Țĥõñë Ýățî Țûñ

Țĥõñë Ýățî Țûñ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Țĥõñë Ýățî Țûñ, Construction Company, Myitkyina.

Permanently closed.
4.2.2022 တွင်စတင်ဆောက်လုပ်သော ခေမာသီရီ ဆိုဒ်လေးပါဗျ 😍😍
12/02/2022

4.2.2022 တွင်စတင်ဆောက်လုပ်သော ခေမာသီရီ ဆိုဒ်လေးပါဗျ 😍😍

သုန်ရတီထွန်း constructionမှတာဝန်ယူတည်ဆောက်ထားသော မြို့ကြီးနားမြို့ ဘုမ္မောရပ်ကွက် ကဆောက်လုပ်ဆဲ နံကပ်တစ်ထပ်တိုက်လေးပါဗျ😍😍
29/10/2021

သုန်ရတီထွန်း constructionမှတာဝန်ယူတည်ဆောက်ထားသော မြို့ကြီးနားမြို့ ဘုမ္မောရပ်ကွက် ကဆောက်လုပ်ဆဲ နံကပ်တစ်ထပ်တိုက်လေးပါဗျ😍😍

23/10/2021
21/10/2021

အဆောက်အဦး တွက်ချက်မှုအတွက်
အလွယ်မှတ်နည်းလေးတွေပါ။
=========================
𝐓𝐂𝐂𝐁 𝐄𝐍𝐆𝐈𝐍𝐍𝐄𝐑𝐈𝐍𝐆 𝐆𝐑𝐎𝐔𝐏 𝐎𝐅 𝐂𝐎.,𝐋𝐓𝐃

(1:2:4) ကွန်ကရစ် 100 ကုဗပေမှာ
ဘိလပ်မြေ - 18.48 အိတ်ကုန်တယ်
အလုပ်မား - 10ယောက်
ပန်းရံဆရာ - 1ယောက်

(1:3:6 ) ကွန်ကရစ် 100 ကုဗပေမှာ
ဘိလပ်မြေ - 12.85 အိတ်
အလုပ်သမား - 8 ယောက်
ပန်းရံ - 1ယောက်
42.5 Class ဘိလပ်မြေ နဲ့52.5 Class ဘိလပ်မြေ အမျိုးအစားများအလိုက် ဘယ်လိုကွာခြားသလဲ ?
====================================
ဘိလပ်မြေအမျိုး အစားများကို ယေဘူယျအားဖြင့် 32.5 Class ဘိလပ်မြေ , 42.5 Class ဘိလပ်မြေ နှင့် 52.5 Class ဘိလပ်မြေ ဆိုပြီး အမျိုးအစားအလိုက် သတ်မှတ်ထားပါတယ် ။ မြန်မာနိုင်ငံတွင် 42.5 Class ဘိလပ်မြေ နှင့် 52.5 Class ဘိလပ်မြေကို အများဆုံး အသုံးပြုနေကြပါတယ် ...
အဆောက်အဦများ၊ လမ်းတံတားများကို ဆောက်လုပ်တဲ့အခါမှာ ဆောက်လုပ်မယ့် အမျိုးအစားအလိုက် 42.5 Class နဲ့ 52.5 Class ဘိလပ်မြေအမျိုးအစားတွေကို လိုအပ်သလို ရွေးချယ်အသုံးပြုသင့်ပုံကို မျှဝေပေးလိုက်ပါတယ်...
42.5 Class ဘိလပ်မြေ
----------------------------
42.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (6162.5 PSI) Grade 42.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။
42.5 Class ဘိလပ်မြေ ရဲ့ ခံနိုင်ဝန်အားသည် သတ်မှတ်စံချိန်စံညွှန်းအရ စတင်မာခဲချိန်နဲ့ နောက်ဆုံးမာခဲချိန် နှေးတတ်သော သဘာဝရှိပါသည်။.
42.5 Class ဘိလပ်မြေ ကို အုတ်စီလုပ်ငန်းများ၊ နံရံအချောကိုင်လုပ်ငန်းများ၊ ရိုးရိုးအုတ်တိုက်၊ နံရံကပ်တိုက်များ ၊လုံးချင်းအဆင့်မြင့် အဆောက်အဦများ ဆောက်လုပ်မယ်ဆိုပါက 4 2.5 Class ဘိလပ်မြေကို အသုံးပြုနိုင်ပါသည်။........
52.5 Class ဘိလပ်မြေ
-----------------------------
52.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (7612.5 PSI) Grade 52.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။
52.5 Class ဘိလပ်မြေသည် ခံနိုင်ဝန်ကို အချိန်တိုအတွင်းမှာ ရရှိစေနိုင်ပြီး စတင်မာခဲချိန် နှင့် နောက်ဆုံးမာခဲချိန် မြန်သော သဘာဝရှိတဲ့အတွက် ထုထည်ကြီးမားသော လမ်းတံတားများ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများ ၊အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။

ရေနှင့်အမြဲထိတွေ့နေသောနေရာများ၊ အစိုဓါတ်များသောနေရာများ၊ ငလျင်ဒဏ်၊ သဘာဝဘေးအန္တရာယ်တို့နှင့် အနီးကပ်ဆုံးနေရာဒေသများတွင်လည်း 52.5 Class ဘိလပ်မြေကိုသာ အသုံးပြုသင့်ပါသည်။
................

#သစ်တွက်နည်း တင်ပေးပါပြောလိုတင်ပေးလိုက်တာပါ။

သစ်လုံးကို ကုဗပတွက်နည်း> သစ်တန်တွက်နည်း> သစ် ၁ တန် စျေးနှုန်းတွက်နည်း ✍

သစ်လုံးကို ကုဗပနှင့် တန်ဖွဲ့ရာတွင် လက်မကိုတည် ၄ နှင့်စား ရလဒ်သည် အဒု ဗြက် လက်မ ဖြစ်ပါသည် ဒုနှင့် ဗြက် ကိုမြှောက် သစ်လုံ အလျား နှင့် ဆက်မြှောက် ရသောအဖြေ ကိုတည်၍ ၇၂၀၀ နှင့် စားလျှင်
အဖြေသည် သစ်တန်ရ၍ ၁၄၄ နှင့်စားလျှင် ကုဗပေ ရပါသည်။

ဥပမာ.......သစ်လုံပတ် ၆၀လက်မ အရှည် ၃၂ပေ ရှိသောသစ်လုံးကို
တန်ဖွဲ့လိုလျှင်

တွက်နည်း (1)

15×15×32 7200
----------------- ----------
144 144. =50ကုဗေပ

၅၀ ကုဗပေ = ၁ တန်

သစ်တန်တွက်နည်း

( သစ် ၁ တန် = ၁'' × ၁'' ပတ်လည် ၇၂၀၀'ပေ)

သိလိုသော သစ်အရွယ်အစား ဒု နှင့် ဗြက် ကိုမြှောက်၍ ရသော ရလဒ်နှင့် ၇၂၀၀ ကို စားရသော အဖြေသည် သစ် ၁ တန်၏ဖြေဖြစ်သည်။

တွက်နည်း

၄''×၂'' = သစ်တစ်တန် ရှိပေရှည် ကိုသိလိုလျှင်
၄''×၂'' = ၈
၇၂၀၀ = ၉ ၀၀'ပေ
(၄''×၂'') သစ် ၁တန်၌ရှိသော ပေရှည် =၉၀၀ပေ

သစ်တန်တွက်နည်း

ဗျက် ၄''×၂'' ပေရှည် ၂၀ ပေ ၊ ချောင်းရေ ၃၀ ဆိုပါစို့
ဗျက်ရယ် ၊ ဒုရယ် ၊ ပေရှည် ရယ် ၊ ချောင်းရေရယ်မြှောက် ၁၄၄ နဲ့စားရပါမည်။ ရတဲ့အဖြေဟာ ကုဗပေ ပဲရှိသေး၍ သစ် ၁ တန်လျှင် ၅၀ ကုဗပေ ရှိ၍ ၅၀ ဖြင့်စားလျှင် တန်ရလာပါမည်။

ဗျက် × ဒု × ပေရှည် × အချောင်းရေ
၄''×၂''×၂၀'×၃၀÷၁၄၄= ၃၃.၃၃ ကုဗေပ

၃၃.၃၃ ကုဗပ = ၀.၆၆၆ တန်
၅၀ ကုဗပေ. ဆိုပါစို့ =၀.၆၇တန်

အမြန်ဆုံး သစ်စျေးနှုန်းတွက်နည်း

ဥပမာ... သစ် ၁ တန် ၆၅၀,၀၀၀ စျေးဖြင့်
၄''×၂'' လေးနှစ် ၁၈ ပေ တစ်ချောင်းကိုတွက်ကြည့်မယ်
စျေးနှုန်း ကိုတည် ဒသမ သုညသုည နှစ်ငါးဖြစ်
မြှောက်(၆၅၀,၀၀၀×.၀၀၂၅)
ရလဒ်ကိုသစ်ချောင်း၏ ဒု×ဗျက် (၄''×၂'') ရလဒ်ဖြင့်ပြန် မြှောက်လိုက်ပါ။

ဒါဆို ၄''×၂'' လေးနှစ် ၁၈ပေ တစ်ချောင်း၏ တန်ဘိုးရမည်။

၆၅၀,၀၀၀×.၀၀၂၅=၁၆၂၅

၄ × ၂ = × ၈
------------------
၁၃,၀၀၀

လေးနှစ် ၁ ချောင်း တန်ဘိုး = ၁၃,၀၀၀ ks
ဖြစ်သည်။
မည်သည့် ဒု ဗျက် မည်သည့် စျေးနှုန်း မဆိုတွက်ကြည့်နိုင်ပါသည်။
✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔
လိုအပ်ရင်ကြည့်လို့ရအောင်ပါ✍️
သံချောင်းတွက်နည်း
1ချောင်း=12 m=40 ft(39'4'')

10mm = 3/8''= 3မူး = 135 ချောင်း

12mm = 1/2 ''= 5မူး = 88ချောင်း

14mm = 9/16''= 5မူး1ပဲ=70ချောင်း

16mm = 5/8''= 6မူး=53ချောင်း

18mm = 3/4''= 3မတ်=41ချောင်း

20mm = 3/4''= 3မတ် = 33ချောင်း

22mm = 7/8''= 1လက်မမူးတင်း =27ချောင်း

25mm =1ကျပ်လုံး=1''= 21ချောင်း
________________________________________
1 Ton မှာရှိသော အချောင်းရေ

★ diameter (mm)
1000/0.006167d²×12m ( or )
13517÷d ÷d (12mm diameter မှလွဲ၍)

★ diameter (in)
2204.62/2.67d²×39.37 ft
________________________________________
သံချောင်း( Rebar ) အလေးချိန် တွက်ရန်ပုံသေနည်း

★ diameter (mm)
0.006167d²×သံချောင်း အရှည် ( m 😞 Kg

★ diameter (in)
2.67d² × သံချောင်းအရှည် (ft) = Lb
_______________________________________
Binding wire
6.5mm--------->8mm coil
1 m=0.26kg---->0.395kg
1ton=3834m--->2531m
1Viss=20´3´´--->13´4´´
________________________________________
Rebar 1Ton = 1000 Kg
Metric ton >>> 2204.62 lb
UK ( long ton ) >>> 2240 lb
US ( short ton ) >>> 2000 lb
Steel unit weight=490 lb per cu ft
________________________________________
ACI code
Main steel = 25 to 32mm
Ties & stirrups=10mm (min)
18 G Binding wire 40 coils
________________________________________
1 Kg =2.2 Lb
1Lb=0.22kg
1 in=25.4 mm
✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔
Site တစ်ခု အတွတ် Overhead Tank
အကြောင်းစဉ်းစားရင် ပေါ်လာလို့.
ရေဝင်ဆန့် တွတ်ပုံလေ ချရေးကြည့်တာ

1 ကုဗပေ = 6.25 ဂါလံ
အလျား×အနံ×အမြင့် = ကုဗပေ

ဥပမာ
4' × 4' × 2' = 32 ကုဗေပ
32 × 6.25 = 200 ဂါလံ ဝင်ဆန့်မယ်

လီတာ နဲ့ သိချင်ရင်တော့

1 ဂါလံ = 3.785 နဲ့ ညီမျှတယ်
200 ဂါလံ ဆိုတော့
200 × 3.785 = 757 လီတာ

ဒါကြောင့် 4 × 4 × 2 ရှိတဲ့ Tank တစ်လုံးမှာ
ဂါလံ 200 (သို့မဟုတ်) လီတာ 757
ဝင်ဆန့် မယ် 🙂
✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔

SEPTIC TANK
***************

Septic tank ( မိလ္လာပိုးစားကန်)
ဆိုတာ လူကစွန့်ပစ်တဲ့ မိလ္လာ(sewage)ကို
Bacteria ပေါက်ပွါးစေပြီး ဓါတ်ပြုတဲ့စနစ်
(Septic Action) ဖြစ်ပေါ်စေတဲ့ကန် ဖြစ်ပါ
တယ်။

Inlet pipe က ဝင်လာတဲ့ မိလ္လာ
(sewage)ဟာ Chamber 1 ထဲကို
ကျရောက်ပြီး ၃ ရက်မှ ၇ ရက်ခန့်အတွင်း
Anaerobic လို့ခေါ်တဲ့ Bacteria တစ်မျိုး
ပေါက်ပွါးလာပါတယ်။ Anaerobic
Bacteria ဟာ "လေမလို အလင်းမလိုပိုး"
ဖြစ်ပြီး Oxygen နဲ့ အလင်းရောင် မရှိမှ
ရှင်သန်နိုင်ပါတယ်။ Anaerobic Bacteria
က Sewage ကို ချေဖျက် (စားသုံး) ပြီး
နောက် သူတို့က စွန့်ထုတ်လိုက်တဲ့ စွန့်ပစ်
ပစ္စည်းဟာ Inlet pipe က ဝင်ရောက်လာ
တဲ့ ရေအရှိန်နဲ့ တရွေ့ရွေ့ Chamber 2
ဘက်ကို ရောက်ရှိသွားပြီး Aerobic
Bacteria ဆိုတဲ့ ပိုးတစ်မျိုးထပ်မံပေါက်ပွါး
လာပါတယ်။ Aerobic Bacteria ဟာ
"လေလို အလင်းလိုပိုး" ဖြစ်တဲ့အတွက်
Oxygen နဲ့ Light ရရှိမှ ရှင်သန်နိုင်ပါတယ်။

Aerobic Bacteria ဟာ Anaerobic
Bacteria ကစွန့်ထုတ်လိုက်တဲ့ စွန့်ပစ်ပစ္စည်း
ကို ဓါတ်ပြု(စားသုံး)ပြီး သူကစွန့်ထုတ်လိုက်
တဲ့ စွန့်ပစ်ပစ္စည်းဟာSludge (အနှစ်)အဖြစ်
ထွက်ပေါ်လာပါတယ်။Sludge ဟာကတ္တရာ
စေးလို မည်းနက်တဲ့ အစေး ဖြစ်ပါတယ်။
Bacteria ပေါက်ပွါးဖို့ ဖန်တီးပေးရန်မလိုပါ။
သူ့အလိုလို ပေါက်ပွါးပါတယ်။

Chamber 1 ထဲ ဝင်ရောက်လာတဲ့
Sewage ဟာ တဖြည်းဖြည်း အဆီများ
ထွက်လာပြီး Chamber 1 ထဲရှိ ရေမျက်
နှာပြင်အပေါ်ကိုတက်လာပြီး မိလ္လာဆီ
အလွှာ( Scum Layer)အဖြစ် ဖုံးပိတ်သွား
ပါတယ်။ ဒီ Scum Layer ဟာ အပေါ်မှာ
ရှိတဲ့နေရာလွတ်(Free Board)မှOxygen
ကို ရေထဲပျော်ဝင်မသွားစေရန် ကာကွယ်
ပေးထားတဲ့အတွက် Anaerobic Bacteria
များကို ပေါက်ပွါးရှင်သန်စေပါတယ်။

ဒါကြောင့် Scum Layer မပျက်စီးစေ
ရန်အတွက် Chamber 1 အတွင်း Inlet
Pipe အဝင်မှာ Tee ခံပြီး အောက်မှ1'~1'6"
အရှည်ရှိ Pipe ကိုဆက်ပေးပြီး Sewage ကို
ကျစေရပါတယ်။Tee ခံထားခြင်းဖြင့် မိလ္လာ
အတုံးအခဲများဟာ Tee အတွင်းမျက်နှာပြင်
ကိုရိုက်ပြီးအပိုင်းအစများအဖြစ်ကျေပျက်ကာ
ဓါတ်ပြုမှုလျင်မြန်စေမှာဖြစ်ပါတယ်။အောက်
မှာ Pipe ရှည်ကိုဆက်ထားတဲ့အတွက် ကျ
လာတဲ့ ရေအရှိန်ဟာ Scum Layer ကို ငြိမ့်
ငြိမ့်လေးသာ လှုပ်ရှားစေမှာဖြစ်ပါတယ်။
Tee နှင့် Pipe မခံဘဲ Inlet မှ directly ကျ
စေလျှင်Scum Layer ကွဲအက်ပြီး Oxygen
ဝင်ရောက်တဲ့အတွက်Anaerobic Bacteria
များမရှင်သန်နိုင်သဖြင့် Septic Action မရ
ရှိနိုင်ပါ။

Chamber1 မှ Sewage များ
Chamber 2 ဘက်မရောက်သွားစေရန်
အောက်ခံအခင်းမျက်နှာပြင်ကိုChamber 1
ဘက်တွင်နှိမ့်၍ Slope 1:10 to 1:20
အချိုးဖြင့် စောင်းပေးထားရပါတယ်။
Chamber2 ထဲရောက်လာတဲ့ Anaerobic
Bacteria ရဲ့ စွန့်ပစ်ပစ္စည်းတွေကိုAerobic
Bacteria တွေကဆက်လက်စားသုံးဓါတ်ပြု
ပြီး စွန့်ပစ်ပစ္စည်းအဖြစ် Sludge တွေဖြစ်
ပေါ် လာပါတယ်။

ဒီလို Complete Seption Actionဖြစ်
ဖို့ Baffle Wall ဟာ အောက်ပိုင်းမှာ တိုးလျှို
ပေါက်ဖြစ်နေဖို့ လိုပါတယ်။ရေကူးပေါက်ကို
အမြင့်မှာထားပြီး အောက်ခြေပိတ်ထားရင်
Septic Action အပြည့် မဖြစ်နိုင်ပါ။

Aerobic Bacteria တွေရှင်သန်နိုင်ဖို့
Oxygen နဲ့ Light လိုတဲ့အတွက် Chamber
2 အပေါ် Cover Slab မှာ Swan Neck ကို
တပ်ဆင်ထားရပါမယ်။ Swan Neck ဟာ
လေနဲ့အလင်း ဝင်ရောက်စေရန် အကျိုးပြု
ပါတယ်။Chamber 2 မှာ Scum Layer
မရှိတဲ့အတွက် ရေမှာ Oxygen ပျော်ဝင်
ပြီး Aerobic Bacteria တွေကိုရှင်သန်စေ
ပါတယ်။

Chamber 1 မှ Sewage တချို့ဟာ
Chamber 2 ဘက်ပါလာပြီးရေထက်ပေါ့တဲ့
အတွက် Chamber 2ရေမျက်နှာပြင်ပေါ်မှာ
ပေါ်နေတာတွေ ရှိနိုင်ပါတယ်။ဒါတွေ အပြင်
ကို ပါမသွားစေဖို့ Outlet Pipe အဝမှာTee
ခံထားဖို့ လိုပါတယ်။

Chamber1 အတွင်းရှိ Scum Layer
ရဲ့ levelကိုထိန်းထားရန် Chambers1&2
ဟာ ရေလုံရပါမယ်။ Wall ချင်းဆုံရာ or
Wall & Floor ဆုံရာCornerတွေမှာဖြစ်စေ
Wall & Pipe ထိနေတဲ့ အဆက်တဝိုက်မှာ
ဖြစ်စေ 1:2 Cement Mortar နဲ့ ထောင့်
ချုပ်ထားမှသာ ရေလုံမှာ ဖြစ်ပါတယ်။

Septic Tank အတွင်းသို့ အပြင်ရေ
ဝင်လျှင်Inlet မှမဝင်နိုင်တော့သလို အတွင်း
ရေ ထွက်သွားလျှင် Scum Layer နိမ့်ကျ/
အက်ကွဲပြီး Septic Action ပျက်စီးမှာဖြစ်
ပါတယ်။

Septic Action ဖြစ်နေစဉ်မှာဓါတ်ပြု
ပြီး Gas တွေထွက်ပါတယ်။ ထွက်တဲ့ Gas
တွေဟာToxicဖြစ်ပြီးလေထက်ပေါ့ပါတယ်။
ဒီ Gas တွေဟာ Free Board မှာ အောင်း
နေရင် Inlet မှ Sewage နဲ့ Waste Water
တွေ မဝင်နိုင်တော့ပါဘူး။ ( အရပ်အခေါ်
လေတင်းတယ်/လေခံတယ် လို့ခေါ်ပါတယ်)
Air Circulationဖြစ်အောင်AirOutletPipe
( about 2"or1 1/2" dia.)ကို Scum Layer
အထက်နံရံ or အဖုံးCoverSlab မှာတပ်ဆင်
ပေးပြီးအဆောက်အဦးမှာရှိတဲ့ AirVentPipe
နဲ့ ဆက်သွယ်ရပါတယ်။

လေဟာ အနိမ့်မှာရှိတဲ့ Swan Neck
မှဝင်ပြီး Baffle Wall ကိုဖြတ်၍ Air Outlet
Pipe မှတဆင့် Vent Pipe အတွင်းသို့ Gas
တွေနဲ့အတူရောက်ရှိပြီး အမြင့်မှာထွက်သွား
အောင်လုပ်ရပါမယ်။ဒါကြောင့် Baffle Wall
ကို အထက် (Slab အောက်) မှာ 6" ခန့်
လွှတ်ထားပေးရပါမယ်။

စတင်အသုံးပြုတဲ့ အချိန်မှာကန်တွင်းရှိ
ရေ Level ဟာ Inlet မှ ချထားတဲ့ Pipe နှုတ်
ခမ်း အထက် 3" ခန့်အထိ ရေဖြည့်ထားပြီး
သုံးမှသာ Septic Action ဖြစ်ပေါ်မှာ ဖြစ်ပါ
တယ်။Cover Slab မဖုံးမီမှာ ကန်ရေလုံမလုံ
စစ်ဆေးဖို့ လိုပါမယ်။Septic Action မဖြစ်ရင်
အဲဒီကန်ဟာ Septic Tank မဟုတ်ဘဲ
Sewage Storage Tank သာ ဖြစ်နေပါလိမ့်
မယ်။

Manhole အပေါက်ကို ပိုက်ဆက်များ
ရှိသည့်နေရာအနီးတွင် ထားမှသာ အဖုံးဖွင့်
ပြီး ပိုက်ဆက်များ ပြုပြင်ရန် လွယ်ကူမှာ
ဖြစ်ပါတယ်။

Septic Tank ကို Black Cotton Soil
( ဆားနယ်ဖွတ်ချေးမြေ) တွင် တည်ဆောက်
ရပါက Tank ၏ အပြင်ပတ်လည်မှာ သဲဖြင့်
Back filling လုပ်ရပါမယ်။Black Cotton
Soil ဟာ ရေအစိုဓါတ်ရှိတဲ့ အချိန်မှာ ပွလာ
ပြီး ဘေးနံရံ အပေါ် Compressive Force
(ဖိအား) သက်ရောက်ပြီး ခြောက်သွေ့ချိန်
ကျုံ့သွားပါက Tensile Force (ဆွဲအား)
သက်ရောက်စေနိုင်သဖြင့် Septic Tank
နံရံများ အက်ကွဲနိုင်ပါသည်။ထိုအခါ Water
level ကိုမထိန်းနိုင်ဘဲ Septic Action
ပျက်သွားမှာဖြစ်ပါတယ်။နံရံနှင့် မြေအကြား
Sandဖြင့် ပိုင်းခြားထားခြင်းဖြင့်Compression
ခံရသော်လည်း Tension မခံရသဖြင့် နံရံ
အက်ကွဲခြင်းမှထိုက်သင့်သလောက်ကာကွယ်
နိုင်မှာ ဖြစ်ပါတယ်။

များသောအားဖြင့် Free Board (h 2)
ကို 0.3 metre(1 ပေခန့်)ထားလေ့ရှိပါတယ်။
Septic Action ဖြစ်ရန်ကြာချိန်(Detention
Period) မှာ 12 hrs. ခန့်ဖြစ်ပြီး Sludge
ထွက်ရှိမှုနှုန်းဟာ လူတစ်ဦး တစ်နှစ်လျှင်
10 litres နှုန်းဖြင့် တွက်လေ့ရှိပါတယ်။

ဒါကြောင့် သုံးစွဲသူဦးရေနဲ့ လိုအပ်သော
ကန်အရွယ်အစား တွက်ချက်မှုအတိုင်း မှန်
ကန်စွာတည်ဆောက်ပြီး Septic Action Fail
မဖြစ်ပါက ထွက်ရှိမည့် Sludge ထုထည်ကို
တွက်ထုတ်နိုင်ပြီး မိမိတည်ဆောက်ထားတဲ့
ကန်အနက်ရဲ့ ဘယ်နေရာလောက်အထိ
Sludge ဖြင့်ပြည့်နေပြီ ဆိုတာ ခန့်မှန်းနိုင်ပြီး
စုပ်ထုတ်ခြင်း( Withdrawal)လုပ်နိုင်မှာဖြစ်
ပါတယ်။

Outlet Pipe ထားရမဲ့ Level ကိုတော့
တည်ဆောက်မဲ့နေရာရဲ့ မိုးရာသီရေဝပ်တဲ့
Level နှင့် မြေအောက်ရေ ရှိ/ မရှိ တို့ အပေါ်
မူတည် တွက်ချက်ရမှာ ဖြစ်ပါတယ်။ Inlet
Pipe ဟာ Outlet ရဲ့ အထက် 3" မှ 6" ခန့်
ပိုမြင့်နေမှသာ အဆင်ပြေပါမယ်။

Sewer Pipe Line ရဲ့ Slope အချိုးနဲ့
တွက်ချက်ပြီး အဆောက်အဦးအတွင်းရှိ
W.C.( Ground Floor) မှ ထွက်တဲ့ Outlet
Level ကို ချိန်မှ ရာသီ မရွေး သုံးလို့ အဆင်
ပြေပါ့မယ်။

Septic Tank for 50 users
-----------------------------------------

According to table
100 user = 240 lpm
150 user = 360 lpm
200 user = 480 lpm
300 user = 720 lpm

10 lpm = 0.92 M^2

100 user = 240 lpm
for 50 user = ?
= 120 lpm

10 lpm = 0.92 m^2
120 lpm = ?
= 11.04 m^2

1 အနည်ထိုင်မည့်စွန်ပစ်အနက်
(Sedimentation) = 0.3 m
2 အလိုထားကျင်းအမြင့်
(Free board) = 0.3 m
3 ကြေသွားမည့်အချိန်အတွက်အနက်
(Disgestion) = 0.032 m
4 အညစ်အကြေးစု့ကန်အနက်
(Storage volume) = 0.073 m

To fine total volume -
1 Sedimentation = Area × Depth
= 11.04 × 0.3 = 3.312 m^3
2 Free board = Area × Depth
= 11.04 × 0.3 =3.312 m^3
3 Disgestion = Depth × User
= 0.032 × 50 = 1.6 m^3
4 Storage volume = Depth × User
= 0.073 × 50 = 3.65 m^3
Total volume = 11.874 m^3

Depth of Spetic Tank = Volume ÷ Area
= 11.874 ÷ 11.04
= 1.08 m

Assume = L/B = 2.5
L = 2.5B
Area = L × B =11.04
2.5B × B = 11.04
2.5 B^2 = 11.04
B^2 = 11.04/ 2.5
B = 2.1 m ,L = 5.25 m

Depth = 1.08 m
Length = 5.25 m
Width = 2.1 m

မှတ်ချက်-----
အညစ်အကြေးများသာကန်ထဲစု့စေပြီးရေများကို
မြေကြီးထဲပြန်စုတ်ဝင်စေပါသည်။(Soil Absorption System).


20/10/2021

R.C.C အဆောက်အဦး တစ်လုံးဆောက်လုပ်ရာတွင် အဓိကအရေးကြီးသော အခြေခံအချက်အလက်များ (အပိုင်း -၃)
••••••••••••••••••••••••••••••••••••••••••••••••••

1. Plinth Beam (PB) ••

Plinth Beam ဆိုသည်မှာ Foundation ရဲ့ ထိပ်ဆုံးအဆင့်ဖြစ်ပြီး အဆောက်အဦးတစ်ခု၏ အပေါ်ပိုင်းမှ သက်ရောက်သမျှ ဝန် (Load) ကို Foundation နှင့်အတူ မျှထမ်းပေးသော သံကူကွန်ကရစ် (R.C.C Casting) အမျိုးအစားဖြစ်သည်။ ၎င်းနောက်မှ အပေါ်ဆက်တက်မည့် အဆောက်အဦးပုံစံကို ဆက်လက်ပုံဖော်ကြရပါသည်။

Plinth Beam သည် အဆောက်အဦး၏ ကြမ်းခင်း (Slab) နှင့် အမိုး(Roofing) တို့ရဲ့ဝန်ကို ထမ်းဖို့ မဟုတ်သောကြောင့် အုတ်ရိုးထမ်းဖို့ သက်သက်သာ Structure Design ထဲတွင် Design Engineer များက ဒီဇိုင်းဆွဲလေ့ရှိပါတယ်။

Beam များတွင် သံဆင်ပုံများကို Main Bar, Bent Up Bar, Side Bar(Tortion Bar) , Extra Bar, Stirrup စသည်ဖြင့် အမျိုးမျိုးခွဲခြားထားပါတယ်။ Design Engineer များမှ ပုံထုတ်သောအခါတွင် အဆောက်အဦးတစ်ခု၏ ဝန် (Load)ကို ထည့်သွင်းစဉ်းစားပြီး သံဆင်ပုံများကို တပါတည်းပုံထုတ်ပေးတတ်ကြသည်။

Plinth Beam လုပ်ငန်းမစတင်မီ ပတ်တန်း၊ ပန္နက်မျဉ်းတွေ သေချာပြန်စစ်ရပါ့မယ်။ ကျင်တွယ်ပြန်ဖမ်းရပါ့မယ်။ မြေကြီးတူး၊ မြေကြီးပစ်၊ လုပ်ငန်းခွင်လှုပ်ရှားမှုကြောင့် အနေအထား လွဲနေနိုင်ပါတယ်။ နောက်ဆုံးအဆင့် ပန္နက်မျဉ်းကို အဆောက်အဦးပေါ်တင်မှာမို့ ပြန်စစ်ဆေးတာ အကောင်းဆုံးမို့ပါ။ အနေအထား လွဲနေခဲ့ရင်လည်း PB မှာ နည်းနည်း ချိန်ကစားလို့ ရပါသေးတယ်။ Column သံတိုင်တွေ Center ကျ/ မကျ Spacing မှန်/ မမှန် ပန္နက်မျဉ်းနဲ့ ပြန်စစ်ရပါ့မယ်။

Main Bar ရဲ့ Top Bar ကို 90 Bent လုပ်ပြီး Column ထဲထည့်ရပါမယ် Bottom Bar ကို Hook လုပ်ရပါမယ်။
Column နဲ့ Beam ဆုံတဲ့နေရာကို Column Tie ကွင်းထည့်ထားသင့်ပါတယ်။ တကယ်တော့ ဆုံချက် (Joint) မှာ Column Tie ကွင်းနဲ့ Beam Stirrup ကိုထည့်ထားသင့်ပါတယ်။ လုပ်ရတာခက်ခဲရင် Column Tie ကွင်းတော့ မဖြစ်မနေ ထည့်ရပါ့မယ်။

Formwork တွေ ပုံစံ(Drawing) ပါ အတိုင်း ပြည့်စုံအောင် ရိုက်ပေးပါ။ Ailgnment ဖြောင့်/ မဖြောင့် စစ်ရပါ့မယ်။ သံဆင်ခြင်း (Rebar Work) တွေကော အရည်အတွက်/ လက်မခြား/ ညီမညီ၊ Stirrup ကွင်းတွေကော အရည်အတွက်/ လက်မခြား/ အနေအထား မှန်ရဲ့လား၊ သံတွေမရွေ့အောင် Binding wire တွေ သေချာ ချည်/ မချည်၊ Lapping တွေ မှီ/ မမှီ၊ Cover တွေ ရ/ မရ အားလုံးသေချာစွာ ပြန်စစ်ဆေးပေးပါ။

ကွန်ကရစ် အချိုးအစားမှန်/ မမှန် (1:2:4) (1:3:6)၊ ကွန်ကရစ်မွှေရာတွင်လည်း စစ်ဆေးပေးပါ။ ရေပါဝင်မှုနည်းအောင် ဂရုစိုက်ပြီး ခပ်ထွေထွေလေး ဖျော်ပေးပါ။ ကွန်ကရစ် မလောင်းခင် လောင်းမယ့် မျက်နှာပြင်နှင့် Formwork တွေကို ရေလောင်း၊ သန့်ရှင်းရေး သေချာလုပ်ပေးပါ။ ကွန်ကရစ် လောင်းတဲ့ အချိန်တွင်လည်း 4' လောင်းပြီးတိုင်း Vi****or နှင့် သေချာစွာထိုးပေးပါ၊ Vi****or ထိုးရာတွင်လည်း Horizontal ပုံစံမထိုးပါနှင့် 🚫🚫🚫။ Vertical 90 Degree ကျကျ ထိုးပေးပါ။ လောင်းပြီးသား အနှံ့ထိုးပါ။

ကွန်ကရစ်လောင်းပြီး နောက်ရက် Formwork ဖြုတတ်ပြီးသည်နှင့် curing လုပ်ပေးရပါမယ်။ နေ့တိုင်း မနက် (၁) ကြိမ်၊ နေ့လည် (၁) ကြိမ်၊ ညနေ (၁)ကြိမ် ရေလောင်း/ ရေဖျန်းပေးရပါမယ်။
••••••••••••••••••••••••••••••••••••



သံ ဖ ရိန် အ ဆောက် အ ဦ များ တည် ဆောက် ရာ တွင် အ သုံး ပြု သော ဂ ဟေ ဆက် များ ကို စစ် ဆေး နိုင် သော နည်း လမ်း (၆)မျိုး (၁) အ...
13/10/2021

သံ ဖ ရိန် အ ဆောက် အ ဦ များ တည် ဆောက် ရာ တွင် အ သုံး ပြု သော ဂ ဟေ ဆက် များ ကို စစ် ဆေး နိုင် သော နည်း လမ်း (၆)မျိုး

(၁) အ မြင် ပိုင်း ဖြင့် သာ စစ် ဆေး ခြင်း။ (Visual Inspection)

(၂) စမ်း သပ် ဖျက် ဆီး ခြင်း ဖြင့် စစ် ဆေး ခြင်း။

(၃) ဓါတ် ရောင် ခြည် သုံး စစ် ဆေး ခြင်း။

(၄) အ သံ လှိုင်း ကို သုံး ၍ စစ် ဆေး ခြင်း။

(၅) လျှပ် စစ် သံ လိုက် မှုန် များ ကို အ သုံး ပြု စစ် ဆေး ခြင်း။

(၆) စိမ့် ဝင် နိုင် သော အ ရည် တစ်ခုကိုသုံး၍စစ်ဆေးခြင်းတို့ဖြစ်သည်။

🔸အ မြင် ပိုင်း ဖြင့် သာ စစ် ဆေး ခြင်း။
- အ ဆို ပါ နည်း လမ်း သည် အ မြန် ဆန် ဆုံး၊ အ လွယ် ကူ ဆုံး နှင့် အ သုံး အ များ ဆုံး နည်း လမ်း ဖြစ် ပါ သည်။
- သို့ သော် ဂ ဟေ ဆက် ၏ ခံ နိုင် အား ကို ဆုံး ဖြတ် ရာ ၌ ယုံ ကြည် စိတ် ချ ရ မှု အ နည်း ဆုံး နည်း လမ်း ဖြစ် သည်။
- ထို့ ကြောင့် ကျွမ်း ကျင် လိ မ္မာ သော စစ် ဆေး သူ ရှိ ပါ မှ သာ လျှင် ဤ နည်း လမ်း ကို သုံး ခြင်း က ပို ၍ အ ကျိုး များ ပေ မည်။

# စမ်း သပ် ဖျက် ဆီး ခြင်း ဖြင့် စစ် ဆေး ခြင်း။
- ဂ ဟေ ဆက် ကို စမ်း သပ် ဖျက် ဆီး ၍ ထို ဂ ဟေ ဆက် ၏ အ မှန် တ ကယ် ခံ နိုင် သည့် ခံ နိုင် အား ကို ဆုံး ဖြတ် သော နည်း လမ်း ဖြစ် သည်။
-ထို့ ကြောင့် အ ဆို ပါ နည်း လမ်း ကို စမ်း သပ် မှု များ ဆောင် ရွက် ရာ တွင် သာ အ သုံး ပြု သည်။

🔸ဓါတ် ရောင် ခြည် သုံး စစ် ဆေး ခြင်း။
-အ ဆို ပါ နည်း လမ်း တွင် ရှေး ဦး စွာ ဂ ဟေ ဆက် ၏ ဓါတ် မှန် ပုံ ရိပ် အား ဓါတ် ရောင် ခြည် ကို အ သုံး ပြု ၍ ရ ယူ သည်။
-ထို ဓါတ် မှန် ပုံ ရိပ် သည် ၂ ရာ ခိုင် နှုန်း ခန့် ပင် သေး ငယ် သည့် ဂ ဟေ ဆက် ၏ အ ပြစ် အ နာ အ ဆာ ကို ပင် ပြ သ ပေး နိုင်သည်။

🔸အ သံ လှိုင်း ကို သုံး ၍ စစ် ဆေး ခြင်း။
-အ ဆို ပါ နည်း လမ်း တွင် နှုန်း လွန် အ သံ လှိုင်း များ ကို အ သုံး ပြု ၍ တုန် ခါ ခြင်း ကို ဖြစ် ပေါ် စေ ကာ ဂ ဟေ ဆက် ၏ အ ပြစ် အ နာ အ ဆာ များ ကို ရှာ ဖွေ ဖော် ထုတ် သည်။

🔸လျှပ် စစ် သံ လိုက် မှုန် များ ကို အ သုံး ပြု စစ် ဆေး ခြင်း။
- အ ဆို ပါ နည်း လမ်း တွင် လျှပ် စစ် သံ လိုက် အ မှုန် များ ကို ဂ ဟေ ဆက် ၏ မျက် နှာ ပြင် ပေါ်နှင့် အ နီး အ နား တို့ ၌ ဖြန့် ကျဲ ထား ခြင်း ဖြင့် ဂ ဟေ ဆက် အ တွင်း ရှိ အ ပြစ် အ နာ အ ဆာ ကို ညွှန် ပြ စေ သည်။
- ထို နည်း လမ်း ကို အ လူ မီ နီ ယမ် ကဲ့ သို့ သံ လိုက် ဓာတ် မ ရှိ သည့် သ တ္ထု များ တွင် အ သုံး မ ပြု သင့် ပေ။

🔸စိမ့် ဝင် နိုင် သော အ ရည် တစ် ခု ကို သုံး ၍ စစ် ဆေး ခြင်း။
- အ ဆို ပါ နည်း လမ်း တွင် ဂ ဟေ ဆက် ၏ မျက် နှာ ပြင် ကို စိမ့် ဝင် နိုင် သော အ ရည် ဖြင့် ပက် ဖျန်း ခြင်း, မျက် နှာ ပြင် ကို ခြောက် သွေ့ စေ ခြင်း နှင့် ထိုး ဖောက် စီး ဆင်း နိုင် သော အ ထူး ပြု လုပ် ထား သည့် အ ရည် တစ် မျိုး ကို ဂ ဟေ ဆက် ၏ မျက် နှာ ပြင် ထဲ သို့ ထိုး ဖောက် ဝင် ရောက် စေ ခြင်း တို့ ပါ ဝင် သည်။
- အ ဆို ပါ နည်း လမ်း သည် တွက် ခြေ ကိုက် ပြီး အ သုံး ပြု ရ လွယ် ကူ သော် လည်း အ ဆို ပါ နည်း လမ်း တွင် ဂ ဟေ ဆက် ၏ အ ပြစ် အ နာ အ ဆာ များ သည် ၄င်း မျက် နှာ ပြင် ပေါ် တွင် တည် ရှိ နေ ခြင်း သို့ မ ဟုတ် မျက် နှာ ပြင် အ ထိ ပွင့် ထွက် နေ မှ သာ အ သုံး ပြု နိုင် ပါ သည်။
source from Construction Engineering / Steel Construction

♦️အုတ်ခဲ စမ်းသပ်နည်း♦️အုတ်တစ်ချပ် ကောင်းမကောင်း အောက်ပါနည်းတွေနှင့် စမ်းသပ်နိုင်ပါတယ်။(1) ရေစုပ်ယူမှု(2) ဖိအားခံနိုင်မှု...
12/10/2021

♦️အုတ်ခဲ စမ်းသပ်နည်း♦️
အုတ်တစ်ချပ် ကောင်းမကောင်း အောက်ပါနည်းတွေနှင့် စမ်းသပ်နိုင်ပါတယ်။
(1) ရေစုပ်ယူမှု
(2) ဖိအားခံနိုင်မှု
(3) မာကြောမှု
(4) ပုံစံနှင့် အရွယ်အစား
(5) အရောင်
(6) အသံကောင်းမွန်မှု
(7) ဖွဲ့စည်းပုံ
(8) ဆားပေါက်မပေါက် စတဲ့နည်းလမ်းတွေနှင့်
စမ်းသပ်လို့ ရပါတယ်။

(1) ရေစုပ်ယူမှုက အုတ်တစ်ချပ်အနေနှင့် ဘယ်လောက်ရေစုပ်ယူသလဲ ဆိုတာကို ကြည့်တာပါ။ အုတ်တစ်ချပ်ကိုယူ အလေးချိန်ချိန်ပြီး ရေထဲ ၂၄နာရီ စိမ်ထားရပါမယ်။ အလေးချိန်ပြန်ချိန်ကြည့်တဲ့အခါ ရေစုပ်ယူလို့ တိုးလာတဲ့ အလေးချိန်က မူလအလေးချိန်ရဲ့၂၀% မကျော်ရဘူး ဆိုပါတယ်။

(2) ဖိအားခံနိုင်မှုက အုတ်တစ်ချပ်ကို ကွန်ကရစ်တုံးခွဲစမ်းသလို compression test machine မှာ ဖိပြီး စမ်းကြည့်တာပါပဲ။ ကွဲသွား ကျိုးသွားတဲ့ ဖိအားက 3.5N/mm2 ထက်မနည်းရဘူး ဆိုပါတယ်။ 507.632 psi ပေါ့။

(3)မာကြောမှုက မာကြောတဲ့ အရာတစ်ခုနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရဘူး ဆိုပါတယ်။ လုပ်ငန်းခွင်မှာ အများအားဖြင့် လက်သည်းနှင့် ခြစ်ကြည့်တာပါပဲ။ လက်သည်းနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရင် မာကြောတယ်လို့ ယူဆကြပါတယ်။

(4) ပုံစံနှင့် အရွယ်အစားမှာ ပုံစံအားဖြင့် စောင်းခြင်း ရွဲ့ခြင်းမရှိ လေးထောင့်ကျပြီး အစွန်းအနားတွေဟာ ဖြောင့်တန်းညီညာနေရပါမယ်။ အရွယ်အစားအားဖြင့် အုတ်ချပ်၂၀လောက်ကို ကောက်ယူပြီး တိုင်းတာကြည့်တဲ့အခါ တစ်ချပ်နှင့် တစ်ချပ် တူညီမှု ရှိရပါမယ်။ အတိုအရှည် အထူအပါး ကွဲပြားမှု မရှိရပါ။

(5) အရောင်က အုတ်ချပ်တွေဟာ တူညီတဲ့ အရောင်ရှိရမှာဖြစ်ပြီး အုတ်ချပ်တစ်ချပ်မှာကို အရောင်အနုအရင့် ကွဲတာမျိုး မဖြစ်ရပါဘူး။

(6)အသံကောင်းမွန်မှုက အုတ်၂ချပ်ကို ယူပြီး တစ်ချပ်နှင့်တစ်ချပ် ရိုက်ကြည့်ရာမှာ ပေါ့ပါးတဲ့ ချိုလွင်တဲ့အသံကြားရပါမယ်။ လေးလေးပင်ပင် ထုံတုံတုံ အသံမျိုး မရှိရပါဘူး။

(7) ဖွဲ့စည်းမှုက အုတ်ကို ချိုးကြည့်ပြီး ဒါမှမဟုတ် အုတ်ကျိုးကို ယူကြည့်တဲ့အခါ အုတ်ရဲ့ အတွင်းသားမျက်နှာပြင်တွေက အက်ကြောင်း အပေါက် စတာမျိုးတွေ မရှိရပဲ တစ်သားထဲရှိနေရပါမယ်။

(8) ဆားပေါက်မပေါက်က အုတ်ကို ရေထဲ ၂၄နာရီစိမ်ထားပြီး အခြောက်ခံပါ။ ခြောက်သွေ့သွားတဲ့အခါ အုတ်ချပ်ပေါ်မှာ မီးခိုးရောင် အဖြူရောင် အမှုန်လေးတွေ ကပ်နေတာမျိုး တွေ့ရရင် အုတ်မှာ ဆားဓါတ်ပါတယ် ဆိုပါတယ်။
အဲဒါတွေက ယေဘုယျအားဖြင့် စမ်းသပ်ကြည့်လို့ ရတဲ့ နည်းလမ်းတွေပါ။ lab တွေမှာ ဒီထက် အသေးစိပ် စမ်းသပ်ကြည့်လို့ ရပါတယ်။
ခုနက ပြောတဲ့ အုတ်က မကျိုးရဘူး ဆိုတာက ဒီလိုပါ။ ရိုက်ကြည့်လို့ မကျိုးရဘူး ဆိုတာမှာ ဖြည်းဖြည်းရိုက်ရင်တော့ ဘယ်ကျိုးပါ့မလဲ။ အင်းဟာ … အင်းဟာ … ဆိုပြီး အားနှင့် ရိုက်လို့ကတော့ ကျိုးမှာပေါ့။ တစ်ချို့များ ပစ်ချရင် မကျိုးရဘူး ဆိုပြီး အပေါ်ကိုတောင် အားပါးတရ ပစ်တင်လိုက်ကြတယ်။ အမှန်က အောက်မှာရှိတဲ့ အုတ်တစ်ချပ်အပေါ်ကို အမြင့် 1m(3ft) အမြင့်ကနေ အသာကိုင်ပြီး လွတ်ချရတာပါ။ အဲလိုလွတ်ချတဲ့ အုတ်က မကျိုးရဘူးလို့ ဆိုတာပါ။
အဲဒါမျိုးလေးတွေ သိထားတော့ အင်ဂျင်နီယာမဟုတ်ရင်တောင် site ထဲ ခပ်တည်တည်နှင့် ၀င်ပြောလို့ ရတာပေါ့။ အခုလဲ ပြောနေကြတာပါပဲလ

#အုတ်ခဲစမ်းသပ်နည်း

  ရေကန်အလေးချိန် နှင့် အမိုးဆလပ်ခိုင်ခံ့မှုအခုပြောချင်တဲ့အကြောင်းအရာလေးကတော့ မိတ်ဆွေတို့ရဲ့RC အာစီ (သိူ့မဟုတ်) steel str...
03/10/2021



ရေကန်အလေးချိန် နှင့် အမိုးဆလပ်ခိုင်ခံ့မှု

အခုပြောချင်တဲ့အကြောင်းအရာလေးကတော့ မိတ်ဆွေတို့ရဲ့RC အာစီ (သိူ့မဟုတ်) steel structureလို့ခေါ်တဲ့သံထည်အဆောက်အဦးရဲ့ အမိုးဆလပ်ပြင်ပေါ်မှာ တင်ထားတဲ့ ရေကန်အလေးချိန်အကြောင်းပါ။

အိမ်ဆောက်ကတည်းက အမိုးဆလပ်ပေါ် ရေကန်တင်မဲ့နေရာကို ကြိုစဥ်းစားသင့်ပါတယ်။ အိမ်ဆောက်ပီးမှ သင့်ရာထားမယ်လို့စိတ်ကူးနေတယ်ဆို စာဆုံးအောင်ဖတ်ပေးပါ။

အမိုးဆလပ်မှာ အုတ်ရေကန်ဘဲဆောက်ဆောက်၊ စတီးကန်ဘဲတင်တင်၊ ပလတ်စတစ်ကန်ဘဲထားထား မိမိတင်မဲ့ရေရဲ့ အလေးချိန်ကို သိပါသလား။

ရေတစ်ဂါလံဟာ 8ပေါင်ကနေ ၁၀ပေါင်အထိလေးပါတယ်။(မိမိတို့တင်ထားတဲ့ ရေဂါလံကို အခုဘဲ ၁၀ပေါင်နဲ့မြှောက်ကြည့်ပါ)

တစ်ပေပတ်လည် တစ်ပေ​အမြင့်ရှိတဲ့ရေရဲ့အလေးချိန်က 62ပေါင် ရှိပါတယ်။

ပိုရှင်းအောင်ပြောရရင် ၃ပေ ပတ်လည် ၃ပေအမြင့်ရှိတဲ့ရေကန်ရဲ့ရေအလေးချိန်က တန်ဝက်(ဘိလပ်မြေ ၁၀အိတ်အလေးချိန်) နီးပါးရှိပါတယ်။

ဒါတောင် အုတ်စီထားတဲ့ အလေးချိန်ထည့်မတွက်ရသေးပါဘူး။

အမိုးဆလပ်မှာ ရေဂါလံ ဘယ်လောက်ထားမယ်ဆိုတာ အိမ်မှာရှိမဲ့ လူဦးရေအရေအတွက်နဲ့ ပျှမ်းမျှတွက်ချက်ပီးတင်ကြပါတယ်။ ရေကန်ကြီးလေ အလေးချိန်ပိုများလေပါ။

ရေကန်တင်ဖို့နေရာရွေးပီးရင် ထိုနေရာမှာရှိတဲ့
ဆလပ်ပြင်ထမ်းနိုင်အား၊
သူ့အောက်က ထုပ်ရဲ့ Size၊
ထည့်မဲ့ သံချောင်းအရေအတွက် လုံလောက်ရဲ့လား အသေးစိတ်တွက်ချက်ရပါတယ်။ ဒါမှသာ တင်မဲ့ရေအလေးချိန်ကို အန္တရာယ်ကင်းကင်းနဲ့ အဆောက်အဦးက သက်တမ်းတစ်လျောက် ထမ်းထားနိုင်မှာပါ။

ရေကန်ထားမဲ့နေရာကို အလွယ်တကူမပြောင်းသင့်ပါဘူး။ ရေရဲ့အလေးချိန်က အထက်မှာပြောထားသလို ၃ပေ ပတ်လည်လေးတောင် တန်ဝက်(ပေါင် ၁၁၀၀) ရှိနေလို့ပါ။ နေရာပြောင်းလိုက်ရင် ပြောင်းထားမဲ့နေရာရှိ ဆလပ်၊ ထုပ် size လုံလောက်ရဲ့လား ပြန်စစ်ရပါမယ်။

ရေရဲ့အလေးချိန်က အရှင်ဖြစ်ပါတယ်။ ဆိုလိုတာက ကန်ပေါ်ရေတင်နေတုန်း ရေဟာ လှုပ်ရှားနေပါတယ် ။မြင်အောင်ပြောရရင် ဝက်တစ်ကောင်ကို အသေထမ်းထားတာနဲ့ အရှင်ထမ်းထားရတာ ဘယ်ဟာ ပိုအားသုံးရပါသလဲ။ အရှင်က ရှုန်းကန်နေတာပါ။

ဆိုတော့ အထက်ကပြောခဲ့သလို size မလုံလောက်ရင် အန္တရာယ်ကြီးပါတယ်။
ချိန်ကိုက်ဗုံးကို ခေါင်းပေါ်တင်ထားရသလိုပါဘဲ။ (ခုလိုပြောလို့ ခြောက်တယ်မထင်ပါနဲ့ ရေကန်ဝိတ်မနိုင်လို့ အိကျနေတဲ့ ဆလပ်ပြင်တွေ ရှိပါတယ်၊ ပြိုကျသွားခဲ့တဲ့အဆောက်အဦးတွေလည်းရှိပါတယ်)

အမိုးပေါ် အပင်စိုက်တဲ့ အိမ်ရှင်တွေလည်းရှိနေပြန်ပါသေးတယ်။ အစောကတည်းက အစီအစဥ်ရှိရင် ကန်ထရိုက်(သို့) အင်ယာကို ကြိုပြောပါ။ အပင်စိူက်မယ်ဆိုမြေကြီးတင်ရပါတယ်။

မြေကြီးရဲ့အလေးချိန်ဟာ တစ်ပေပတ်လည် တစ်ပေအမြင့် မှာ ပေါင်၁၂၀ရှိပါတယ်။ ဒါတောင် ရေလောင်းလိုက်လို့ မြေကြီးစိုသွားရင် ရေရဲ့ အလေးချိန်ပေါင်းထည့်ရတော့မှာပါ။

အိမ်မှာ မိသားစု၅ယောက်နေတယ်ဆိုရင်တောင် အလေးချိန် ပေါင် ၁၀၀၀လောက်ဘဲရှိတာပါ။

အမိုးဆလပ်ပေါ်မှာတော့ ရေဝိတ်၊ အပင်ဝိတ်၊ မြေကြီးဝိတ် ထမ်းထားရတာ ပိုများနေပါတယ်။ ဒီကြားထဲ မိုးများလို့ ရေဆင်းပိုက်က ရေချက်ချင်းမစီးနိုင်ရင် အဲ့မိုးရေ ဝိတ်ပါ ယာယီထမ်းရပါသေးတယ်။

ဒါပေမဲ့ ကန်ထရိုက်က အမိုးဆလပ်မို့ လူမနေဘူး၊ အခန်းမဖွဲ့ဘူး ဆိုပီး size၊ ထည့်မဲ့သံချောင်း လျော့ပီး ဆောက်သွားပေးတယ်ဆို တွေးကြည့်ရုံနဲ့ လန့်ရပါတယ်။

ပြောချင်တာက အိမ်ရှင်တွေက အမိုးဆလပ်ပေါ် ဘာတင်မယ် ဘာလုပ်မယ်ဆိုတာ စဥ်းစားမိသလောက် ကန်ထရိုက် or အင်ယာ ကိုသေချာပြောပြထားပေးပါ။ ပုံဆွဲကတည်းက မြင်သာအောင် ထည့်ဆွဲထားပါ။

သေချာ တွက်ချက်ဆောက်ခိုင်းပါ။
ပိုသေချာချင်ရင် နည်းလမ်းရှိပါတယ်။အင်ယာအခေါ် (load test) စမ်းတယ်ခေါ်ပါတယ်။

မိမိတို့တင်မဲ့ ရေဂါလံနဲ့ ၁၀ နဲ့မြှောက်ပါ။ ဥပမာဆိုပါစို့

ဂါလံ ၃၀၀တင်တယ်ဆိုပါစို့။ ၃၀၀x၁၀=၃၀၀၀ပေါင်
(ဘိလပ်မြေတစ်အိတ်က ၁၁၂ပေါင်လေးတယ်)
၃၀၀၀ကို ၁၁၂နဲ့စား= ၂၆.၇ အိတ်စာအလေးချိန်နဲ့ညီမျှတယ် ။

ပို အန္တရာယ် ကင်း (safe ) ဖြစ်အောင် ၂ဆတိုးရပါမယ်။ အဆောက်အဦးက ရေရှည်မှာ ခံနိုင်အားကျလာတတ်လို့ နောင်တစ်ချိန်မှာ အန္တရာယ်ကင်းအောင်ပါ။ အိတ်၅၀ လောက် ရေကန်တည်မဲ့နေရာကိုဘဲ ကွက်တင်ကြည့်လိုက်ပါ။ (အမိုးဆလပ်တစ်ပြင်လုံး ဖြန့်မတင်ရ ၊ ရေကန်ထားမဲ့ဧရိယာလေးအတိုင်း ဘိလပ်မြေအိတ် စီပီးထပ်တင်ကြည့်ရမယ်)
ဘာမှမဖြစ်ရင် ok ပီ 😆😆

အားလုံးဘဲ အဆင်ပြေသတိထားမိနိုင်ကြပါစေ။ ကျန်တော့်Siteမှာတော့ ကျန်ငွေမပေးချင်နေ။ ပြီးခါနီးမှ အမိုးဆလပ်က ရေကန်တော့နေရာမပြောင်းခိုင်းနဲ့😅😅။ ကြောက်တယ်ဗျ။

Credit, Phyo Pyae Kyaw BE (Civil) MDY

ကဲ..ဒီတစ်ခေါက်တော့ မိတ်ဆွေများအတွက် ဗဟုသုတအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာသုံးလေ့ရှိတဲ့ "ကျင်းနှင့် တန်တွက်နည်းကိုအနည်း...
01/10/2021

ကဲ..ဒီတစ်ခေါက်တော့ မိတ်ဆွေများအတွက် ဗဟုသုတအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာသုံးလေ့ရှိတဲ့ "ကျင်းနှင့် တန်တွက်နည်းကိုအနည်းငယ် မျှဝေမှာပါနော်..👍
ကျင်းဆိုတဲ့အသုံးအနှုန်းက မြန်မာ engineer တွေဆောက်လုပ်ရေးလုပ်ငန်းခွင်မှာသုံးလေ့ရှိတဲ့အသုံးအနှုန်းပါ.. ပုံမှန်အားဖြင့်...

၁ကျင်း မှာ အလျား ၁၀' ၊ အနံ ၁၀' နဲ့ အမြင့် ၁' ပါ၀င်ပါတယ်... တစ်နည်းအားဖြင့် 100 cubic feet လို့လဲခေါ်ပါတယ်.. မည်သည့်အရာမဆို 100 cubic feet တိုင်းကို ၁ကျင်းလို့ခေါ်ပါတယ်..👍

********သဲတစ်ကျင်း******
ပါ၀င်မှု - အလျား ၁၀ပေ x အနံ ၁၀ပေ x အမြင့် ၁ပေ

********ကျောက်တစ်ကျင်း******
ပါ၀င်မှု - အလျား ၁၀ပေ x အနံ ၁၀ပေ x အမြင့် ၁ပေ

********ကွန်ကရစ်တစ်ကျင်း (1:2:4)******
ပါ၀င်မှု - ဘိလပ်မြေ 2070 ပေါင် x သဲ 46 cubic Feet (တစ်ကျင်းမပြည့်) x ကျောက်စရစ် 92 cubic feet (တစ်ကျင်းမပြည့်)

********အုတ်တစ်ကျင်း (4.5") စီလျှင် ******
ပါ၀င်မှု - အလျား ၁၀ပေ x အနံ ၁၀ပေ (အုတ်ခဲအရေအတွက် 550 ပါ၀င်ပါသည်) x သဲ 10 cubic feet (တစ်ကျင်းမပြည့်) x ဘိလပ်မြေ 297 ပေါင်

********အုတ်တစ်ကျင်း (9") စီလျှင်******
ပါ၀င်မှု - အလျား ၁၀ပေ x အနံ ၁၀ပေ x ထု 9" (အုတ်ခဲအရေအတွက် 1350 ပါ၀င်ပါသည်) x သဲ 26 cubic feet (တစ်ကျင်းမပြည့်) x ဘိလပ်မြေ 780 ပေါင်

********ပလာစတာ******
ပါ၀င်မှု - အလျား ၁၀ပေ x အနံ ၁၀ပေ x သဲ 5 cubic feet (တစ်ကျင်းမပြည့်) x ဘိလပ်မြေ 120 ပေါင်

********သစ်တစ်တန်ပါ ပေ တွက်နည်း******
ဘယ်လိုသစ်အမျိုးအမစားမဆို ၁တန်မှာ ဘယ်နှစ်ပေပါမလဲဆိုတာတွက်နည်းပါ..
ဥပမာ။ ။ 3' x 2' သစ်တစ်တန်မှာပေဘယ်လောက်ပါသလဲဆိုတာတွက်မယ်ဆိုရင်...

7200 / အလျား x အနံ = (7200 / 3"x 2") = (7200 / 6) = 1200 ဒါဆိုရင် 3"x 2" သစ်တစ်တန်မှာ ပေပေါင်း 1200 ပါတယ်ဆိုတာသိနိုင်မှာပါ..

ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုဂရမ်လေးပြီးအိတ်၂၀ ဆိုရင် အလေးချိန် ၁ တန်ရှိပါတယ်။အဆောက်အဦဆောက်ဖို့ စိတ်ကူးထားသူ မိတ်ဆွေတို့အနေ...
01/10/2021

ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုဂရမ်လေးပြီး
အိတ်၂၀ ဆိုရင် အလေးချိန် ၁ တန်ရှိပါတယ်။

အဆောက်အဦဆောက်ဖို့ စိတ်ကူးထားသူ မိတ်ဆွေတို့အနေဖြင့် ဘိလပ်မြေ ဘယ်လောက်အသုံးပြုရမလဲဆိုတာကို အကြမ်းဖျင်း သိနိုင်စေဖို့ ထပ်ဆင့်ဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလောကမှာ ကျင်း ဘယ်နှကျင်းရှိသလဲဆိုပြီး ရေတွက် ပြောဆိုကြပါတယ်။

ကုဗကျင်း နှင့် စကွဲယားကျင်း ဆိုပြီးရှိပါတယ်။

" ကုဗကျင်း "
=========

ကုဗကျင်းက အလျား x အနံ x အမြင့် အတိုင်းအတာ (၃) ခု မြှောက်တာပါ။
အဆိုပါ (၃) ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းလို့ တွက်ပါတယ်။
၅၀ ဆို ကျင်းဝက်
၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။

ကုဗကျင်းကို ၉ လက်မနှင့်အထက်
အုတ်စီခြင်းတို့
ကွန်ကရစ်လောင်းခြင်းတို့
မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။

ရှိသမျှ အလျား အနံ အမြင့်တွေ လိုက်မြှောက်ပြီး ပေါင်းလိုက်ရင်
ကုဗကျင်းထွက်လာပါပြီ။

- 1:3:6 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့်
သဲကျင်းဝက်
ကျောက် ၁ ကျင်း

- 1:2:4 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်
သဲကျင်းဝက်
ကျောက် ၁ ကျင်း

- 1: 1-1/2 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့်
သဲကျင်းဝက်
ကျောက်၁ ကျင်း

- အများသုံးတဲ့ 1:4 အချိုးဆို
ဘိလပ်မြေ ၆ အိတ်နီးပါး
သဲ .၂၈ ကျင်းတစ်မတ် သာသာလောက်။

" စကွဲယားကျင်း "
============

စကွဲယားကျင်းက အလျား x အနံ အတိုင်းအတာ (၂) ခု မြှောက်တာပါ။
အဆိုပါ (၂) ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းလို့ တွက်ပါတယ်။

၄လက်မခွဲ အုတ်စီခြင်းတို့
ဆေးသုတ်ခြင်းတို့
အမိုးမိုးခြင်းတို့
ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။

- 1:4 အချိုး
ဘိလပ်မြေ ၂.၇ အိတ်
သဲ .၁၁ ကျင်း ဖြစ်ပါတယ်။

Credit -

ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုဂရမ်လေးပြီး
အိတ်၂၀ ဆိုရင် အလေးချိန် ၁ တန်ရှိပါတယ်။

အဆောက်အဦဆောက်ဖို့ စိတ်ကူးထားသူ မိတ်ဆွေတို့အနေဖြင့် ဘိလပ်မြေ ဘယ်လောက်အသုံးပြုရမလဲဆိုတာကို အကြမ်းဖျင်း သိနိုင်စေဖို့ ထပ်ဆင့်ဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလောကမှာ ကျင်း ဘယ်နှကျင်းရှိသလဲဆိုပြီး ရေတွက် ပြောဆိုကြပါတယ်။

ကုဗကျင်း နှင့် စကွဲယားကျင်း ဆိုပြီးရှိပါတယ်။

" ကုဗကျင်း "
=========

ကုဗကျင်းက အလျား x အနံ x အမြင့် အတိုင်းအတာ (၃) ခု မြှောက်တာပါ။
အဆိုပါ (၃) ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းလို့ တွက်ပါတယ်။
၅၀ ဆို ကျင်းဝက်
၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။

ကုဗကျင်းကို ၉ လက်မနှင့့်အထက်
အုတ်စီခြင်းတို့
ကွန်ကရစ်လောင်းခြင်းတို့
မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။

ရှိသမျှ အလျား အနံ အမြင့်တွေ လိုက်မြှောက်ပြီး ပေါင်းလိုက်ရင်
ကုဗကျင်းထွက်လာပါပြီ။

- 1:3:6 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့်
သဲကျင်းဝက်
ကျောက် ၁ ကျင်း

- 1:2:4 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်
သဲကျင်းဝက်
ကျောက် ၁ ကျင်း

- 1: 1-1/2 အချိုး
ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့်
သဲကျင်းဝက်
ကျောက်၁ ကျင်း

- အများသုံးတဲ့ 1:4 အချိုးဆို
ဘိလပ်မြေ ၆ အိတ်နီးပါး
သဲ .၂၈ ကျင်းတစ်မတ် သာသာလောက်။

" စကွဲယားကျင်း "
============

စကွဲယားကျင်းက အလျား x အနံ အတိုင်းအတာ (၂) ခု မြှောက်တာပါ။
အဆိုပါ (၂) ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းလို့ တွက်ပါတယ်။

၄လက်မခွဲ အုတ်စီခြင်းတို့
ဆေးသုတ်ခြင်းတို့
အမိုးမိုးခြင်းတို့
ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။

- 1:4 အချိုး
ဘိလပ်မြေ ၂.၇ အိတ်
သဲ .၁၁ ကျင်း ဖြစ်ပါတယ်။

Credit -

  လုံးခြင်းအိမ်များ၏ အခြေခံ MEP စနစ်များ (၆) မိုးရေဆင်းပိုက်တွေ (Rain Water Drain Pipe) တပ်ဆင်ရာတွင် သိထားသင့်သည့်အကြောင...
01/10/2021



လုံးခြင်းအိမ်များ၏ အခြေခံ MEP စနစ်များ (၆)
မိုးရေဆင်းပိုက်တွေ (Rain Water Drain Pipe) တပ်ဆင်ရာတွင် သိထားသင့်သည့်အကြောင်းများ ကို ပြောပြပေးပါမည်။ မိုးရေးဆင်းပိုက်တွေကို သွပ်ခေါင်မိုး အိမ်တွေမှာဆို ရေတလျှောက် (Rain Gutter) မှ တစ်ဆင့် ပြန်လည်သွယ်တန်းပြီး အိမ်ရှေ့ ရေမြောင်းထဲသို့ မိုရေတွေကို စွန့်ထုတ်ကြတာဖြစ်ပါတယ်။ သွပ်ခေါင်မိုးအိမ်တွေမှာ မိုးရေဆင်းပိုက်တွေကို ပုံမှန်ပဲတပ်ဆင်သွယ်ထားလို့ ရပါတယ်။ သွပ်ခေါင်မိုးအိမ်များတွင် မိုးရေဆင်းပိုက် အရေအတွက်အနည်းအများ တပ်ဆင်ခြင်းဟာလည်း အိမ်ခေါင်မိုး ရေယိုခြင်းအတွက် အရမ်းကြီးပြသနာမဖြစ်စေပါဘူး။
ခုနောက်ပိုင်း အိမ်ဆောက်ကြသည့် အိမ်ပိုင်ရှင်တွေက သွပ်ခေါင်မိုးထက် အမိုးစလပ် (Roof Slab) တွေနဲ့ ဆောက်တာပိုများ လာကြပါတယ်။ Roof slab နဲ့ဆောက်ကြတဲ့ အိမ်တွေမှာ မိုးရေဆင်းပိုက်ကို သေချာတွက်ချက်ပြီး တပ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Roof slab Area ကြီးလေလေ မိုးရေတင်ကျန်မှု များလေဖြစ်တာကြောင့်ပါ။ Roof Slab Area အကြီး အသေးကို လိုက်ပြီး မိုးရေဆင်းပိုက် အနည်းအများ တပ်ဆင်ပေးဖို့လိုပါတယ်။ ၁၈ပေ x ၃၀ပေ အမိုးစလပ်အတွက် မိုးရေဆင်းပိုက် ၄ ချောင်း တပ်ဆင်တာ အစဉ်ပြေပါတယ်။ ၁၈ပေ x ၅၀ပေ ကိုလည်း မိုးရေဆင်းပိုက် ၄ ချောင်းပဲတပ်မယ်ဆို မိုးရေကိုစွန့်ထုတ်မှုနှုန်း တူခြင်မှတူပါလိမ့်မယ်။ မိုးရေဆင်းပိုက်တွေကို အမိုးစလပ်မှာ ဘေးထွက်ပိုက်ပုံစံတပ်ဆင်တာနဲ့ အောက်ထွက်ပိုက်ပုံစံတပ်ဆင်တာဆိုပြီးလည်း ၂ မျိုးရှိပါတယ်။

ဘေးထွက်ပိုက်တပ်ဆင်တဲ့ မိုးရေဆင်းပိုက်တွေမှာ ရေဟာ ပိုက်အပေါက်ဧရိယာရဲ့ အများဆုံး ၅၀% ကိုပဲ ရေဝင်ရောက်နိုင်ပါ။ ဘေးထွက်မိုးရေဆင်းပိုက်တွေတပ်ဆင်ထားမယ်ဆို မိုးရေဆင်းပိုက်အရွယ်အစားကို ပိုကြီးတဲ့ပိုက်သုံးပေးသင့်သလို ပိုက်အရေအတွက်ကိုလည်း သေချာတွက်ချက်ပြီး ထည့်ပေးသင့်ပါတယ်။ ဘေးထွက်မိုးရေဆင်းပိုက်တွေကိုတပ်ဆင်ရမှာ သတိပြုရမဲ့အချက်က နံရံကထွက်လာတဲ့ ပိုက်အတိုကို 90’ Elbow နဲ့ဆက်ပြီး အထောင်ပိုက် (Vertical Pipe) နှင့် တန်းဆက်ဖို့လိုပါတယ်။ တစ်ချို့အိမ်တွေမှာ အလှအနေနဲ့ အပြင်နံရံမှာ ဖောင်းလိုင်းတွေ ထည့်သွင်းထားတက်ကြပါတယ်။ ၁လက်မအရွယ်လောက် ဖောင်းလိုင်းတွေဟာ အထောင်မိုးရေဆင်းပိုက်တပ်ဆင်ရာမှာ အနှောက်အယှက်မရှိပင်မဲ့ ၆ လက်မအကျယ်လောက်ရှိတဲ့ ဖောင်းလိုင်းတွေဟာ အထောင်ပိုက်တွေတပ်ဆင်ရမှာ အခက်အခဲဖြစ်စေပါတယ်။ ဖောင်းလိုင်းနေရာတွေမှာ ပိုက်ကိုနောက်တစ်စစ်ချိုးပြီး 90’Elbow ထပ်ထည့်သောပုံစံ အလွယ်တပ်ဆင်ထားပါက မိုးရေတွေဟာ ထို 90 elbow အချိုး ၂ ခုကြောင့် ရေတွေထောက်နေတက်ပြီး ရေဆင်းနှုန်းကို ပိုမိုနှေးကွေးစေပါလိမ့်မည်။ အပြင်နံရံတွေရဲ့ဖေါင်းလိုင်းအရွယ်အစားကြီးတွေ ထည့်သွင်းထားတဲ့ အိမ်တွေမှာ ဘေးထွက်မိုးရေဆင်းပိုက်တွေ အတွက် ကြိုတင်ပြီး ဖောင်းလိုင်းအတွင်းမှာ ပိုက်ကိုထည့်သွင်းတပ်ဆင်ထားခြင်းဟာ ပိုက်အချိုးတွေများခြင်းအတွက် ကာကွယ်ပေးပြီးသာ ဖြစ်ပါလိမ့်မည်။

အောက်ကထွက်တဲ့ မိုးရေဆင်းပိုက်တွေမှာ မိုးရေတွေဟာ ပိုက်ထဲကို ပိုက်အပေါက်ပြည့် ၁၀၀%ဝင်ရောက်နိုင်တာကြောင့် Roof Slab တွေအတွက်ပိုပြီး သင့်တော်တယ်လို့ပြောချင်ပါတယ်။ ပိုက်အရေအတွက်လည်း လျော့ချလို့ ရနိုင်သလို ရေစွန့်ထုတ်မှုလည်း ပိုကောင်းသွားမှာဖြစ်ပါတယ်။ Roof slab ရဲ့ ဧရိယာ ကိုလိုက်ပြီး မိုးရေဆင်းပိုက်အရေအတွက်ကို တပ်ဆင်ပေးရသင့်ပါတယ်။ ဥပမာ ၂ထပ် ၁၈ပေ x ၅၁ ပေ ရှိတဲ့ အမိုးစလပ်တစ်ခုမှာ ဘေးထွက်ရေဆင်းပိုက်တပ်ဆင်မယ်ဆိုရင် ၃ လက်မ ပိုက် ခြောက်ချောင်းတပ်ဆင်သင့်ပါတယ်။ ခေါင်းရင်းဘက် ၃ ချောင်း ခြေရင်းဘက် ၃ ချောင်း ပုံစံမျိုးတပ်ဆင်ပေးလို့ရပါတယ်။ တစ်ချောင်းနဲ့တစ်ချောင်းအကွာအဝေးက ၁၅ပေ ကနေ ၁၇ ပေ အတွင်းလောက်ဆို လုံလောက်ပါတယ်။ အောက်ထွက်မိုးရေဆင်းပိုက်ကို တပ်ဆင်မယ်ဆို ၂ ထပ် ၁၈ပေ x ၅၁ပေ အမိုးစလပ်မှာ ၃ လက်မ ပိုက် ၄ ချောင်း တပ်ဆင်ထားလျင် လုံလောက်ပါတယ်။ ခေါင်းရင်းဘက် ၂ ချောင်း ခြေရင်းဘက် ၂ ချောင်း တစ်ချောင်စီကို ၄၅ ပေလောက် ကွာပြီး တပ်ဆင်ပေလို့ရပါတယ်။

အပိုင်း (၇) ဆက်လက်ဖော်ပြပေးပါမည်။
ကျေးဇူးတင်ပါတယ်။

Special Credit

MAP Construction and Engineering Co.,Ltd

Address

Myitkyina

Telephone

+959256104737

Website

Alerts

Be the first to know and let us send you an email when Țĥõñë Ýățî Țûñ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share