Htake Tan Construction & Decoration Co.,Ltd

Htake Tan Construction & Decoration Co.,Ltd လူကြီးမင်းတို့ရဲ့ စိတ်ကူးထဲကအိမ်လေးများကို Htake Tan Construction & Decoration Co.,Ltd ကတာဝန်ယူပေးပါရစေ

ဆရာ အခု လှေကားဆင်တော့မှာ။ အိမ်ရှင်က လှေကားဆန်ကို မဂဏန်းပဲ လိုချင်တယ်တဲ့။ မဂဏန်းပဲလေ။ စတက်တာ ၁၁ဆန်။ ပြန်ချိုးတက်တာ ၁၁ဆန်။...
13/09/2025

ဆရာ အခု လှေကားဆင်တော့မှာ။ အိမ်ရှင်က လှေကားဆန်ကို မဂဏန်းပဲ လိုချင်တယ်တဲ့။

မဂဏန်းပဲလေ။ စတက်တာ ၁၁ဆန်။ ပြန်ချိုးတက်တာ ၁၁ဆန်။

မဟုတ်ဘူး ဆရာ။ သူတို့က landing ခုံကို မယူဘူး။ landing ခုံမပါ မဂဏန်း ဖြစ်ချင်တယ်လို့ ပြောတယ်။

အဲဗျာ။ မသိဘူးလေ။ ကျွန်တော်က ကြမ်းခင်း အမြင့် ၁၁ပေ။ လုပ်နေကြ ၉အနင်း ၆အကျော်နှင့် လှေကားထစ် ၂၂ထစ်ဆိုပြီး လုပ်လိုက်တာပဲ။ နှာကတော့ ၁လက်မပေါ့။ အိမ်က ရှိတဲ့မြေမှာ အရှေ့ ၅ပေချန် အနောက် ၄ပေချန် ဧည့်ခန်းကို ကားဆန့်အောင် လုပ်တာမှာ အခြေအနေအရ လှေကားခန်းက ၁၀ပေခွဲပဲ ရတာ။

ဟုတ်ကဲ့ ဆရာ။ အဲဒါ ဘယ်လို ပြန်လုပ်ရင် ရမလဲ။

ကဲပါ လှေကားအကျော်အနင်းလေး တစ်ခါထဲ ဆွဲပေးလိုက်မယ်။ လာဗျာ ထိုင်။ သူတို့လိုချင်တဲ့ လှေကားဆန် မဂဏန်းဆို landing ခုံအပါ ၁၀ထစ် လုပ်ရမှာပေါ့။ ကြမ်းခင်းအမြင့် ၁၁ ပေက ၁၃၂လက်မ။လှေကားထစ်၂၀ဆိုတော့ ၁ထစ်ကို အကျော် ၆.၆လက်မ ရမယ်။ အကျော် ၆.၆လက်မနှင့် လိုက်အောင် အနင်းကို ၁၀လက်မလောက် ထားမယ်ဗျာ။ နှာကတော့ ထုံးစံအတိုင်း ၁လက်မပေါ့။ အဲဒါဆို landing ခုံလဲ အရင်စဉ်းစားထားတဲ့ အတိုင်းလောက် ရတယ်။ နောက်ပြီး အရင်စဉ်းစားခဲ့တဲ့ လှေကား slope က ၃၇ဒီဂရီ၊ အခုက ၃၆ဒီဂရီ။ သိပ်မကွာဘူး။

ကောင်းတယ် ဆရာ။ လှေကားဆန်က သူတို့ပြောတဲ့အတိုင်း မဂဏန်း ဖြစ်တဲ့အပြင် ၉နဝင်းပါကြေတယ် ဆိုတော့ အိမ်ရှင်တွေလဲ သဘောကျသွားမှာပဲ။

ကဲ ဒီပုံကို တစ်ခါထဲ ပရင့်အောက်ပေးလိုက်မယ်။ ဟုတ်ပြီလား။ လက်သမားဆရာကို ဒီအတိုင်း ပုံစံရိုက်ခိုင်းလိုက်တော့။ ဪ နေဦး မေ့လို့။ အိမ်ရှင်ကိုလဲ ပြလိုက်ဦးနော်။

Sayar Kyi Thar Myint ရေးသားသည်။





ဘိလပ်မြေ 42.5 နဲ့ 52.5 ဘယ်လိုကွာခြားတာလဲ--------------------------------------------ဘိလပ်မြေအမျိုးအစားများကို ယေဘူယျအားဖ...
09/09/2025

ဘိလပ်မြေ 42.5 နဲ့ 52.5 ဘယ်လိုကွာခြားတာလဲ
--------------------------------------------
ဘိလပ်မြေအမျိုးအစားများကို ယေဘူယျအားဖြင့် 32.5 Class ဘိလပ်မြေ၊ 42.5 Class ဘိလပ်မြေ နှင့် 52.5 Class ဘိလပ်မြေ ဆိုပြီး အမျိုးအစားအလိုက် သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံတွင် 42.5 Class ဘိလပ်မြေ နှင့် 52.5 Class ဘိလပ်မြေကို အများဆုံး အသုံးပြုနေကြပါတယ်။

အဆောက်အဦများ၊ လမ်းတံတားများကို ဆောက်လုပ်တဲ့အခါမှာ ဆောက်လုပ်မယ့် အမျိုးအစားအလိုက် 42.5 Class နဲ့ 52.5 Class ဘိလပ်မြေအမျိုးအစားတွေကို လိုအပ်သလို ရွေးချယ်အသုံးပြုသင့်ပုံကို မျှဝေပေးလိုက်ပါတယ်။

✅ 42.5 Class ဘိလပ်မြေ
42.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (6162.5 PSI) Grade 42.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။
42.5 Class ဘိလပ်မြေ ရဲ့ ခံနိုင်ဝန်အားသည် သတ်မှတ်စံချိန်စံညွှန်းအရ စတင်မာခဲချိန်နဲ့ နောက်ဆုံးမာခဲချိန် နှေးတတ်သော သဘာဝရှိပါသည်။
42.5 Class ဘိလပ်မြေကို အုတ်စီလုပ်ငန်းများ၊ နံရံအချောကိုင်လုပ်ငန်းများ၊ ရိုးရိုးအုတ်တိုက်၊ နံရံကပ်တိုက်များ၊ လုံးချင်းအဆင့်မြင့် အဆောက်အဦများ ဆောက်လုပ်မယ်ဆိုပါက 4 2.5 Class ဘိလပ်မြေကို အသုံးပြုနိုင်ပါသည်။

✅ 52.5 Class ဘိလပ်မြေ
52.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး (၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (7612.5 PSI) Grade 52.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။
52.5 Class ဘိလပ်မြေသည် ခံနိုင်ဝန်ကို အချိန်တိုအတွင်းမှာ ရရှိစေနိုင်ပြီး စတင်မာခဲချိန် နှင့် နောက်ဆုံးမာခဲချိန် မြန်သော သဘာဝရှိတဲ့အတွက် ထုထည်ကြီးမားသော လမ်းတံတားများ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများ၊ အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။
ရေနှင့်အမြဲထိတွေ့နေသောနေရာများ၊ အစိုဓါတ်များသောနေရာများ၊ ငလျင်ဒဏ်၊ သဘာဝဘေးအန္တရာယ်တို့နှင့် အနီးကပ်ဆုံးနေရာဒေသများတွင်လည်း 52.5 Class ဘိလပ်မြေကိုသာ အသုံးပြုသင့်ပါသည်။

Crd_to_Owner





အုတ်ဆီ မဆလာ (Mortar)မဆလာဖျော်တယ်ဆိုတာ တစ်နေ့လုံးလုပ်ငန်းထဲမှာ မကြာခဏကြားရတာပဲဗျ။ တချို့က “ဘိလပ်မြေ နည်းနည်းထည့်တယ်”, “တခ...
08/09/2025

အုတ်ဆီ မဆလာ (Mortar)

မဆလာဖျော်တယ်ဆိုတာ တစ်နေ့လုံးလုပ်ငန်းထဲမှာ မကြာခဏကြားရတာပဲဗျ။ တချို့က “ဘိလပ်မြေ နည်းနည်းထည့်တယ်”, “တခါတလေ ဘိလပ်မြေမပါတဲ့ သရွတ်လည်း ရှိတယ်” လို့ ပြောကြသလို၊ တချို့ကတော့ “ကျနော်တို့ဘက်က ဘိလပ်မြေ (cement) ပဲ သုံးတယ်၊ ထုံးမသုံးဘူး” လို့ ပြောကြတတ်ပါတယ်။

ဒါကြောင့် မဆလာဆိုတာက Mortar သရွတ်ကို အဓိကပြောတာပါ။ ဒီသရွတ်တွေကို အုတ်စီလုပ်ငန်း၊ ကျောက်စီလုပ်ငန်း၊ Plastering (အချောလုပ်ခြင်း) နဲ့ Pointing (အလယ်ကြားနောက်ခံအချောလုပ်ခြင်း) တွေမှာ သုံးပါတယ်။

Mortar အမျိုးအစားတွေ

Cement Mortar (ဘိလပ်မြေသရွတ်) → ဘိလပ်မြေ + သဲ + ရေ

Lime Mortar (ထုံးသရွတ်) → ထုံး + သဲ + ရေ

Composite Mortar → ဘိလပ်မြေ + ထုံး + သဲ + ရေ

ဘိလပ်မြေသရွတ်က သဲနဲ့ရေ ထည့်ဖျော်ရတာ။ ထုံးသရွတ်ကတော့ ထုံးနဲ့ သဲနဲ့ ရေဖျော်တာ။ အရင် zamana (သမိုင်းကာလ) မှာတော့ ထုံးသရွတ်ကို အဓိက သုံးခဲ့ကြတယ်။

cement mortar ကို 1:2, 1:3, 1:4 စသဖြင့် အချိုးနဲ့ ဖျော်ကြတယ်။ Lime mortar မှာလည်း 1:2, 1:1:1 (ထုံး+သဲ+အုတ်နီမှုန့်) လိုမျိုး အမျိုးအစားတွေ ရှိတယ်။

ASTM C270 အရ Mortar Types

Type M → 3200 PSI (100% Portland)

Type S → 2200 PSI (67% Portland + 33% Lime)

Type N → 1400 PSI (50% Portland + 50% Lime)

Type O → 1000 PSI (33% Portland + 67% Lime)

Type K → 750 PSI (100% Lime)

ဒီလိုကြည့်ရင် ထုံးသရွတ်လည်း အနည်းဆုံး 750 PSI လောက် အားရှိတယ်ဆိုတာ သေချာသွားတယ်။

အားသာချက် / အားနည်းချက်......

ဘိလပ်မြေသရွတ် → Strength ကောင်း၊ Setting မြန်၊ ဒါပေမယ့် Flexibility မရှိ၊ ရေမစိမ့်နိုင်။

ထုံးသရွတ် → Strength နည်း၊ Setting နှေး၊ ဒါပေမယ့် Flexibility ကောင်း၊ Workability ကောင်း၊ ရေစိမ့်နိုင်။

ကျောက်စီလုပ်ငန်းတွေမှာတော့ Flexibility လိုတဲ့အတွက် ထုံးသရွတ် သင့်တော်တယ်။

သုံးသင့်တဲ့နေရာတွေ....

Load Bearing Wall → Strength လိုမို့ Cement Mortar သင့်တယ်။

Non Load Bearing Wall → Strength မလိုလောက်ဘဲ သွက်သွက်လက်လက် သုံးနိုင်တယ်။

Exterior Wall (အပြင်နံရံ) → ရေမစိမ့်အောင် Cement Mortar ကောင်းတယ်။

Stone Work → Flexibility ကောင်းတဲ့ Lime Mortar သင့်တော်တယ်။

Mortar ဆိုတာ Strength ပဲ မကြည့်ရဘဲ Flexibility, Workability, Water Resistance စတာတွေလည်း အရေးကြီးတယ်။ အလုပ်အမျိုးအစားနဲ့ ကိုက်ညီမယ့် Mortar အမျိုးအစားကို သေချာရွေးဖို့လိုပါတယ်။

Crd_to_Owner



Slab သံဆင်ခြင်း.....Slab တွေမှာ သံ 1လွှာပဲဆင်လို့ရတယ် နောက်တမျိုး 12" ကြားအပေါ် အောက် လွှဲဆင်ရင်ရပြီ ဆိုတဲ့ အတွေးအခေါ်တွ...
06/09/2025

Slab သံဆင်ခြင်း.....
Slab တွေမှာ သံ 1လွှာပဲဆင်လို့ရတယ် နောက်တမျိုး 12" ကြားအပေါ် အောက် လွှဲဆင်ရင်ရပြီ ဆိုတဲ့ အတွေးအခေါ်တွေက ဘယ်ကဆင်းသက်လာတာလဲ.😲

👉🏻တကယ်ဆိုရင် Building တခုမှာ load(အလေးချိန်/ဝန်)တွေ, stress တွေ ဘယ်လိုဆင်းသက်လာတယ်ဆိုတာ Engineer ကပဲသိတဲ့ အရာပါ.
👉🏻Slabတွေမှာ အကြမ်းအားဖြင့် one-way slab & two-way slab ၂မျိုးရှိပါတယ်.အဲ့ဒါကလဲ သံတစ်လွှာဆင်ခြင်း၊ နှစ်လွှာဆင်ခြင်းကို ဆိုလိုခြင်းလုံးဝမဟုတ်ပါဘူး🙅🏻 Slab ပေါ် load တွေ stress တွေ ဘယ်လိုစီးဆင်းလဲဆိုတာကို ဆိုလိုခြင်းဖြစ်ပါတယ်
✨Type of slab ဘယ်လိုခွဲလဲဆို Lb/La > 2 ဆိုရင် အဲ့ဒါ one-way slab ပါ. ( Lb = ရှည်သောspan, La = တိုသောspan) Load တွေက အပျင်းကြီးပါတယ်.Span က နှစ်ဆ ထက်ကျော်ပြီး ရှည်နေရင် loadက တိုတဲ့ span ကိုပဲ စီးဆင်းသွားတယ်. Two-way မသွားတော့ဘူးပေါ့.
👉🏻အဲ့တော့ load စီးဆင်းတဲ့ နေရာ တိုင်း rebar ထည့်ရပါတယ်. ထည့်ချင်တိုင်းလဲ ထည့်လို့မရပါဘူး. Bending moment diagram အရ tension zone တွေမှာပဲ ထည့်ရပါတယ်.(ချွင်းချက်အနေနဲ့ Compression zone တွေကိုတော့ ကန့်သက်ချက်အရ min;As ထည့်ပေးရပါတယ်).
📝Concrete ဆိုတဲ့အမျိုးက compression(ဖိအား) အံ့မခန်း ခံနိုင်ပေမယ့် tension(ဆွဲအား)တော့ ၁၀ပုံပုံ ၁ပုံလောက်သာ ခံနိုင်ပါတယ်. အဲ့အတွက် rebar က ဝင်ကူပြီး ထမ်းပေးရပါတယ်. အဲ့ဒါကြောင့်လဲ reinforced concrete RC လို့ ခေါ်တာပါ.
👉🏻အဲ့ဒီမှာ စတွေ့တာပဲ concrete မထမ်းနိုင်လို့ သံကကူထမ်းပေးရပါတယ်ဆိုမှ သူရှိသင့်တဲ့နေရာမှာ rebar က ရှိမနေဘူးဆို သွားပြီပေါ့. အဲ့slab က serviceability မကောင်းပဲ အခန့်မသင့်ရင် brittle failure တောင် ဖြစ်သွားနိုင်ပါတယ်☹️
👉🏻Design Drawing မှာ slab အတွက် 10mm ကို 6" ကြား spacing ပေးထားရင် tension zone တိုင်းမှာ 6" ကြား ထည့်ကို ထည့်ပေးရမှာပါ. 10"ကြားတွေ 12"ကြားတွေဆို design out သွားပါပြီ. ပြိုတာကတော့ တန်းမပြိုဘူးပေါ့ ဘာလို့လဲဆို structural designer တွေက design load ကို factor တွေနဲ့မြောက်ထားလို့ပါ. တကယ်ခံနိုင်ရည်ထက် ပိုတိုးစဉ်းစားပြီး design လုပ်ထားလို့ပါ. အချိန်တခုကြာလာတာနဲ့အမျှ cracking လိုက်လာတာတို့ cover ကွာကြလာတာတို့ slab ကြီး တုန်နေတာမျိုးတို့ ဖြစ်လာမှာပါ💢

အဲ့တော့ မဟုတ်ကဟုတ်ကတွေ လျှောက်မလုပ်စေချင်ပါဘူး. Slab မှာသံဘယ်နားထည့်ရမလဲဆိုတာ engineer သာလျှင် သေချာသိတာပါ. အဲ့ဒါကြောင့် ကိုယ့်မြန်မာတွေ ဆောက်လုပ်ရေးလောက တိုးတက်စေချင်တဲ့ စိတ်နဲ့ ရေးသားလိုက်ခြင်းဖြစ်ပါတယ်💯

ဗဟုသုတ တစုံတရာ ရသွားရင်ပဲကျေနပ်ပါတယ်ခင်ဗျာ စာအရမ်းရှည်သွားလို့ အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်.

Crd_to_Owner




ပေ၂၀xပေ၆၀ မြေကွက်မှာ ၁၇ပေxပေ၅၀ အိမ်ဆောက်တဲ့အခါ အလယ်တိုင်တွေ မပါတာ များပါတယ်။မြေအခြေအနေနှင့် အဆောက်အအုံ အရွယ်အစားကို လိုက...
05/09/2025

ပေ၂၀xပေ၆၀ မြေကွက်မှာ ၁၇ပေxပေ၅၀ အိမ်ဆောက်တဲ့အခါ အလယ်တိုင်တွေ မပါတာ များပါတယ်။

မြေအခြေအနေနှင့် အဆောက်အအုံ အရွယ်အစားကို လိုက်ပြီး footing အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

ယေဘုယျအားဖြင့် ...

(1) Eccentric footing

(2) Combined footing

(3) Combined footing with strip beam

(4) Combined footing with middle short column

(5) Combined footing with strip beam and middle short column စသဖြင့် ရှိပါမယ်။

Mat foundation, pile foundation, pile mat foundation စသဖြင့် လဲ ရှိပါမယ်။

Basement ပါရင် mat foundation လုပ်ကြပါတယ်။

ရန်ကုန်မှာ ဘေးအိမ် အထပ်မြင့် ရှိလို့ ဖောင်ဒေးရှင်း ကပ်ချရတဲ့အခါ cantilever strip footing သုံးကြပါတယ်။

Mat foundation ကို raft foundation လို့လဲ ခေါ်ပြီး pile mat foundation ကို pile raft foundation လို့လဲ ခေါ်ပါတယ်။

အခုပုံကတော့ အများအားဖြင့် အသုံးများတဲ့ combined footing ကို ပြောပြချင်တာပါ။

ခုနက ပြောတဲ့ ၅မျိုးထဲမှာ မြေကြီးအနေအထားကောင်းပြီး ကုန်ကျစာရိတ်ချွေတာချင်တဲ့အခါ (1) eccentric footing တွေ လုပ်ကြတာ ရှိပါတယ်။ အရပ်အခေါ် ဘဲခြေထောက် footing ပေါ့။ တစ်ချို့ကတော့ recommended မဖြစ်ပါဘူး။ သူတို့ prefer ဖြစ်တာက (2) combined footing ပါ။ အဲဒီထက်ပိုပြီး structure အရ လိုအပ်လာတဲ့အခါ (3) combined footing with strip beam သုံးပါတယ်။ တစ်ခါတစ်လေ (4) combined footing with middle short column သုံးပါတယ်။ အဆောက်အဦ အနေအထားအရ ပိုမိုစိတ်ချချင်တဲ့အခါ (5) combined footing with strip beam and middle short column သုံးနိုင်ပါတယ်။

ကျွန်တော့်အနေနှင့် (1) ကနေ (4) အထိ site အခြေအနေ အရ လိုအပ်သလို သုံးပါတယ်။ (5) တော့ မသုံးရသေးပါဘူး။

လိုအပ်လာရင်တော့ သုံးဖြစ်မယ် ထင်ပါတယ်။

Crd and Respect to : Sayar Kyi Thar Myint ရေးသားပါသည်။ With Photo

အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ-------------------------------------------အိမ်တစ်လုံးကို အလှဆင်တဲ့အခါမှာ ...
04/09/2025

အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
-------------------------------------------

အိမ်တစ်လုံးကို အလှဆင်တဲ့အခါမှာ
အရောင်ရွေးချယ်မှုက အဓိကကျပါတယ်။ လတ်ဆတ်ပြီး
စိတ်ခံစားမှုကို ပြောင်းပေးနိုင်တဲ့ အိမ်သုတ်ဆေးအရောင်တွေဟာ
သင့်အခန်းရဲ့ ဒီဇိုင်းနဲ့ သင့် Mood ကိုပါ လုံးဝအသစ် ဖြစ်သွားစေမှာပါ။

ကိုယ့်အိမ်ထဲက အခန်းတွေ ဆေးသုတ်ဖို့ စဉ်းစားနေရင်
ဒီဆေးရောင်တွေကို ဒီအခန်းတွေမှာ မသုတ်ဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

(၁) အိပ်ခန်းကို အနီနဲ့ ခရမ်းရောင်ဆေး မသုံးပါနဲ့

အနီရောင်ကို ကြိုက်တယ်ဆိုရင်တောင် သင့်အိပ်ခန်းနံရံကို
အနီရောင် မသုတ်ပါနဲ့လို့ House Wire တည်ထောင်သူ
ဂျီနီဗာ အာရွန်က ပြောပါတယ်။လူ့ဦးနှောက်ဟာ အနီရောင်ကို
သွေးလို့ မှတ်ယူထားပြီး အန္တရာယ်နဲ့ တွဲမှတ်ထားတာပါ။
ဒီတော့ အခန်းထဲမှာ အနီရောင်ကို မြင်ရခြင်းဟာ
နှလုံးခုန်နှုန်းကို မြန်စေပြီး အိပ်လို့မရဖြစ်စေပါတယ်။
ခရမ်းရောင်ဆေးသုတ်ထားတဲ့ အိပ်ခန်းမှာ အိပ်သူတွေဟာ
ပျမ်းမျှ တစ်နေ့ကို ၅ နာရီ ၅၆ မိနစ်ပဲ အိပ်ပျော်တယ်လို့
လေ့လာချက်တွေက ပြောပါတယ်။ နောက်တစ်ခုက
ခရမ်းရောင်ခန်းထဲမှာ အိပ်ခြင်းဟာ အိပ်မက်ဆိုးတွေလည်း မက်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

(၂) ရေချိုးခန်းနဲ့ Home Office မှာ အဖြူရှောင်ပါ

နံရံဖြူဖြူတွေဟာ ရေချိုးခန်းနဲ့ အလိုက်ဖက်ဆုံးထဲမှာ ပါပါတယ်။
အဖြူရောင်ဟာ ကြည့်လိုက်ရင် အသစ်စက်စက်လို့ မြင်စေရပေမယ့်
နံရံဖြူတွေဟာ အစွန်းပေရင် မြင်လွယ်တဲ့ ပြဿနာ ရှိပါတယ်။
သိပ်ပြီး ရေချိုးခန်းကို ခဏခဏ သန့်ရှင်းရေးမလုပ်နိုင်ရင် အဖြူမသုံးသင့်ပါဘူး။

အိမ်ကို ရုံးလုပ်နေရသူတွေအတွက် စိတ်ပိုပြီး
သက်တောင့်သက်သာ ရှိချင်ရင် အလုပ်လုပ်နေတဲ့
အခန်းနံရံကို အဖြူဆေးမသုတ်ဖို့ MyRoofingPal ရဲ့
လုပ်ငန်းလည်ပတ်မှု ဒါရိုက်တာ ကော်တနီကီးန်က ဆိုပါတယ်။
အဖြူက မျက်လုံးကြိမ်းပြီး ဒဏ်ဖြစ်စေလို့ ကွန်ပျူတာနဲ့
တစ်နေကုန် အလုပ်လုပ်သူတွေအတွက် မကောင်းဘူးလို့ သူမက ပြောတာပါ။

(၃) အပြင်နံရံနဲ့ ဧည့်ခန်းကို အညိုမသုံးနဲ့

The Golden ရဲ့ အိမ်ဒီဇိုင်းကျွမ်းကျင်သူနဲ့ အယ်ဒီတာ
ဆန်ဝစ်တိတ်ကာကတော့ သင့်အိမ်ပြင်ပနံရံမှာ
အညိုဆေး ဘယ်တော့မှ မသုံးဖို့ ဆိုပါတယ်။ အညိုရောင်ဟာ
သင့်အိမ်ရဲ့ တန်ဖိုးကို ကျဆင်းစေပြီး တစ်ဆင့်ပြန်ရောင်းရင်
ဈေးကောင်းမရ ဖြစ်တတ်လို့ပါတဲ့။

ဧည့်ခန်းမှာ အနက်ရောင်ပြေးတို့ အညိုတို့ကို
မသုံးသင့်တာက အခန်းကို ကျဉ်းသွားတယ်ထင်စေလို့ပါ။
နဂိုကတည်းက ဧည့်ခန်းသေးရင် ပိုပြီး သေးသွားတယ်လို့တောင် ထင်စေရနိုင်လို့ ဖြစ်ပါတယ်။

(၄) မီးဖိုချောင်မှာ မီးခိုးရောင် အရင့်ပြေး ရှောင်ပါ

မီးခိုရောင်ဟာ စိတ်ဓါတ်ကျခြင်း ၊ ဆုံးရှုံးခြင်းနဲ့
မဖော်ရွေခြင်းတွေ ဖြစ်စေတဲ့ အရောင်လို့ ဆိုပါတယ် ။
ပြတင်းပေါက်မရှိတဲ့ မီးဖိုးချောင်သေးသေးတွေဆို
မီးခိုးရောင် သုတ်ထားရင် ပိုပြီး စိတ်ကျဉ်းကြပ်စေနိုင်ပါတယ်။

(၅) ဘယ်အခန်းမှာမှ အစိမ်းနဲ့ အညိုစပ် မသုံးနဲ့

အရောင်အစပ်အဟပ်ကလည်း အရေးကြီးပါတယ်။
အစိမ်းနဲ့ အညိုကာလာနှစ်ရောင်စပ်ပြီး ထွက်လာတဲ့
Opaque Couche ဆိုတဲ့ အရောင်ကတော့ ဘယ်အခန်းမှာမှ
မသုံးသင့်တဲ့ အရောင်လို့ ဆိုပါတယ်။ ဒီအရောင်ကို
ရုပ်အဆိုးဆုံးအရောင်လို့တောင် ခေါ်ကြလို့ ဖြစ်ပါတယ်။
အိမ်အပြင်ဘက် နံရံတွေမှာ မသုံးဘဲ ရှောင်သင့်တဲ့
အရောင်က အဝါရောင်ဖြစ်ပြီး အိမ်ကို တန်ဖိုးလျော့စေတာကြောင့်လို့ ဆိုပါတယ်။

Crd_to_Owner



   #ဖောင်ဒေးရှင်းပြိုလဲရခြင်းအကြောင်း**********************************************အဓိကဖြစ်ရတဲ့အကြောင်းအရင်းနှစ်ချက်ကတော...
03/09/2025


#ဖောင်ဒေးရှင်းပြိုလဲရခြင်းအကြောင်း
**********************************************

အဓိကဖြစ်ရတဲ့အကြောင်းအရင်းနှစ်ချက်ကတော့-

၁။ Foundation ကို ထမ်းထားတဲ့ မြေသားများ shear falure ဖြစ်သွားခြင်း
၂။ အဆောက်အအုံအမျိုးအစား အလိုက် ခွင့်ပြုထားတဲ့ Settlement သို့မဟုတ် displacement ဒီဂရီအဆင့် ကျော်လွန်းသွားခြင်း။ ခွင့်ပြုတာထက် ပိုများသွားခြင်းတို့ကြောင့်ဖြစ်ပါတယိ

❇️❇️လုံခြုံစိတ်ချရတဲ့ ကောင်းမွန်တဲ့ Foundation ဖြစ်ဖြစ်ဖို့ အဓိက အချက်နှစ်ချက်ကလည်း အပေါ်က နှစ်ခုကို ပြောင်းပြန်လှန်ရတာပါပဲ❇️❇️

၁။ အိမ်ကိုထမ်းထားတဲ့ မြေသားများရဲ့ shear failure ဖြစ်ခြင်းကို တောင့်တင်းခံနိုင်ရမယ်။
၂။ Settlement သို့မဟုတ် displacement ဖြစ်မှု ပမာဏများပြီး ပျက်စီးမသွားအောင် တောင့်ခံနိုင်ရမယ်။

✳️✳️✳️FOUNDATION SOIL များ shear ဖြစ်နိုင်မှု ယူဆချက် သုံးမျိုး✳️✳️✳️
၁။ General Shear Failure - Dense Sand သို့ မဟုတ် compact soil တွေမှာ တည်တဲ့ foundation များမှာ foundation အပေါ် သက်ရောက်တဲ့ ၀န်အားမြင့်တက်မှုကြောင့် settlement ဖြစ်ပြီး မြေကြီးကနေ သူထမ်းထားနိုင်တဲ့ ပမဏ၀န်အားကျော်လွန်တဲ့အခါမှာ ဖောင်ဒီရှင်းအောက်ကနေ failure surface လမ်းကြောင်းက extend ဖြစ်ပြီး ground surface အထိရောက်သွားတဲ့ Shear failure ဖြစ်ခြင်း

၂။ Local Shear Failure - Medium soil တွေမှာ အုတ်မြစ်ချတဲ့အခါမှာ foundation အပေါ် ၀န်အား တိုးပြီး သက်ရောက်သေတဲ့ အခါမှာ settlement ဖြစ်မှုလည်း မြင့်တက်လာမယ်။ သက်ရောက်တဲ့ ၀န်အားနဲ့ မြေကြီးရဲ့ ထမ်းအား ညီမျှသွားတဲ့အမှတ်မှာ moment of foundation ကို ဖြစ်တယ်။ ဒီယူဆချက်မှာ failure surface လမ်းကြောင်း က ground surface ဘက်သို့ extend မဖြစ်ပဲ foundation အောက်ဘက် outward ဘက်ကို ပြန့်ကားသွားတယ်။ အဲ့ဒီ failure surface လမ်းကြောင်းကို ground surface ဘက်ကို extend ဖြစ်ဖို့ အတွက်ဆိုရင် အပေါ်က moment of foundation ကို ထည့်သွင်းစဉ်းစား ရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၀န်သက်ရောက်မှုအလိုက် settlement တိုးလာ စေတဲ့ load ကို first shear load လို့ခေါ်ပြီးတော့ q ရဲ့ peak value ကို type of failure ထဲမှာ ထည့်သွင်းစဉ်းစားခြင်း မပြုဘူးဆိုရင် အဲ့ဒါကို Local shear failure လို့ခေါ်ပါတယ်

၃။ Punching Shear Failure - lose soil တွေမှာ တည်တဲ့ foundation တွေမှာ တွေ့ရှိရ။ အပေါ်က အချက်နှစ်ချက်ကလို foundation ကို ထမ်းထားမြေကြီးတွေကနေ ထမ်းအားနဲ့ ထမ်းပြီး သူတို့ရဲ့ ခံနိုင်အားရှိသရွေ့အထိ တောင့်ခံတာ မဟုတ်ပဲ ဒီယူဆချက်မှာ မြေကြီးက လုံး၀မထမ်းနိုင်ပဲ footing က vertical နိမ့်ကျသွားတာကို punching shear failure ဟုခေါ်ပါတယ်
အပေါ်က အချက်အားလုံးကတော့ shallow foundation အပေါ် အခြေခံပါတယ်။

Crd_to_Owner



မြန်မာ့ဆောက်လုပ်ရေးလောက၏ မြေဆီလွှာအပေါ်ထားရှိသော မှားယွင်းတဲ့အယူအဆများတစ်ခါတစ်ရံမှာ အစဉ်အလာ၊ အလွယ်လမ်း နဲ့ အတွေ့အကြုံ ဆိ...
23/08/2025

မြန်မာ့ဆောက်လုပ်ရေးလောက၏ မြေဆီလွှာအပေါ်ထားရှိသော မှားယွင်းတဲ့အယူအဆများ

တစ်ခါတစ်ရံမှာ အစဉ်အလာ၊ အလွယ်လမ်း နဲ့ အတွေ့အကြုံ ဆိုတာတွေရဲ့ သက်ရောက်မှုအောက်မှာ အလုပ်လုပ်မိတတ်ကြပါတယ်။ ဒါပေမယ့် ခေတ်မီအင်ဂျင်နီယာပညာရပ်ဟာ အချက်အလက် (Data) နဲ့ သိပ္ပံနည်းကျ သုံးသပ်မှုတွေပေါ်မှာ အခြေခံထားတယ်ဆိုတာကို အမြဲသတိရရပါမယ်။

၁။ ဘေးအိမ်က ဒီလိုပဲဆောက်တာ၊ ကိုယ်လည်း ဒီလိုပဲဆောက်မယ်။
ဒါဟာ အန္တရာယ်အကြီးဆုံး အတွေးအခေါ်တစ်ခုပါ။ မြေကြီးဟာ အဝတ်အစားတစ်ထည်လို တစ်နေရာနဲ့တစ်နေရာ အရောင်အသွေး၊ အရည်အသွေး မတူညီကြပါဘူး။ သင့်ခြံဝင်းနဲ့ ပေအနည်းငယ်ပဲကွာတဲ့ ဘေးအိမ်ရဲ့မြေအောက်အခြေအနေဟာ သင့်ခြံနဲ့ လုံးဝကွဲပြားခြားနားနေနိုင်ပါတယ်။ ဘေးအိမ်က မြေမာပေါ်မှာ တည်ဆောက်ထားပြီး၊ သင့်ခြံအောက်မှာ မြေပျော့လွှာ ဒါမှမဟုတ် ရွှံ့နွံအိတ် (clay pocket) ကြီးတစ်ခု ရှိကောင်းရှိနေနိုင်ပါတယ်။

အိမ်တိုင်း၊ အဆောက်အအုံတိုင်းဟာ သူ့ရဲ့ကိုယ်ပိုင်မြေပေါ်မှာ ရပ်တည်နေတာပါ။ ဒါကြောင့် အဆောက်အအုံတိုင်းအတွက် သီးသန့်မြေဆီလွှာစမ်းသပ်မှု (site-specific soil investigation) ဟာ မဖြစ်မနေ လိုအပ်တယ်ဆိုတာကိုအမြဲပြောနေရတာပါ။ ဘေးအိမ်ရဲ့ foundation drawing ကို ကူးယူသုံးစွဲခြင်းဟာ ကံကိုပုံအပ်ပြီး အဆောက်အအုံဆောက်တာနဲ့ အတူတူပါပဲ။

၂။ Footing ကိုကြီးကြီးလုပ်၊ Pile ကိုရှည်ရှည်ရိုက်ရင် ပိုကောင်းတယ်။
ကြီးလေ ကောင်းလေ ဆိုတဲ့စကားဟာ Geotechnical Engineering မှာ အမြဲမမှန်ပါဘူး။ လိုအပ်တာထက် အများကြီးပိုကြီးတဲ့ footing တွေ၊ ပိုရှည်တဲ့ pile တွေသုံးစွဲခြင်းဟာ ငွေကုန်ကြေးကျများစေရုံသာမက၊ တစ်ခါတစ်ရံမှာ အကျိုးသက်ရောက်မှုမရှိပါဘူး။ ဥပမာ - အလွန်ပျော့တဲ့ရွှံ့စေးလွှာအထူကြီးပေါ်မှာ pile ကို ဘယ်လောက်ပဲရှည်ရှည်ရိုက်ရိုက်၊ အောက်ခြေမှာ ခံနိုင်ရည်ရှိတဲ့ မြေမာလွှာ (bearing stratum) ကို မရောက်ရင် အလကားပါပဲ။ ဝန်ကို ဘေးတိုက်ပွတ်မှုအား (skin friction) တစ်ခုတည်းနဲ့ သယ်ဆောင်ဖို့ ဒီဇိုင်းဆွဲရမှာဖြစ်ပြီး၊ ဒါကို တွက်ချက်မှုနဲ့သာ သိနိုင်မှာဖြစ်ပါတယ်။

Foundation ဒီဇိုင်းဟာ ခန့်မှန်းခြေနဲ့ လုပ်ရမှာမဟုတ်ပါဘူး။ Soil Investigation Report ကနေရလာတဲ့ မြေရဲ့ခံနိုင်ရည် (bearing capacity, skin friction) စတဲ့ ကိန်းဂဏန်းတွေအပေါ်မှာ အတိအကျတွက်ချက်ပြီး၊ ဝန်အားနဲ့သင့်တော်တဲ့ အရွယ်အစားကိုသာ ဒီဇိုင်းထုတ်ရမှာဖြစ်ပါတယ်။ ဒါကို Optimized Design လို့ခေါ်ပြီး ဘေးကင်းမှုရော၊ စီးပွားရေးအရပါ တွက်ခြေအကိုက်ဆုံးဖြစ်မှာဖြစ်ပါတယ်။

၃။ ကြည့်ရတာ မြေသားက ကောင်းပါတယ်။ စမ်းစရာမလိုပါဘူး။
လူတစ်ယောက်ရဲ့ အပေါ်ယံအသွင်အပြင်ကိုကြည့်ပြီး အတွင်းစိတ်ကို မခန့်မှန်းနိုင်သလိုပါပဲ။ မြေမျက်နှာပြင်က ကြည့်လို့ကောင်းနေရုံနဲ့ မြေအောက်အလွှာတွေ ကောင်းတယ်လို့ ဘယ်တော့မှ မယူဆသင့်ပါဘူး။ အပေါ်ယံမှာ မြေမာလွှာတစ်ပေ၊ နှစ်ပေလောက်ရှိပြီး၊ သူ့အောက်မှာ မထင်မှတ်ထားတဲ့ မြေပွ၊ မြေပျော့ ဒါမှမဟုတ် အမှိုက်ဖို့ထားတဲ့အလွှာ (fill layer) တွေ ရှိနေတတ်ပါတယ်။

ပညာရှင်တစ်ယောက်ရဲ့ မျက်စိဟာ မြေအောက်ကို ထွင်းဖောက်မြင်နိုင်ရပါမယ်။ အဲ့ဒီလိုမြင်နိုင်ဖို့ ကူညီပေးတဲ့ကိရိယာကတော့ တူးစက် (Drilling Rig) နဲ့ SPT လို စတဲ့စမ်းသပ်မှုတွေပါပဲ။ မြင်တွေ့နေရတာကို မယုံကြည်ပါနဲ့၊ စမ်းသပ်မှုကရလာတဲ့ အချက်အလက် (data) ကိုသာ ယုံကြည်ဖို့လိုပါတယ်။

၄။ မြေစမ်းတာက ပိုက်ဆံဖြုန်းတာပဲ။
ဒါဟာ လုံးဝပြောင်းပြန်အမြင်ပါ။ မြေဆီလွှာစမ်းသပ်ခြင်းဟာ စီမံကိန်းတစ်ခုလုံးရဲ့ တန်ဖိုး (total project cost) နဲ့ယှဉ်ရင် အလွန်သေးငယ်တဲ့ ရာခိုင်နှုန်း (ဥပမာ ၀.၅% ကနေ ၁%) သာရှိပါတယ်။ ဒါပေမယ့် ဒီသေးငယ်တဲ့ ရင်းနှီးမြှုပ်နှံမှုကနေရလာတဲ့ အချက်အလက်တွေက သင့်ရဲ့ သိန်းပေါင်းထောင်ချီတန်တဲ့ အဆောက်အအုံတစ်ခုလုံးရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံပေးမှာဖြစ်ပါတယ်။

Geotechnical Investigation ဟာ "ကုန်ကျစရိတ် (Cost)" မဟုတ်ပါဘူး။ အကောင်းဆုံး "ရင်းနှီးမြှုပ်နှံမှု (Investment)" တစ်ခုသာဖြစ်ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုကို မလုပ်ခဲ့လို့ အဆောက်အအုံတစ်ခုခုဖြစ်ခဲ့ရင် ပေးဆပ်ရမယ့်တန်ဖိုးက အဆပေါင်း ရာထောင်မက ကြီးမားတယ်ဆိုတာ အမြဲနှလုံးသွင်းထားဖို့လိုပါတယ်။

၅။ ကန်ထရိုက်တာက အတွေ့အကြုံရှိတယ်၊ သူသိတယ်။
အတွေ့အကြုံရှိတဲ့ ကန်ထရိုက်တာတွေဟာ အင်မတန်တန်ဖိုးရှိပါတယ်။ ဒါပေမယ့် အင်ဂျင်နီယာရဲ့ အခန်းကဏ္ဍနဲ့ ကန်ထရိုက်တာရဲ့ အခန်းကဏ္ဍဟာ မတူပါဘူး။ အင်ဂျင်နီယာက ဘာကြောင့်၊ ဘယ်လို ဆိုတဲ့ သိပ္ပံနည်းကျ ဒီဇိုင်းကို တာဝန်ယူပြီး၊ ကန်ထရိုက်တာက အဲ့ဒီဒီဇိုင်းကို လက်တွေ့အကောင်အထည်ဖော်ဖို့ တာဝန်ယူရတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားပြီး ပူးပေါင်းလုပ်ဆောင်ရမယ့်အဖွဲ့သားတွေဖြစ်ပါတယ်။

၆။ ဒီမြေအမျိုးအစားဆို Bearing Capacity ဒီလောက်ရှိတယ် လို့ အလွယ်တကူ ကောက်ချက်ချခြင်း။
ဒါဟာ အလွန်အန္တရာယ်များတဲ့ ကောက်ချက်တစ်ခုပါ။ Bearing Capacity (မြေရဲ့ဝန်ခံနိုင်စွမ်း) ဟာ မြေအမျိုးအစား နာမည် (ဥပမာ - ရွှံ့စေး၊ သဲ) တစ်ခုတည်းပေါ်မှာ မူတည်တာမဟုတ်ပါဘူး။ အဲ့ဒီမြေရဲ့ သိပ်သည်းဆ (density)၊ ရေပါဝင်မှု (moisture content)၊ မြေလွှာရဲ့အနက်၊ အပေါ်မှာဖိထားတဲ့ဝန်အား (overburden pressure) စတဲ့ အချက်ပေါင်းများစွာပေါ်မှာ မူတည်ပါတယ်။ လူတစ်ယောက်ကို အရပ်အမောင်းကြည့်ပြီး သူ့ရဲ့ အတွင်းစိတ်ကို အတိအကျမပြောနိုင်သလိုပါပဲ။ ရန်ကုန်မြို့က ရွှံ့စေးမြေတွေဟာ တစ်နေရာနဲ့တစ်နေရာ ခံနိုင်ရည် လုံးဝမတူညီနိုင်ပါဘူး။

Bearing Capacity ကို ဘယ်တော့မှ ခန့်မှန်းခြေ သို့မဟုတ် ဇယားကွက်တစ်ခုခုကနေ အလွယ်တကူ ကောက်ယူသုံးစွဲလို့မရပါဘူး။ Soil Investigation ကနေရလာတဲ့ SPT-N value လို၊ Lab Test ကနေရလာတဲ့ cohesion (c) နဲ့ friction angle (φ) လို အချက်အလက်တွေပေါ်မှာ Terzaghi သို့မဟုတ် Meyerhof တို့လို ပညာရှင်တွေရဲ့ formula တွေနဲ့ စနစ်တကျ တွက်ချက်ရယူရပါမယ်။ Data-driven decision သာလျှင် စိတ်ချရတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

၇။ မစမ်းတော့ဘူး၊ အညံ့ဆုံး Site Class D (သို့မဟုတ် E) ပဲ ထားလိုက်မယ်။
ငလျင်ဒီဇိုင်းအတွက် Site Class (မြေအမျိုးအစားအလိုက် ငလျင်လှိုင်းအပေါ် သက်ရောက်မှု) ကို မစမ်းသပ်ဘဲ အညံ့ဆုံးတန်း (D သို့မဟုတ် E) ကို ရွေးလိုက်တာဟာ ပိုပြီး ဘေးကင်းတယ် လို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ အလွန်အမင်း စီးပွားရေးအရ မတွက်ခြေကိုက်တဲ့ ဒီဇိုင်းတစ်ခုကို ဖြစ်ပေါ်စေပါတယ်။ သင့်ရဲ့မြေဟာ တကယ်တမ်းမှာ ပိုမာကျောတဲ့ Site Class C ဖြစ်နေခဲ့မယ်ဆိုပါစို့။ Site Class D အတွက် ဒီဇိုင်းထုတ်ထားတဲ့ အဆောက်အအုံဟာ မလိုအပ်ဘဲ အလွန်အကျွံ သံချောင်းတွေ၊ ကွန်ကရစ်တွေ ပိုသုံးစွဲရပြီး ကုန်ကျစရိတ် အများကြီး တက်သွားစေမှာပါ။

Geotechnical Engineering ရဲ့ ပန်းတိုင်ဟာ ဘေးကင်းမှု တစ်ခုတည်းမဟုတ်ဘဲ၊ စီးပွားရေးအရ တွက်ခြေကိုက်သော ဘေးကင်းမှု (Economical Safety) ဖြစ်ပါတယ်။ မှန်ကန်တဲ့ Site Class ကို သိရှိအောင်စမ်းသပ်ခြင်းဟာ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေကို ချွေတာရာရောက်ပြီး၊ တစ်ချိန်တည်းမှာပဲ အဆောက်အအုံအတွက် လိုအပ်တဲ့ ဘေးကင်းမှုအဆင့်ကို အတိအကျရရှိစေပါတယ်။ မျက်စိမှိတ်ပြီး အလွန်အကျွံကာကွယ်တာထက်၊ မျက်စိဖွင့်ပြီး တိတိကျကျကာကွယ်တာက ပညာရှင်ရဲ့တာဝန် ဖြစ်ပါတယ်။

Foundation ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အတွေ့အကြုံတစ်ခုတည်းပေါ်မှာ အခြေမခံကြပါနဲ့။ အင်ဂျင်နီယာရဲ့ ဒီဇိုင်းတွက်ချက်မှု၊ soil report ရဲ့ အကြံပြုချက်တွေအတိုင်း တိတိကျကျ အကောင်အထည်ဖော်ဖို့လဲလိုအပ်ပါတယ်။
ဒီအတွေးအခေါ်အလွဲလေးတွေကို ပြုပြင်ပြောင်းလဲလိုက်ခြင်းဖြင့် အားလုံးဟာ ပိုမိုကောင်းမွန်တဲ့၊ ပိုမိုဘေးကင်းတဲ့၊ နိုင်ငံတကာအဆင့်မီတဲ့ အဆောက်အအုံတွေကို မြန်မာနိုင်ငံအတွက် တည်ဆောက်ပေးနိုင်မှာ အသေအချာပါပဲ။

Crd : geotechnicalengineering

> သစ်တန်တွက်နည်း> အမြန်ဆုံး သစ် စျေးနှုန်းတွက်နည်း>✍=============================သစ်တန်တွက်နည်း========( သစ် ၁ တန် = ၁''...
21/08/2025

> သစ်တန်တွက်နည်း> အမြန်ဆုံး သစ် စျေးနှုန်းတွက်နည်း>✍
=============================
သစ်တန်တွက်နည်း
========

( သစ် ၁ တန် = ၁'' × ၁'' ပတ်လည် ၇၂၀၀'ပေ)

သိလိုသော သစ်အရွယ်အစား ဒု နှင့် ဗြက် ကိုမြှောက်၍ ရသော ရလဒ်နှင့် ၇၂၀၀ ကို စားရသော အဖြေသည် သစ် ၁ တန်၏ဖြေဖြစ်သည်။🔻🔻

တွက်နည်း
====

၄''×၂'' = သစ်တစ်တန် ရှိပေရှည် ကိုသိလိုလျှင်
၄''×၂'' = ၈
၇၂၀၀ = ၉ ၀၀'ပေ
(၄''×၂'') သစ် ၁တန်၌ရှိသော ပေရှည် =၉၀၀ပေ

သစ်တန်တွက်နည်း
========

ဗျက် ၄''×၂'' ပေရှည် ၂၀ ပေ ၊ ချောင်းရေ ၃၀ ဆိုပါစို့
ဗျက်ရယ် ၊ ဒုရယ် ၊ ပေရှည် ရယ် ၊ ချောင်းရေရယ်မြှောက် ၁၄၄ နဲ့စားရပါမည်။ ရတဲ့အဖြေဟာ ကုဗပေ ပဲရှိသေး၍ သစ် ၁ တန်လျှင် ၅၀ ကုဗပေ ရှိ၍ ၅၀ ဖြင့်စားလျှင် တန်ရလာပါမည်။🔻🔻

ဗျက် × ဒု × ပေရှည် × အချောင်းရေ
၄''×၂''×၂၀'×၃၀÷၁၄၄= ၃၃.၃၃ ကုဗေပ

၃၃.၃၃ ကုဗပ = ၀.၆၆၆ တန်
၅၀ ကုဗပေ. ဆိုပါစို့ =၀.၆၇တန်

အမြန်ဆုံး သစ်စျေးနှုန်းတွက်နည်း
==============
ဥပမာ... သစ် ၁ တန် ၆၅၀,၀၀၀ စျေးဖြင့်
၄''×၂'' လေးနှစ် ၁၈ ပေ တစ်ချောင်းကိုတွက်ကြည့်မယ်
စျေးနှုန်း ကိုတည် ဒသမ သုညသုည နှစ်ငါးဖြစ်
မြှောက်(၆၅၀,၀၀၀×.၀၀၂၅)
ရလဒ်ကိုသစ်ချောင်း၏ ဒု×ဗျက် (၄''×၂'') ရလဒ်ဖြင့်ပြန် မြှောက်လိုက်ပါ။🔻🔻

ဒါဆို ၄''×၂'' လေးနှစ် ၁၈ပေ တစ်ချောင်း၏ တန်ဘိုးရမည်။

၆၅၀,၀၀၀×.၀၀၂၅=၁၆၂၅

၄ × ၂ = × ၈
------------------
၁၃,၀၀၀

လေးနှစ် ၁ ချောင်း တန်ဘိုး = ၁၃,၀၀၀ ks
ဖြစ်သည်။
မည်သည့် ဒု ဗျက် မည်သည့် စျေးနှုန်း မဆိုတွက်ကြည့်နိုင်ပါသည်။

မြန်မာ့ဖြတ်လမ်းတွက်နည်း
============

သစ်တတန်လက္မ၄၀၀အလွယ်ကူဆုံးမှတ်ထားပေးပါ။
ဒါက၁၈ပေပုံမှန်သစ်တစနဲ့ပြောတာပါအဲတော့၅"×၂"=10"လက္မရတတယ်။တချောင်းကို5"×2"=အချောင်းဘယ်လောက်ရလဲသိချင်ယင်၄၀၀ကို၁၀နဲ့စား၁၈ပေအချောင်း၄၀ရတယ်၊ထို့အတူပါကျန်တဲ့4"×2"=တို့3"×2"တို့လဲ ဒုနဲ့ဗျက်ကိုမြှောက်ပြီး400ကိုပုံသေထားပြီးစားလိုက်တတန်မှာအချောင်ရေဘယ်လောက်ဆိုတာထွက်လာမယ်။ဘာလို့400ကိုပုံသေထားပြီးစာရသလဲဆိုယင် သစ်တတန်ရဲ့ပေအရှည်ဟာ7200ပေရှိလို့ပုံမှန်ကသစ်တချောင်ကို18ပေပဲထားတွက်ကြလို့ပါ
7200÷18=400ရတယ်19ပေ20ပေလဲတွက်လို့ရပါတယ်
ဒီနည်းနဲ့ဒါအလွယ်ကူးဆုံးမြန့်မာ့တွက်နည်းပဲ၊
မိန်းမတွက်လို့လဲခေါ်တယ်🔻🔻

ဈေးသိချင် တတန်ကိုဥမပာ5"×2"=တတန်ကို1500000ဆိုပါတော့4နဲ့စားလိုက်ရလာတာကအဲဒါလက္မ100ရဲ့တန်ဘိုးပဲ
အဲတော့10လက္မတန်ဘိုးရသွားပြီ။150000÷4=375000အဲဒါလက္မ100ရဲ့တန်ဘိုး၊တခါတလက္မသိချင်ယင်375000÷100=3750ရမယ်1လက္မကိုအဲဒီနည်းနဲ့တွက်ယင်သိပ်လွယ်ပါတယ်။ချတွက်စရာတောင်မလိုဘူးစိတ်နဲ့တွက်လို့ရတယ်🔻🔻

Crd_to_Owner



 #ဘိလပ်မြေတွက်နည်း နှင့် အုတ်စီခြင်း ခန့်မှန်းကုန်ကျမည့်စာရင်းဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့ အကြမ်းတွက...
21/08/2025

#ဘိလပ်မြေတွက်နည်း နှင့် အုတ်စီခြင်း ခန့်မှန်းကုန်ကျမည့်စာရင်း
ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့ အကြမ်းတွက်လို့ရအောင်ပါ။

မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ ပြောကြပါတယ်။ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။၅၀ ဆို ကျင်းဝက် ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။

ကုဗကျင်းကို ၉ လက်မနဲ့အထက် အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်းတို့ မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။ရှိသမျှ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။မြေ
ကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။

1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း

1:2:4 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း

1: 1-1/2 အချိုး ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် သဲကျင်းဝက် ကျောက်၁ ကျင်းအုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း ကုဗတစ်ကျင်းဆို ၁၃၅၀ လုံးဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။

အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး။သဲ ၂၈ ကျင်းတစ်မတ် သာသာလောက်။စကွဲယားကျင်း အလျားနဲ့ အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။၄လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်းတို့ အမိူးမိုးခြင်းတို့ ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။

နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ အုတ် ၅၅၀ လုံး1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်းသံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀ ၁၂ မီတာရှိရပါတယ်။သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။


#တစ်တန်မှာရှိရမယ့် သံချောင်းအရေအတွက်
- 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း

- ၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း

- ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း

- ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း

- ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်းရှိပါတယ်။

ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိသုံးတတ်ပါတယ်။ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။

အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။ဆက်သွယ်ချက်က၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။

1 M မီတာ= 3.281 ပေ

1 လက်မ= 25.4 mm မီလီမီတာ1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား

ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuftရေကန်တစ်ခု ရေဂါလံ ဘယ်လောက်ရှိလဲတွက်ချင်ရင်၁ကုဗပေမှာ ၆.၂၄ ဂါလံရှိပါတယ်။

အလျား အနံ အမြင့် တစ်ပေစီရှိတဲ့ ပုံးတစ်လုံးဟာ ရေ ၆.၂၄ ဂါလံဆန့်ပါတယ်။

ဒါကြောင့် ၆ပေအလျား ၄ ပေအနံ ၃ ပေ အမြင့်ရှိတဲ့ရေကန်ဟာ6 X 4 X 3 X 6.24=449.28ရေ ၄၅၀ ဂါလံဆန့်ပါတယ်။ရေတစ်ဂါလံ ၁၀ ပေါင်လေးလို့ ၄၅၀၀ ပေါင်လေးပါတယ်။၂၂၄၀ ပေါင် ၁ တန်လေးလို့ ၂ တန်လောက် အလေးချိန်ရှိပါမယ်။

ရေကန်ကို အပေါ်မှာ ထားရင် dead load ဝန်သေ ၂ တန်ကို ခံနိုင်အောင် သံချောင်း ကော်လံတိုင် ဆိုဒ် ကို သုံးရပါမယ်။တွက်တတ်လားမေးရင်တော့မသိပါဘူး။1 ဂါလံမှာ ၄.၅၄၆ လီတာရှိပါတယ်။ အခုနောက်ပိုင်း စတီးရေတိုင်ကီတွေက လီတာနဲ့ ပြထားတတ်လို့ ပြန်တွက်ကြည့်လို့ရပါလိမ့်မယ်။

သစ်တစ်တန်ဟာ၁လက်မပတ်လည် မှာ( 1 X 1) မှာ ၇၂၀၀ ပေ အရှည်ရှိရပါမယ်။၂X၁ နှစ်တစ် တစ်တန်ဟာ ( 7200÷2= 3600 ပေအရှည်)3 X 2 တစ်တန် ( 7200÷6=1200 ပေအရှည်)စသဖြင့် တွက်ယူကြည့်ပါ။

#အုတ်စီခြင်း ခန်.မှန်းကုန်ကျမည့်စာရင်း
လေးလက်မခွဲ ဆယ်ပေပတ်လည် အုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေ
- အုတ် ၄၀၀ လုံး
- ဘိလပ်မြေ ၃ အိတ်
- မြစ်သဲ ၁၀ ကုဗပေ
(အုတ်အရွယ်အစားအလိုက် အနဲငယ်ကွာနိူင်ပါသည်)

၉ လက်မအုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေ နှုန်း
- အုတ် ၇၅၀ လုံး
- ဘိလပ်မြေ ၅.၅ အိတ်
- မြစ်သဲ ၁၀ ကုဗပေ
(အုတ်အရွယ်အစားအလိုက် အနဲငယ်ကွာနိူင်ပါသည်)

#၁:၂:၄ ကွန်ကရစ် တစ်ကျင်နှုန်း
- ဘိလပ်မြေ ၁၉ အိတ်
- မြစ်သဲ ၄၉ ကုဗပေ
- မြစ်ကျောက်စရစ် ၉၂ ကုဗပေ

#၁:၃:၆ ကွန်ကရစ် တစ်ကျင်နှုန်း
- ဘိလပ်မြေ ၁၃ အိတ်
- မြစ်သဲ ၄၆ ကုဗပေ
- မြစ်သဲကျောက်စရစ် ၉၆ ကုဗပေ


မှတ်ချက်။ ။ ၁ ကုဗပေ = အလျား ၁ ပေ x အနံ ၁ ပေ x အမြင့် ၁ ပေ ။

သဲတစ်ကျင်း = အလျား ၁၀ ပေ x အနံ ၁၀ ပေ x အမြင့် ၁ ပေ (၁၀၀ ကုဗပေ)

Crd_to_Owner



(Lintel)ဆိုတာ ဘာလဲ?အဆောက်အဦး​တွေမှာ​ မပါမဖြစ်ထည့်သွင်းတည်ဆောက်ရမဲ့ ကြားဖြတ်ဘင့်။ (Lintel)​ဆိုတာ တံခါး၊ ပြတင်းပေါက် သို့မ...
07/06/2025

(Lintel)ဆိုတာ ဘာလဲ?
အဆောက်အဦး​တွေမှာ​ မပါမဖြစ်ထည့်သွင်းတည်ဆောက်ရမဲ့ ကြားဖြတ်ဘင့်။

(Lintel)​ဆိုတာ တံခါး၊ ပြတင်းပေါက် သို့မဟုတ် မီးလင်းဖိုကဲ့သို့ အဖွင့်အပေါ်တွင် ထားရှိထားသော မိုးကုတ်စက်ဝိုင်း တည်ဆောက်ပုံ ပစ္စည်း​ဖြစ်သည်။
အဓိက ရည်ရွယ်ချက်ကတော့ အပေါ်က structure က load ကို ထမ်းပြီး အဖွင့်ရဲ့ တစ်ဖက်တစ်ခြမ်းက နံရံတွေ သို့ တိုင်တွေဆီ ဘေးကင်းစွာ လွှဲပြောင်းပေးနိုင်ဖို့ပါ။

(Lintel)​တွေအတွက်အသုံးပြုသော ပစ္စည်း​များ
• Reinforced Concrete (ယနေ့ခေတ်တွင် လူအများဆုံး)
• စတီး (ပိုမိုခိုင်မာ၊ ကြာရှည်ခံစေရန်)
• သစ်သား (မိရိုးဖလာ သို့မဟုတ် အဆောက်အဦငယ်များတွင်)
• အုတ် သို့မဟုတ် ကျောက် (အဟောင်း သို့မဟုတ် အလှဆင်ထားသော အဆောက်အဦများတွင် တွေ့ရ)

(Lintel)​ကိုသင်မြင်တွေ့ရမည့်နေရာ
• Over တံခါးများ
• ပြတင်း​ပေါက်​အပေါ်အောက်များ
• ကြီးမားသော နံရံအဖွင့်များ (ကားဂိုဒေါင်တံခါးများကဲ့သို့)

(Lintels)​တွေက ဘာကြောင့်အရေးကြီးတာလဲ:
• Load ဖြန့်ဝေခြင်း: သူတို့အလေးချိန်ကို ပတ်ဝန်းကျင်ဖွဲ့စည်းပုံအထိ ညီမျှစွာ ဖြန့်ဝေသည်။
• ဘေးကင်းလုံခြုံမှု: အဆောက်အဦတစ်ခု၏ ခိုင်မာမှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကူညီပါ။
• အလှဆင်ခြင်း: တစ်ခါတစ်ရံတွင် အဆောက်အဦအသွင်အပြင်ကို တိုးတက်စေရန်အတွက် အလှဆင်ဒီဇိုင်းပြုလုပ်ထားသည်။

ရိုးရှင်းသော ဥပမာ:
တံခါးတစ်ခုအတွက် အုတ်နံရံက အပေါက်တစ်ခုကို စဥ်းစား​ကြည့်ပါ။ တံခါးရဲ့ အပေါ်မှာ (Lintel)​ မရှိရင် အပေါ်ကအုတ်ခဲတွေ ပြိုကျသွားနိုင်တယ်။
ဒါပေမယ့် မင်းဟာ အပေါ်ပိုင်းကို ဖြတ်ပြီး ခိုင်မာတဲ့ (Lintel)​ကို တပ်လိုက်ရင် အဲဒါက အရာအားလုံးကို လုံခြုံစွာ သိမ်းထားနိုင်ပါတယ်။

Crd_to_Owner



👉 𝐒𝐭𝐞𝐞𝐥 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 (1 𝑺𝒕𝒐𝒓𝒆𝒚𝒆𝒅)👉 𝟑𝟎'𝐱𝟑𝟓'💵💵 𝟖𝟓𝟎 သိန်း ✅ Bedroom (3 nos) 🛏✅ မီးဖိုဆောင်၊ ဧည့်ခန်း 🍽✅ မိလ္လာကန် ⬛✅ အိမ်သာ၊ ရ...
07/06/2025

👉 𝐒𝐭𝐞𝐞𝐥 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 (1 𝑺𝒕𝒐𝒓𝒆𝒚𝒆𝒅)
👉 𝟑𝟎'𝐱𝟑𝟓'
💵💵 𝟖𝟓𝟎 သိန်း

✅ Bedroom (3 nos) 🛏
✅ မီးဖိုဆောင်၊ ဧည့်ခန်း 🍽
✅ မိလ္လာကန် ⬛
✅ အိမ်သာ၊ ရေချိုးခန်းတံခါး (UPVC) 🚪
✅ ရေ 🚿 🚰
✅ မီး (Lighting 15ခု၊ Socket 15ခု)💡🔌
✅ ဆေး (ပတ်တီး2ကုတ်၊ ဆီလာ1ကုတ်၊ ဆေး2ကုတ်) 🌈
✅ မျက်နှာကျက် (ဒီဇိုင်းအပါ) ⬜️
✅ ကြွေပြား (2'x2'), (12"x12"), (8"x12") ◻️
✅ ကျွန်းတံခါး (4'x7'), (3'x7') 🚪
✅ ပြတင်းပေါက် (UPVC Slide) 🪟
✅ ဘိုထိုင်အိမ်သာ 🚽
✅ ဖိုင်ဘာရေတိုင်ကီ (𝟐𝟎𝟎𝟎 𝐋𝐢𝐭𝐞𝐫𝐬)🛢

📣 ရုံးလိပ်စာ 👇
🏫 အထက်ပုဇွန်တောင်လမ်းမကြီး၊ ကျီတော်ရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

📞 ဆက်သွယ်ရန်ဖုန်း
☎ 0️⃣9️⃣4️⃣2️⃣1️⃣0️⃣8️⃣2️⃣8️⃣4️⃣5️⃣
✍🤙 (Viber, WhatsApp, Telegram, WeChat & Line)
📧 [email protected]

🕗 ရုံးချိန် (08:00AM to 05:00PM)

ကျွန်ုပ်တို့ Htake Tan Construction & Decoration Co., Ltd မှ လူကြီးမင်းတို့အတွက် သိရှိလိုသောအကြောင်းအရာများကို Page Messenger မှဖြစ်စေ၊ ရုံးဖုန်းဆက်၍ဖြစ်စေ 🔜 အချိန်နှင့်တပြေးညီ ပြန်လည်အကြောင်းပြန် ဖြေကြားပေးပါမည်။



Address

အထက်ပုဇွန်တောင်လမ်းမကြီး၊ ကျီတော်ရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်
Pazundaung

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959766014740

Website

Alerts

Be the first to know and let us send you an email when Htake Tan Construction & Decoration Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htake Tan Construction & Decoration Co.,Ltd:

Share