Sun Energy

Sun Energy ဖုန်း 09774708181, 09692902990 , Messenger,Viber တို့တွင်ဆက်သွယ်မှာယူနိုင်ပါသည်။

26/05/2026

လွန်ခဲ့တဲ့ ၃/၄ ရက်ကစပြီး online ချိတ်ထားတဲ့ Growatt SPF6000ES plus တွေ ပြသနာစတက်တယ်။ တခြား model တွေမှာတော့ မတွေမိသေးဘူး။ ဘာ error code မှ မပေါ်ပဲ hang သွားတာ။ အလုံးတိုင်း ပုံစံတူဖြစ်ကြတာပါ။ wifi မချိတ်ထားတဲ့ အလုံးတွေ မဖြစ်ဘူး။ wifi ချိတ်ထားသော်လည်း data logger firmware update လုပ်ထားတဲ့အလုံးတွေဖြစ်တာမတွေ့ရဘူး။ ဘာဖြစ်တာလဲဆိုတာကတော့ ထင်ရာမြင်ရာပြောတဲ့အဆင့်ပဲရှိပါသေးတယ်။ ဖြေရှင်းနည်းကတော့ Solar အဝင် AC အဝင် Battery တွေအားလုံးပိတ် ၃ မိနစ်လောက်စောင့်ပြီးပြန် ဖွင့်လိုက်ရင် ပြန်အဆင်ပြေတာပါပဲ။ တချို့လည်း ၁ ရက် ၁ ကြိမ်လောက်ဖြစ်တယ်။ တချို့လည်း အကြိမ်ရေတော်တော်များများဖြစ်ကြတယ်။ ခုလောလောဆယ်တော့ wifi dongle ဖြုတ်ထားလိုက်တာ၊ wifi password ပြောင်းလိုက်ပြီး offline ဖြစ်အောင်လုပ်ထားတာ နဲ့ dongle firmware update လုပ်ထားတဲ့ စက်တွေကတော့ ၂ ရက်လောက်ရှိပြီ ပြသနာပြေလည်နေတယ်။

အခုလို နွေရာသီ အပူချိန်ကလည်း အရမ်းပြင်း၊ လျှပ်စစ်မီးကလည်း လုံလောက်အောင် မရတဲ့အချိန်မှာ ကျွန်တော်တို့အားလုံး မီးမလာလို့ ဒ...
26/04/2026

အခုလို နွေရာသီ အပူချိန်ကလည်း အရမ်းပြင်း၊ လျှပ်စစ်မီးကလည်း လုံလောက်အောင် မရတဲ့အချိန်မှာ ကျွန်တော်တို့အားလုံး မီးမလာလို့ ဒုက္ခရောက်ကြရပါတယ်။

ဒီလိုအချိန်မျိုးမှာ ဆိုလာတပ်ဆင်လိုသူ အရမ်းများလာတာကြောင့် ဆိုလာပစ္စည်းစျေးနှုန်းတွေဟာလည်း မတန်တဆ မြင့်တက်နေပါတယ်။ အခုလို အရေးပေါ်လိုအပ်နေတဲ့အချိန်မှ အလုအယက် ဝယ်ယူမယ်ဆိုရင် ပုံမှန်ထက် စျေးပိုပေးရတာမျိုး ဖြစ်တတ်ပါတယ်။

ဆိုလာတပ်ဆင်မယ်ဆိုရင် အကျိုးရှိဆုံးနဲ့ စျေးသက်သာဆုံးနည်းလမ်း (၃) ခုကတော့ -

ဝယ်လိုအားနည်းတဲ့အချိန်ကို ရွေးချယ်ပါ:
ဆိုလာကို မိုးရာသီ ဒါမှမဟုတ် ဆောင်းရာသီ လိုမျိုး လူဝယ်နည်းတဲ့အချိန်မှာ ဝယ်ယူတပ်ဆင်ပါ။ ဒီအချိန်မှာ စျေးနှုန်းက တည်ငြိမ်သလို ပစ္စည်းလည်း စိတ်ကြိုက်ရွေးချယ်လို့ ရပါတယ်။

နောက်ဆုံးမိနစ်အထိ မစောင့်ပါနဲ့:
အခုခေတ်မှာ အိမ်တိုင်းအတွက် ဆိုလာစနစ်က မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပါပြီ။ မီးပြတ်လို့ အခက်တွေ့မှ အလုအယက် ဝယ်တာမျိုးထက် ကြိုတင်ပြင်ဆင်ထားတာက ပိုပြီး စိတ်ချရပါတယ်။

စျေးကွက်ကို အမြဲစောင့်ကြည့်ပါ:
အခုလို စျေးတက်နေတဲ့ အချိန်မှာ ဘယ်လိုပစ္စည်း အမျိုးအစားတွေက ကိုယ့်အိမ်နဲ့ ကိုက်ညီမလဲဆိုတာ သေချာလေ့လာထားပါ။ ကျွမ်းကျင်သူများနဲ့ တိုင်ပင်ထားပါ။ စျေးနှုန်းပြန်ကျလာတာနဲ့ တစ်ပြိုင်နက် တပ်ဆင်နိုင်အောင် ပြင်ဆင်ထားပါ။

နွေခေါင်ခေါင်မှာ အဲယားကွန်းဝယ်ရင် စျေးပိုပေးရသလိုပါပဲ၊ ကြိုတင်ပြင်ဆင်ထားမှသာ အကောင်းဆုံးပစ္စည်းကို အသက်သာဆုံးစျေးနဲ့ ရရှိမှာဖြစ်ပါတယ်။

ရွှေမန်းရဲ့ အခြေ နေကတော့ နေ့ ဆိုနားပြီး ည ကြမှ အလုပ် လုပ်ရတဲ့ အခြေနေပါပဲ။
21/04/2026

ရွှေမန်းရဲ့ အခြေ နေကတော့ နေ့ ဆိုနားပြီး ည ကြမှ အလုပ် လုပ်ရတဲ့ အခြေနေပါပဲ။

ဒီနေရာမှာက ကြက်မွေးမြူရေးလုပ်ကြတာ။ မီးလုံးဝ မရတဲ့ နေရာတွေ။ မီးစက် အားကိုး နေရတဲ့ နေရာတွေ ပေါ့။ ခုနောက်ပိုင်း မီးစက်ပြင်တ...
06/03/2026

ဒီနေရာမှာက ကြက်မွေးမြူရေးလုပ်ကြတာ။ မီးလုံးဝ မရတဲ့ နေရာတွေ။ မီးစက် အားကိုး နေရတဲ့ နေရာတွေ ပေါ့။ ခုနောက်ပိုင်း မီးစက်ပြင်တဲ့ သူတွေ ရှာရခက်တာ။ ဆီဝယ်ရ ခက်တာတွေကြောင့် solar ဘက်ကို ပိုပြီး အာရုံ ထားလာကြတယ်။

ပြင်ဦးလွင် ညောင်သာယာ ကျေးရွာ နားက ဆိုလာ ၂၅ ချပ်နဲ့ 12kW site တခု။ အတော့ကိုသာယာတဲ့နေရာလေး။
09/02/2026

ပြင်ဦးလွင် ညောင်သာယာ ကျေးရွာ နားက ဆိုလာ ၂၅ ချပ်နဲ့ 12kW site တခု။ အတော့ကိုသာယာတဲ့နေရာလေး။

ဘာတံဆိပ်တွေ ဘယ်လို ကြော်ငြာကြော်ငြာ Growatt တွေဟာ Toyota လိုပါပဲ။ ပေးရတာနဲ့ အတော်တန်တဲ့ ပစ္စည်း။
09/01/2026

ဘာတံဆိပ်တွေ ဘယ်လို ကြော်ငြာကြော်ငြာ Growatt တွေဟာ Toyota လိုပါပဲ။ ပေးရတာနဲ့ အတော်တန်တဲ့ ပစ္စည်း။

Welcome to 2026.
07/01/2026

Welcome to 2026.

မန္တလေး 20KW site အလုပ်ပြီး။ ပိုင်ရှင်ထံ အပ်။
09/10/2025

မန္တလေး 20KW site အလုပ်ပြီး။ ပိုင်ရှင်ထံ အပ်။

ပစ္စည်း နဲ့ တပ်ဆင်ခြင်း one stop service ပေးသလို။ ပစ္စည်းပေး တပ်ဆင်ခယူ ဝန်ဆောင်မှုကိုလည်းပေးပါတယ်။
01/10/2025

ပစ္စည်း နဲ့ တပ်ဆင်ခြင်း one stop service ပေးသလို။ ပစ္စည်းပေး တပ်ဆင်ခယူ ဝန်ဆောင်မှုကိုလည်းပေးပါတယ်။

လက်ရှိ ပြင်ဦးလွင် မြို့နယ်အတွင်း တပ်ဆင်ပေးနေတဲ့ တပ်ဆင်ခအပြီး Backup combo လေးတွေဖြစ်ပါတယ်။ ပုံတိုင်းမှာ ဈေးနှုန်း ထည့်သွ...
04/09/2025

လက်ရှိ ပြင်ဦးလွင် မြို့နယ်အတွင်း တပ်ဆင်ပေးနေတဲ့ တပ်ဆင်ခအပြီး Backup combo လေးတွေဖြစ်ပါတယ်။ ပုံတိုင်းမှာ ဈေးနှုန်း ထည့်သွင်း ရေးထားပါတယ်။

Address

Mandalay/Lashio Road
Maymyo

Website

Alerts

Be the first to know and let us send you an email when Sun Energy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share