Aung Myint Zaw

Aung Myint Zaw Steel Structure. အမိုးဒိုင်း သံပန်းသံတံခါး လုပ်ငန်း
09662732398

ဆီလာခံဆေးမပါရင်ဖြစ်တတ်သောပတ်တီးနဲ့ဆေးအကြောင်းအရာများဆေးသုတ်ပြီဆိုရင် တိုက်အသစ်ကိုပဲသုတ်သုတ်တိုက်အဟောင်းကိုပဲ ပြန်ပြီးဆေး...
25/09/2023

ဆီလာခံဆေး
မပါရင်
ဖြစ်တတ်သော
ပတ်တီးနဲ့ဆေးအကြောင်းအရာများ

ဆေးသုတ်ပြီဆိုရင် တိုက်အသစ်ကိုပဲသုတ်သုတ်
တိုက်အဟောင်းကိုပဲ ပြန်ပြီးဆေးသုတ်သုတ်
အဓိက မပါမဖြစ် ပါဝင်ရမယ့်အရာက ဆီလာခံဆေးပါ
အတိုက်အတွင်းပဲ သုတ်သုတ် အပြင်ပဲသုတ်သုတ် ဆီလာခံဆေးကို မပါလို့မရပါဘူး ဆီလာခံဆေးမပါခဲ့ရင် ဘယ်ပတ်တီအကောင်းစားသုံးပါစေ ဘယ်ဆေးအမျိုးအစား ကွာလတီအကောင်းစားသုံးပါစေရေရှည်မှာ ဘယ်လိုမှမကောင်းနိုင်ပါဘူး

ပတ်တီးနဲ့ နံရံကြား ဆီလာခံဆေးပါဖို့လိုအပ်တယ်
ဆေးနဲ့ပတ်တီးကြားမှာဆီလာခံဆေးလိုအပ်ပါတယ်
နံရံအကြမ်းကို ပတ်တီးမရိုက်ခင် ဆီလာခံဆေးသုတ်ရပါမယ်ပတ်တီးပေါ် ကော်ပတ်တိုက်ပြီးသွားရင် ဆေးမလှိမ့်ခင် ဆီလာခံဆေးသုတ်ရပါမယ်
နည်းစနစ်မှန်မှန်ကန်ကန်လုပ်မှသာလျှင် ဆေးတွေ ပတ်တီးတွေ နံရံတွေပေါ်မှာ ကွာလတီအရည်အသွေးကောင်းကောင်းနဲ့ကြာရှည်ခံနိုင်မှာဖြစ်ပါတယ်

#ဆီလာခံဆေးမသုတ်တဲ့ ဆိုးကျိုးများကတော့

နံရံနဲ့ပတ်တီးကြားမှာ ဆီလာခံဆေးမပါခဲ့ရင်

ပတ်တီသားသည်နံရံပေါ်မှာ ကြာရှည်စွာ ကုတ်အားမကောင်းနိုင်ပါအချိန်သိပ်မကြာခင်မှာ ပြန်ကွာ ပြန်ကြွလာနိုင်ပါတယ်

ပတ်တီးနဲ့ဆေးကြားမှာ ဆီလာခံဆေးမပါခဲ့ရင် ဆေးသားသည် ပတ်တီးပေါ်မှာ ကြာရှည်မခံနိုင်ပါ အချိန်သိပ်မကြာခင်မှာပြန်ကွာ ပြန်ကြွလာနိုင်ပါတယ်ခင်ဗျာ

''ဆေးသုတ်ဖို့အတွက် သိထားရမယ့် အခြေခံ အချက် ၃ချက်''

၁. ဆေးမသုတ်ခင် ဘာတွေလုပ်ရမလဲ?
မျက်နှာပြင်ပေါ်မှာရှိနေတဲ့ မညီမညာ အဖုအထွက်များကိုအရင်ဆုံးကော်ပတ်စား၍ချောသွားအောင်လုပ်ပြီး ညစ်ပေနေတဲ့ မျက်နှာပြင်ကိုသန့်ရှင်းရေးလုပ်ဖို့လိုအပ်ပါတယ်။

၂. သင့်တော်တဲ့ အောက်ခံဆေးရွေးတတ်ပြီလား?
ဆေးမသုတ်ခင် အောက်ခံဆေးအမြဲအသုံးပြုပေးဖို့လိုအပ်ပါတယ်။ အောက်ခံဆေး ၂မျိုးရှိပါတယ်။
အောက်ခံဆီဆေး - စိမ့်ဝင်လွယ်တဲ့ နံရံမျက်နှာပြင်များအတွက်အသုံးပြုနိုင်ပါတယ်။ ဆေးသား စွဲကပ်အားကောင်းပြီး ကြာရှည်ခံစေပါတယ်။ အတွင်း၊ အပြင် နံရံများအတွက်အသုံးပြုနိုင်ပါတယ်။
အောက်ခံရေဆေး - အမှုန့်ထသော နံရံမျက်နှာပြင်များအတွက်အသုံးပြုနိုင်ပါတယ်။ အနံအနည်းငယ်သာပါရှိပါတယ်။ အချိန်တိုတွင်း လျှင်မြန်စွာခြောက်သွေ့နိုင်ပါတယ်။

၃. ဘယ်လိုစပြီးဆေးသုတ်ကြမလဲ?
ဆေးသုတ်ရင် ညာဘက်ခြမ်းစမှပြီးသုတ်ရပါမယ်။ အရင်ဆုံး မျက်နှာကျတ်ကိုဆေးသုတ်ပြီးမှ နံရံကိုသုတ်ပေးရပါမယ်။ ဆေးများကို တစ်ထပ်ပြီးတစ်ထပ်သုတ်ဖို့ လိုအပ်ပါတယ်။ သုတ်ပြီးသွားတဲ့နေရာကခြောက်သွားမှသာ နောက်တစ်ထပ်ထက်သုတ်ပေးရပါမယ်။ ဆေးသုတ်ရာတွင် Paint roller နဲ့ စုတ်တံတို့ကို "W" ပုံစံဆွဲပြီးသုတ်ပေးရပါမယ်။

အပေါ်မှာပြောပြပေးထားတဲ့ ဆေးသုတ်ဖို့ အခြေခံအချက်အလက်တွေကို ကြိုတင်သိထားမယ်ဆိုရင်တော့ မိမိနေအိမ်အတွက်ပိုမိုလှပအောင်ဆေးသုတ်နိုင်ဖို့စိတ်ပူစရာမလိုတော့ပါဘူးခင်ဗျာ
credit 😍

17/09/2023

အိမ်ဆောက်တဲ့အခါ ရက်ရွေးပါ။ သုံးတဲ့သစ်လည်း ဂရုစိုက်ပါ။
**********************************
အိမ်ဆောက်ရက်ရွေးတဲ့အခါမှာ တနင်္ဂနွေနေ့ရွေးရင် ဒုက္ခဆင်းရဲရောက်တတ်ပြီး တနင်္လာနေ့ဆောက်ရင် (၂)လမြောက်မှာ သားသမီးပွားစီးရင် ချမ်းသာကြွယ်ဝတတ်ပါတယ်။ အင်္ဂါနေ့ဆောက်ရင် ဆန်ရေစပါးပေါများကြွယ်ဝပြီး ဗုဒ္ဓဟူးနေ့ဆောက်ရင် သုခချမ်းသာရပါတယ်။ ကြာသပတေးနေ့ဆောက်ရင် ချမ်းသာကြွယ်ဝပြီး သောကြာနေ့ဆောက်ရင် (၃)လကြာရင် သုခပွားတတ်ပါတယ်။

အိမ်ဆောက်လရွေးတဲ့အခါမှာလည်း တန်ခူးလချမ်းသာကြွယ်ဝတတ်ပြီး ကဆုန်လ ဆန်ရေစပါးပေါများ ကြွယ်ဝပါတယ်။ ဝါခေါင်လ စီးပွားဥစ္စာတိုးပွားပြီး နတ်တော်လ ထင်ပေါ်ကျော်စောမည်။ ပြာသိုလ လူအများ ချီးမွမ်းခံရတတ်ပြီး တပေါင်းလ ချမ်းသာကြွယ်ဝတတ်ပါတယ်။ ကျန်ခြောက်လလောက်မှာ ဆောက်ရင် ပျက်စီးခြင်းတွေ ကြုံရတတ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အိမ်တွင်းအလှဆင်ရင် ပရိဘောဂနဲ့ပက်သက်ပြီး သစ်သားသုံးမယ်ဆိုရင် မသုံးအပ်တဲ့သစ် (၈)မျိုးရှိပါတယ်။

ခုတ်ပြတ်စဉ်တွဲလဲကျနေတဲ့ သစ်၊ သစ်ခွ၊ သစ်ကိုင်းကြားတင်နေတဲ့ သစ်၊ အဖျားကြီးပြီးအရင်းရှူးနေသော သစ်၊ အရင်းဖျားရှူးပြီး အလယ်ကြီးတဲ့ သစ်၊ လမ်းကူးချောင်းကူး သစ်၊ အပင်ချင်းအကိုင်းချင်း ကြိတ်သော သစ်၊ အပင်မှာနွယ်ရစ်ပတ်တဲ့ သစ်၊ မျက်ရည်ပေါက်လိုအကွက်ထနေတဲ့ သစ်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

အိမ်၊ ကျောင်းဆောက်ရာမှာ မသုံးအပ်တဲ့သစ် (၁၁)မျိုးက မိကျောင်း၊ မအူ၊ သခွတ်၊ ညောင်၊ သျှိသျှား၊ သီး(သား)၊ သပြေ၊ သစ်စိမ်ရေသား၊ ကလော၊ လက်ပံ၊ လဲ တို့ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်။ ။
ရှေးထုံးလည်းမပယ်နဲ့၊ စျေးသုံးလည်းမလွယ်နဲ့ဆိုသလို ဗဟုသုတအဖြစ်
မျှဝေခြင်းသာဖြစ်ပါတယ်ခမျာ။
Aung Myint Zaw

16/09/2023

#ကြောင်လိမ်လှေကား တွက်နည်း

1.ကွောငျလိမျလှေကား တှက်တော့မယ်ဆို Circle(စက်ဝိုင်း) လိုအရင်စဉ်းစားပါ။

2. ထားရှိမယ့် Radius (r) စဉ်းစားပါ။

3. လှေခါးရဲ့ perpendicular Height စဉ်းစားပါ။

4. Riser (အကျော်) စဉ်းစားပါ။

5. Thread (အနင်း) စဉ်းစားပါ၊ တွက်ထုတ်ပါ။

6. လှေခါးထားရှိမယ့် အခန်းအကျယ် စဉ်းစားပါ။

7. ဘယ်ဝိုက်တက်မလား ၊ညာဝိုက်တက်မလား စဉ်းစားပါ။

8. လှေခါးရဲ့ ထားရှိမယ့် အကျယ် စဉ်းစားပါ။

မှတ်ချက်။ ။ ကွောင်လိမ်ထားမယ့်

Radius,r = 15 (at least) ရှိရပါမယ်။
Diameter , d = 30 (at least) ပေါ့။

လှေကားဆောက်ရမှာက Circle ရဲ့ 4 ပုံ 1 ပုံမှာပါ ( 1/4 x Circle )

Egကွောင်လိမ်ထားမယ့်

(1). Radius, r = 16 ဆိုပါစို့..

(2). Perpendicular height, h = 12

Riser စဉ်းစားနည်း

> h=12

= 144

>> 144 6.5 = 22.15 ထစ် (စုံဂဏန်းဖြစ်နေတယ် ဆိုတော့ မ ဂဏန်းရအောင် ပြန်စဉ်းစားပါမယ်)

21 ထစ် >> 144 21 = 6.86 (riser) ၊(21 ထစ်ဆို အနင်းက 22 ခု )၊(3). riser = 6.86

Thread (အနင်း) စဉ်းစားနည်း ၊Circle(စက်ဝိုင်း) = ၂ ခု ဆွဲရပါမယ် ၊ Large circle > Radius, R= 16 ၊ Small circle > radius, r = 10

( circle ၂ ခုက Centre(အလယ်မှတ်) တစ်ခုတည်းမှ ဆွဲရမှာပါ။

ဆိုတော့..လှေကားအကျယ်က>> 16 10 = 6 ၊ Large Circle ဘက်က Thread(အနင်း), > Thread, T = 2R/4

= 2x 16/4

= 25.13

= 25.13 x 12 (ပေ ကို လက်မပြောင်း)

= 301.59

= 301.59 21 ( အထစ်)

= 14.36 (အနင်း)

Large Thread, T = 14.36 ၊Small Circle ဘက်က Thread(အနင်း), > Thread, T = 2r/4

= 2x 10/4

= 15.7

= 15.7 x 12 (ပေ ကို လက်မပြောင်း)

= 188.5

= 188.5 21 ( အထစ်)

= 8.98 (အနင်း)

Small Thread, T = 8.98

ကဲဗျာ.. အဖြေလေးတွေ ပြန်ကောက်ကြည့်ကြမယ်.

1. Large radius, R = 16

2. Small radius, r = 10

3. perpendicular height, h = 12

4. nos of Step = 21 nos

5. Riser = 6.86

6. Large Thread, T = 14.36

7. Small thread, T = 8.98

အဆင်ပြေကွမယ် ထင်ပါတယ်ဗြ။
ဒါကတော့ ကွောင်လိမ်လှေခါးမှာ ပါဝင်မယ့် Data တွေ စဉ်းစားနည်းနဲ့ တွက်နည်းအဆင့်တွေပါပဲ။

မှတ်ချက်။ ။ ညာ ဝိုက်အတက်ဆို ပြန်ဆင်းလာရင် အဆင်းဘက်က Thread(အနင်း) က 9 ထက်တော့ မနည်းစေနဲ့နော့် (ချော်ကြမှာစိုးလို့) လူတစ်ယောက်ရဲ့ ခြေဖုဝါး အရှည်က အနည်းဆုံး 9 လောက်ရှိလို့ပါ။

12/09/2023

#အိမ်ဆောက်တဲ့အခါဘယ်နေ့နံသားကပန္နက်ရိုက်ရမလဲ.....................................................
#မြန်မာ့ရိုးရာထုံးတမ်းအစဥ်အလာအရ ကတော့....ပန္နက်ရိုက်တာကို ပန္နက်တော်တင်မင်္ဂလာလို့လဲ ခေါ်ကြတယ်။ စေတီ၊ ပုထိုး၊ သိမ်၊ တန်ဆောင်၊ ဇရပ်၊ ဘုန်းတော်ကြီးကျောင်း၊ နန်းတော်၊ မြို့ရိုး၊ ခံတပ်၊ စစ်သူကြီးနေအိမ်၊ မူးမတ်ကြီးနေအိမ်၊ သူကြွယ်သူဌေးနေအိမ်၊ မင်းမှုထမ်းနေအိမ်တွေ ဆောက်လုပ်ဖို့အတွက် "ပန္နက်တော်မင်္ဂလာလို့ခေါ်တဲ့ "တွင်းတော်ဝန်မင်္ဂလာ" ပြုလုပ်ပုံလို့ခေါ်ကြတယ်။
ပန္နက်ရိုက်တဲ့အခါ နက္ခတ် ပညာရပ်တွေနဲ့ တွက်ချက်ပြီး ကြားနိမိတ်၊ မြင်နိမိတ်တွေကို ယူပြီး ပန္နက်တော်တင်မင်္ဂလာပြုလုပ်ပုံတွေက သိပ်ကိုနက်နဲပါတယ်။ မြန်မာ့ရိုးရာ ထုံးတမ်းစဥ်လာနည်းပညာတွေရဲ့ အတိမ်အနက်ကို ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးချဖို့ဆိုရင် အရပ်ထုံးလောက်ပဲသိထားရင် ရပါပြီ
အဓိကမှတ်ထားရမှာက နေ့သား၊ နံသားအလိုက် ပန္နက်ရိုက်ပုံလောက်သိရင်ရပါပြီ

#တနင်္ဂနွေသားသမီးအိမ်ဆောက်ရင်...
ကြာသပတေးသားကကြိုးရင်းကိုင်ပြီး သောကြာသားက ကြိုးဖျားကိုင်ရမယ်။ ပန္နက်တံက အင်သား၊ ပန္နက်ရိုက်မဲ့တုတ်က ကံ့ကော်သားဖြစ်ရမယ်။
(စနေသားက ပန္နက်ရိုက်ရမယ်)

#တနင်္လာသားသမီးအိမ်ဆောက်ရင်...
သောကြာသားကကြိုးရင်းကို ကိုင်ပြီး စနေသားကကြိုးဖျားကိုင်ရမယ်။ ပန္နက်တံက ကံ့ကော်သား၊ ရိုက်မဲ့တုတ်က ဇီးသားဖြစ်ရမယ်။
(တနင်္ဂနွေသားက ပန္နက်ရိုက်ရမယ်)

#အင်္ဂါသားသမီးအိမ်ဆောက်ရင်...
စနေသားက ကြိုးရင်းကိုကိုင်ပြီး တနင်္ဂနွေသားက ကြိုးဖျားကိုကိုင်ရမယ်။ ပန္နက်တံက ဇီးသား၊ ပန္နက်ရိုက်မဲ့တုတ်က ဝါးရင်းသားဖြစ်ရမယ်။
(တနင်္လာသားက ပန္နက်ရိုက်ရမယ်)

#ဗုဒ္ဓဟူးသားသမီးအိမ်ဆောက်ရင်...
တနင်္ဂနွေသားက ကြိုးရင်းကိုကိုင်ပြီး တနင်္လာသားက ကြိုးဖျားကိုကိုင်ရမယ်။ ပန္နက်တံက ဝါးရင်းသား၊ ပန္နက်ရိုက်မဲ့တုတ်က သပြေသားဖြစ်ရမယ်။
(အင်္ဂါသားက ပန္နက်ရိုက်ရမယ်)

#ကြာသပတေးသားသမီးအိမ်ဆောက်ရင်...
တနင်္လာသားက ကြိုးရင်း ကိုင်ပြီး အင်္ဂါသားက ကြိုးဖျားကိုင်ရမယ်။ ပန္နက်တံက သပြေသား၊ ပန္နက်ရိုက်မဲ့တုတ်က သိဟိုဠ်သားဖြစ်ရမယ်။
(ဗုဒ္ဓဟူးသားက ပန္နက်ရိုက်ရမယ်)

#သောကြာသားသမီးအိမ်ဆောက်ရင်
အင်္ဂါသားက ကြိုးရင်းကိုင်ပြီး ဗုဒ္ဓဟူးသားက ကြိုးဖျားကိုင်ရမယ်။ ပန္နက်တံက သိဟိုဠ်သား၊ ပန္နက်ရိုက်မဲ့ တုတ်က ထန်းသားဖြစ်ရမယ်။
(ကြာသပတေးသားက ပန္နက်ရိုက်ရမယ်)

#စနေသားသမီးအိမ်ဆောက်ရင်...
ဗုဒ္ဓဟူးသားက ကြိုးရင်းကိုင်ပြီး၊ ကြာသပတေးသားက ကြိုးဖျားကိုင်ရမယ်။ ပန္နက်တံက ထန်းသား၊ ပန္နက်ရိုက်မဲ့တုတ်က အုန်းသား၊ အင်သားဖြစ်ရမယ်။
(သောကြာသားက ပန္နက်ရိုက်ရမယ်)

နေ့နံတွေကွဲသွားတာက အိမ်ဆောက်မဲ့သူရဲ့ နေ့နံကိုမူတည်ပြီး ပဥ္စပွတ်၊ ဆပွတ်၊ အမြစ်၊ အညွန့်ဖြစ်တဲ့ နေ့နံသားနဲ့ ပန္နက်တံ၊ ပန္နက်ရိုက်တုတ်တွေကိုဟရွေးသွားခြင်းပါ
မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာအရကတော့ ပန္နက်ရိုက်ရမဲ့နေ့တွေကို သောမနနေ့ရက်တွေဖြစ်တဲ့ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့တွေဖြစ်ရမယ်။
ရက်ရာဇာ သို့မဟုတ် အမြိတ္တစုတ်ရက်တွေနဲ့လည်း တိုက်ရမယ်လို့ ရေးသားဖော်ပြထားကြပါတယ်။
Aung Myint Zaw Steel Structure
အမိုးဒိုင်းနှင့် သံပန်းသံခါး လုပ်ငန်း

12/09/2023
 #မင်းအိမ်မကောင်း မင့်အိမ် ၊ ကောင်း မင့်အိမ်တည့်မင့်အိမ် ရွှဲစို ၊ အမိုးယိုသော်မငြိုသင့်ပါ ၊ မင်း တက်ဖာပေါ့အကာ အခင်း ၊ ပ...
11/09/2023

#မင်းအိမ်

မကောင်း မင့်အိမ် ၊ ကောင်း မင့်အိမ်တည့်
မင့်အိမ် ရွှဲစို ၊ အမိုးယိုသော်
မငြိုသင့်ပါ ၊ မင်း တက်ဖာပေါ့
အကာ အခင်း ၊ ပျက်ပြိုယွင်းသော်
မငြင်းစေချင် ၊ မင်း ဆက်ပြင်ပေါ့
အခွင် အနဲ့ ၊ အရွဲ့ အစောင်း
မကောင်း မပြေ ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ ၊ ဉာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း။
Aung Myint Zaw
.Steel Structure အမိုးဒိုင်းနှင့် သံပန်း

ပေါချောင်ကောင်းလိုက်ရင် အီးအီးတောင် ၄၅ ဒီဂရီစောင်းပြီး ပါရတတ်ပါတယ်။
10/09/2023

ပေါချောင်ကောင်းလိုက်ရင် အီးအီးတောင် ၄၅ ဒီဂရီစောင်းပြီး ပါရတတ်ပါတယ်။

10/09/2023

မင့်အိမ်

ငါ့ညီပြောင်၀င်း ၊ မောင်သစ်ဆင်း
မင်းက မင့်အိမ် ၊ လွန်သေးသိမ်ဟု
မငြိမ်မသက် ၊ စိတ်စက် မကောင်း
စိတ်ထောင်း ကိုယ်ကြေ ၊ တခွေခွေသည်
နေထိ ကြွေမည့် ပန်းယဉ်အိ။

လှိုင်းအိအယောင်
ဆောင်ပြိုင် သာမော ၊ သူ့အိမ်ချောသို့
စကြောသပ်ရပ် ၊ စပယ်ထပ်နှင့်
ပန်းကပ် ပန်းကြွ ၊ သူ့အိမ်လှသို့
ဝေးက မျှော်မှန်း ၊ မင်း ယော်ယမ်းသည်
ပန်းအိ နေထိ ကြွေတော့မည့်။

မကောင်း မင့်အိမ် ၊ ကောင်း မင့်အိမ်တည့်
မင့်အိမ် ရွှဲစို ၊ အမိုးယိုသော်
မငြိုသင့်ပါ ၊ မင်း တက်ဖာပေါ့
အကာ အခင်း ၊ ပျက်ပြိုယွင်းသော်
မငြင်းစေချင် ၊ မင်း ဆက်ပြင်ပေါ့
အခွင် အနဲ့ ၊ အရွဲ့ အစောင်း
မကောင်း မပြေ ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ ၊ ဉာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း။
Aung Myint Zaw အမိုးဒိုင်းနှင့် သံပန်း

01/09/2023

✔️घरकाे 3D Design (House,Resort,Park,Farm,etc..& Construction (3D Photos & 4k VIdeo)✔️नयाँ घर नक्सा पास ✔️पुरानो घर अभिलखिरण नक्सा पास ✔️ भवन निर्माण मा supe...

Address

မင်းဘူး
Minbu
09699808652

Telephone

+959662732398

Website

Alerts

Be the first to know and let us send you an email when Aung Myint Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Myint Zaw:

Share