06/03/2024
၂ ခါမကုန်စေနဲ့
Stylus လို့ခေါ်တဲ့ ဖုန်းနဲ့သုံးတဲ့
ဘောပင်လို touch pen လေးတွေဟာ
Samsung Note series က စပြီး
လူတွေကို စတင်မိတ်ဆက်ခဲ့ပါတယ်။
ကျွန်တော်လည်း
ဆယ်တန်းအောင်ပြီး Samsung Note 3 နဲ့
Note 5 ကို သုံးခဲ့တာကြောင့်
stylus နဲ့ ရင်းနှီးတဲ့အထဲပါခဲ့တယ်။
(အဲ့တုန်းကဆို company အားလုံး နည်းပညာအသစ်အဆန်းများစွာနဲ့ပေါ့ဗျာ)
နောက်ပိုင်းကျ iPad pro မှာ Apple pencil စတင်မိတ်ဆက်တဲ့ နှစ်ကစပြီး
tablet တွေမှာ သုံးတဲ့ pencil, pen တွေဟာ
တခေတ်တခါ ပြန်လည်ဆန်းသစ်ခဲ့ပါတယ်။
အရင်က pen ဆိုတာ အားသွင်းစရာမလိုပါဘူး၊ ဖုန်းက ဖြုတ်ပြီး သုံးရုံပဲပေါ့၊
အခု Apple pencil ကျတော့
အားလည်းသွင်းရမယ်
တစ်သိန်းခွဲလောက်လည်း ပေးဝယ်ရဦးမယ်ဆိုပြီး " ဟာ ဟင်" ဖြစ်ခဲ့ဖူးတယ်။
တကယ်ကတော့ ကျွန်တော်တို့ သိတဲ့ touch pen တွေနဲ့ အခု ရောင်းနေတဲ့
Apple pencil တို့ Xiaomi smart pen တို့က
လုပ်ဆောင်မှုပုံစံတွေကွာပါတယ်။
(Apple pencil ကိုပဲ ဥပမာပေးပြောပါမယ်)
Touch screen တွေဟာ capacitative screen တွေဖြစ်တဲ့အလျှောက်
touch pen နဲ့ ရေးရင်
လက်နဲ့ထိလိုက်တဲ့နေရာတိုင်း touch အနေနဲ့ အလုပ်လုပ်လို့
လက်တွေ့မှာ လက်တင်ပြီး စာရေးလို့မရပါဘူး။
လက်တင်ပြီးရေးချင်ရင်
လက်အိတ်ဝတ်ပြီးပဲရေးလို့ရပါတယ်။
Apple pencil တွေကိုတော့ iPad ပေါ်မှာ လက်တင်ရေးလို့ရပါတယ်။
(လက်တင်ရေးတယ်ဆိုတာ
screen ပေါ်မှာ လက်ထောက်ပြီး ရေးတာမျိုးပါ)
Apple pencil တွေမှာတော့
လက်တင်ရေးလို့ရပြီး
ဒါကို palm rejection ရတယ်လို့ခေါ်ပါတယ်။
အခုလည်း ဈေးကွက်မှာ
Apple pencil ပုံစံတူ
pencil တွေ အများကြီးရောင်းပါတယ်။
တော်တော်များများက အားသွင်းရပြီး
palm rejection မပါပါဘူး။
ကိုယ်က လက်တင်ရေးဖို့ မဟုတ်ဘူး
လက်ထောက်ပြီးပဲ ရေးမယ်ဆိုပြီး ဝယ်တာဆိုရင်တော့ တမျိုးပေါ့နော်။
ဒါကြောင့် ကိုယ်က ipad အတွက်
စာမှတ်ဖို့ စာလိုက်ရေးဖို့ pencil လိုချင်တယ်
Apple pencil လိုလည်း များများမသုံးချင်ဘူးဆိုရင် palm rejection ရတဲ့ pencil ပဲ ရွေးဝယ် ရှာဝယ်ပါ။
ဒါမှ မဟုတ်ရင်တော့ ဝယ်ပြီး အဆင်မပြေလို့ ရောင်းလိုက် အချိန်ကုန်လိုက်နဲ့
အခက်အခဲဖြစ်နေမှာပါ။