24/06/2023
မြန်မာနိုင်ငံက အိမ်တွေက ဘာဖြစ်လို့ …
နိုင်ငံခြားကအိမ်တွေလောက် မကောင်းတာလဲ ?
နိုင်ငံရပ်ခြားခဏခဏရောက်ဖူးတဲ့ NGO က
အစ်မတစ်ယောက်က သူတို့အိမ်သစ်လေး
ပြင်ဦးလွင်မှာဆောက်ဖို့ လာမေးတဲ့မေးခွန်းပါ..
ထောက်ပြစရာတွေများပေမယ့် ..
ဒီ (၆) ချက်က အဓိကအနှစ်ချုပ်ပါပဲ ..
(၁)
ပိုက်ဆံသိန်း ထောင်ကျော်သုံးရမယ့်
အိမ်အတွက် 1% to 5% ဆယ်ဂဏန်းသုံးရမယ့်
(Architecture, Structure, MEP, Interior, etc.)
Design fees တွေ သုံးသင့်မှန်း နားမလည်သေးလို့ ..
(၂)
Design တွေကောင်းကောင်းဆွဲပေမယ့်လည်း
Material လျှော့သုံးတဲ့အခါ Quality ရုပ်မထွက်ဘူး
၄ ပေx ၂ ပေ granite တစ်ချပ် ၅ သိန်းတန်
သုံးရမယ့်နေရာမျိုးမှာ ၅ သောင်းတန်ပဲသုံးတာနဲ့၊
ခလုတ်ချင်းတူပေမယ့် socket ၁ ခုမှာတင်
၁ သောင်းခွဲတန်နဲ့ ၃ ထောင်တန် ယှဉ် သုံးကြည့်ရင်
နိုင်ငံခြားအိမ်ပုံနဲ့ ဒီကအိမ်တွေဘယ်တူမလဲပေါ့..
(၃) Material ကောင်းကောင်းသုံးပေမယ့် …
Supervisor/ labor ကျွမ်းကျင်မှုမရှိရင်
Quality look လက်ရာမထွက်ပြန်ပါဘူး ..
ကြွေပြားတောင် level ရအောင် မကပ်တတ်တဲ့
လေဘာကို လက်ခသက်သာတယ် သူလဲပန်းရန်ပဲ
ဆိုပြီးတော့ .. 8’x4’ Granite သွားကပ်ခိုင်းမိရင်
တန်ဖိုးကြီးပစ္စည်းဆုံးရှုံးတာပဲ အဖတ်တင်မယ်
(၄) အိမ်ကြီးအိမ်ကောင်းလိုချင်ရင်
သုံးသင့်တဲ့နေရာမှာ ပိုက်ဆံသုံးကို သုံးရမယ် ..
တကယ့်ပညာရှင်လက်ခတွေက ဈေးမပေါဘူး ..
Ready made ခေါက်ဆွဲတစ်ဘူးထက်
စားသောက်ဆိုင်က ခေါက်ဆွဲ ကစျေးပိုသလို ..
5stars Hotel က healthy food တွေဟာ ဈေးကြီးမှာပဲ ..
Ready made - PVC door တွေထက်လည်း
Customize door တွေ/ Engineered Wood
တံခါးတွေဟာ တန်ဖိုးကြီး၊ ဈေးကြီးမှာပဲ …
(၅)
အိမ်ရှင်ဖက်ကလဲ ပတ်ဝန်းကျင်ကပြောသမျှကို
ဟုတ်လိမ့်နိုးနိုး.. ကောင်းလိမ့်နိုးနိုး တစ်ခုပြီးတစ်ခု
လိုက်စမ်းသပ်မနေပဲ… သူ့နေရာနဲ့သူ ကျွမ်းကျင်တဲ့
Qualified person/ Consultant level ကို ငှါးရမ်းပါ ..
လက်သမားဆရာချင်းတူပေမယ့် မြန်မာမှုနဲ့
Modern furniture လုပ်တာ ပညာမတူဘူး ..
Formwork ရိုက်သူနဲ့ Cabinet လုပ်သူမတူဘူး
Architecture & Structure ပညာရပ်မတူဘူး ..
(၆)
လူတိုင်းနားလည်လွယ်အောင် ငလျင်ဒီဇိုင်းနဲ့
လေမုန်တိုင်းဒီဇိုင်းတွေ ထည့်မရေးထားပါဘူး..
Wind & Earthquake Resistant Design နဲ့
သာမန်အဆောက်အဦလဲ တန်ဖိုးချင်းမတူပါဘူး
အိမ်ဆောက်တယ်ဆိုတာ အိမ်ထောင်ပြုသလိုပဲ
ရွေးခြယ်ပြီးရင် ပြင်ဖို့ခက်တဲ့အရာတစ်ခုပါ..
မိမိသုံးမယ့် budget နဲ့ value ထပ်တူညီသော
အိမ်တန်ဖိုးကို ရကြပါစေ ….
Original Writer ✍️
Engr Millimetre
Build2Develop
📲 ဆက်သွယ်ရန်
Min Khit Construction Co., Ltd
အမှတ်(၂၈)၊ မေတ္တာလမ်း၊ နှင်းဆီခြံရပ်ကွက်၊ ရပ်ကွက်ကြီး(၆)၊ ပြင်ဦးလွင်မြို့။
Ph: 09-689 812042, 09-969 831441
အမှတ်(၅၄၆၂)၊သော်က(၂၀)လမ်း၊ဇ၀နသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်၊နေပြည်တော်
Ph: 09-977 063691,09-977 063651