SAN THIT OO

SAN THIT OO Construction Project Management

23/03/2025

✔️အောင်မြင်တဲ့
Construction Project တွေဖြစ်လာစေဖို့အတွက်
မရှိမဖြစ်လိုအပ်ချက်များ

1: Safety & Health
လုံခြုံဘေးကင်းတဲ့လုပ်ငန်းခွင်မဖြစ်လို့ကတော့သာမာန်ထိခိုက်မှုတွေကိုယ်လက်အင်္ဂါချို့ယွင်းမှုတွေကနေအသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်၊နောက်ဆက်တွဲဥပဒေအရ၊ငွေကြေးအရ၊လုပ်ငန်းရဲ့ဂုဏ်သတင်းအထိကိုပျက်စီးစေပါတယ်။ဒါတွေကိုကာကွယ်ဖို့က…
👉PPE လိုအကွာကွယ်ပစ္စည်းတွေ
မီးသတ်ဆေးဗူးကဲ့သို့ safety equipment တွေကိုအပြည့်အစုံဝတ်ဆင်စေခြင်း၊ထားရှိခြင်းအတွက်စည်းကမ်းတင်းကျပ်ရပါမယ်
👉၎င်းပစ္စည်းတွေကိုစနစ်တကျကိုင်တွယ်အသုံးချတတ်စေဖို့သင်တန်းတွေပေးရပါမယ်
👉မီးဘေးအန္တာရယ်ကြိုတင်ကာကွယ်ရေးကဲ့သို့လေ့ကျင့်ခန်းများ(Drills)ကိုလည်းအချိန်မှန်ပြုလုပ်ပေးရပါမယ်

2: Project Management
ကောင်းမွန်တဲ့စီမံခန့်ခွဲမှုရှိမှသာ
အချိန်၊ကုန်ကျစရိတ်နဲ့အရည်သွေးများကို ရလာဒ်ကောင်းတွေပေးပါလိမ့်မယ်
👉ဒီလိုတွေလုပ်ဖို့သက်ဆိုင်ရာ Professional တွေ Management Tools တွေ ကိုအသုံးချရပါမယ်

3: Workforce Management
လူသာများတယ်ပွဲမစည်ဘူးဆိုသလိုပဲ
ကျွမ်းကျင်တဲ့လုပ်သားတွေအလုံအလောက်ရှိဖို့အင်မတန်အရေးကြီးပါတယ်
👉ကျွမ်းကျင်မှုသင်တန်း(Short Course)တွေပေးရပါမယ်
👉လုပ်သားတွေရဲ့ Need & Want တွေကိုနားလည်သဘော်ပေါက်ပြီးဖြည့်ဆည်းပေးရပါမယ်

4: Material & Equipment Management
အရည်သွေးပြည့်ဝတဲ့ကုန်ကြမ်းတွေရဖို့အရေးကြီးသလိုစက်ယန္တယားများကြံခိုင်ကောင်းမွန်နေဖို့လိုပါတယ်
👉 JIT (Just in time) စနစ်နဲ့
ကုန်ပစ္စည်းတွေကိုစီမံစစ်ဆေးရပါမယ်
👉Equipment တွေကိုပုံမှန်စစ်ဆေးမှုတွေလုပ်ရပါမယ်

5: Environment Impact
မိမိလုပ်ငန်းခွင်ကြောင့်ဖြစ်တက်တဲ့ဆူညံမှုတွေညစ်ညမ်းမှုတွေပျက်စီးမှုတွေကိုနည်းနိုင်သမျှနည်းအောင်စီမံရပါမယ်
👉Green Building စနစ်ကိုလိုက်နာခြင်း
👉စွန့်ပစ်ပစ္စည်းကိုRecycle ပြုလုပ်စေခြင်း

6: Legal and Licensing Issues
မြေအသုံးချမှု၊ဆောက်လုပ်ရေးခွင့်ပြုချက်၊ပတ်ဝန်းကျင်ဆိုင်ရာဥပဒေတွေကိုလိုက်နာဖို့လိုပါတယ်
👉ဒေသဆိုင်ရာဥပဒေစည်းကမ်းတွေကိုလေ့လာပါ
👉ခွင့်ပြုချက်များကိုကြိုတင်ရယူပါ

7: Technology & Digital Transformation (Information Technology)
AI, Drone, Automation စတဲ့နည်းပညာများဟာလုပ်ငန်းစွမ်းဆောင်ရည်ကိုမြှင့်တင်ပေးပါတယ်
👉နည်းပညာသစ်များကိုစဉ်ဆက်မပြတ်ကိုင်တွယ်အသုံးချနိုင်ဖို့လေ့ကျင့်သင်ကြားနေရပါမယ်

🤔ဒါတွေကိုအကောင်းဆုံးစီမံခန့်ခွဲဖို့လိုအပ်နေတယ်ဆိုရင်…

😃You can consult with me.
Please contact: ☎️0️⃣9️⃣➖4️⃣4️⃣0️⃣5️⃣5️⃣7️⃣7️⃣9️⃣9️⃣

22/03/2025

🏗️တွေ့ရကြုံကြရတဲ့
ဆောက်လုပ်ရေးလောက အလွဲများ

Case 1: အဆောက်အဦးက “အိမ်လိုလိုရုံးလိုလိုစျေးဆိုင်လိုလို” နဲ့ ဘာကြီးမှန်းမသိဘူး

Case 2: “၁၀၀၀ ကုန်မယ်မှန်းရင် ၂၀၀၀ လောက်တော့ရှာထား”

Case 3: “ဒီနေ့ပန်းရံတွေအလုပ်မဆင်းပြန်ဘူး”

Case 4: “ဒီနံရံကမနေ့ကပဲအုတ်စီတာလေ၊ခုပြန်ဖျတ်ခိုင်းနေပြန်ပြီး”

Case 5: “အလုပ်အဖွဲ့ကငွေထုတ်နေတာပေးရမယ့်လုပ်ခကကုန်နေပြီးအလုပ်ကတဝက်တောင်မပြီးသေးဘူး”

Case 6: “ဒီနေ့ in check မလာလို့ ကျောက်မလောင်းရတော့ဘူး”

Case 7: “ဟာ ဒီhollow တွေက ပါးလိုက်တာ အလုပ်လက်ခံတုန်းကတော့ အထူသုံးပေးမယ်ဆို”

Case 8: “ နံရံချောထားတာလှိုင်းကြီးပဲ”

Case 9: “ မီးသမား လိုင်းခွဲတာကလည်း Beam ကိုထိသွားပြီး”

Case 10: “နောက်ဖေးမြောင်းထဲက မာဆလာခဲပုံကြီးက ဘာတွေလဲ?”

Case 11, 12, 13, …, 99, 100,…
ဆက်ရေးရရင် ဆုံးနိုင်မယ်မထင်ဘူး။

🥹”စိတ်ချမ်းချမ်းသာသာနေရမလားလို့
အိမ်လေးတလုံးဆောက်ပါတယ်
ဆံပင်ဖြူအသားမည်းပြီးအရွယ်ပါကျတယ်”
ဆိုသူများ…

🤔ငါဘာများမှားလို့လဲ?
ဘယ်နေရာကစမှားတာလဲ?
ဘယ်လိုလုပ်ရင်ကောင်းမလဲ?

😃You can consult with me.
Please contact: ☎️0️⃣9️⃣➖4️⃣4️⃣0️⃣5️⃣5️⃣7️⃣7️⃣9️⃣9️⃣

20/03/2025

# Professional Construction Project Management Consultant နဲ့လက်တွဲခြင်းအားဖြင့် သင်၏ Project အတွက် အကောင်းဆုံးများကိုရယူလိုက်ပါ #

👉Project တစ်ခု ရည်မှန်းထားတဲ့အတိုင်း
အောင်မြင်ဖို့ဆိုတာ လှံတစ်ချောင်းနဲ့ ရေထဲကငါးကို ထိုးဖောက်ရသလို ခက်ခဲပါတယ်။ ဒါပေမယ့် **Master Level Construction Project Management Consultant** တစ်ဦးရဲ့ လမ်းညွှန်မှုနဲ့ဆိုရင် ဒီစိန်ခေါ်မှုတွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲနိုင်ပါတယ်။

#ဘာကြောင့်လဲဆိုတာ အတူတူဆက်ဖတ်ကြည့်ရအောင်။

👉 သူတို့က စီမံကိန်းရဲ့ 'ဦးနှောက်' ဖြစ်နေတယ်၊အစကတည်းက အနာဂတ်ကိုကြိုမြင်နိုင်သူများဖြစ်တာကြောင့် Project စတင်ခါစမှာပဲ ဘတ်ဂျက်၊ အချိန်ဇယား၊ လုပ်ငန်းအဆင့်တွေကို Management Driven Tools (GanttChart, Primavera, BIM,…)တွေနဲ့ သိပ္ပံနည်းကျ တွက်ချက်ပြီး ** ထိရောက်တဲ့ Master Plan** ရေးဆွဲပေးနိုင်တယ်။
- ဥပမာ: ရှိနှင့်ပြီးသား Project တစ်ခုမှာ လမ်းလွဲနေတဲ့ Allocation တခုကိုတခဏအတွင်းမြင်နိုင်စွမ်းတယ်၊အဲ့ဒီအမှားကိုလည်း၂၄ နာရီအတွင်း ပြင်ဆင်ပေးနိုင်တယ်။

👉သူတို့က စံနှုန်းတွေကိုလည်း လိုက်နာတာကြောင့် ISO, LEED လို နိုင်ငံတကာစံနှုန်းတွေ၊ သဘာဝပတ်ဝန်းကျင် စည်းမျဉ်းတွေနဲ့ ကိုက်ညီမှုကို စစ်ဆေးပြီး **ဒဏ်ငွေ/ပြဿနာတွေ**ကိုကင်းအောင် ကာကွယ်ပေးတယ်။

👉သူတို့နဲ့ပူးပေါင်းရင် ဘာတွေရမလဲ?**
- **ငွေကြေး + အချိန် = ၂ ဆအထိ ချွေတာနိုင်မယ်**
- Risk Management Models တွေသုံးပြီး ဖြစ်လာနိုင်တဲ့ ငွေကြေးဆုံးရှုံးမှုကို **၇၀%** အထိ လျှော့ချပေးနိုင်တယ်။
- ဥပမာ: ကုန်ပစ္စည်းဈေးနှုန်း မြင့်တက်လာမှုကို ကြိုတင်သိပြီး Cost Effective ဖြစ်ဖို့ လမ်းညွန်ပေးနိုင်သလို၊ Political issue တွေ Legal issue တွေကြောင့် ဖြစ်လာနိုင်တဲ့ Risk တွေကနေ Cost ကိုထိခိုက်မှုမရှိအောင် control လုပ်ပေးနိုင်တယ်။

👉Quality vs Time vs Cost Vs Safety — ဆိုတာက Project Success ဖြစ်ဖို့ အဓိကအချက်တွေပဲ-
- “အရည်အသွေးကို စျေးနှုန်းချိုသာစွာနဲ့ မြန်မြန်ရချင်တယ်" ဆိုတဲ့ Mission Impossible ကို Value Engineering နည်းလမ်းတွေနဲ့ **ဖြစ်နိုင်အောင်** လုပ်ပေးတယ်။

- ပြဿနာတွေရဲ့ လာရာလမ်းကိုကြိုမြင်တဲ့အတွက် မဖြစ်ခင်ကတည်းက ဖြေရှင်းထားကြတယ်-
- Project တွင်း ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတွေကို (ဥပမာ-Contractor vs Client)ကြိုတင်ခန့်မှန်းပြီး Win-Win Solution ရှာပေးတယ်။

👉နိုင်ငံတကာမှာ အောင်မြင်ပြီးသား နည်းဗျူဟာတွေကို သင့်တော်သလို သင့် Project မှာ Adapt လုပ်ပေးနိုင်တယ်။

👉စီမံကိန်းရဲ့ Progress Data တွေကို စစ်ဆေးပြီး "ဒီအတိုင်းဆိုရင် ၂ လနောက်ကျမယ်" ဆိုတာမျိုးကို **ကြိုတင်သတိပေးနိုင်တယ်**။

👉 Team member တွေကို Supercharge လုပ်ပေးနိုင်တာကြောင့် အင်ဂျင်နီယာတွေ၊ လုပ်သားတွေကို Short Training Sessions တွေနဲ့ စွမ်းရည်မြှင့်တင်ပေးပြီး **ထုတ်လုပ်မှုကို ၄၀%** တိုးစေနိုင်တယ်။

👉သူတို့ရဲ့ Network ကလည်း သင့် Project ကိုValue added လုပ်ပေးနိုင်တယ်။

👉စီမံကိန်းတိုင်းမှာ အားနည်းချက်တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် Master Level Consultant တစ်ဦးရဲ့ တိကျသေချာတဲ့မျှော်မှန်းချက်၊ အတွေ့အကြုံနဲ့ နည်းပညာက ဒီအားနည်းချက်တွေကို **အားသာချက်တွေ** အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။

👉👉အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်က ကျွမ်းကျင်မှုနဲ့ နည်းဗျူဟာအပြင်ယုံကြည်မှုကလည်းအခြေခံလိုအပ်ချက်တခုဖြစ်တယ်၊ ဒါ့ကြောင့်သင့်Project ကို နှစ် ၅၀ ခံမယ့် အထိမ်းအမှတ်အဆောက်အဦကြီးအဖြစ် မြင့်တင်ချင်ပြီး၊
ဒါတွေကိုအာမခံနိုင်တဲ့
Professional Construction Project Management Consultant တယောက်ကိုရှာနေတယ်ဆိုရင် အခုပဲ 👉09-440557799 ကိုဆက်သွယ်လိုက်ပါ။

Let head to the SGB (Sustainable Green Building)!
26/02/2025

Let head to the SGB (Sustainable Green Building)!

✅၄၀’x၆၀’ မြေကွက်ပေါ်ဆောက်လို့ရမယ့်ပုံစံလေးတွေ👉အိပ်ခန်း 👉ဘုရားခန်း၊ဧည့်ခန်း👉ထမင်းစားခန်း၊မီးဖိုခန်းတွေပါမယ်👉စတုရန်းပေ ၉၀၀...
19/06/2024

✅၄၀’x၆၀’ မြေကွက်ပေါ်ဆောက်လို့ရမယ့်ပုံစံလေးတွေ
👉အိပ်ခန်း
👉ဘုရားခန်း၊ဧည့်ခန်း
👉ထမင်းစားခန်း၊မီးဖိုခန်းတွေပါမယ်
👉စတုရန်းပေ ၉၀၀ ကျော်လေးပဲရှိမယ်
👉အိမ်ရှေ့မှာ မြေ ၂၅’ လောက်ကျန်တော့ ကား၂စီးစာအသာလေးရပ်လို့ရသေးတယ်။

👌အိမ်ဆောက်ဖို့ လိုအပ်ပါက 👇

☎️0️⃣9️⃣4️⃣4️⃣0️⃣5️⃣5️⃣7️⃣7️⃣9️⃣9️⃣
(ပုံကြမ်းအဆင့်လေးပဲဆွဲထားတာ၊လိုအပ်ရင်ယူလို့ရပါတယ်)

17/04/2024

Happy new year!

🙏မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍
စိတ်ချမ်းသာကိုယ်ကျန်းမာပြီး
လိုတိုင်းရ တတိုင်းပြည့်စုံ၍
ဘေးဘယာတွေလည်းဝေးကြပါစေ🙏

24/02/2024

အထပ်မြင့် အဆောက်အဦးအတွက် မီးသတ်ဦးစီးဌာနရဲ့ ခွင့်ပြုချက်လိုအပ်ပုံ
*********************************

အထပ်မြင့်အဆောက်အဦးတစ်လုံးဆောက်ဖို့ အိမ်ဆောက်မိန့်တင်ရာမှာ မီးသတ်ဦးစီးဌာနရဲ ့ ခွင့်ပြုချက် လိုပါတယ်။ အဲဒီအတွက် drawing တွေဆွဲပြီး တင်ပြရတယ်။ ခေါ်ယူတွေ့ဆုံတဲ့ အစည်းအဝေးမှာ ရှင်းပြရပါတယ်။ မီးသတ်ဦးစီးဌာနက အဆောက်အဦမီးဘေးလုံခြုံရေး(Fire Safety) အတွက်စစ်ဆေးပြီး မကိုက်ညီတဲ့ အချက်တွေရှိပါက ပြင်ဆင်ရေးဆွဲပြီး ပြန်လည်တင်ပြရပါတယ်။ အဲဒီအခါကျမှ မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရန် ဆိုတဲ့ ညွှန်ကြားချက်တွေနှင့်အတူ ကန့်ကွက်ရန်မရှိကြောင်း ဆိုပြီး စာပြန်ပါတယ်။ အဆောက်အဦပြီးဆုံးချိန်မှာ မီးသတ်ဦးစီးဌာနက စစ်ဆေးပြီး မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်လက်မှတ် Fire Safety Certificate ထုတ်ပေးမှာ ဖြစ်ပါတယ်။ လိုက်နာဆောင်ရွက်ရန် ဆိုတဲ့ အချက်တွေကို ကြိုသိခဲ့ရင် မကိုက်ညီလို့ ပြန်လည်ပြင်ဆင်ရေးဆွဲတင်ပြရတာမျိုးတွေ နည်းသွားမယ်။ အဲဒါကြောင့် မီးသတ်ဦးစီးဌာနက ပေးပို့လာတဲ့ ညွှန်ကြားချက်တွေကို အင်ဂျင်နီယာမိတ်ဆွေများသိအောင် ပြောပြချင်လာတယ်။ ညွှန်ကြားချက်တွေကတော့ .....
၁။ ကွန်ကရစ်လှေကားခွင်အကျယ် (Interior Distance) အနည်းဆုံး (၇)ပေဖြစ်ရန်၊ Main Column (၂)ခု၏ အလယ် (Centre to centre) အကွာအဝေး (၇)ပေ မဖြစ်စေရန်၊ အသားတင်အကျယ် (Clear) (၇)ပေဖြစ်ရန် လိုအပ်ပါသည်။ သို့မှသာ လှေကား (Flight) တစ်စင်း၏ အကျယ် (Waist) သည် (3 1/2) ပေ ရှိရမည်။ ခိုင်ခံ့တောင့်တင်းသော လက်ရန်း (Hand Rail) တစ်ခု အနည်းဆုံး တပ်ဆင်ထားရှိရန်။
၂။ ကွန်ကရစ်လှေကားတစ်လျှောက်တွင် လှေကားထစ် တစ်ထစ်စီ၏ အမြင့် Riser သည် (၇)လက်မထက် မပိုစေရန်နှင့် လှေကားထစ် တစ်ထပ်စီ၏ အကျယ် (Tread) ကို (၁၀)လက်မနှင့် အထက်ရှိအောင် ဆောက်လုပ်ရန်၊
၃။ လှေကားခွင်အတွင်း လေ၀င်လေထွက် ကောင်းမွန်စေရန် Mechanical Ventilation System တပ်ဆင်ရန် (သို့မဟုတ်) သဘာ၀ လေ၀င်/လေထွက်ကောင်းမွန်စေရန် လှေကားခွင် အကာနံရံဧရိယာ၏ အနည်းဆုံး (၁၅%) အား လေ၀င်/လေထွက်ပေါက် ပြုလုပ်ထားရန်။
၄။ ပင်မ၀င်ထွက်တံခါး (Main Door) များကို အနည်းဆုံး (3 1/2)ပေအကျယ်၊ (6 1/2)ပေအမြင့်ရှိစေရန်နှင့် Self Closing Device and Min. 1/2 hr. Fire Door များဖြစ်စေရန်။ (လှေကားခန်း (Stair Way) အား Smoke Stop Lobby, Fir Fighting Lobby နှင့် Min. 1 hr. Fire Rated Enclosure အဖြစ် စီမံထားရှိရန်။
၅။ အရေးပေါ် မီးသတ်လှေကားကို ခေါက်ချိုးပုံ (Zig Zag) ဖြင့်ဆောက်လုပ်ပါက အောက်ပါအချက်အလက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်
(က) ခေါက်ချိုးပုံမီးသတ်လှေကား၏ Down Ward Angle သည် ၆၀ဒီဂရီထက် မပိုစေရ၊
(ခ) လှေကားခွင်သည် (၁၈)လက်မထက် မကျဉ်းစေရ၊
(ဂ) လှေကားထစ်တစ်ထစ်စီ၏အမြင့် (Riser) သည် (၁၀)လက်မထက် မပိုစေရ၊
(ဃ) လှေကားထစ်တစ်ထစ်စီ၏အကျယ် (Tread) သည် (၆)လက်မထက် မနည်းစေရ၊
(င) ပထမထပ်တွင် မြေညီထပ်သို့ ဆင်းနိုင်သော လှေကားအရှင် ထားရှိပေးရန်၊
(စ) လှေကားကို ခိုင်ခံ့စွာဆောက်လုပ်ထားရန်နှင့် လှေကားခွင်တွင် လမ်းရှင်းနေစေရန်၊
(ဆ) လှေကားတစ်ခုနှင့်တစ်ခု ကူးပြောင်းသည့်နေရာ၊ ဆင်းတက်သည့်နေရာ (Landing Area) တွင်လည်းကောင်း၊ လှေကားလိုင်းတွင်လည်းကောင်း ခိုင်ခန့်သော လက်ရန်းအကာများ ပါ၀င်စေရန်၊
(ဇ) ဆင်းတက်သည့်နေရာ (Landing Area) ကို (၂၉)လက်မထက် မကျဉ်းစေရ၊
မှတ်ချက်။ အထက်ပါစံချိန်စံညွှန်းများကို ကိုက်ညီစေရန်အတွက် ခေါက်ချိုးပုံ (Zig Zag) မီးသတ်လှေကား၏ အတွင်းခွင် (Interior Distance) သည် အနည်းဆုံး (၁၀×၄)ပေအကျယ် ရှိရန် လိုအပ်ပါသည်။ တစ်ခုမှ အခြားတစ်ဖက်သို့ လျှောက်ကူးသည့်လမ်းအား အနည်းဆုံး(၃)ပေ အမြင့်ရှိသည့် သံပန်းဖြင့်ကာရန်လိုအပ်ပါသည်။
၆။ အရေးပေါ်ထွက်ပေါက် (Emergency Exit) သို့မဟုတ် လွတ်မြောက်ပေါက် (Escape Door) တိုင်းကို အနည်းဆုံး (2 1/2)ပေအကျယ်နှင့် (6 1/2)ပေအမြင့်ရှိအောင် ဆောက်ရန်။
၇။ သံပန်း၊ သံတံခါးများ ကာရန်ထားမည် ဆိုပါက အသေတပ်ဆင်ထားခြင်းမပြုရန်။
၈။ မီးငြိမ်းသတ်ရေးအတွက် အနည်းဆုံးရေဂါလန်(၅၀၀၀)ဆံ့ မီးသတ်ရေကန်(၁)ခု ပြုလုပ်ပြီး အမြဲတမ်း ရေပြည့်နေအောင် သိုလှောင်ထားရှိရန်။
၉။ အနည်းဆုံး (၄)လက်မအရွယ်ရှိသော မီးလှန့်အချက်ပေးခေါင်းလောင်း (Fire Alarm Bell) ကွန်ကရစ်လှေကားတစ်လျှောက် မျက်နှာကြက်အနီး နံရံဘေးတွင် အထပ်(၂)ထပ်အကြား၌ (၁)ခုတပ်ဆင်၍ အချက်ပေးခလုတ်များကို ရုံးခန်းအတွင်း စင်္ကြန်လမ်းတစ်လျှောက် (၅)ပေအမြင့်တွင် တစ်ထပ်လျှင် တစ်ခုစီတပ်ဆင်ကာ ခလုတ်တစ်ခုကို နှိပ်၍ အချက်ပေးလျှင် ခေါင်းလောင်းအားလုံး အသံမြည်စေသောစနစ် (Zone Fire Alarm) ဖြင့် ဆက်သွယ်တပ်ဆင်ထားရှိရန်။
၁၀။ ဓါတ်လှေကားခန်းအတွက် လျှပ်စစ်မီးပြတ်တောက်ချိန်တွင် အနီးဆုံးအောက်ထပ်သို့ ဆင်းသက်လွတ်မြောက်နိုင်သည့် Emergency Back Up Power System တပ်ဆင်ပြီးစီးကြောင်းနှင့် ဘေးကင်းလုံခြုံမှုအတွက် စက်မှုကြီးကြပ်ရေးနှင့် လျှပ်စစ်စစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးထောက်ခံချက် လက်မှတ်ရရှိပြီး ဖြစ်ရမည်။
၁၁။ တည်ဆောက်ပြီးအချိန်၌ မီးသတ်ဦးစီးဌာနမှ အသိအမှတ်ပြုထားသော မီးသတ်ဆေးဗူး (Fire Extinguisher) များကို တစ်ခန်းလျှင်(၁)လုံးနူန်း ထားရှိရန်။
၁၂။ အထပ်မြင့်အဆောက်အဦများတည်ဆောက်ခြင်းမပြုမှီ Architectural Drawing များကို ကြိုတင်တင်ပြပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနနှင့် ညှိနိုင်းဆောင်ရွက်သွားရန်၊
၁၃။ တည်ဆောက်ဆဲကာလ လုပ်ငန်းခွင်တွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိရန်နှင့် မီးသတ်ဦးစီးဌာနမှ အခါအားလျော်စွာ စစ်ဆေးအကြံပြုချက်များကို လိုက်နာဆောင်ရွက်ရန်၊
၁၄။ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ချက် (Specification) များနှင့် စပ်လျဉ်း၍ လိုအပ်သောအကြံဥာဏ်များကို မီးသတ်ဦးစီးဌာနနှင့် ညှိနိုင်းရယူသွားရန်၊
၁၅။ မီးသတ်ဦးစီးဌာန၏ အကြံပြုချက်များအားလုံးကို လိုက်နာဆောင်ရွက်ပြီးမှသာ နေထိုင်ခွင့်/အသုံးချခွင့်ဆိုင်ရာ (BCC) ထောက်ခံချက်ကို လျှောက်ထားတောင်းခံရန် တို့ဖြစ်ပါတယ်။
ညွှန်ကြားချက်ထဲမှာ မပါပေမယ့် အစည်းအဝေးမှာ ပြောပြချက်တွေအရ သိခဲ့ရတာတွေက အရေးပေါ်လှေကားအတွက် spiral stair ကြောင်လှိမ်လှေကားက (၄)ထပ်အထိပဲရပြီး (၅)ထပ်နှင့်အထက် ဆိုပါက ခေါက်ချိုးပုံ (Zig Zag) လှေကားဖြစ်ရပါမယ်၊ emergency exit အရေးပေါ်ထွက်ပေါက်တံခါးက အပြင်ဖွင့် ဖြစ်ရပါမယ်၊ အရေးပေါ်ထွက်ပေါက်တံခါးအပေါ်မှာ EXIT ဆိုတဲ့ စာသားကို (၆)လက်မထက်မငယ်တဲ့ အရွယ်နှင့် သိသာထင်ရှားစွာ ရေးသားရမယ် ဆိုတာတွေပါပဲ။
Credit to:

#အိမ်လှလှလေးဆောက်ကြမယ်

❌ဆောက်လုပ်ရေးလုပ်ငန်းများတွင်ဖြစ်လေ့ရှိသောကျရှုံးခြင်း ၅ ချက်❌👉၁: ခန့်မှန်းကုန်ကျစရိတ်ထက်ကျော်လွန်ခြင်း🤔Project တခုမှာအဖ...
20/02/2024

❌ဆောက်လုပ်ရေးလုပ်ငန်းများတွင်ဖြစ်လေ့ရှိသောကျရှုံးခြင်း ၅ ချက်❌

👉၁: ခန့်မှန်းကုန်ကျစရိတ်ထက်ကျော်လွန်ခြင်း

🤔Project တခုမှာအဖြစ်အများဆုံးပြဿနာပါ၊လုပ်ငန်းစဉ်များထဲကတခုခုလွဲချော်တာနဲ့ကုန်ကျစရိတ်ကိုလာပြီးထိခိုက်ပါတယ်၊နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလိုပါပဲ၊ပြဿနာတွေရဲ့အဆုံးသပ်က ကုန်ကျစရိတ်ကိုတက်စေတာပါပဲ၊တော်တော်လေးကိုမျက်ခြေမပြတ်ကိုင်တွယ်နေဖို့လိုအပ်ပါတယ်၊နေ့စဉ်/အပတ်စဉ်ငွေစရင်းများ၊လုပ်ငန်းခွဲအလိုက်ပစ္စည်းအသုံးပြုမှု၊အချိန် ပစ္စည်း လုပ်အား လေလွင့်မှုမရှိအောင် အမြဲတမ်း ကြပ်မတ်နေရပါမယ်၊ယနေ့ကာလအရ ကုန်ပစ္စည်းစျေးနှုံးမတည်ငြိမ်မှုကြောင့် စရိတ်တက်သွားတာကလည်း အဖြစ်အများဆုံးပြဿနာတခုပါပဲ၊လက်ခံနိုင်လောက်တဲ့ စရိတ်ကွာဟမှူ ဘောင်အတွင်းမှာသာ ကုန်ကျစရိတ်ရှိနေဖို့က Project manager တယောက်ရဲ့ အတွေ့ကြုံ နဲ့ နှံစပ်မှုက အရေးကြီးပါတယ်၊ဒါ့အပြင် အဂတိမှု ကင်းရှင်းဖို့ကလည်းအဓိကအချက်ပါပဲ။

👉၂: design ပိုင်းပြင်ဆင်မှုများခြင်း

🤔 အဆောက်ဦးပုံစံ၊အခန်းဖွဲ့စသည်တို့ကိုပြင်ပမှာလက်တွေ့မတည်ဆောက်ခင်၊ပုံဆွဲခြင်းကာလမှာကတည်းကအလုံးစုံပါဝင်နေသင့်ပါတယ်၊မကြိုက်လို့ပြန်ဖျက်တာ၊ထပ်တိုးတာတွေက
လုပ်ငန်းကိုနှောက်နှေးစေရုံသာမကစရိတ်ရောအရည်အသွေးကိုပါထိခိုက်စေပါတယ်၊

👉၃: စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း

🤔 ဒီအမှားက အဖြစ်များပါတယ်၊သေချာမသုံးသပ်လို့သာသတိမမူမိကြတာပါ၊အတွေ့ကြုံ၊ဘာသာရပ်အစုံနှံ့စပ်မှု၊ကြိုတင်သိမြင်မှုတွေကသိပ်ကိုအရေးကြီးပါတယ်။

👉၄: လုပ်သားများအရည်ချင်းမပြည့်မှီခြင်း

🤔လုပ်သားတယောက်ရဲ့အရည်ခြင်းကလည်းအရေးကြီးပါတယ်၊စိတ်မချရတဲ့သူကိုခိုင်းရတာအချိန်ကုန်ငွေကုန်လူပန်းဖြစ်စေရုံသာမကအဆောက်အဦးရဲ့အရည်သွေးပိုင်းကိုပါတိုက်ရိုက်ထိခိုက်စေပါတယ်

👉၅: ကန်ထရိုက်တာ(သို့)လုပ်ငန်းအဖွဲ့အရွေးမှားခြင်း

🤔 “ခေါင်ထိကုန်” ဆိုသလိုပါပဲ၊ အဖွဲ့ရွေးမှားရင်၊အစဆုံးစိတ်ညစ်စရာတွေကြီးဖြစ်ရုံသာမက
အမှုအခင်းဖြစ်စဉ်ထိပါရောက်နိုင်ပါတယ်၊တာဝန်ခံမှု၊တာဝန်ယူမှု၊လုပ်နိုင်စွမ်း၊ယုံကြည်မှုတွေကအလွန်အရေးကြီးပါတယ်။

✅ဒီလိုတွေမဖြစ်အောင် သေချာလေးဆွေးနွေးလေ့လာပြီး လုပ်ငန်းစဉ်အလိုက်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သက်ဆိုင်ရာကျွမ်းကျင်သူများကိုရွေးခြယ်ဖို့လိုပါကြောင်း။✅

👉လိုအပ်ပါက
☎️0️⃣9️⃣4️⃣4️⃣0️⃣5️⃣5️⃣7️⃣7️⃣9️⃣9️⃣

🤔မြို့တမြို့အပေါ်(မော်လမြိုင်မြို့)လေ့လာခြင်း👉မြောက်မှတောင်စီးဆင်းနေသောသံလွင်မြစ်နဲ့အပြိုင်တည်ရှိ(ရေလမ်းကုန်သွယ်ရေးအခွင်...
18/02/2024

🤔မြို့တမြို့အပေါ်(မော်လမြိုင်မြို့)လေ့လာခြင်း

👉မြောက်မှတောင်စီးဆင်းနေသောသံလွင်မြစ်နဲ့အပြိုင်တည်ရှိ(ရေလမ်းကုန်သွယ်ရေးအခွင့်လမ်းကောင်းရှိ)
👉ပြည်ထောင်စုလမ်းမကြီး၊အာစီယံဖြတ်လမ်းမကြီး၊မီးရထားလမ်းမကြီးအပေါ်တည်ရှိ(ကုန်းလမ်းကုန်သွယ်ရေးအခွင့်လမ်းကောင်းရှိ)
👉လေဆိပ်ရှိ(အဆင့်မြင့်တင်နေဆဲ)
👉ရွေ့ပြောင်းလုပ်သားအခြေချမှုများလာ
👉အဌားအိမ်ယာလိုအပ်ချက်မြင့်မားလာ
👉ရုံးခန်း၊ဂိုဒေါင်လိုအပ်ချက်မြင့်မားလာ
👉ဒေသအတွင့်းကုန်စည်စီးဆင်းမှု၊ကျန်းမာရေး၊ပညာရေးဗဟိုချက်ဖြစ်လာ
👉မြို့ဗဟိုချက်သည်စျေးကြိုလမ်းဆုံသို့ရောက်ရှိလာ
👉မြို့ရဲ့အရှေ့ခြမ်းနဲ့အနောက်ခြမ်းတွင်စက်မှုဇုံများရှိ
👉တောင်မြောက်သွယ်တန်းနေသောပြည်ထောင်စုလမ်းမကြီးတလျှောက်ဖွံ့ဖြိုးမှုလျှင်မြန်လာ
👉စျေးကြီး၊ပွဲရုံတန်း၊လဝကရုံး၊ယဉ်မှတ်ပုံတင်ရုံး၊ဆေးရုံကြီး၊တက္ကသိုလ်၊ဘူတာကြီး၊လေဆိပ်၊အဝေးပြေးဂိတ် စသည့် အများပြည်သူဝန်ဆောင်မှုများပြားသော နေရာများနှင့် ၎င်းနေရာများကိုချိတ်ဆက်ထားသောလမ်းများ
ဖွံ့ဖြိုးမှုမြန်ဆန်လာ
👉၎င်းနေရာဝန်းကျင်ရှိရပ်ကွက်ကြီးများလူနေထူထပ်လာ

✅အထက်ပါအချက်များက မော်လမြိုင်မြို့ပေါ်ရှိမြေကွက်တန်ဖိုးကိုလွှမ်းမိုးမှုရှိနေပါတယ်။

✅”Value in construction”👉Value ဆိုတာဘာလဲ?‘အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြပေမယ့် ဆောက်လုပ်ရေးနဲ့ဆိုင်တာတွေကိုပဲဆွေးနွေးသွာ...
13/02/2024

✅”Value in construction”
👉Value ဆိုတာဘာလဲ?
‘အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြပေမယ့် ဆောက်လုပ်ရေးနဲ့ဆိုင်တာတွေကိုပဲဆွေးနွေးသွားပါမယ်’
လွယ်လွယ်ပြောရရင် Value ဆိုတာ စိတ်ကျေနပ်မှုနဲ့ သုံးစွဲလိုက်ရတဲ့ရင်းမြစ် တို့ရဲ့ဆက်သွယ်မှုတခုပါပဲ
Value =satisfaction/consumption
စိတ်ကျေနပ်မှုများလေ ➡️တန်ဖိုးတက်လေ
တန်ဖိုးများလေ➡️အရင်းမြစ်သုံးစွဲမှုများလေ

တနည်းအားဖြင့်
စားကောင်းတဲ့ရေခဲမုန့်ကို
ပစ္စည်းကောင်းတွေနဲ့
ပြုလုပ်ရသလိုမျိုးပေါ့
စိတ်ကျေနပ်မှုကိုတိုင်းတာဖို့အတွက်ကတော့ နည်းအမျိုးမျိုးဖြစ်နိုင်ပါတယ်၊ တချို့က
အရေအတွက်များတာ၊အရည်အသွေးကောင်းတာ၊တချို့ကအပေါ်ရံလှပတာ၊တချို့ကအသုံးဝင်မှုများတာစသဖြင့် မျိုးစုံကွဲလွဲနိုင်ပါတယ်။

👉သင်တယောက်ထဲစိတ်ကျေနပ်မှုရှိပေမယ့်
သင့်မိသားစု(သို့)သင့်ပတ်ဝန်းကျင်ကကြိုက်ချင်မှကြိုက်မယ်
✅ဒါဆို… သင့်ရဲ့လိုချင်မှု(Want)နဲ့ လိုအပ်မှု(Need)ကို ခွဲခြားသိမြင်ဖို့လိုအပ်လာပါပြီး

👌ဟုတ်ပြီး…
သင့်မှာမြေနေရာတကွက်ရှိတယ်ဆိုပါစို့ အဲ့နေရာမှာ သင်ဟိုတယ်တလုံးဆောက်ဖို့ရည်ရွယ်လိုက်တာနဲ့ သင်သိထားသင့်တာတွေအများကြီးပေါ်လာပြီး။
👉၁: အဲ့နေရာမှာဟိုတယ်ဆောက်လို့သင်စီးပွါးဖြစ်နိုင်သလား?
👉၂: သင်ကရော မှုလကတည်းက ဟိုတယ်လုပ်ငန်းကို ရင်းနှီးကျွမ်းဝင်ရှိရဲ့လား?
👉၃:ဟိုတယ်ကို ဘယ်လိုအဆင့်တန်းဆောက်မှာလဲ?
👉၄:အခန်းအရေတွက်ဘယ်လောက်ယူမှာလဲ?
👉၅:အဲ့တာတွေအတွက်ကုန်ကျငွေလုံလောက်ရဲ့လား?
မေးခွန်းတွေကအများကြီးပေါ်လာပါပြီး🤔

🙄ဘယ်လိုပဲဖြစ်ဖြစ် သင့်ဟိုတယ်က ကြံ့ခိုင်ရမယ်၊ဝင်ငွေကောင်းရမယ်၊စသဖြင့်သင့်ဟိုတယ်ရဲ့တန်ဖိုးရှိမှုကိုဘက်ပေါင်းစုံကတိုင်းတာဖို့လိုလာတယ်🙄

👌အိုကေ … ဒါဆိုရင်တန်ဖိုး(value)ရှိမှုကို
တိုင်းတာဖို့သင်သိထားသင့်တာပေါ့

✅CABE (Commission for Architecture the Built Environment) က Value ကို ခြောက်မျိုးခွဲပြီးပြောထားပါတယ်
1: Exchangeable (လဲလှယ်နိုင်စွမ်း)
Ex: အရင်းအနှီးပြန်ရနိုင်ချေ၊ဌားရမ်းခ၊လည်ပတ်တန်ဖိုး…
2: Usefulness (အသုံးပြုနိုင်စွမ်း)
Ex: နေထိုင်သူများရဲ့စိတ်ကျေနပ်မှု၊ပညာရေးအခွင့်လမ်း၊ကျန်းမားရေးအကျိုးပြုမှု…
3: Image (ပုံရိပ်တန်ဖိုး)
Ex: အများပြည်သူများနဲ့ဆက်ဆံရေး၊အမြင်၊နာမည်ဂုဏ်သတင်းကျော်ကြားမှု…
4: Social (လူမှူရေးအကျိုးပြုနိုင်စွမ်း)
Ex: လူမှုအဖွဲ့စည်းများကိုအကျိုးပြုမှု၊အနီးအနားတွင်ရာဇဝတ်မှုခင်းကျဆင်းနိုင်ချေ၊CSR
5: Environmental (သဘာဝပတ်ဝန်းကျင်အကျိုးပြုနိုင်စွမ်း)
Ex: သဘာဝပတ်ဝန်းကျင်အပေါ်ရှိုက်ခတ်မှု၊ဂေဟစနစ်အပေါ်အကျိုးသက်ရောက်မှု
6: Cultural (ယဉ်ကျေးမှုတန်ဖိုး)
Ex: ရုပ်ပိုင်းနာမ်ပိုင်းဆိုင်ရာတန်ဖိုးများ၊ကာကွယ်ခြင်း
👉အထက်ပါအချက်များကိုမိမိတည်ဆောက်မယ့် ဟိုတယ်မှာပါဝင်စေဖို့စဉ်းစားအကောင်ထည်ဖေါ်နိုင်မှသာ တန်းဖိုးရှိတဲ့ဟိုတယ်တလုံးဖြစ်လာနိုင်ပါတယ်။

👉တန်ဖိုး(value)ကိုသင်သိပြီးရင် ဘယ်လိုရယူမလဲ? (How to get value?)

✅ဆောက်လုပ်ရေးစီမံကိန်းတခုမှာဖြစ်စဉ်ကြီး ၃ ခုရှိပါတယ်၊
👉၁: မြေပြင်မှာလက်တွေ့မဆောက်ခင် စက္ကူအပေါ်ရေးဆွဲတာ၊ပါဝင်ရမယ့်အချက်တွေပါအောင်၊စျေးကွက်မဟာဗျူဟာ၊စသဖြင့်ကြိုတင်စဉ်းစားရေးဆွဲရမယ့်ကာလ
👉၂:လက်တွေ့တည်ဆောက်ခြင်းကာလ
👉၃:တည်ဆောက်ပြီးအသုံးပြုမှုကာလ
(ပုံကိုလေ့လာပါ)
🤔ဖြစ်စဉ်ကြီး ၃ ခုမှာ ပထမဦးဆုံး အဆင့် ၁ မှာကတည်းက ဘက်ပေါင်းစုံကို စဉ်းစားထားပြီး တည်ဆောက်ခြင်း၊အသုံးပြုခြင်းကာလအထိဆောင်ရွက်ရပါမယ်
👌ဒါမှသာ လိုချင်တဲ့ တန်ဖိုး(value)ကိုရပါလိမ့်မယ်၊ ဒါကို Value Management လုပ်တယ်လို့ဆိုကြပါစို့။
👍ဒီနေရာမှာ Tool အနေနဲ့ Paired Comparison Method ကိုသုံးနိုင်ပါတယ်(သီးသန့်ပိုစ်တင်ထားပါတယ်)
👉ဒီလိုဆောင်ရွက်/တည်ဆောက်ဖို့စီမံနေတဲ့ကာလမှာ VE လို့အတိုခေါ်တဲ့
Value Engineering ကိုထည့်သွင်းစဉ်းစားရပါမယ်

✅V=Function+Satisfaction / Cost
တန်ဖိုးရှိစေဖို့ စိတ်ကျေနပ်ဖွယ်အကောင်းဆုံးစနစ်အတွက် အသက်သာဆုံးစရိတ်ကျခံစေတာလို့ နားလည်ရင်ရပါပြီး

👉ထပ်ဆင့်အားဖြင့် မူလစနစ်(သို့)ပိုမိုသာလွန်တဲ့စနစ်တခု ရစေဖို့
မူလကုန်ကျစရိတ်(သို့)မူလထက်နည်းတဲ့ စရိတ်နဲ့အကောင်တည်ဖေါ်ခြင်း
နည်းလမ်း ကို VE လုပ်တယ်လို့ ခေါ်ပါတယ်
(ပုံကိုလေ့လာပါ)

♻️♻️♻️စာကိုအဆုံးသပ်ရရင်…
👉မိမိအဆောက်အဦး Project ရဲ့ တန်ဖိုးValue တက်စေဖို့အတွက်
✅Value Management နဲ့
✅Value Engineering ကိုမဖြစ်မနေလုပ်ဖို့လိုကြောင်းမျှဝေလိုက်ပါတယ်နော်။😀

😀လိုအပ်ပါက…
☎️0️⃣9️⃣4️⃣4️⃣0️⃣5️⃣5️⃣7️⃣7️⃣9️⃣9️⃣သို့ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။

Address

No. 414 Naung Kha Ye
Mawlamyine

Telephone

+9595147799

Website

Alerts

Be the first to know and let us send you an email when SAN THIT OO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SAN THIT OO:

Share