06/05/2026
Minimalist လို့ ဆိုလိုက်တာနဲ့ လူအတော်များများက အိမ်သေးသေးလေးတွေကို ပြေးမြင်တတ်ကြပါတယ်။ အိမ်အရွယ်အစားကို ရနိုင်သမျှ ချုံ့ပြီး၊ အထဲမှာ အခန်းတွေ ပြွတ်သိပ်ဖွဲ့တာကို Minimalist လို့ မခေါ်ပါဘူး။
*
👉 ဒါဆိုရင် Minimalist ဆိုတာ ဘာလဲ?
မိတ်ဆွေအနေနဲ့ ကိုယ့်ကိုကိုယ် ပုံစံ (၂) မျိုးနဲ့ မြင်ယောင်ကြည့်လိုက်ပါ။
ပုံစံ (၁): တစ်ကိုယ်လုံးမှာ ရွှေတွဲလဲ၊ ငွေတွဲလဲနဲ့၊ ကမ္ဘာ့အကောင်းဆုံး Branded တွေနဲ့၊ တောက်တောက်ပြောင်ပြောင် ကြွားကြွားရွားရွား ဝတ်စားထားတဲ့ ပုံစံ။
ပုံစံ (၂): စတစ်အင်္ကျီ အဖြူလက်ရှည်၊ ကချင်ပုဆိုးလေးနဲ့ ဘုရားသွား ကျောင်းတက်ဖို့ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ဝတ်စားထားတဲ့ ပုံစံ။
ဘယ်ပုံစံက ပိုပြီး ရိုးရှင်းလဲ? ပိုပြီး လွတ်လပ်ပေါ့ပါးတယ်လို့ ခံစားရလဲ?
Minimalist ရဲ့ အခြေခံသဘောတရားက အဲ့ဒါပါပဲ။
*
👉 Minimalism ဝါဒ: "Less is More"
မြန်မာလို တည့်တည့်ပြန်ရင်တော့ "နည်းလေ ကောင်းလေ" ပေါ့။
အဆောက်အဦး အရွယ်အစား သေးသည်ဖြစ်စေ၊ ကြီးသည် ဖြစ်စေ...
- သူရဲ့ ဒီဇိုင်းမှာ မျက်စိရှုပ်စေမယ့် အချွန်အတက်တွေ၊ ကလာပ်တွေ၊ ပြဿာဒ်တွေ ဘာမှမပါဘဲ ရိုးရိုးဖြောင့်ဖြောင့်၊ ရှင်းရှင်းလင်းလင်း ရှိနေရင် Minimalist လို့ ခေါ်ပါတယ်။
- Interior ပိုုင်းမှာလဲ.. မလိုအပ်တဲ့ ပရိဘောဂတွေ၊ Decoration တွေ ဘာမှ ထည့်မထားဘဲ လိုအပ်သလောက် အပြင်အဆင်လေးနဲ့၊ အလင်းရောင် ကောင်းကောင်း လေဝင်လေထွက် ကောင်းကောင်းရပြီး စိတ်လွတ်လပ်ပေါ့ပါးမှု ရှိတဲ့ အပြင်အဆင်ကို Minimalist လို့ ခေါ်ပါတယ်။
"Less is More" ကို လှလှပပလေး အဓိပ္ပါယ် ဖွင့်ရရင်တော့...
"ရိုးရှင်းမှုဟာ.. အခမ်းနားဆုံး ပကာသန" ပါပဲ။
*
👉 Comtemporary Minimalist
ကျနော်အခု တွဲတင်ထားတဲ့ ဒီဇိုင်းက Minimalist အစစ်မဟုတ်ပါဘူး။
Minimalist: စုလစ်မွန်းချွန်တွေ၊ အချွန်အတက်တွေ မပါတဲ့ ရိုးရှင်းသောဒီဇိုင်းကို
Comtemporary: လက်ရှိခေတ် အနုပညာ၊ ဗိသုကာ အယူအဆတွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့...
"Comtemporary Minimalist" ဒီဇိုင်း ဖြစ်ပါတယ်။
*
🏠 ဒီအိမ်လေးကို ဆွဲထားတာတော့ (၃) နှစ်လောက် ရှိပါပီ။ မိတ်ဆွေအစ်ကိုတစ်ယောက်က သူ့ရဲ ခြံအကျယ်ကြီးထဲမှာ စိုက်ခင်းလေးတွေ စိမ်းစိမ်းစိုစိုနဲ့ သဘာဝဆန်ဆန် အိမ်လေးတစ်လုံး ဆောက်မယ်ဆိုပီး ဒါလေးကို ဆွဲဖြစ်သွားတာပါ။
နိုင်ငံခြားက ဒီဇိုင်းတစ်ခုကို မှီငြမ်းထားပီး အခန်းဖွဲ့တွေကို မြန်မာထုံးတမ်းအစဥ်အလာနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖွဲ့စည်းထားပါတယ်။
ပုံဆွဲ၊ ဒီဇိုင်းအတည်ပြုပီးနောက်မှာတော့ မိတ်ဆွေအစ်ကိုရဲ့ ခြံကြီးက ရောင်းထွက်သွားတာမို့ မဆောက်ဖြစ်လိုက်ပါဘူး။
အဲ့တာကြောင့် အခုအိမ်ဒီဇိုင်းကို သဘောကျလို့ ဆောက်ချင်တဲ့ မိတ်ဆွေများ ဆက်သွယ်စုံစမ်းလို့ရပါတယ်။
Design + Structure + Estimate (Paper Work) ပိုင်း သီးသန့် ဝယ်ယူလိုရင်လဲ ရောင်းပေးပါမယ်။
ကျနော်တို့ Nk Group နဲ့ ဆောက်ချင်တယ်၊ ကုန်ကျစရိတ် တွက်ချက်ပေးပါဆိုရင်လဲ အခကြေးငွေ မယူဘဲ တွက်ချက်ဆောင်ရွက်ပေးပါမယ်ခင်ဗျာ...။
NK Pyinoolwin Business Group Co., LTD
office
------
CC 91/92, Nawaratt Street, Padaythar Myothitt, Pyinoolwin.
09401517799
09448533300, ကိုနန္ဒ