere ဘယ်လောက်ဆိုတာကို တိုင်းတာ၍မရပါ။ ထို့ကြောင့် ဘတ်ထရီကို Volt မှတွက်ကြည့်၍ ဆုံးဖြတ်ရပါသည်။ ဘတ်ထရီ အကြောင်းမပြောခင် ဘတ်ထရီ သုံးဆွဲမှု DOD (Depth of Discharge) သည် ဘတ်ထရီတခု၏ အများဆုံးစုံးသင့်သော ကိန်းဂဏန်းပါ။ အက်စစ်ဘတ်ထရီတခုသည် ဘတ်ထရီ၏ 30% DOD သာ သုံးသင့်ပြီး ကျန် 70% ကို ဘတ်ထရီ ထိမ်းသိမ်းရန် ချန်ထားရပါသည်။
ဥပမာ - လျှပ်စစ်သုံးဆွဲမှု့သည် 100Ah ဘတ်ထရီအတွက် တနာရီကို 3A ြဖင့် ၁၀နာရီ သုံးနိုင် (သို့) 30A ကို တနာရီ သုံးနိုင်ပါတယ်။ ဤကဲ့သို့ သုံးဖြင်းဖြင့် ဘတ်ထရီ သက်တန်းကို ပိုရှည်အောင်ထိမ်းနိုင်ပါသည်။

ဆိုလာ တပြားအတွက် ဘတ်ထရီ ဘယ်လောက်သုံးသင့်ပါသလဲ။ ဆိုလာWatt ၏ 0.7 ဆ (ဆိုခါဝပ် x 0.7) ရသည့်အဖြေသည် သင့်တော်မည့် ဘတ်ထရီ Ah ဖြစ်ပါသည်။

နေ့စဉ်အသုံးပြုရန် ဥပမာ - 150W ဆိုလာတပြား နှင့် 100Ah အက်စစ် ဘတ်ထရီ ကို အသုံးပြုမည်ဆိုပါက DOD 30% အရ 30A သုံးခွင်ရပါတယ်။
150W ဆိုလာပြား၏ Isc 7.5~8 A ရှိတာကြောင့် တနေ့တာ နေရောင်ခြည် ၅ နာရီရပါက 7.5A x 5 = 37.5A ထွက်နိုင်သောကြောင့် မိမိ နေရောင်မရှိခင် သုံးမည့် 30A ကို နေ့ဖက်တွင်ပြည့်အောင်ဖြည့်နိုင်မည်ဖြစ်ပါသည် (ချွင်းချက်- နေ့ဖက်တွင်သုံးဆွဲတာရှိပါက ဆိုလာကို ထပ်တိုးရန် လိုပါသည်)

ဘတ်ထရီသုံးဆွဲမှု့ကို ဘယ်လိုထိမ်းမလဲ။ ကွန်ထရိုလာဖြင့် ထိမ်းနိုင်ပါတယ်။ ကွန်ထရိုလာ setting ထဲမှာ ဘတ်ထရီ၏ Over Flooding Charge အများဆုံးအားသွင်းနိုင်သည့် Volt 13.5-14V ထက်မများရန် (13.5V က သင့်တော်) ထားရန်နှင့် အနိပ့်ဆုံး Minimum Volt ဗို့ကို 11.5V ထားရှိပါက ကွန်ထရိုလာသည် Over Flooding Volt ဗို့လွန်ကဲစွာသွင်းခြင်း နှင့် DOD 30% အထိသုံးဆွဲမှု့ကို ထိမ်းပေးမည်ဖြစ်ပါသည်

ဒီလောက်ဆိုရင် Solar Panel watt နဲ့ Battery အကြောင်းအကြမ်းမြင်းသိရှိပြီး ဆုံးဖြတ်ဝယ်နိုင်မည်ဖြစ်ပါသည်။

06/10/2021

မြို့ပြအင်ဂျင်နီယာဆိုင်ရာ အသုံးအနှုန်းများ
************************************
• DPC - Damp proof course.
• RCC - Reinforced cement concrete.
• RBC - Reinforced Brick concrete.
• R.B.W - Reinforced brick work.
• C.I.Sheet - Corrugated Iron sheet.
• C.I.Pipe - Cast iron pipe.
• NCF - Neat cement finishing.
• SWG - Standard wire gauge.
• MB - Measurement book.
• GP - Ground plane.
• VP - Vertical plane.
• HP - Horizontal plane.
• CP - Cement plaster.
• LC - Lime concrete.
• CC - Cement concrete.
• AC - Asbests cement.
• CS - Comparative statement.
• PERT - Programme Evaluation and
Review Technique.
• CPM - Critical path method .
• USD - Ultimate strength design.
• W.S.D - Working stress design.
• PL - Plinth level.
• GL - Ground level.
• EGL - Existing ground level.
• OGL - Original ground level .
• FGL - Formation ground level.
• HFL - Highest flood level.
• RL - Reduced level.
• A.C.I - American concrete institute.
• A.A.S.H.T.O - American Association
of state highway Transport Official.
• A.R.E.A - American Railway
engineering association.
• A.S.T.M - American society for
testing materials .
• ISI - Indian standard institute.
• W.C - Water closet.
• B.M - Bending moment.
• L.L - Live load.
• D.L - Dead load.
• E.L - Environmental load.
• U.S.C - Ultimate stress of concrete.
• A.S.C - Allowable Stress of
concrete.
• F.M - Fineness modulas. B.M - Bench mark . PVC - Poly vinyl choloride . UPVC - Unplasticized Poly vinyl
choloride.

03/10/2021
NPT 00378Solar Project (4KW)Naypyitaw City
03/10/2021

NPT 00378
Solar Project (4KW)
Naypyitaw City

   SEPTIC TANK( မိလ္လာပိုးစားကန်)အကြောင်း***************Septic tank ( မိလ္လာပိုးစားကန်)ဆိုတာ လူကစွန့်ပစ်တဲ့ မိလ္လာ(sewag...
09/09/2021



SEPTIC TANK( မိလ္လာပိုးစားကန်)အကြောင်း
***************

Septic tank ( မိလ္လာပိုးစားကန်)
ဆိုတာ လူကစွန့်ပစ်တဲ့ မိလ္လာ(sewage)ကို
Bacteria ပေါက်ပွါးစေပြီး ဓါတ်ပြုတဲ့စနစ်
(Septic Action) ဖြစ်ပေါ်စေတဲ့ကန် ဖြစ်ပါ
တယ်။

Inlet pipe က ဝင်လာတဲ့ မိလ္လာ
(sewage)ဟာ Chamber 1 ထဲကို
ကျရောက်ပြီး ၃ ရက်မှ ၇ ရက်ခန့်အတွင်း
Anaerobic လို့ခေါ်တဲ့ Bacteria တစ်မျိုး
ပေါက်ပွါးလာပါတယ်။ Anaerobic
Bacteria ဟာ "လေမလို အလင်းမလိုပိုး"
ဖြစ်ပြီး Oxygen နဲ့ အလင်းရောင် မရှိမှ
ရှင်သန်နိုင်ပါတယ်။ Anaerobic Bacteria
က Sewage ကို ချေဖျက် (စားသုံး) ပြီး
နောက် သူတို့က စွန့်ထုတ်လိုက်တဲ့ စွန့်ပစ်
ပစ္စည်းဟာ Inlet pipe က ဝင်ရောက်လာ
တဲ့ ရေအရှိန်နဲ့ တရွေ့ရွေ့ Chamber 2
ဘက်ကို ရောက်ရှိသွားပြီး Aerobic
Bacteria ဆိုတဲ့ ပိုးတစ်မျိုးထပ်မံပေါက်ပွါး
လာပါတယ်။ Aerobic Bacteria ဟာ
"လေလို အလင်းလိုပိုး" ဖြစ်တဲ့အတွက်
Oxygen နဲ့ Light ရရှိမှ ရှင်သန်နိုင်ပါတယ်။

Aerobic Bacteria ဟာ Anaerobic
Bacteria ကစွန့်ထုတ်လိုက်တဲ့ စွန့်ပစ်ပစ္စည်း
ကို ဓါတ်ပြု(စားသုံး)ပြီး သူကစွန့်ထုတ်လိုက်
တဲ့ စွန့်ပစ်ပစ္စည်းဟာSludge (အနှစ်)အဖြစ်
ထွက်ပေါ်လာပါတယ်။Sludge ဟာကတ္တရာ
စေးလို မည်းနက်တဲ့ အစေး ဖြစ်ပါတယ်။
Bacteria ပေါက်ပွါးဖို့ ဖန်တီးပေးရန်မလိုပါ။
သူ့အလိုလို ပေါက်ပွါးပါတယ်။

Chamber 1 ထဲ ဝင်ရောက်လာတဲ့
Sewage ဟာ တဖြည်းဖြည်း အဆီများ
ထွက်လာပြီး Chamber 1 ထဲရှိ ရေမျက်
နှာပြင်အပေါ်ကိုတက်လာပြီး မိလ္လာဆီ
အလွှာ( Scum Layer)အဖြစ် ဖုံးပိတ်သွား
ပါတယ်။ ဒီ Scum Layer ဟာ အပေါ်မှာ
ရှိတဲ့နေရာလွတ်(Free Board)မှOxygen
ကို ရေထဲပျော်ဝင်မသွားစေရန် ကာကွယ်
ပေးထားတဲ့အတွက် Anaerobic Bacteria
များကို ပေါက်ပွါးရှင်သန်စေပါတယ်။

ဒါကြောင့် Scum Layer မပျက်စီးစေ
ရန်အတွက် Chamber 1 အတွင်း Inlet
Pipe အဝင်မှာ Tee ခံပြီး အောက်မှ1'~1'6"
အရှည်ရှိ Pipe ကိုဆက်ပေးပြီး Sewage ကို
ကျစေရပါတယ်။Tee ခံထားခြင်းဖြင့် မိလ္လာ
အတုံးအခဲများဟာ Tee အတွင်းမျက်နှာပြင်
ကိုရိုက်ပြီးအပိုင်းအစများအဖြစ်ကျေပျက်ကာ
ဓါတ်ပြုမှုလျင်မြန်စေမှာဖြစ်ပါတယ်။အောက်
မှာ Pipe ရှည်ကိုဆက်ထားတဲ့အတွက် ကျ
လာတဲ့ ရေအရှိန်ဟာ Scum Layer ကို ငြိမ့်
ငြိမ့်လေးသာ လှုပ်ရှားစေမှာဖြစ်ပါတယ်။
Tee နှင့် Pipe မခံဘဲ Inlet မှ directly ကျ
စေလျှင်Scum Layer ကွဲအက်ပြီး Oxygen
ဝင်ရောက်တဲ့အတွက်Anaerobic Bacteria
များမရှင်သန်နိုင်သဖြင့် Septic Action မရ
ရှိနိုင်ပါ။

Chamber1 မှ Sewage များ
Chamber 2 ဘက်မရောက်သွားစေရန်
အောက်ခံအခင်းမျက်နှာပြင်ကိုChamber 1
ဘက်တွင်နှိမ့်၍ Slope 1:10 to 1:20
အချိုးဖြင့် စောင်းပေးထားရပါတယ်။
Chamber2 ထဲရောက်လာတဲ့ Anaerobic
Bacteria ရဲ့ စွန့်ပစ်ပစ္စည်းတွေကိုAerobic
Bacteria တွေကဆက်လက်စားသုံးဓါတ်ပြု
ပြီး စွန့်ပစ်ပစ္စည်းအဖြစ် Sludge တွေဖြစ်
ပေါ် လာပါတယ်။

ဒီလို Complete Seption Actionဖြစ်
ဖို့ Baffle Wall ဟာ အောက်ပိုင်းမှာ တိုးလျှို
ပေါက်ဖြစ်နေဖို့ လိုပါတယ်။ရေကူးပေါက်ကို
အမြင့်မှာထားပြီး အောက်ခြေပိတ်ထားရင်
Septic Action အပြည့် မဖြစ်နိုင်ပါ။

Aerobic Bacteria တွေရှင်သန်နိုင်ဖို့
Oxygen နဲ့ Light လိုတဲ့အတွက် Chamber
2 အပေါ် Cover Slab မှာ Swan Neck ကို
တပ်ဆင်ထားရပါမယ်။ Swan Neck ဟာ
လေနဲ့အလင်း ဝင်ရောက်စေရန် အကျိုးပြု
ပါတယ်။Chamber 2 မှာ Scum Layer
မရှိတဲ့အတွက် ရေမှာ Oxygen ပျော်ဝင်
ပြီး Aerobic Bacteria တွေကိုရှင်သန်စေ
ပါတယ်။

Chamber 1 မှ Sewage တချို့ဟာ
Chamber 2 ဘက်ပါလာပြီးရေထက်ပေါ့တဲ့
အတွက် Chamber 2ရေမျက်နှာပြင်ပေါ်မှာ
ပေါ်နေတာတွေ ရှိနိုင်ပါတယ်။ဒါတွေ အပြင်
ကို ပါမသွားစေဖို့ Outlet Pipe အဝမှာTee
ခံထားဖို့ လိုပါတယ်။

Chamber1 အတွင်းရှိ Scum Layer
ရဲ့ levelကိုထိန်းထားရန် Chambers1&2
ဟာ ရေလုံရပါမယ်။ Wall ချင်းဆုံရာ or
Wall & Floor ဆုံရာCornerတွေမှာဖြစ်စေ
Wall & Pipe ထိနေတဲ့ အဆက်တဝိုက်မှာ
ဖြစ်စေ 1:2 Cement Mortar နဲ့ ထောင့်
ချုပ်ထားမှသာ ရေလုံမှာ ဖြစ်ပါတယ်။

Septic Tank အတွင်းသို့ အပြင်ရေ
ဝင်လျှင်Inlet မှမဝင်နိုင်တော့သလို အတွင်း
ရေ ထွက်သွားလျှင် Scum Layer နိမ့်ကျ/
အက်ကွဲပြီး Septic Action ပျက်စီးမှာဖြစ်
ပါတယ်။

Septic Action ဖြစ်နေစဉ်မှာဓါတ်ပြု
ပြီး Gas တွေထွက်ပါတယ်။ ထွက်တဲ့ Gas
တွေဟာToxicဖြစ်ပြီးလေထက်ပေါ့ပါတယ်။
ဒီ Gas တွေဟာ Free Board မှာ အောင်း
နေရင် Inlet မှ Sewage နဲ့ Waste Water
တွေ မဝင်နိုင်တော့ပါဘူး။ ( အရပ်အခေါ်
လေတင်းတယ်/လေခံတယ် လို့ခေါ်ပါတယ်)
Air Circulationဖြစ်အောင်AirOutletPipe
( about 2"or1 1/2" dia.)ကို Scum Layer
အထက်နံရံ or အဖုံးCoverSlab မှာတပ်ဆင်
ပေးပြီးအဆောက်အဦးမှာရှိတဲ့ AirVentPipe
နဲ့ ဆက်သွယ်ရပါတယ်။

လေဟာ အနိမ့်မှာရှိတဲ့ Swan Neck
မှဝင်ပြီး Baffle Wall ကိုဖြတ်၍ Air Outlet
Pipe မှတဆင့် Vent Pipe အတွင်းသို့ Gas
တွေနဲ့အတူရောက်ရှိပြီး အမြင့်မှာထွက်သွား
အောင်လုပ်ရပါမယ်။ဒါကြောင့် Baffle Wall
ကို အထက် (Slab အောက်) မှာ 6" ခန့်
လွှတ်ထားပေးရပါမယ်။

စတင်အသုံးပြုတဲ့ အချိန်မှာကန်တွင်းရှိ
ရေ Level ဟာ Inlet မှ ချထားတဲ့ Pipe နှုတ်
ခမ်း အထက် 3" ခန့်အထိ ရေဖြည့်ထားပြီး
သုံးမှသာ Septic Action ဖြစ်ပေါ်မှာ ဖြစ်ပါ
တယ်။Cover Slab မဖုံးမီမှာ ကန်ရေလုံမလုံ
စစ်ဆေးဖို့ လိုပါမယ်။Septic Action မဖြစ်ရင်
အဲဒီကန်ဟာ Septic Tank မဟုတ်ဘဲ
Sewage Storage Tank သာ ဖြစ်နေပါလိမ့်
မယ်။

Manhole အပေါက်ကို ပိုက်ဆက်များ
ရှိသည့်နေရာအနီးတွင် ထားမှသာ အဖုံးဖွင့်
ပြီး ပိုက်ဆက်များ ပြုပြင်ရန် လွယ်ကူမှာ
ဖြစ်ပါတယ်။

Septic Tank ကို Black Cotton Soil
( ဆားနယ်ဖွတ်ချေးမြေ) တွင် တည်ဆောက်
ရပါက Tank ၏ အပြင်ပတ်လည်မှာ သဲဖြင့်
Back filling လုပ်ရပါမယ်။Black Cotton
Soil ဟာ ရေအစိုဓါတ်ရှိတဲ့ အချိန်မှာ ပွလာ
ပြီး ဘေးနံရံ အပေါ် Compressive Force
(ဖိအား) သက်ရောက်ပြီး ခြောက်သွေ့ချိန်
ကျုံ့သွားပါက Tensile Force (ဆွဲအား)
သက်ရောက်စေနိုင်သဖြင့် Septic Tank
နံရံများ အက်ကွဲနိုင်ပါသည်။ထိုအခါ Water
level ကိုမထိန်းနိုင်ဘဲ Septic Action
ပျက်သွားမှာဖြစ်ပါတယ်။နံရံနှင့် မြေအကြား
Sandဖြင့် ပိုင်းခြားထားခြင်းဖြင့်Compression
ခံရသော်လည်း Tension မခံရသဖြင့် နံရံ
အက်ကွဲခြင်းမှထိုက်သင့်သလောက်ကာကွယ်
နိုင်မှာ ဖြစ်ပါတယ်။

များသောအားဖြင့် Free Board (h 2)
ကို 0.3 metre(1 ပေခန့်)ထားလေ့ရှိပါတယ်။
Septic Action ဖြစ်ရန်ကြာချိန်(Detention
Period) မှာ 12 hrs. ခန့်ဖြစ်ပြီး Sludge
ထွက်ရှိမှုနှုန်းဟာ လူတစ်ဦး တစ်နှစ်လျှင်
10 litres နှုန်းဖြင့် တွက်လေ့ရှိပါတယ်။

ဒါကြောင့် သုံးစွဲသူဦးရေနဲ့ လိုအပ်သော
ကန်အရွယ်အစား တွက်ချက်မှုအတိုင်း မှန်
ကန်စွာတည်ဆောက်ပြီး Septic Action Fail
မဖြစ်ပါက ထွက်ရှိမည့် Sludge ထုထည်ကို
တွက်ထုတ်နိုင်ပြီး မိမိတည်ဆောက်ထားတဲ့
ကန်အနက်ရဲ့ ဘယ်နေရာလောက်အထိ
Sludge ဖြင့်ပြည့်နေပြီ ဆိုတာ ခန့်မှန်းနိုင်ပြီး
စုပ်ထုတ်ခြင်း( Withdrawal)လုပ်နိုင်မှာဖြစ်
ပါတယ်။

Outlet Pipe ထားရမဲ့ Level ကိုတော့
တည်ဆောက်မဲ့နေရာရဲ့ မိုးရာသီရေဝပ်တဲ့
Level နှင့် မြေအောက်ရေ ရှိ/ မရှိ တို့ အပေါ်
မူတည် တွက်ချက်ရမှာ ဖြစ်ပါတယ်။ Inlet
Pipe ဟာ Outlet ရဲ့ အထက် 3" မှ 6" ခန့်
ပိုမြင့်နေမှသာ အဆင်ပြေပါမယ်။

Sewer Pipe Line ရဲ့ Slope အချိုးနဲ့
တွက်ချက်ပြီး အဆောက်အဦးအတွင်းရှိ
W.C.( Ground Floor) မှ ထွက်တဲ့ Outlet
Level ကို ချိန်မှ ရာသီ မရွေး သုံးလို့ အဆင်
ပြေပါ့မယ်။

Septic Tank for 50 users
-----------------------------------------

According to table
100 user = 240 lpm
150 user = 360 lpm
200 user = 480 lpm
300 user = 720 lpm

10 lpm = 0.92 M^2

100 user = 240 lpm
for 50 user = ?
= 120 lpm

10 lpm = 0.92 m^2
120 lpm = ?
= 11.04 m^2

1 အနည်ထိုင်မည့်စွန်ပစ်အနက်
(Sedimentation) = 0.3 m
2 အလိုထားကျင်းအမြင့်
(Free board) = 0.3 m
3 ကြေသွားမည့်အချိန်အတွက်အနက်
(Disgestion) = 0.032 m
4 အညစ်အကြေးစု့ကန်အနက်
(Storage volume) = 0.073 m

To fine total volume -
1 Sedimentation = Area Depth
= 11.04 0.3 = 3.312 m^3
2 Free board = Area Depth
= 11.04 0.3 =3.312 m^3
3 Disgestion = Depth User
= 0.032 50 = 1.6 m^3
4 Storage volume = Depth User
= 0.073 50 = 3.65 m^3
Total volume = 11.874 m^3

Depth of Spetic Tank = Volume Area
= 11.874 11.04
= 1.08 m

Assume = L/B = 2.5
L = 2.5B
Area = L B =11.04
2.5B B = 11.04
2.5 B^2 = 11.04
B^2 = 11.04/ 2.5
B = 2.1 m ,L = 5.25 m

Depth = 1.08 m
Length = 5.25 m
Width = 2.1 m

မှတ်ချက်-----
အညစ်အကြေးများသာကန်ထဲစု့စေပြီးရေများကို
မြေကြီးထဲပြန်စုတ်ဝင်စေပါသည်။(Soil Absorption System )

Address

No(4/B) Baho Street, Shwedaung Quarter
Mawlamyaing
12011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959973524841

Website

Alerts

Be the first to know and let us send you an email when Htet Hlyan Toe Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htet Hlyan Toe Co.,Ltd:

Share