မေတ္တာစမ်းရေ

မေတ္တာစမ်းရေ အပူအေးချမ်း အမောပြေစေ မေတ္တာစမ်းရေ

မေး🤗ကြာရှည်သိုလှောင်ထားသောရေကိုသောက်သုံးလို့ရပါသလား?ကြာရှည်သိုလှောင်ထားသောရေသည် ၎င်း၏ အသွင်အပြင်၊ အနံ့ သို့မဟုတ် အရသာ အန...
22/08/2024

မေး🤗ကြာရှည်သိုလှောင်ထားသောရေကိုသောက်သုံးလို့ရပါသလား?

ကြာရှည်သိုလှောင်ထားသောရေသည် ၎င်း၏ အသွင်အပြင်၊ အနံ့ သို့မဟုတ် အရသာ အနည်းငယ် ပြောင်းလဲနိုင်သော်လည်း သောက်သုံးရန် အန္တရာယ်ကင်းပါတယ်။ ရေသည် ကောင်းမွန်စွာ အဖုံးဖုံးပြီး သန့်စင်ထားသော ရေစည်၊ ရေပုံးတွင် သိုလှောင်ထားရပါမယ်။ ခြောက်လတစ်ကြိမ် သိုလှောင်ထားသောရေကို လဲပေးပါ။
#မေတ္တာစမ်းရေ

မေးခွန်း 🤗 ရေမသောက်ဘဲဘယ်လောက်ကြာနေလို့ရလဲ? လူတစ်ယောက်သည် ရေမသောက်ဘဲ ၃ရက်ခန့် အသက်ရှင်နိုင်မည်ဟု အကြမ်းဖျင်းမှတ်နိုင်ပါတယ...
03/08/2024

မေးခွန်း 🤗 ရေမသောက်ဘဲဘယ်လောက်ကြာနေလို့ရလဲ?

လူတစ်ယောက်သည် ရေမသောက်ဘဲ ၃ရက်ခန့် အသက်ရှင်နိုင်မည်ဟု အကြမ်းဖျင်းမှတ်နိုင်ပါတယ်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်က ရေဘယ်လောက်လိုလဲ၊ ဘယ်လိုအသုံးပြုလဲ၊ မိမိ၏ အသက်၊ ခန္ဓာကိုယ်လှုပ်ရှားမှု၊ ယောကျ်ားမိန်းမဖြစ်ခြင်း၊ ပတ်၀န်းကျင် ရာသီဥတုအခြေအနေတို့ကို ထည့်သွင်းစဥ်းစားရပါမယ်။ ပြင်းပြင်းထန်ထန်ကိုယ်လက်လှုပ်ရှားနေလျှင်၊ ရာသီဥတုပူအိုက်နေလျှင်၊ ချွေးထွက်များနေလျှင်၊ ၀မ်းလျှောနေလျှင် စသည့် ရေဓာတ်ဆုံးရှုံးမှုများနေလျှင် ရေများများသောက်ပေးရန် လိုအပ်ပါတယ်။ ရေမသောက်နိုင်ပါက ရေဓာတ်ပြည့်၀သော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ စားသုံးကာ ရေဓာတ်ဖြည့်နိုင်ပါတယ်။

မေးခွန်း 🤗 ရေသောက်တာ အရေးကြီးပါသလား?ရေသည် ကျွန်ုပ်တို့ခန္ဓာကိုယ်၏ လုပ်ဆောင်မှုများဖြစ်သော လိုအပ်သော အာဟာရနှင့် အောက်ဆီဂျ...
31/07/2024

မေးခွန်း 🤗 ရေသောက်တာ အရေးကြီးပါသလား?

ရေသည် ကျွန်ုပ်တို့ခန္ဓာကိုယ်၏ လုပ်ဆောင်မှုများဖြစ်သော လိုအပ်သော အာဟာရနှင့် အောက်ဆီဂျင်ကို ခန္ဓာကိုယ်ဆဲလ်များသို့ ပို့ဆောင်ပေးခြင်း၊ သတ္တုဓာတ်များ၊ ဗီတာမင်များ စုပ်ယူခြင်း၊ အဆိပ်နှင့် အညစ်အကြေးများ စွန့်ထုတ်ခြင်း၊ ကိုယ်အပူချိန် ထိန်းညှိခြင်း စသည့် လုပ်ငန်းများ ပုံမှန်လည်ပတ်ရန်အပြင် ကိုယ်ခန္ဓာကျန်းမာရန် အရေးကြီးပါတယ်။ လ်အားလုံးသို့အာဟာရဓာတ်ကို ဦး နှောက်သို့ပို့ဆောင်ပေးတယ်။

#မေတ္တာစမ်းရေ

မေးခွန်း 🤗 အရေပေါ်အခြေနေတွင် ရေကိုဘယ်လိုသန့်စင်လို့ရပါသလဲ?အ၀တ်စနှင့် ရေစစ်ခြင်း၊ ရေအနည်ထိုင်သိုလှောင်ခြင်း၊ ရေစစ်ထုတ်ခြင...
29/07/2024

မေးခွန်း 🤗 အရေပေါ်အခြေနေတွင် ရေကိုဘယ်လိုသန့်စင်လို့ရပါသလဲ?

အ၀တ်စနှင့် ရေစစ်ခြင်း၊ ရေအနည်ထိုင်သိုလှောင်ခြင်း၊ ရေစစ်ထုတ်ခြင်းများသည် ဘက်တီးရီးယားများကို လျှော့ချပေးသော်လည်း ရောဂါပိုးမွှားများလုံး၀ မကင်းစင်နိုင်ပါ။ ပိုးသတ်ခြင်းသည် ရောဂါဖြစ်စေသော အကောင်ပိုးမွှားများကင်းစင်ရန်ဖြစ်ပြီး ရေသန့်စင်ခြင်း၏ နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ အောက်ပါနည်းလမ်း(၃)မျိုးဖြင့် ပိုးသတ်နိုင်ပါတယ်။

ရေကျိုချက်ခြင်း (Boiling) - လွယ်ကူရိုးရှင်းပြီး ထိရောက်သော ပိုးသတ်နည်းဖြစ်ပါတယ်။ ရေကို အနည်းဆုံး ၅မိနစ် ပွက်ပွက်ဆူအောင် တည်ပါ။ ဖြစ်နိုင်လျှင် မိနစ် ၂၀အထိတည်လျှင် ပိုကောင်းပါတယ်။
ဓာတုနည်းဖြင့် ပိုးသတ်ခြင်း (Chemical Disinfection) - ကလိုရင်းခတ် ပိုးသတ်ခြင်းသည် အသုံးအများဆုံး ပိုးသတ်ခြင်းဖြစ်ပါတယ်။ အသုံးပြုရမည့် ကလိုရင်းပမာဏမှာ ရေ၏အရည်အသွေးအပေါ်လိုက်၍ ကွဲပြားနိုင်သည်။ အခြားဓာတုနည်းလမ်းများမှာ အရောင်ချွတ်ဆေးကဲ့သို့ အရည်၊ အမှုန့်များ၊ ရေသန့်ဆေးပြားများ၊ အိုင်အိုဒင်း စသည်တို့ဖြင့်လည်း ပိုးသတ်နိုင်ပါတယ်။
နေရောင်ခြည်ဖြင့် ပိုးသတ်ခြင်း (Solar Disinfection) - နေမှ ရရှိသော UV ရောင်ခြည်သည် ရောဂါပိုးအများစုကို ပျက်စီးစေပြီး ရေ၏အပူချိန် တိုးမြှင့်ခြင်းအားဖြင့် ပိုးသတ်ခြင်းကို ပိုမိုထိရောက်စေပါတယ်။ ရေကို ဖန် (သို့မဟုတ်) ပလက်စတစ်ဘူးအကြည်တွင် ထည့်ပြီး နေရောင်ခံပါ။ နေရောင်မခံမီ ဘူးကို လှုပ်ပေးပါ။

#မေတ္တာစမ်းရေ

🤗ကလိုရင်းဆေးခတ်ခြင်း အကြောင်းပြောပြပါ?ကလိုရင်းဆေးခတ်ခြင်းဆိုတာကလိုရင်းဓာတ်ငွေ့ကို ရေထဲသို့ ပျံ့နှံ့သွားအောင် ပြုလုပ်ခြင်...
28/07/2024

🤗ကလိုရင်းဆေးခတ်ခြင်း အကြောင်းပြောပြပါ?

ကလိုရင်းဆေးခတ်ခြင်းဆိုတာ
ကလိုရင်းဓာတ်ငွေ့ကို ရေထဲသို့ ပျံ့နှံ့သွားအောင် ပြုလုပ်ခြင်းဖြင့် ရောဂါဖြစ်စေသည့် ပိုးမွှားများအား ထိန်းချုပ်ခြင်း၊ သေကြေပျက်စီးစေပြီး သောက်သုံးရန် သင့်လျော်သော ရေကောင်းရေသန့် ရရှိခံစားစေရန်အတွက် ဆောင်ရွက်ပေးရသော ရေသန့်စင်နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်။
ဆေးခတ်ရာတွင် သုံးသည့်ဆေး
ကျန်းမာရေးဌာနသုံး ရေသန့်ဆေးမှုန့် (bleaching powder) မှာ ကလိုရင်းဓာတ်ငွေ့ (၂၅-၃၅) ရာခိုင်နှုန်းနှင့် (၆၅-၇၀) ရာခိုင်နှုန်းပါသော မဖောက်ထုံးဖြင့် ရောစပ်ထားသည့် ဆေးမှုန့်ဖြစ်ပါတယ်။

ကလိုရင်းဆေးခတ်နည်း
၁. ဖော်ပြပါ ပစ္စည်းများကို စုဆောင်းပါ။

၂. ရေညစ်ညမ်းမှုနှင့် ဆေးလတ်ဆတ်မှုကို လေ့လာပါ။
၃. ရေတွင်းအလျား၊ အနံ၊ (သို့မဟုတ်) အချင်းနှင့် ရေအနက်ကို တိုင်းတာပါ။
၄. ရေဂါလံပေါင်းတွက်ချက်ပါ။

၅. ဆေးပမာဏ တွက်ချက်ပါ။ (ရေတွင်းသန့်ရှင်းရေးအတွက်)
ကလိုရင်းဓာတ်ငွေ့ (၂၅-၃၅) ရာခိုင်နှုန်းပါသော ဗလီချင်းပေါင်ဒါ (bleaching powder) ကို အသုံးပြုပါက ရေဂါလံတစ်ထောင်လျှင် ဆေးမှုန့်အောင်စ၀က်မှ တစ်အောင်စ (ဟင်းစားစတီးဇွန်း တစ်ဇွန်းမှ နှစ်ဇွန်း) နှုန်းကို ရေညစ်ညမ်းမှုနှင့် ဆေးအာနိသင်အရ အတိုးအလျှော့ တွက်ချက်ပါ။ (ရေညစ်ညမ်းမှုများလျှင် ဆေးတိုးခတ်ရပါမယ်။)
ကလိုရင်းဓာတ်ငွေ့ (၆၅-၇၀)ရာခိုင်နှုန်းပါသော ဗလီချင်းပေါင်ဒါကို အသုံးပြုပါက ဆေးခတ်နှုန်းမှာ အထက်ဖော်ပြပါနှုန်း၏ တစ်၀က်ဖြစ်ပါတယ်။
၆. ရေပုံးဖြင့် ရေအပြည့်ခပ်ပါ။
၇. လက်နှစ်လုံးခန့် သွန်ပစ်ပါ။
၈. ပြီးလျှင် ပလတ်စတစ်ခွက်ထဲတွင် လိုအပ်သောဆေးပမာဏကို ဟင်းစားဇွန်းဖြင့် ချိန်ထည့်ပါ။
၉. ရေအနည်းငယ်ထည့်၍ မွှေတံဖြင့် မုန့်နှစ်ရည်ကဲ့သို့ ဖြစ်အောင် မွှေပါ။
၁၀. မုန့်နှစ်ရည်ကဲ့သို့ဖြစ်သောအခါ ရေထပ်ထည့်၍ ထပ်မွှေပါ။
၁၁. ဆေးဖျော်ရည်ကို အမှတ်စဥ်(၇)အရ ပြင်ဆင်ထားသော ရေပုံးထဲသို့ လောင်းထည့်ပါ။
၁၂. သမအောင် မွှေတံဖြင့် မွှေပါ။
၁၃. ရေပုံးကို ရေတွင်းထဲသို့ ၂ပေခန့် မြှုပ်အောင်နှစ်ပြီး နေရာအနှံ့ နိမ့်ချည်မြင့်ချည် ပြုလုပ်ပါ။
၁၄. ရေပုံးကို ပြန်ဆွဲတင်ပြီး ရေပုံးထဲမှရေကို ရေတွင်းထဲသို့ ဖြေးညှင်းစွာ လောင်းချပါ။
၁၅. ဆေးခတ်ပြီး မိနစ်(၃၀)ခန့်ကြာသည်အထိ စောင့်၍ ကလိုရင်းအကြွင်းရှိမရှိ စမ်းသပ်ပါ။
၁၆. အကယ်၍ ကလိုရင်းအကြွင်းမရှိပါက ပထမဆေးခတ်သည့်အတိုင်း ဆေးပမာဏ တစ်၀က်ခန့် လျှော့ပြီး ဆေးပြန်ခတ်ပါ။
၁၇. ကလိုရင်းအကြွင်းရှိကြောင်း သိရှိပါက ကလိုရင်းဆေးခတ်ခြင်း ပြီးမြောက်အောင်မြင်သည်ဟု မှတ်ယူပါ။
ကလိုရင်းအကြွင်း ရှိ/မရှိ စမ်းသပ်နည်း
ဓာတ်ပြုချိန် မိနစ်(၃၀)ကြာစောင့်ပြီးနောက်
နည်း(၁) အနံ့ခံနည်း
ဆေးအသုံးမပြုသော ပုံး၊ခွက်၊လက်ဖြင့် ရေကို ယူ၍ အနံ့ခံစမ်းသပ်ပါ။ အနံ့ရှိလျှင် အကြွင်းရှိပါတယ်။
နည်း(၂) ပိုတက်စီယမ်အိုင်အိုဒိုက်နည်း
ကလိုရင်းခတ်ပြီးသောရေထဲတွင် ပိုတက်စီယမ်အိုင်အိုဒိုက်နှစ်ခဲ သုံးခဲထည့်မွှေ၍ ထမင်းရည်ထည့်လိုက်လျှင် မိုးပြာရောင်ပြပါက ကလိုရင်းအကြွင်းရှိပါတယ်။
နည်း(၃) ခေတ်မီကလိုရင်းအကြွင်း စမ်းသပ်ကိရိယာများဖြင့်လည်း စမ်းသပ်နိုင်ပါတယ်။
ရေသန့်ဆေးမှုန့်ခတ်သင့်သော အချိန်များ

၀မ်းနှင့်ပတ်သက်သော ရောဂါတစ်ခုခုဖြစ်ပွားနေချိန်၊ ထိုသို့ ရောဂါမဖြစ်ပွားမီ
ရေတွင်း၊ အ၀ီစိတွင်းများ အသစ်တူးဖော်ပြီးချိန်
ရေတွင်းများသို့ အညစ်အကြေးများ ၀င်ရောက်သည့်အချိန်
နွေရာသီ ရေတွင်းရေကန်များသို့ ရေသစ်များ ၀င်ရောက်လာချိန်
သဘာ၀ ဘေးအန္တရာယ်နှင့် ရေကြီးခြင်းကြောင့် ရေတွင်းနှင့် ရေကန်များသို့ ရေလွှမ်းသည့်အချိန်

အထက်ပါ အကြောင်းအရာများမာ နယ်ဘက်ရေကြီးမှု လျပ်စက်မီးမရမှု ကြုံခဲ့ရင်အရေးပေါ် သုံးနိုင်ရန်ဖြစ်သည်
မြို့ပို GMP အတိုင်းစနစ်တကျထုပ်လုပ်ထားသောသောက်ရေသန့် များအတွက်မလိုအပ်ပေ

#မေတ္တာစမ်းရေ

🤗ရေကို ဘယ်လိုသန့်စင်မလဲ ရေအမျိုးစားလိုက်သန့်စင်ပုံကိုပြောပြပေးပါ?ရေသန့်စင်ရာတွင် ရေထဲတွင်ပါ၀င်သော အမှုန်အညစ်အကြေးများအပေ...
27/07/2024

🤗ရေကို ဘယ်လိုသန့်စင်မလဲ ရေအမျိုးစားလိုက်သန့်စင်ပုံကိုပြောပြပေးပါ?

ရေသန့်စင်ရာတွင် ရေထဲတွင်ပါ၀င်သော အမှုန်အညစ်အကြေးများအပေါ် မူတည်၍ ခွဲခြားနိုင်ပါတယ်။
(က) ရေတွင် မပျော်၀င်နိုင်သော အမှုန်အနည်များ ဖယ်ရှားခြင်း (အနည်ထိုင်ခြင်း၊ ရေစစ်ခြင်း)
(ခ) ရေတွင် ပျော်၀င်ပစ္စည်းများ ဖယ်ရှားခြင်း (ဓာတုပစ္စည်းသုံးပြီး အနည်ထိုင်စေခြင်း၊ ရေစစ်ခြင်း၊ လေနှင့်ထိတွေ့စေခြင်း)

မည်သည့်နည်းလမ်းကိုအသုံးပြုသည်ဖြစ်စေ ဘက်တီးရီးယားပါ၀င်နေပါက ကလိုရင်းဆေးခတ်သန့်စင်ရမယ်။

မသန့်စင်ရသေးသောရေကို အောက်ပါအတိုင်း သန့်စင်နိုင်ပါတယ် -
(၁) စမ်းရေ၊ တောင်ကျစမ်းရေ
ယေဘုယျအားဖြင့် ပိုးမွှားများကင်းစင်တယ်။ တောင်ပေါ်ရှိ စမ်းများ၊ ကြီးမားသောရေကန်မှ ရေများဟာ ညစ်ညမ်းမှုအနည်းငယ် ရှိတတ်တယ်။ စိတ်ချလက်ချ အသုံးပြုနိုင်ရန် ကလိုရင်းဆေးခတ်ပြီး အသုံးပြုနိုင်ပါတယ်။

(၂) မြေအောက်ရေ
အခြားညစ်ညမ်းမှုများ မရှိသော်လည်း သံနှင့် မဂ္ဂနစ် ပါခြင်း၊ ကယ်လ်စီယမ်နှင့် မဂ္ဂနီဆီယမ် ဆားများ သတ်မှတ်သည်ထက် ပိုမိုပါ၀င်ခြင်းရှိတတ်၍ အောက်ဆီဂျင်နှင့် ထိတွေ့ပေးခြင်း (Aeration)၊ ဓာတုပစ္စည်းများထည့်၍ ဓာတ်ပြောင်းစေခြင်း (Chemical Precipitation)၊ ရေစစ်ခြင်းနှင့် ရေသွက်ပြုလုပ်ခြင်း စသည့်နည်းများ သုံးကာ လိုအပ်သလို သန့်စင်ရပါတယ်။

(၃) အင်းအိုင်မြစ်ချောင်းရေ
အင်းအိုင်များ၊ မြစ်ချောင်းများရှိ ရေများသည် နောက်ကျိပြီး ဘက်တီးရီးယားညစ်ညမ်းမှု ရှိတတ်ပါတယ်။ ထိုသို့ ညစ်ညမ်းလျှင် ဓာတုဗေဒနည်းလမ်းဖြင့် အနည်ထိုင်ခြင်း၊ ရေစစ်ခြင်း၊ ကလိုရင်းဆေးခတ်ခြင်းတို့ ပြုလုပ်ကာ သောက်သုံးရန် သင့်လျော်သောရေကို ရရှိနိုင်ပါတယ်။

(၄) နောက်ကျိသောရေ
နောက်ကျိပြီး ညစ်ညမ်းသောရေကို အနည်ထိုင်ခြင်း၊ ရေစစ်ခြင်း၊ ဆေးခတ်ခြင်း စသည့်နည်းလမ်းများဖြင့် သန့်စင်ရန် လိုအပ်ပါတယ်။

ကလိုရင်းဆေးသုံးစွဲပုံအကြောင်းကို မနက်ဖြန်တင်ပေးပါမည်
#မေတ္တာစမ်းရေ

မေးခွန်း 🤗မိုးရေကိုသောက်လို့ရပါသလား?မိုးရေကရေသွက်သည့်အပြင်အရသာလဲကောင်းမွန်သည် သို့သော် မိုးရေသည်လေထုထဲမှဖြတ်သန်းလာသည့်အခ...
26/07/2024

မေးခွန်း 🤗မိုးရေကိုသောက်လို့ရပါသလား?

မိုးရေကရေသွက်သည့်အပြင်အရသာလဲကောင်းမွန်သည် သို့သော် မိုးရေသည်လေထုထဲမှဖြတ်သန်းလာသည့်အခါ ဖုန်များ ဓာတုဓာတ်ငွေ့များနဲ့ပေါင်းစပ်ပီးညစ်ညမ်းမှုဖြစ်လာသည် မိုးရေကိုတိုက်ရိုက်ခံယူအသုံးပြုမည်ဆိုပါက ပိုးမွှားသန့်စင်ပီးမှသောက်သုံးသင့်ပါသည်

ရေသောက်တာ အရေးကြီးပါသလား?ရေသည်ကျွန်မတို့ခန္ဓာကိုယ်၏လုပ်ဆောင်မှုများဖြစ်သောလိုအပ်သော အဟာရနဲ့အောက်ဆီဂျင် ကိုခန္ဓာကိုယ်ဆဲလ်...
25/07/2024

ရေသောက်တာ အရေးကြီးပါသလား?

ရေသည်ကျွန်မတို့ခန္ဓာကိုယ်၏လုပ်ဆောင်မှုများဖြစ်သောလိုအပ်သော အဟာရနဲ့အောက်ဆီဂျင် ကိုခန္ဓာကိုယ်ဆဲလ်များထံသို့ပို့ဆောင်ပေးခြင်း ဗီတာမင်များစုပ်ယူခြင်း အဆိပ်များစွန့်ထုပ်ခြင်းကိုယ်အပူချိန်ထိန်ညှိခြင်းစသည့်လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်အတွက် ရေသောက်ခြင်းသည်အရေးကြီးပါသည်

မသန့်ရှင်းသောရေ သောက်မိလျှင်ဘယ်လို ရောဂါဖြစ်နိုင်ပါသလဲ?ဒီ​မေးခွန်းရဲ့အဖြေလေးကသိသလောက်ပြောပြပါမယ်🤗 ရောဂါရှိသူများက အညစ်အက...
24/07/2024

မသန့်ရှင်းသောရေ သောက်မိလျှင်ဘယ်လို ရောဂါဖြစ်နိုင်ပါသလဲ?

ဒီ​မေးခွန်းရဲ့အဖြေလေးကသိသလောက်ပြောပြပါမယ်🤗
ရောဂါရှိသူများက အညစ်အကြေးများ စနစ်တကျ မစွန့်ပစ်သောကြောင့် ရေတွင် ပိုးမွှားများလာနိုင်ပီး။ ထိုသို့ မသန့်ရှင်းသောရေကို သောက်မိလျှင် သို့မဟုတ် အစားအစာ ပြင်ဆင်ချက်ပြုတ်ရာတွင် အသုံးပြုမိလျှင် ၀မ်းပျက်၀မ်းလျှောရောဂါများ၊ ၀မ်းကိုက်ရောဂါ၊ ကာလဝမ်းရောဂါ၊ တိုက်ဖွိုက်ခေါ် အူရောင်ငန်းဖျားရောဂါ၊ အသည်းရောင်အသားဝါ “အေ” အမျိုးအစားနှင့် အက်စကရီရေးစစ်(စ) ခေါ် သံလုံးကောင်ရောဂါ၊ အမီးဘားပိုး ကြောင့်ဖြစ်သော ဝမ်းကိုက်ရောဂါနှင့် ပိုလီယို စသည့် ရောါများ ဖြစ်နိုင်ပါတယ်။

အားလုံးသတိထားနိုင်ကြပါစေ
#မေတ္တာစမ်းရေ

ရေသန့်ဘူးကရေကို ကြိုချက်သောက်လို့ရပါသလား?ရေသန့်ဘူးကရေကို ကြိုချက်သောက်လို့ရပါတယ်ရေသန့်ဘူးရေသည်စက်ရုံမှအဆင့်ဆင့်သန့်စင်ပီ...
23/07/2024

ရေသန့်ဘူးကရေကို ကြိုချက်သောက်လို့ရပါသလား?

ရေသန့်ဘူးကရေကို ကြိုချက်သောက်လို့ရပါတယ်ရေသန့်ဘူးရေသည်စက်ရုံမှအဆင့်ဆင့်သန့်စင်ပီးစံနှုန်းပြည့်မှီသည်ဟုမှတ်ယူနိုင်သည် ထို့ကြောင့်ရေကျိုချက်ရန်မဖြစ်မနေမလိုအပ်ပါ သို့သော်မိမိကကြိုချက်သောက်လိုလျင် ဘေးထွက်ဆိုးကျိုးမရှိပါ သောက်နိုင်ပါတယ်

13/07/2024

drinking water

SME ပွဲတွေမာတတပ်တအားပါဝင်ခဲ့ပါတယ် #မေတ္တာစမ်းရေ
10/06/2024

SME ပွဲတွေမာ
တတပ်တအား
ပါဝင်ခဲ့ပါတယ်
#မေတ္တာစမ်းရေ

Address

Mingaladon

Alerts

Be the first to know and let us send you an email when မေတ္တာစမ်းရေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share