Pyaing San Shar Construction

Pyaing San Shar Construction စိတ်ကူးထဲကအိမ်လေးတွေ လက်တွေ့မြင်နိုင်ဖို့ အကောင်အထည်‌ဖော်ပေးရန် အသင့်ပါ

🌟အိမ်ဆောက်နည်းအခြေခံသဘောတရားများ🌟✅မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို...
17/09/2025

🌟အိမ်ဆောက်နည်းအခြေခံသဘောတရားများ🌟

✅မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။
မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ်သည်းအောင် ရေဖြန်းဒင်ဆောင့် လိုအပ်သည့်သိပ်သည်းမှု့အနေအထားရအောင် ဆောင်ရွက်ပေးရမည်။

✅ အဆောက်အဦးအတွက် ပတ်တန်းရိုက်သည့်အခါ...
တောင့်တင်းခိုင်မာအောင်ရိုက်၍ ပတ်တန်းတိုင်အား
မြေအဝင် ၃ပေ ၄ပေ
ဝင်အောင်ရိုက်ထားသင့်ပါသည်။

✅အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ...
အဆောက်အဦးတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။

ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။
ဥပမာ...
(၃၊၄၊၅) (၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။

✅ အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။

✅ (၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင်
အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။

✅Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။

✅Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်
အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။

✅လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။
သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။
အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ် (၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။
ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။

✅အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်
(၇)ရက်အထိ ရေဖြန်းပေးရပါသည်။

✅ အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။

✅ဝါးငြမ်းများဆင်သောအခါ... အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။

✅သံကိုဖြတ်တောက်သည့်အခါ... (၄၅) ဒီဂရီချိုးချင်သော သံချောင်း ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။

(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။

(၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။

(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)

✅တံခါးရွက်များကို အဆောက်အဦးတစ်ခုလုံး၊
အခြားလုပ်ငန်းများ
ပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။

✅အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားရပါမည်။

✅အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။

✅လှေကား Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။

✅ နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။

နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

✅ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။

သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထားရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက် အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ ရေဖြည့်ထားရပါမည်။

✅မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ ပြင်ညီအောင် ညှိပေးရမည်။

Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန် Vi****or အသုံးပြုရာတွင် Rodတံကိုတည့်မတ်စွာထိုးရပါမည်။ Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရန်သတိပြုရမည်။

Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။
Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။

Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။

✅သံချောင်းဆက်ရာတွင်... အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံးရှိရပါမည်။
သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့(12') အမြင့်ထိသာ လောင်းသင့်ပါသည်။

✅အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။ သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။

✅Concrete 1m^3လျှင် 35.32ft^3 ရှိပါသည်။

✅ရေကိုဂါလံတွက်သည့်အခါ...
အလျား × အနံ × အမြင့် × 6.25နှင့်မြောက်လျှင့်ရေဂါလံရရှိပါမည်။

ရေကိုလီတာဖြင့်တွက်သည့်အခါအလျား×အနံ×အမြင့်=ရလာတဲ့အဖြေကို4.54နှင့်မြှောက်ရပါမည်။

✅(8"×8")ကြွေပြားတစ်ကျင်းလျှင်225ချပ်
(8"×12")ကြွေပြားတစ်ကျင်းလျှင်150ချပ်
(12"×12")ကြွေပြားတစ်ကျင်းလျှင်100ချပ်
(1 '×2')ကြွေပြားတစ်ကျင်းလျှင်50ချပ်
(2 '×2 ')ကြွေပြားတစ်ကျင်းလျှင်25ချပ်

✅သစ်တစ်တန်တွင်ရှိရမည့် အတိုင်းအတာများ
(12"×1")=600'
(11"×1")=655'
(10"×1")=720'
(9"×1")=800'
(8"×1")=900'
(7"×1")=1029'
(6"×1")=1200'
(5"×1")=1440'
(4"×1")=1800'
(3"×1")=2400'
(2"×1")=3600'
(1"×1")=7200'
(2"×1-1/2")=7200 '
(3"×1-1/2")=1600 '
(6"×6")=200 '
( 3"×3")=800 '
(3"×2")=1200 '
(4"×4")=450 '
(4"×2")=900 '
(4"×1-1/2")=1200 '
(5"×5")=288 '
(5"×3")=480 '
(5"×2")=720 '
(6"×2")=600 '
(6"×1-1/2")=2400 '

✅1Ton တွင်ရှိသောသံချောင်းအရေအတွက်များ
တစ်ချောင်းလျှင်...
12m=40ft
6.5mm=0.26kg/m
1ton=3834m
1 viss = 20.22=20'-3"

8mm=0.395kg/m
1ton=2531m
1 viss = 13.35=13'-4"

10mm=135 ချောင်း
12mm=88 ချောင်း
16mm=53 ချောင်း
18mm=41 ချောင်း
20mm=33 ချောင်း
22mm=27 ချောင်း
25mm=21 ချောင်း
1m=3.28ft
1 inch=25.4mm
1m^3=35.32ft^3
Water 1ft^3=62.4 lb
Water 1ft^3=624 Gal
Water 1 Gal=10lb
Water 1 Gal=4.54 Liter
1 Ton = 2240 Lb
1 Acre-ft=1234m^3
1 Acre=0.405 hectares
1 meter= 3.281 feet
1 km= 0.621 Mile
1 sq mile =2.59 sq km

✅တစ်ဧကလျှင် 208.71 ft ပတ်လည်ရှိသည်။
တစ်ဧက=43560 စတုရန်းပေ

✅ဘိလပ်မြေတစ်အိတ်လျှင် 50kg လေးပါသည်။
တစ်တန်လျှင် 1000 kg
ဘိလပ်မြေ 20 အိတ်လျှင် တစ်တန်ရှိပါသည်။

Sand(သဲ)
Sand coarse(သဲကြမ်း)
Sand fine(သဲ နု)
Gravel(ကျောက်စရစ်)
Cement(ဘိလပ်မြေ)
Water(ရေ)
Brick(အုတ်)
Brickwork (အုတ်စီခြင်း)
Plastering work(နံရံချောခြင်း)
Stair plastering work (လှေခါးချောခြင်း)
Bamboo( ဝါးလုံး)
Earth(soil)မြေတူး
Plywood(အထပ်သားပြား)
Dig earth(soil)မြေကြီးတူး
Earth (soil) compaction construction(မြေကြီးကြိတ်ခြင်း)
Earth(soil) leveling construction(မြေကြီးညှိခြင်း)
Water pump(ရေစုပ်စက်)
Backhoes(မြေတူး၊မြေကုတ်ကား)
Construction roller(မြေကြိတ်စက်)
Plate compactor(မြေရိုက်စက်)
Shrine room(ဘုရားခန်း)
Living room(ဧည့်ခန်း)
Single bed room (တစ်ယောက်အိပ်ခန်း)
Master bed room(မိသားစုအိပ်ခန်း)
Kitchen room(မီးဖိုခန်း)
Dining room(ထမင်းစားခန်း)
Bath room( ရေချိုးခန်း)
Toilet(အိမ်သာခန်း)
Common toilet(အများသုံးအိမ်သာခန်း)
Lounge room(sitting)အပန်းဖြေခန်း
Basement (cellar)မြေအောက်ခန်း
Study room(စာကြည့်ခန်း)
Roof (အမိုး)
Lighting rod(မိုးကြိုးလွှဲ)
Gutter(ရေတလျောက်)
Attic(ထပ်ခိုး)
Gable(မြင်းမိုရ်ပိတ်)
Water Tank(ရေလှောင်ကန်)
Ceiling(မျက်နှာကျက်)
Balcony(လသာဆောင်)
Verandah(ဝရံတာ)
Windows(ပြတင်းပေါက်များ)
Doors(တံ ခါးများ)
Ventilator(လေဝင်လေထွက်ပေါက်)
Portico(အိမ်ရှေ့ပေါ်တီကို)
Staircase/stairs(လှေခါးများ)
Gate(ဝင်းတံခါး)
Fence(ခြံစည်းရိုး)
Garden home(ဥယျာဉ်)
Letter box(အိမ်ရှေ့စာတိုက်ပုံး)
Door bell(အိမ်ရှေ့အချက်ပေးဘဲလ်)
Drain(ရေမြောင်း)

to original writers



゚ ゚viralシfypシ゚

ကြောင်လိမ်လှေကား တွက်နည်းSpiral Stair ကြောင်လိမ်လှေကား နှင့် Circular Stair တွက်နည်း1. ကြောင်လိမ်တွက်တော့မယ်ဆို Circle(စ...
13/09/2025

ကြောင်လိမ်လှေကား တွက်နည်း
Spiral Stair ကြောင်လိမ်လှေကား နှင့် Circular Stair တွက်နည်း

1. ကြောင်လိမ်တွက်တော့မယ်ဆို Circle(စက်ဝိုင်း) လိုအရင်စဉ်းစားပါ။

2. ထားရှိမယ့် Radius (r) စဉ်းစားပါ။

3. လှေကားရဲ့ perpendicular Height စဉ်းစားပါ။

4. Riser (အကျော်) စဉ်းစားပါ။

5. Thread (အနင်း) စဉ်းစားပါ၊ တွက်ထုတ်ပါ။

6. လှေကားထားရှိမယ့် အခန်းအကျယ် စဉ်းစားပါ။

7. ဘယ်ဝိုက်တက်မလား ၊ညာဝိုက်တက်မလား စဉ်းစားပါ။

8. လှေကားရဲ့ ထားရှိမယ့် အကျယ် စဉ်းစားပါ။

မှတ်ချက်။ ။ ကြောင်လိမ်ထားမယ့်
Radius,r = 15′ (at least) ရှိရပါမယ်။ Diameter , d = 30′ (at least) ပေါ့။

လှေကားဆောက်ရမှာက Circle ရဲ့ 4 ပုံ 1 ပုံမှာပါ ( 1/4 x Circle )

ဥပမာ…ကြောင်လိမ်ထားမယ့်

(1). Radius, r = 16′ ဆိုပါစို့..

(2). Perpendicular height, h = 12′

Riser(အကျော်) စဉ်းစားနည်း

> h=12′

= 144″

>> 144″ ÷ 6.5″ = 22.15 ထစ် (စုံဂဏန်းဖြစ်နေတယ် ဆိုတော့ မ ဂဏန်းရအောင် ပြန်စဉ်းစားပါမယ်)

21 ထစ် >> 144″ ÷ 21 = 6.86″ (riser) ၊(21 ထစ်ဆို အနင်းက 22 ခု )

(3). Riser (အကျော်) = 6.86″

Thread (အနင်း) စဉ်းစားနည်း

Circle(စက်ဝိုင်း) = ၂ ခု ဆွဲရပါမယ်
Large circle > Radius, R= 16′ ၊
Small circle > radius, r = 10′

( circle ၂ ခုက Centre(အလယ်မှတ်) တစ်ခုတည်းမှ ဆွဲရမှာပါ… အောက်ပါပုံကိုကြည့်ပါ။)

ဆိုတော့..လှေကားအကျယ်က>> 16′ – 10′ = 6′

Large Circle ဘက်က Thread(အနင်း), > Thread, T = 2ΠR/4

= 2Πx 16'/4

= 25.13'

= 25.13′ x 12 (ပေ ကို လက်မပြောင်း)

= 301.59″

= 301.59″ ÷ 21 ( အထစ်)

= 14.36″ (အနင်း)

Large Thread, T = 14.36″

Small Circle ဘက်က Thread(အနင်း), > Thread, T = 2Πr/4

= 2Πx 10'/4

= 15.7'

= 15.7′ x 12 (ပေ ကို လက်မပြောင်း)

= 188.5″

= 188.5″ ÷ 21 ( အထစ်)

= 8.98″ (အနင်း)

Small Thread, T = 8.98″

ကဲဗျာ.. အဖြေလေးတွေ ပြန်ကောက်ကြည့်ကြမယ်.

1. Large radius, R = 16′

2. Small radius, r = 10′

3. perpendicular height, h = 12′

4. nos of Step = 21 nos

5. Riser = 6.86″

6. Large Thread, T = 14.36″

7. Small thread, T = 8.98″

အဆင်ပြေကြမယ် ထင်ပါတယ် ဒါကတော့ ကြောင်လိမ် လှေကားမှာ ပါဝင်မယ့် Data တွေ စဉ်းစားနည်းနဲ့ တွက်နည်းအဆင့်တွေပါပဲ။

မှတ်ချက်။ ။ ညာ ဝိုက်အတက်ဆို ပြန်ဆင်းလာရင် အဆင်းဘက်က Thread(အနင်း) က 9″ ထက်တော့ မနည်းစေနဲ့နော့် (ချော်ကြမှာစိုးလို့) လူတစ်ယောက်ရဲ့ ခြေဖဝါး အရှည်က အနည်းဆုံး 9″ လောက်ရှိလို့ပါ။




#ကြောင်လိမ်လှေကား

ပိုက်ဆံအများကြီးကုန်မှ အိမ်ဖြစ်တာမဟုတ်ပါ...🥰🥰🥰
11/09/2025

ပိုက်ဆံအများကြီးကုန်မှ အိမ်ဖြစ်တာမဟုတ်ပါ...🥰🥰🥰

Shout out to my newest followers! Excited to have you onboard! Htar Htar Win, Htet Htet Aung, Zaw Htoo, Wad Dy, Mitikie ...
10/09/2025

Shout out to my newest followers! Excited to have you onboard! Htar Htar Win, Htet Htet Aung, Zaw Htoo, Wad Dy, Mitikie Refera, Zin Zin Aung, Khaing Tha Zin Thein, Chan Min, Kaung Myat Soe, Daily Hnin Hnin, Nwe Nwe

အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ-------------------------------------------အိမ်တစ်လုံးကို အလှဆင်တဲ့အခါမှာ ...
09/09/2025

အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
-------------------------------------------

အိမ်တစ်လုံးကို အလှဆင်တဲ့အခါမှာ
အရောင်ရွေးချယ်မှုက အဓိကကျပါတယ်။ လတ်ဆတ်ပြီး
စိတ်ခံစားမှုကို ပြောင်းပေးနိုင်တဲ့ အိမ်သုတ်ဆေးအရောင်တွေဟာ
သင့်အခန်းရဲ့ ဒီဇိုင်းနဲ့ သင့် Mood ကိုပါ လုံးဝအသစ် ဖြစ်သွားစေမှာပါ။

ကိုယ့်အိမ်ထဲက အခန်းတွေ ဆေးသုတ်ဖို့ စဉ်းစားနေရင်
ဒီဆေးရောင်တွေကို ဒီအခန်းတွေမှာ မသုတ်ဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

(၁) အိပ်ခန်းကို အနီနဲ့ ခရမ်းရောင်ဆေး မသုံးပါနဲ့

အနီရောင်ကို ကြိုက်တယ်ဆိုရင်တောင် သင့်အိပ်ခန်းနံရံကို
အနီရောင် မသုတ်ပါနဲ့လို့ House Wire တည်ထောင်သူ
ဂျီနီဗာ အာရွန်က ပြောပါတယ်။လူ့ဦးနှောက်ဟာ အနီရောင်ကို
သွေးလို့ မှတ်ယူထားပြီး အန္တရာယ်နဲ့ တွဲမှတ်ထားတာပါ။
ဒီတော့ အခန်းထဲမှာ အနီရောင်ကို မြင်ရခြင်းဟာ
နှလုံးခုန်နှုန်းကို မြန်စေပြီး အိပ်လို့မရဖြစ်စေပါတယ်။
ခရမ်းရောင်ဆေးသုတ်ထားတဲ့ အိပ်ခန်းမှာ အိပ်သူတွေဟာ
ပျမ်းမျှ တစ်နေ့ကို ၅ နာရီ ၅၆ မိနစ်ပဲ အိပ်ပျော်တယ်လို့
လေ့လာချက်တွေက ပြောပါတယ်။ နောက်တစ်ခုက
ခရမ်းရောင်ခန်းထဲမှာ အိပ်ခြင်းဟာ အိပ်မက်ဆိုးတွေလည်း မက်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

(၂) ရေချိုးခန်းနဲ့ Home Office မှာ အဖြူရှောင်ပါ

နံရံဖြူဖြူတွေဟာ ရေချိုးခန်းနဲ့ အလိုက်ဖက်ဆုံးထဲမှာ ပါပါတယ်။
အဖြူရောင်ဟာ ကြည့်လိုက်ရင် အသစ်စက်စက်လို့ မြင်စေရပေမယ့်
နံရံဖြူတွေဟာ အစွန်းပေရင် မြင်လွယ်တဲ့ ပြဿနာ ရှိပါတယ်။
သိပ်ပြီး ရေချိုးခန်းကို ခဏခဏ သန့်ရှင်းရေးမလုပ်နိုင်ရင် အဖြူမသုံးသင့်ပါဘူး။

အိမ်ကို ရုံးလုပ်နေရသူတွေအတွက် စိတ်ပိုပြီး
သက်တောင့်သက်သာ ရှိချင်ရင် အလုပ်လုပ်နေတဲ့
အခန်းနံရံကို အဖြူဆေးမသုတ်ဖို့ MyRoofingPal ရဲ့
လုပ်ငန်းလည်ပတ်မှု ဒါရိုက်တာ ကော်တနီကီးန်က ဆိုပါတယ်။
အဖြူက မျက်လုံးကြိမ်းပြီး ဒဏ်ဖြစ်စေလို့ ကွန်ပျူတာနဲ့
တစ်နေကုန် အလုပ်လုပ်သူတွေအတွက် မကောင်းဘူးလို့ သူမက ပြောတာပါ။

(၃) အပြင်နံရံနဲ့ ဧည့်ခန်းကို အညိုမသုံးနဲ့

The Golden ရဲ့ အိမ်ဒီဇိုင်းကျွမ်းကျင်သူနဲ့ အယ်ဒီတာ
ဆန်ဝစ်တိတ်ကာကတော့ သင့်အိမ်ပြင်ပနံရံမှာ
အညိုဆေး ဘယ်တော့မှ မသုံးဖို့ ဆိုပါတယ်။ အညိုရောင်ဟာ
သင့်အိမ်ရဲ့ တန်ဖိုးကို ကျဆင်းစေပြီး တစ်ဆင့်ပြန်ရောင်းရင်
ဈေးကောင်းမရ ဖြစ်တတ်လို့ပါတဲ့။

ဧည့်ခန်းမှာ အနက်ရောင်ပြေးတို့ အညိုတို့ကို
မသုံးသင့်တာက အခန်းကို ကျဉ်းသွားတယ်ထင်စေလို့ပါ။
နဂိုကတည်းက ဧည့်ခန်းသေးရင် ပိုပြီး သေးသွားတယ်လို့တောင် ထင်စေရနိုင်လို့ ဖြစ်ပါတယ်။

(၄) မီးဖိုချောင်မှာ မီးခိုးရောင် အရင့်ပြေး ရှောင်ပါ

မီးခိုရောင်ဟာ စိတ်ဓါတ်ကျခြင်း ၊ ဆုံးရှုံးခြင်းနဲ့
မဖော်ရွေခြင်းတွေ ဖြစ်စေတဲ့ အရောင်လို့ ဆိုပါတယ် ။
ပြတင်းပေါက်မရှိတဲ့ မီးဖိုးချောင်သေးသေးတွေဆို
မီးခိုးရောင် သုတ်ထားရင် ပိုပြီး စိတ်ကျဉ်းကြပ်စေနိုင်ပါတယ်။

(၅) ဘယ်အခန်းမှာမှ အစိမ်းနဲ့ အညိုစပ် မသုံးနဲ့

အရောင်အစပ်အဟပ်ကလည်း အရေးကြီးပါတယ်။
အစိမ်းနဲ့ အညိုကာလာနှစ်ရောင်စပ်ပြီး ထွက်လာတဲ့
Opaque Couche ဆိုတဲ့ အရောင်ကတော့ ဘယ်အခန်းမှာမှ
မသုံးသင့်တဲ့ အရောင်လို့ ဆိုပါတယ်။ ဒီအရောင်ကို
ရုပ်အဆိုးဆုံးအရောင်လို့တောင် ခေါ်ကြလို့ ဖြစ်ပါတယ်။
အိမ်အပြင်ဘက် နံရံတွေမှာ မသုံးဘဲ ရှောင်သင့်တဲ့
အရောင်က အဝါရောင်ဖြစ်ပြီး အိမ်ကို တန်ဖိုးလျော့စေတာကြောင့်လို့ ဆိုပါတယ်။






゚ ゚viralシfypシ゚

 #အိမ်ဆောက်တော့မယ် #အိမ်အတွင်းပိုင်းပြင်ဆင်ဖို့_ဒီဇိုင်းဆွဲတော့မယ်ဆိုရင် အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက အိမ်ရှင်  စိတ...
07/09/2025

#အိမ်ဆောက်တော့မယ်
#အိမ်အတွင်းပိုင်းပြင်ဆင်ဖို့_ဒီဇိုင်းဆွဲတော့မယ်ဆိုရင်
အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက
အိမ်ရှင် စိတ်ကြိုက်ထည့်ထားလိုတဲ့
ပုံစံဆွဲရတာပါ

#အခန်းတွေဘယ်လိုဖွဲ့မလဲ ?
အခန်းတွေရဲ့ အကျယ်အဝန်းတွေက ဘယ်လောက်အကျယ် ထားချင်လဲ ?
ဘယ်လောက်အကျယ်အဝန်း ထားသင့်သလဲ ?

အဲဒီလိုအခြေနေ မျိုးမှာ
ထားရှိသင့် ထားရှိထိုက်တဲ့ Standard Size လေးတွေ သိထားဖို့လိုပါမယ်



#ဧည့်ခန်း
ဟောခန်း
ပုံဆွဲ_စာရေးစာဖတ်ခန်း တွေရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×12'~ပေ
ပုံမှန်ဆိုဒ် 12'×14' ~ပေ
ဆိုဒ်ကြီး 16'×20' ~ပေ ဖြစ်ပါတယ်

#အိပ်ခန်း
Hotelအခန်း
Guest_house_အခန်း တွေရဲ့ အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုဒ် 11'×12' ~ပေ
ဆိုဒ်ကြီး 12'×14' ~ပေ ဖြစ်ပါတယ်

#အိမ်ရှင်မတို့အတွက်_မီးဖိုချောင် အကျယ်အဝန်းဟာ

အနည်းဆုံး 10'×7' ~ပေ
ပုံမှန်ဆိုဒ် 10'×10' ~ပေ
ဆိုဒ်ကြီး 10'×12' ~ပေ ဖြစ်ပါတယ်

#ရေချိုးခန်းတစ်ခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'6"×4' ~ပေ
ပုံမှန်ဆိုဒ် 4'×5' ~ပေ
ဆိုဒ်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#အိမ်သာခန်းတစ်ခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'3"×3' ~ပေ
ပုံမှန်ဆိုဒ် 4'×4' ~ပေ ဖြစ်ပါတယ်

#ရေချိုးခန်း_အိမ်သာတွဲရက် အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုဒ် 4'×6' ~ပေ
ဆိုဒ်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#ထမင်းစားခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုဒ် 10'×12' ~ပေ ဖြစ်ပါတယ်

#ဘာသာတရား_ဝတ်ပြုရာနေရာ အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုဒ် 4'×6' ~ပေ ဖြစ်ပါတယ်

#ဝရန်တာဆိုက် ရဲ့အကျယ်ကတော့

အနည်းဆုံး 3' ~ပေဖြစ်ပါတယ် {လူနှစ်ယောက်ရှောင်ကွင်းသာ}

#တစ်စီးစာကားပါကင်တခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 11'×15' ~ပေ
ပုံမှန်ဆိုဒ် 12'×16' ~ပေ ဖြစ်ပါတယ်

#အိမ်မိန်းတံခါးမကြီး ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3'~ပေ '6" ~လက်မ ဖြစ်ပါတယ်

ရေချိုးခန်း
အိမ်သာ
မီးဖိုချောင်_တခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 2'~ပေ ,6"~လက်မ ဖြစ်ပါတယ်

အိပ်ခန်းတခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3' ~ပေ ဖြစ်ပါတယ်

#ပုံမှန်အိမ်လှေခါး {stair} တစ်စင်းရဲ့

အကျယ်ဟာ 3'~ပေ
အကျော် ဟာ 7"~ လက်မခွဲ
အနင်းဟာ 10"~လက်မ ဖြစ်ပါတယ်။





゚viralシfypシ゚

အေးချမ်းသာယာပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ နေချင်စရာအိမ်ကလေး😍😍😍Photo credit to respective owner            ゚viralシfypシ゚
07/09/2025

အေးချမ်းသာယာပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ နေချင်စရာအိမ်ကလေး😍😍😍

Photo credit to respective owner




゚viralシfypシ゚

လှေကားအမျိုးအစားများလိုအပ်လာရင် အလွယ်တကူကြည့်လို့အဆင်ပြေအောင် သိမ်းထားကြပါနော်😊😊😊             ゚viralシfypシ゚
06/09/2025

လှေကားအမျိုးအစားများ

လိုအပ်လာရင် အလွယ်တကူကြည့်လို့အဆင်ပြေအောင် သိမ်းထားကြပါနော်😊😊😊






゚viralシfypシ゚

I've just reached 100 followers! Thank you for continuing support. I could never have made it without each and every one...
01/09/2025

I've just reached 100 followers! Thank you for continuing support. I could never have made it without each and every one of you. 🙏🤗🎉

ခေတ်မီလှပသော နေချင်စရာ တစ်ထပ်ခွဲအိမ်လေး😍😍Photo credit to respective owner          ゚  ゚viralシ  ゚viralシfypシ゚
31/08/2025

ခေတ်မီလှပသော နေချင်စရာ တစ်ထပ်ခွဲအိမ်လေး😍😍

Photo credit to respective owner




゚ ゚viralシ ゚viralシfypシ゚

မိတ်ဆွေများအားလုံး ကောင်းသောညလေးဖြစ်ကြပါစေ🥰ပူပန်မှုတွေမရှိပဲ ကောင်းစွာအိပ်စက်နိုင်ကြပါစေ🥰နေ့သစ်ကို အတွေးသစ်၊အကြံစည်သစ်မျ...
30/08/2025

မိတ်ဆွေများအားလုံး ကောင်းသောညလေးဖြစ်ကြပါစေ🥰
ပူပန်မှုတွေမရှိပဲ ကောင်းစွာအိပ်စက်နိုင်ကြပါစေ🥰
နေ့သစ်ကို အတွေးသစ်၊အကြံစည်သစ်များဖြင့် နိုးထနိုင်ကြပါစေ😘😘


#အိပ်မက်လှလှမက်ကြပါစေ
゚ ゚viralシ ゚viralシfypシ゚

28/08/2025

I got over 50 reactions on my posts last week! Thanks everyone for your support! 🎉

Address

Chindwin Road, Shwe Kyar Pin Quarter, Zabuthiri Township
Naypyidaw

Telephone

+959797949304

Website

Alerts

Be the first to know and let us send you an email when Pyaing San Shar Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share