SHWE MOE TAUNG Construction & Design

SHWE MOE TAUNG Construction & Design ဒီဇိုင်း​ရေးဆွဲ​ပေးခြင်း၊ အ​ဆောက်အဦး​တည်​ဆောက်​ပေးခြင်း

🏡​အေးမြသာယာဆိုဒ်🏡အကြမ်းထည်ပြီးစီးမှုအ​ခြေအ​နေ​💦💦Shwe  SHWE MOE TAUNG Construction & Design 📲09-259378293     09 - 426383...
14/07/2024

🏡​အေးမြသာယာဆိုဒ်🏡
အကြမ်းထည်ပြီးစီးမှုအ​ခြေအ​နေ​💦💦
Shwe SHWE MOE TAUNG Construction & Design
📲09-259378293
09 - 426383131

24/04/2024

🏘🏘🏘

💦သင်္ကြန်မတိုင်ခင် First floor Slab ​လေးအပြီး​လောင်း💦အိမ်ရှင်များ စိတ်တိုင်းကျ အမြန်ဆုံးနဲ့ အ​ကောင်းဆုံး ဝန်​ဆောင်မှုမျာ...
13/04/2024

💦သင်္ကြန်မတိုင်ခင် First floor Slab ​လေးအပြီး​လောင်း💦
အိမ်ရှင်များ စိတ်တိုင်းကျ အမြန်ဆုံးနဲ့ အ​ကောင်းဆုံး ဝန်​ဆောင်မှုများကို ​ #​ရွှေမိုး​တောင်ကုမ္ပဏီလီမိတက် #မှ ​ကောင်းမွန်​​သောအရည်အ​သွေးများဖြင့် တည်​ဆောက်​​ပေး​နေပါပီ ခင်ဗျ💯💯
✅️ ဆက်သွယ်ရန်ဖုန်း - ၀၉၂၅၉၃၇၈၂၉၃
- ၀၉၆၆၈၆၄၁၇၄၇
#​​​​ရွှေမိုး​တောင်ကုမ္ပဏီလီမိတက်

🏡​အေးမြသာယာSite Plinth Beam ​လောင်းခြင်းပြီးစီးမှု အ​ခြေအ​နေ💦💦💦
27/03/2024

🏡​အေးမြသာယာSite Plinth Beam ​လောင်းခြင်းပြီးစီးမှု အ​ခြေအ​နေ💦💦💦

🏘  ​​အေးမြသာယာဆိုဒ် ၊ (၃၃'×၃၇') အာစီစီရ် နှစ်ထပ်ခွဲအ​ဆောက်အဦး 🔹️️️ ​မြေညီထပ် 👉 မာစတာအိပ်ခန်း (၁)ခန်း၊ အိပ်ခန်း (၁)ခန်း၊...
07/03/2024

🏘 ​​အေးမြသာယာဆိုဒ် ၊ (၃၃'×၃၇') အာစီစီရ် နှစ်ထပ်ခွဲ
အ​ဆောက်အဦး

🔹️️️ ​မြေညီထပ်
👉 မာစတာအိပ်ခန်း (၁)ခန်း၊ အိပ်ခန်း (၁)ခန်း၊ဧည့်ခန်း၊ မီးဖိုခန်း ၊ ကားပါကင်

🔹️ ပထမထပ်
👉 မာစတာအိပ်ခန်း(၂)ခန်း၊ ဘုရားခန်း ၊ ဧည့်ခန်း ၊ စတိုခန်း

🔹️ ဒုတိယထပ်
👉လသာ​ဆောင်

#ရွှေမိုး​တောင်​ ဆောက်လုပ်​ရေးကုမ္ပဏီလီမိတက် မှ တာဝန်ယူတည်​ဆောက်ခွင့်ရတဲ့ အတွက် 💢အိမ်ရှင် ဦးသန်းထွန်းဦး မိသားစုအား အထူး​ကျေးဇူးတင်ရှိပါတယ်ရှင့်********

ဆက်သွယ်ရန် ဖုန်းနံပါတ် - ၀၉၂၅၉၃၇၈၂၉၃/ ၀၉၆၆၈၆၄၁၇၄၇

ကုမ္ပဏီရုံးခန်းလိပ်စာ - ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊
စီတာပူရပ်ကွက် ၊ ဗလမင်းထင်တံတားအနီး

05/11/2023

ကျွန်​တော်တို့ Company မှ ​ရေးဆွဲထား​သော Safe& Classic Design​ ​လေး👩‍💻👩‍💻

BCC နဲ့ အစိမ်းဘုတ်1--BCCဆိုသည်မှာ Building Completion Certificateဟုအဓိပ္ပါယ်ရပြီး စည်ပင်ဌာနကထုတ်ပေးသည့် အဆောက်အဦးပီးစီးက...
20/08/2023

BCC နဲ့ အစိမ်းဘုတ်

1--BCCဆိုသည်မှာ Building Completion Certificateဟုအဓိပ္ပါယ်ရပြီး စည်ပင်ဌာနကထုတ်ပေးသည့် အဆောက်အဦးပီးစီးကြောင်း အသိအမှတ်ပြုလွှာ ဖြစ်ပါသည်။

အဆောက်အဦးတစ်ခုဆောက်လုပ်ရန်လိုအပ်ချက်များ

အဆောက်အဦးတခုဆောက်လုပ်တော့မည်ဆိုပါက ပိုင်ရှင်မှစည်ပင်ဌာနသို့အဆောက်အဦးဆောက်လုပ်ခွင့်ပြုပါရန်တင်ပြလျှောက်ထားရပါသည်။
လျှောက်လွှာနှင့်အတူ
1-မြေပိုင်ဆိုင်မှုအထောက်အထား(ပုံစံဂရန်)
2-မြေပုံ(မြေစာရင်းပုံစံ ၁၀၅)
3-မြေရာဇဝင်(မြေစာရင်းပုံစံ ၁၀၆)
4-ဆောက်လုပ်မည့်လိုင်စင်ရအင်ဂျင်နီယာ
5-အဆောက်အဦးပုံစံ(BQ)
6-ကုန်ကျစရိတ်တွက်ချက်မှုစာရင်း
7-အဆောက်အဦးဧရိယာအကျယ်အဝန်း တို့ကိုတင်ပြလျှောက်ထားရပါသည်။

ဆောက်လုပ်ခွင့်ပြုခြင်း အစိမ်းဘုတ်

စည်ပင်(အင်ဂျင်နီယာဌာန)မှကွင်းဆင်းစစ်ဆေးကြည့်ရှုပြီးနောက်ကျေနပ်မှုရှိပါက၄င်းတို့ခွင့်ပြုသောပုံစံအတိုင်း
လူနေထိုင်ရန် (သို့) လုပ်ငန်းလုပ်ရန် စည်းကမ်းချက်များနှင့်အညီ "ဆောက်လုပ်ခွင့်ပြုသည့်အမိန့်"
ထုတ်ပေးပါသည်။
ထိုစာရွက်ကိုအများက ဘုတ်စိမ်းစာရွက်(အစိမ်းဘုတ်) ဟုခေါ်ကြသည်။
ထိုစာရွက်သည် ကနဦး အဆောက်အဦးဆောက်လုပ်ရန်ခွင့်ပြုမိန့်သာဖြစ်ပြီး၊ လူနေထိုင်ရန်ခွင့်ပြုမိန့်မဟုတ်ချေ။

အဆောက်အဦးပြီးစီးခြင်း BCC

အဆောက်အဦးများ ဆောက်လုပ်ပြီးစီးသည့်အခါပိုင်ရှင်က ကန်ထရိုက်တာနှင့် အင်ဂျင်နီယာများ၏ထောက်ခံတင်ပြချက်အရ စည်ပင်(အင်ဂျင်နီယာဌာန)မှ ပြီးစီးသည့်အဆောက်အဦးကိုလာရောက်စစ်ဆေးပါသည်။ ကျေနပ်မှုရှိပါက စစ်ဆေးရေးအဖွဲ့၏
စစ်ဆေးတင်ပြချက်အရ စည်ပင်သာယာကော်မတီ အင်ဂျင်နီယာဌါန(အဆောက်အအုံ) က ''အဆောက်အဦးပြီးစီးကြောင်း'' သက်သေခံလက်မှတ်၊ BCC (Building Completion Certificate)
ထုတ်ပေးပါသည်။
ထိုသက်သေခံလက်မှတ်ရှိပါမှအဆိုပါအဆောက်အဦးတွင်
လူနေခွင့်ရှိပါသည်။
BCC လက်မှတ်မရှိပဲနေထိုင်ပါကစည်ပင်မှအရေးယူခြင်းကိုခံရပါမည်။

ဒုတိယ ဝါဆိုလပြည့်​နေ့🙏🙏🙏
01/08/2023

ဒုတိယ ဝါဆိုလပြည့်​နေ့🙏🙏🙏

အရမ်းကောင်းလို့ မျှဝေပေးလိုက်ပါတယ်====================လှေရယ်... မြင်းရယ်...  လူရယ်... လှေက ကမ်းမှာကပ်ထားရင် အန္တရာယ်အကင်...
19/07/2023

အရမ်းကောင်းလို့ မျှဝေပေးလိုက်ပါတယ်
====================
လှေရယ်... မြင်းရယ်... လူရယ်...

လှေက ကမ်းမှာကပ်ထားရင် အန္တရာယ်အကင်းဆုံးပဲ

ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့

ရည်ရွယ်ချက် မဟုတ်ဘူး။

လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက်
မဟုတ်ဘူး။

တစ်နေ့ကို မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းပျိုလေးတစ်ကောင်ရှိတယ်၊
သူ့ရဲ့အရည်အချင်းကိုဖော်ထုတ်ပြသဖို့
အခွင့်အရေးကိုစောင့်နေတယ်။

ကုန်သည်ရောက်လာတယ်၊ မြင်းကိုမေးတယ်၊
''မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်၊

''ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို့
ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ''

စစ်သားရောက်လာတယ်၊ မြင်းကိုမေးတယ်၊
''မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်။

''ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ.. ဘယ်လိုဖြစ်လို့
သာမာန်စစ်သားတစ်ယောက်နောက်လိုက်ပြီး
တိုက်ပွဲဝင်ရမှာလဲကွ''

မုဆိုးရောက်လာတယ်၊ မြင်းကိုမေးတယ်၊
'မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်။

''ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ...ဘယ်လိုဖြစ်လို
မုဆိုးနဲ့အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ''

ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားခဲ့တယ်။
မြင်းဟာသူနဲ့တန်တဲ့အလုပ်ကို
ရှာမတွေ့သေးဘူး။

တစ်နေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့်
စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကိုလိုအပ်ကြောင်း
နေရာအနှံ့ ကြော်ငြာစာများကပ်ကာ
လိုက်ရှာလေသည်၊

အာဇာနည်မြင်းက ....
စစ်သူကြီးဆီသွားတွေ့ပြီး ပြောတယ်၊
''ကျနော်က ခင်ဗျားတို့ရှာနေတဲ့ အာဇာနည်မြင်းပါ''

စစ်သူကြီးက မေးတယ်၊
''ဒါဆို မင်းငါတို့တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့
လမ်းတွေကို နှံ့စပ်လား''
့ မြင်းက ခေါင်းခါတယ်၊

စစ်သူကြီးက ထပ်မေးတယ်၊
''ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား..စစ်ပွဲအတွေ့အကြုံရှိသလား''
မြင်းက ခေါင်းထပ်ခါတယ်၊

စစ်သူကြီးက ထပ်မေးတယ်၊
''ဒါဆို မင်းတောထဲတောင်ထဲမှာ
သားကောင်တွေနဲ့တွေ့တဲ့အခါ သခင့်အတွက်
ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား''
မြင်းက ခေါင်းထပ်ခါတယ်၊

စစ်သူကြီးကပြောတယ်။
''ဒါဆို မင်းဘာအသုံးကျသေးသလဲ''

မြင်းကပြောတယ်
''ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင်သွားနိင်ပြီး
ညဘက်ဆို မိုင်ရှစ်ရာသွားနိုင်တယ်၊
လေအဆန်မှာ အစုန်ထက်တောင်မှ.
အပြေးမြန်သေးတယ်''

စစ်သူကြီးက မြင်းပေါ်ခွတက်စီးလိုက်တယ်၊
မြင်းကအားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊
ဒါပေမယ့် ၁၀လှမ်းလောက်ပဲပြေးရသေးတယ်၊
အမောဟိုက်ပြီး ကျောမှာချွေးတွေပြန်လာတယ်၊

''မင်းအိုသွားပြီ... မပြေးနိုင်တော့ဘူး'' ဟုဆိုကာ
စစ်သူကြီးပြန်လှည့်ထွက်သွားသည်၊

ဒီနေ့ သင်လုပ်တဲ့ကိစ္စတစ်ခုစီတိုင်းဟာ
သာမာန်ကြိုးစားနေတယ်ထင်ရပေမယ့်
နောင်တစ်ချိန်အတွက်....
အင်အားလေးတစ်ခုဆိုတာ သိထားပါ၊
ဒီနေ့သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့
အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ
အနာဂတ်အတွက် အုတ်မြစ်ချပ်လေးတွေပါ၊

အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ
မပြေးခဲ့ရပါလားလို့ နောင်တမရပါနဲ့၊

လှေက ကမ်းမှာကပ်ထားရင်
အန္တရာယ်အကင်းဆုံးပဲ၊ဒါပေမယ့် အဲဒါက
လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့
ရည်ရွယ်ချက် မဟုတ်ဘူး။

ပညာက အရည်အချင်းကို ကိုယ်စားမပြုဘူး၊
စာပေက ယဉ်ကျေးမှုကို ကိုယ်စားမပြုဘူး၊

မနေ့ကကျော်ဇောခဲ့တဲ့အရာဟာ
ဒီနေ့မှာ အတိတ်နဲ့ မှတ်ဉာဏ်အချို့ဖြစ်သွားပြီ၊

ဒါ့ကြောင့် အရေးကြီးတာက
" မနေ့ကသင်ဘယ်သူလဲမဟုတ်ပါဘူး"
" ဒီနေ့သင်ဘယ်သူလဲဆိုတာပါ၊"

ပိုပြီးအရေးကြီးတာက...
ဒီနေ့သင်ဘာလုပ်သလဲ..
မနက်ဖြန် သင်ဘာဖြစ်မလဲဆိုတာပါ။

Credit original writer
#သုတရသစာပေမှ

#မေတ္တာဖြင့်ပြန်လည်မျှဝေပါတယ်

" (၇၆) နှစ်မြောက် အာဇာနည်နေ့ " ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်သော (၇၆) နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အေ...
19/07/2023

" (၇၆) နှစ်မြောက် အာဇာနည်နေ့ "

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်သော (၇၆) နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ှ ရိုသေလေးစားစွာဖြင့် ဦးညွှတ်အလေးပြုအပ်ပါသည်။

#အာဇာနည်နေ့
#၁၉ဇူလိုင်မမေ့နိုင်

🏗️🏗️🏗️စည်ပင်နယ်နိမိတ်အတွင်း အဆောက်အဦ ဆောက်တော့မယ်ဆိုရင်ပထမဆုံး ဆောက်လုပ်ခွင့်တင်ပြရပါတယ်။မြေယာဌာနမှာ-------------------...
06/07/2023

🏗️🏗️🏗️စည်ပင်နယ်နိမိတ်အတွင်း
အဆောက်အဦ ဆောက်တော့မယ်ဆိုရင်

ပထမဆုံး ဆောက်လုပ်ခွင့်
တင်ပြရပါတယ်။

မြေယာဌာနမှာ
---------------------
- ​ပုံစံ ၁၀၅ / ၁၀၆ အရင်လျှောက်
- အဲဒါလျှောက်ဖို့ က
- မြေကွက်ပိုင်ဆိုင်မှု အထောက်အထား
(ဂရံ ၊ မြေပေးမိန့်)
- ဂရံရပြီးရင် မြေခွန် ၁ နှစ်စာ
ဆောင်ပြီးကြောင်း ပြေစာ
( အဲဒါမပါရင် မရဘူး)
သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ သွားဆောင်
- တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုရင်
GP ၊ SP ကိုယ်စားလှယ်လွှဲစာ၊ ဂရံ၊
အရောင်းအဝယ်စာချုပ်တွေ ပြ၊ မိတ္တူပေး
- လျှောက်မယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း၊ လိပ်စာ၊ ဖုန်းနံပါတ်
- စာရွက်စာတမ်း ပြည့်စုံရင် တင်ခဲ့
- ဌာနက M/S တင်
- တစ်ပတ်လောက်ရှိရင် ကွင်းဆင်း
- ၁၀၅ /၁၀၆ အတွက် ငွေသွင်း
(ဧက ကွက်မဟုတ်ရင် သောင်းဂဏန်းပါပဲ)
- အဲဒါပြီးရင် တစ်ပတ်စောင့် ၁၀၅/၁၀၆ ရ၏

----------------------------------------------------------

- ၁၀၅ / ၁၀၆ ရရင်
ဆောက်လုပ်ခွင့်အတွက်

အဆောက်အဦဌာနမှာ
-------------------------------
- လျှောက်လွှာထုတ်
- မိမိမြေကွက် တည်နေရာ ဓါတ်ပုံ ၄ ပုံ
- လျှောက်ထားသူရဲ့ လိုင်စင်ပုံ (၂)ပုံ
- မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူတွဲ
- မြေကွက်ပိုင်ဆိုင်ကြောင်း အထောက်အထား
ထပ်တွဲ တင် (အပေါ်က ပြောခဲ့သလို)
- အနားလေးရပ် ထောက်ခံချက်ယူ
- အုပ်ချုပ်ရေးမှူးထောက်ခံချက် (၃)နေရာထိုး
- အဆောက်အဦ Drawing (၃)စုံ
- Drawing မှာ စည်ပင်က လိုင်စင်ရ
အင်/ယာ လက်မှတ်ထိုးရတယ်။
လက်မှတ်ထိုးခက Sqft အတိုင်းပေးရတယ်။
(အခြား အင်/ယာ ထိုးလို့မရ)
- ၁၀၅/၁၀၆ မူရင်းပါ တွဲတင်
- မြိုနယ်စည်ပင် EO က လက်မှတ်ထိုး
ရုံးအပေါ်စာနဲ့ တင်
- အမှုတွဲစုံလို့ တင်ပြီးရင် တစ်ပတ်စောင့်
(Design က လိုအပ်တာရှိရင် ပြန်ပြင်ပေး)
- မြေကွက်နေရာကို ကွင်းလာဆင်းကြည့်
- ဌာနက M/S ရေး EC တင်
- EC က ပြန်ကျရင်
ဆောက်လုပ်ခွင့်အတွက် ငွေသွင်း
(သောင်းဂဏန်းပါပဲ)
- Green Board ထုတ် မြေကွက်မှာကပ်
- ဆောက်လုပ်ခွင့်ပြု အမိန့် စည်ပင်က
အကြောင်းကြားရင် သွားထုတ်
- တင်ပြထားတဲ့ Design အတိုင်း ဆောက်

----------------------------------------------------

၆ လ လောက်အကြာ
အဆောက်အဦ ဆောက်ပြီးရင်
ဆောက်လုပ်ပြီးစီးကြောင်း ထပ်တင်

- မူလက တင်ပြတဲ့ ဒီဇိုင်းမိတ္တူ
- ဆောက်လုပ်ခွင့်ပြုကြောင်းစာ မိတ္တူ
- ယခင်က ငွေသွင်းချလံမိတ္တူ
- လျှောက်လွှာပုံစံမှာ ဖြည့် ပြန်တင်
- ပြီးစီးကြောင်း အတွက် ငွေသွင်း
( မပြီးသေးရင် Ex ထပ်တိုးတင်)
- တစ်ပတ်စောင့် ကွင်းလာဆင်း
- EC မှာ ပြန်တင်
- ဆောက်လုပ်ပြီးစီးကြောင်း စာရွက်ထွက်
- ဌာနကို သွားယူ

အဲဒါမှ စည်ပင်နယ်နိမိတ်အတွင်း
မိမိ အဆောက်အဦ ဆောက်လုပ်မှူကိစ္စ
အဝဝ ပြီးမြောက်၏။
------------------------------------------------
Credit to Owner
& Design

‼️အုတ်စီ ကျောက်လောင်း ဘိလပ်မြေ သံချောင်း သစ် တွက်နည်း အနုပညာ‼️ မြေကြီး ၁ ကျင်း = ၁၀ ပေ ပတ်လည် × ၁ ပေ အနက်10 ' × 10 ' × 1...
27/06/2023

‼️အုတ်စီ ကျောက်လောင်း ဘိလပ်မြေ သံချောင်း သစ် တွက်နည်း အနုပညာ‼️

မြေကြီး ၁ ကျင်း = ၁၀ ပေ ပတ်လည် × ၁ ပေ အနက်
10 ' × 10 ' × 1 ' = 100 ကုဗပေ = 1 ကျင်း
☘️ကျောက်လောင်း -
10 ' × 10 ' × 1 ' = 100 cft = 1 sud
Slab ( 6 " ထုအောက် ) -
10 ' × 10 ' = 100 sft = 1 sud
အလျား × အနံ × အမြင့် = ၁၀၀ = ၁ ကျင်း
၅၀ = ကျင်းဝက်
၂၅ = ကျင်းတစ်မတ်
-
၄.၅ လက်မ ( ၄ ခွဲ ) - နံရံ အုတ်စီ ၊ ဆေးသုတ် ၊ အမိုးမိုး ၊ ကြွေပြားကပ်
4.5 " အုတ်ရိုး -
10 ' × 10 ' = 100 sft = 1 sud
1 ကျင်း = အုတ် ၅၅၀
( 1 : 4 =
ဘိလပ်မြေ 2.7 အိတ် : သဲ 11 အိတ် )
-
၉ လက်မ ( ကိုး ) - အုတ်ဖိနပ် ၊ ကွန်ကရစ်လောင်း ၊ မြေကြီးတူး
9 " နှင့်အထက် အုတ်ရိုး -
10 ' × 10 ' × 1 ' = 100 cft = 1 sud
1 ကျင်း = အုတ် ၁၃၅၀
( 1 : 4 =
ဘိလပ်မြေ 6 အိတ် : သဲ 28 အိတ် တစ်မတ် )
-
ဘိလပ်မြေ ၁ အိတ် = ၅၀ ကီလို
အိတ် ၂၀ = ၁ တန်
-
1 : 3 : 6 = ဘိလပ်မြေ + သဲ + ကျောက်
ဘိလပ်မြေ ၁ အိတ်ပေါ် မူတည်တွက် ။
-
ဘိလပ်မြေ တွက်နည်း
1 : 3 : 6 = ( ဘိလပ်မြေ ) ၁၃ အိတ် : သဲ ကျင်းဝက် : ကျောက် ၁ ကျင်း
1 : 2 : 4 = ( ဘိလပ်မြေ ) ၁၈ အိတ် : သဲ ကျင်းဝက် : ကျောက် ၁ ကျင်း
1 : 1 : 1/2 ( 1 : 1 : 5.3 ) = ( ဘိလပ်မြေ ) ၂၅ အိတ် : သဲ ကျင်းဝက် : ကျောက် ၁ ကျင်း
-
သံချောင်း Size = ပေ ၄၀ ၊ ၁၂ မီတာ
၃၉ ပေ ၆ လက်မ ( မှန် )
-
1 တန် - ၁၀ မီလီ ၃ မူး ( ၃/၈ ) - ပေ ၄၀ အရှည် - ၁၃၅ ချောင်း
၁၂ မီလီ ၅ မူး ( ၁/၂ ) - ၈၈ ချောင်း
၁၆ မီလီ ၆ မူး ( ၅/၈ ) - ၅၃ ချောင်း
၂၀ မီလီ ၃ မတ် ( ၃/၄ ) - ၃၃ ချောင်း
၂၅ မီလီ ကျပ်လုံး ( ၁ ) - ၂၁ ချောင်း
-
သစ်
1 " × 1 " ပတ်လည် တစ်တန် = 7200 ' ပေ
2 " × 1 " = 3600 ' ပေ
2 " × 2 " = 1800 ' ပေ
3 " × 1 1/2 " = 1600 ' ပေ
3 " × 2 " = 1200 ' ပေ
4 " × 2 " = 900 ' ပေ
5 " × 2 " = 720 ' ပေ
6 " × 2 " = 600 ' ပေ

Credit
မှပြန်လည်မျှဝေပါသည်။

Address

စီတာပူ
Myitkyina

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959259378293

Website

Alerts

Be the first to know and let us send you an email when SHWE MOE TAUNG Construction & Design posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SHWE MOE TAUNG Construction & Design:

Share