MEGA P building installation & remodeling service group

MEGA P building installation & remodeling service group M&E Engineering Service

14/02/2022
24/10/2021
22/10/2021

အလင်းရောင်အတွက်ပဲ ဖြစ်ဖြစ် 💡💡

ချက်ပြုတ်စားသောက်ရေးအတွက်ပဲ ဖြစ်ဖြစ် 🍳 🥘

လုံခြုံရေးအတွက်ပဲ ဖြစ်ဖြစ် 🕹 🖲

ဖျော်ဖြေရေးအတွက်ပဲ ဖြစ်ဖြစ် 📡 💻

လုပ်ငန်းသုံးအတွက်ပဲ ဖြစ်ဖြစ် 🖨 💻 🛠

လျှပ်စစ်ဟာ မျက်မှောက်ခေတ်ကာလမှာ မရှိမဖြစ် အရေးပါတဲ့ကဏ္ဍတစ်ခုအနေနဲ့ ရှိနေပါတယ်

လျှပ်စစ်ကို စနစ်တကျအသုံးပြုမယ်ဆို အကျိုးကျေးဇူးများစွာ ရှိနိုင်သလို

မှားယွင်းစာ တပ်ဆင်အသုံးပြုမယ်ဆိုလျှင်တော့ အရမ်းအန္တရာယ်များပါတယ်

ဒီလို အန္တရယ်များတတ်တဲ့ လျှပ်စစ်ကို
အန္တရာယ်ကင်းကင်းနဲ့ စိတ်ချလက်ချ အချိန်အကြာကြီး
အသုံးပြုချင်တယ်ဆိုရင်တော့ ကျနော်တို့ရဲ့ service group နဲ့ လက်တွဲလုပ်ဆောင်ဖို့ အကြံပြုချင်ပါတယ်ဗျ

Northern Mega Power Service Group
အမှတ် ၃၆၂၊ ယုဇနလွမ်းသွယ် ၁၁၊ ဖြစ်ကြီးနားမြို့။

☎ 09451160843, 09259366318

'ဆီလာမပါရင် ဖြစ်တတ်သော ပတ်တီးနဲ့ဆေးအကြောင်းအရာများဆေးသုတ်ပြီဆိုရင် တိုက်အသစ်ကိုပဲသုတ်သုတ်တိုက်အဟောင်းကိုပဲ ပြန်ပြီးဆေးသု...
14/10/2021

'ဆီလာမပါရင် ဖြစ်တတ်သော ပတ်တီးနဲ့ဆေးအကြောင်းအရာများ

ဆေးသုတ်ပြီဆိုရင် တိုက်အသစ်ကိုပဲသုတ်သုတ်

တိုက်အဟောင်းကိုပဲ ပြန်ပြီးဆေးသုတ်သုတ်

အဓိက မပါမဖြစ် ပါဝင်ရမယ့်အရာက ဆီလာပါ

အတိုက်အတွင်းပဲ သုတ်သုတ် အပြင်ပဲသုတ်သုတ် ဆီလာကို မပါလို့မရပါဘူး

ဆီလာမပါခဲ့ရင် ဘယ်ပတ်တီအကောင်းစားသုံးပါစေ ဘယ်ဆေးအမျိုးအစား ကွာလတီအကောင်းစားသုံးပါစေ

ရေရှည်မှာ ဘယ်လိုမှမကောင်းနိုင်ပါဘူး

ပတ်တီးနဲ့ နံရံကြား ဆီလာပါဖို့လိုအပ်တယ်

ဆေးနဲ့ပတ်တီးကြားမှာဆီလာလိုအပ်ပါတယ်

နံရံအကြမ်းကို ပတ်တီးမရိုက်ခင် ဆီလာချုပ်ပါ

ပတ်တီးပေါ် ကော်ပတ်တိုက်ပြီးသွားရင် ဆေးမလှိမ့်ခင် ဆီလာချုပ်ပါ

နည်းစနစ်မှန်မှန်ကန်ကန်လုပ်မှသာလျှင် ဆေးတွေ ပတ်တီးတွေ နံရံတွေပေါ်မှာ ကွာလတီအရည်အသွေးကောင်းကောင်းနဲ့ကြာရှည်ခံနိုင်မှာဖြစ်ပါတယ်

ဆီလာမချုပ်တဲ့ ဆိုးကျိုးများကတော့

နံရံနဲ့ပတ်တီးကြားမှာ ဆီလာမပါခဲ့ရင်

ပတ်တီသားသည်နံရံပေါ်မှာ ကြာရှည်စွာ ကုတ်အားမကောင်းနိုင်ပါ
အချိန်သိမကြာခင်မှာ ပြန်ကွာ ပြန်ကြွလာနိုင်ပါသည်

ပတ်တီးနဲ့ဆေးကြားမှာ ဆီလာမပါခဲ့ရင် ဆေးသားသည် ပတ်တီးပေါ်မှာ ‌ကြာရှည်မခံနိုင်ပါ အချိန်သိမကြာခင်ပါပြန်ကွာ ပြန်ကြွလာနိုင်ပါသည်

''ဆေးသုတ်ဖို့အတွက် သိထားရမယ့် အခြေခံ အချက် ၃ချက်''

၁. ဆေးမသုတ်ခင် ဘာတွေလုပ်ရမလဲ?
မျက်နှာပြင်ပေါ်မှာရှိနေတဲ့ မညီမညာ အဖုအထွက်များကိုအရင်ဆုံးကော်ပတ်စား၍ချောသွားအောင်လုပ်ပြီး ညစ်ပေနေတဲ့ မျက်နှာပြင်ကိုသန့်ရှင်းရေးလုပ်ဖို့လိုအပ်ပါတယ်။

၂. သင့်တော်တဲ့ အောက်ခံဆေးရွေးတတ်ပြီလား?
ဆေးမသုတ်ခင် အောက်ခံဆေးအမြဲအသုံးပြုပေးဖို့လိုအပ်ပါတယ်။ အောက်ခံဆေး ၂မျိုးရှိပါတယ်။
✔အောက်ခံဆီဆေး - စိမ့်ဝင်လွယ်တဲ့ နံရံမျက်နှာပြင်များအတွက်အသုံးပြုနိုင်ပါတယ်။ ဆေးသား စွဲကပ်အားကောင်းပြီး ကြာရှည်ခံစေပါတယ်။ အတွင်း၊ အပြင် နံရံများအတွက်အသုံးပြုနိုင်ပါတယ်။
✔အောက်ခံရေဆေး - အမှုန့်ထသော နံရံမျက်နှာပြင်များအတွက်အသုံးပြုနိုင်ပါတယ်။ အနံအနည်းငယ်သာပါရှိပါတယ်။ အချိန်တိုတွင်း လျှင်မြန်စွာခြောက်သွေ့နိုင်ပါတယ်။

၃. ဘယ်လိုစပြီးဆေးသုတ်ကြမလဲ?
ဆေးသုတ်ရင် ညာဘက်ခြမ်းစမှပြီးသုတ်ရပါမယ်။ အရင်ဆုံး မျက်နှာကျတ်ကိုဆေးသုတ်ပြီးမှ နံရံကိုသုတ်ပေးရပါမယ်။ ဆေးများကို တစ်ထပ်ပြီးတစ်ထပ်သုတ်ဖို့ လိုအပ်ပါတယ်။ သုတ်ပြီးသွားတဲ့နေရာကခြောက်သွားမှသာ နောက်တစ်ထပ်ထက်သုတ်ပေးရပါမယ်။ ဆေးသုတ်ရာတွင် Paint roller နဲ့ စုတ်တံတို့ကို "W" ပုံစံဆွဲပြီးသုတ်ပေးရပါမယ်။

အပေါ်မှာပြောပြပေးထားတဲ့ ဆေးသုတ်ဖို့ အခြေခံအချက်အလက်တွေကို ကြိုတင်သိထားမယ်ဆိုရင်တော့ မိမိနေအိမ်အတွက်ပိုမိုလှပအောင်ဆေးသုတ်နိုင်ဖို့စိတ်ပူစရာမလိုတော့ဘူးနော်။😍😍

မူရင်းရေးသားသူအားလေးစားစွာဂုဏ်ပြုပါသည်

ဆောက်လုပ်ရေးနည်းပညာ page မှထက်ဆင့် မျှဝေလိုက်ပါသည်

_______________________________________

  Earthing အကြောင်း စကားစမြည် ( ၂ )_____________________ မြေဓာတ်ချရတဲ့ အကြောင်းအရင်းကို ဘယ်လို နားလည်သလဲ   လို့ မေးခွန်း...
20/09/2021



Earthing အကြောင်း စကားစမြည် ( ၂ )
_____________________

မြေဓာတ်ချရတဲ့ အကြောင်းအရင်းကို ဘယ်လို နားလည်သလဲ
လို့ မေးခွန်းတခု ရှိခဲ့မယ် ဆိုပါစို့။
ကိုယ်နားလည်သလို ပြောရမယ် ဆိုရင်
- မိုးကြိုးဒဏ် (LPS) ကာကွယ်ဖို့ အတွက် လည်းကောင်း
- လျှပ်စစ် ဓာတ်အားကို သုံးစွဲတဲ့နေရာမှာ လူ (သက်ရှိ) နဲ့
လျှပ်စစ် ပစ္စည်း (သက်မဲ့) တွေ အန္တရာယ် မကြုံရအောင်၊
ပျက်စီးမှုမရှိ အောင် လို့ အန္တရာယ်ပေးနိုင်မယ့် အခြေအနေ
ကို ကာကွယ်ထားတယ်လို့ ပြောရင် ယေဘုယျ ဆန်ပေမယ့်
ဒါဟာ အခြေခံ အကြောင်းတရား ပါပဲ။
[ လူပြိန်းစကား ဆိုပါတော့၊ ဒါပေမယ့် နားလည်လွယ်မယ်
ထင်ပါရဲ့ ]

မြေဓာတ် ချခြင်း Earthing စနစ်တွေကို ခြုံငုံလေ့လာ
ကြည့်ရင် ထုံးစံအတိုင်း အဓိက ရည်ရွယ်ချက်တွေကတော့
အတူတူပဲ ဖြစ်နေပြီး ဒီဇိုင်း နဲ့ စံနှုန်းသတ်မှတ်ချက်၊ စည်းမျဉ်း စည်းကမ်း တွေကတော့ သက်ဆိုင်ရာ နယ်ပယ်နဲ့ လုပ်နည်း လုပ်ဟန်တွေအရ အနည်းငယ် ကွဲလွဲတာမျိုးလည်း ရှိကောင်း
ရှိနေနိုင်ပါတယ်။ IEEE နဲ့ IEC စံနှုန်းတွေကတော့ လုပ်ငန်း လုပ်ဆောင်ကြတဲ့ အခါမှာ လိုက်နာဆောင်ရွက်ကြရတဲ့ နိုင်ငံ တကာ စံနှုန်း ဖြစ်တယ်။ အခြေခံ သဘောတရား ကိုပဲ လေ့လာတဲ့သူ တွေ အတွက်ကတော့ Code of practice တွေ၊၊Standard တွေ ဘာတွေကို သိပ်စိတ်ဝင်စားကြဦးမယ် မထင်ဘူး။ လုပ်နည်း လုပ်ဟန် နဲ့ အသုံးချ တွက်ချက်မှုတွေ ကို လေ့လာရင်း တဖြည်းဖြည်း ပိုမိုသဘောပေါက် နားလည်လာနိုင် ကြမယ် ထင်ပါတယ်။

ဥပမာ ပြောရရင် စံနှုန်း တခု မှာ Safety factor ယူထားတာမျိုး ပါဝင်လာတယ် ဆိုပါစို့။ မပါမဖြစ်၊ မသိမဖြစ် ထည့်သွင်းစဉ်းစားရတဲ့ Fundamental အချက်အလက်တွေ နဲ့ သီအိုရီ အရ ချဉ်းကပ်မှု ဟာ အတူတူပဲ စဉ်းစား လုပ်ဆောင်
တွက်ချက်ကြပြီး Factor ထည့်သွင်းမှု မတူတာမျိုးသာ ဖြစ်တတ်တာမျိုး ရှိတယ် မဟုတ်လား ။ အဲဒီ Factor အရ လုပ်ဆောင်တဲ့ လုပ်ငန်းရဲ့ လုံခြုံစိတ်ချရမှု အနေအထားတွေ၊
စွမ်းဆောင် ပေးနိုင်တဲ့ အရည်အသွေး တွေ ကွာခြားသလို၊ တဘက်မှာလည်း Factor ကြောင့် ဖြစ်လာတဲ့ ကုန်ကျစရိတ် ကွာခြားမှုတွေ၊ အပိုဆာဒါး ပါဝင်လာမယ့် လုပ်ငန်း ဝေယျာဝစ္စ တွေ စသဖြင့် ကွာခြားသွားနိုင်တာပါပဲ။

အဓိက ပြောချင်တာ ကတော့ အခြေခံ မသိမဖြစ်
အကြောင်းအရာ နဲ့ သီအိုရီ တွေကို ပစ်ပယ်မထားပဲ၊
(မေ့လျော့မထားပဲ) စုံလင်အောင် အမြဲချဉ်းကပ်
လေ့လာနေဖို့က ပထမဦးဆုံး အရေးကြီးတာ ဖြစ်ပြီး
လုပ်ငန်းလုပ်ဆောင်တဲ့ အခါမှာတော့ STANDARD စံနှုန်း ဆိုတာ ရှိကို ရှိနေရမှာ ဖြစ်ပါတယ်။ အခြေခံကို နားလည် ထားပြီးပြီ ဆိုရင် စံနှုန်းတွေ ဘယ်လို သတ်မှတ်ထားသလဲ ဆိုတာနဲ့ သင့်တော်တဲ့ ရှိပြီးသားစံနှုန်းတခုကို Adopt လုပ်တဲ့ အခါ မှာလည်း ရွေးချယ်တတ်လာမှာ ဖြစ်ပါတယ်။
[ ဒါဟာ Earthing ကိစ္စ တခုတည်းမှာ ပြောလိုတာ မဟုတ်ပဲ နည်းပညာ နဲ့ ပတ်သက်တဲ့ နယ်ပယ်တိုင်းမှာ ဒီသဘောတရား အတိုင်းပဲလို့ ယူဆထားပါတယ်။ ]

အင်ဂျင်နီယာ နယ်ပယ်၊ နည်းပညာနယ်ပယ် တွေမှာ ယနေ့ခေတ် အနေအထားအရ တိုးတက်ပြောင်းလဲမှု တွေက မြန်ဆန် နေသလို နောက်ကျနေတဲ့ ကျနော်တို့လို နိုင်ငံက အင်/ယာ တွေ၊ လူငယ်တွေ အနေနဲ့လည်း လေ့လာဖို့ အခွင့်အလမ်းတွေ ပိုမို ရရှိလာနေပြီ ဖြစ်ပါတယ်။ Up to date ဖြစ်နေဖို့အတွက် တော့ စာဖတ်ခြင်း လေ့လာခြင်းတွေ စဉ်ဆက်မပြတ် လုပ်နေကြဖို့ လိုမယ်ထင်ပါတယ်။
[ခေတ်စား လာနေတဲ့ Capacity Building ဆိုတာ
ဘာကို ပြောတာလဲ လေ့လာကြည့်ကြပါ။ နောက်တခုက
Confidance Building ဆိုတဲ့ အသုံးအနှုန်း .....စသဖြင့်]

လေ့လာရင်း ဆည်းပူးရင်း နဲ့ပဲ ကိုယ်သိထားတဲ့ မမ်မိုရီ တွေ၊
အသိဉာဏ် နဲ့ knowledge တွေက အဆင့် တခု၊ level တခု ကို တိုးတက်သွားစေပါလိမ့်မယ်။ ကိုယ် လေ့လာ မှတ်သား ထားတာ တွေက မှန် သ လား ၊ မှား သ လား ဆိုတာ ကို လည်း ပြန်လည် သုံးသပ် စစ်ဆေး သွားသင့်ပါတယ်။ အမှား တွေကို
မှားယွင်းပြီး မှတ်ထားတာမျိုး၊ အမှားချည်းကိုပဲ တရားသေ မှတ်ထားတာမျိုး မဖြစ်စေသင့်ပါဘူး။ 'ယူဆချက် ' တွေဟာ
'ယာယီ အမှန်' လို့ထားပြီး တိကျတဲ့ အဖြေတခု ၊ ယုတ္တိကျနမှု ရှိတဲ့ အနေအထားရောက်မှသာ အမှန် (သို့) အသုံးချ အမှန်
လို့ သုံးသပ် လက်ခံ ကျင့်သုံး သင့်ပါတယ်။

[အခု ပြောခဲ့တာတွေက ကျနော် ရေးတဲ့စာ ကို ဖတ်သူတွေ အတွက် စကားပလ္လင် ခံတယ် ပဲ ဆိုဆို၊
စကား လက်ဆောင် ပါးတယ် ပဲ ဆိုဆို ရပါတယ်
ဆရက လုပ်သည်ဟု မထင်စေလိုပါ။]
[တော်တော် လျှာရှည်တဲ့ အင်ထရိုပဲ :-P ]

အရင် ရေးလက်စ Earthing အကြောင်း ကိုပဲ
ပြန်ကောက်ပြီး Earthing နဲ့ ပတ်သက်ပြီး လေ့လာမှတ်သား ထားတဲ့ အချက်တချို့ကို (ရေးနိုင်သမျှ) ဆက်ပြီး
မျှဝေသွားပါ့မယ် ။

အရင် ရေးလက်စ မှာ Earth lead တွေ
Earth electrode တွေ အကြောင်း ပြောခဲ့တာမှာ Earth Electrode အကြောင်း ရောက်ပြီး ဖြစ်တဲ့အတွက် အဲဒီနေရာ ကပဲ ပြန်စ ပြီး ရေးလိုက်ပါတယ်။

Earthing Electrode (သို့မဟုတ်) Earth Plate
===========================
မြေဓာတ်ချဖို့ အတွက် သတ္ထ ုချောင်း တချောင်း (သို့)
သတ္ထ ုပြား တပြား ကို မြေကြီး ထဲ မြှုပ်ထားခြင်း ဟာ လျှပ်စစ်ပိုင်းဆိုင်ရာ မြေဓာတ်ချ စနစ် ရဲ့ နောက်ဆုံး အပိုင်းပဲ။
[ စာလို ပြောရရင် Earthing lead နှင့် ဆက်သွယ်ထားသော
မြေဓာတ်ချ စနစ်၏ နောက်ဆုံး မြေအောက် သတ္ထ ု အစိတ်
အပိုင်း သည် မြေဓာတ်ချ သတ္ထ ုပြား (သို့မဟုတ်) သတ္ထ ု
ချောင်း ဖြစ်သည်။ ]

ခုခံမှု အလွန်နည်းပါးတဲ့ မြေဓာတ်ချ သတ္ထ ုပစ္စည်းအဖြစ်
သတ္ထ ုပြား ၊ သတ္ထ ုပိုက် ဒါမှမဟုတ် သတ္ထ ုချောင်း တခုခု ကို Fault current သယ်ဆောင်ဖို့ (စီးသွားဖို့) အတွက် အသုံးပြုလို့ ရတယ်။ အပြစ် ဖြစ်ပေါ်တဲ့ လျှပ်စီး Fault current ဟာ အဲဒီ မြေဓာတ်ချ သတ္ထ ု ပစ္စည်း ကနေ မြေကြီး
ဆီကို ဘေးကင်းအောင် စီးသွားတယ်။

မြေဓာတ်ချ သတ္ထ ု ပြား၏ အရွယ်အစား
======================
မြေဓာတ်ချဖို့ အတွက် သတ္ထ ု ပြားကို အသုံးပြုရာမှာ
ကြေးပြား ( သို့မဟုတ်) သံပြား ကို အသုံးပြုနိုင်တယ်။
အရွယ်အစားကတော့ ၂ ပေ ပတ်လည် သတ္ထ ုပြားကို သုံးရမယ်

ကြေးပြား (Copper) ဆိုရင် ၆၀၀×၆၀၀×၃ မီလီ မီတာ
[ ဆိုလိုတာက ၂ ပေ ပတ်လည်၊ ၁/၈ လက်မ အထူ ကြေးပြား]

သံပြား (Galvanized Iron ) ဆိုရင် ၆၀၀ × ၆၀၀× ၆ မီလီမီတာ
[ဆိုလိုတာက ၂ ပေ ပတ်လည်၊ ၁/၄ လက်မ အထူ သံပြား] ကို သုံးရမယ်။

အဲဒီ သတ္ထ ုပြားကို စိုထိုင်းဆ ရှိတဲ့ မြေကြီးထဲမှာ
မြှုပ်ပေးရမယ်။ စိုထိုင်းဆ မရှိဘူး ဖြစ်နေရင် GI ပိုက် (သွပ်ရည်စိမ် သံပိုက်လုံး )ထဲမှာ ရေထည့်ပြီး မြေကြီး စိုထိုင်းဆ ရအောင်
ဖန်တီး ပေးရမယ်။

နောက်ထပ် ဘာလုပ်ပေးရမလဲ ဆိုတော့ မီးသွေး နဲ့ ထုံး ရောထားတဲ့ အမှုန့်တွေကို ၁ ပေ ခန့် အထိ မြေဓာတ်ချထားတဲ့ ပလိပ်ပြား (သို့မဟုတ်) Earth electrode ရဲ့ ပတ်ပတ်လည်မှာထည့်ပေးရမယ်။
အဲဒီလို လုပ်ပေးတာက earth electrode ရဲ့ အရွယ်အစားကို ပိုကြီးလာအောင် လုပ်ပေးသလို ဖြစ်ပြီး မြေကြီးထဲမှာ
ကွန်တင်နြူ တီ ပိုကောင်းလာစေတယ်။ ဒိအပြင် earth electrode/ earth plate ရဲ့ ဘေး ပတ်လည်မှာ moisture ကို ထိန်းထားပေးတယ်။

အသေးစားတပ်ဆင်ခြင်းအတွက်မြေဓာတ်ချသတ္ထုပစ္စည်း
=============================
အသေးစား မြေဓာတ်ချ စနစ် တခုအတွက် အရှေ့မှာ ပြောခဲ့တဲ့ သတ္ထ ုပြား အရွယ်အစားနေရာမှာ အရှည် ၆ ပေ၊ လုံးပတ်အချင်း ၁ လက်မ ရှိတဲ့ သတ္ထ ုချောင်း (Metallic rod) ကို သုံးလို့ရတယ်။
သတ္ထ ုပိုက် ဟာ မြေမျက်နှာပြင်ကနေ အောက်ဘက် ၆ ပေ
ဖြစ်သင့်တယ်။ Moisture ထိန်းဖို့ အတွက် မီးသွေးနဲ့ ထုံး ရောပြီး ပတ်လည်မှာ ၁ လက်မ လောက် ထည့်ထားပေးရမယ်။

ပိုပြီး ကောင်းအောင်လုပ်မယ် ဆိုရင်တော့ ကြေးချောင်း အသုံးပြုရမယ်။ မူးလုံး ကနေ ကျပ်လုံး အရွယ်အစား
အချင်းလုံးပတ် ရှိပြီး ၁၂ ပေ ရှည်တဲ့ Copper rod ကို သုံးရမယ်။ ကြေးချောင်း ဆိုပေမယ့် လက်ရှိအသုံးပြုနေတာ
အများစုကတော့ Copper clad ခေါ်တဲ့ အပေါ်ယံ ကြေးရည်လောင်း ထားတဲ့ Copper coating သတ္ထ ုချောင်းပါပဲ။

မြေဓာတ်ချခြင်းအမျိုးအစားနှင့်နည်းလမ်းများ
==========================
မြေဓာတ်ချခြင်း ပြုလုပ်တဲ့ နည်းတွေက အများကြီးပါပဲ။
နေအိမ် အဆောက်အဦ ဝါယာရင်း (သို့) စက်ရုံ (သို့) အခြား လျှပ်စစ် ပစ္စည်း နဲ့ စက်ပစ္စည်း တွေကို ဆက်သွယ်ရာမှာ အသုံး ပြုကြတဲ့ နည်းလမ်းတွေ အမျိုးမျိုး ရှိကြတယ်။

မြေဓာတ်ချတဲ့နည်း/အမျိုးအစားတွေကို လေ့လာကြည့်ရင်
၁။ Plate Earthing
၂။ Pipe Earthing
၃။ Rod Earthing
၄။ Earthing through the waterman
၅။ Strip or Wire Earthing ဆိုပြီး တွေ့ရပါတယ်။

အမှတ်စဉ် (၁ ) ( ၂) ( ၃ ) ကတော့ အတော်များများ ကြားဖူး သိထားပြီးသား ၊ လုပ်ကိုင်ကြဖူးတဲ့ အမျိုးအစား တွေ ဖြစ်ပါလိမ့်မယ်။ (၄) နဲ့ (၅) ကတော့ အတွေ့ရ နည်းတဲ့ နည်းတွေ လို့ ပြောလို့ရမယ်ထင်တယ်။

၁။ Plate Earthing
ဒီ စနစ်က အရှေ့မှာ ပြောခဲ့တဲ့ အတိုင်းပါပဲ။ ကြေးပြား သုံးမလား ၊ သံပြား (GI) သုံးမလား ရွေးတယ်။ ကြေးပြား ရော သံပြားရော ၂ ပေ ပတ်လည်ပါပဲ။ ကွာတာက အထူ thickness ကွာတယ်။ ကြေးပြားက ၃ မီလီ အထူဆိုရင် ရပြီ၊ သံပြား ဆိုရင် ၆ မီလီမီတာ အထူ ရှိရမယ်။ မြေမြှုပ်မယ့် ကျင်း Earth pit က ၁၀ ပေ အောက် မနည်းရဘူး။
(moisture ထိန်းဖို့ လိုရင်တော့ အရှေ့က ပြောခဲ့တဲ့ လုပ်ရိုး လုပ်စဉ် အတိုင်း ပေါင်ဒါ ရိုက် ပေး လိုက်ပေါ့။ )

၂။ Pipe Earthing
မြေဓာတ်ချစနစ်မှာ ဒီအမျိုးအစားက အများဆုံး သုံးတယ် လို့ ဆိုထားတာကို တွေ့ရပါတယ်။ စိုစွတ်တဲ့မြေတခုမှာ
အတည်ပြု ထား တဲ့ အလျား နဲ့ အချင်း ရှိတဲ့
သွပ်ရည်စိမ်စတီးပိုက် (Galvanized Steel )နဲ့ ပိုက်တချောင်းကို ထောင်လိုက်အနေအထား အသုံးပြုတယ်။
ပိုက်အရွယ်အစားက မြေအမျိုးအစားနဲ့ လျှပ်စီးပမာဏ
အပေါ်မှာ မူတည်ပြီး အသုံးပြုတယ်။ ပိုက်ရဲ့အတိုင်းအတာက များသောအားဖြင့် အချင်း ၁လက်မခွဲ (၁.၅ လက်မ) ၊ အရှည် ၉ ပေ ရှိတယ်။ အဲဒါက သာမာန် မြေ မှာ သုံးတာ။
ခြောက်သွေ့မာကျောလွန်းတဲ့မြေ နဲ့ ကျောက်သားပေါတဲ့ မြေ အမျိုးအစားမှာတော့ ပိုကြီးသွားမယ်။ မြေကြီးထဲ ရိုက်ဖို့/မြေမြှုပ်ဖို့ ပိုက်ရဲ့ အလျားကို မြေအမျိုးအစား စိုထိုင်းဆ အရ ဖြစ်လိမ့်မယ်။ ဒါပေမယ့် များသောအားဖြင့် ၁၅ ပေ ခွဲ လောက်ပဲ ဖြစ်သင့်တယ်။

၃။ Rod Earthing
ဒီနည်းကလည်း Pipe Earthing အတိုင်းပါပဲ။
လက်မဝက်(၁/၂ လက်မ) အချင်း ရှိတဲ့ Copper rod (သို့မဟုတ်) ၁၆ မီလီမီတာ အချင်း ရှိတဲ့ စတီးပိုက် (Galvanized steel) (သို့မဟုတ်)
၁ လက်မ GI ပိုက် ကို မြေကြီးထဲမှာ အရှည် ၂.၅ မီတာ
( ၈.၂ ပေ) အထိ လူနဲ့ဖြစ်ဖြစ် တူ နဲ့ဖြစ်ဖြစ် ထည့်သွင်းတာပါပဲ။ မြေထဲမှာ မြှုပ်ထားတဲ့ Electrode ဟာ လိုချင်တဲ့ earth resistance တန်ဘိုးကို လျော့စေပါတယ်။

၄။ Earthing through the waterman
ဒီ နည်းလမ်းမှာ GI ပိုက် ကို မြေဓာတ်ချဖို့ ရည်ရွယ်ပြီး သုံးတယ်။ GI ပိုက်ရဲ့ ခုခံမှု Resistance ကို သေချာအောင် စစ်ဆေးရမယ်။ သင့်လျော်တဲ့ မြေဓာတ်ချ ဆက်သွယ်မှု ဖြစ်လာဖို့ အတွက် resistance တန်ဘိုးကို လျော့ချဖို့ earthing clamps တွေကို သုံးတယ်။ Earth wire အဖြစ်
အလွန်း(strand ) ပါတဲ့ Conductor ကို သုံးမယ်ဆိုရင် အဖျားပိုင်း အလွန်းတွေကို သန့်ရှင်းအောင် လုပ်ပေးရမယ်။
ဖြောင့် တန်း ပြီး အပြိုင် အ နေအ ထား နဲ့
GI ပိုက် ( Waterman pipe) မှာ မြဲမြံ တင်းကြပ်နေအောင်
ပြုလုပ်ပေးထားရပါမယ်။

၅။ Strip or Wire Earthing
ဒီ နည်းလမ်းမှာ မြေဓာတ်ချမယ့် Strip electrode က ကန့်လန့်ဖြတ် အတိုင်းအတာ ( ၂၅ မီလီမီတာ×၁.၆ မီလီ ) အောက် မငယ်ရဘူး။ ( ၁လက်မ အပြား ဆိုပါတော့)

အဲဒီ Strip ကို ၁ ​ပေ ခွဲ ( ၀.၅ မီတာ) အနက်​ အနိမ့်​ဆုံး
ရှိတဲ့ ရေပြင်ညီ မြောင်းထဲ မှာ မြှုပ် ရတယ်။

ကြေးပြား ဆိုရင် ၁ လက်မ အကျယ် ၊ ၄ မီလီ မီတာ အထူ
Strip ကို သုံးတယ်။

Round Conductor သုံးမယ် ဆိုရင် ကန့်လန့်ဖြတ် ဧရိယာ ဟာ ၂ လောက် အထိ မငယ်သင့်ဘူး။
[ ဆိုကြပါစို့ GI သို့မဟုတ် Steel သုံးတယ် ဆိုရင် ၆.၀ မီလီမီတာ နှစ်ထပ်ကိန်း 6.0mm2 အောက် မငယ်ဘူး]
မြေထဲမှာ မြှုပ်ထားတဲ့ conductor အလျားက လုံလောက်တဲ့
earth resistance ကို ပေးမှာဖြစ်ပြီး အဲဒီ အလျား (အရှည်) သည် ပေ ၅၀ (50 feet) အောက် မနည်းသင့်ဘူး။

Credit..original uploader

ဒီကာလမှာ ရပ်နားထားတဲ့ရေပိုက်သွယ်တန်းခြင်းလျှပ်စစ်မီးသွယ်တန်းခြင်း ဝန်​​ဆောင်မှု လုပ်ငန်းများကို ပြန်လည်ဆောင်ရွက်တော့မှာဖ...
18/08/2021

ဒီကာလမှာ ရပ်နားထားတဲ့
ရေပိုက်သွယ်တန်းခြင်း
လျှပ်စစ်မီးသွယ်တန်းခြင်း ဝန်​​ဆောင်မှု လုပ်ငန်းများကို ပြန်လည်ဆောင်ရွက်တော့မှာဖြစ်သည်အတွက်
လုပ်ငန်းအပ်နှံလိုသော မိတ်ဆွေများအနေဖြင့်
မနှေးအမြန် အပြေးအပ်နှံလို့ရပါပြီဆိုတဲ့အကြောင်း
ကြေငြာမောင်းခတ်လိုက်ရပါတယ်ခင်ဗျား

မိတ်ဆွေများ လုပ်ငန်းအပ်နှံလိုပါက

Phone/Viber/Telegram >>
09 259 366 318, 09 451 160 843
Email : [email protected]
[email protected]
နဲ့ Page Messenger တို့ကို ဆက်သွယ်နိုင်ပါတယ်ဗျ

Design & Estimate အပိုင်းကိုလည်း
တာဝန်ယူဆောင်ရွက်ပေးတာကြောင့်
Hello! သာ လုပ်လိုက်ပါဗျာ

အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ

Northern Mega Power Service Group

Earthing Work✔✔✅ TET CHAN Hotel (Myitkyina)  မိတ်ဆွေများ အလုပ်အပ်လိုလျှင် Hello📞📞 လိုက်ရုံပါပဲသင့်တင့်တဲ့ဈေးနှုန်း ကောင်...
15/01/2021

Earthing Work✔✔

✅ TET CHAN Hotel (Myitkyina)



မိတ်ဆွေများ အလုပ်အပ်လိုလျှင်
Hello📞📞 လိုက်ရုံပါပဲ

သင့်တင့်တဲ့ဈေးနှုန်း
ကောင်းမွန်တဲ့ အရည်အသွေးတွေနဲ့
အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့
ကျနော်တို့ Northern Mega Power Service Group က မိတ်ဆွေအတွက် အသင့်ရှိနေပါပြီ📣


📞 🗨09259366318, 09451160843
📧 [email protected]
[email protected]

19/12/2020

Address

Myitkyina

Website

Alerts

Be the first to know and let us send you an email when MEGA P building installation & remodeling service group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share