ပြည်သူ့ရှေ့ဆောင်ပါတီ-Kachin

ပြည်သူ့ရှေ့ဆောင်ပါတီ-Kachin "လူမှုဘဝအဓိက ငြိမ်းချမ်းလုံခြုံစွာ ကြီးပွားကြ"

30,May,2026(Sat)ပြည်သူ့ရှေ့ဆောင်ပါတီ ကချင်ပြည်နယ်လစဉ် ပုံမှန် အလုပ်ရုံဆွေးနွေပွဲ ကို ယနေ့ နံနက် ၉ နာရီ မှ ၁၁ နာရီ ထိ ကချ...
30/05/2026

30,May,2026(Sat)
ပြည်သူ့ရှေ့ဆောင်ပါတီ ကချင်ပြည်နယ်

လစဉ် ပုံမှန် အလုပ်ရုံဆွေးနွေပွဲ ကို ယနေ့ နံနက် ၉ နာရီ မှ ၁၁ နာရီ ထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့ရှေ့ဆောင်ပါတီ ပြည်နယ်ရုံးတွင် ပြည်နယ်အလုပ်အမှုဆောင်များနှင့် ပြည်နယ် ဒုဥက္ကဌ ဦးခင်မောင်ဌေး မှဦးဆောင်၍ မိမိတို့ပါတီ ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ နှင့် လက်ရှိလုပ်ငန်းဆောင်တာများ အတွက် လုပ်ငန်းစဉ်များ ညှိနိုင်းဆွေးနွေး တိုင်ပင်စည်းဝေးမှုများ ကျင်းပဆောင်ရွက်ခဲ့ပါသည်

ရှေ့သို့တိုးမည် PPP
ပြည်သူ့ရှေ့ဆောင်ပါတီ-Kachin

 #ကချင်ပြည်နယ်ပြည်သူ့ရှေ့ဆောင်ပါတီ 🅿️🅿️🅿️ရုံးဖွင့်ပွဲ ယနေ့ ၁၂-၅-၂၀၂၆ ရက်နေ့တွင်ကချင်ပြည်နယ် တာဝန်ရှိ ပြည်နယ်ဥက္ကဌ ဦးဟိန်...
12/05/2026

#ကချင်ပြည်နယ်ပြည်သူ့ရှေ့ဆောင်ပါတီ 🅿️🅿️🅿️ရုံးဖွင့်ပွဲ

ယနေ့ ၁၂-၅-၂၀၂၆ ရက်နေ့တွင်ကချင်ပြည်နယ် တာဝန်ရှိ ပြည်နယ်ဥက္ကဌ ဦးဟိန်းအောင်ကျော်မှ ဦးဆောင်၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်တွင် ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်များ များနှင့်အတူ ကချင်ပြည်နယ် ပြည်သူ့ရှေ့ဆောင် 🅿️🅿️🅿️ ပါတီရုံးအားအောင်မြင်စွာဖွင့်လစ်ခဲ့ပါသည် အဆိုပါပွဲသို့ မိတ်ဖက် ပါတီစုံမှ ဉက္ကဌများ၊ လွှတ်တော်အမတ်များ ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ၊ ရပ်မိရပ်ဖများနှင့် မိတ်ဆွေများ စုံညီစွာတက် တက်ရောက်အား‌ပေး ခဲ့ကြပါသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ-Kachin #ပါတီရုံးဖွင့်ပွဲ

 #ငြိမ်းချမ်းရေးသဝဏ်လွှာ ၁။​   မြန်မာနိုင်ငံ၏ လက်ရှိ ရွေးကောက်ခံအစိုးရအနေဖြင့် နိုင်ငံတော်၏ ရက် ၁၀၀ စီမံချက်ကို အကောင်အထ...
28/04/2026

#ငြိမ်းချမ်းရေးသဝဏ်လွှာ

၁။​ မြန်မာနိုင်ငံ၏ လက်ရှိ ရွေးကောက်ခံအစိုးရအနေဖြင့် နိုင်ငံတော်၏ ရက် ၁၀၀ စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပထမဦးစားပေးလုပ်ငန်းစဉ်တစ်ခုအဖြစ် နှစ်ပေါင်း ၈၀ ကျော်ကြာ ရှည်လျားခဲ့သော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ ဖိတ်ခေါ်ထားခြင်းအပေါ် အထူးပင် ကြိုဆိုထောက်ခံအပ်ပါသည်။

၂။​ တိုင်းပြည်၏ ရေရှည်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းခြင်းအပေါ်တွင် မူတည်နေပါသည်။ ထို့ကြောင့် -

(က) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခင်းအကျင်းတွင် နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွား၊ အသက်အိုးအိမ် စည်းစိမ်နှင့် လူမှုဘဝလုံခြုံရေးကို အဓိကထား ရှေးရှုကြရန် တိုက်တွန်း အပ်ပါသည်။

(ခ) လက်နက်ကိုင်ပဋိပက္ခများသည် ပြဿနာကို အပြီးတိုင် ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ဆင်းရဲဒုက္ခ များကိုသာ ပိုမိုရှည်ကြာစေမည်ဖြစ်သဖြင့် ပါဝင်သူအားလုံးအနေဖြင့် အတိတ်က အတွေ့အကြုံ များကို သင်ခန်းစာယူ၍ အပြုသဘောဆောင်သည့် နိုင်ငံရေးဆွေးနွေးပွဲများသို့ တက်လှမ်းကြရန် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၃။​အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည် ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ငြိမ်းချမ်းစွာ ညှိနှိုင်း ဖြေရှင်းခြင်းသည် တစ်ခုတည်းသော မှန်ကန်သည့် လမ်းကြောင်းဖြစ်သည်ဟု ပြည်သူ့ ရှေ့ဆောင်ပါတီမှ ယုံကြည်ပါသည်။
၄။​သို့ဖြစ်ပါ၍ သက်ဆိုင်သူအားလုံးအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း စားပွဲဝိုင်းတွင် ပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးစီးပွားကိုထောက်ရှု၍ အနာဂတ်နိုင်ငံတော်အတွက် အတူတကွ လက်တွဲပူးပေါင်း အဖြေရှာကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပါတီဗဟိုမှ ထုတ်ပြန်ချက်အား ထပ်ဆင့်ဖော်ပြအပ်ပါသည် ပြည်သူ့ရှေ့ဆောင်ပါတီ-Kachin

22/04/2026

၊ #မြစ်ကြီးနားမြို့တွင်း

လျှပ်စစ်မီးဖြင့်ရေတင်ဖို့ အခက်ခဲဖြစ်နေပါက CB မှဖြစ်စေ 09400058882၊09773158882 သို့ ဖြစ်စေ ဆက်သွယ်၍ အကညီတောင်းခံနိုင်ပါသည်။

Min Ram Zee Thang
ပြည်သူ့ရှေ့ဆောင်ပါတီ-Kachin
Hein Aung Kyaw

 #လျှပ်စစ်မီးအခက်ခဲဖြစ်နေသောသူများကိုအိမ်တိုင်ရာရောက်လိုက်လံကူညီချီဖွေရေအားလျှပ်စစ် ရပ်တန့်နေချိန်အတွင်း လျှပ်စစ်မီးအခက်...
22/04/2026

#လျှပ်စစ်မီးအခက်ခဲဖြစ်နေသောသူများကိုအိမ်တိုင်ရာရောက်လိုက်လံကူညီ

ချီဖွေရေအားလျှပ်စစ် ရပ်တန့်နေချိန်အတွင်း လျှပ်စစ်မီးအခက်ခဲ ဖြစ်နေသော မြစ်ကြီးနားမြို့ရှိ မိဘပြည်သူများ၏ EV ဆိုင်ကယ်၊ဖုန်း၊ Power Bank ၊မီးအိမ်များနှင့် သောက်သုံးရေ ပြတ်လပ်၍ ရေတင်ရန်ခက်ခဲနေသော မိဘပြည်သူများအား အိမ်တိုင်ရာရောက် အခမဲ့ အားသွင်း‌ပေးခြင်း ရေတင်ပေးခြင်း များကို ပြည်နယ် ဥက္ကဌ ဦးဟိန်းအောင်ကျော် မှ ကြီးမှုး၍ ဦးမင်ရမ် ၊ဦးစိုးစိုးအောင် နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ PPP ပါတီဝင်များ မှ လိုက်လံကူညီမှုများ ဆောင်ရွက်ပေးလျှက်ရှိပါသည်

ပြည်သူ့ရှေ့ဆောင်ပါတီ-Kachin
22.4.2026

 #မြန်မာ့ရိုးရာနှစ်ကူးအတာသင်္ကြန်ကာလမှစ၍ မြန်မာပြည်သူပြည်သားအပေါင်းနှင့် ပြည်သူ့ရှေ့ဆောင် (PPP)ပါတီဝင်အပေါင်း ကိုယ်စိတ်န...
11/04/2026

#မြန်မာ့ရိုးရာနှစ်ကူးအတာသင်္ကြန်ကာလ

မှစ၍ မြန်မာပြည်သူပြည်သားအပေါင်းနှင့် ပြည်သူ့ရှေ့ဆောင် (PPP)ပါတီဝင်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်းကြပါစေကြောင်း တောင်းဆုပြုအပ်ပါသည်။ အားလုံးမဂ်လာရှိသော နှစ်သစ်ဖြစ်ပါစေ

ပြည်သူ့ရှေ့ဆောင်ပါတီ-Kachin
11.4.2026

၂၀၂၅ အထွေထွေ ရွေး​ကောက်ပွဲကြီးတွင်  ပြည်သူ့ရှေ့ဆောင်ပါတီ 🅿️🅿️🅿️မှ  လွှတ်တော်ကိုယ်စားလှယ် (၂၀) ဦး ရွေးချယ်ခံရပြီး သက်ဆိုင...
22/03/2026

၂၀၂၅ အထွေထွေ ရွေး​ကောက်ပွဲကြီးတွင်

ပြည်သူ့ရှေ့ဆောင်ပါတီ 🅿️🅿️🅿️မှ လွှတ်တော်ကိုယ်စားလှယ် (၂၀) ဦး ရွေးချယ်ခံရပြီး သက်ဆိုင်ရာ လွှတ်တော်များ အသီးသီး တက်ရောက်ရျ် ပြည်သူလူထုအကျိုးပြု အဆိုများ ထိရောက်စွာ တင်သွင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။

ပြည်သူ့ရှေ့ဆောင်ပါတီမှ

* ကယားပြည်နယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် - ၁ ဦး

* ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် - ၅ ဦး

* မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် - ၅ ဦး

* ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် - ၃ ဦး

* ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် - ၃ ဦး

* ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် - ၁ ဦး

* ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် - ၁ ဦး

* မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် - ၁ ဦး အသီးသီး ရွေးချယ်ခံခဲ့ရပါသည်။

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းမှု ရရှိရေး နှင့် ပြည်သူလူထု ရင်ဆိုင်နေရသော အခက်အခဲများ ပပျောက်ရေးတို့ကို အထူးအလေးထား ဆောင်ရွက်သွားမည့် ပြည်သူ့ရှေ့ဆောင်ပါတီ 🅿️🅿️🅿️ မှ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ဖြစ်ကြပါသည်။

08/03/2026
(၇၉)  #နှစ်မြောက်ပြည်ထောင်စုနေ့သဝဏ်လွှာ
12/02/2026

(၇၉) #နှစ်မြောက်ပြည်ထောင်စုနေ့သဝဏ်လွှာ

31/01/2026

#မင်းကခေတ်ပျက်မှာအာဏာလိုချင်နေတာလားတဲ့?

သိပ်ကိုကောင်းတဲ့မေးခွန်းပါပဲ။
အမှန်အတိုင်းပြောရရင် ကျန်နော်အာဏာလိုချင်ပါတယ်
ကျန်နော့်ပြည်နယ်၊ ကျန်နော့ဒေသ က ကျန်နော့လို
အခြေခံလူတန်းစား တွေရဲ့ ကျန်းမာရေး၊ပညာရေး၊စီးပွားရေး ဖွံဖြိုးတိုးတက်လာအောင်လုပ်နိုင်ခွင့်စွမ်းအား
ရှိဖို့အတွက် အာဏာလိုချင်ပါတယ်။

ခုလိုခေတ်ကာလ ကုန်စျေးနှုန်းကမြင့် ငွေတန်ဖိုးကလျော့နေတဲ့အချိန်မှာ
ကျန်းမာရေးနဲ့ပတ်သက်လာရင်
ငွေမရှိလို့ ဆေးရုံသွားရင်တောင် ဆေးရုံမှာကောင်းမွန်တဲ့ဆေးအထောက်အပံ့တွေနည်းတော့ အပြင်ကဆေးတွေ
၀ယ်ယူရတဲ့အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက်
ကျန်နော် အာဏာလိုချင်ပါတယ်။

ပညာရေးနဲ့ပတ်သက်လာရင် ခေတ်ကာလအခြေအနေကြောင့် တချို့အခြေခံလူတန်းစားတွေ ကိုယ့်သားသမီးတွေကို ကျောင်းမထားပေးနိုင်တော့ဘူး
၀တ်စုံတွေ မ၀ယ်ပေးနိုင်ဘူး ပညာရေးနဲ့ပတ်သက်တဲ့အထောက်အပံ့ပစ္စည်းတွေ ၀ယ်ပေးနိုင်ဖို့​ဝေလာဝေး
မိသားစု​မှာစားနိုင်သောက်နိုင်ဖို့တောင်အနိုင်နိုင်
ဒါတွေကို ဖြေရှင်းပေးနိုင်ဖို့ ကျန်နော်အာဏာလိုချင်ပါတယ်။

စီးပွားရေးမှာ တနိုင်တပိုင် ဟင်းသီးဟင်းရွက် ရောင်းစား
နေတဲ့သူတွေ အဖက်ဖက်ကနေ ကုန်ရောင်းကုန်၀ယ်လုပ်နေတဲ့သူတွေ ငွေတန်ဖိုးကျဆင်းတော့ အမြတ်နည်းနည်းနဲ့
ရောင်းပြီး မငတ်ရုံတမယ်ကြိတ်မှိတ်
ရောင်းနေကျတယ်
စီးပွားရေးလုပ်ငန်းရှင် တွေတောင်ငြီးတဲ့ဒီကာလမှာ
ငါတို့လိုအခြေခံလူတန်းစားတွေဆိုပြောမနေနဲ့တော့
ဒါတွေကို ဖြေရှင်းပေးဖို့အတွက် ကျန်နော် အာဏာလိုချင်ပါတယ်။
စီးပွားရေး ပညာရေးတွေ ကျဆင်းလာတော့ လူမှုရေးတွေက အော်တိုကျဆင်းလာပြီ ။ တစ်ချိန်က အိမ်တစ်အိမ်မှာ တစ်ယောက်ရှာရင် ၄ ၊၅ယောက် စားနိုင်တယ်
ခုချိန်က အိမ်တစ်အိမ်မှာ ငါးယောက်ရှိရင် ငါးယောက်စလုံးရှာရင်တောင်မလောက်ဘူး စားတာနဲ့ကုန်တယ်
အရေးပေါ်သာရေး ၊နာရေးအတွက်တောင် ချန်ထားဖို့မပါဘူး။
လမ်းပေါ်မှာ ကလေးမက သူ့မောင်လေးကို လွယ်ပြီး တောင်းရမ်းနေတယ် ။တချို့ကလေး ညီအကိုတွေ ပလုံ ကောက်နေကျတယ် တွန်းလှည်းကို၀ိုင်းတွန်းပြီး သီချင်းတွေဆိုနေတယ် ဘယ်လောက်တောင်ရင်နာဖို့ကောင်းလဲ
ဒီကလေးတွေက ကျောင်းနေရမဲ့အရွယ်တွေဗျ
အသက်မပြည့်တဲ့ ညီငယ် ညီမငယ်တွေ မရောက်သင့်တဲ့နေရာရောက်နေကျတယ်။မလုပ်သင့်တဲ့အလုပ်တွေလုပ်နေကျတယ်။အချို့လူငယ်တွေ မိသားစု၀မ်းရေးအတွက် နိုင်ငံခြားကို ငယ်ငယ်ရွယ်ရွယ်နဲ့ပညာသင်နေရမဲ့အချိန်မှာ မသွားချင်ပဲသွားနေကြရတယ်။ ခုချိန်မှာ ကိုယ့်အရေးတောင်ကိုယ်အနိုင်နိုင်မို့ မျက်စိလွှဲရုံကနေ ဘယ်သူမှမတတ်နိုင်ဘူး
ဒီလိုအရာတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် ကျန်နော်အာဏာရှိချင်တယ်။
လူငယ်တွေက ကိုယ့်ဆန္ဒနဲ့ကိုယ် နိုင်ငံရေးပေါ် လျှောက်လှမ်းလာတဲ့အချိန်မှာ ရင်ထဲမှာမှတ်ထားရမှာက ငါလုပ်နေတာ နိမ့်ကျနေတဲ့ပြည်သူလူထုအတွက်ပဲဆိုတာကိုရင်ထဲမှတ်ထားရမယ် ၊အဲ့လိုမှတ်ထားရင် လျှောက်လှမ်းလာတဲ့အချိန် ကိုယ်နဲ့မတူကိုယ့်ရန်သူဆိုတဲ့စိတ်မရှိတော့ဘူး
ဘယ်လိုပဲလျှောက်လျှောက်အများပြည်သူအတွက်ပဲလေနော့ ။
ငြိမ်းချမ်းစွာဖြင့်

#ဦးဂျာဂွန်းတန် (🅿️🅿️🅿️)
ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း
မဲဆန္ဒနယ် အမှတ်(၂)
29.11.1995

Address

Myitkyina

Alerts

Be the first to know and let us send you an email when ပြည်သူ့ရှေ့ဆောင်ပါတီ-Kachin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပြည်သူ့ရှေ့ဆောင်ပါတီ-Kachin:

Share