12/11/2025
အိုးအိမ်တိုက်ခန်းဝယ်ပြီး Owner Book
အမည်ပေါက်ရချင်သူ
အိုးအိမ်တိုက်ခန်းကို Owner Book အမည်ပေါက်သူထံမှ ဝယ်မယ်ဆိုရင် အရပ်ကတိစာချုပ်နဲ့ ဝယ်လို့ရပါတယ်။ "နှစ်ဦးသဘောတူ တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ်" ချုပ်ရမှာပေါ့။
စာချုပ်ပြီးတာနဲ့ တိုက်ခန်းကို အရယူမယ်။ ကိုယ့်သော့နဲ့ ပြောင်းပြီး ခတ်မယ်။
ပြီးတော့ Owner Book အမည်ပေါက်သူ ကိုယ်တိုင် လိုက်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဗိုလ်ချုပ်လမ်း ရန်ကုန်တိုင်းဒေသကြီးရုံးမှာ လိုက်ပြီး ဆောင်ရွက်ပေးဖို့ လိုပါတယ်။
တစ်ခါတည်း အမည်ပြောင်း လျှောက်လို့ ရတယ်။
==========
အမည်ပြောင်းလျှောက်လွှာတင်ပြီး အဆင့်ဆင့်ဆောင်ရွက်ရပါတယ်။
ဒီလိုလျှောက်မယ်ဆိုရင်တော့မိမိဝယ်ယူထားတဲ့အခန်းရဲ့ရှေ့တည့်တည့်က(၄-၆)ဓါတ်ပုံ(၁)ပုံ
ခေါင်းရင်းဘက်ခြမ်းကဓါတ်ပုံ(၁)ပုံ
ခြေရင်းဘက်ခြမ်းကဓါတ်ပုံ(၁)ပုံ
စုစုပေါင်းဓါတ်ပုံ(၃)ပုံနဲ့တကွ
ယာယီတိုက်ခန်းအရောင်းအဝယ်ကတိစာချုပ်
ဝယ်ယူ/ရောင်းသူတို့ရဲ့
မှတ်ပုံတင်/အိမ်ထောင်စုစာရင်းတို့ကို
ရန်ကုန်တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်ရေးရုံးမှာအခွန်ထမ်းဆောင်ဖို့တင်ပြရပါတယ်။
အခွန်နှုန်းကတော့ (၃%)ပဲဆောင်ရပါတယ်။
မြေကွက်မဟုတ်တဲ့အတွက်..တံဆိပ်ခေါင်းဖိုး(၄%)မဆောင်ရဘူးလေ။
ဒီလိုဆိုတော့မောင်ကောင်းဖေမိတ်ဆွေပျော်တာပေါ့။
အခွန်ရုံးကအခွန်ဆောင်ပြီးကြောင်းပြေစာရရင်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာသွားရောက်တင်ပြပေးရပါတယ်။
SP/GP ရဲ့တန်ဖိုး
===========
Owner Book အမည်ပေါက်ကိုယ်တိုင် မလိုက်နိုင်လို့ နောက်မှ တဖြည်းဖြည်း အမည်ပြောင်းလျှောက်မယ်ဆိုရင်တော့ တိုက်ခန်း အမည်ပေါက်ထံက Special Power(SP)ဖြစ်စေ၊ General Power(GP)ဖြစ်စေ ယူထားလိုက်ရင် ရပါတယ်။
အဲ့ဒီလို ကိုယ်စားလှယ်လွှဲစာယူရင် ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှခေါ်ပြီး ယူထားတဲ့ လွှဲစာမှသာလျှင် တရားဝင် အတည် ဖြစ်ပါတယ်။
အရှုပ်အရှင်း ရှိ/မရှိတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ပထမ စုံစမ်းသင့်ပါတယ်။
ဒုတိယအနေနဲ့ကတော့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ မိမိလက်ဝယ်ရထားတဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းများနဲ့ တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။
အိုးအိမ်မှာ ကန့်ကွက်ချက်ကင်းတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုရင်တော့ ဝယ်လို့ရပါပြီ၊
ဒါမှမဟုတ် ပိုပြီးသေချာအောင် လူသိရှင်ကြား သိအောင် မြန်မာ့အလင်း/ကြေးမုံ သတင်းစာတစ်စောင်စောင်မှာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာကအနေနဲ့ကြော်ငြာပေးပါတယ်။
(၁၄)ရက်အတွင်း ကန့်ကွက်ချက်မရှိဘူး ဆိုရင် အပြီးအပိုင် ဝယ်လို့ရပါတယ်။
ကန့်ကွက်သူမရှိဘူးဆိုရင်အိုးအိမ်ကOwner Book ထုတ်ပေးတော့မှာဒါဆိုရင်ဝယ်သူအမည်ပေါက်Owner Book ရပြီပေါ့။
တကယ်လို့ အရပ်ကတိစာချုပ်နဲ့တစ်ဆင့်ဝယ်ထားခဲ့ရင်တော့ Owner Book အမည်ပေါက်ရှာပြီးသူထံကဝယ်သလိုယာယီစာချုပ်လုပ်ပြီးအပေါ်ကပြောခဲ့သလိုအမည်ပေါက်လျှောက်ရမှာပေါ့။
အဲ..အမည်ပေါက်မရှိတော့ဘူးဆိုရင်တော့ Owner Book ရဲ့ကျန်ရစ်သူဇနီး/ခင်ပွန်း/သားသမီး ကို အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆိုပေးပါတောင်းဆိုပြီး ၎င်းတို့ထံကပြန်ဝယ်တဲ့စာချုပ်ချုပ်ဆိုပြီး Owner Book မှာအမည်ပြောင်းပါလို့အကြံပေးလိုက်ပါတယ်။
မူရင်းရေးသားသူအား ထံမှ ဖော်ပြပေးခြင်းဖြစ်သည်။
#အိမ်ခြံမြေတိုက်ခန်းစာချုပ်စာတမ်း
#အိုးအိမ်တိုက်ခန်းOwnerBookအမည်ပြောင်း