06/02/2024
အိမ်ဆောက်တဲ့အခါ🏡🏡 သိထားသင့်တဲ့...
✅ဘိလပ်မြေ၊ အုတ်၊ သဲကျောက် တွက်ချက်နည်း
✅သံချောင်းတွက်နည်း
✅ ဘိလပ်မြေတွက်နည်း
✅ရေဝင်ဆန့်တွက်နည်း
✅အုတ်စီခြင်း ခန့်မှန်းကုန်ကျမည့် စာရင်းတွက်နည်းများကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။
↔️ဘိလပ်မြေ၊ အုတ်၊ သဲကျောက် ခန့်မှန်းကုန်ကျမည့်
စာရင်းအကြမ်းတွက်ချက်နည်း
မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ပြောကြပါတယ်။
⏺️ကုဗကျင်း
⏺️စကွဲယားကျင်း ဆိုပြီးရှိပါတယ်။
⏺️ကုဗကျင်း
ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။
၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။
၅၀ ဆို ကျင်းဝက်၊ ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။
ကုဗကျင်းကို...
-၉ လက်မနဲ့အထက် အုတ်စီခြင်းတို့
-ကွန်ကရစ်လောင်းခြင်းတို့
-မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။
ရှိသမျှအလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။ မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။
🔸1:3:6 အချိုး ကွန်ကရစ်
ဘိလပ်မြေ ၁၃ အိတ်ခန့်၊ သဲကျင်းဝက်၊ ကျောက် ၁ ကျင်း
🔸1:2:4 အချိုး ကွန်ကရစ်
ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်၊ သဲကျင်းဝက်၊ ကျောက် ၁ ကျင်း
🔸1: 1-1/2 အချိုး ကွန်ကရစ်
ဘိလပ်မြေ ၂၅ အိတ်ခန့်၊ သဲကျင်းဝက်၊ ကျောက် ၁ ကျင်း
🧱အုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း
ကုဗတစ်ကျင်းဆို ၁၃၅၀ လုံးဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။ အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး။ သဲ ၂၈ ကျင်းတစ်မတ် သာသာလောက်။
⏺️စကွဲယားကျင်း
စကွဲယားကျင်းက အလျားနဲ့အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။
စကွဲယားကျင်းကို...
-၄လက်မခွဲ အုတ်စီခြင်း
-ဆေးသုတ်ခြင်းတို့
-အမိုးမိုးခြင်းတို့
-ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။
🧱နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း
အုတ် ၅၅၀ လုံး 1:4 အချိုး ဘိလပ်မြေ 2.7 အိတ်
သဲ .11 ကျင်း
🔴သံချောင်းတွက်နည်း
သံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀ ၁၂ မီတာရှိရပါတယ်။ သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။ ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။
တစ်တန်မှာရှိရမယ့် အချောင်းရေက -
10 မီလီ ၃မူး ( 3/8) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း
12 မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း
16 မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း
20 မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း
25 မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်းရှိပါတယ်။
🔴ဘိလပ်မြေတွက်နည်း
ဘိလပ်မြေ (၁) အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်(၂၀) ဟာ ၁ တန်ပါ။
သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။ ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိသုံးတတ်ပါတယ်။ ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။ အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။ ဆက်သွယ်ချက်က ၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။ လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။
1 M မီတာ= 3.281 ပေ
1 လက်မ= 25.4 mm မီလီမီတာ
1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား
ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuft
🔴ရေဝင်ဆန့်တွက်နည်း
ရေကန်တစ်ခု ရေဂါလံ ဘယ်လောက်ရှိလဲတွက်ချင်ရင်၁ကုဗပေမှာ ၆.၂၄ ဂါလံရှိပါတယ်။
အလျား အနံ အမြင့် တစ်ပေစီရှိတဲ့ ပုံးတစ်လုံးဟာ ရေ ၆.၂၄ ဂါလံဆန့်ပါတယ်။ ဒါကြောင့် ၆ပေအလျား ၄ ပေအနံ ၃ ပေ အမြင့်ရှိတဲ့ရေကန်ဟာ 6 X 4 X 3 X 6.24= 449.28 ရေ ၄၅၀ ဂါလံဆန့်ပါတယ်။ ရေတစ်ဂါလံ ၁၀ ပေါင်လေးလို့ ၄၅၀၀ ပေါင်လေးပါတယ်။
၂၂၄၀ ပေါင်= ၁ တန်လေးလို့ ၂ တန်လောက် အလေးချိန်ရှိပါမယ်။ ရေကန်ကို အပေါ်မှာ ထားရင် Dead Load ဝန်သေ ၂ တန်ကို ခံနိုင်အောင် သံချောင်း ကော်လံတိုင် ဆိုဒ်ကို သုံးရပါမယ်။
1 ဂါလံမှာ ၄.၅၄၆ လီတာရှိပါတယ်။ အခုနောက်ပိုင်း စတီးရေတိုင်ကီတွေကလီတာနဲ့ ပြထားတတ်လို့ ပြန်တွက်ကြည့်လို့ရပါလိမ့်မယ်။
🔴အုတ်စီခြင်း ခန့်မှန်းကုန်ကျမည့်စာရင်းတွက်နည်း
🧱လေးလက်မခွဲ ဆယ်ပေပတ်လည် အုတ်စီခြင်းလုပ်ငန်း
၁၀၀ စတုရန်းပေနှုန်း
➢ အုတ် ၄၀၀ လုံး
➢ ဘိလပ်မြေ ၃ အိတ်
➢ မြစ်သဲ ၁၀ ကုဗပေ
🧱၉ လက်မအုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေနှုန်း
➢ အုတ် ၇၅၀ လုံး
➢ ဘိလပ်မြေ ၅.၅ အိတ်
➢ မြစ်သဲ ၁၀ ကုဗပေ
🧱၁:၂:၄ ကွန်ကရစ် တစ်ကျင်နှုန်း
➢ ဘိလပ်မြေ ၁၉ အိတ်
➢ မြစ်သဲ ၄၉ ကုဗပေ
➢ မြစ်ကျောက်စရစ် ၉၂ ကုဗပေ
🧱၁:၃:၆ ကွန်ကရစ် တစ်ကျင်နှုန်း
➢ ဘိလပ်မြေ ၁၃ အိတ်
➢ မြစ်သဲ ၄၆ ကုဗပေ
➢ မြစ်သဲကျောက်စရစ် ၉၆ ကုဗပေ
မှတ်ချက်။ ။
၁ ကုဗပေ = အလျား ၁ ပေ x အနံ ၁ ပေ x အမြင့် ၁ ပေ
သဲတစ်ကျင်း = အလျား ၁၀ ပေ x အနံ ၁၀ ပေ x အမြင့် ၁ ပေ = ၁၀၀ စတုရန်းပေ
သဲတစ်ကျင်း = ၁၀၀ ကုဗပေ။
👉စိတ်ကြိုက်Design ဆွဲပြီးဆွေးနွေးခြင်းကနေစလို့ Construction ပိုင်းထိသာမက အတွင်းပိုင်း Interior Decorations တွေကို ပါ
One Stop Service နဲ့ လုပ်နိုင်မဲ့
A2L-Home Builders Construction & Decoration မှ အကောင်းဆုံး ဝန်ဆောင်မှုနဲ့ သင့်စိတ်ကူးထဲကအိမ်ကလေးကို ပုံဖော်ဖန်တီးပေးဖို့ အသင့်ရှိနေပါပြီနော်…
☎️09794258035
☎️09794258035
ပေါက်ချောင်း-၁/မိတ္ထီလာမြို့
to original writer
#အိမ်ဆောက်ချင်သူများ #အိမ်ပုံစံလှလှလေး #အိမ်အတွင်းပိုင်းအလှဆင်ခြင်း
#မိတ်ထီလာ #သာစည် #ရမည်းသင်း #ရွှေညောင် #ညောင်ရွှေ #တောင်ကြီး