STMC Construction Co.,Ltd

STMC Construction Co.,Ltd “ Building Better Tomorrows “

နှစ်ဟောင်းတစ်နှစ်တာကုန်ဆုံး၍  နှစ်သစ်အချိန်အခါကိုရောက်ရှိလာပြီဖြစ်တဲ့  မြန်မာတို့ရဲ့ နေ့ထူးနေ့မြတ်နှစ်ဆန်းတစ်ရက်နေ့ အချိ...
17/04/2024

နှစ်ဟောင်းတစ်နှစ်တာကုန်ဆုံး၍ နှစ်သစ်အချိန်အခါကိုရောက်ရှိလာပြီဖြစ်တဲ့ မြန်မာတို့ရဲ့ နေ့ထူးနေ့မြတ်နှစ်ဆန်းတစ်ရက်နေ့ အချိန်အခါမှာ

STMC ရဲ့ မိတ်ဟောင်းမိတ်သစ် Customers များအားလုံး ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာချမ်းသာ၍
လိုအပ်ဆန္ဒတွေ ပြည့်စုံကြွယ်ဝကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါသည်။


သင်္ကြန်ရုံးပိတ်ရက်ကြေညာခြင်း  📅ကျွန်တော်တို့ STMC Construction Co.,Ltd မှ နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် ဧပြီလ (၁၃) ရက်နေ့မ...
11/04/2024

သင်္ကြန်ရုံးပိတ်ရက်ကြေညာခြင်း 📅

ကျွန်တော်တို့ STMC Construction Co.,Ltd မှ နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် ဧပြီလ (၁၃) ရက်နေ့မှ (၂၁) ရက်နေ့ထိ (၉) ရက်တိတိ ပိတ်မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။


(20 x 50) မှာ အိမ်လှလှလေးရနိုင်လား?ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ အများဆုံးတွေ့ရတဲ့ ဂရန်မြေအချိုးအစားဟာ 2...
05/04/2024

(20 x 50) မှာ အိမ်လှလှလေးရနိုင်လား?

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ အများဆုံးတွေ့ရတဲ့ ဂရန်မြေအချိုးအစားဟာ 20' x 50' ဖြစ်ပါတယ်။

ဒါကြောင့် စည်ပင်သတ်မှတ်ချက်တွေအရဆိုရင် ဘေးနှစ်ဖက်မှာ တစ်ပေစီ ချန်ပြီး အနောက်ဘက်မှာ အနည်းဆုံး ၅ပေ ချန်လှပ်ရမှာဖြစ်လို့ ဆောက်လုပ်နိုင်တဲ့ အဆောက်အဦး အချိုးအစားဟာ 18’ x 40’ ရှိပါတယ်။

ဒီတော့ 20’ x 50’ မြေကွက်ပေါ်မှာ ဘယ်လိုအိမ်ဒီဇိုင်းလေးတွေဖန်တီးနိုင်မလဲဆိုတာကို STMC က ဖော်ပြပေးလိုက်ပါတယ်။

𝐒𝐨𝐮𝐭𝐡𝐞𝐫𝐧 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
"𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐁𝐞𝐭𝐭𝐞𝐫 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰𝐬."

Room (J -7), Market Garden, Myeik, Tanintharyi Region, Myanmar

Tel: 095640277, 09423010711, 09775577793, 09690974287

Email: [email protected]


အဆောက်အဦးနှစ်ခုဟာ ဘေးချင်းကပ်တည်ရှိနေပြီး တူညီတဲ့ မြေကွက်အချိုးအစားပေါ်မှာ တည်ဆောက်ထားရင်တောင်မှ အိမ်ခြံမြေစျေးကွက်ထဲမှာ...
16/03/2024

အဆောက်အဦးနှစ်ခုဟာ ဘေးချင်းကပ်တည်ရှိနေပြီး တူညီတဲ့ မြေကွက်အချိုးအစားပေါ်မှာ တည်ဆောက်ထားရင်တောင်မှ အိမ်ခြံမြေစျေးကွက်ထဲမှာ ရနိုင်တဲ့ပေါက်စျေးချင်းမတူညီနိုင်ပါဘူး။

ဒါဟာ အဆောက်အဦးရဲ့ ကြံ့ခိုင်မှု၊ အိမ်တွင်းအလှဆင်ဒီဇိုင်းနဲ့အတူ အခန်းဖွဲ့စည်းပုံတွေအပေါ် အများကြီး မူတည်နေပါတယ်။

ဉပမာ မပြင်ဆင်ထားတဲ့ ဟောတိုက်အခန်း နဲ့ Interior Decoration စနစ်တကျ ပြင်ဆင်ထားတဲ့ တိုက်ခန်းနှစ်ခုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မတူညီတဲ့ခံစားချက်ကို ရသလိုဈေးနှုန်းကွာဟမှုလည်း ရှိနေမှာပါ ။

အဆောက်အဦးတစ်ခုကို တည်ဆောက်တော့မယ်ဆိုရင် တည်ဆောက်ရေး ကုန်ကျစရိတ်ထက် စျေးကွက်တန်ဖိုးကို မြင့်တက်သွားစေမယ့် အပြင်အဆင်မျိုး ရွေးချယ်တည်ဆောက်ခြင်းက ရေရှည်အကျိုးများစေမယ့် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် အဆောက်အဦး ဆောက်တော့မယ်ဆိုရင် အရည်အသွေးမြင့် ကုန်ကြမ်းတွေကို အသုံးပြုပေးပြီး ဒီဇိုင်းလည်းလှတဲ့ STMC နဲ့သာ ဆောက်ပါ။

𝐒𝐨𝐮𝐭𝐡𝐞𝐫𝐧 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
"𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐁𝐞𝐭𝐭𝐞𝐫 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰𝐬."

Room (J -7), Market Garden, Myeik, Tanintharyi Region, Myanmar

Tel: 095640277, 09423010711, 09775577793, 09690974287

Email: [email protected]


မိသားစုဝင်တစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီစေဖို့ခေတ်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ မျိုးဆက်သစ် လူငယ်တွေနဲ့ လူကြီးတွ...
12/03/2024

မိသားစုဝင်တစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီစေဖို့

ခေတ်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ မျိုးဆက်သစ် လူငယ်တွေနဲ့ လူကြီးတွေကြား လူနေမှုစနစ် ကွာဟချက်က တစ်နေ့တစ်ခြား ပိုပိုပြီး ကြီးမားလာနေပါတယ်။

TV က လာမယ့် ကိုရီးယားကားကို မိသားစုအတူတူ စောင့်ကြည့်ကြတဲ့ ခေတ်ကနေ ကိုယ်ပိုင်ဖုန်းတစ်လုံးစီနဲ့ စိတ်ကြိုက် ဖျော်ဖြေရေးကဏ္ဍမျိုးစုံကို စိတ်ကြိုက်ရှာဖွေကြည့်ရှုလာကြတယ်။

အိမ်ဒီဇိုင်းတစ်ခုကို ဖန်တီးတဲ့အခါ တစ်မိုးအောက်မှာ အတူနေကြတဲ့ မိသားစုဝင်တွေရဲ့ မတူညီတဲ့ လူနေမှုပုံစံတွေက တခြားမိသားစုဝင်တစ်ယောက်ကို သွားအနှောင့်အယှက် မဖြစ်ရလေအောင် သေချာစဉ်းစားပေးဖို့ လိုအပ်ပါတယ်။

မိသားစုတစ်ခုလုံးအတွက် သက်သောင့်သက်သာရှိစေဖို့ တစ်ဦးချင်းစီအတွက် Personal Space ကိုယ်စီကို လိုအပ်ချက်အားလုံးနဲ့ ကိုက်ညီအောင် ဖန်တီးထားလိုက်ရင် မိသားစုဝင်တိုင်းအတွက် Home Sweet Home ပဲပေါ့။

ဒီလို လိုအပ်ချက်တွေကအစ အသေးစိတ်ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ STMC ကိုသာလာခဲ့ပါ...

အိမ်နဲ့ ပတ်သက်လာရင် စိတ်ချမ်းသာရစေဖို့ အာမခံပေးနိုင်တာ STMC ပါ။

𝐒𝐨𝐮𝐭𝐡𝐞𝐫𝐧 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
"𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐁𝐞𝐭𝐭𝐞𝐫 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰𝐬."

Room (J -7), Market Garden, Myeik, Tanintharyi Region, Myanmar

Tel: 095640277, 09423010711, 09775577793, 09690974287

Email: [email protected]


ဆောက်လုပ်ရေးလုပ်ငန်းတွေ အများကြီးရှိတဲ့အထဲကမှ STMC ကို ဘာကြောင့်ရွေးချယ်သင့်တာပါလဲ? Quality Control ဟာ STMC ရဲ့ Core Val...
02/03/2024

ဆောက်လုပ်ရေးလုပ်ငန်းတွေ အများကြီးရှိတဲ့အထဲကမှ STMC ကို ဘာကြောင့်ရွေးချယ်သင့်တာပါလဲ?

Quality Control ဟာ STMC ရဲ့ Core Value ဖြစ်ပါတယ်။ Project များများရဖို့၊ Construction မြန်မြန်ပြီးဖို့ထက် လက်ရာသေသပ်ပြီး ကြံ့ခိုင်မှုရှိစေရေးဟာ STMC ရဲ့ ဦးစားပေးစံနှုန်းတွေ ဖြစ်ပါတယ်။

STMC က တာဝန်ယူတည်ဆောက်ပေးနေတဲ့ လုပ်ငန်းခွင်တိုင်းမှာ အင်ဂျင်နီယာတွေကို စဉ်ဆက်မပြတ် စောင့်ကြည့်ကြီးကြပ်စေပါတယ်။ လုပ်ငန်းစဉ်အဆင့်တိုင်းကိုလည်း အရည်အသွေး ကောင်းမွန်စေဖို့ လုပ်ငန်းစဉ်အဆင့်ဆင့်လိုက် Project Management Team က အထပ်ထပ်စစ်ဆေးဆောင်ရွက်တာ ဖြစ်ပါတယ်။

လူကြီးမင်းတို့တောင်းဆိုထားတဲ့ စိတ်ကူးအိမ်ဂေဟာလေးနဲ့ တစ်ထပ်တည်းတူတဲ့ အိမ်ကလေးရရှိဖို့အတွက်ဆိုရင်တော့ STMC ကိုသာ ယုံကြည်စိတ်ချစွာရွေးချယ်လိုက်ပါ။

𝐒𝐨𝐮𝐭𝐡𝐞𝐫𝐧 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
"𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐁𝐞𝐭𝐭𝐞𝐫 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰𝐬."

Room (J -7), Market Garden, Myeik, Tanintharyi Region, Myanmar

Tel: 095640277, 09423010711, 09775577793, 09690974287

Email: [email protected]


မြေနေရာ လွတ်နေပြီလား?မြေကွက်တစ်ကွက် ဝယ်ထားတယ်။လမ်းပန်းဆက်သွယ်ရေးကောင်းတယ်။လျှပ်စစ်မီးလည်းရတယ်၊ မီတာလည်းရထားပြီ။ဒါဆိုရင် ...
28/02/2024

မြေနေရာ လွတ်နေပြီလား?

မြေကွက်တစ်ကွက် ဝယ်ထားတယ်။

လမ်းပန်းဆက်သွယ်ရေးကောင်းတယ်။

လျှပ်စစ်မီးလည်းရတယ်၊ မီတာလည်းရထားပြီ။

ဒါဆိုရင် ဒီမြေကွက်ကို ဘာလို့ အလွတ်ထားမှာလဲ?

အဲ့အစား ဒီမြေကွက်ပေါ်မှာ အဆောက်အဦးတစ်ခုသာ ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင် ဒါဟာ ရေရှည်မှာ နှစ်သီးစားအကျိုးအမြတ် ဖြစ်ထွန်းမယ့် ရင်းနှီးမြှုပ်နှံမှု ဖြစ်လာမှာပါ။

ဒါကြောင့် သင့်မှာ မြေနေရာလွတ်နေပြီဆိုရင်တော့ ဘယ်လိုအဆောက်အဦးမျိုးတည်ဆောက်သင့်သလဲ၊ ဘယ်လောက်ကုန်ကျမလဲ၊ ရေရှည်အကျိုးဖြစ်ထွန်းအောင် ဘယ်လိုစီမံရမလဲဆိုတာ ဆွေးနွေးချင်တယ်ဆိုရင် STMC ကိုသာ ဆက်သွယ်လိုက်ပါ။

သင့်ရဲ့အကျိုးစီးပွါးအတွက် STMC က အသင့်ရှိနေပါတယ်။

𝐒𝐨𝐮𝐭𝐡𝐞𝐫𝐧 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
"𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐁𝐞𝐭𝐭𝐞𝐫 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰𝐬."

Room (J -7), Market Garden, Myeik, Tanintharyi Region, Myanmar

Tel: 095640277, 09423010711, 09775577793, 09690974287

Email: [email protected]


စိတ်ကူးအိပ်မက်မှတစ်ဆင့် ပုံစံစာရွက်တွေပေါ်ကအတိုင်း တိကျစွာ အကောင်အထည်ပေါ်လာစေဖို့ STMC က သေချာတာဝန်ယူ လုပ်ဆောင်လျက်ပါStr...
20/02/2024

စိတ်ကူးအိပ်မက်မှတစ်ဆင့် ပုံစံစာရွက်တွေပေါ်ကအတိုင်း တိကျစွာ အကောင်အထည်ပေါ်လာစေဖို့ STMC က သေချာတာဝန်ယူ လုပ်ဆောင်လျက်ပါ

Structure Package အချောသတ်ပြီးစီးနေပြီဖြစ်တဲ့ Myeik Holiday Home က ပုံရိပ်တွေကို ဝေမျှလိုက်ပါတယ်ခင်ဗျ

19/02/2024

We are hiring urgently for upcoming projects.
Contact us at [email protected]

STMC Construction ရဲ့ Projects များမှာ လက်တွဲလုပ်ကိုင်ရန်အတွက် Senior Engineer (1)ဦး ခေါ်ယူလျက်ရှိပါသည်

“ Building Better Tomorrows “

ကိုယ့်ရဲ့ စိတ်ကူးထဲက အိမ်ကလေးကို လက်တွေ့မှာ အကောင်အထည်ဖော် တည်ဆောက်ဖို့ဆိုတာ ပျော်ဖို့လည်းကောင်းသလို၊ ရင်ဖိုစရာလည်းကောင်...
18/02/2024

ကိုယ့်ရဲ့ စိတ်ကူးထဲက အိမ်ကလေးကို လက်တွေ့မှာ အကောင်အထည်ဖော် တည်ဆောက်ဖို့ဆိုတာ ပျော်ဖို့လည်းကောင်းသလို၊ ရင်ဖိုစရာလည်းကောင်းပါတယ်။

အဆောက်အဦးတစ်ခုကို စတင်တည်ဆောက်တော့မယ်ဆိုရင် တည်ဆောက်ရေးလုပ်ငန်းစဉ်တွေအပြင် အဆောက်အဦးဟောင်း ဖြိုဖျက်ရှင်းလင်းတာ၊ ဆောက်လုပ်ခွင့်တင်တာ၊ လူနေထိုင်ခွင့်ကျဖို့ ဆောင်ရွက်ရတာ စသဖြင့် ရုံးလုပ်ငန်းစဉ်တွေကလည်း ရှုပ်ထွေးလွန်းပါတယ်။

STMC ကို ရွေးချယ်လိုက်မယ်ဆိုရင်တော့ ဒီဝန်ထုတ်ကြီးကို ကူထမ်းပေးဖို့ STMC ရဲ့ ကျွမ်းကျင်သူတွေက အသင့်ရှိနေပါတယ်။ လူကြီးမင်းတို့ဘက်က စိတ်ကူးအိပ်မက်တစ်ခုကို ယူဆောင်လာပေးရုံနဲ့ STMCက အကောင်အထည်ဖော်ပေးသွားမှာပါ။

-လူကြီးမင်းတို့၏ လိုအပ်ချက်များကို အခမဲ့ ဆွေးနွေးတိုင်ပင်ပေးခြင်း၊
-အဆောက်အဦး Architecture နှင့် Structure ဒီဇိုင်းရေးဆွဲခြင်း၊
-မြေသားကို Soil Test ပြုလုပ်ခြင်း၊
-အဆောက်အဦးဟောင်း ဖြိုဖျက်ပေးခြင်းနှင့် ရှင်းလင်းပေးခြင်း၊
-ဆောက်လုပ်ခွင့်နှင့် လူနေထိုင်ခွင့်ကျသည်အထိ ဆောင်ရွက်ပေးခြင်းတို့ကို အလုံးစုံအပြီးအစီး ဆောင်ရွက်ပေးနေပါပြီ။

STMC မှာ Bank Loan နဲ့လည်း ချိတ်ဆက်ဆောင်ရွက်ပေးနေတာမလို့ အသေးစိတ်ဆွေးနွေးတိုင်ပင်ချင်ရင်တော့ STMCရဲ့ ရုံးခန်းကိုသာ အမြန်ဆုံး ဆက်သွယ်လိုက်ပါ။

𝐒𝐨𝐮𝐭𝐡𝐞𝐫𝐧 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
"𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐁𝐞𝐭𝐭𝐞𝐫 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰𝐬."

Room (J -7), Market Garden, Myeik, Tanintharyi Region, Myanmar
Tel: 095640277, 09423010711, 09775577793, 09690974287
Email: [email protected]


Operation ကိုဘယ်လိုပဲ သေသပ်အောင်လုပ်ဆောင်ပြပါစေ.. Project တစ်ခုမှာ အရေးအကြီးဆုံးဟာရလဒ်ပါပဲ။STMC က Project တစ်ခုကို စတင်ပ...
15/02/2024

Operation ကိုဘယ်လိုပဲ သေသပ်အောင်လုပ်ဆောင်ပြပါစေ..
Project တစ်ခုမှာ အရေးအကြီးဆုံးဟာရလဒ်ပါပဲ။

STMC က Project တစ်ခုကို စတင်ပြင်ဆင်ချိန်ကနေ အဆုံးအထိ မခိုမကပ်ဘဲ လိုအပ်တဲ့ Resources အားလုံးကိုသုံးပြီး အကောင်းဆုံးအရည်အသွေး ရရှိအောင်လုပ်ဆောင်ပါတယ်။

Siteထဲမှာ လစ်ဟင်းမှု မရှိရလေအောင် လိုင်စင်ရ အင်ဂျင်နီယာတွေကိုယ်တိုင် အမြဲကြီးကြပ်ပြီး ဆောင်ရွက်ပါတယ်။

ဒါ့အပြင် QC Engineer များနဲ့လည်း လိုအပ်သလို ပုံမှန်စစ်ဆေးတဲ့အပြင် အိမ်ရှင်တွေဘက်က Third-Party QC များနဲ့စစ်ဆေးခြင်းကိုလည်း ပြုလုပ်လို့ရပါတယ်။

အိမ်ရှင်တွေကိုယ်တိုင်လည်း Safety Guidelines များကို လိုက်နာပြီး Siteထဲမှာ အချိန်မရွေး စစ်ဆေးနိုင်အောင်ဆောင်ရွက်ပေးထားတာဟာ STMCကို ယုံကြည်မှုအပြည့်အဝ ထားနိုင်ကြောင်း သက်သေပြဖို့ပါပဲ။

𝐒𝐨𝐮𝐭𝐡𝐞𝐫𝐧 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
"𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐁𝐞𝐭𝐭𝐞𝐫 𝐓𝐨𝐦𝐨𝐫𝐫𝐨𝐰𝐬."

Room (J -7), Market Garden, Myeik, Tanintharyi Region, Myanmar
Tel: 095640277, 09423010711, 09775577793, 09690974287
Email: [email protected]


ယနေ့၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ အင်္ဂါနေ့တွင် ကျရောက်သော (၇၇) ကြိမ်မြောက်ပြည်ထောင်စုနေ့ကို STMC Construction C...
12/02/2024

ယနေ့၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ အင်္ဂါနေ့တွင် ကျရောက်သော (၇၇) ကြိမ်မြောက်ပြည်ထောင်စုနေ့ကို STMC Construction Co.,Ltd မှ ဂုဏ်ပြုအပ်ပါသည်။

#ပြည်ထောင်စုနေ့

Address

Room (J-7), Market Garden
Myeik
14051

Telephone

+959785640277

Website

Alerts

Be the first to know and let us send you an email when STMC Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to STMC Construction Co.,Ltd:

Share