HOUSE Construction

HOUSE Construction ဒီPageလေးကတော့ လူကြီးမင်းတို့အတွက် အကျိူးတစ်စုံတစ်ရာရှိဖို့အတွက်ရည်ရွယ်ပါသည်။
HOUSE CONSTRUCTION မှ ကြိုဆိုပါတယ်ခဗျာ🟠🟧

 #အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင် အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက အိမ်ရှင်  စိတ်ကြိုက်ထည့်လိုထားလိုတဲ့   ပုံစံ...
06/03/2025

#အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင်
အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက
အိမ်ရှင် စိတ်ကြိုက်ထည့်လိုထားလိုတဲ့ ပုံစံဆွဲရတာပါ

အခန်းတွေ ဘယ်လိုဖွဲ့မလဲ ?
အခန်းတွေရဲ့ အကျယ်တွေအဝန်းတွေက ဘယ်လောက်အကျယ် ထားချင်လဲ ?
ဘယ်လောက်အကျယ်အဝန်း ထားသင့်သလဲ ?

အဲဒီလိုအခြေနေ မျိုးမှာ
ထားရှိသင့် ထားရှိထိုက်တဲ့ Standard Size လေးတွေ သိထားဖို့လိုပါမယ်



#ဧည့်ခန်း
#ဟောခန်း
#ပုံဆွဲ_စာရေးစာဖတ်ခန်း တွေရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×12'~ပေ
ပုံမှန်ဆိုက် 12'×14' ~ပေ
ဆိုက်ကြီး 16'×20' ~ပေ ဖြစ်ပါတယ်

#အိပ်ခန်း
်း
်း တွေရဲ့ အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 11'×12' ~ပေ
ဆိုက်ကြီး 12'×14' ~ပေ ဖြစ်ပါတယ်

#အိမ်ရှင်မတို့အတွက်_မီးဖိုချောင် အကျယ်အဝန်းဟာ

အနည်းဆုံး 10'×7' ~ပေ
ပုံမှန်ဆိုက် 10'×10' ~ပေ
ဆိုက်ကြီး 10'×12' ~ပေ ဖြစ်ပါတယ်

#ရေချိုုးခန်းတစ်ခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'6"×4' ~ပေ
ပုံမှန်ဆိုက် 4'×5' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#အိမ်သာခန်းတခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'3"×3' ~ပေ
ပုံမှန်ဆိုက် 4'×4' ~ပေ ဖြစ်ပါတယ်

#ရေချိုးခန်း_အိမ်သာတွဲရက် အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#ထမင်းစားခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 10'×12' ~ပေ ဖြစ်ပါတယ်

#ဘာသာတရား_ဝတ်ပြုရာနေရာ အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ ဖြစ်ပါတယ်

#ဝရန်တာဆိုက် ရဲ့အကျယ်ကတော့

အနည်းဆုံး 3' ~ပေဖြစ်ပါတယ် {လူနှစ်ယောက်ရှောင်ကွင်းသာ}

#တစ်စီးစာကားပါကင်တခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 11'×15' ~ပေ
ပုံမှန်ဆိုက် 12'×16' ~ပေ ဖြစ်ပါတယ်

#အိမ်မိန်းတခါးမကြီး ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3'~ပေ '6" ~လက်မ ဖြစ်ပါတယ်

#ရေချိုးခန်း
#အိမ်သာ
#မီးဖိုချောင်_တခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 2'~ပေ ,6"~လက်မ ဖြစ်ပါတယ်

#အိပ်ခန်းတခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3' ~ပေ ဖြစ်ပါတယ်

#ပုံမှန်အိမ်လှေခါး {stair} တစ်စင်းရဲ့

အကျယ်ဟာ 3'~ပေ
အကျော် ဟာ 7"~ လက်မခွဲ
အနင်းဟာ 10"~လက်မ ဖြစ်ပါတယ် တဲ့ဗျား။


#အိမ်လှလှလေးဆောက်ကြမယ်



#ကချင်ပြည်နယ်

 #မင်မင်ရဲ့ နှလုံးသားတံခါးပိတ်လိုက်ပါပြီ🤭🤭🤭😬😬 ゚viralシ2024fyp
20/07/2024

#မင်မင်ရဲ့ နှလုံးသားတံခါးပိတ်လိုက်ပါပြီ🤭🤭🤭😬😬

゚viralシ2024fyp

18/07/2024

ပိုင်းရောက်ပီဆိုရင် ဆရာကြီးများ😂🤣😁____________________

゚viralシ2024fyp

 #ဆားငန်ရေ_နဲ့_structureအဆောက်အဦးတခုတည်ဆောက်တဲ့အခါ အမှတ်တမဲ့ သိပ်အရေးမကြီးဘူး ထင်ပီး ပေါ့ပေါ့တွေး ပေါ့ပေါ့သုံးမိတတ်ကြတဲ့...
15/07/2024

#ဆားငန်ရေ_နဲ့_structure

အဆောက်အဦးတခုတည်ဆောက်တဲ့အခါ အမှတ်တမဲ့ သိပ်အရေးမကြီးဘူး ထင်ပီး ပေါ့ပေါ့တွေး ပေါ့ပေါ့သုံးမိတတ်ကြတဲ့ အရာကတော့
#ရေပါ

ကျနော်တို့အညာမှာဆို #ရေငံန်ဘဲရလွယ်တော့ ရေငန်နဲ့အသုံးပြု လုပ်မိသမျှ အဆောက်အဦးတိုင်းဟာ အချိန်နည်းနည်ကြာလာရင် ပလာစတာတွေ ဖွယ်ဖွယ်ကြီးဖြစ်လာပီး ခြေနဲ့တွန်းကန်လိုက်ရုံနဲ့ တွဲကပ်မှုမရှိဘဲ အလွှားလိုက်ကွာထွက်သွားတာပါ

ပလာစတာချောသားများဟာလဲ လက်သည်းနဲ့ကုတ်ချရုံနဲ့ တဖွဲဖွဲကြွေကျတော့တာပါ

#လှိုင်သာယာ နှစ်ထပ်အခန်းတွဲအဆောင်လေး ဆောက်စဥ်က အဆောက်အဦးအဟောင်းဖြိုဖျက်စဥ်မှာလဲ အဲလိုအခြေနေမျိုး ကြုံတွေ့ရလို့မေးစုံစမ်းကြည့်တော့ ရေငန်ဘဲထွက်လို့ ရေငန်နဲ့ဘဲ ပြုလုပ်ထားတယ်ဆိုပါတယ်

#သတိထားစရာပါ

#ယုဇနအိမ်ယာ မှာကြုံတွေ့နေရတာတွေကလဲ ရေငန်အသုံးပြုမှုနဲ့မလွတ်ကင်းဘူး ဆိုပြန်ပါတယ်

#အောက်ကပုံဟာ ဆောက်လုပ်စဥ် အငန်ဓာတ်ပါတဲ့ရေ ကိုသုံးခဲ့သလို
အပေါ်မှာ
#ရေစင်ထားမှုနဲ့လဲသက်ဆိုင်နေပါတယ်

#ရေစင် တင်ပီး ရေငန်ရေ လျှံကျတဲ့ဒဏ်ပါခံရတော့ အပေါ်ထုတ်ထားတဲ့ သံချောင်းတွေဟာ နေ့စဥ်ရေငန်အစိမ်ခံထားရသလိုဖြစ်သွားတာလဲပါပါတယ်

#ဆောက်လုပ်စဥ် ရေချိုသုံးထားတောင်မှလဲ

#နေထိုင်သူတွေရဲ့နေ့စဥ်အသုံးပြုရေက ရေငန်ဖြစ်မယ်ဆိုရင်
ရေစင် ရေတိုင်ကီ ဆီမှ ရေလျှံပိုက်က လျှံကျရေနဲ့ အသုံးပြုပီးစွန့်ပစ်ရေတွေဟာ
နဲ့လွတ်အောင် စွန့်ပစ်ချပေးဖို့လိုပြန်ပါတယ်

#ကျနော်တို့သတိထားသင့်တဲ့အရာလေးပါ

#ဖြစ်သွားပြီးမှ ဒါတွေကို ပြုပြင်ကြရရင် ဆင်ဖိုးထက် ချွန်းဖိုးခက်ကြရပါလိမ့်မယ်

#စတည်ဆောက်စဥ်ကထဲက ပေါ့ဆခဲ့ကြမယ်ဆိုရင်

#မလိုအပ်ဘဲအပိုဒုက္ခရှာသလိုမျိုး

#ကိုယ်နေတဲ့အဆောက်အဦးသက်တမ်း ကိုယ်တိုင် လျော့ချပစ်လိုက်သလိုမျိုး

#ဘေးကင်းလုံခြုံမှုဆိုတဲ့အိမ်တလုံးရဲ့အဓိကအနှစ်သာရ ကို မခံစားရလေအောင် ကိုယ်တိုင်ဖျက်ဆီးပစ်လိုက်သလိုမျိုးပါဘဲဗျာ

#ကချင်ပြည်နယ် #မြစ်ကြီးနား

 ဲက အတိုင်းဖြစ်ရမည် ဆိုသောအခါ😂😁🤣           #ကချင်ပြည်နယ်
16/06/2024

ဲက အတိုင်းဖြစ်ရမည် ဆိုသောအခါ😂😁🤣

#ကချင်ပြည်နယ်

 #စည်ပင်နယ်နိမိတ်အတွင်း အဆောက်အဦး ဆောက်တော့မယ်ဆိုရင်__________________👷👷ပထမဆုံး ဆောက်လုပ်ခွင့်တင်ပြရပါတယ်။မြေယာဌာနမှာ--...
20/05/2024

#စည်ပင်နယ်နိမိတ်အတွင်း
အဆောက်အဦး ဆောက်တော့မယ်ဆိုရင်__________________👷👷

ပထမဆုံး ဆောက်လုပ်ခွင့်
တင်ပြရပါတယ်။

မြေယာဌာနမှာ
---------------------
- ​ပုံစံ ၁၀၅ / ၁၀၆ အရင်လျှောက်
- အဲဒါလျှောက်ဖို့ က
- မြေကွက်ပိုင်ဆိုင်မှု အထောက်အထား
(ဂရံ ၊ မြေပေးမိန့်)
- ဂရံရပြီးရင် မြေခွန် ၁ နှစ်စာ
ဆောင်ပြီးကြောင်း ပြေစာ
( အဲဒါမပါရင် မရဘူး)
သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ သွားဆောင်
- တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုရင်
GP ၊ SP ကိုယ်စားလှယ်လွှဲစာ၊ ဂရံ၊
အရောင်းအဝယ်စာချုပ်တွေ ပြ၊ မိတ္တူပေး
- လျှောက်မယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း၊ လိပ်စာ၊ ဖုန်းနံပါတ်
- စာရွက်စာတမ်း ပြည့်စုံရင် တင်ခဲ့
- ဌာနက M/S တင်
- တစ်ပတ်လောက်ရှိရင် ကွင်းဆင်း
- ၁၀၅ /၁၀၆ အတွက် ငွေသွင်း
- အဲဒါပြီးရင် တစ်ပတ်စောင့် ၁၀၅/၁၀၆ ရ၏

----------------------------------------------------------

- ၁၀၅ / ၁၀၆ ရရင်
ဆောက်လုပ်ခွင့်အတွက်

အဆောက်အဦဌာနမှာ
-------------------------------
- လျှောက်လွှာထုတ်
- မိမိမြေကွက် တည်နေရာ ဓါတ်ပုံ ၄ ပုံ
- လျှောက်ထားသူရဲ့ လိုင်စင်ပုံ (၂)ပုံ
- မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူတွဲ
- မြေကွက်ပိုင်ဆိုင်ကြောင်း အထောက်အထား
ထပ်တွဲ တင် (အပေါ်က ပြောခဲ့သလို)
- အနားလေးရပ် ထောက်ခံချက်ယူ
- အုပ်ချုပ်ရေးမှူးထောက်ခံချက် (၃)နေရာထိုး
- အဆောက်အဦ Drawing (၃)စုံ
- Drawing မှာ စည်ပင်က လိုင်စင်ရ
အင်/ယာ လက်မှတ်ထိုးရတယ်။
လက်မှတ်ထိုးခက Sqft အတိုင်းပေးရတယ်။
(အခြား အင်/ယာ ထိုးလို့မရ)
- ၁၀၅/၁၀၆ မူရင်းပါ တွဲတင်
- မြိုနယ်စည်ပင် EO က လက်မှတ်ထိုး
ရုံးအပေါ်စာနဲ့ တင်
- အမှုတွဲစုံလို့ တင်ပြီးရင် တစ်ပတ်စောင့်
(Design က လိုအပ်တာရှိရင် ပြန်ပြင်ပေး)
- မြေကွက်နေရာကို ကွင်းလာဆင်းကြည့်
- ဌာနက M/S ရေး EC တင်
- EC က ပြန်ကျရင်
ဆောက်လုပ်ခွင့်အတွက် ငွေသွင်း
- Green Board ထုတ် မြေကွက်မှာကပ်
- ဆောက်လုပ်ခွင့်ပြု အမိန့် စည်ပင်က
အကြောင်းကြားရင် သွားထုတ်
- တင်ပြထားတဲ့ Design အတိုင်း ဆောက်

----------------------------------------------------

၆ လ လောက်အကြာ
အဆောက်အဦ ဆောက်ပြီးရင်
ဆောက်လုပ်ပြီးစီးကြောင်း ထပ်တင်

- မူလက တင်ပြတဲ့ ဒီဇိုင်းမိတ္တူ
- ဆောက်လုပ်ခွင့်ပြုကြောင်းစာ မိတ္တူ
- ယခင်က ငွေသွင်းချလံမိတ္တူ
- လျှောက်လွှာပုံစံမှာ ဖြည့် ပြန်တင်
- ပြီးစီးကြောင်း အတွက် ငွေသွင်း
( မပြီးသေးရင် Ex ထပ်တိုးတင်)
- တစ်ပတ်စောင့် ကွင်းလာဆင်း
- EC မှာ ပြန်တင်
- ဆောက်လုပ်ပြီးစီးကြောင်း စာရွက်ထွက်
- ဌာနကို သွားယူ

အဲဒါမှ စည်ပင်နယ်နိမိတ်အတွင်း
မိမိ အဆောက်အဦ ဆောက်လုပ်မှုကိစ္စ
အဝဝ ပြီးမြောက်၏။
#မြစ်ကြီးနား #ကချင်ပြည်နယ်
------------------------------------------------

 #ဘယ်လောက်တောင်မှ နွေးထွေးလိုက်မလဲနော် #အပြင်ကကြည့်ရင်တောင်မှ နွေးထွေးလွန်းနေပါပြီ🥵🥵🥵🥵   #ကချင်ပြည်နယ်    #မြစ်ကြီးနား  ...
18/05/2024

#ဘယ်လောက်တောင်မှ နွေးထွေးလိုက်မလဲနော်

#အပြင်ကကြည့်ရင်တောင်မှ နွေးထွေးလွန်းနေပါပြီ🥵🥵🥵🥵

#ကချင်ပြည်နယ် #မြစ်ကြီးနား

 #မိုးလုံလေလုံတဲ့ အိမ်လေးဆိုတာ🥺😲ခိုလှုံရာ နွေးထွေး‌စေမဲ့ အိမ်လေးဖြစ်စေ ဖို့ရာအတွက် ကျွမ်းကျင်မူက အဓိကကျပါတယ်  #အိမ်ရှင်မ...
15/05/2024

#မိုးလုံလေလုံတဲ့ အိမ်လေးဆိုတာ🥺😲

ခိုလှုံရာ နွေးထွေး‌စေမဲ့ အိမ်လေးဖြစ်စေ ဖို့ရာအတွက် ကျွမ်းကျင်မူက အဓိကကျပါတယ်
#အိမ်ရှင်များလဲ ပိုက်ဆံနည်းတယ်များ တယ်တစ်ခုဘဲ မကြည့်ကြပါနဲ့ဗျာ လက်ရာသေသပ်ခိုင်ခန့်မူကလည်း အဓိကျပါတယ်ဗျ❤️
___________________________________

#မြစ်ကြီးနား #ကချင်ပြည်နယ်

 #အင်ဂျင်နီယာလို့ မထင်ရလောက်အောင် ကြိုးစားခဲ့ကြဖူးသူတိုင်း သိမှာပါ ကြုံဖူးကြမှာပါ အဲ့ထက်တောင်ပီုချင်ပီုအုံးမယ် ထင်ပါတယ်💪...
09/05/2024

#အင်ဂျင်နီယာလို့ မထင်ရလောက်အောင် ကြိုးစားခဲ့ကြဖူးသူတိုင်း

သိမှာပါ ကြုံဖူးကြမှာပါ အဲ့ထက်တောင်ပီုချင်ပီုအုံးမယ် ထင်ပါတယ်💪💪💪

#ကချင်ပြည်နယ် #မြစ်ကြီးနား

📌 #ဆေးသုတ်ဖို့ ဆေးအရောင် ဘယ်လိုရွေးချယ်ပေးရမလဲ  (ဆေးအရောင်တွေရဲ့အဓိပ္ပါယ်) အိမ်ဆေးသုတ်ဖို့ အရောင်တွေကို ဆေးအရောင်တွေရဲ့ ...
08/05/2024

📌 #ဆေးသုတ်ဖို့ ဆေးအရောင် ဘယ်လိုရွေးချယ်ပေးရမလဲ (ဆေးအရောင်တွေရဲ့အဓိပ္ပါယ်)

အိမ်ဆေးသုတ်ဖို့ အရောင်တွေကို ဆေးအရောင်တွေရဲ့ အဓိပ္ပာယ်အခြေခံပြီး အသင့်တော်ဆုံး ဆေးအရောင် ( Paint ) ကို ရွေးချယ်ပေးရပါတယ်။

ဆေးလောကမှာ လူကြိုက်များပြီး အသုံးများတဲ့ ဆေးအရောင်တွေရဲ့ အဓိပ္ပါယ် ကို မျှဝေပေးချင်ပါတယ်။

1.အပြာရောင်
အပြာရောင် ဆိုတာ ငြိမ်သက်ခြင်းနှင့် အေးမြမှုတို့ကို ကိုယ်စားပြုထားတဲ့အရောင်လေးဖြစ်ပါတယ်။ အပြာရောင်ကတော့ ယုံကြည်ကိုးစားမှုနဲ့ ငြိမ်းချမ်းရေးကို ကိုယ်စားပြုပါတယ်။ သစ္စာရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းလို့ ပြောနိုင်သလို ရှေးရိုးစွဲအားကြီးမှုနဲ့ စိမ်းကားအေးစက်မှုလို့လဲ အဓိပ္ပါယ် ကိုဖော်ပြသလို၊ အေးဆေးသော စွမ်းအားတို့ကို ကိုယ်စားပြုတဲ့ အပြာရောင်လေးကို အိပ်ခန်းထဲမှာ သုတ်ထားမယ်ဆိုရင်တော့ ကောင်းစွာအိပ်ပျော်ဖို့ အတွက် အသင့်တော်ဆုံးဖြစ်စေမှာပါ။

2.အဝါရောင်
အဝါရောင်လေးကတော့ ပျော်ရွှင်မှုရှိစေမယ့်အရောင် လှုံဆော်မှု၊ အကောင်းမြင်မှုတို့ကို ကိုယ်စားပြုထားတဲ့ နွေရာသီအရောင်လေးဖြစ်ပါတယ်။အဝါရောင်ကြိုက်နှစ်သက်သူတွေက အသစ်သစ်တွေနဲ့ ခေတ်ဆန်မှုတွေကို အလိုရှိသူလေးတွေဖြစ်ပါတယ်။အဝါရောင်ဖျော့ သုတ်ထားတဲ့နေရာလေးက နွေရာသီရဲ့ အငွေ့အသက်လေးတွေကို ဆောင်ကြဉ်းပေးနိုင်ပြီး အမြင်အာရုံမှတဆင့် တက်ကြွပျော်ရွှင်စေမှုတို့ကို ဖြစ်ပေါ်စေပါတယ်။

3.ခရမ်းနုရောင်
ခရမ်းနုရောင်ကတော့ စိတ်ကူးနိုင်စွမ်းရဲ့ အရောင်ပါ။ သူဟာ ဖန်တီးနိုင်စွမ်းနဲ့ သီးသန့်ဆန်မှု အပြင် မရင့်ကျက်မှုနဲ့ လက်တွေ့မဆန်မှုလဲ ဖြစ်နိုင်ပါတယ်။

4.ခရမ်းရောင်
ခရမ်းရောင်လေးကတော့ စိတ်ကူးစိတ်သန်းတို့ကို လှုံဆော်ပေးတဲ့အရောင်လေးဖြစ်ပါတယ်။ဒါဟာ နန်းဆန်မှုနဲ့ အတူ စည်းစိမ်ရှိရှိနေခြင်းရဲ့ အရောင်လေးလဲဖြစ်ပါတယ်။ခရမ်းရောင် ကြိုက်နှစ်သက်သူတွေက ဖန်းတီးမှုရှိသူ အမြော်မြင်ရှိမှု နဲ့ Romantics ဆန်တဲ့သူတွေဖြစ်ကျပါတယ်။အခန်းတခန်းထဲမှာ အနားယူပြီး သောကကင်းဝေအောင် ဖန်တီးချင်ပါလား။အိမ်ကနံရံကို ခရမ်းဖျော့ရောင်လေး သုတ်ဖို့ကြိုးစားကြည့်လိုက်ပါ။

5.အနီရောင်
အနီရောင်ဆိုတာ ယုံကြည်မှုရှိမှု ၊ စိတ်လှုပ်ရှားမှု ၊ စွမ်းအားရှိမှုတို့ကိုဖြစ်ပေါ်စေပြီး စိတ်ပိုင်းဆိုင်ရာ အလှုံ့ဆော်နိုင်ဆုံးသော အရောင်ဖြစ်ပါတယ်။အနီရောင်ကြိုက်နှစ်သက်သူတွေဆိုတာ စိတ်ဓာတ်ပြင်းပြခွန်အားပြည့်ဝပြီးစိတ်မြန်ရဲရင့်သူတွေ ဖြစ်ကျပါတယ်။သင်ရဲ့ အိမ်ခန်းနေရာလေးကို ရွှင်လန်းတက်ကြွပြီး စိတ်ဓာတ်ပြင်းတဲ့ နေရာလေးဖြစ်စေချင်တယ်ဆိုရင်တော့
အနီရောင်လေး သုတ်ဖို့ကြိုးစားကြည့်လိုက်ပါ။

6.နီညိုရောင်
နီညိုရောင်ကတော့ တည်ကြည်လေးနက်ခြင်းရဲ့ အရောင် ဖြစ်ပါတယ်။ လုံခြုံမှုရှိခြင်း၊ ကာကွယ်မှုပေးခြင်းနဲ့ ပေါများကြွယ်ဝခြင်းတို့လဲ ဖြစ်နိုင်ပါတယ်။

7.အစိမ်းရောင်
ဟန်ချက်ညီမှုနဲ့ ရှင်သန်ကြီးထွားခြင်းတို့ရဲ့ အရောင်ပါပဲ။ အစိမ်းရောင်ဆိုတာ သဘာဝရဲ့အရောင်လေးဖြစ်ပြီး ငြိမ်သက်မှုနှင့်အတူ သက်သောင့်သက်သာရှိစေပါတယ်။ဘဝမှာ ဝမ်းမြောက်မှုကိုဖြစ်ပေါ်စေ၍ သဟာဇာတဖြစ်မှု နှင့် သွက်လက်မှု ရှိစေအောင် အစိမ်းရောင်က အမြဲဖော်ကြူးပေးမှာပါ။အစိမ်းရောင်ကို ကြိုက်နှစ်သက်သူတွေဆိုတာ မျှတ၍ တည်ငြိမ်မှုရှိပြီး ဇွဲကောင်းသူလေးတွေ ဖြစ်ကျပါတယ်။အဲ့ဒီလို စွမ်းအားတွေရရှိနေအောင် အိမ်ကအခန်းကို အစိမ်းရောင်လေး သုတ်ထားရင်ပိုအဆင်ပြေပါတယ်နော်။

8.စိမ်းနုရောင်
အစိမ်းနုရောင်ကတော့ လူမှုဆက်ဆံရေးနဲ့ စိတ်ကြည်လင်ပြတ်သားခြင်းကို ဆိုလိုပါတယ်။ စိတ်ကူးယဉ်မှုနဲ့ လက်တွေ့မဆန်မှုလို့လဲ အဓိပ္ပါယ် ကိုဖော်ပြပါတယ်။

9.ပန်းရောင်
အချစ်စစ်နဲ့ စောင့်ရှောက်ဖေးမခြင်းတို့ရဲ့ အရောင်ဖြစ်ပါတယ်။ ပန်းရောင်ဆိုတာ နှုးညံ့မှုကို ကိုယ်စားပြုထားတဲ့ အနီရောင်ရဲ့ မိသားစုဝင် အရောင်လေးဖြစ်ပါတယ်။ဗျာဆန်မှု၊ မရင့်ကျက်မှုနဲ့ တွေးခေါ်သုံးသပ်နိုင်စွမ်းမရှိမှုတို့ကိုလဲ ကိုယ်စားပြုပါတယ်။ပန်းရောင်ကိုကြိုက်နှစ်သက်သူတွေကတော့ အမျိုးသမီး လေးတွေက အများစုဖြစ်ပြီးအပြစ်ကင်းသူ၊ Romantic ဆန်သူလေးတွေ ဖြစ်ကျပါတယ်။အနီရောင်နဲ့ ယှဉ်ရင်တော့ ပန်းရောင်က ငြိမ်သက်အေးချမ်းတဲ့အရောင်လေးဖြစ်လို့အိပ်ခန်းထဲမှာသုတ်မယ်ဆိုရင် ပိုအဆင်ပြေမယ့် အရောင်လေးဖြစ်ပါတယ်။

10.ရွှေရောင်
ရွှေရောင်ကတော့ အောင်မြင်မှုရဲ့ အရောင်ပါ။ ဖြစ်ထွန်းမှုနဲ့ အောင်ပွဲရဲ့ အဓိပ်ပါယျလဲ ဖြစ်ပါတယ်။ ပေါကြွယ်ဝမှုနဲ့ ကြီးပွားတိုးတက်မှု၊ စည်းစိမ်နဲ့ အရည်အသွေး၊ ရိုသေလေးစားမှုနဲ့ အတွေ့အကြုံများခြင်း၊ တန်ဖိုးရှိမှုနဲ့ ရည်မွန်ကြော့ရှင်းမှု စတာတွေနဲ့လဲ ဆက်စပ်နေပါတယ်။ ဓနငွေကြေးပေါကြွယ်ဝခြင်း၊ ပစ္စည်းဥစ္စာချမ်းသာခြင်းနဲ့ သုံးမကုန်၊ဖြုန်းမကုန်ခြင်းတို့ကိုလဲ ကိုယ်စားပြုပါတယ်။

11.အညိုရောင်
အညိုရောင်လေးကတော့ ကမ္ဘာကြီးရဲ့ သင်္ကေတဖြစ်ပြီး..လုံခြုံမှု၊ ရောင့်ရဲနိုင်မှု နှင့် အားရကျေနပ်မှု တို့ကို ကိုယ်စားပြုထားတဲ့ အရောင်လေးဖြစ်ပါတယ်။အညိုရောင်ကြိုက်နှစ်သက်သူတွေကတော့ သဘာဝကို ချစ်မြတ်နိုးသူလေးတွေဖြစ်ပြီး ရိုးသားခြင်းရှိသော စိတ်ချမ်းသာမှုကို အလိုရှိတဲ့ သူလေးတွေ ဖြစ်ပါတယ်။

12.လိမ္မော်ရောင်
လိမ္မောရောင်လေးကတော့ ကျန်းမာရေးကိုမြင့်တင်ပေးပြီးစဉ်းစားဉာဏ်ရှိမှု၊ ကောင်းမွန်သည့်အကျိုးကျေးဇူးရရှိမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။မျှတမှုရှိပြီး နွေးထွေးခြင်း၊ မြူးကြွခြင်း၊ စိတ်အားထက်သန်မှုရှိခြင်း ၊ အာရုံစူးစိုက်မှုရှိခြင်းတို့နဲ့ ပြည့်စုံစေတဲ့ အရောင်လေးဖြစ်ပါတယ်။လိမ္မော်ရောင်ကြိုက်တတ်တဲ့ သူလေးတွေကတော့ လူတိုင်းနှင့် ခင်မင်တတ်တဲ့သူလေးတွေ ဖြစ်ပါတယ်နော်။
လိမ္မော်ရောင်ဟာ စားချင်သောက်ချင်စိတ်ကို လှုံ့ဆော်ပေးတဲ့အရောင်လေးဖြစ်ပြီးထမင်းစားခန်းမှာ ထပ်ဖြည့်ဖို့လိုတဲ့ ဟင်းခတ်အမွေးအကြိုင် တစ်မျိုးဖြစ်ပါတယ်။

13.အဖြူရောင်
အဖြူရောင်ကတော့ သန့်ရှင်းစင်ကြယ်မှုနဲ့ ပြီးပြည့်စုံမှုကို ဖော်ဆောင်ပါတယ်။ ဖြူစင်ခြင်း၊ အပြစ်ကင်းခြင်း၊ ကြီးမြတ်ခြင်း၊ ပြည့်စုံခြင်းလို့လဲ အဓိပျပါယဖြောနြိုငပြါတယြ။အဖှူရောငဟြာ ငယ်ရွယ်မှု၊ သန့်ရှင်းမှုနဲ့အတူ အေးမြအောင်ဖန်တီးပေးတဲ့ အရောင်လေးဖြစ်ပြီး လန်းဆန်းတဲ့ စိတ်ခံစားမှုကို ပေးစွမ်းနိုင်လို့ ရွေးချယ်သင့်တဲ့ အရောင်လေးဖြစ်ပါတယ်နော်။အဖြူရောင်ကြိုက်တဲ့သူတွေက ခေတ်ပေါ်စတိုင်လေးတွေကို ကြိုက်နှစ်သက်မှုရှိတဲ့ သူလေးတွေလဲ ဖြစ်ပါတယ်။ပူနွေးပြီး အရိပ်ကျနေတဲ့နေရာတွေမှာ အဖြူရောင်ဟာ အေးမြမှုကိုရရှိအောင် အကူညီပေးပြီးအအေးရိပ်ကျနေတဲ့ နေရာလေးတွေမှာ ဆိုရင်တော့ အေးမြမှုကို ပိုမိုခံစားရအောင်ပြုလုပ်ပေးပါတယ်။

14.အမဲရောင်
အမဲရောင်ကတော့ လှပတင့်တယ်မှု ၊ လျိုဝှက်ဆန်းကြယ်မှု နဲ့ စွမ်းအားရှိမှုတို့ကို ကိုယ်စားပြုတဲ့ အရောင်လေးဖြစ်ပါတယ်။အမဲရောင်ကြိုက်တဲ့ သူတွေက ရည်မှန်းချက်ကြီးသူတွေ ၊ ခေတ်မှီဆန်းပြားတဲ့သူတွေ ဖြစ်ကျပါတယ်။တစ်ဖက်မှာတော့ စိတ်မချမ်းသာမှုဖြစ်ခြင်း ရဲ့ အရောင်လေးလဲဖြစ်ပြီးDrama ဆန်ဆန် ပြင်ဆင်ချင်တယ်ဆိုရင်တော့ အလေးပေးအရောင် အဖြစ် ရွေးချယ်သင့်ပါတယ်။

15.မီးခိုးရောင်
မီးခိုးရောင်လေးကတော့ လှပကြော့ရှင်းတဲ့ အရောင်လေးဖြစ်ပြီး အခြားသောအရောင်တွေနဲ့ အံဝင်ခွင်ကျအဖြစ်ဆုံးသော အရောင်လေးလဲဖြစ်ပါတယ်နော်။မီးခိုးရောင်ကြိုက်သူတွေက လိမ္မာပါးနပ်ပြီး စည်းကမ်းရှိသော သူတွေဖြစ်ပါတယ်။အခြားသောနွေးထွေးမှုရှိတဲ့ အရောင်လေးတွေနဲ့ တွဲဖက်ပြီး သုတ်ထားမယ်ဆိုရင်တော့ ဖျတ်လတ်တက်ကြွတဲ့နေရာလေးတစ်ခုဖြစ်စေမှာ အသေအချာပါပဲနော်။

လှပတဲ့ ရောင်စုံကမ္ဘာကို ပိုင်ဆိုင်နိုင်ကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Credit to Original #ကချင်ပြည်နယ် #မြစ်ကြီးနား

 #မင်မင်အလုပ်တွေပြတ်နေတာ ဒါကြောင့်ကိုး မီးစက်လေးနိုးလိုက်မယ်ဘာမှမပြောတော့ဘူး 👌👌👌👌   #ကချင်ပြည်နယ်  #မြစ်ကြီးနား
04/05/2024

#မင်မင်အလုပ်တွေပြတ်နေတာ ဒါကြောင့်ကိုး မီးစက်လေးနိုးလိုက်မယ်ဘာမှမပြောတော့ဘူး 👌👌👌👌

#ကချင်ပြည်နယ် #မြစ်ကြီးနား

 #ဆီလာ(sealer)မပါရင် ဖြစ်တတ်သောပတ်တီးနဲ့ဆေးအကြောင်းအရာများ_______________________________ဆေးသုတ်ပြီဆိုရင် တိုက်အသစ်ကိုပဲ...
03/05/2024

#ဆီလာ(sealer)မပါရင် ဖြစ်တတ်သော
ပတ်တီးနဲ့ဆေးအကြောင်းအရာများ
_______________________________

ဆေးသုတ်ပြီဆိုရင် တိုက်အသစ်ကိုပဲသုတ်သုတ်

တိုက်အဟောင်းကိုပဲ ပြန်ပြီးဆေးသုတ်သုတ်

အဓိက မပါမဖြစ် ပါဝင်ရမယ့်အရာက ဆီလာပါ

တိုက်အတွင်းပဲ သုတ်သုတ် အပြင်ပဲသုတ်သုတ် ဆီလာကို မပါလို့မရပါဘူး

ဆီလာမပါခဲ့ရင် ဘယ်ပတ်တီးအကောင်းစားသုံးပါစေ ဘယ်ဆေးအမျိုးအစား ကွာလတီအကောင်းစားသုံးပါစေ

ရေရှည်မှာ ဘယ်လိုမှမကောင်းနိုင်ပါဘူး

ဆေးနဲ့ပတ်တီးကြားမှာဆီလာလိုအပ်ပါတယ်

ပတ်တီးပေါ် ကော်ပတ်တိုက်ပြီးသွားရင် ဆေးမလှိမ့်ခင် ဆီလာချုပ်ပါ

နည်းစနစ်မှန်မှန်ကန်ကန်လုပ်မှသာလျှင် ဆေးတွေ ပတ်တီးတွေ နံရံတွေပေါ်မှာ ကွာလတီအရည်အသွေးကောင်းကောင်းနဲ့ကြာရှည်ခံနိုင်မှာဖြစ်ပါတယ်

ဆီလာမချုပ်တဲ့ ဆိုးကျိုးများကတော့

ပတ်တီးနဲ့ဆေးကြားမှာ ဆီလာမပါခဲ့ရင် ဆေးသားသည် ပတ်တီးပေါ်မှာ ကြာရှည်မခံနိုင်ပါ အချိန်သိပ်မကြာခင်မှာပြန်ကွာ ပြန်ကြွလာနိုင်ပါသည်

''ဆေးသုတ်ဖို့အတွက် သိထားရမယ့် အခြေခံ အချက် ၃ချက်''

၁. ဆေးမသုတ်ခင် ဘာတွေလုပ်ရမလဲ?
မျက်နှာပြင်ပေါ်မှာရှိနေတဲ့ မညီမညာ အဖုအထွက်များကိုအရင်ဆုံးကော်ပတ်စား၍ချောသွားအောင်လုပ်ပြီး ညစ်ပေနေတဲ့ မျက်နှာပြင်ကိုသန့်ရှင်းရေးလုပ်ဖို့လိုအပ်ပါတယ်။

၂. သင့်တော်တဲ့ အောက်ခံဆေးရွေးတတ်ပြီလား?
ဆေးမသုတ်ခင် အောက်ခံဆေးအမြဲအသုံးပြုပေးဖို့လိုအပ်ပါတယ်။ အောက်ခံဆေး ၂မျိုးရှိပါတယ်။
အောက်ခံဆီဆေး - စိမ့်ဝင်လွယ်တဲ့ နံရံမျက်နှာပြင်များအတွက်အသုံးပြုနိုင်ပါတယ်။ ဆေးသား စွဲကပ်အားကောင်းပြီး ကြာရှည်ခံစေပါတယ်။ အတွင်း၊ အပြင် နံရံများအတွက်အသုံးပြုနိုင်ပါတယ်။
အောက်ခံရေဆေး - အမှုန့်ထသော နံရံမျက်နှာပြင်များအတွက်အသုံးပြုနိုင်ပါတယ်။ အနံအနည်းငယ်သာပါရှိပါတယ်။ အချိန်တိုတွင်း လျှင်မြန်စွာခြောက်သွေ့နိုင်ပါတယ်။

၃. ဘယ်လိုစပြီးဆေးသုတ်ကြမလဲ?
ဆေးသုတ်ရင် ညာဘက်ခြမ်းစမှပြီးသုတ်ရပါမယ်။ အရင်ဆုံး မျက်နှာကျတ်ကိုဆေးသုတ်ပြီးမှ နံရံကိုသုတ်ပေးရပါမယ်။ ဆေးများကို တစ်ထပ်ပြီးတစ်ထပ်သုတ်ဖို့ လိုအပ်ပါတယ်။ သုတ်ပြီးသွားတဲ့နေရာကခြောက်သွားမှသာ နောက်တစ်ထပ်ထက်သုတ်ပေးရပါမယ်။ ဆေးသုတ်ရာတွင် Paint roller နဲ့ စုတ်တံတို့ကို "W" ပုံစံဆွဲပြီးသုတ်ပေးရပါမယ်။

အပေါ်မှာပြောပြပေးထားတဲ့ ဆေးသုတ်ဖို့ အခြေခံအချက်အလက်တွေကို ကြိုတင်သိထားမယ်ဆိုရင်တော့ မိမိနေအိမ်အတွက်ပိုမိုလှပအောင်ဆေးသုတ်နိုင်ဖို့စိတ်ပူစရာမလိုတော့ဘူးနော်။🍀🍀🍀🍀🍀

#မြစ်ကြီးနား #ကချင်ပြည်နယ် #အိမ်

Address

Myitkyina

Website

Alerts

Be the first to know and let us send you an email when HOUSE Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HOUSE Construction:

Share