Dr.T အိမ်ခြံမြေနှင့်အထွေထွေအကျိုးတော်ဆောင်လုပ်ငန်းစု

  • Home
  • Myanmar
  • Maymyo
  • Dr.T အိမ်ခြံမြေနှင့်အထွေထွေအကျိုးတော်ဆောင်လုပ်ငန်းစု

Dr.T  အိမ်ခြံမြေနှင့်အထွေထွေအကျိုးတော်ဆောင်လုပ်ငန်းစု အိမ်ခြံမြေ အကျိုးတော်ဆောင်နှင့် အိမ်ဆောက်လုပ်ငန်း

🌟Citizen Aspec နာရီလေး ရောင်းချင်ပါတယ်။ No error ပါ။ အသစ်အတိုင်းသန့်ပါတယ်။☝️မနှစ်က 580,000 နဲ့ ဝယ်ထားတာပါ။💯အခုပေါက်ဈေးက ...
12/11/2023

🌟Citizen Aspec နာရီလေး ရောင်းချင်ပါတယ်။
No error ပါ။ အသစ်အတိုင်းသန့်ပါတယ်။
☝️မနှစ်က 580,000 နဲ့ ဝယ်ထားတာပါ။
💯အခုပေါက်ဈေးက 8 သိန်းဝန်းကျင် ရှိပါတယ်။
😇3လအတွင်း စက် error ဖြစ်ပါက ပြန်ဝယ်ပေးပါမယ်။
Price - 300,000/ ပါ 🤗

Sold out 📴📷 Zhiyun Smooth 4 ဘူးအစုံ ပစ္စည်းအစုံ အသစ်နီးပါး သန့်တာလေး ရောင်းချင်ပါတယ်ဗျ။💯 ဝယ်ပြီး တစ်ခါပဲ သုံးဖူးပါတယ်။(အ...
12/11/2023

Sold out 📴
📷 Zhiyun Smooth 4 ဘူးအစုံ ပစ္စည်းအစုံ အသစ်နီးပါး သန့်တာလေး ရောင်းချင်ပါတယ်ဗျ။
💯 ဝယ်ပြီး တစ်ခါပဲ သုံးဖူးပါတယ်။(အမြဲအလုပ်ရှုပ်နေလို့မသုံးဖြစ်လို့ပါ)
🌟 Lighting မီးက လက်ဆောင်ပါ။ အတော်လင်းပါတယ်။ Original ပါ။ အားမသွင်းဘဲ မသုံးဘဲထားရင် လနဲ့ချီခံပါတယ်။
🙏ဈေးက ၁၆၀,၀၀၀ ပါ။( တကယ်တမ်း အမြဲသုံးမဲ့ညီအကိုတွေအတွက်ဆို ဈေး ပါးပါးလျော့ပေးပါ့မယ်ဗျ)
📳09693947255

အိမ်ဆောက်တော့မယ့် အိမ်ရှင်ဟာ မိချောင်းသားလို လျှာရှည်ရပါမယ်‼️ဆိုလိုတာက…အိမ်ဆောက်မယ် Rc အကျယ်40-20ရေမီးဆေး အပြီး ဆိုတာနဲ့...
09/10/2023

အိမ်ဆောက်တော့မယ့် အိမ်ရှင်ဟာ မိချောင်းသားလို လျှာရှည်ရပါမယ်‼️

ဆိုလိုတာက…

အိမ်ဆောက်မယ် Rc အကျယ်40-20ရေမီးဆေး အပြီး ဆိုတာနဲ့ မလုံလောက်ပါဘူး။
အဲဒီအိမ်မှာ ဘာဘိလပ်မြေသုံးမလဲ

ထိုင်းဆင်လား ၊လူရိုင်းခေါင်းလား ၊ အယ်ဖာလား
ကြံ့နီလား၊ကြံ့စိမ်လား၊ ကြံက နှစ်ကောင်လားတစ်ကောင်လား ဒိုင်းမွန်းလား

သဲက မြစ်သဲလား ချောင်းသဲလား နူန်းသဲလား သဲအကြမ်းလား

ကျောက်စလစ်က စီးကျောက်လား မူးကျောက်မတ်ကျောက်လား အာလူးကျောက်လား

စပ်မယ့်အချိုးက အုတ်စီတာကို ဘယ်အချိုးနဲ့ စီမှာလဲ
အချောချောတာကို ဘယ်အချိုးနဲ့ စီမှာလဲ
အုတ်စီတာ 1:4ဆိုတဲ့ စပ်နည်းမှာ သဲကို အိမ်နဲ့ချိန်ထည့်မှာလား တစ်အိပ်ကို ၁၀ဂေါ်ဆိုပြီး ဂေါ်နဲ့ ပုံမှာလား အိပ်ထဲ သဲထည့်တဲ့အခါ သဲက ဘိလပ်မြေနဲ့ ဆတူလား အိပ်ကို လက်နဲ့ ကိုင်လို့ မရပဲ အောက်ကနေ ပွေ့ရအောင် အပြည့် အလျှံကြီး ထည့်မှာလား

မဆလာဖျော်မယ့်ရေက ရေချိုလား ရေငံလား နွံတွေနဲ့ မသန့်တဲ့ရေလား ရေသန့်သန့် သုံးရမယ်ဆိုတိုင်း ရေသန့်ဘူးတွေဝယ်ပြီးတော့လည်း မစပ်နဲ့ပေါ့

အိမ်မှာ သုံးမယ့် သံ၊သစ် တွေကရော ဘယ်လို သံတွေ သစ်တွေ သုံးမှာလဲ
Rcဆိုရင်လဲ ဘယ်လို သံဆိုက်တွေ သုံးမှာလဲ ၅မူးလား ၆မူးလား ၃မတ်လား
သံက မြန်မာ သံလား နိုင်ငံခြားသံလား
မြန်မာသံက မကောင်းဘူး နိုင်ငံခြားသံက ကောင်းတယ် သံချောင်းပါရင် ပြီးရော် ဆိုရင်လဲ မရသေးဘူး
beam, coulmnတွေလောင်းတဲ့ အခါ Classနံပါတ် ရှိ့တဲ့ ဘိလပ်မြေကို သုံးမလဲ
အုတ်စီတဲ့ ဘိလပ်မြေကို beam,coulmnတွေမှာ လောင်းလို့မရပါ သိဖို့လိုအပ်မယ် ထင်တာလောက်ပဲ ရေးတာမို့Class number ကိုထည့်မရေးတာပါ

Ssချာ မှာလည်း သံတိုင်က 5''*3''/6''*3''လား အထူလား အပါးလား

သစ်သားတိုင်အုတ်ညပ် brick knoggedတွေမှာ ရော သုံးမယ့်သစ်က ပျဥ်းကတိုးလား ကျွန်းလား
သစ်က အစိုလား အခြောက်လား

Rcဆောက်တာ ပြန်ပြောမယ် ကော်လံတိုင် ဘင့်တွေ လောင်းတဲ့ အခါ 1:2:4နဲ့မလောင်းပဲ 1:3:6နဲ့ လောင်းပေးလိုက်လို့ ဟုတ်ပိတ်ဖြစ်နေအုံးမယ်

အိမ်တစ်လုံးရဲ့ အသေးစိတ်အချက်အလက်တွေ ရေးရင်တော့ ရေးလို့ မကုန်နိုင်ပါပဲ အစစအရာ မမေ့မလျော့ မပေါ့ဆကြပါနဲ့ တိကျဖို့ တစ်ယောက်နဲ့တစ်ယောက် အလုပ် ကိစ္စ မှာ အားမနာသင့်တာကို အားမနာဖို့ ပြောသင့်တာကို ပွင့်ပွင့်လင်းလင်း ကြိုတင်ပြောပြဖို့ ဒါတွေ လိုအပ်ပါတယ်
မြုံစိစိနဲ့ အားနာသလိုလို ဘာလိုလိုနဲ့ ဆရာကြီးလိုလို ဘာလိုလိုနဲ့ မနေပါနဲ့
အဲတာလေးတွေမှတ်ထားပေးပါ …

မူရင်းရေးသားသူအား Credit ပေးပါသည်…

အကြမ်းထည်လေး ပြီးပါတော့မယ်၊ အပြင်မှာ ပို ခန့်ပါတယ်။ ပြင်ဦးလွင်မြို့မှာ ခေါင်မိုးအနီလေး ဆေးသုတ်ပြီး နေရင် အရမ်းဗိုလ်ဆန်မဲ...
21/09/2023

အကြမ်းထည်လေး ပြီးပါတော့မယ်၊ အပြင်မှာ ပို ခန့်ပါတယ်။ ပြင်ဦးလွင်မြို့မှာ ခေါင်မိုးအနီလေး ဆေးသုတ်ပြီး နေရင် အရမ်းဗိုလ်ဆန်မဲ့အထာလေးပါဗျ

အကိုတယောက်မေးတဲ့RCတထပ်အိမ်ဒီဇိုင်းလေးတွေထဲက တခုပါ။ 25×40 အကျယ်အဝန်းပါ။
21/09/2023

အကိုတယောက်မေးတဲ့
RCတထပ်အိမ်ဒီဇိုင်းလေးတွေထဲက တခုပါ။ 25×40 အကျယ်အဝန်းပါ။

ကျနော်တို့ကိုမကြာခဏ Client တွေကမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုရှိပါတယိ။ ဒီလောက်အိမ်လေးဆောက်မယ်ဆိုရင် ဘယ်လောက်ကုန်ကျမလဲတဲ့။ အဓ...
19/09/2023

ကျနော်တို့ကိုမကြာခဏ Client တွေကမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုရှိပါတယိ။ ဒီလောက်အိမ်လေးဆောက်မယ်ဆိုရင် ဘယ်လောက်ကုန်ကျမလဲတဲ့။ အဓိကကတော့ ကုန်ကျစရိတ် Budget ချိန်ချင်ကြတာပါ။ Civil Enginer ပဲမို့ဒီလိုမေးရင်ဖြေရပါတယ်။
ဒီလိုအချိန်မှာ ကျနော်တို့ ခန့်မှန်းကုန်ကျစရိတ်ကို ပြောပေးရပါတယ်။ အကိုတို့ ၊ အမတို့ဆောက်ချင်တဲ့ Structure အတွက် ဒီလောက်တော့ကုန်ကျနိုင်ပါတယ်ပေါ့။
ဒီအခါမှာ ကျနော်တို့ကတော့ မေးခွန်းလေး ၅ ခုမေးပါတယ်။
၁။ ဘယ်လိုအဆောက်အဦးလဲ။
အဆောက်အဦးအမျိုးအစားပေါ်မူတည်ပြီး ကုန်ကျစရိတ်ကွာခြားနိုင်ပါတယ်။ ဥပမာ သံကူကွန်ကရစ်လား ၊ Steel Structure လားဆိုတာမျိုးပါ။
၂။ အကျယ်အဝန်းဘယ်လောက်လဲ ။
အကျယ်အဝန်းများလေ ကုန်ကျစရိတ်များလေ။
၃။ ဘယ်နှစ်ထပ်ဆောက်မှာလဲ။
အထပ်မြင့်လေ ကုန်ကျစရိတ်များလေ။
၄။ ဘယ်နေရာ ၊ ဒေသမှာဆောက်မှာလဲ။
နေရာဒေသပေါ်မူတည်ပြီး ကုန်ကျစရိတ်ကကွာပါတယ်။ ဥပမာ မြဝတီလိုနေရာမှာ ကျောက်ဈေးဟာ အတော်ကြီးပါတယ်။
၅။အဆောက်အဦးကို ဘာရည်ရွယ်ချက်နှင့်ဆောက်မှာလဲဆိုတာပါ။
ဒါကလူနေအိမ်လား ၊ ကျောင်း ၊ ဆေးရုံလား စသည်ဖြင့်ပါ။ ဒီအပေါ်မူတည်ပြီး ကုန်ကျစရိတ်ကမတူပါဖူး။
ဒီလိုအချက်တွေသိပြီဆိုရင် ခန့်မှန်းကုန်ကျစရိတ် Estimate ပြောလို့ရပါပြီ။ ကျနော်ကတော့ Range လေးတစ်ခုပြောပါတယ်။ ဥပမာ အနည်းဆုံးကုန်ကျစရိတ်က သိန်း ၁၀၀၀ အများဆုံးသိန်း ၁၀၈၀ စသည်ဖြင့်ပါ။
ဒီလို ပြောဖို့အတွက်တော့ ကျနော့ကိုတချို့ Client တွေက ခန့်မှန်းကုန်ကျစရိတ်လေးပါတွက်ပေးပါဆိုတဲ့ အခါမှာ Project တွေရဲ့ Data တွေကိုအခြေခံပါတယ်။
ကျနော်တို့ကတော့ ခန့်မှန်းကုန်ကျစရိတ်မို့ အကြမ်းဖျင်းပဲ Budget ချိန်ပေးနိုင်ကြောင်းပွင့်ပွင့်လင်းလင်းပဲပြောပါတယ်။
အခုက Detail Estimate လို့ခေါ်တဲ့‌အသေးစိတ်ခန့်မှန်းကုန်ကျစရိတ်တွက်ပေးရတဲ့ Project တွေတောင် တစ်ပတ်တစ်ခါ Bill Of Quantity (BOQ) မှာ update ပေးနေရတဲ့အချိန်မို့ပါ။
❣ မှတ်ချက်။ ။ အောက်ကအိမ်လေးတွေ ဆောက်ပေးခွင့်ရချင်သေးတယ် ❣
အားလုံးဘဲ အလုပ်အကိုင် အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျ

#တစ်ခုခု သိရှိလို စုံစမ်းလိုပါက ဖုန်းနံပတ် 09693947255 သို့ ဆက်သွယ်မေးမြန်းနိုင်သလို ကျွန်တော်တို့၏ Engineer ကြီး ကို Ye Zaw Htwe ကိုလည်း အသေးစိတ် မေးမြန်းနိုင်ပါသည်။

မြန်မာပြည်မှာ  ပျက်လိုက်ကြတဲ့...ဂီယာဘောက်တွေ...ပျက်လိုက်ကြတဲ့...အင်ဂျင်အထိုင်၊ ဂီယာဘောက်အထိုင်တွေ...ပျက်တာလည်း မပြောနဲ့လ...
18/09/2023

မြန်မာပြည်မှာ ပျက်လိုက်ကြတဲ့...ဂီယာဘောက်တွေ...
ပျက်လိုက်ကြတဲ့...အင်ဂျင်အထိုင်၊ ဂီယာဘောက်အထိုင်တွေ...
ပျက်တာလည်း မပြောနဲ့လေ...
ကားကိုတက်ထိုင် စက်နိုး တန်းပြီးဂီယာထည့်
ထွက်တော့တာကိုး...
ကားအင်ဂျင်တွေရဲ့ သဘောက အင်ဂျင်အပူချိန် မရှိသေးချိန်မှာ...
မိတ်ဆွေတွေအခေါ် Slow စ လိုး ပေါ့လေ...
Mechanic အခေါ် Idle Speed ဖြစ်တဲ့
အင်ဂျင် အပတ် ရေ ၇၅၀ ကိုတန်းထားပေးလို့မရဘူး၊
အင်ဂျင်မပူခင် ၇၅၀ တန်းချလိုက်ရင် အင်ဂျင်တုန်တာတွေ
စက်သေတာတွေဖြစ်ရော...
အဲ့တော့က ကားစက်စနိုးချိန်မှာ ကားအင်ဂျင်ရဲ့
Idle speed control က အလုပ်လုပ်ပေးရပါတယ်...
အင်ဒယ် စပိ ကွန်ထရိုးရဲ့ အလုပ်က ကွန်ပျူတာဘောက်က ရရှိလာတဲ့
အင်ဂျင်ရေအပူချိန်၊ Intake ကဝင်လာတဲ့ လေအပူချိန်နဲ့
အခြားသောအချက်တို့ကို အခြေခံပြီးတော့ NOT လို့ခေါ်တဲ့
Normal Operation Temperature ကို မရောက်ခင်မှာ
အင်ဂျင် အပတ်ရေကို စက်စနိုး နိုးချင်းမှာ
အပတ်ရေ ၁၅၀၀ အထက်မှာ ထားပေးကာ အင်ဂျင်ပူလာမှသာ အင်ဂျင်အပတ်ရေကို ဖြေးဖြေးချင်း လျော့ချပေးပါတယ်၊
အဲ့လို ဖြေးဖြေးချင်း လျော့ချပေးရင်း
သတ်မှတ်အပူချိန်ရောက်မှသာ ပုံမှန် Idle Speed ဖြစ်တဲ့
အပတ်ရေ ၇၅၀ ကိုချပေးတာ၊ ဆိုတော့ကာ...
ကျွန်တော်တို့ ကိုရွှေမြန်မာများက မနက်အစောပိုင်း
ကားပေါ်တက် စက်နိုးပြီး အင်ဂျင်အပတ်ရေ
၁၅၀၀ ဝန်းကျင်မှာ တန်းပြီး ဂီယာထည့်တော့
ဂီယာထည့်တဲ့အသံက ဝါးဘိုးဝါးကို လေးဂွနဲ့
ပစ်လိုက်သလို ဒုတ် ဂုတ် ဂွပ် နဲ့နေတာ...
Engine Mounting တွေဟာ ပုံမှန် အပတ်ရေ ၇၅၀ မှာ
လှုပ်တယ်ဆိုရုံလေး... လှုပ်ပေမယ့်...
အပတ်ရေ ၁၅၀၀ နဲ့ ထည့်လိုက်ချိန်မှာတော့
အင်ဂျင်အထိုင်တွေဟာ ရုန်းနိုင်သမျှ အကုန်ထမ်းပေးရကာ
အင်ဂျင် ဂီယာဘောက်တွဲကြီးဟာ အင်ဂျင်အထိုင် ထမ်းနိုင်ကာကုန်တော့
ကားကိုပါ သိမ့်ကနဲ လှုပ်အောင်အထိ ကစားပစ်ရတယ်...
ဒီလိုအခြေအနေတွေ ဖြစ်ပါများတဲ့အခါ
ဂီယာဘောက်တွေ အင်ဂျင်အထိုင်တွေ
မပျက် မပြတ်ပဲ ခံနိုင်ရိုးလား၊
ကားဆားဗစ်တွေနဲ့ ကားပစ္စည်းရောင်းတဲ့ဆိုင်တွေကို
လုပ်ကျွေးနေရသလိုပဲ၊
ထိုင်းမှာ ဆယ်စုနှစ် တစ်ခုကျော် ကားဆားဗစ်သွားလုပ်ခဲ့တာမှာ
အော်တိုဂီယာဘောက် တစ်လုံးသာ လဲခဲ့ရဖူးပါတယ်...
နောက်တစ်ခုက ကားပါကင်ထိုးတဲ့အခါ
ရှေ့တိုး နောက်ဆုတ်လုပ်ချိန်
ရှေ့တိုးတာ ဘီးကမရပ်သေးဘူး...
ဘရိတ်မှေးပြီး ဘက်ဂီယာ R ထည့်လိုက်ရော...
ဂုတ် ဂွပ်နဲ့...
နောက်ဆုတ်တာ ဘီးက မရပ်သေးဘူး...
ဘရိတ်မှေးပြီး ရှေ့ဂီယာ D ထည့်လိုက်ပြန်ရော...
ဂုတ် ဂွပ်နဲ့... ဒီအော်တိုဂီယာတွေ
ဘယ်လို မပျက်ပဲနေမလဲ၊
ကားတွေမှော
Owner Manual တွေပါပါတယ်...
ကားဟောင်းဆိုပေမယ့်လည်း
တော်တော်များများတော့
ပါကြပါတယ်...
ဖတ်ကြည့်ကြပါဗျာ...
ဖတ်ပါ ကြည့်ပါဆိုတော့
ဂျပန်ကတုံးချည်း
ကြည့်မနေပါနဲ့ဗျ
မကုန်သင့်ပဲ
ကုန်သွားရတဲ့ငွေတွေဟာ
မိတ်ဆွေတို့ ကုန်ရတာဖြစ်သလို...
အဲ့ဒီငွေတွေဟာလည်း
တိုင်းတစ်ပါးကို
မထွက်သင့်ပဲ ပေးလိုက်ရတဲ့
ငွေတွေလည်း ဖြစ်ပါတယ်ဗျာ...
ဘယ်ကားမောင်းမောင်း
ကိုယ့်ကားလို
သဘောထားပြီးသာ
မောင်းတဲ့သူဟာ
တစ်နေ့ ကြီးပွားမှာအမှန်ပါ...
မိတ်ဆွေများအားလုံး
ကပ်သုံးပါမှကင်းဝေးကြပါစေ၊
ချစ်ခြင်းအားဖြင့်

Crd - ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)

အိမ်သစ်လှလှလေး ဆောက်ချင်တဲ့ အတွေးက လူတော်တော်များများမှာရှိ တတ်ပါတယ် 🏠မိတ်ဆွေ သင့်မှာရော အိမ်ဆောက်ဖို့ အတွေးလေးတွေရှိနေပ...
18/09/2023

အိမ်သစ်လှလှလေး ဆောက်ချင်တဲ့ အတွေးက လူတော်တော်များများမှာရှိ တတ်ပါတယ် 🏠
မိတ်ဆွေ သင့်မှာရော အိမ်ဆောက်ဖို့ အတွေးလေးတွေရှိနေပြီလား 🤔
စိတ်ကူးထဲကအတိုင်း သေသပ်လှပပြီး နေချင်စရာကောင်းတဲ့ အိမ်လေးတစ်လုံး ရုပ်လုံးဖော်ဖို့ မခက်တော့ပါဘူး 🤗
သင့်စိတ်ကူးထဲက အိမ်သစ်တစ်လုံးအတွက် အစကနေ အဆုံးထိ တာဝန်ယူပြီး ဆောက်လုပ်ပေးပါတယ်။ ပြီးစီးသွားတဲ့အခါ ရေ၊ မီး အစုံနဲ့ စိတ်လက်ချမ်းသာ အသင့်နေထိုင်ရုံပါပဲဗျာ။
ယခုအိမ်လေးဟာဆိုရင် (20×35) RC နှစ်ထပ်အိမ်လေးပါ
ဒီအိမ်လေးရဲ့ကုန်ကျစရိတ်ကတော့ 962 သိန်းကျသင့်မှာပါ
အိမ်ပုံစံလေးကိုကြိုက်နှစ်သက်ပါက ဆောက်ဖြစ်သည့်ဖြစ် မဖြစ်သည့်ဖြစ်စေ လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ
ဒါကြောင့် အချိန်ကာလတစ်ခုအတွင်းမှာ အိမ်မက်ထဲကအိမ်ကလေး အမှန်တကယ်ပိုင်ဆိုင်ဖို့ဆိုရင် လုပ်ငန်းအပိုင်းမှာ စေတနာအပြည့်နဲ့ စီစဥ်ဆောက်ရွက်ပေးတဲ့ April Construction Service ကိုသာ ဆက်သွယ်လိုက်ပါဗျာ 🤙
📱09693947255
09407755866

လူကြီးမင်းဟာ အိမ်ဆောက်ဖို့ စီစဉ်ထားရင်၁။  ရိုးရာဓလေ့နဲ့ ကာလ ဒေသကိုချင့်ချိန်ပါ။၂။  အလင်းအမှောင်း အတွက် နေဝင် နေထွက်ကို ခ...
18/09/2023

လူကြီးမင်းဟာ အိမ်ဆောက်ဖို့ စီစဉ်ထားရင်
၁။ ရိုးရာဓလေ့နဲ့ ကာလ ဒေသကိုချင့်ချိန်ပါ။
၂။ အလင်းအမှောင်း အတွက် နေဝင် နေထွက်ကို ချိန်တွက်ပါ။
၃။ အပူအအေး အတွက် လေဝင်လေထွက်ကို ချိန်တွက်ပါ။
၄။ အိမ်တန်ဖိုးနှင့်ညီမျှသောဒီဇိုင်းကိုစနစ်တကျ ဆွဲပြီး ပုံဖော်ပါ။
၅။ (အိမ်ဆောက်နည်းအခြေခံသဘောတရားများ)
မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ့်သည်းအောင် ရေဖြန်း ဒင်ဆောင့် လိုအပ်သည့် သိပ့်သည်းမှု့ အနေအထားရအောင် ဆောင်ရွက်ပေးရမည်။
* အဆောက်အဦအတွက် ပတ်တန်းရိုက်သည့်အခါ တောင့်တင်းခိုင်
မာအောင်ရိုက်၍ ပတ်တန်းတိုင်အား မြေအဝင် ၃ပေ၄ပေ
ဝင်အောင်ရိုက်ထားသင့်ပါသည်။အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ အဆောက်အဦတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။
ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။ဥပမာ(၃၊၄၊၅)
(၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။
* အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည် (သို့မဟုတ်)ရေလောင်းပေးရမည်။
* (၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင်
အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။
* Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။
* Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်
အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။ လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။ သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။ အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ်(၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏
ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။
* အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်
(၇)ရက်အထိ ရေဖြန်းပေးရပါသည်။
* အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course) ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။
* ဝါးငြမ်းများဆင်သောအခါ အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာ
ခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။
* သံကိုဖြတ်တောက်သည့်အခါ (၄၅) ဒီဂရီချိုးချင်သော သံချောင်း
ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။ (၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)
* တံခါးရွက်များကို အဆောက်အဦတစ်ခုလုံး၊ အခြားလုပ်ငန်းများ
ပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။
* အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တ
ရာဖြင့် သုတ်ထားရပါမည်။
* အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။
* လှေကားပြုလုပ်ရာတွင် လှေကားထစ်အရေအတွက်ကို "ရာဇ'' ၊
"မရဏ '' ၊ ''လာဘ'' ဟူ၍ အစဉ်လိုက် မှတ်ယူသွားရာ ''မရဏ''ကျသည့်
လှေကားထစ်များကို ရှောင်ကျဉ်ကျသည်။
ဥပမာ - ရာဇ. ၁ ၊ ၄ ၊ ၇ ၊ ၁၀
မရဏ. ၂ ၊ ၅ ၊ ၈ ၊ ၁၁
လာဘ. ၃၊ ၆ ၊ ၉ ၊ ၁၂
အထက်ပါ '' မရဏ '' လှေကားထစ်များဖြစ်ကြသော ၂ ၊ ၅ ၊ ၈၊ ၁၁
စသည်တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များဖြစ်သည်ဟု ဆိုလိုသည်။လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။
* နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍
ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။ နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။
* ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်
ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။ သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထား
ရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက်
အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ
ရေဖြည့်ထားရပါမည်။
မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ
ပြင်ညီအောင် ညှိပေးရမည်။ Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန်vibrator အသုံးပြုရာတွင်rodတံကိုတည့်မတ်စွာထိုးရပါမည်။Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရေန်သတိပြုရမည်။Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။ Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။
*သံချောင်းဆက်ရာတွင် အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံး
ရှိရပါမည်။သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့
(12') အမြင့်ထိသာ လောင်းသင့်ပါသည်။

Crd - https://www.facebook.com/profile.php?id=100093050513068

Driver အပါ ကားငှားလို့ ရပါတယ်ခင်ဗျ 😇 --------------------------------------------💞 Seagull Myanmar မှမိတ်ဆွေများ၏တောင်းဆ...
18/09/2023

Driver အပါ ကားငှားလို့ ရပါတယ်ခင်ဗျ 😇
--------------------------------------------
💞 Seagull Myanmar မှမိတ်ဆွေများ၏တောင်းဆိုမှု့ဖြင့်
Toyota Manjesty 2019-2020 ကားသစ်၂စီးအား ထပ်မံအင်အားဖြည့်တင်းပေးထားပါကြောင်းနှင့် လမ်းခရီးပေါ်ပြေးလွှားဖို့အဆင်သင့်ရှိနေပါကြောင်း။
🙏ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာကြပါစေခင်ဗျ🙏

#အောက်ကလင့်ခ်မှာ စုံးစမ်းလို့ရပါတယ်၊ ကျွန်တော်ဆီမှာလဲ စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျ
https://www.facebook.com/seagull.myanmar?mibextid=LQQJ4d

🏡   #ဂရံမြေဆိုရင် သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲပါတယ်🏡   #ဘိုးဘွားပိုင်မြေဆိုရင်သင်္ကေတ B နဲ့ပြပြီး မြေပ...
15/09/2023

🏡 #ဂရံမြေဆိုရင်
သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲပါတယ်

🏡 #ဘိုးဘွားပိုင်မြေဆိုရင်
သင်္ကေတ B နဲ့ပြပြီး မြေပုံကို အပြာရောင်နဲ့ ဆွဲပါတယ်

🏡 #အစိုးရမြေဆိုရင်
သင်္ကေတ A နဲ့ ပြပြီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲပါတယ်

🏡 #ရွာမြေဆိုရင်
လိမ္မော်ရောင်နဲ့ ဆွဲပြီး
သာသနာ့မြေဆိုရင်
အစိမ်းရောင်နှင့် ဆွဲပါတယ်

🏡🏡🏡
အက္ခရာ သင်္ကေတတွေကို ကြည့်ပြီး ဘာမြေအမျိုးအစားဖြစ် နိုင်တယ်ဆိုတာကို ခွဲခြားလို့ရပါတယ်။

🙋🙋🙋
တစ်နည်းအားဖြင့် မြေပြန့်လား ၊ ကုန်းကျလား၊ မြောင်းဘေးလား၊ ဆည်ရေသောက်လား၊ မြစ်ရေဝင်လား၊ သုသာန်လားနဲ့ နီးလား….စသည်ဖြင့် ခွဲခြား၍ ရနိုင်ပါတယ်။

မြေအမျိုးအစားများနှင့် သင်္ကေတ အက္ခရာများကတော့ …

၁။ 💚မိုးကောင်းလယ်မြေ၊ သာမန်လယ်မြေဆိုရင် R/P/M တို့နှင့်ပြပြီး
(က) ပထမတန်းစားဆိုရင် R 1
(ခ) ဒုတိယတန်းစားဆိုရင် R 2
တစ်ဧကအထွက်နှုန်း တင်း ၃၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 3
တစ်ဧကအထွက်နှုန်း တင်း ၂၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 4 နဲ့ပြကြပါတယ်။

၂ ။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃ ။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄ ။ ကန်ရေသောက် မူရင်းလယ်ဆိုရင် TM

၅ ။ မူရင်းလယ်မြေဆိုရင် M/MY

၆ ။ ချောင်းရေဝင်မြေဆိုရင် C

၇ ။ ယာမြေဆိုရင် Y

၈ ။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉ ။ တောင်ယာမြေဆိုရင် TY/YY

၁၀ ။ ကိုင်းမြေဆိုရင် K/KA/KY

၁၁ ။ ကိုင်းမြေရင့်ဆိုရင် KY

၁၂ ။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃ ။ ဓနိမြေဆိုရင် D

၁၄ ။ အပိုင်ရမြေဆိုရင် O

၁၅ ။ အပိုင်ဂရန်မြေဆိုရင် G

၁၆ ။ အငှားဂရန်မြေဆိုရင် L
စသည်ဖြင့် အမျိုးမျိုး ရှိကြပါတယ်။

မိမိဝယ်မယ့်မြေရဲ့ မြေပုံမှာပါတဲ့ သင်္ကေတ လေးကိုကြည့်ပြီး မိမိဘာသာ အကြမ်းဖျဉ်း ခွဲခြားနိုင်ပါတယ်။🏡🏡🏡

မူရင်း ရေးသားသူအား
Credit ပေးပါတယ်ခင်ဗျာ
ထပ်ဆင့်မျှဝေပေးသူများအားလည်း
လေးစားလျက်ပါဗျ
Dr.T

Mitsubishi delica2007850kg ဓာတ်ဆီmanual325သိန်း09693947255ပြင်ဦးလွင်ကားကြည့်
14/09/2023

Mitsubishi delica
2007
850kg
ဓာတ်ဆီ
manual
325သိန်း
09693947255
ပြင်ဦးလွင်ကားကြည့်

Address

MayMyo
Maymyo

Alerts

Be the first to know and let us send you an email when Dr.T အိမ်ခြံမြေနှင့်အထွေထွေအကျိုးတော်ဆောင်လုပ်ငန်းစု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share