Aung Dana Thukha Co.,ltd

Aung Dana Thukha Co.,ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Dana Thukha Co.,ltd, NO 169, Yadanar Street, Aye Chan Tharyar Quarter, Myeik.

26/12/2023
CV Form နှင့်တကွလာ​ရောက်​​လျှောက်ထားနိုင်ပါတယ်ရှင်
21/07/2022

CV Form နှင့်တကွလာ​ရောက်​​လျှောက်ထားနိုင်ပါတယ်ရှင်

16-7-2022 နေ့အထိ CV From နှင့်တကွလာရောက်လျောက်ထားနိုင်ပါသည်။💥ဘုတ်ပြင်းမြို့နယ်အနီး ​ရော်ဘာခြံတွင် တာဝန်ထမ်း​ဆောင်ရန်💥
28/06/2022

16-7-2022 နေ့အထိ CV From နှင့်တကွ
လာရောက်လျောက်ထားနိုင်ပါသည်။
💥ဘုတ်ပြင်းမြို့နယ်အနီး ​ရော်ဘာခြံတွင် တာဝန်ထမ်း​ဆောင်ရန်💥

15-3-2022 နေ့အထိလာရောက်လျောက်ထားနိုင်ပါသည်။
02/03/2022

15-3-2022 နေ့အထိ
လာရောက်လျောက်ထားနိုင်ပါသည်။

03/12/2020

Online မှ အစပြုထူထောင်နိုင်သော
မြန်မာ့စီးပွားရေးဈေးကွက်
------------------------------------------
မြန်မာ့စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အခြေခံယန္တရား လေးချက်ကို အရေးကြီးမဏ္ဍိုင်အဖြစ် ထားပြီးလက်လှမ်းမီနိုင်ဖို့ စုစည်းသုံးသပ်တင်ပြလိုပါတယ်။

ဒီအရေးကြီးဆိုင်ရာ နည်းလမ်းလေးသွယ်ကတော့

၁။ ဒီဂျစ်တယ်လို့ခေါ်တဲ့ ဆက်သွယ်ပြန်ကြားရေး နည်းပရိယာယ်ပြောင်းလဲရေး၊

၂။ အခြေခံ စိုက်ပျိုးရေးစနစ်မှ ထုတ်ကုန်စနစ်သို့ ပြောင်းလဲရေး၊

၃။ နည်းစနစ်ကျ မြို့ပြတည်ဆောက် ချဲ့ထွင်ရေးနဲ့

၄။ နိုင်ငံတကာ စီးပွားရေးကွန်ရက်ဆိုင်ရာနည်းစနစ်များ ကျင့်သုံးရေး ဖြစ်ပါတယ်။ ဒီလေးချက်နဲ့ပတ်သက်ပြီး စာရေးသူအနေနဲ့ နံပါတ်တစ်အချက်ဖြစ်တဲ့ Transformation of Digital Infrastructure လို့ခေါ်တဲ့ ဆက်သွယ်ပြန်ကြားရေး နည်းပရိယာယ်ပြောင်းလဲမှုကို အခြေခံပြီး ကိုးကားတဲ့နည်းလမ်းအမြင်သစ် အနည်းငယ်ကို သုံးသပ်တင်ပြလိုပါတယ်။

ဒီဂျစ်တယ်အခြေခံ လုပ်ငန်းဆောင်တာများ
------------------------------------
ဒီဂျစ်တယ်အင်တာနက်ကိုအခြေခံပြီး ယနေ့ပြောင်းလဲနေတဲ့ လုပ်ဆောင်ချက်တွေကို စာဖတ်သူအနေနဲ့ ကြားဖူးမြင်ဖူးကြမှာပါ။ နိုင်ငံရေးကဏ္ဍတွေမှာ E-Government လို့ခေါ်တဲ့ အစိုးရတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေအကြား၊ လူမှုကွန်ရက်တွေနဲ့ စေတနာ့လုပ်ငန်းအဖွဲ့အစည်း(NGO)တွေ အကြားတွေမှာ အင်တာနက်ကတစ်ဆင့် လွယ်ကူစွာစီမံခန့်ခွဲတဲ့စနစ်ဖြစ်ပါတယ်။

ဥပမာအားဖြင့်အစိုးရရဲ့ရှင်းတမ်းလုပ်ဆောင်ချက် ဒါမှမဟုတ် နိုင်ငံ့ဘဏ္ဍာရေးဆိုင်ရာ နှစ်ချုပ်များကို လူတိုင်းအင်တာနက်ကတစ်ဆင့် သက်ဆိုင်ရာဌာနဝက်ဆိုဒ်တွေမှာ ပြည်သူတွေတွေ့နိုင်အောင် စီစဉ်ထားပြီး ပြည်သူတို့ကမည်ကဲ့သို့ပါဝင်နိုင်ရန် လွယ်ကူစွာ လုပ်ဆောင်ပေးတဲ့စနစ် ဖြစ်ပါတယ်။ လိုရင်းပြောရရင် အခွန်ဝန်ဆောင်မှု၊ ရှင်းတမ်းဆိုင်ရာလုပ်ငန်းများ၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများအားလုံးကို အွန်လိုင်းကတစ်ဆင့် လုပ်တဲ့ကိစ္စမျိုးဖြစ်ပါတယ်။ ဈေးသက်သာ၊ အချိန်ကိုပိုပြီးသက်သာ စုဆောင်းပေးနိုင်တဲ့ စနစ်မျိုးဖြစ်ပါတယ်။

ဒီစနစ်သစ်ကို တိုးတက်လာဆဲနိုင်ငံတွေ တော်တော်များများမှာလည်း အသုံးပြုနေပါပြီ။ နိုင်ငံကြီးများဖြစ်တဲ့ အမေရိက၊ ဂျာမနီနဲ့ ဗြိတိန် နိုင်ငံတွေမှာတော့ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က လုပ်ဆောင်ခဲ့ပါတယ်။ ပြည်သူလူထုကို အစိုးရက ဘယ်လိုဦးဆောင်လုပ်ပေးနေပြီး Power to People ဆိုတဲ့ ပြောင်းလဲမှုစနစ်ကို Information Revolution ဆိုတဲ့ (ဆက်သွယ်ပြန်ကြားရေးတော်လှန်မှုစနစ်) နဲ့ထူထောင်သွားတဲ့ လုပ်ငန်းမျိုးလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ဒစ်ဂျစ်တယ်ကွန်ရက်ရဲ့လုပ်ဆောင်ချက်ကြောင့် ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး ဆိုင်ရာလုပ်ငန်းများ၊ အသေးစားဝန်ဆောင်မှုလုပ်ငန်းများနဲ့ လက်လီလက်ကားဖြန့်ဖြူးတဲ့ လုပ်ငန်းတွေအတွက် အင်မတန် အထောက်အကူပေးနိုင်တဲ့ စနစ်လည်း ဟုတ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ လေ့လာသုံးသပ်ချက်အရ ၁၉၈ဝ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း (Middle Income) အလယ်အလတ်တန်းစားဝင်ငွေရှိနိုင်ငံ ၁၂ဝ ကို အင်တာနက်ရဲ့ စွမ်းဆောင်မှုနဲ့ပတ်သက်ပြီး ဓနရှုထောင့်မှ သုံးသပ်ကြည့်ရာနိုင်ငံတစ်နိုင်ငံအတွင်း Internet Broadband ၁ဝ ရာခိုင်နှုန်း မှင့်တင်ပေးလိုက်ရုံနဲ့ ပြည်သူတွေရဲ့ နိုင်ငံဝင်ငွေ ၁.၃၈ ရာခိုင် နှုန်းတိုးမြင့်လာကြောင်းသုံးသပ်သွားပါတယ်။ ဒီပြောင်းလဲမှုဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့အခြေအနေပါ။ Wifi နဲ့ Fiber Optics တွေတစ်ဆင့် သတင်းပြန်ကြားရေးလုပ်ငန်းပိုင်းဆိုင်ရာများနဲ့ စီးပွားရေးကဏ္ဍများမှာ လျင်မြန်ထိရောက်စွာ လုပ်နိုင်ပါပြီ။ စက်မှုပိုင်းဆိုင်ရာတိုးတက်လာတယ်ဆိုတော့ လုပ်ငန်းပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေလည်း ပြောင်းလဲသင့်တာပေါ့။

သမိုင်းမှအကြီးဆုံး Startups ကုမ္ပဏီများ
-----------------------------
Startups Company လို့ပြောရင်ကုမ္ပဏီတစ်ခုဟာ မဖြေရှင်းနိုင်သေးတဲ့ လူ့ကိစ္စတွေ၊ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုပြဿနာတွေကို နောက်ဆုံးနည်းစနစ်နဲ့ ဈေးသက်သာစွာနဲ့ လူထုအများကို ထိရောက်စွာ ဖြေရှင်းပေးတဲ့လုပ်ငန်းဖြစ်ပါတယ်။ ယနေ့ကမ္ဘာ့ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Amazon တို့ဟာ Startup ဆိုတဲ့ သူတို့ရဲ့ First Stage ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ တုန်းက လုပ်ငန်းအသေးစားအနေနဲ့လုပ်ခဲ့ပါတယ်။ အဲသလိုလုပ်တဲ့အခါမှာ Business Model ဒါမှမဟုတ် Business Process ရှိဖို့လိုပါတယ်။

အရေးကြီးဆုံးက Business Idea ပါပဲ။ မိမိရဲ့စီးပွားအမြင်ဟာ Original and Innovative Ideas ဖြစ်ဖို့လိုပါတယ်။ Google က Information အားလုံးကို နေရာတစ်ခုတည်းမှာတစ်စုတည်း အလွယ်တကူရနိုင်အောင် လုပ်ပေးတဲ့ဝန်ဆောင်မှုကို တီထွင်ခဲ့ပါတယ်။ အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ စီးပွားရေးအမြင် ဖြစ်ပါတယ်။ ဒီကုမ္ပဏီရဲ့ရှေ့မှာ ဘယ်လိုလုပ်ငန်းမျိုးမှလည်း မရှိခဲ့ပါဘူး။ ထိုနည်းတူစွာ Amazon လည်း ဝယ်လိုရောင်းလိုသူတွေအားလုံးအတွက် Online Market Platform ဆိုတဲ့ အင်တာနက်ကတစ်ဆင့် ဈေးကွက်ဝန်ဆောင်မှုကိုပေးခဲ့ပါတယ်။ ဒီကုမ္ပဏီနှစ်ခုဟာ သူတို့ရဲ့ ရိုးစင်းပြီး ထိရောက်တဲ့အမြင်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အမြင်ကောင်းတစ်ခုလေးနဲ့ ယနေ့ Google ရဲ့ Total Assets ခေါ် စုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ 273,403 billion ရှင်သန်နေပြီး Amazon ကတော့ အမေရိကန်ဒေါ်လာ 225.248 billion တန်ဖိုး ရှိပါတယ်။

Google နဲ့ Amazon တို့လို မဖြစ်နိုင်ပေမဲ့ ယနေ့မြန်မာပြည်အတွင်း Startups စီးပွားရေးဆိုင်ရာလုပ်ငန်းတွေ ချဲ့ထွင်နိုင်တဲ့အခွင့်အရေးတွေ တော်တော်များလာပါပြီ။ ရန်ကုန်အတွင်း Startups Ecosystem ဆိုတဲ့ အင်တာနက်ကိုအခြေခံပြီး လုပ်နိုင်တဲ့လုပ်ငန်းတွေ အများအပြားရှိနိုင်ပါတယ်။ ဥပမာအားဖြင့် ကားအရောင်းအဝယ် လွယ်ကူစွာ လုပ်ပေးနိုင်တဲ့လုပ်ငန်းတွေ၊ အွန်လိုင်းကတစ်ဆင့် နေ့စားနဲ့ရေရှည်လုပ်ငန်းတွေ ရှာဖွေပေးခြင်း ၊ မိမိကြိုက်တဲ့အစားအစာတွေကို အွန်လိုင်းမိုဘိုင်း App ကတစ်ဆင့် မှာယူခြင်း၊ ကားအငှားဝန်ဆောင်မှုတွေပေးတဲ့ လုပ်ငန်းတွေ၊ အနုပညာနဲ့ပတ်သက်တဲ့ ဆိုကရေးတီးသင်တန်းတွေကို အွန်လိုင်းမှ ကြော်ငြာလုပ်ကိုင်ခြင်း၊ ရိုးရာဝတ်စုံရောင်းဝယ်တဲ့ လုပ်ငန်းတွေကို နိုင်ငံခြားသားတွေလိုအပ်တဲ့ ပုံစံအတိုင်း Customized Design တွေလုပ်ပေးပြီး လက်လီလက်ကား အင်တာနက်ကတစ်ဆင့် ပြည်တွင်းနဲ့ပြည်ပကို ရောင်းဝယ်ဖြန့်ဖြူးခြင်းစတဲ့ လုပ်ငန်းတွေကိုလုပ်ပါက အောင်မြင်မှုရမည် စာရေးသူအနေနဲ့သုံးသပ်မိပါတယ်။

ကျန်းမာရေးဝန်ဆောင်မှုကိုပေးတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေအတွက်လည်း အင်တာနက်ကတစ်ဆင့် လူနာရဲ့ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အွန်လိုင်းကတစ်ဆင့် ဆရာဝန်ပါရဂူများအကြား Data Transference တွေကို နည်းလမ်းတကျ ပေးအပ်ခြင်း စတဲ့ ကိစ္စတွေကို လုပ်ဆောင်နိုင်ပါတယ်။ ခရီးသွားလာရေးကိစ္စတွေ အတွက်လည်း အွန်လိုင်းကတစ်ဆင့် ဝယ်ယူနိုင်တဲ့ဝန်ဆောင်မှုတွေဟာ ပြည်သူလူထုအတွက် အင်မတန်အကျိုးပေးတဲ့ လုပ်ငန်းတွေ ဖြစ်နိုင်ပါတယ်။

မြန်မာပြည်ဟာ ဒီဂျစ်တယ်မီဒီယာခေတ်ကို ဝင်လာတာနဲ့အမျှ နိုင်ငံအတွင်း အထူးသဖြင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပဲခူး၊ မြစ်ကြီးနား၊လားရှိုးမြို့တွေမှာ Startups Ecosystem ဆိုတဲ့ အသေးစားအင်တာနက်ဆိုင်ရာစီးပွားရေး (အင်တာနက်ဆိုင်မဟုတ်) လုပ်ငန်းတွေကိုချဲ့ထွင်ရန် အကောင်းဆုံးဖြစ်လာနိုင်ကြောင်းနဲ့ လုပ်ငန်းတွေမှာလည်း အမျိုးသမီများကဏ္ဍဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေ ပိုပြီးဝင်လာနိုင်ကြောင်း Women Empowerment ဆိုတဲ့ အမျိုးသမီးများကိုယ့်အရည်အသွေးကို ဦးစားပေးပြီး လုပ်နိုင်ကြောင်းတင်ပြတာဖြစ်ပါတယ်။ အွန်လိုင်းနည်းလမ်းတွေဖြစ်တဲ့ Pinterest ၊ Blogspot ၊ WordPress ၊ Google+ ၊ Linkedin နဲ့ Facebook တွေကတစ်ဆင့်မိမိရဲ့လုပ်ငန်းတွေကို စတင်လုပ်ကိုင်သင့်ကြောင်းနဲ့ IT နည်းပညာကွမ်းကျင်တဲ့ လူငယ်မောင်မယ်တွေအတွက်လည်း အသေးစား IT ဆိုင်ရာစီးပွားလုပ်ငန်းတွေ လုပ်သင့်တဲ့အချိန် ရောက်ပြီဖြစ်ကြောင်း တင်ပြလျက် စာဖတ်သူ ညီအစ်ကိုမောင်နှမများအားလုံး လုပ်ငန်းဆောင်တာ အဝဝ အောင်မြင်ရန်ရည်ရွယ်ပြီး မြန်မာ့စီးပွားရေးကို Information Technology နဲ့ အခြေခံပြီး ပိုမိုတိုးတက်လာနိုင်ရန် ရည်စူးလျက်...



22/12/2019

Address

NO 169, Yadanar Street, Aye Chan Tharyar Quarter
Myeik

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959450050344

Website

Alerts

Be the first to know and let us send you an email when Aung Dana Thukha Co.,ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Dana Thukha Co.,ltd:

Share