S.A.E စက်အုတ်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Paleik
  • S.A.E စက်အုတ်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး

S.A.E စက်အုတ်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး Door to door

ဝါကင်းကုန်းဆိုဒ်လက်စသိမ်းအားပေးမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ
10/01/2026

ဝါကင်းကုန်းဆိုဒ်လက်စသိမ်း
အားပေးမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ

25/12/2025
လတ်စသတ်
29/01/2023

လတ်စသတ်

အိမ်ဆောက်မယ်ဆိုလူကြီးမင်းတို့စိတ်တိုင်းကျဆောင်ရွက်ပေးနေတဲ့SAEconstruction ကိုသတိရလိုက်ပါဗျ
29/01/2023

အိမ်ဆောက်မယ်ဆိုလူကြီးမင်းတို့စိတ်တိုင်းကျဆောင်ရွက်ပေးနေတဲ့SAE
construction ကိုသတိရလိုက်ပါဗျ

SAE မှစျေးနှုန်းမှန်ကန်စွာဖြင့်လူကြီးမင်းတို့စိတ်တိုင်းကျစီစဥ်ဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျ
12/03/2022

SAE မှစျေးနှုန်းမှန်ကန်စွာဖြင့်လူကြီးမင်းတို့စိတ်တိုင်းကျစီစဥ်ဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျ

အိမ်လေးကတော့ပီးပြီSAE construction မှတာဝန်ယူဆောက်လုပ်ပေးထားပါတယ်ခင်ဗျလူကြီးမင်းတို့ဆောက်လုပ် လိုပါက Hello သာလုပ်လိုက်ပါ
14/01/2022

အိမ်လေးကတော့ပီးပြီ
SAE construction မှတာဝန်ယူဆောက်လုပ်ပေးထားပါတယ်ခင်ဗျ
လူကြီးမင်းတို့ဆောက်လုပ် လိုပါက Hello သာလုပ်လိုက်ပါ

MERRY CHRISTMAS TO ALL
25/12/2021

MERRY CHRISTMAS TO ALL

အမိုးပီးခါနီး
15/11/2021

အမိုးပီးခါနီး

“ဝါခေါင်လပြည့်-မေတ္တာအခါတော်နေ့”°°°°°°°°°°🏵💦🌷💦🏵°°°°°°°°°°ဗုဒ္ဓဒေသနာသွားအရ ဝါခေါင်လပြည့်နေ့ကို “မေတ္တာအခါတော်နေ့”ဟု ရှေးဆ...
22/08/2021

“ဝါခေါင်လပြည့်-မေတ္တာအခါတော်နေ့”
°°°°°°°°°°🏵💦🌷💦🏵°°°°°°°°°°

ဗုဒ္ဓဒေသနာသွားအရ ဝါခေါင်လပြည့်နေ့ကို
“မေတ္တာအခါတော်နေ့”ဟု ရှေးဆရာများ
သတ်မှတ်ခဲ့ကြသည်။

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က
ရဟန်းငါးရာသည် သာဝတ္ထိမြို့တော်နှင့် ယုဇနာတစ်ရာဝေးကွာသော
တောအုပ်တစ်ခု၌ ဝါကပ်ကာ ရဟန်းတရား
အားထုတ်ကြ၏။
ထိုတောအုပ်၌နေသော ရုက္ခစိုးနတ်
တို့သည် ရဟန်းတော်တို့၏ သီလတန်ခိုး
ကြောင့် သစ်ပင်ထက်၌ မနေနိုင်ဘဲ ကလေးတွေလက်ဆွဲကာ
မြေအောက်သို့ ဆင်းကြရ၏။

ရုက္ခစိုးနတ်တွေလည်း ကြာလာတော့
သည်းမခံနိုင်တော့သဖြင့် ရဟန်းတော်များ ထွက်သွားအောင် ခြောက်လှန့်
တတ်ကြသောကြောင့် ရဟန်းတော်များ
ဆယ့်ငါးရက်ခန့်နေပြီး ဘုရားရှင်ထံ ပြန်ကြကာ
အကျိုးအကြောင်း လျှောက်ထားကြသည်။

ထိုအခါ ဘုရားရှင်က
“ချစ်သားတို့က လက်နက်မှ ယူမသွားကြပဲကိုး။
ငါလက်နက်ပေးလိုက်မယ်။
ဒီလက်နက်ဟာ ချစ်သားတို့အတွက်
ပရိတ်(အရံအတား) လည်း
ဖြစ်လိမ့်မယ်။ကမ္မဋ္ဌာန်းလည်း ဖြစ်လိမ့်မယ်။”
ဟု မိန့်ကာ မေတ္တာပွားနည်းမေတ္တသုတ်ကို
သင်ပြဟောကြားပေးလိုက်၏။

ထိုမေတ္တသုတ် ဟောကြားပေးသောနေ့သည်
ဝါခေါင်လပြည့်နေ့ဖြစ်၍ ဝါခေါင်လပြည့်နေ့ကို
“မေတ္တာအခါတော်နေ့”ဟု သတ်မှတ်ထားကြ၏။
ရဟန်းတော်ငါးရာလည်း ထိုတောအုပ်သို့
ပြန်သွားကာ မေတ္တသုတ်ကို ရွတ်ဖတ်ပွားများ၍
အားလုံးအဆင်ပြေသွားကြသည်။
နောက်ဆုံးတော့ ရဟန္တာ ဖြစ်သွားကြ၏။

မေတ္တာဟူသည် သူတစ်ပါးတို့၏ ကောင်းကျိုး
စီးပွားကို လိုလားသော သဘောရှိ၏၊
သူတစ်ပါးတို့၏ ကောင်းကျိုးစီးပွားကို
လိုလိုလားလား ဆောင်ရွက်ပေး၏။

အငြှိုးအာဃာတကို ပယ်ဖျောက်တတ်၏။
သူတစ်ပါးတို့ ပြည့်စုံချမ်းသာမှုကို ဦးတည်၏။
မေတ္တာသဘောကို အဘိဓမ္မာက ဤသို့ဆို၏။
သူတစ်ပါးကောင်းကျိုးကို လိုလားတာ မေတ္တာ။
သူတစ်ပါးကောင်းကျိုးရှိအောင် ဆောင်ရွက်ပေးတာ မေတ္တာဖြစ်သည်။

မေတ္တာဟူသည် အစိုဓာတ်၊ အစေးဓာတ်၊
အအေးဓာတ်ရှိ၏။
ထိုအစိုဓာတ်၊ အအေးဓာတ်ဖြင့်
တစ်ပါးသူအပေါ် မြှေးယှက်လွှမ်းခြုံထားမှုကို “မေတ္တာ”ဟုခေါ်၏။

ဘယ်သူနှင့် ဘယ်သူတော့
အစေးမကပ်ကြဘူးဟု ပြောသံကြားဖူးလိမ့်မည်။
အစေးမကပ်ခြင်းဟူသည်
“မေတ္တာပျက်ပြယ်နေခြင်း” ကြောင့်ဖြစ်၏။
တစ်ဦးနှင့်တစ်ဦး မေတ္တာမထားနိုင်တာကို
အစေးမကူးခြင်း၊ အစေးမကပ်ခြင်းဟု ခေါ်၏။

ရှေးအခါက ပိုက်ကွန်မိသော ခိုငှက်တို့သည်
အားလုံးပြိုင်တူ တပြိုင်နက်ထပျံကြ၍ ပိုက်ကွန်မှလွတ်ကာ
လိုရာခရီးသို့ ရောက်ရှိသွားကြသည်။
မေတ္တာကြောင့်ဖြစ်သောစည်းလုံးမှုအင်အား၏ ပြယုဂ်သက်သေဖြစ်သည်။

ဘုရားရှင်က မေတ္တသုတ်နိဒါန်းမှာ မေတ္တာဘာဝနာ ပွားများသူသည် လိုက်နာပြုကျင့်ထိုက်သောတရား (၁၄)ပါးရှိသည်ဟု မိန့်သည်။

♥မေတ္တာစွမ်းအား ရှိရမည်။

✦ကာယကံစိတ် ဖြောင့်မတ်ရမည်။
မှန်တာလုပ်၊ ဟုတ်တာပြောရမည်။

✦စိတ်သဘောထား အထူးဖြောင့်မတ်ရမည်။

✦ပညာရှိသူတော်ကောင်းစကား နားထောင်ရမည်။လိုက်နာရမည်။

✦နူးညံ့ရမည်။

✦မာန်မာန ကင်းရမည်။

✦ရောင့်ရဲနိုင်ရမည်။

✦လွယ်ကူစွာ အသက်မွေးရမည်။

✦အပိုကိစ္စ နည်းပါးရမည်။

✦ပေါ့ပါးစွာ အသက်မွေးရမည်။

✦ငြိမ်သက်သော ဣနြေ္ဒ ရှိရမည်။

✦ရင့်ကျက်မှု ရှိရမည်။

✦ကိုယ်နှုတ်နှလုံး ကြမ်းတမ်းမှု ကင်းရမည်။

✦ငါ့ဆွေမျိုး ငါ့မိသားစုဟူသော အစွဲကင်းရမည်။

✦ ပညာရှိများ ကဲ့ရဲ့နိုင်ပါက
မကောင်းမှု သေးသေးဖွဲဖွဲကိုပင် ရှောင်ကြဉ်ရမည်။

ဘုရားရှင်က ထိုသို့ မေတ္တာသမားထားရှိရမည့်
သဘောထားများကို မိန့်ကြားပြီးနောက် မေတ္တာပွားနည်းများကို
ဆက်လက်မိန့်ကြားတော်မူသည်။

ကြောက်တတ်၊ မကြောက်တတ် နှစ်ရပ်များစွာ
သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

မြင်အပ်မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။

ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။

ဘဝဇာတ်ဆုံး၊ မဆုံးများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။

ကြီးငယ်အလတ် သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။

ဆူကြုံအလတ် သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။

ထိုသို့ နှစ်စုသုံးစု ခွဲ၍ မေတ္တာပို့ရမည်။

တစ်ဖက်သားကို ချမ်းသာစေချင်တာ မေတ္တာဖြစ်သကဲ့သို့ တစ်ဖက်သားကို ဒုက္ခ မရောက်စေချင်တာလည်း မေတ္တာပင်ဖြစ်၏။

ထို့ကြောင့် ဘုရားရှင်က

“လူအချင်းချင်း လှည့်စားခြင်း၊ ကင်းရှင်းကြပါစေ။

လူအချင်းချင်း အထင်သေးခြင်း ကင်းရှင်းကြပါစေ။

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ”

ဟု မေတ္တာပို့ရန် ဆက်လက် မိန့်ကြားတော်မူသည်။

လိမ်ညာခြင်း၊ လှည့်စားခြင်း၊ ကောက်ကျစ်
စဉ်းလဲခြင်းသည် သစ္စာတရားကို ဆန့်ကျင်ခြင်းဖြစ်၏။
သစ္စာတရားကို ဆန့်ကျင်ခြင်းသည်ဆင်းရဲကြောင်းဖြစ်၏။
လူသားထုကို ချမ်းသာစေချင်လျှင် ထိုအပြုအမူတွေ ကင်းရှင်းမှဖြစ်မည်။

ထို့ကြောင့် ဘုရားရှင်က လူသားအချင်းချင်း
လိမ်ညာခြင်း လှည့်စားခြင်းကင်းဖို့၊ မထီမဲ့မြင်ပြုမှု အထင်သေးမှုတွေ ကင်းဖို့၊ သီးသန့် မေတ္တာပို့ရန်
အထူးမိန့်ကြားခဲ့လေသည်။

ဘုရားရှင်ကိုယ်တော်မြတ်သည် သူ့ကိုဆန့်ကျင်သော
မာရ်နတ်၊ အာဠဝကဘီလူး၊ နာဠာဂီရိဆင်၊
အဂုင်္လိမာလ၊ စိဉ္ဇမာဏ၊ သစ္စကပရဗိုဇ်၊ နန္ဒောပနန္ဒနဂါး၊ ဗကဗြဟ္မာတို့ကို အနိုင်ယူအောင်မြင်တော်မူခဲ့၏။
ထိုအောင်ခြင်းရှစ်ပါးကို အောင်မြင်ရာတွင်
အကြမ်းမဖက် မေတ္တာသက်သက်ဖြင့် အောင်မြင်တော်မူခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် မိမိတို့ ရည်မှန်းချက်တစ်ခုခု
အောင်မြင်ချင်လျှင် မေတ္တာသာထားပါ။
မေတ္တာသာ ပွားပါ။ မေတ္တာနှင့်သာ ဆောင်ရွက်ပါ။
တကယ်စစ်မှန်သော အောင်မြင်မှုကို ရရှိမည်
ဖြစ်ပေသည်။

အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်
Young Buddhist Association Page. မှ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဝါဆိုလပြည့်ဓမ္မစကြာ အခါတော်နေ့~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝ...
23/07/2021

ဝါဆိုလပြည့်
ဓမ္မစကြာ အခါတော်နေ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့ နေ့ဝင်လထွက်အချိန်၌ “အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ ပဉ္စဝဂ္ဂီငါးဦးတို့ကို ဘုရားဖြစ်တော်မူကြောင်း ဝန်ခံ၍ စမ္မစကြာတရားတော်ကို အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တောဝယ် ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာ တရားတော်သည် ဝိနည်းမဟာဝါ ပါဠိတော်၌ “ပဉ္စဝဂ္ဂိယ ကထာအမည်ဖြင့် လာရှိပြီး ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တနဝါ” အမည်ဖြင့် လာရှိကာ မဟာဝဂ္ဂသံယုတ်ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တနသုတ္တ” အမည်ဖြင့် လာရှိပါသည်။ ဓမ္မစကြာတရားတော်သည် သစာ္စလေးပါး မြတ်တရားကိုညွှန်းဆိုသော ဒေသနာတော်ဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု အဌကထာဆရာကြီးများက ညွှန်းဆိုကြပါသည်။

ဓမ္မစက္ကပဝတ္တန၏ အဓိပ္ပာယ်မှာ “တရားတည်းဟူသော စက်ကို ဖြစ်စေခြင်း၊ လည်စေခြင်း” ဟု အဓိပ္ပါယ်ရပါသည်။ ( ဓမ္မစက္က= တရားတော်+ပတဝတ္တန=ဖြစ်စေခြင်း၊ လည်စေခြင်း)
ဂေါတမဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ခြောက်နှစ်တာ ကာလပတ်လုံး လူသာမန်တို့ ကျင့်ဖို့ရာ ခဲ့ယဉ်းလှသည့် ဒုက္ကရစရိယာအကျင့်မြတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ရာ နောက်ဆုံး၌ မဇ္ဈိမပဋိပဒါခေါ် သည့် အလယ်အလတ် အကျင့်တရားလမ်းစဉ်ကို တွေ့မြင်ပြီး ကာမ အာရုံခံစားမှု လက်ယာအစွန်းနှင့် အတ္တဘော ပင်ပန်းစေသည့် လက်ဝဲအစွန်းတည်းဟူသော အစွန်းတရားနှစ်ပါးကို ရှောင်ကြည်ကာ သစ္စာလေးပါး တရားတော်ကို သိမြင်တော်မူပါသည်။ “ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ” ဟူသော ထိုသစ္စာလေးပါး မြတ်တရားတော်သည် “ဓမ္မစကြာတရားတော်”ပင် ဖြစ်ပါသည်။

ဓမ္မစကြာတရားတော်သည် မြတ်ဗုဒ္ဓ၏ တိကျခိုင်မာသော သဘောတရားကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ရှင်တော်မြတ်ဘုရားသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီတော် အဟုန်တို့ကြောင့် ရရှိခဲ့သည့် သဗ္ဗညုတ ရွှေဉာဏ်တော်စွမ်းအားဖြင့် ဓမ္မစကြာတရားတော်ကို ဟော်ဖော်ညွှန်ပြခဲ့ခြင်းဖြစ်ပါသည်။

ဘုရားရှင်ကိုယ်တော်မြတ်သည် ထိုးထွင်း၍ သိမြင်တော်မူအပ်သော သစ္စာလေးပါးကို မြင်တတ်သော၊ ပညာမျက်စိကို ပြုတတ်သော၊ သစ္စာလေးပါးကို သိခြင်းကို ပြုတတ်သော၊ အကြင်အလယ်အလတ်ဖြစ်သော ၊အကျင့်သည် ကိလေသာငြိမ်းခြင်းတည်းဟူသော သဥပါဒိသေသနိဗ္ဗာန် အကျိုးငှာ သစ္စာလေးပါးကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှာ၊ သစ္စာလေးပါကို ကောင်းစွာသိခြင်းငှာ၊ အနူပါဒိသေသ နိဗ္ဗာန်အကျိုးငှာ ဖြစ်၏။ ထိုအလယ်အလတ် အကျင့်သည် အဘယ်နည်းဟု သိသာထင်ရှားစွာ ဟောဖော်ညွှန်ပြတော်မူပါသည်။

• သမ္မာဒိဌိ = ကောင်းစွာ မြင်ခြင်း

• သမ္မာသင်္ကပ္ပ = ကောင်းစွာကြံခြင်း

• သမ္မဝါစာ = ကောင်းစွာဆိုခြင်း

• သမ္မကမ္မန္တ =ကောင်းစွာပြုခြင်း

• သမ္မာအာဇီဝ =ကောင်းစွာ အသက်မွေးခြင်း

• သမ္မဝါယမ =ကောင်းစွာအားထုတ်ခြင်း

• သမ္မာသတိ = ကောင်းစွာအောက်မေ့ခြင်း

• သမ္မာသမာဓိ = ကောင်းစွာတည်ကြည်ခြင်း

(ဒိဌ် သင် ဝါစာ၊ ကမ္မံ အာနှင့်၊ ဝါယာ သတိ၊ သမာဓိ၊ ရှစ် သိ သမ္မာ မဂ္ဂင်များ - ရွာမဆရာတော်)

ဤအကျင့်မြတ်သည်ကား အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် မဂ္ဂင်တရားမြတ်ဖြစ်ကြောင်း ဟောကြားတော်မူပါသည်။

ထိုမှတဖန် ရှင်တော်မြတ်ဘုရားသည် ဇာတိ ပဋိသန္ဓေနေရခြင်း ဆင်းရဲမှ၊ အိုမင်းရင့်ရောခြင်း ဆင်းရဲ၊ ဖျားနာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ မချစ်မနှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကင်းရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်လိုအပ်သော သတ္တဝါတို့နှင့် ကွေကင်းရခြင်း ဆင်းရဲ၊ ပဋိသန္ဓေနေရခြင်း ဆင်းရဲ၊ ခန္ဓာငါးပါးတို့၏ ဆင်းရဲ စသော ဇာတိသဘောတရားသည် ဒုက္ခဖြစ်သော အရိယာတို့၏ သိအပ်သော သစ္စာမည်၏ဟူ၍ ဒုက္ခသစ္စာကို ဟောကြားတော်မူပါသည်။

ပဉ္စဝဂ္ဂီရဟန်းတို့အား တဏှာလောဘသည် တဖန်ဘဝသစ်ကို ဖြစ်စေတတ်၏။ နှစ်သက်ခြင်း၊တပ်မက်ခြင်းနှင့် တကွ ဖြစ်၏။ ထိုထိုဘဝ ထိုထိုအာရုံ၌ အလွန်နှစ်သက်တတ်၏။ ဤတဏှာဟူသည် အဘယ်နည်း။

• ကာမတဏှာ = ရူပါရုံစသော ဝတ္ထုကာမကို တပ်မက်သော တဏှာ။

• ဘဝတဏှာ = သဿတဒိဌိနှင့် တကွဖြစ်သော တဏှာ။

• ဝိဘဝတဏှာ = ဥစ္ဆေဒဒိဌိနှင့်တကွဖြစ်သော တဏှာ။ ဟူ၍ ဤတဏှာဟူသော သဘောတရားသည် ဒုက္ခအကြောင်းဖြစ်သော အရိယာတို သိအပ်သော သစ္စာမည်၏ဟု သမုဒယသစ္စာအကြောင်းကို ဟောကြားတော်မူပါသည်။

ထိုတဏှာလောဘ၏ အကြွင်းမဲ့ တပ်မက်ခြင်းကင်းရာ၊ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ စွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဝေးစွာစွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ လွတ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ကပ်ငြိခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။

ဤနိဗ္ဗာန်ဟူသော သဘောတရားသည် ဒုက္ခ၏ ချုပ်ငြိမ်းရာဖြစ်သော အရိယာတို့သည် သိအပ်သော သစ္စာမည်သော နိရောဓသစ္စာ ကို ဟောကြားတော်မူပါသည်။ မဂ္ဂသစ္စာနှင့်စပ်၍ မဂ္ဂင်ရှစ်ပါး အကျင့်တရားသည်သာလျှင် ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်၏ဟု ဟောကြားတော်မူပါသည်။

ဒုက္ခသစ္စာ၌ သစ္စဉာဏ်၊ ဒုက္ခသစ္စာ၏ ကိစ္စဉာဏ်၊ ဒုက္ခသစ္စာ၌ ကတဉာဏ် သမုဒယ သစ္စာ၌ သစ္စဉာဏ်၊ သမုဒယသစ္စာ၌ ကိစ္စဉာဏ်၊ သမုဒယသစ္စ၏ ကတဉာဏ် နိရောဓသစ္စာ၌ သစ္စဉာဏ်၊ နိရောဓသစ္စာ၏ ကိစ္စဉာဏ်၊ နိရောဓသစ္စာ၌ ကတဉာဏ် မဂ္ဂသစ္စာ၌ သစ္စဉာဏ်၊ မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်၊ မဂ္ဂသစ္စာ၌ ကတဉာဏ် စသည့် ဘုရားမဖြစ်မီ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရာ သစ္စာတရားတို့ကို ဟောကြားတော်မူပါသည်။

ဤသစ္စာလေးပါးတို့၌ ဤသို့သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်အားဖြင့် သုံးပါးသော အပြန်ရှိသော သုံးပါးလေးလီဖြစ်၍ တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော ဟုတ်မှန်တိုင်းဖြစ်သော ဉာဏ်အမြင်သည် ငါ့အားအလွန်သန့်ရှင်းစင်ကြယ်၏။ လူနှင့်တကွ သတ္တလောက၌ အတုမရှိသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်တော်မူပြီး၍ ဘုရားဖြစ်ကြောင်း ဝန်ခံတော်မူပါသည်။

ဝါဆိုလပြည့်နေ့သည် ထူခြားသည့် အကြောင်းအရာများ ရှိပါသည်။ ဂေါတမဘုရားအလောင်းတော် ပဋိသန္ဓေနေသောနေ့ဖြစ်ခြင်း၊ ဂေါတမ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်တော်သော နေ့ဖြစ်ခြင်း။ ဓမ္မစကြာ တရားဦးကို စတင်ဟောတော်မူသော နေ့ဖြစ်ခြင်း ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်ခြင်း။ ဘုရားအဖြစ်ဝန်ခံတော်မူသော နေ့ဖြစ်ခြင်း။ တရားရတနာ စတင်ပေါ်ပေါက်သော နေ့ဖြစ်ခြင်း။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်ခြင်း။ “ဧဟိဘိက္ခု” ဟူသော စကားကို စတင်ကြားရသောနေ့ဖြစ်ခြင်းတို့ ဖြစ်ပါသည်။

ဂေါတမ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူသည့် ဓမ္မစကြာတရားတော်ကို ကြားနာရသည့် ပဉ္စဝဂ္ဂီငါးဦးတို့သည် ဝါဆိုလပြည့်နေ့တွင် အရှင်ကောဏ္ဍည၊ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင်ဝပ္ပ၊ ဝါဆိုလပြည့်ကျော် ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ဝါဆိုလပြည့်ကျော် ၃ ရက်နေ့တွင် အရှင်အဿဇိ မဟာထေရ်မြတ်ကြီးများ အသီးသီး သောတပန်ဖြစ်တော်မူပြီး တရားထူး၊ တရားမြတ်ကို ရရှိတော်မူကြပါသည်။

ထိုနေ့ထူးနေ့မြတ် ဝါဆိုလပြည့်နေ့တွင် ရဟန်းရှင်လူ အများပြည်သူတို့သည် ဘုရားစေတီ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံစသည်တို့တွင် ဝတ်အသင်းများ၊ ဓမ္မာစကြာအသင်းများက ဓမ္မစကြာ တရားတော်ကို ပူဇော်ခြင်းဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားများကို ကျင်းပကြပါသည်။ [၁] ဓမ္မစကြာ တရားတော်ကို အစီအစဉ်ဖြင့် ရွှတ်ဆို ပူဇော်ကြကုန်၏။ ၎င်းအစီအစဉ်များမှာ

• နမောတဿ ၃ ကြိမ် ရွတ်ဆိုပူဇော်ရန်

• နတ်ဗြဟ္မာများအား ဖိတ်ကြားရန်

• ငါးပါးသီလ (အတိုကောက်) ပြိုင်တူ ခံယူကြရန်

• စုပေါင်း ဓမ္မစကြာ ရွတ်ဆိုပူဇော်ကြရန်

• အလုံးစုံသော သတ္တဝါ၊ သက်ရှိသက်မဲ့တို့အား မေတ္တာပြိုင်တူ ဖြန့်ဝေရန်

• စုပေါင်းအမျှဝေရန်

• ရတနာသုံးပါးအား ပူဇော်ခြင်းနှင့် ဆုတောင်းရန်

• ဗုဒ္ဓသာသနံ စိရံ တိဌတုဖြင့် နိဂုံးချုပ် ဆုတောင်းကြရန် တို့ဖြင့်ကြသည်။

🌕နယုန်လပြည့်နေ့ – မဟာသမယနေ့🌕 (𝟮𝟰.𝟲.𝟮𝟬𝟮𝟭)နယုန်လပြည့်နေ့မှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် များပြားလှစွာသော နတ်ဗြဟ္မာ ပရိ...
24/06/2021

🌕နယုန်လပြည့်နေ့ – မဟာသမယနေ့🌕 (𝟮𝟰.𝟲.𝟮𝟬𝟮𝟭)

နယုန်လပြည့်နေ့မှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် များပြားလှစွာသော နတ်ဗြဟ္မာ ပရိသတ်တို့ကို
** မဟာသမယ သုတ် တရားတော်** ကို
ဟောကြားတော်မူခဲ့တဲ့နေ့ ဖြစ်ပါသည်။

မဟာသမယ-သုတ္ကို
✨ဒေဝတာပီယ-နတ်တို့ချစ်ခင် မေတ္တာဝင်၊
သုတ်တွင်-မဟာသမယ✨ လို့ လည်းခေါ်ပါသည်။

သည်လို...နေ့ထူးနေ့မြတ်မှာ
မငြိမ်းချမ်းသောနေရာများကို မေတ္တာပို့သ လို့ ...
မဟာသမယသုတ်တော် ကို ရွတ်ဆိုပူဇော်ရင်း
ငြိမ်းအေးစေကြာင်း ဆုတောင်းမေတ္တာပို့သနိုင်သလို...
အပြီးတိုင်း ငြိမ်းအေးရာ အမှန် မြတ်နိဗ္ဗာန်သို့ ရောက်ရာရောက်ကြောင်း
အထောက်ပံ့ကောင်းများ ဖြစ်သည့်
ဒါနအမှု့၊ သီလအမှု့၊ ဘာဝနာအမှု့များကို
တက်အားသ၍ ပြုလုပ်ကြပါရန်
နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

✨✨✨✨
ကျေးဇူးတော်ရှင် မြတ်စွာဘုရားသခင်သည် ဘုရား ဖြစ်တော်မူပြီး
စတုတ္ထဝါ-အရောက်မှာ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင်မင်းသားတွေက
ရောဟဏီမြစ်ကရေကို သူတို့ရဲ့ စပါး စိုက်ပျိုးခင်းတွေ အတွက်
လုကြ ရာကစလို့ စစ်ခင်းကြမယ့် အခြေ အနေအထိ ရောက်ခဲ့ရပါသည်။

အဲ့လို အချိန်ကာလမှာ မြတ်စွာဘုရားရှင် ကြွရောက်တော်မူလာပြီး
“အဖိုးမတန်တဲ့ ရေ အတွက်နဲ့ အဖိုးတန်တဲ့ သင်တို့ အသက်တွေ ဆုံးရှုံးခံတော့မလို့လား”
ဟု မေးမြန်းတော်မူခဲ့ပါသည်။
ဘုရားရှင်က မေးခွန်းထုတ်လိုက်တော့ အသိတရားဝင်လာကြ ပြီး...
ငြိမ်းချမ်းရေး ရှေးရှုတဲ့ ရန်ပြေ မာန်ပြေ တရားတော်ကို နာယူလိုက်တဲ့အခါ
အသိဉာဏ် အမြင်မှန် ရရှိပြီး ပြေငြိမ်းအေးချမ်းခြင်းကို ရရှိခဲ့ပါတော့သည်။

တစ်ဘက်စီမှ ၂၅၀ စီသော နှစ်ပြည်ထောင်မင်းသား ၅၀၀ တို့ဟာလည်း
ဘုရားရှင်ရဲ့သာသနာတော်သို့ဝင်ပြီး ရဟန်းပြုခဲ့ကြပါသည်။

ထိုရဟန်းငါးရာတို့လည်း ရဟန်းအဖြစ်၌ မမွေ့လျော်နိုင်ကြသေးသဖြင့်
ဟိမဝန္တာ၊ ကုဏာလအိုင်သို့ ခေါ်ဆောင်ကာ ကုဏာလဇာတ်ကို
ဟောတော်မူမှ အားလုံး သောတာပန်ဖြစ်ကြ၏။

ထို့နောက် ... မြတ်စွာဘုရားရှင်ဟာ ရဟန်းတော်၅၀၀နဲ့အတူ
ကပိလဝတ်ပြည် အနီးမှာရှိတဲ့ မဟာဝုန်တော ကို ကြွချီတော်မူပြီး
ကမ္မဋ္ဌာန်းတရားကို ပွားများစေရာ ရဟန်းတော်၅၀၀ သည်
မကြာမြင့်တဲ့ကာလအတွင်း အရဟတ္တဖိုလ်ကို ဆိုက်ရောက်တော်မူကြပါသည်။

ထို ရဟန်း-၅၀၀ တို့ဟာ မိမိ တို့ရရှိထားတဲ့ တရားထူးကိုလျှောက်ထားရန်အတွက်
နယုန်လပြည့်ညချမ်း မှာ မြတ်စွာဘုရားရှင်ထံသို့
စုရုံးရောက်ရှိ လာခဲ့ကြပါသည်။

မြတ်စွာဘုရားသခင်သည် ဤသို့လျှင် ကိလေသာမှ စင်ကြယ်ကုန်ပြီးသော
ရဟန္တာငါးရာ ခြံရံလျက် မဟာဝုန်တော၌ တင့်တယ်စွာ စံပယ်တော်မူသည်ကို
တွေ့မြင် ဖူးတွေ့ ကြည်ညိုလိုကြကုန်သော
နတ်၊ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊ နဂါးတို့ တွေလည်း
မဟာဝုန်တော သို့ စုရုံးရောက်ရှိလာကြပါသည်။
ထိုအခါ မြတ်စွာဘုရားသခင်သည် စုဝေးရောက်လာကြကုန်သော
နတ်ဗြဟ္မာ တို့ကို ရဟန်းတို့အား သိစေလျက်
စရိုက်ခြောက်ပါး အားလျော်စွာ အမြိုက်တရားကို
ဟောကြားတော်မူခဲ့ပါသည်။

စရိုက်ခြောက်ပါး သုတ္တန်များမှာ...👇👇

၁။ရာဂစရိုက်-အားကြီးသူအတွက်—(သမ္မာပရိဗ္ဗာဗနိယသုတ်)

၂။ဒေါသစရိုက်-အားကြီးသူအတွက်—(ကလဟဝိဝါဒသုတ်)

၃။မောဟစရိုက်-အားကြီးသူအတွက်—(မဟာ ဗျူဟသုတ်)

၄။ဝိတက်စရိုက်-အားကြီးသူအတွက်—(စူဠ ဗျူဟသုတ်)

၅။သဒ္ဓါစရိုက်-အားကြီးသူအတွက်—(တုဝဋကသုတ်)

၆။ပညာစရိုက်-အားကြီးသူအတွက်—(ပုရာဘေဒသုတ်)

တရားတော်မြတ်အဆုံးမှာတော့ ...
နတ်၊ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ အရဟတ္တဖိုလ် သို့ရောက်ရှိကြပါသည်။

သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ် ရောက်ကြသောနတ်ဗြဟ္မာ တို့ကား
ရေတွက် လို့တောင်မရနိုင်လောက်အောင်များပြားခဲ့ပါသည်။

ရန်သူချင်း ဖြစ်ကြသော နဂါးနှင့် ဂဠုန်၊ သိကြားနှင့် အသူရာ စသည်တို့သည်လည်း
တစ်ဦးနှင့်တစ်ဦး ပီယဝါစာ သာယာချိုအေး ဆွေးနွေးကြကုန်လေသည်။

ထိုကဲ့သို့ ဘုရားတစ်ဆူပွင့်မှ တစ်ကြိမ်သာ ဖြစ်ပေါ်သော ...
** ကြီးကျယ်လှသော အခါတော်နေ့တွင်
ထိုဟောကြားခဲ့မှုကိုအကြောင်းပြု၍ နယုန်လပြည့်နေ့ကို မဟာသမယနေ့ **
ဟုသတ်မှတ်ကာ မဟာသမယနေ့ကို ကျင်းပကြပါသည်။

မဟာဆိုတာကတော့ ကြီးကျယ်မြင့်မြတ်ခြင်း၊ သမယ ဆိုတာ အချိန်-အခါ-ကာလ ဖြစ်ပါသည်။

ထိုမျှသာမက နတ်ဗြဟ္မာတို့သည် သက်တော်ထင်ရှား မြတ်စွာဘုရားကိုယ်တော်တိုင်
ယင်းတို့အား ရည်ညွှန်း၍ ဟောကြားတော်မူသော ဒေသနာတော်ကို သတိရလျက် ၊
ထိုဒေသနာတော်ကို ရွတ်ဖတ် သရဇ္ဈာယ်ကုန်သော ပုဂ္ဂိုလ်တို့အား ချစ်ခင်ကြကုန်၏။
✨✨✨✨

Credit ဆရာဦးမြင့်လွင် (သန့်-တည်-ပွား)

ပေ30 28ပေ ပုံအကြမ်းလေးတော့ပေါလာပါပီ
21/01/2021

ပေ30 28ပေ ပုံအကြမ်းလေးတော့ပေါလာပါပီ

Address

မြနန္ဒာရပ်၊ ပလိပ်မြို့။
Paleik
05142

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959402546956

Website

Alerts

Be the first to know and let us send you an email when S.A.E စက်အုတ်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to S.A.E စက်အုတ်နှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး:

Share