30/04/2024
"'လောက မာယာများ''
"ကမ်းလက်"ဆိုတိုင်း
ဝမ်းသာအာရ လက်ဆွဲနုက်ဆက်ဖို့
မဖြစ်နိုင်ဘူး.....
တချို့
"ကမ်း"တဲ့"လက်"တွေက
မိမိရရ ဆုပ်ကိုင်ပြီးမှ ပယ်ပယ်နယ်နယ်
တွန်းချတတ်တာမျိုး.....
"ဖိတ်ခေါ်"တယ်ဆိုတိုင်း
ဝမ်းသာအားရ သွားလို့မဖြစ်ဘူး....
တချို့
ဖိတ်ခေါ်မူတွေမှာ ထောင်ချောက်တွေ
အပြည့်.....
"သည်းခံ"တယ်ဆိုတိုင်း
ခဏခဏ အနိုင်ကျင့်လို့ မဖြစ်ဘူး.....
တချို့
"သည်းခံ"ခြင်းတွေမှာ
ပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့
ဗုံးတစ်လုံးလို စနစ်တံဖြုတ်ပြီးသား.....
"သဘော"ကောင်းတယ်ဆိုတိုင်း
ခဏခဏ စော်ကားလို့ မဖြစ်သေးဘူး....
တချို့
သဘောကောင်းခြင်း နောက်ကွယ်မှာ
စိတ်နာခြင်းတွေ အထပ်ထပ်......
"ရတယ်"ဆိုတိုင်း
ခဏခဏယူလို့ မဖြစ်ဘူး.....
တချို့
ရခြင်းတွေရဲ့ နောက်မှာ
မတန်တဆ ပြန်ပေးရတဲ့ ရလာဒ်တွေရှိတယ်.....
"မျှော်လင့်ချက်"ဆိုတိုင်း
ကောင်းတဲ့အရာတော့ မဟုတ်ဘူး...
တချို့
မျှော်လင့်ချက်တွေက
ကိုယ့်ကိုယ်ကိုယ်
ပြန်သတ်နေသလိုမျိုး ဖြစ်နေတတ်တယ်............
AZO