Nump Latt coal mining

Nump Latt coal mining we sell coal
if u want to produce coal your self negotiation our company. Anything to know contact us. Nump Latt Company Limited

အလတ်စားကျောက်မီးသွေးမိုင်းရောင်းမည်။ဧက - ၂၀၀နေရာ - နမ့်စန်/ရှမ်းတောင်ဆက်သွယ်ရန် - ဦးမျိုးလွင်ဖုန်း - 09406209988
02/11/2022

အလတ်စားကျောက်မီးသွေးမိုင်းရောင်းမည်။
ဧက - ၂၀၀
နေရာ - နမ့်စန်/ရှမ်းတောင်
ဆက်သွယ်ရန် - ဦးမျိုးလွင်
ဖုန်း - 09406209988

31/07/2022

တရားတဲ့သူသာ…
နိုင်ကြေးဟေ့ ✊

Hla Soewai ကြိုးပေး စီရင်ခဲ့မှု သည် တရုတ် တို့ စော်ကား ခံလိုက်ရသလို ဖြစ်သွားဟု ဆို**************အဆိုပါ ခေါင်းစဉ် ဖြင့် S...
30/07/2022

Hla Soewai
ကြိုးပေး စီရင်ခဲ့မှု သည် တရုတ် တို့ စော်ကား ခံလိုက်ရသလို ဖြစ်သွားဟု ဆို
**************

အဆိုပါ ခေါင်းစဉ် ဖြင့် South China Morning Post သတင်းစာကြီးမှ ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားလိုက်သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ နေပြည်တော်မှ ပြန်သွားသည်မှာ တလပင် မပြည့်သေးခင်မှာပင် စစ်အာဏာသိမ်း အဖွဲ့မှ ဒီမိုကရေစီ အရေး တိုက်ပွဲဝင်နေသူ လေးဦး အား ‌ကြိုးပေး စီရင်လိုက်ကြသည်။

ဝမ်ယီမှ နိုင်ငံရေး အရ ပြန်လည် ရင်ကြားစေ့ နိုင်ရေး အတွက် အတိုက်အခံများ နှင့် အကျိုးသင့် အကြောင်းသင့် ဆွေးနွေးပါရန် တိုက်တွန်း ပန်ကြားမှု ကို လိုက်နာစရာ မလိုဟု ဥပက္ခာ ပြုလိုက်ခြင်းဟုအဓိပ္ပါယ် သက်ရောက်သွားစေခဲ့သည့် လုပ်ရပ်လည်း ဖြစ်သည်။ ထိုလုပ်ရပ်သည် တရုတ် မျက်နှာ ဖြတ်ရိုက်ခံလိုက်ရခြင်းဟု မဆိုနိုင်က အခြားမည်သို့ ပြောနိုင်သေးသည်ကို စဉ်းစားမရဟု သတင်းစာ က ဆိုသည်။

တရုတ်သည် အရှက်ပြေ တပါးနိုင်ငံ၏ ပြည်တွင်းရေး ကို စွက်ဖက်ခြင်း မပြုဟု အမေရိကန်ကို တုန့်ပြန်ခဲ့သော်လည်း စိတ်ထဲက အတော် မကျေမနပ် ဖြစ်လျက် ရှိသည်ဟု သတင်းစာကဆိုသည်။

စစ်အာဏာသိမ်း အဖွဲ့၏ လုပ်ရပ်သည် တရုတ် အပါအဝင် နိုင်ငံ အများ အပြား တောင်းဆိုနေသည့် ဆွေးနွေးရေး လမ်းကြောင်းကို အပြီးအပိုင် ပိတ်ဆို့ပစ်လိုက်သည့် အနေအထား ရောက်သွားပြီကို သိနေကြသော ကြောင့် ဖြစ်သည်။

ထို့ပြင် စစ်အာဏာသိမ်း အဖွဲ့၏ မဆင်မခြင် လုပ်ရပ်ကြောင့် အကြမ်းဖက် လက်တုန့်ပြန်မှုများ ဖြစ်ပွားလာပါက ၎င်းတို့၏ အကျိုးစီးပွားများ ထိခိုက်လာမည့် အရေးကို ‌တွေးပြီး တုန်လှုပ်လာခဲ့ကြသည်။

လက်ရှိ အနေအထားတွင် တခုခု အရေးရယ် အကြောင်းရယ် ဖြစ်လာပါက စစ်အာဏာသိမ်း အဖွဲ့သည် တရုတ်တို့၏ ပိုက်လိုင်းများ၊ ပရောဂျက်များကို အရေးတယူ လုပ်ပြီး ကာကွယ်ပေးမည် မဟုတ်ဆိုသည်ကိုလည်း ရိပ်စားမိလာကြပြီ ဖြစ်သည်။

ထိုအရေးကို ကာကွယ်ရန် တရုတ်တို့ စစ်တပ် စေလွှတ်ဖို့ ဆိုသည်ကလည်း ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားပေမည်၊ ထိုသို့ လုပ်မည်ဆိုက မည်သည့် ဖွံဖြိုးဆဲ နိုင်ငံ ကမျှ တရုတ် တို့ ပရောဂျက်များကို လက်ခံရဲကြတော့မည် မဟုတ်၊ အခန့်မသင့်က သူတို့နိုင်ငံထဲလည်း တရုတ်တပ်များ ရောက်လာနိုင်သည်ကို မစဉ်းစားပဲ နေကြမည် မဟုတ်။

ထို့အတွက်ကြောင့်လည်း လုံခြုံရေး ကောင်စီမှ ရှုတ်ချကြောင်း ကြေညာချက် ထူးထူးခြားခြား ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။ တရုတ်သည် ရုရှားက မြှောက်ပေးထား၍ မင်းအောင်လှိုင် ကမ်းတက်လာနေသည်ကို ရိပ်စားမိလာသဖြင့် နောက်နောင်တွင် မြောက်ကိုရီယားကဲ့သို့ ကုလ လုံခြုံရေးကောင်စီ အမိန့်ဖြင့် ဒဏ်ခတ် ပိတ်ဆို့ အရေးယူရန်ပင် စဉ်းစားလာတော့မည် ဖြစ်သည်။

လက်ရှိတွင် ကုလ လုံခြုံရေး ကောင်စီ မှ တညီတညွတ်တည်း ရှုတ်ချလာပြီး တောင်းဆိုမှုများလည်း ပါလာ၍ မင်းအောင်လှိုင်တယောက် သွေးပျက်မတတ် ဖြစ်လာနေသည်၊ တရုတ်ကလည်း ထိုကြေညာချက်သည် "သိသိသာသာ အရေးပါကြောင်း" ဟု ပြောလာပြန်သည်။

လက်အောက်ငယ်သားများကလည်း "ဘာမဆို လုပ်ရဲသူ' ဟု မြှောက်ပင့်ပေးထားသော ခေါင်းဆောင်ကြီးကို ဒီတိုင်း ပစ်ထား၍ ‌တော့ မဖြစ်၊ ဘာမဆို လုပ်ရဲသည် အဖြစ်မှ "ဘာလာလာ ပြေးမည်" ဆိုက မခက်ချေလော၊ အားပေး၍ ရလိုရငြား လူထု ကြီးသည် ၎င်း၏ လုပ်ရပ်ကို လူထုက ထောက်ခံနေသယောင် ပြလို၍ ထုံးစံ အတိုင်း မြိုစွန်ရှိ လူမိုက်လူရမ်းကား များ၊ ကလေးနို့မှုန့်ဖိုး ရလိုရငြား ဆိုသည့် သားသည် မအေများ အစရှိသည်တို့အား ကားများဖြင့် ခေါ်လာကာ မြို့လယ်ခေါင်တွင် ကမန်းကတမ်း ဒရာမာ ခင်းလာကြခြင်း ဖြစ်သည်။ ထိုလုပ်ရပ်သည် ရိုးအီနေပြီ ဖြစ်သော်လည်း တလွဲတွေးရာတွင် သူမတူအောင်ထူးချွန်သည့် မင်းအောင်လှိုင်ကိုကား အားတက်အောင် လုပ်နိုင်‌ ပေလိမ့်မည်။

ကုလသမဂ္ဂ ဆိုင်ရာ တရုတ် သံအမတ်ကြီး
ဇမ်ဂျွန်း က ယခုအခါ မြန်မာအရေး နှင့် ပတ်သက်ပြီး #"တသံတည်း ပြောဆိုဖို့" အရေးကြီးလာပြီ ဟု အလေးအနက် ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။

ဤသည်ကပင် တရုတ်သည် ကမ္ဘာအရေး အရာများ နှင့် ပတ်သက်ပြီး မှန်ကန်သော လမ်းကြောင်းပေါ် တက်လှမ်းလာတော့မည့် ခြေလှမ်းအစပင် ဖြစ်နိုင်သည် ဟု သတင်းစာက ရေးသားထားပြန်သည်။

ဧရာဝတီ သတင်းဌာနကမူ ၎င်းတို့ရရှိထားသော သတင်းများအရ သေဒဏ် ချမှတ်ခံထားရသော နိုင်ငံရေး အကျဉ်းသား ၇၆ ဦးကို ဆက်လက် ကြိုးပေး စီရင်သွားရန် အာဏာသိမ်း အဖွဲ့မှ ပြင်ဆင်နေသည်ဟု ကမ္ဘာအား အရေးပေါ် ပန်ကြားလွှာ ထုတ်ပြန် အသိပေးလာခဲ့သည်။

တခါ က ပျော်ရွှင်စရာ အတိ ပြည့်စုံလှသည့် ရန်ကုန်သည် ယခုအခါ တဖြေးဖြေး နှင့် အန္တရာယ်များ ရောပြွမ်းရာ အရပ် ဖြစ်လာနေပြီး အမေရိကန်သံရုံးမှပင် ၎င်းတို့ နိုင်ငံသားများအား အပြင်မထွက်ကြရန် နှင့် ၇ ရက်စာ စားနပ်ရိက္ခာ အပြည့်ဝယ်ယူ ထားကြရန် နှိုးဆော်ချက် ထုတ်ပြန်လာသည်ကို တွေ့ရသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတကြီး ဒူးဝါး လရှီးလာ မှ ဖက်ဆစ် အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းရန် အသက်ကို စွန့်၍ တိုက်ပွဲဝင်နေကြသော မြန်မာပြည်သူတို့အား လက်နက်ခဲယမ်းများ အကူ အညီ ပေးကြပါရန် နိုင်ငံတကာ သို့ ပန်ကြားချက် အား နိုင်ငံတဝှမ်းသို့ ထုတ်လွှင့်သော အသံလွှင့် မိန့်ခွန်းတွင် ထည့်သွင်း တောင်းဆို လိုက်ပြီ ဖြစ်သည်။။

မင်းအောင်လှိုင်ကတော့ နောင်လာ နောင်ခါဈေး သဘောထားကာ ကြံရာမရ ဖြစ်လာသည်နှင့် အမျှရက်စက် ကြမ်းကြုပ်သည့် နည်းလမ်း‌ ပေါင်းစုံ သုံး ကာ အသက်ဆက် တော့မည် ဖြစ်သည်။

ပြည်သူတို့ ဆင်နွဲနေသော တော်လှန်ရေးကြီး မုချ အောင်ရမည်!!!

(ကိုဖြိုး‌ဇေယျာသော် နှင့် ဇနီးဖြစ်သူ မသဇင်ညွန့်အောင်တို့ အတူ ‌တွေ့ရပုံကို အယ်ဂျာဇီယား သတင်းဌာနက ဖေါ်ပြထားခြင်း ထားခြင်း ဖြစ်သည်)

"ငှက်ကို လှောင်အိမ်ထဲထည့်ပြီး        မပျံနိုင်ပါဘူးလို့အော်နေသူတွေ ရှက်သင့်ပြီ "      # မင်းကိုနိုင်
28/07/2022

"ငှက်ကို လှောင်အိမ်ထဲထည့်ပြီး
မပျံနိုင်ပါဘူးလို့
အော်နေသူတွေ ရှက်သင့်ပြီ "

# မင်းကိုနိုင်

 Soewaiပုံမှန် စိတ် ရှိသူ များ မည်သို့မျှ တွေးမထားသည့် လုပ်ရပ် တခု အကြမ်းဖက် စစ်တပ် မှ ကျုးလွန်ခဲ့ပြန်‌‌ပြီ*************...
28/07/2022

Soewai
ပုံမှန် စိတ် ရှိသူ များ မည်သို့မျှ တွေးမထားသည့် လုပ်ရပ် တခု အကြမ်းဖက် စစ်တပ် မှ ကျုးလွန်ခဲ့ပြန်‌‌ပြီ
***************

ကြိုးပေး ကွပ်မျက်ခြင်း ခံခဲ့ရသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် တို့ ၏ မိဘများ နေထိုင်ရာ အိမ်များသို့ လူရမ်းကား များ အား ကားများနှင့် တင်ခေါ်လာပြီး ခဲများ၊ ကြက်ဥ များ နှင့် ဝိုင်းပေါက်ကြရန် စေခိုင်းခဲ့ခြင်းပင် ဖြစ်သည်၊ အယောက် နှစ်ဆယ်ခန့် ရှိမည်ထင်ရသော လူစုအား "အကြမ်းဖက် မှု ဆန့်ကျင်" ကြသည့် ပြည်သူများဟု ခေါင်းစဉ်တပ် ဝါဒဖြန့်နိုင်ရန် အတွက်ပင် ဖြစ်သည်။

နိုင်ငံ တကာ ၏ ဒေါသတကြီး နှင့် တညီတညွတ် တည်း အပြင်းအထန် ဝေဖန် ရှုတ်ချ ခံရလိမ့်မည်ကို လုံးဝ တွက်ဆထားခဲ့ဟန် မတူသော စစ်ကောင်စီ အဖို့ အကြီးအကျယ် တုန်လှုပ်ချောက်ခြားကာ ကြံမိကြံရာ တုန့်ပြန်လာခြင်းပင် ဖြစ်သည်။

ထို အဖြစ်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် ကလေးသာသာ ဦးနှောက် အဆင့်သာ ရှိ သူများ ဖြစ်နေသည်ကို မယုံကြည်နိုင်လောက်အောင် တွေ့မြင်ခဲ့ကြရသည်။

နောက်နောင်တွင် ၎င်းတို့ ၏ လုပ်လာနိုင်သည်များကို တွက်ဆနေကြသည့် ပညာရှင်များ အဖို့ လုံးဝ အခက်တွေ့သွားစေရသည့် လုပ်ရပ်လည်း ဖြစ်နေသည်။ အကြောင်းကား ၎င်းတို့၏ ခြေလှမ်းများကို ကြိုတင် ခန့်မှန်းနိုင်ဖို့ မိမိတို့၏ ‌တွေးခေါ်မျှော်မြင် မှုအား ၎င်းတို့နှင့် တန်းတူ ဖြစ်ရန် အောက်ဆုံးတန်း အထိ ဆွဲချထားနိုင်မှသာ ဖြစ်ပေတော့မည်၊ တန်းတူထား စဉ်းစားပါက အမှားမှား အယွင်းယွင်းသုံးသပ်ချက်များ ထွက်ပေါ်လာနိုင်သည်။

ဥပမာ မင်းအောင်လှိုင်၏ ရုရှား ခရီးစဉ်ကို နိုင်ငံရေး၊ စစ်ရေး အတွက် ထွက်ပေါက် ဟု သုံးသပ်နေခြင်းထက် မော်စကို နှင့် ကီလို ၁၀၀ ခန့်ဝေးသော နိုင်ငံတကာ ယဉ်ကျေးမှု Heritage Park တွင် ပေးထားသည့် မြေကွက်ငယ် လေးတွင် ထီးတော်တင်ကာ အောင်ပြီ အောင်ပြီ သွားရောက် ကြွေးကြော် ယုံမျှ ထက် မပိုဟု သာ စဉ်းစားရပေတော့မည်။

ကြိုးပေး စီရင်ခဲ့မှု ကြောင့် လူထုကြီးက ဒေါသတကြီး ဆူပူ တုန့်ပြန်လာလိမ့်မည်ဟု တွက်ဆထားကောင်း ထားနိုင်သော်လည်း ၎င်းတို့ ထင်သလို ဖြစ်မလာ၊ သို့သော် သူဖာသာ ငြိမ်နေကြသည်ကို ဆွ ရဲသော သတ္တိ အပြည့် ရှိသည်ဟု ဆိုရမည် ဖြစ်သည်။

၎င်းတို့ တွက်ကိန်းလည်း မှန်သွားခဲ့ပြန်သည်၊ ဆူပူကြဖို့ နေနေသာသာ ထိုသို့ မိမိတို့ ရပ်ကွက်ထဲ လာရောက် ကျူးကျော် စော်ကား မော်ကား လုပ်နေကြသည်ကို ကာကွယ်ဟန့်တား ပေးမည့် လူ တဦးတလေမျှ နှင့်ပင် ရင်မဆိုင်ခဲ့ရပဲ လာရောက် ရမ်းကားသူ အချင်းချင်း တော်လောက်ပြီ ဆိုကာ ကားပေါ်တက် ကာ အေးဆေးစွာ လှည့်ပြန်သွားကြပေသည်။

ဤသည်ကို ကြည့်ကာ စစ်ကောင်စီ သည် မြို့ကြီးများရှိ လူထု ကို ဖေ့စ်ဘုတ်‌ ပေါ်မှ လွဲ၍ တုပ်တုပ်မျှ မလှုပ်ရဲအောင် ထိန်းချုပ်ထားနိုင်သည်မှာ ထင်ရှားနေသည်။

ထိုသို့ ဖြစ်ခဲ့ခြင်း အတွက် လူထုကို အပြစ်ဆိုစရာ မရှိ၊ လူထု အဖို့လည်း မြန်မာ သမိုင်းတွင်သာ မက ကမ္ဘာ တွင်ပင် မကြားဖူး မကြုံဖူး လောက်အောင် အသိညဏ် ကင်းမဲ့စွာ ရက်စက်ကြမ်းကြုပ်လှသူများ၏ အုပ်ချုပ်ခံနေရသည့် အဖြစ်နှင့် ရင်ဆိုင်နေကြရသောကြောင့်ပင် ဖြစ်သည်။

ထိုသို့ ကျီးလန့်စာစား နေနေကြရသော လူထု အဖို့ တပူပေါ် နှစ်ပူဆင့် ဆိုသကဲ့သို့ ဆေးဝါးများ ပြတ်လတ်သည့် အန္တရာယ် နှင့် စတင်ရင်ဆိုင်နေကြရပြီ ဖြစ်သည်။

ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှပင် လူလေးဦး အသက် ဆုံးရှုံးသွားခဲ့ရမှု အတွက် စိတ်မ‌ကောင်း ဖြစ်ရကြောင်း၊ အင်အားသုံး အကြမ်းဖက် ရက်စက်မှု များဖြင့် နိုင်ငံရေး အရ ကွဲပြားမှုများကို ‌ဖြေရှင်းနိုင်မည် မဟုတ်ပဲ ပို၍ သာ ဆိုးရွားလာစေမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

ဖီလစ်ပိုင် အစိုးရကလည်း မြန်မာနိုင်ငံရှိ ၎င်းတို့ နိုင်ငံသားများ အတွက် Level 4 လုံခြုံရေး အဆင့် သတ်မှတ်ပေးလိုက်ပြီ ဖြစ်သည်၊ ထိုအဆင့်အရ နိုင်ငံသားများ အန္တရာယ် တစုံတရာ ကြုံလာပါက မဖြစ်မနေ သယ်ထုတ်ရန် တာဝန် ရှိလာနေသည်။

ယခုအခါ အမျိုးသား ညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တို့မှ ဖက်ဆစ် စစ်တပ်အား အမြစ်ပြတ်သည် အထိ တိုက်ပွဲ ဝင်သွားမည်ဟု တညီတညွတ်တည်း ကမ္ဘာသိ ကြေညာလိုက်ပြီ ဖြစ်သည်။ ထိုအထဲတွင် ကေအိုင်အေ နှင့် အေအေ ပါဝင်ခြင်း မရှိသော်လည်း ထိုအဖွဲ့များသည် တော်လှန်ရေး အင်အားစုများကို ကူညီပေးလျက် ရှိနေသည်။

မြန်မာနောင်း သတင်းအရ ‌ယခုအခါ သေဒဏ်ပေးခံထားရသည့် နိုင်ငံရေး အကျ‌ဉ်းသားများအား သီးသန့်ခွဲခြား ထားလာသဖြင့် ထပ်၍ စီရင်ဦးမည်လားဟု စိုးရိမ်စိတ်များ မြင့်တက်လာနေကြသည်ဟု သိရသည်။ သေဒဏ်ကျခံထားရသူ ၁၁၇ ဦးအနက် မျက်ကွယ်တွင် စီရင်ခြင်း ခံရသူ ၄၁ ဦး ရှိနေ၍ စစ်ကောင်စီ လက်ထဲ ကျရောက်နေသူ ၇၆ ဦး ရှိနေသည်ဟု ယူဆ၍ ရပေသည်။

တကမ္ဘာလုံးက ၎င်းတို့ အပေါ် ပုံမှန်စိတ် ရှိသူများဟု ဆက်လက်ယူဆနေကြသည်က ပြဿနာ ဖြစ်နေရသည်။ ၎င်းတို့အား စိတ်ရောဂါကု ဆရာဝန်များ နှင့် အသေအချာ စစ်ဆေးကြည့်မည်ဆိုက အသိတရား ကင်းမဲ့ပြီး စောင့်ထိန်းရမည့် လူ့ကျင့်ဝတ် တရားများကို လွန်လွန် ကျုးကျုး ဆန့်ကျင်သူ sociopath များ အဖြစ် မှတ်ချက်ချကြမည်သာ ဖြစ်သည်။

ရန်ကုန်တွင်လည်း ဗုံးများ ဆက်တိုက်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်၊ သို့သော် ဗုံးသံများကို ကာလကြာမြင့်စွာ ကတည်းက ကြားသိနေရပြီး ဖြစ်၍ ရန်ကုန်တွင် အသွားအလာ မပျက် စည်ကားနေဆဲ ဖြစ်သည်၊ လူထုသည် ဖက်ဆစ် စစ်တပ် လက်အောက်မှ ၎င်းတို့အား ကယ်တင်ပေးနိုင်မည့် game changer တခုခု ကို မျှော်တလင့်လင့် ဖြင့် စောင့်စားနေကြဆဲ ဖြစ်သည်။

စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ့အား ထောက်ခံနေကြသူများသည် ၎င်းတို့၏ မိသားစု အသက်များကို လောင်းကြေးထပ်၍ လုပ်ကိုင်နေကြရခြင်း ဖြစ်၍ မည်သို့မျှ အလျော့ပေး၍ မရ ဆိုသည်ကို ကောင်းစွာ နားလည် ထားကြပြီး ဖြစ်သည်။ ၎င်းတို့ အာဏာ တည်မြဲရေး အတွက် တွေးနိုင်သမျှ အကြံအစည်များကို ဂမူးရှူးထိုး အကောင်အထည် ဖေါ်နေကြခြင်း ဖြစ်သည်ကို မိမိတို့ဖက်မှ သိနားလည် ထားကြရမည် ဖြစ်သည်။

ပြည်သူတို့၏ တရားသော စစ် မုချအောင်ရမည်!!!

နောင်မျိုးဆက်တွက် နိုင်ငံသားတယောက် တာဝန်ကြေခဲ့ပြီ
08/11/2020

နောင်မျိုးဆက်တွက် နိုင်ငံသားတယောက် တာဝန်ကြေခဲ့ပြီ

Address

Namsang
06161

Telephone

+959969569005

Website

Alerts

Be the first to know and let us send you an email when Nump Latt coal mining posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category