14/03/2026
Concrete Cold Joint.အကြောင်း
ကွန်ကရစ် cold joint ဆိုတာ...
ကွန်ကရစ် သွန်းလောင်းစဥ်က ကွန်ကရစ်
ပထမ အသုတ်နှင့် ဆိုဒ်အခြေနေကြောင့်
ဒုတိယသုတ် ရောက်ရှိလာမှု့ဟာ ၁၅မိနစ်ထက်
နောက်ကျပြီးမှ လာရောက်သွန်းလောင်းသော
အစပ်ကို ဆိုလိုသည်။
တစ်နည်းအားဖြင့် အစပ်နှစ်ခုကြား
ကွက်လပ်ဖြစ်နေသော ဧရိယာ အငယ်လေးကို
cold joint ဟု ခေါ်သည်။
Cold joint တိုင်းသည် ပြသနာ မဖြစ်နိုင်
သော်လည်းး Column များ၊ Beam များ၊ Slabများတွင် cold joint ကို ရှောင်ရှားရမယ်ဟု ဆိုလိုထား
ပါတယ်။
ဥပမာအားဖြင့် စလပ်များတွင် cold joint
(သွန်းလောင်းချိန် ကွာဟသော အစပ်) ဖြစ်ပေါ်ပါက
အနည်းဆုံး ရေယိုစိမ့်မှု့ကဲ့သို့သော ပြသနာ ဖြစ်နိုင်ပြီးး အနာဂတ်မှာ အက်ကွဲခြင်းတွေရဲ့ မူလ အစဟု
ဆိုထားပါတယ်။
ဆိုဒ် အခြေအနေရသော် လည်ကောင်း၊
ကွန်ကရစ်ကား နောက်ကျမှု့သော် လည်းကောင်း
၁၅ မိနစ် ကျော်လွန်ပါက concrete set စဝင်ပြီး
cold joint ဖြစ်နိုင်ခြေ ရှိပါက မည်သို့ကျော်ဖြတ်မည်နည်းး မေးခွန်း ရှိလာပါပြီ။
(1) ကွန်ကရစ် Cold joint ဖြစ်နိုင်ခြေ ရှိပါက
ယခင် အလွှာနှင့် ရောနှောပေါင်းစပ်ရန်
Vi****or ဖြင့် လှုပ်နှိုး သွန်းလောင်းရမည်
ဆိုထားပါသည်။vibrator ဖြင့် လှုပ်နှိုးရာတွင်
အပေါ်၌ အဂ်တေ ( ဘိလပ်မြေ အနှစ်ရည်ကို
ဆိုလိုဟန် တူသည်) ကို တင်ထားပေးရမည်ဟု
ဆိုထားပါသေးတယ်။
(2) စလပ်ကွန်ကရစ် သွန်းလောင်းနေစဥ်အတွင်း
မူရင်းအစ ကွန်ကရစ်ပုံနှင့် အခြားတစ်ဖက်တွင်
မပုံရပါ ။
(3) ကွန်ကရစ် သွန်းလောင်းခြင်းကို ထောင့်များမှ
စတင်၍ အလယ်ဗဟိုသို့ ဦးတည် ရပါမည်။
(4) ပူပြင်းသော ရာသီဥတုတွင် ကွန်ကရစ် ဖျော်စပ်
ရာ၌ ဆက်တင်ချိန် နှောင်နှေးအောင် ဖျော်စပ်ရ
မယ်လို့ ဆိုလိုထားပါသေးတယ်။
ဒီလောက်ဆို ကွန်ကရစ် cold joint လေး အကြောင်း အတော်အသင့် သဘောပေါက်လောက်
ပါပြီ။
အဓိက ကတော့ concrete cold joint တွေဟာ နေရာတိုင်းတော့ ပြသနာမရှိဘူးလို့ ပြောထား
ပေမယ့် Columnတွေ slab တွေ Beamတွေ မှာ cold joint ကို ရှောင်ရှားရမယ်လို့ ဆိုလိုထားပါတယ်။
ကြိမ်းသေ concrete cold joint ဖြစ်မည်ဆိုပါက ဆိုဒ်အင်ယာ အား ခေါ်မေးကာ construction joint ကို နည်းစနစ် ကျကျ ဖြတ်သင့်ပါကြောင်း
အိမ်ရှင်နှင့် ကန်ထရိုက်တာတို့ သိစေရန် ဖော်ပြပေးလိုက်ပါတယ်
credit
MG TUN KYI
Construction