Kawm Dawm ကွမ်တွမ် Co.,Ltd.

Kawm Dawm ကွမ်တွမ် Co.,Ltd. ကွမ်တွမ် ဆိုတာက ကချင်လို လုံးဝ အောင်နိုင်ခြင်းလို့ အဓိပ္ပါယ် ရပါတယ် ။ We try to serve the world❤️😊👍

☀️   တချိန်တုန်းက အမေဇုံ သူဋ္ဌေးကြီး Jeff Bezos ဟာ စတော့ဂုရုကြီး Warren Buffett နှင့် ဆုံတွေ့ခဲ့ကြသည်။      ထိုအခါ Bezos...
23/05/2024

☀️ တချိန်တုန်းက အမေဇုံ သူဋ္ဌေးကြီး Jeff Bezos ဟာ စတော့ဂုရုကြီး Warren Buffett နှင့် ဆုံတွေ့ခဲ့ကြသည်။

ထိုအခါ Bezos က "မစ္စတာ ဘတ်ဖက်ရေ သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှု နည်းဗျူဟာတွေက အလွန်ကို ရိုးရှင်းပြီး လူတိုင်းလိုက်လုပ်လို့ရတဲ့ နည်းတွေပါ၊ ဒါပေမယ့် ဘာကြောင့် လူတိုင်းက သင့်ရဲ့ နည်းဗျူဟာကို အတုယူပြီး လိုက်မလုပ်နိုင်ကြရတာလဲ" ဟု မေးခဲ့ပါသည်။

"ဘာလို့ မလုပ်ကြတာလဲဆိုတော့ ဘယ်သူကမှ ဖြေးဖြေးမှန်မှန်ချမ်းသာနည်းကို မလုပ်ချင်ကြလို့ပေါ့ကွာ" ဟု ဘတ်ဖက်က ပြန်ဖြေခဲ့ပါသည်။

ဝါရင်းဘတ်ဖက်ရဲ့ အဖြေဟာ သွေး ထွက်အောင်ကို မှန်ပါသည်။ အများစုတို့ဟာ မျက်တောင် တခတ်စာလောက်သာ တွေးကြသည်က များသည်။ လောလောဆယ် အနေချောင်ချင်တာ၊ လောလောဆယ် အရများတာ မျိုးကိုသာ မက်ကြပြီး နောင် တချိန်မှာ အသက်အရွယ် ကြီးရင့်သည့် အချိန်အထိကို ဆန့်တန်းပြီး မတွေးကြတာက များကြပါသည်။

အနာဂတ်ကာလမှာ အကျိုးဖြစ်ထွန်းမှု တည်ငြိမ်စွာ ရရှိအောင် စွမ်းဆောင်ပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှု ပညာ၊ ငွေရေးကြေးရေး ပညာတွေကို အချိန်ယူလေ့လာပြီး အချိန်ယူကာ လက်တွေ့ လေ့ကျင့်လုပ်ဆောင်ရမှာကို စိတ်မရှည်ချင်ကြဘဲ အချိန်တိုအတွင်း အရများသည့် တပွဲတိုး နည်းလမ်းတွေ နောက်ကို လိုက်ကြလို့ အလိမ်ခံရသည့် ဖြစ်ရပ်တွေလည်း မနည်းကြတော့ပေ။

တချိန်တုန်းက ကျွန်မ၏ ရိုသေလေးစားရသော ဆရာ တယောက် ပြောခဲ့ဖူးသည့် "လောလောဆယ် စားရတဲ့ ဟင်းကောင်း တခွက်နဲ့ နောက် တချိန်မှာ စားရမယ့် ဟင်းကောင်း ပွဲ 100 ကို မလဲ လိုက်နဲ့" ဆိုသော ဆုံးမစကားလေးကိုပင် ပြန်အမှတ်ရလိုက်မိပါသည်။ ☀️


23. 5. 2024

ဒီလို အနုပညာပါတဲ့ အချစ်စံအိမ်လိုမျိုးတွေလည်း တည်ဆောက်လို့ ရပါတယ် ။
18/05/2024

ဒီလို အနုပညာပါတဲ့ အချစ်စံအိမ်လိုမျိုးတွေလည်း

တည်ဆောက်လို့ ရပါတယ် ။

18/05/2024

Admin ဘရန်ဆန် ကျန်းမားရေး လိုက်စားနေပုံ 😊⛳️🏌️‍♂️❤️💵💕👍 …

မြစ်ကြီးမြို့ရဲ့ နေရာတကာမှာ ဒီလို အဆောက်အအုံတွေကို တွေ့ရှိလာရပါတယ် ။ လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့ လူတိုင်းလောက် တည်...
18/05/2024

မြစ်ကြီးမြို့ရဲ့ နေရာတကာမှာ ဒီလို အဆောက်အအုံတွေကို တွေ့ရှိလာရပါတယ် ။ လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့ လူတိုင်းလောက် တည်ဆောက်လို့ ရပါတယ် ။ အိမ်ပုံ ၊ လက်ခလည်း စျေးသက်သာပါတယ် ။ မြစ်ကြီးနားမှာ အိမ်ခြံမြေစျေးနဲ့ယှဉ်လိုက်ရင် ဘာမှ မပြောပါးလောက်တဲ့ အိမ်တွေပါ ။ ဆက်လက် စိတ်ဝင်စားရင် ဆွေးနွေးနိုင်ပါတယ် ။

ကျွန်တော်ဟာ တစ်ချိန်တုန်းက ကံကြမ္မာ သို့မဟုတ် ဘုရားသခင် အလိုတော်ကို ယုံကြည်ခဲ့သူ မဟုတ်ခဲ့ပါ ။ အရာအားလုံးက ကြိုးစားရင် ရန...
04/05/2024

ကျွန်တော်ဟာ တစ်ချိန်တုန်းက ကံကြမ္မာ သို့မဟုတ် ဘုရားသခင် အလိုတော်ကို ယုံကြည်ခဲ့သူ မဟုတ်ခဲ့ပါ ။ အရာအားလုံးက ကြိုးစားရင် ရနိုင်တယ်လို့ဘဲ ယုံကြည်ခဲ့ပါတယ် ။

ဒီစာအုပ်ကို လူတိုင်း ဖတ်ဖူးခဲ့မှာပါ ။ အဲဒီ စာအုပ်ထဲက အချက်အလက်တွေလည်း လူအများ နားလည် သဘောပေါက် သိရှိကြပါတယ် ။ ဒါဆိုရင် ဘာလို့ မချမ်းသာ လာရတာလဲ ဆိုတဲ့ အပိုင်းက စိတ်ဝင်စား စရာပါ ။

ဒီစာအုပ်ရဲ့ အဓိက အနှစ်ချုပ်ကတော့ မိမိကိုယ် မိမိ ထိန်းချုပ်နိုင်ခြင်းပါဘဲ ။ ဘာသာ တရားတိုင်းလည်း ဒီအချက်ကိုဘဲ အဓိက ဖော်ပြပါလိမ့်မယ် ။

မိမိကိုယ် မိမိ ထိန်းချုပ်နိုင်ဖို့က ကံကောင်းချိန် သို့မဟုတ် ဘုရားသခင်ရဲ့ ကူညီမစချိန် ကျေးဇူးတော် အချိန်အခါ ဆိုတဲ့ ကာလက အများကြီး အရေးကြီးပါတယ် ။

စာအုပ်တွေ ဘယ်လောက်ပဲ ဖတ်ပြီး ၊ နည်းစနစ် ၊ နည်းပညာတွေကို ဘယ်လောက်ပဲ သိရှိပါစေ ။ လက်တွေ့ အသုံးချပြီး မလုပ်နိုင်ရင် ၊ ဘာမှ မသိရှိသူနဲ့ မခြားပါဘူး ။

လက်တွေ့ အလုပ်တွေ လုပ်ဆောင်နိုင်ဖို့က မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်းက အဓိက ကျပါတယ် ။ ဒါကြောင့်လဲ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်သူတွေဟာ အတန်းပညာ နည်းပါးခဲ့ရင်တောင် ဘဝမှာ အောင်မြင်မှု ၊ ချမ်းသာ ကြွယ်ဝ ပျော်ရွှင်မှုတွေကို ကြီးကြီးမားမား ရရှိခံစားကြရပါတယ် ။

ဘရန်ဆန်
4 May 2024 ( Saturday )

Facebook ပေါ်က Post တွေဆိုတာက စာအုပ် တစ်အုပ်လုံးကို အပြင်မှာ ကောင်းကောင်း ဖတ်ထားသူတွေ အတွက်သာ အကျုံးဝင်ပါတယ် ။ ကိုယ်က စာ...
03/05/2024

Facebook ပေါ်က Post တွေဆိုတာက

စာအုပ် တစ်အုပ်လုံးကို အပြင်မှာ ကောင်းကောင်း ဖတ်ထားသူတွေ အတွက်သာ အကျုံးဝင်ပါတယ် ။

ကိုယ်က စာကောင်းကောင်း မဖတ်ထားသူဆိုရင် ၊ Facebook ပေါ်က စာတွေကို ဘာမှ နားလည်မှာ မဟုတ်ပါဘူး ။

ဘဏ်ချိတ်ဝယ်မည်ဆိုရင်အမေးများသော မေးခွန်းများအား မျှဝေတာပါ🏡 အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆ...
03/05/2024

ဘဏ်ချိတ်ဝယ်မည်ဆိုရင်အမေးများသော မေးခွန်းများအား မျှဝေတာပါ

🏡 အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက် ျိတ်(Home loan )

1. Bankချိတ်( )ဆိုတာ ဘာလဲ?

🏡 Bank ချိတ်ဆိုတာက မိမိမှာ အိမ်၊ တိုက်ခန်း ဝယ်ယူဖို့ ငွေအပြည့်အဝမရှိသေးဘူး ဒါပေမယ့် တချို့တစ်ဝက်တော့ရှိနေတယ်၊ လစဉ်ပုံမှန်ဝင်ငွေလည်းရှိနေတယ်။ဒါဆိုရင်တော့ ဝယ်ချင်တဲ့အိမ်၊ တိုက်ခန်းကို ဘဏ်ကနေတဆင့် အရစ်ကျဝယ်တာကိုခေါ်ပါတယ်။ မိမိဘက်မှ ၃၀% ထုတ်ပြီး ချိတ်ဆက်ထားတဲ့ bank ဘက်မှ ၇၀% ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုးပါ။

🏡 Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာအနည်းဆုံး(၁၀)သိန်းအထက် ရှိဖို့လိုပါတယ်။ဝန်ထမ်းဆိုရင်တော့ သွင်းရမဲ့ငွေရဲ့(၃)ဆ ရှိရင်ရပါတယ်။ ဥပမာ ၄သိန်း ဆပ်ရတယ်ဆိုရင် (၃)ဆ ၁၂သိန်း ရှိရင်ရပါပြီ။တစ်ယောက်ထဲလစာ မလောက်ဘူးဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့ သူနဲ့ပေါင်းပြလို့ရပါတယ်။

🏡 လူကြီးမင်းတို့အနေနဲ့ လိုချင်တဲ့ အိမ်ကို ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်မည်ဆိုလျှင် လူကြီးမင်းတို့အလိုရှိတဲ့ အိမ်အမျိုးအစားက RC မဟုတ်ရင် BN အိမ်အမျိုးအစားဖြစ်ရပါမယ်။ဂရန်အမည်ပေါက်ဖြစ်ရပါမယ်။မီးအာမခံရတဲ့နေရာမျိုးဖြစ်ရပါမယ်။ပျဉ်ထောင်အိမ်နဲ့ မြေကွက်တွေဆိုရင်တော့ ဘဏ်ကချေးငွေထုတ်ပေးမှာမဟုတ်ပါဘူးနော်။
~~~~~~~~~~~~~~~~~~~

2. အဲ့တော့ Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင် ဘာတွေလိုအပ်လဲ?

(က)။ လူ၊ပုဂ္ဂိုလ် တစ်ဦးချင်း(သို့) ဝန်ထမ်းတစ်ဦးချင်းအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင် မိတ္တူ(မူရင်းပြရန်)
(၂) Passport မိတ္တူ(ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရန်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(၈) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(၉) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(၁၀) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(၁၁) Bank Statement(၆လစာ တင်ပြရပါမည်)

(ခ)။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ (တင်ပြနိုင်လျှင်)
(၉) Bank statement (၆)လစာ (ရှိလျှင်)
(၁၀) အခွန်ပြေစာ (ရှိလျှင်)

(ဂ)။ ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(၈) Form VI, Form XXVI, Form E
(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း(ဘဏ်တွင် Mortgage Loan(ပေါင်နှံချေးငွေ)နှင့်ပတ်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက်တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။)
(၁၀)ဘဏ္ဍာရေးရှင်းတမ်း(၃နှစ်စာ)(တင်ပြနိုင်လျှင်)
(၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(၁၂) အခွန်ပြေစာ (၃နှစ်စာ) (ရှိလျှင်)
~~~~~~~~~~~~~~~~~~~

3. Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ?

(၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်။
(၂) ကန်ထရိုက် ၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(၄) မြေရှင်ရဲ့မိတ္တူ
(၅) BCC စာရွက်
(၆) ဆောက်လုပ်ခွင့်စာရွက်
(၇) တိုက်ခန်းနဲ့ပတ်သက်တဲ့ ဆက်စပ်စာချုပ်များ
(၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
စာရွက်စာတမ်းအားလုံး မူရင်းတော့ပြပေးရပါမယ်။

ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့ အိမ်ကို ရာဖြတ်ဌာနမှဆင်းကြည့်မှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာဖြစ်ပါတယ်။အချက်အလက်တွေပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ ၃၀% ထုတ်ပေးရမှာဖြစ်ပြီး bankဘက်မှ ၇၀% ထုတ်ပေးလိုက်မှာပါ။ထုတ်ပေးလိုက်တဲ့ ၇၀% ကိုတော့ အတိုးနဲ့နှစ်ရှည်ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်။

***လိုအပ်သော စာရွက်စာတမ်းများ ကိုယ့်မှာအပြည့်အစုံရှိရင်တော့ Bank နဲ့ချိတ်ဆက်ပြီးဝယ်ယူတာဟာ ပိုလွယ်ကူပြီး မြန်ဆန်ပါတယ်။

လေးစားစွာဖြင့်
Credit to original uploader

အိမ်တွေကို ချစ််မှ အိမ်ခြံမြေ လုပ်ငန်း လုပ်ပါတဲ့ အမေရီကန်ရဲ့ စီးပွါးရေး ပညာရှင် သူဌေးကြီး Robert T. Kyiyosaki  ကပြောပါတယ...
02/05/2024

အိမ်တွေကို ချစ််မှ အိမ်ခြံမြေ လုပ်ငန်း လုပ်ပါတဲ့ အမေရီကန်ရဲ့ စီးပွါးရေး ပညာရှင် သူဌေးကြီး Robert T. Kyiyosaki ကပြောပါတယ် ။

~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော် Robert ရေးတဲ့ Rich Dad , Poor Dad စာအုပ်တွေကို ဖတ်လာတာ 2004 ကတည်းပါ ။ အခုဆို နှစ် 20 ရှိလာပါပြီ ။

သူစာအုပ်တွေ ဖတ်ပြီးကတည်းက ကျွန်တော်ဟာ အိမ်ခြံမြေ လောကကို အများကြီး စွဲလမ်း စိတ်ဝင်စားခဲ့ပါတယ် ။

ကျွန်တော် တက္ကသိုလ်တက်တော့ မေဂျာကို မြို့ပြ အင်ဂျင်နီယာကိုတောင် အိမ်ခြံမြေ လုပ်ငန်းနဲ့ ဆက်စပ်မှာပဲလို့ တွေးမိလို့ ယူခဲ့တာပါ ။

အဲလောက်နှစ်တွေအကြာ ဖြတ်သန်းလို့ အပြီးမှာမှ အခု 2024 April လလောက်မှာမှ အိမ်တွေ ၊ မြေကွက်တွေကို ကျောက်စိမ်းလုပ်ကွက်တွေလိုက်ကြည့်သကဲ့သို့ တန်ဖိုးထားပြီး ချစ်တတ်လာပါတယ် ။

တရုတ် တွေးခေါ်ပညာရှင် ကွန်ဖြူရှက်ကလည်း ပြောပါတယ် ။ ကိုယ်ချစ်တဲ့ အလုပ်ကို လုပ်ပါတဲ့ ၊ အဲတာဆို အလုပ်လုပ်တယ်လို့ ခံစားရမှာ မဟုတ်ပါဘူးတဲ့ ။

အိမ်တွေကို ချစ်တဲ့ စိတ် ၊ အိမ်ခြံမြေတွေကို လိုက်ကြည့်ရင် ပျော်တဲ့စိတ်တွေကြောင့် မထင်မှတ်ဘဲ ပျော်ရွှင်မှုတွေကို ရရှိလာပါတယ် ။ အလုပ်လုပ်နေတယ် ဆိုတာထက် ကိုယ်ပျော်လို့ လုပ်နေရသလိုပါဘဲ ။

☺️♥️⛳️🏌️‍♂️🏌️‍♀️🍾👍 …

Address

No3/49 , Le Kong Byway 7 , Back Street 3
Myitkyina

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00

Telephone

+959400012120

Website

Alerts

Be the first to know and let us send you an email when Kawm Dawm ကွမ်တွမ် Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kawm Dawm ကွမ်တွမ် Co.,Ltd.:

Share