Khaing Khant Mon

Khaing Khant Mon ကျက်သရေအဖြာဖြာနဲ့ ပြည့်စုံကြပါစေ...

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ🙏🏻🙏🏻🙏🏻
02/05/2026

စိတ်ချမ်းသာ ကိုယ်ကျန်းမာ
ကြပါစေ🙏🏻🙏🏻🙏🏻

19/12/2025

Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

11-10-2025
11/10/2025

11-10-2025

အားလုံးပဲ ကိုယ်ပိုင်အိမ်လှလှလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ🤩😍🥰
09/08/2024

အားလုံးပဲ ကိုယ်ပိုင်အိမ်လှလှလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ🤩😍🥰

📝🖼️မြေကွက်ဝယ်ယူပြီးမှ အရှုပ်အရှင်းများ ဖြစ်မလာစေရန် သတိထားသင့်တဲ့ အချက် ( ၅ ) ချက်

၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ

ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့

( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေငှားခ ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ

ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊
မြေချမိန့်ရထားတဲ့မြေလား၊လယ်မြေလား၊
ယာမြေလား၊
မီးလောင်မြေချထားမိန့်နဲ့လား၊
ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။

၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ

မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။

၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ

စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင်
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘွားပိုင်မြေဆိုရင်

(က) ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်

(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။

၅။ စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

🙏🙏🙏အားလုံးပဲ ကိုယ်ပိုင်အိမ်လှလှလေးတလုံးပိုင်ဆိုင်နိုင်ကြပါ‌ေးခင်ဗျာ။🥰🥰🥰🥰

ပိတောက်ပန်းလေးနဲ့အတူကျန်းမာ ချမ်းသာ လန်းဖြာ ကြပါစေ. . .
29/07/2024

ပိတောက်ပန်းလေးနဲ့အတူ
ကျန်းမာ ချမ်းသာ လန်းဖြာ ကြပါစေ. . .

12/07/2023
16/01/2023
HAPPY NEW YEAR😍😍😍
31/12/2022

HAPPY NEW YEAR😍😍😍

ကျန်းမာ ချမ်းသာ ကြပါစေ🙏🏻🙏🏻🙏🏻
21/12/2022

ကျန်းမာ ချမ်းသာ ကြပါစေ🙏🏻🙏🏻🙏🏻

Address

Monywa, Myanmar, Burma (Myanmar)
Monywa

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 10:00 - 13:00

Telephone

+959256164715

Website

Alerts

Be the first to know and let us send you an email when Khaing Khant Mon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khaing Khant Mon:

Share