Tun Khant Lin TKL Design & Construction

Tun Khant Lin  TKL Design & Construction Construction Company

ပိုက်ဆံအများကြီးရှိမှ အိမ်ဆောက်ဖြစ်မှာလား🤔ရှိထားပြီးသား ဘတ်ဂျက်နဲ့ အိမ်တစ်လုံးဖြစ်အောင် ဆောက်မယ်ကွာ လို့ ခိုင်ခိုင်မာမာ ...
07/09/2024

ပိုက်ဆံအများကြီးရှိမှ အိမ်ဆောက်ဖြစ်မှာလား🤔

ရှိထားပြီးသား ဘတ်ဂျက်နဲ့ အိမ်တစ်လုံးဖြစ်အောင် ဆောက်မယ်ကွာ လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီဆိုရင်
TKL FAMILY မှာအသေးစိတ် လာရောက် တိုင်ပင် ညှိနှိုင်း လို့ရပါတယ် TKL ဆောက်လုပ်ရေးမှ
𝐏𝐫𝐨𝐣𝐞𝐜𝐭 မစခင် 𝐃𝐞𝐬𝐢𝐠𝐧 အဆင့်မှာတင်

👷ကုန်ကျစရိတ် ကြိုတင်တွက်ချက်နိုင်တဲ့အပြင်
လုပ်ငန်း စဉ် အဆင့်ဆင့်ကိုပါ အသေးစိတ်တင်ပြပေးပါတယ်။

👷အဆောက်အဦ အကြမ်းထည်အဆင့်
အချောထည်အဆင့် တွေမှာ
အသုံးပြုရမယ့် ပစ္စည်းအမျိုးအစား နှင့်
ဈေးနှုန်းအမျိုးအစား ကို ရွေးချယ်နိုင်ရန်
နှိုင်းယှဉ်ပြသပေးထားပါတယ်။

👷ဖော်ပြထားတဲ့ ပစ္စည်းအမျိုးအစားကို ပုံနှင့်တကွ
တိတိကျကျ မြင်တွေ့ရမည့်အပြင် အမှန်တကယ်
မျက်မြင်သုံးစွဲ တာဖြစ်တဲ့အတွက်

ကုန်ကျစရိတ်အလွန်အမင်းကွာဟမှုကိူ လျှော့ချလို့ရပါတယ်။👌

ဒါကြောင့်
မိမိမှာရှိတဲ့ ငွေပမာဏ၊မြေအကျယ်အဝန်းနဲ့
လိုချင်တဲ့ အိမ်တစ်လုံး ရအောင်
ဆောက်မယ်လို့ ဆုံးဖြတ်ထားရင် Tun Khant Lin FAMILY Design & Construction က အကောင်းဆုံးဖြစ်အောင်
စီစဉ်ပေးမှာပါ။🤝

အသေးစိတ်ကို အခုပဲ တိုင်ပင်ကြည့်လိုက်ပါ။🤙
TUN KHANT LIN FAMILY
TKL FAMILY Design & Construction
09.954246692
09.400412713
09.421980595

ကျွန်တော်တို့ အင်ဂျင်နီယာတွေ မကြာခဏ အပြောခံနေရတာ ရှိပါတယ်။ သံချောင်းတွေ တအားများတာပဲ၊ မလိုအပ်ပဲ သံချောင်းတွေ ထည့်တယ်တဲ့။...
12/06/2024

ကျွန်တော်တို့ အင်ဂျင်နီယာတွေ မကြာခဏ အပြောခံနေရတာ ရှိပါတယ်။ သံချောင်းတွေ တအားများတာပဲ၊ မလိုအပ်ပဲ သံချောင်းတွေ ထည့်တယ်တဲ့။

အဲဒါကို ပြောပြချင်လာတယ်။

၂၀၀၅ လောက်က အိမ်ယာစီမံကိန်း တခု အနားက ဖြတ်သွား ဖြတ်လာမှာ ဘာရယ်မဟုတ် လှမ်းလှမ်း ကြည့်မိတယ်။

တိုင်တွေနှင့် ထုတ်တွေ အားလုံး ကွန်ကရစ်လောင်းဖို့ ဆင်ထားတဲ့ သံချောင်းတွေက ၅မူး ၄လုံးပဲ။

Stirrup နှင့် Tie ကွင်းတွေက ၉လက်မ ခြားလောက် ဖြစ်မယ်။ ပြီးသွားတဲ့အခါ တွေ့တာကတော့ နှစ်ထပ် လူနေအိမ်တွေ။

နှစ်ထပ် လူနေအိမ်တွေဆိုလို့ သေးသေး ကွေးကွေးလေးတွေ မဟုတ်ဘူး။ ခန့်ခန့်ညားညား ဆိုတဲ့ထဲမှာ ပါတယ်။ အခုထိတော့ ဘာမှဖြစ်တာ မတွေ့ရသေးဘူး။

အဲဒီလို အိမ်မျိုးတွေကို ကြည့်ပြီး ကျွန်တော်တို့ ထည့်တဲ့ သံချောင်းတွေကို များတယ်လို့ ပြောတော့မှာပေါ့။

အဆောက်အအုံ တလုံးမှာ Gravity Load နှင့် Lateral Load ဆိုတာ ရှိပါတယ်။ Gravity Load ဆိုတာမှာ Dead Load နှင့် Live Load ရှိပါမယ်။

Dead Load ဆိုတာက အဆောက်အအုံမှာ တခါထဲ အသေတပ်ဆင် တည်ဆောက်ထားတဲ့ အရာတွေ အားလုံးကို Dead Load လို့ခေါ်ပါတယ်။

ဥပမာအားဖြင့် တိုင်၊ ထုတ်၊ ကြမ်းခင်း၊ ကြွေပြား၊ ကျောက်ပြား၊ နံရံ၊ လှေခါး၊ မျက်နှာကျက်၊ ခေါင်မိုး၊ ၀ရန်တာ စသဖြင့်ပေါ့။

Live Load ဆိုတာက အဆောက်အအုံမှာ နေထိုင်တဲ့ လူတွေ၊ နေရာချထားတဲ့ ပရိဘောဂ၊ လူသုံးကုန် ပစ္စည်းတွေရဲ ့ အလေးချိန်တွေ ဖြစ်ပါတယ်။

အသေမဟုတ်ပဲ ရွေ့ရှားနေလို့ Temporary Load သို့မဟုတ် Moving Load လို့လည်း ခေါ်တယ်။

ဒေါင်လိုက်ခံစားရလို့ Vertical Load လို့လည်း ခေါ်ပါတယ်။

Lateral load ဆိုတာက Wind and Earthquake လေပြင်းတိုက်တာ ငလျင်လှုပ်ရာမှာ အဆောက်အအုံက ဘေးတိုက်ခံစားရတဲ့ အားတွေပါ။

အဆောက်အအုံ တခုလုံးရဲ ့ အလေးချိန်ကို ဘေးတိုက် အရှိန်တခုနှင့် လှုပ်ခါတဲ့အခါ ခံစားရတဲ့ အားမို့ Gravity Load တွေထက် များပါတယ်။ ဘေးတိုက်ခံစားရလို့ Lateral Load ကို Horizontal load လို့လဲ ခေါ်ပါတယ်။

၅မူး ၄လုံးနှင့် နှစ်ထပ် လူနေအိမ် အဆောက်အအုံဟာ ပုံမှန်အချိန်မှာ ဘာမှ မဖြစ်ပဲ ရပ်တည်နေနိုင်တာ ဆိုတာက Gravity Load ကို ခံနိုင်ရည် ရှိတယ်ဆိုတဲ့ သဘောပါပဲ။

Earthquake ငလျင်လှုပ်တဲ့ အချိန်မှာ ခံနိုင်ရည် ရှိမယ် မရှိဘူး ဆိုတာက အဆောက်အအုံ ဒီဇိုင်းတွက်ချက်ရာမှာ Lateral Load ကို ထည့်သွင်း တွက်ချက်ထား မထား အပေါ်မှာ မူတည်ပါမယ်။

အထူးသဖြင့် Earthquake Zone IV ထဲမှာ ကျနေတဲ့ မန္တလေးလို နေရာမှာ Lateral Load တွေကို သေသေချာချာ ထည့်သွင်းစဉ်းစား မတွက်ချက်ထားရင် ငလျင်လှုပ်ခဲ့ပါက အတိုင်းအတာ တစ်ခုအထိ ပျက်စီး ဆုံးရှုံးမှုတွေနှင့် ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

Lateral Load ကို ထည့်သွင်းစဉ်းစား တွက်ချက်ထားတယ် ဆိုရာမှာတောင် ရန်ကုန်နှင့် မန္တလေး သံချောင်း အရေအတွက် တူမှာ မဟုတ်ပါ။

Zone IIB မှာ ပါတဲ့ ရန်ကုန်ထက် Zone IV မှာပါတဲ့ မန္တလေးက အဆောက်အအုံတွေက သံချောင်း သိသိသာသာ များပါမယ်။

ကျွန်တော်တို့ ထည့်တဲ့ သံချောင်းတွေက Zone IV Earthquake Lateral Load လာခဲ့သည်ရှိသော် အဆောက်အအုံက ခံနိုင်ရည်ရှိရှိ တောင့်ခံနိုင်မယ့် သံချောင်း အရေအတွက်တွေ ဆိုတာကို ပြောပြတာပါ။

**

ထုတ်နှင့် တိုင်အတွက် သံချောင်းများ ဆင်ရာမှာ Joint တွင် Column Ties များ မပါသည်ကို တွေ့တွေ့ နေရပါတယ်။

တိုင်မှာ ထုတ် သံချောင်းတွေ တပ်ဆင်ပြီး အဲဒီအတိုင်းပဲ သစ်သားပုံစံထဲ ချလိုက်ကြတာ များပါတယ်။

ငလျင်လှုပ်တဲ့အခါမှာ သံကူကွန်ကရစ် အဆောက်အအုံရဲ့ Joint တွေက ငလျင်ဒါဏ်ကို အဓိက ခံစားကြရတာ ဖြစ်ပါတယ်။

ထုတ်နှင့် တိုင် ဆက်နေတဲ့ Joint နေရာမှာ Ties တွေ ထည့်ရာမှာ ပထမဦးဆုံး ထုတ်ရဲ ့ Bottom Bars တွေကို ဆင်ပြီး Ties တွေကို ထည့်ရပါမယ်တဲ့။

ပြီးမှ Top Bars တွေကို ဆင်ရပါမယ်။ ထုတ် သံချောင်းတွေကို တပ်ဆင်၊ သစ်သားပုံစံထဲ ချပြီးမှ Joint ထဲက Ties တွေကို နေရာချ တပ်ဆင်ရမယ်လို့ ဆိုပါတယ်။

Credit
sharing

 #အင်ယာမပါဘဲအိမ်ဆောက်နည်းအင်ယာ မပါပဲ အိမ်ဆောက်မယ်ဆိုရင် RC Beam Size တွေ ဘယ်လိုထားမလဲ မေးတဲ့သူတွက်ကော ဗဟုသုတ အဖြစ်ကော ပြ...
09/06/2024

#အင်ယာမပါဘဲအိမ်ဆောက်နည်း

အင်ယာ မပါပဲ အိမ်ဆောက်မယ်ဆိုရင် RC Beam Size တွေ ဘယ်လိုထားမလဲ မေးတဲ့သူတွက်ကော ဗဟုသုတ အဖြစ်ကော ပြောပြပေးပါ့မယ်။
#ပထမနည်း သူက Beam span 1' ရှည်တိုင်း 1 လက်မ တိုးသော နည်းဖြစ်ပါတယ်။ ဥပမာ Beam span က 10' ရှိမယ် ဆိုကြပါစို့ ၊ Beam depth သည် 10လက်မ ရှိရပါ့မယ်တဲ့။ Beam အရှည် 12ပေ ဆိုရင် 12 လက်မထု ၊ 15' ဆို 15 လက်မထု 18' ဆို 18" ထုပေါ့။ 9×12, 9×15, 9×18 ဒါမျိုးပေါ့။
နောက်တစ်နည်းကလဲ မှတ်ရတာ လွယ်ပါတယ် ။ သူက Beam span ရဲ့ 8% (or) 10% ကို Beamရဲ့ depth ထားရမယ်တဲ့ ။ Beam span 10ပေ ရှိတယ် ဆိုကြပါစို့ ။ 10' ဆိုတော့ လက်မ 120 ရှိပါတယ်။ 120ရဲ့ 8% ဟာ 9.6 ရှိတဲ့တွက် Beam depth ဟာ 9.6 လက်မ ထားရမယ်လို့ ဆိုလိုတာပါ ။ ဒါက Normal အနေအထားပါ ။ ငလျှင်တွက် ဘာတို့ ညာတို့တွက် ပိုလိုချင်ရင် 10% ယူပါ ။ 10' ရဲ့ 10% ဟာ 1' ဖြစ်တဲ့တွက် Beam ဟာ 1ပေ ထု ဖြစ်ရပါ့မယ် ။
နောက်ဆုံးနည်းကတော့ Structure eng တွေ မပေါ်ခင်က နည်းပါ ။ ဒါကိုတော့ ပယ်ပါ ။ ဗဟုသုတ ဖြစ် ထည့်ပြောပေးပါ့မယ် ။ သူက Beam span ကို 15 နဲ့ စားသောနည်းပါ ။ Beam အရှည် 15ပေ ရှိတယ် ဆိုကြပါစို့ 15နဲ့ စားသော် 1 ပေ ရပါတယ် ၊ ဒါက Beam ထုပါတဲ့ ။ ဒါကတော့ ပုဂံ A.C.I ပေါ့ 😁။
မေးတဲ့သူတွက်ကော ၊ ရမ်းတုတ်တွေကော မဖြစ်သင့်တာ မဖြစ်အောင်လို့ ဆရာတွေ သင်ကြားသမျှကို ပြန်လည် sharing လုပ်ခြင်းပါ ။
အဓိက တော့ အိမ်တစ်လုံး ဆောက်မယ်ဆို Structure engr တွေကို အပ်တာ နောင်ရေးတွက် စိတ်အချရဆုံးပါပဲ။ ကိုယ်တွေမသိသေးတာတွေ သူတို့က သိနေပါတယ်။

TUN KHANT LIN TKL
Design & Construction
09 .954246692

Address

Monywa

Website

Alerts

Be the first to know and let us send you an email when Tun Khant Lin TKL Design & Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share