N&K Generation Construction Co., Ltd

N&K Generation Construction Co., Ltd Warmly Welcome From N&K Generation Co.,Ltd

စိတ်ကူးထားတဲ့အတိုင်း လေထဲကအိမ်လေးကို ကိုယ်ပိုင်မြေလေးပေါ်မှာ အကောင်အထည်ဖော်ကြတဲ့အခါ..ခေတ်ကာလအရ ဆောက်လုပ်ရေးကုမ္ပဏီတွေပေါ...
02/02/2024

စိတ်ကူးထားတဲ့အတိုင်း လေထဲကအိမ်လေးကို ကိုယ်ပိုင်မြေလေးပေါ်မှာ အကောင်အထည်ဖော်ကြတဲ့အခါ..

ခေတ်ကာလအရ ဆောက်လုပ်ရေးကုမ္ပဏီတွေပေါများမှုနှင့်အတူ ကုမ္ပဏီတွေရဲ့ အပြိုင်အဆိုင်စျေးနှုန်းလျော့ချလာတာတွေကြောင့် လုပ်ငန်းအပ်နှံလိုသူတို့ဟာ အဓိကထည့်သွင်းစဉ်းစားသင့်တဲ့ အရည်အသွေးထက်၊ စျေးနှုန်းချိုသာမှုကိုသာ ရွေးချယ်မိလိုက်ကြတဲ့အခါ 🧐

Quality မပြည့်မီတဲ့ အဆောက်အဦးတွေပေါများစွာ ပေါ်ပေါက်လို့ လာပါတော့တယ် ⭐⭐

ဒီလိုစျေးနှုန်းအပြိုင်အဆိုင်တွေကြားထဲ ပိုသက်သာတဲ့ Construction ကိုအပ်မိတဲ့အခါ Quality နိမ့်လာမှာကိုထည့်သွင်း မစဉ်းစားမိကြတော့ပါဘူး…

အဆောက်အဦးတစ်ခုရဲ့ အရည်အသွေးဟာ ဆောက်လုပ်ပြီးပြီးချင်းအခြေအနေတွေမှာ တိုင်းတာဖို့ မလွယ်ကူပေမယ့် ရေရှည်မှာ မလိုလားအပ်တဲ့ပြင်ဆင်စရိတ်တွေ၊ ပျက်စီးယိုယွင်းမှုတွေနဲ့ အခန့်မသင့်လျင်အသက် အန္တရာယ်ထိခိုက်သည်အထိ ဖြစ်ပေါ်စေနိုင်ပါတယ်

ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးနဲ့ပြည့်စုံတဲ့ အဆောက်အဦတစ်လုံးက သင့်တင့်လျောက်ပတ်တဲ့ ကုန်ကျစရိတ်နဲ့တန်ဖိုးတစ်ခုရှိနေမှာပါ 💯

ဒါကြောင့် မိတ်ဆွေတို့ရေ အချိန်အကြာကြီးစိတ်ကူးယဉ်ခဲ့ရတဲ့ နေအိမ်အဆောက်အဦးလေးတစ်လုံးကို အရည်အသွေးမပြည့်မီစွာ တည်ဆောက်မလား? အရည်အသွေးပြည့်ဝခိုင်ခံ့စွာ တည်ဆောက်မလား? ဆိုတာ မိတ်ဆွေတို့ရဲ့ ရွေးချယ်မှုပါပဲ

အရည်အသွေးပြည့်ဝ ခိုင်ခံ့တဲ့ အဆောက်အဦးတွေတည်ဆောက်ဖို့ စိတ်ချယုံကြည်ရတဲ့ Construction ကုမ္ပဏီလိုအပ်နေပြီဆိုရင်

အရည်အသွေး၊ စနစ်ကျမှုနှင့်အတူ အကောင်းမွန်ဆုံးဝန်ဆောင်မှုများကိုသာ တန်ဖိုးထားပေးစွမ်းဖို့ ကြိုးစားလို့နေတဲ့ N&K Construction ရှိနေပါပြီ 🥰🥰

ဆောက်လုပ်ရေး လောကရဲ့ အလွဲများနှင့်ဝေးကွာစေဖို့ တည်ဆောက်ခြင်းမှသည် အလှဆင်ခြင်းထိတိုင်အောင် တစ်နေရာတည်းမှာ One Stop Service ရနိုင်တဲ့ N&K Constructionကိုသာ ရွေးချယ်လိုက်ပါ …✨✨

👷🏻 𝘾𝙧𝙚𝙖𝙩𝙚 𝙔𝙤𝙪𝙧 𝘿𝙧𝙚𝙖𝙢 👷🏻‍♀️

🟠 အသေးစိတ် ဆက်သွယ်စုံစမ်းရန်
☎️ Ph: 09_447596767, 09_952131377

🌸ပြာသိုလပြည့် အမေများနေ့🌸
25/01/2024

🌸ပြာသိုလပြည့် အမေများနေ့🌸

အိမ်ဆောက်ဖို့ ဆွေးနွေးရင် အိမ်ဒီဇိုင်းဆွဲဖို့က ဦးစွာပြုလုပ်ရပါမယ်။ အရေးအကြီးဆုံး စလုပ်ရတာက အိမ်ရှင်  စိတ်ကြိုက်ထားလိုတဲ့...
10/01/2024

အိမ်ဆောက်ဖို့ ဆွေးနွေးရင် အိမ်ဒီဇိုင်းဆွဲဖို့က ဦးစွာပြုလုပ်ရပါမယ်။ အရေးအကြီးဆုံး စလုပ်ရတာက အိမ်ရှင် စိတ်ကြိုက်ထားလိုတဲ့ ပုံစံ ဆွဲရတာပါ။

အိမ်ကို ဘယ်လိုတည်ဆောက်မလဲ?
အခန်းတွေ ဘယ်လိုဖွဲ့မလဲ ?
အခန်းတွေရဲ့ အကျယ်တွေအဝန်းတွေက ဘယ်လောက်အကျယ် ထားချင်လဲ ?
ဘယ်လောက်အကျယ်အဝန်း ထားသင့်သလဲ ?

အဲဒီလိုအခြေနေ မျိုးမှာ
ထားရှိသင့် ထားရှိထိုက်တဲ့ Standard Size လေးတွေ
သိထားဖို့လိုပါမယ်


20’x60’ မြေပေါ်မှာ 17’x40’ ထက် မကျဉ်းသင့်ပါ။
40’x60’ မြေပေါ်မှာ 34’x47’ထက် မကျယ်သင့်ပါ။

#ဧည့်ခန်းတွေရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10'~ပေ
ပုံမှန်ဆိုက် 12'×14' ~ပေ
ဆိုက်ကြီး 16'×20' ~ပေ ဖြစ်ပါတယ်

#အိပ်ခန်းတွေရဲ့ အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 11'×12' ~ပေ
ဆိုက်ကြီး 12'×14' ~ပေ ဖြစ်ပါတယ်

#အိမ်ရှင်မတို့အတွက်_မီးဖိုချောင် အကျယ်အဝန်းဟာ

အနည်းဆုံး 10'×7' ~ပေ
ပုံမှန်ဆိုက် 10'×12' ~ပေ
ဆိုက်ကြီး 15'×12' ~ပေ ဖြစ်ပါတယ်

#အိမ်သာရေချိုုးခန်းတစ်ခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 4’×5' ~ပေ
ပုံမှန်ဆိုက် 6'×5' ~ပေ
ဆိုက်ကြီး 8'×7' ~ပေ ဖြစ်ပါတယ်

#ထမင်းစားခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 10'×12' ~ပေ ဖြစ်ပါတယ်

#ဘာသာတရား_ဝတ်ပြုရာနေရာ အကျယ်အဝန်းဟာ

အနည်းဆုံး 7'×5' ~ပေ
ပုံမှန်ဆိုက် 10'×10' ~ပေ ဖြစ်ပါတယ်

#ဝရန်တာဆိုက် ရဲ့အကျယ်ကတော့

အနည်းဆုံး 3' ~ပေဖြစ်ပါတယ်
{လူနှစ်ယောက်ရှောင်ကွင်းသာ}

#တစ်စီးစာကားပါကင်တခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 11'×15' ~ပေ
ပုံမှန်ဆိုက် 12'×16' ~ပေ ဖြစ်ပါတယ်

#အိမ်မိန်းတံခါးမကြီး ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3'x7’
ပုံမှန် 5’x7’ ဖြစ်ပါတယ်

#ရေချိုးခန်း
#အိမ်သာ
#မီးဖိုချောင်_တခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 2'6”~လက်မ,6’6"~လက်မ ဖြစ်ပါတယ်

#အိပ်ခန်းတခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3'x7’ ~ပေ ဖြစ်ပါတယ်

#ပုံမှန်အိမ်လှေခါး {stair} တစ်စင်းရဲ့

အကျယ်ဟာ 3'ပေ
အကျော် ဟာ 7" လက်မခွဲ
အနင်းဟာ 10"~လက်မ ဖြစ်ပါတယ်

🏡 ကျွန်တော်တို့ N&K Co,Ltd နှင့်လုပ်ငန်းအပ်နှံပါက စာချုပ်ပါ Materials များကို တိကျမှန်ကန်စွာ အရည်သွေးမြင့်ပစ္စည်းများဖြင့်သာ အသုံးပြုတည်ဆောက်ပေးပါတယ်ခင်ဗျာ

လူကြီးမင်းတို့ရဲ့ အဆောက်အဦးတည်ဆောက်ရေးဆိုင်ရာ သိချင်သည်များ ၊ အသုံးပြု Materials ပစ္စည်းများ ၊ ခန့်မှန်းကုန်ကျစရိတ်များကို ကျွမ်းကျင်အင်ဂျင်နီယာများမှ နွေးထွေးပြူငှာစွာ အသေးစိတ် ရှင်းပြနေတာမို့ အခုပဲ ဆက်သွယ်လိုက်ပါ‌နော်

အဆောက်ဦးကုန်ကျစရိတ် ၊ဒီဇိုင်းပုံစံ အနေထားတို့ကိုလည်း ကျွမ်းကျင်အင်ဂျင်နီယာများဖြင့် အခမဲ့ ဆွေးနွေးအကြံ့ပြုဖို့ N&K Construction မှနွေးထွေးစွာ‌ကြိုဆိုပါတယ်ခင်ဗျာ

N&K Construction
📠 ph-09447596767
📠 ph-09952131377

🇲🇲 𝟕𝟔𝐭𝐡 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐈𝐍𝐃𝐄𝐏𝐄𝐍𝐃𝐄𝐍𝐂𝐄 𝐃𝐀𝐘 🇲🇲မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းခဲ့ကြတဲ့ သူရဲကောင်းများ အားလုံးကို အောက်မ...
04/01/2024

🇲🇲 𝟕𝟔𝐭𝐡 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐈𝐍𝐃𝐄𝐏𝐄𝐍𝐃𝐄𝐍𝐂𝐄 𝐃𝐀𝐘 🇲🇲

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းခဲ့ကြတဲ့ သူရဲကောင်းများ အားလုံးကို အောက်မေ့တမ်းတရင်း ဇန်နဝါရီလ (𝟒) ရက်နေ့မှာ ကျရောက်တဲ့ (𝟕𝟔) ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို
N&K Construction မိသားစုမှ ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

𝐖𝐞 𝐚𝐫𝐞 𝐩𝐫𝐨𝐮𝐝 𝐭𝐨 𝐜𝐞𝐥𝐞𝐛𝐫𝐚𝐭𝐞 𝐭𝐡𝐞 𝟕𝟔𝐭𝐡 𝐈𝐧𝐝𝐞𝐩𝐞𝐧𝐝𝐞𝐧𝐜𝐞 𝐃𝐚𝐲, 𝐰𝐡𝐢𝐜𝐡 𝐟𝐚𝐥𝐥𝐬 𝐨𝐧 𝐉𝐚𝐧𝐮𝐚𝐫𝐲 𝟒, 𝐢𝐧 𝐦𝐞𝐦𝐨𝐫𝐲 𝐨𝐟 𝐭𝐡𝐞 𝐡𝐞𝐫𝐨𝐞𝐬 𝐰𝐡𝐨 𝐟𝐨𝐮𝐠𝐡𝐭 𝐟𝐨𝐫 𝐨𝐮𝐫 𝐢𝐧𝐝𝐞𝐩𝐞𝐧𝐝𝐞𝐧𝐜𝐞.🇲🇲🇲🇲

N&K Generation Co.,Ltd
☎️ 09447596767
☎️ 09952131377

🎉🎊 Happy New Year 2024 🎊🎉2024 နှစ်သစ် အခါသမယမှာ ဆရာသမား မိတ်ဆွေသင်္ဂဟများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းမျာ...
01/01/2024

🎉🎊 Happy New Year 2024 🎊🎉

2024 နှစ်သစ် အခါသမယမှာ ဆရာသမား မိတ်ဆွေသင်္ဂဟများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပြီး စီးပွားဥစ္စာများ ဒီရေအလား တိုးတက်အောင်မြင်ကြပါစေ‌
‌ကြောင်း N&K Construction မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်

&K Generation Construction Co., Ltd
☎️ 09447596767
☎️ 09952131377

Merry Christmas To You All 🎄🎄🎄🎅🎅🎅❤️❄️🎄☃️🎅 အေးချမ်းလှတဲ့ Christmas အချိန်ကာလမှာ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း၊ ချမ်...
25/12/2023

Merry Christmas To You All 🎄🎄🎄🎅🎅🎅

❤️❄️🎄☃️🎅 အေးချမ်းလှတဲ့ Christmas အချိန်ကာလမှာ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ ကြည်နူးငြိမ်းချမ်းခြင်းတို့နဲ့အတူ ပြည့်စုံခြင်းမင်္ဂလာအပေါင်းကို ပိုင်ဆိုင်ကြပါစေလို့ N&K Constructionမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🎅🎄❄️☃️❤️

N&K Generation Construction Co., Ltd
☎ 09 - 447596767
☎ 09 - 952131377

လတ်တလော အခြေအနေများအရ အိမ်ဆောက်ဖို့ ဆုံးဖြတ်ရခက်နေသေးတယ်ဆိုရင် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဘာတွေလုပ်ထားနိုင်လဲ ? 👉 အဲ့ဒါကတော...
13/12/2023

လတ်တလော အခြေအနေများအရ အိမ်ဆောက်ဖို့ ဆုံးဖြတ်ရခက်နေသေးတယ်ဆိုရင် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဘာတွေလုပ်ထားနိုင်လဲ ?
👉 အဲ့ဒါကတော့ မိမိစိတ်ကြိုက် အိမ်Designလေးကို ကြိုတင်ရေးဆွဲထားနိုင်ပါတယ် 🏠။
🏠 Client အများစုက အခုလိုအချိန်မှာ အိမ်ဆောက်ဖို့ ဆုံးဖြတ်ရခက်နေသေးတဲ့အတွက် ကျွန်တော်တို့
N&K မှာ အိမ်Design ကိုပဲ ကြိုတင်အပ်နှံထားကြပါတယ် ။
👉 ရည်ရွယ်ချက်ကတော့ တည်ငြိမ်တဲ့အခြေနေတစ်ခုရောက်ပြီဆိုရင် အချိန်ယူစရာမလိုပဲ အလွယ်တကူတည်ဆောက်နိုင်တာကြောင့်ပါ 💯။
🏠 ငွေကြေးအကုန်ကျခံပြီး တည်ဆောက်ရမှာဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်ထားတာ မှားမယ်မထင်ပါဘူး ။
🏠 မိမိစိတ်ကြိုက် အိမ်Designလေး လက်ထဲမှာရှိနေမယ်ဆိုရင် ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ် contractor နဲ့ပဲဖြစ်ဖြစ် လွယ်ကူလျှင်မြန်စွာနဲ့ အကောင်ထည်ဖော်နိုင်ပါတယ် ။
🏠နောက်တစ်ခုအနေနဲ့ Design ကြိုတင်ဆွဲထားခြင်းရဲ့ အားသာချက်ကတော့ ကုန်ကျစရိတ်ကို ကြိုတင်ခန့်မှန်းထားနိုင်ပါတယ် ။
Structure တွက်ချက်မှုတွေ ကြိုတင်ပြုလုပ်ထားတာကြောင့် အချိန်ပိုကုန်မှာတွေ မဖြစ်တော့ပါဘူး ။
🏗 မိုးလေကင်းလွတ်တဲ့ကာလ ဖြစ်တာကြောင့်လည်း အခြေနေပေးပြီဆိုရင်တော့ လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်မှာပါ ။
🏠 ဒါကြောင့် အဆောက်အဦတွေတည်ဆောက်ဖို့ဆုံးဖြတ်ရခက်နေသေးရင် ပထမခြေလှမ်းတစ်ခုအနေနဲ့ မိမိစိတ်ကြိုက်အိမ်Design လေးကိုစတင်ပြီးပုံဖော်ထားဖို့ တိုက်တွန်းလိုပါတယ် ။
🏗 ကျွန်တော်တို့ N&K 𝑮𝙧𝒐𝙪𝒑 မှာလည်း အတွေ့အကြုံရှိပြီးဖြစ်တဲ့ Architect များက တာဝန်ယူ ပုံဖော်ပေးနေတာကြောင့် အိမ်ကောင်းလေးတစ်လုံးရဖို့ စိတ်ချလိုက်ပါ 🏠
👷‍♂️ အိမ်ရှင်တွေရဲ့ need & want ကို အသေးစိတ်ညှိနှိုင်းဆွေးနွေးပေးပြီး စိတ်တိုင်းကျတဲ့အထိ ပုံဖော်ပေးနေပါတယ် 🏠 ။
👷‍♂️ ကျွန်တော်တို့ရဲ့ N&K 𝐜𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 က အိမ်ရှင်တွေအတွက် အကောင်းဆုံးအကြံပေးမှုများကိုလည်း နွေးထွေးစွာနဲ့ ဆွေးနွေးပေးလျက်ရှိပါတယ် ။

N&K Generation Construction Co., Ltd
☎ 09 - 447596767
☎ 09 - 952131377

Foundation အနက်ကြီးတူးမှ အိမ်ကောင်းတစ်လုံးဖြစ်တာလား။Foundation ဆိုတာ အိမ်တစ်လုံး ဆောက်တဲ့ နေရာမှာ အခြေခံကျတဲ့ လုပ်ငန်းတစ...
03/12/2023

Foundation အနက်ကြီးတူးမှ အိမ်ကောင်းတစ်လုံးဖြစ်တာလား။

Foundation ဆိုတာ အိမ်တစ်လုံး ဆောက်တဲ့ နေရာမှာ အခြေခံကျတဲ့ လုပ်ငန်းတစ်ခုပါပဲ။ အဆောက်အဦးတစ်ခုကို တည်ငြိမ်နေအောင်၊ မြေကြီးထဲကို ကျွံဝင်နစ်မြုပ်ခြင်းမရှိအောင် ပင့်တင် ပံ့ပိုးပေးထားတာပါ။

Foundation အနက်ကြီးတူးမှ အိမ်ကောင်းတစ်လုံး ဆောက်နိုင်တာလား ဆိုတဲ့ စကားကို ပြန်ကောက်ရရင်တော့ အဆောက်အဦတစ်ခုဆောက်ရာမှာ Foundation သည် အဓိကကျတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အရာရာက သူ့သဘောနဲ့သူ ဆက်စပ်နေတာ/ ပစ်ပယ်ထားလို့ မရတာ ဖြစ်တဲ့အတွက် အဲဒီ့အရာလေးတွေကိုလည်း ဗဟုသုတအနေနဲ့ အနည်းငယ်ဝေမျှပေးပါရစေ။

Foundation ဘာညာ မချခင် Soil Test (မြေသားစစ်ဆေးခြင်း) လုပ်ငန်းဆိုတာ သုံးထပ်နဲ့အထက် အဆောက်အဦတွေမှာ မဖြစ်မနေ စစ်ဆေးရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒီမြေပေါ်မှာ ဆောက်မယ့် အိမ်ဖြစ်တဲ့အတွက် ဒီမြေအကြောင်း ကျိန်းသေသိထားရပါမယ်။ Soil Test မစစ်ဘဲ ဆောက်ခဲ့မယ်ဆိုရင် Foundation ဘယ်လောက်ကောင်းကောင်း ပင်လယ်ထဲ သက်ကယ်အင်္ကျီမပါဘဲ သွားနေသလိုပါပဲ။

Foundation မှာပါဝင်တဲ့ Plinth Beam လိုင်းတွေ ပထမထပ်၊ ဒုတိယထပ်တွေမှာပါဝင်တဲ့ Beam လိုင်းတွေ သုံးစွဲရမယ့် အရွယ်အစားတွေက အလကားထည့်ပေးထားတာ မဟုတ်ပါဘူး။

Foundation တစ်ခုကို ဘယ်လိုချမလဲ ဆိုတာကတော့ တည်ဆောက်မယ့် အိမ်ပုံစံရဲ့ Archi Drawing မှာ ပါဝင်တဲ့ အတွင်းပိုင်းဖွဲ့စည်းပုံ Room Plan တွေ၊ တည်ဆောက်ပြီးတဲ့အခါ ထည့်သွင်း ထားသိုမယ့် အခင်းအကျင်းပိုင်းတွေနဲ့ အဆောက်အအုံရဲ့ကြံ့ခိုင်မှုတွေကိုတော့ Structure Design Engineer က တွက်ချက်ပြီး လုပ်ဆောင်ရပါတယ်။

အိမ်တစ်လုံးမှာ ဘာတွေပါဝင်မှာလဲ။ ဘာတွေထည့်သွင်းမှာလဲ။ ဘယ်နေရာ ဘာထားမှာလဲ။ ဘယ်အခန်းက ဘယ်မှာဖွဲ့မှာလဲ။ ရေတိုင်ကီက ဂါလံဘယ်လောက်လဲ။ အလွှာတွေက ဘယ်လောက်အမြင့်လဲ။ ခေါင်အမြင့်ဘယ်လိုယူမလဲ… စတာတွေကို အိမ်ပုံစံ ရေးဆွဲသူ Archi Designer (Engineer) က စနစ်တကျမေးမြန်း ရေးဆွဲရတယ်။

အဲ့ဒီလို မေးမြန်းရေးဆွဲထားတာကို ကြည့်ပြီးမှ Structure Designer (Engineer) က အိမ်ရဲ့ကြံ့ခိုင်မှုကို တွက်ချက်ပေးထားတာပါ။

ဒါကို တာဝန်ယူ တည်ဆောက်သူက Construction Method လို့ခေါ်တဲ့ တည်ဆောက်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာ တည်ဆောက်ပေးရပါတယ်။

ရေရှည်အတွက် မျှော်တွေးထားတဲ့ အိမ်တစ်လုံးကို ဆောက်တော့မယ်ဆိုရင်တော့…
အုတ်ဘယ်လိုစီမလဲ။ သံကို စနစ်တကျ ဘယ်လိုဆင်မလဲ။
နောက်ပြီး ကွန်ကရိအချိုး ဘယ်လို ဖျော်စပ်မလဲ။ သဲသန့်လား၊ ကျောက်သန့်လား၊ ရေသန့်လား၊ Topping ဘယ်လိုလောင်းမလဲ။ ဆေးဘယ်လိုသုတ်မလဲ။ ပတ်တီးရိုက်၊ ကော်ပတ်စား၊ ဆေးပိတ်အောင်သုတ်နည်း တွေကလည်း နည်းစနစ်ကျကျ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေဖြစ်တယ်။

ယုတ်စွအဆုံး ရေ/မီး ဘယ်လိုတပ်ဆင်မလဲ။ သုံးစွဲတဲ့ ကြိုး၊ ခလုတ်၊ မီးပွင့် စသည်ဖြင့် ပစ္စည်း အရည်အသွေးကွာလတီတွေ သူ့နေရာနှင့်သူ ချိန်ဆသုံးစွဲခြင်းတွေကလည်း လိုအပ်ပါတယ်။

အပေါ်မှာပြောခဲ့တဲ့ Soil Test စစ်ဆေးခြင်း ဆိုတာကို ကြည့်ပြီးမှသာ Foundation ဘယ်လိုတူးရမလဲဆိုတာ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

အနှစ်ချုပ်ပြီး ခြုံပြောရရင် Foundation တစ်ခုတည်း ကောင်းနေရုံနဲ့ အထပ်မြင့်တွေ ဆောက်လို့ ရ/မရဆိုတာ မသိနိုင်သလို၊ အဆောက်အဦ တစ်ခုလုံးကလည်း ကောင်းသွားပြီလို့ မဆိုနိုင်ပါဘူး။

ဆောက်လုပ်ရေး နည်းစနစ်တွေကို စနစ်တကျ လိုက်နာရမှာ ဖြစ်ပြီးတော့ အဆောက်အဦကို တာဝန်ယူထားတဲ့လူတွေကလည်း စနစ်ကျဖို့ လိုအပ်ပါတယ်။

ဒါမှသာ အထပ်အနိမ့်၊ အမြင့် ဘာပဲလာလာ အိမ်ရှင်တွေ လုံခြုံစိတ်ချစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

သင့်ယုံကြည်ရာ N&K Construction Co.,Ltd ပါ...

N&K Construction
📠_09447596767
📠_09952131377

ယနေ့ ကျရောက်သောတန်ဆောင်မုန်းလပြည့်နေ့ အခါတော်နေ့မှာဆရာသမား ဘိုးဘွားမိဘများနှင့် မိတ်ဆွေသူငယ်ချင်းများအားလုံး စိတ်၏ချမ်းသ...
27/11/2023

ယနေ့ ကျရောက်သော
တန်ဆောင်မုန်းလပြည့်နေ့ အခါတော်နေ့မှာ
ဆရာသမား ဘိုးဘွားမိဘများနှင့် မိတ်ဆွေသူငယ်ချင်းများအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းတွေရရှိပြီးစီးပွားဥစ္စာများလည်းအစဥ်ထာဝရကြီးပွားတိုးတတ်ကြပါစေကြောင်း
N&K Constructionမှဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်
&K Generation Construction Co.,Ltd

( Types of Construction Drawing)Construction Drawing တွေကိုအမျိုးအစားအားဖြင့် (5) မျိုးခွဲခြားနိုင်ပါသည်။1. Architectura...
25/11/2023

( Types of Construction Drawing)

Construction Drawing တွေကိုအမျိုးအစားအားဖြင့် (5) မျိုးခွဲခြားနိုင်ပါသည်။
1. Architectural Drawing
Architectural Drawing တွေမှာတော့
- Site Plan (မြေပြင်ပေါ်မှာစလုပ်ဖို့ အတွက်ကနဦး Drawing ပဲ Location , Site’s topography တွေပါ၀င်ပါတယ်။)
- Working Plan ( အဆောက်အဦးတွေရဲ့ ရေပြင်ညီအတိုင်းအတာတွေ ၊ နံရံအထူတွေ၊ column တွေရဲ့ တည်နေရာတွေ ၊ တံခါးပေါက် ပြတင်းပေါက်တွေ ကိုပြသပါတယ်။)
- Section Drawing ( ဆောက်လုပ်ရာမှာ အသုံးပြုမဲ့ ပစ္စည်းတွေ ၊ အဆောက်အဦးကို ဒေါင်လိုက်အတိုင်း အပိုင်းပြပြီး Detail ပြသထားတာပါ။)
- Elevation Drawing ( အဆောက်အဦးဆောက်လုပ်ပြီး မြင်ရမဲ့ နောက်ဆုံးအနေအထား ၊ အမြင့်တွေ ၊ ပြတင်းပေါက်တည်နေရာတွေ ကို ပြတဲ့ Drawing အမျိုးအစားပါ။)

2. Structural Drawing

Structural Drawing တွေမှာတော့
- General Note ( အဆောက်အဦး ဆောက်လုပ်ဖို့ စံနှုန်းသတ်မှတ်ချက်တွေ ၊ လိုက်နာရမဲ့ စည်းကမ်းတွေပါရှိပါတယ်။ concrete mix, lapping length, curing time, abbreviation, codes စတာတွေပါရှိပါတယ်။)
- Excavation Drawing (the footing excavation dimension, column position, footing plan and grid lines of column စတာတွေကိုဖော်ပြထားပါတယ်။)
- Column Layout ( Column တိုင်တွေရဲ့ အနေအထားတွေ ၊ တည်နေရာတွေ ၊ သံချောင်းဆင်မှုတွေ အတိအကျပါရှိပါတယ်။)
- Plinth Beam Layout (Plinth Beam တွေရဲ့ အနေအထားတွေ ၊ တည်နေရာတွေ ၊ သံချောင်းဆင်မှုတွေ အတိအကျပါရှိပါတယ်။)
- Lintel Beam Layout (Lintel Beam တွေရဲ့ အနေအထားတွေ ၊ တည်နေရာတွေ ၊ သံချောင်းဆင်မှုတွေ အတိအကျပါရှိပါတယ်။)
- Roof Beam and Shuttering Layout (Roof Beam နဲ့ Shuttering တွေရဲ့ အနေအထားတွေ ၊ တည်နေရာတွေ ၊ သံချောင်းဆင်မှုတွေ အတိအကျပါရှိပါတယ်။)
- Roof Slab Layout (Roof Slab တွေရဲ့ အနေအထားတွေ ၊အပေါက်ဖောက်ရမဲ့ တည်နေရာတွေ ၊ လှေကားနဲ့ Skylight တွေထည့်ရမဲ့ နေရာတွေ၊ သံချောင်းဆင်မှုတွေ အတိအကျပါရှိပါတယ်။)

3. Electrical Drawing
electrical fixtures, location of switches, fan, light , load calculation, tapping for electricity, wiring path , interventions such as AC and UPS စတဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ အချက်အလက်တွေပါရှိပါတယ်။

4. Plumbing Drawing

ရေပေးတဲ့ ပိုက်လိုင်းတွေ ၊ အညစ်အကြေးပိုက်လိုင်းတွေ ၊ ပိုက် ဆင်ပုံတွေ၊ ပိုက်ဆက်တွေ တည်နေရာပြထားပါတယ်။

5. Finishing Drawing
flooring pattern (ကြမ်းခင်းပုံစံ) , painting color ( ဆေးသုတ်ရမဲ့ အရောင်) , false ceiling shape ( မျက်နှာကြက်ပုံစံ), plastering texture ( အချောသပ်တဲ့ပုံစံ) စတာတွေကို အသေးစိတ်ဖော်ပြထားတာပါ။ တခါတလေ Elevation drawing မှာလဲ ဖော်ပြထားတတ်ပါတယ်။

လူကြီးမင်းတို့ရဲ့ အဆောက်အဦးတည်ဆောက်ရေးဆိုင်ရာ သိချင်သည်များ ၊ အသုံးပြု Materials ပစ္စည်းများ ၊ ခန့်မှန်းကုန်ကျစရိတ်များကို ကျွမ်းကျင်အင်ဂျင်နီယာများမှ နွေးထွေးပြူငှာစွာ အသေးစိတ် ရှင်းပြနေတာမို့ အခုပဲ ဆက်သွယ်လိုက်ပါ‌နော်

အဆောက်ဦးကုန်ကျစရိတ် ၊ဒီဇိုင်းပုံစံ အနေထားတို့ကိုလည်း ကျွမ်းကျင်အင်ဂျင်နီယာများဖြင့် အခမဲ့ ဆွေးနွေးအကြံ့ပြုဖို့
N&K Construction မှနွေးထွေးစွာ‌ကြိုဆိုပါတယ်

N&K Generation Construction
📠 ph-09447596767
📠 ph-09952131377

ဘယ်အချိန်လောက် အိမ်ဆောက်ဖို့ မှန်းထားကြလဲ။မြန်မာ့ရိုးရာ အယူအဆအရ တစ်နှစ်မှာ (၁၂) လ ရှိတဲ့ အထဲမှာမှ ဒီ (၆) လကို ရွေးပြီး အ...
24/11/2023

ဘယ်အချိန်လောက် အိမ်ဆောက်ဖို့ မှန်းထားကြလဲ။

မြန်မာ့ရိုးရာ အယူအဆအရ တစ်နှစ်မှာ (၁၂) လ ရှိတဲ့ အထဲမှာမှ ဒီ (၆) လကို ရွေးပြီး အိမ်ဆောက်ရင်တော့ အကျိုးထူးတွေ ခံစားရမှာပါတဲ့ဗျ.

“တန်ခူးလမှာ အိမ်ဆောက်ခါ ချမ်းသာပြည့်ကြွယ်ဝ။
ကဆုန်လကား ဆန်စပါး ပေါများကြွယ်တတ်လှ။
ဝါခေါင်လမှာ အိမ်ဆောက်ခါ ဥစ္စာတိုးပွားရ။
နတ်တော်လတွင် အိမ်ဆောက်လျှင် ပေါ်ထင်ကျော်ဇောစွ။
ပြာသိုလမှာ လူတကာ များစွာချီးမွမ်းရ။
တပေါင်းလဝယ် ချမ်းသာကြွယ် ဆောင်ဖွယ်ဤခြောက်လ” တဲ့။

လင်္ကာလေးက ရွတ်ရလည်းလွယ်၊ နားလည်ရလည်း လွယ်တာမို့ ပြန်ပြီး ကောက်နုတ် ဖော်ပြ ပေးလိုက်ပါတယ်နော်။

မကြာခင် “မိုးလွတ်၊ လေလွတ်” တဲ့ နတ်တော်လလည်း ရောက်တော့မှာဆိုတော့ “ကျော်ဇောမှုအပေါင်း၊ သရဖူဆောင်း” ချင်ရင်တော့ အိမ်ဆောက်လို့ ရပါပြီ။

အိမ်အကောင်း ဆောက်ချင်သည် ဖြစ်စေ၊ အိမ်အဟောင်းကို ပြုပြင်ချင်သည် ဖြစ်စေ၊ အိမ်ဆောက်ဖို့ တိုင်ပင် ဆွေး‌နွေးချင်ရင်ဖြစ်စေ၊ အိမ်တွင်း အလှတန်ဆာဆင်ချင်ရင်ပဲဖြစ်စေ
N&K Construction မှာ
ဆွေး‌နွေးတိုင်ပင်နိုင်ပါတယ်။

သင့်ခိုလှုံရာ၊ သင့်ယုံကြည်ရာ...
အစဉ်အမြဲ N&K Construction ပါ 🏡 ။

N&K Generation Construction

📠 09447596767
📠 09952131377

Address_ YoteSoneKyone Street, Phayagyi
Quarter, Monywa

👷🏻‍♂️လူကြီးမင်းတို့ရဲ့ စိတ်ကူးယဉ်အိမ်လေးကို လက်တွေ့အကောင်အထည်ဖော်ပေးပါရစေခင်ဗျာ 💥 ကျွန်တော်တို့ Design Team မှာ ရရှိနိုင...
23/11/2023

👷🏻‍♂️လူကြီးမင်းတို့ရဲ့ စိတ်ကူးယဉ်အိမ်လေးကို လက်တွေ့အကောင်အထည်ဖော်ပေးပါရစေခင်ဗျာ

💥 ကျွန်တော်တို့ Design Team မှာ ရရှိနိုင်သော ဝန်ဆောင်မှုများ 💥

🏡 စိတ်ကူးထဲကအိမ်ပုံလေးကို လှလှလေးပုံဖော်ရေးဆွဲပေးမည့်- Architecture Design

🏡 အဆောက်အဦးခိုင်ခံ့စွာတည်ဆောက်ဖို့လိုအပ်တဲ့ - Structure Design

🏡 ဆိုင်ခန်း၊ ရုံးခန်းနှင့် အိမ်အတွင်းခန်းအလှဆင်ဖို့လိုအပ်တဲ့ - Interior Design

🏡ခြံဝင်းအလှဆင် နှင့် ဥယျာဉ်များပုံဖော်ရန်- Landscape Design

အဆောက်အဦးနဲ့ ပက်သတ်တဲ့ ဒီဇိုင်းများကို နောက်ဆုံးပေါ် software များနှင့် ခိုင်ခံ့လှပစွာ
Rendering & Visualization နည်းပညာများဖြင့် အိမ်ရှင်များ စိတ်တိုင်းကျ ပုံဖော်ရေးဆွဲပေးပါသည်ခင်ဗျာ ✅

🌲အခုမဆောက်သေးပဲ အဆောက်ဦးတစ်ခုလုံးအတွက်လေ့လာစုံစမ်းချင်တယ်ဆိုရင်လဲ
ဆက်သွယ်မေးမြန်းနိုင်ပါတယ်

လူကြီးမင်းတို့ရဲ့ အဆောက်အဦးတည်ဆောက်ရေးဆိုင်ရာ သိချင်သည်များ ၊ အသုံးပြု Materials ပစ္စည်းများ ၊ ခန့်မှန်းကုန်ကျစရိတ်များကို ကျွမ်းကျင်အင်ဂျင်နီယာများမှ နွေးထွေးပြူငှာစွာ အသေးစိတ် ရှင်းပြနေတာမို့ အခုပဲ ဆက်သွယ်လိုက်ပါ‌နော် 👷👷👷

အဆောက်ဦးကုန်ကျစရိတ် ၊ဒီဇိုင်းပုံစံ အနေထားတို့ကိုလည်း ကျွမ်းကျင်အင်ဂျင်နီယာများဖြင့် အခမဲ့ ဆွေးနွေးအကြံ့ပြုဖို့
N&K Generation Construction Co.,Ltd မှ
နွေးထွေးစွာ‌ကြိုဆိုပါတယ်ခင်ဗျာ

N&K Generation Construction Co.,Ltd
📠 ph-09447596767
📠 ph-09952131377

Address

YoteSoneKyone Street, Phayagyi Ouarter
Monywa

Website

Alerts

Be the first to know and let us send you an email when N&K Generation Construction Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share