16/05/2025
အိမ်တစ်အိမ်ဆောက်ရင်အဓိက ( ၃ ) ချက်ရှိတယ်
အိမ် ပနပ် ၊အိမ် ဦးရင်တိုင် ၊လှေကား ..အဲ့ဒါ အဓိကဘဲ။
( မဆောက်ကောင်းသောအိမ်များ )
အိမ်ပျံ
အိမ်ရင်ကွဲ
အိမ်ပလ္လင်
အိမ်ဖိုခနောက်
အိမ်နွား
အိမျပတ်တလား
ကျောင်းနှင့်တူသောအိမ်
မဆောက်ကောင်းပါ ။
ရင်ကွဲ အိမ် (ကွဲသေ)
ဝါးခေါင်းထိုးဆက်သောအိမ် (ရန်ဖြစ်)
သစ်ဆက်ဝါးဆက် ဆက်သောအိမ် (ရန်ဖြစ်)
အဲ့အိမ်တွေမှာထုပ်ယောက် မိုက်ဖွဲ့ပြီး၃နဲ့စားလို့ပျက်ရင်၃လအတွင်း လူသေဖို့၁၀၀%ပါ
အိမ် ပတ္တလား နဲ့ အိမ်နွားကဆင်းရဲရုံဘဲရှိတယ် လူမခိုက်ပါ
အိမ်မှာ သစ်စုံပါရင်သစ်မင်း စိုက်ထားပါ။
အိမ်ထက် အိမ်သာ မကောင်းစေသင့်အိမ်အရင် အိမ်သာ မဆောက်ကောင်းခြံစည်းရိုး မရှိဘဲ အိမ်မတည်သင့်ပါ။
အိမ်တိုင်တွေကိုကြေးပြားမှာစည်းချဂါထာ ရေးပြီးအောက်ကခံရင် ကြီးပွားတိုးတက်စေပါတယ်။မီးမခနိုင်ဧည့်သည် ကောင်းများလာစေတက်လောင်မီးစက် မခံနိုင်မိစ္ဆာ များမနေနိုင်ပါ။
အိမ်တစ်အိမ်မှာချမ်းသာချင်လည်း လှေကားဘဲမွဲချင်လည်း လှေကားဘဲလှေကားက အဓိကပါဘဲ။
အိမ်နဲ့ပတ်သတ်ပြီးသိပ္ပံခေတ်မှာ ယုံစရာမလိုဘူး ဆိုလို့မယုံကြည်ရင်အိမ်ရဲ့ဘယ်ဘက်ညာဘက် ၂ ဘက်လုံးအဖီ ဆွဲ နေ လေ ။မွဲ အေးရော ။ အကြားအမြင် ပြည့်ဝကြပါစေ။
လူမှန်သမျှ အိမ်နှင့်မကင်းနိုင်ထိုအိမ်ဆောက်ရာတွင်အကျိုးအပြစ်ကို စလေဦးပုည၏ဟောစာတမ်းမှ..အကျိုးများ၍..အများအကျိုးတွက်..တင်ပေးပါအံ့။
တနင်္ဂနွေ နေ့ အိမ်ဆောက်လျှင်..
ဥရုတိုင်အရပ်ခေါ် ဦးရင်တိုင်၏ စရွေးအောက်မှာ တစ်ထွာခန့် အမျက်ရှိတတ်၏.. ထိုအမျ က်ကား.. အိမ်လူတွေကို ဒုက္ခပေးတတ်၏.. ပယ်နိုင်ကပယ်လိုက်မပယ်နိုင်လျှင် ထိုဥရုတိုင်နှင့် အရှေ့မြောက်ကတိုင်နှင့် လဲ၍စိုက်စည်းစိမ်ဥစ္စာ တိုးပွား၏။
တနင်္လာ နေ့အိမ်ဆောက်မူ..အနောက်မြောက်ယက်မအောက်တွင် အမျက်အဆွေးရှိတတ်၏သားသမီး မြေးမြစ်သေတတ်၏..ပယ်လိုကပယ်..မပယ်လိုက..အရှေ့တောင်ကသစ်မင်းတိုင်နှင့်လဲ၍စိုက်..ခြေလေးခြောင်းရကိန်းရှိ၏။
အင်္ဂါ နေ့အိမ်ဆောက်မူ..
မြောက်အလယ်တည့်တည့်ယက်မအောက်တွင် သေချာကြည့်မှမြင်ရသော အမြံအခေါင်းရှိတတ်၏အိမ်ရှိ တိရစ္ဆာန် သေတတ်၏
ပယ်လိုကပယ်.. မပယ်လိုက.. တောင်ဘက်စဉ် စိုက်တဲ့တိုင်တွေထဲမှ အလည်တိုင်နှင့် လဲစိုက် သမီးရတနာရတတ်၏။
ဗုဒ္ဓဟူး နေ့တွင်အိမ်ဆောက်မူ..
အရှေ့မြောက်ထောင့်ကတိုင်တွင် မြေပေါ်တစ်ထောင်လောက်အကွာ အမျက်ရှိတတ်၏...
ကိုယ်ချစ်ရသူသေတတ်၏ ပယ်လိုကပယ်.. မပယ်လိုက ဘူမိအရပ်ကတိုင်နှင့် လဲစိုက် စုဒ်ကောင်းဝင်လတ္တံ့။
ကြာသာပတေးနေ့တွင် အိမ်ဆောက်လျှင်...
အရှေ့စွန်းက.. တိုင်ခွတွင် အခေါင်းပါတတ်၏ ရောဂါရတတ်၏. .သောကရောက်တတ်၏ ပယ်လိုကပယ်.. မပယ်လိုက ..အလည်တိုင်နှင့်လဲစိုက်.. ဘုန်းကြီးအံ့။
သောကြာနေ့ တွင် အိမ်ဆောက်မူ..
အလယ်တိုင်၏ ဂွအောက်တစ်ထွာလောက်တွင် အခေါင်းပါတတ်၏.. ရောဂါထူပြောအံ့ ပယ်လိုကပယ်.. မပယ်လိုက.. အလည်ဂွတိုင်နှင့် လဲစိုက်.. လာဒ်ရအံ့။
စနေနေ့တွင် အိမ်ဆောက်မူ..
အနောက်တောင်ရှိတိုင်ထိပ်၌.. စရွေးအောက်မှာ အမျ က်သေးပါတတ်၏.. မိန်းမမသေ ယောက်ျ ားသေတတ်၏.. ပယ်လိုကပယ်.. မပယ်လိုက.. အနောက်မြောက်အရပ်ကတိုင်နှင့် လဲစိုက် လာဒ်ကြီးရလတ္တံ့။
photo credit