Shwe Pyi Thit

Shwe Pyi Thit Construction Chemical

ဆောက်လုပ်ရေးလုပ်ငန်းများအ?

ယနေ့သည် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ သီတင်းကျွတ်လတွင် သင်္ကဿမှ မင်းနှင့်တကွသော ပြည်သူတို့သည်...
29/10/2023

ယနေ့သည် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ သီတင်းကျွတ်လတွင် သင်္ကဿမှ မင်းနှင့်တကွသော ပြည်သူတို့သည် မြတ်စွာဘုရားရှင်အား ဆီမီးတန်ဆောင် ထွန်းညှိပူဇော်ခြင်းဟူသော အစဉ်အလာအတိုင်း သီတင်းကျွတ်လတွင် မီးထွန်းပွဲပြုလုပ်ကြသည်။ တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားတော်မူခဲ့သည်ကိုအကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့မြတ်ဟု သတ်မှတ်ပူဇော်ကြသည်။
မြတ်စွာဘုရားသည် မကုလတောင်၌ ဆဋ္ဌမဝါဆိုတော်မူပြီးနောက် သတ္တမဝါကို တာဝတိံသာနတ်ပြည်သို့ကြွတော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကိုအမှူးပြု၍ လောကဓာတ်တစ်သောင်းမှ စုဝေးရောက်လာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူသည်။ တရားဟောကြားပြီး ဝါကျွတ်သောအခါ သိကြားမင်းဖန်ဆင်းသည့် စောင်းတန်းသုံးသွယ်ဖြင့် လူ့ပြည်သင်္ကဿနဂိုရ်ပြည်သို့ နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူသည်။
ထိုအခါ မင်းနှင့်တကွသော ပြည်သူတို့သည် ဆီမီးတန်ဆောင်ထွန်းကာ မြတ်စွာဘုရားကို ကြိုဆိုကြသည်။ ဤအခါမှစ၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူတို့သည် သီတင်းကျွတ်လသို့ရောက်သည့်အခါ ဆီမီးတန်ဆောင် ညှိထောင်ထွန်းလင်း ပူဇော်ကြခြင်းဖြစ်သည်။ သီတင်းကျွတ်သည့်အခါ အများပြည်သူတို့အနေဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးပူဇော်ထွန်းညှိခြင်းကိုသာ အလေးအနက်ပြုကြလေ့ရှိသော်လည်း အနှစ်သာရမှာ အမိကျေးဇူးဆပ်ခြင်းကိုရည်ညွှန်း၍ အဘိဓမ္မာတရားကို ဟောကြားတော်မူခြင်းဖြစ်ပေသည်။
သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့ကျေးဇူးတော်ရှင်မြတ်ဗုဒ္ဓကိုရည်မှန်း၍ ဆီမီးပူဇော်သည့် ယဉ်ကျေးမှုအစဉ်အလာမှာ ယနေ့ထက်တိုင် ထွန်းကားနေခြင်းမှာလည်း ဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပနေခြင်းသာဖြစ်ပေသည်။ ရှမ်းတိုင်းရင်းသားတို့သည် မီးအလှဆင်ထားသည့် တိုးနရားအကဖြင့် ပူဇော်လေ့ရှိကြပါသည်။ အဆိုပါရှမ်းတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအစဉ်အလာသည် မြတ်ဗုဒ္ဓကိုကြည်ညိုသည့်စိတ်၊ သဒ္ဓါစိတ်မှ ပေါက်ဖွားလာခြင်း ဖြစ်ပေသည်။
မည်သည့်တိုင်းရင်းသားလူမျိုးမဆို မိမိတို့၏ယဉ်ကျေးမှုအစဉ်အလာ တစ်မျိုးမျိုးဖြင့် ပူဇော်ခြင်းသည် ကောင်းသောကုသိုလ်၊ မြတ်သောအမှုသာဖြစ်သည်။ အစဉ်အလာကောင်းသည့် ဘာသာရေးအခြေခံ အဘိဓမ္မာအခါတော်နေ့၊ ဆီမီးထွန်းပွဲတော်၊ ပဝါရဏာနေ့နှင့် မြင်းမိုရ်မီးပူဇော်ပွဲစသည်ဖြင့် တစ်မျိုးမဟုတ်တစ်မျိုးကိုပြုလုပ်၍ ကောင်းမှုပြုကြသည်။ အဓိကမှာ အဘိဓမ္မာတရားတော်ကို နာကြားပူဇော်ခြင်း၊ သီတင်းကွတ်လပြည့်နေ့တွင် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော်မူခြင်းသည် အနှစ်သာရဖြစ်သည်။ ဤတွင် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှလူ့ပြည်သို့ ပြန်ကြွတော်မူသောအခါ မြတ်ဗုဒ္ဓက လောကဝိဝရဏ တန်ခိုးတော်ဖြင့် ငရဲ၊ တိရစ္ဆာန်၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအချင်းချင်း အဆီးအတားမရှိ မြင်တွေ့ဖူးမြော်ခွင့်ရသည့် ထူးကဲခြင်းဖြစ်ပါသည်။
လောကလူသားကောင်းကျိုးအတွက် မြတ်စွာဘုရားရှင်သည် ဝေနေယျသတ္တဝါ အပေါင်းတို့အားလုံးမကျန် ဖူးမြော်ခွင့်ကိုရရှိခဲ့ရာ မြတ်စွာဘုရားရှင်၏ ကျေးဇူးတော်မှာ ကြီးမားလှပါပေသည်။ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကို အောက်မေ့ဆင်ခြင်၍၊ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော အဘိဓမ္မာတရားတော်ကို နာယူအာရုံပြု၍ ကုသိုလ်ထူးကို ရယူနိုင်ကြမည်ဖြစ်ပေသည်။ သီတင်းကျွတ်လပြည့်နေ့သည် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာတည်းဟူသော ရတနာသုံးပါးစလုံး ရည်စူးပူဇော်နိုင်သော နေ့မြတ်ဖြစ်၍ ထူးကဲလှပေသည်။ မြတ်စွာဘုရား တန်ခိုးတော်၊ အဘိဓမ္မာတရားတော်နှင့် ရဟန်းတို့၏ ကြည်ညိုဖွယ် ပဝါရဏာကို မြင်တွေ့နိုင်ပေသည်။
ရဟန်းတို့သည် သီတင်းကျွတ်လပြည့်သောအခါ အညီအညွတ်စည်းဝေးကြ၍ ထေရ်စဉ်အလိုက် “ငါ့အရှင်တို့ သံဃာကိုဖိတ်ကြားပါ၏။ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ အရှင်တို့သည် ကျွန်ုပ်အားအစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုကုန်လော။ မြင်သည်ရှိသော် ကုစားပါအံ့” ဟု ပဝါရဏာပြုခြင်းသည် ကျက်သရေမင်္ဂလာကောင်းခြင်းအဖြာဖြာနှင့်ပြည့်စုံပေသည်။ ဤသို့ မွန်မြတ်သောအမှုကို ရဟန်းတို့ပြုသကဲ့သို့ လူတို့အနေဖြင့် ဤသို့ပြုနိုင်ကြပါလျှင် မည်မျှအကျိုးထူးမည်ကို မှန်းဆ၍ပင်ရနိုင်မည်မထင်ပါ။ မည်မျှငြိမ်းချမ်းသာယာဝပြောမည်ကို ပြောနိုင်၍ပင် ရမည်မထင်ပါ။ သို့သော် လူတို့အနေဖြင့် ရဟန်းတို့ကဲ့သို့ မပြုနိုင်ပါချေ။
သို့ဖြစ်ရာ သီတင်းကျွတ်လပြည့်နေ့သည် မြန်မာတို့၏ ဘာသာယဉ်ကျေးမှု ရှေးရိုးအစဉ်အလာမပျက် စိတ်ကြည်နူးချမ်းမြေ့ဖွယ် မီးထွန်းပူဇော်ပွဲနေ့တစ်နေ့ဟု ဆိုသည်ထက် အမိကျေးဇူးဆပ်သောနေ့၊ အဘိဓမ္မာအခါတော်နေ့၊ မြတ်စွာဘုရားရှင်ကို ရည်မှန်းပူဇော်သောနေ့၊ ပဝါရဏာပြုသောနေ့ဟူ၍ မွန်မြတ်သောသဒ္ဓါဆန္ဒဖြင့် ကုသိုလ်ပြုကြမည်ဆိုလျှင် ထူးကဲသောကောင်းမှုကုသိုလ်များ ရရှိကြလိမ့်မည် ဖြစ်ပါကြောင်း” …
“ရွှေပြည်သစ်” မိသားစုမှ ကောင်းကျိုးဝေမျှ နှိုးဆော်အပ်ပါသည် 🙏🏼🙏🏼🙏🏼

06/07/2023

What is the Monsoon for our people?
Our products and services are ready to serve your precious moments. Don’t hesitate to contact us📲📲📲
“Shwe Pyi Thit “ team is for your solution 🏬👍

17/04/2023
15/12/2022

*ချစ်မိတ်ဆွေတို့အတွက် သတင်းကောင်း*

Mapei Chemical products ဈေးနှုန်းလေးတွေ အနည်းငယ်ပြန်ကျပါမည်။

Sweet December…
Be happy and healthy Everybody…

*ဒီပါဝလီ* ပွဲတော်သည် အောက်တိုဘာလလယ်နှင့် နိုဝင်ဘာလလယ်ကြားတွင် ငါးရက်ကြာမြင့်ပြီး မြန်မာနိုင်ငံအပါအဝင် နီပေါ၊ သီရိလင်္ကာ၊...
24/10/2022

*ဒီပါဝလီ* ပွဲတော်သည် အောက်တိုဘာလလယ်နှင့် နိုဝင်ဘာလလယ်ကြားတွင် ငါးရက်ကြာမြင့်ပြီး မြန်မာနိုင်ငံအပါအဝင် နီပေါ၊ သီရိလင်္ကာ၊ စင်္ကာပူ၊ မလေးရှားနှင့် အိန္ဒိယ သို့မဟုတ် ဟိန္ဒူလူဦးရေ များပြားသည့် အခြားနေရာများတွင် ပျော်ရွှင်စွာဆင်ယင်ကျင်းပကြသည်။ Divali သို့မဟုတ် Deepavali ဟုလည်းခေါ်သည်၊ ၎င်းသည် အရေးအကြီးဆုံးနှင့် လူကြိုက်များသော ဟိန္ဒူပွဲတော်များထဲမှ တစ်ခုဖြစ်သည်။

ပထမနေ့သည် ကြိုတင်ပြင်ဆင်ခြင်း‌ နေ့တစ်နေ့ဖြစ်သည်။ ဒုတိယနေ့တွင် မိသားစုများသည် ဖယောင်းတိုင်များနှင့် ဆီမီးများ (diyas) များဖြင့် အလှဆင်ကြပြီး ကြမ်းပြင် (rangoli) ပေါ်တွင် အနုစိတ်သော ဒီဇိုင်းများ ဖန်တီးကြသည်။ ပွဲတော်၏ အခမ်းနားဆုံးသော အစိတ်အပိုင်း- မီးရှူးမီးပန်းများနှင့် ပွဲနေ့- တတိယညတွင် ကျင်းပသည်။ လေးရက်မြောက်နေ့သည် မိသားစုနှင့် သူငယ်ချင်းများအား လက်ဆောင်ဖလှယ်ရန် လည်ပတ်ရန်ဖြစ်သည်။ နောက်ဆုံးနေ့တွင် ညီအစ်ကိုများ ညီအစ်မများ ဂုဏ်ပြုကြပြီး ထမင်းဝေမျှစားကြသည်။
ကျွန်ုပ်တို့မိတ်ဆွေ သူငယ်ချင်းများလည်း ရိုးရာအစဉ်လာနှင့်အညီပျော်ရွှင်သော ဒီပါဝလီ နေ့ကိုကျန်းမာချမ်းသာစွာကျင်းပနိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါရစေ။

*သီတင်းကျွတ်*ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ် တစ်ခုဖြစ်တဲ့ သီတင်းကျွတ်လပြည့် ဟာ အဘိဓမ္မာ အခါတော်နေ့ ဖြစ်ပ...
10/10/2022

*သီတင်းကျွတ်*
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ် တစ်ခုဖြစ်တဲ့ သီတင်းကျွတ်လပြည့် ဟာ အဘိဓမ္မာ အခါတော်နေ့ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကို ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာ တရားတော် ဟောကြားခြင်း ပြီးမြောက်တဲ့နေ့၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှသင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက် တော်မူတဲ့နေ့၊ ဗြဟ္မာနတ်လူ သုံးဘုံလူတို့ မြတ်စွာဘုရားအား ကြည်ဖြူကော်ရော် ပူဇော်သောနေ့၊ လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝန်းလုံး တိုးလျှိုပေါက် မြင်ကြရသောနေ့ စသော ဂုဏ်ထူးဝိသေသတို့ဖြင့် အထူးတလည် ပြည့်စုံသော နေ့ထူးနေ့မြတ်ကို အဘိဓမ္မာအခါတော်နေ့လို့ ခေါ်ပါတယ်။
မြတ်စွာ ဘုရားရှင် လူ့ပြည်သို့ ဆင်းသက်တော်မူရန် သိကြားမင်းက စောင်းတန်းကြီး သုံးသွယ်ကို ဖန်ဆင်း ပေးခဲ့သည်။ ရွှေစောင်းတန်းတွင် နတ်များကလည်းကောင်း၊ ငွေစောင်း တန်းတွင် ဗြဟ္မာကြီးများက လည်းကောင်း လိုက်ပါ လာကြ၍ ဂေါတမ ဘုရားရှင်က ပတ္တမြား စောင်းတန်းမှ ကြွချီတော်မူသည်။

သိကြားမင်းသည် ဘုရားရှင်ကို ရွှေထီးမိုး၍ လည်းကောင်း၊ ပ ဉ္စသိင်္ခနတ်သားက သုံးဂါဝုတ် မျှကြီးသော ဗေဠုဝနတ်စောင်းကြီးကို တီး၍ လည်းကောင်း၊ မာတလိနတ်သားက ပန်းမန်နံ့သာ အမွှေးအကြိုင်တို့ဖြင့် ဘုရားရှင်ကို ပူဇော်၍လည်းကောင်း၊

သုယာမ နတ်မင်းက စာမရီသားမြီးယပ်တို့ဖြင့် ဘုရားရှင်ကို ယပ်ခပ် ပူဇော်၍လည်းကောင်း၊သန္တုသိတနတ်မင်းက ပတ္တမြားယပ်ဝန်းကို ခပ်၍လည်းကောင်း၊ သိကြားမင်းက ကဝိဇယုတ္တရ ခရုသင်းကို မှုတ်၍ လည်းကောင်း၊ ဂန္ဓဗ္ဗနတ်များက သီဆိုကခုန်လျက် လည်းကောင်း ဆင်းသက် လိုက်ပါ လာကြပုံကို ပုဂံခေတ် မြင်းကပါရပ် ဂူပြောက်ကြီး ဘုရား နံရံဆေး ပန်းချီ ကား၌ ရေးဆွဲထားသည်ကို လေ့လာ တွေ့ရှိနိုင်သည်။

သီတင်းကျွတ် လပြည့်နေ့တွင် သာသနာ့ ဝန်ထမ်း ရဟန်းတော်များက ပဝါရဏာ ပွဲတော် ကျင်းပလေ့ ရှိသည်။ သိက္ခာတော် ဝါတော် အကြီးဆုံးဖြစ်သော မထေရ်ကြီးက လက်ဝဲဘက် ပခုံးပေါ်တွင် ကေသီ သင်္ကန်းကိုတင်လျက် ဆောင့်ကြောင့် ထိုင်ပြီးလျှင် ”ငါ့ရှင်တို့ တပည့် တော်သည် သံဃာကို ပင့်ဖိတ်ပါ၏။

တပည့်တော်၏ အဖြစ်ကိုမြင်လျှင်သော်လည်းကောင်း၊ ကြားလျှင် သော်လည်းကောင်း၊ သံသယရှိလျှင် သော်လည်းကောင်း၊ တပည့်တော် အားသနား သဖြင့် ပြော၍ဆို၍ သတိပေးပါ၊ အပြစ်ကိုရှာ၍ ကုစားပါမည်” ဟု သုံးကြိမ်တိုင်တိုင် သံဃာ များကို ဖိတ်ကြား တိုက်တွန်း၍ ကျန်သံဃာတော်တို့က သာဓုသုံးကြိမ် ခေါ်ကြရသည်။

ထိုပဝါရဏာနည်းတူ လူတို့မှာလည်း
ဝါတွင်းသုံးလကာလပတ်လုံး ဥပုဒ်သီလများ ဆောက်တည်ကြပြီး သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာနတ်ပြည်မှ ကြွလာသော မြတ်စွာဘုရားအား မီးများထွန်းညှိကာ ဖူးမြှော်ကြိုဆိုကြပါတယ်။

အဘိဓမ္မာအခါတော်နေ့ဟာ မြန်မာလူမျိုးတို့ရဲ့ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ပြီး ထိုနေ့တွင် မိဘ၊ ဆရာသမား၊အဘိုးအဘွား နှင့် ခင်ပွန်းကြီး(၁၀)ပါးကို ကန်တော့ကြပါသည်။

မိဘအဘိုးအဘွားများမှလည်း သားသမီးမြေးမြစ်များကို မုန့်ကျွေးခြင်း၊ မုန့်ဖိုးပေးခြင်းတို့ ပြုလုပ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် ဝါတွင်းမုန့်များပြုလုပ်ကာ အိမ်နီးချင်းများအား ဝေခြင်း၊ တစ်ခြံလုံး တစ်အိမ်လုံး မီးထွန်းခြင်း၊ မီးပုံပျံလွှတ်ခြင်း စတဲ့ မြန်မာလူမျိုးတို့ရဲ့ ချစ်စရာကောင်းသော အပြုအမူများကို ဖန်တီးရင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပါသည်။

ထိုကဲ့သို့ မြန်မာလူမျိုးတို့ရဲ့ အမြတ်တနိုးတန်ဖိုးထားသော နေ့ထူးနေ့မြတ် အဘိဓမ္မာအခါတော်နေ့ကို နောင်လာနောက်သားများသိရှိရလေအောင် မိဘဘိုးဘွားများက ယနေ့ထိ လက်ဆင့်ကမ်းဝေမျှခဲ့ကြသည်မို့ သင်တို့အနေနဲ့လည်း နောင်လူငယ်များသိရလေအောင် လက်ဆင့်ကမ်းဝေမျှပေးဖို့ *ရွှေပြည်သစ်* မိသားစုမှတိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

*တော်သလင်း လပြည့်နေ့*🙏တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ ဖြစ်ပေါ်လာရခြင်းမှာလည်း မြတ်စွာဘုရားလက်ထက်တော်ကပင် ဖြစ်သည်။ မြတ်...
09/09/2022

*တော်သလင်း လပြည့်နေ့*🙏

တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ ဖြစ်ပေါ်လာရခြင်းမှာလည်း မြတ်စွာဘုရားလက်ထက်တော်ကပင် ဖြစ်သည်။ မြတ်ဗုဒ္ဓဟောကြားသော တိကနိပါတ်ကုရုဓမ္မဇာတ်တော်၌ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည်နှင့် ကလိင်္ဂတိုင်း ဒန္တုပူရပြည် နှစ်ပြည်ထောင် ရှိကြသည်။ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည်သည် မိုးလေဝသမှန်ပြီး သာယာဝပြော၏။

ကလိင်္ဂတိုင်း ဒန္တုပူရပြည်ကား မိုးလေဝသ မမှန်သဖြင့် ငတ်မွတ်ခေါင်းပါး ဒုဗ္ဘိက္ခန္တရကပ် ကျရောက်နေလျက် ပြည်သူများ သေဆုံးနေကြသည်။ ကုရုတိုင်း ဣန္ဒပတ္တန နဂိုရ်ပြည့်ရှင် ကောရဗျဘုရင်၌ ဆင်ဖြူတော်ရှိနေ၍ မိုးရွာသည်ဟု ကလိင်္ဂတိုင်း ဒန္တုပူရပြည့်ရှင် ကလိင်္ဂမင်းက ကောရဗျဘုရင်မင်းထံ ဆင်ဖြူတော်ကို အလှူခံလေသည်။ ကောရဗျမင်းကလည်း ဆင်ဖြူတော်ကို လှူလိုက်သည်။ ဒန္တုပူရပြည်၌ ဆင်ဖြူတော် ရောက်လာသော်လည်း မိုးမရွာသဖြင့် ကောရဗျမင်းထံ ဆင်ဖြူတော်ကို ပြန်ပို့ကာ မိုးရွာစေသော နည်းများရှိလျှင် ပေးပါဟု ကောရဗျမင်းထံ တောင်းဆိုပြန်သည်။

ကောရဗျဘုရင်က သူနှင့် ကုရုတိုင်းသုပြည်သားများ ကျင့်သုံးသော

သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

သူတစ်ပါးဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊

သူတစ်ပါး သားမယားတို့ကို ကာမဂုဏ် ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊

အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း တို့ဖြစ်သော ဂရုဓမ္မ ငါးပါးသီလကို ရွှေပေလွှာ၌ ရေးပေးလိုက်သည်။

ဒန္တုပူရဘုရင်နှင့် ကလိင်္ဂတိုင်းသူပြည်သားတို့သည် ငါးပါးသီလကို တော်သလင်းလမှာ ရရှိကြကာ ဤလမှစ၍ ဆောက်တည်ကြ၏။ မိုးလေဝသ မှန်ကန်လာပြီး ဆန်ရေစပါး စားနပ်ရိက္ခာ ပေါများကာ သာယာဝပြောလာ၏။ ကုရုတိုင်းသူပြည်သားတို့၏ အမြဲမပြတ် စောင့်ထိန်းကြသည့် ငါးပါးသီလကို အကြောင်းပြု၍ တော်သလင်းလပြည့်နေ့ကို သူတော်ကောင်းများ အလေးဂရုပြုကျင့်သုံး ဆောက်တည်ကြသော ကုရုဓမ္မမှ ဂရုဓမ္မအခါတော်နေ့ဟု ဗုဒ္ဓဘာသာဝင်များ မှတ်ယူကြသည်။

ဂရုဓမ္မဆိုသည်မှာ ငါးပါးသီလကိုပင် ဆိုလိုရင်းဖြစ်သည်။ ၅၅၀-တိကနိပါတ် ဂရုဓမ္မဇာတ်တွင် အမြင့်ဆုံး ရှင်ဘုရင်မှ အနိမ့်ဆုံး ပြည့်တန်ဆာမအထိ ၅-ပါးသီလကို စောင့်ထိန်းသောကြောင့် မိုးလေဝသ မှန်ကန်၍ ကပ်ကြီးသုံးပါးမှ လွတ်ကင်းရကြောင်း ဖော်ပြထားသည်။
ဂရုဓမ္မဇာတ်တော် ပေါ်ပေါက်လာရခြင်းမှာ မိုးတွင်းကာလမှာဖြစ်၍ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ (ငါးပါးသီလ အခါတော်နေ့) အဖြစ် ယခုအခါ ကျင်းပလျက်ရှိကြသည်။
ငါးပါးသီလကို ဂရုဓမ္မဇာတ်အရ သူတော်ကောင်းတို့ အလေးထား၍ ကျင့်သုံးအပ်သော သီလဖြစ်သောကြောင့် ဂရုဓမ္မသီလဟူ၍ လည်း ခေါ်ကြသည်။
လူမှန်လျှင် လိုက်နာကျင့်သုံးရမည့် ဓမ္မတာတရားဖြစ်သောကြောင့် ဓမ္မတာသီလဟူ၍လည်း ခေါ်ကြသည်။
စကြာဝတေးမင်းတို့ ဓမ္မသတ်သဖွယ် ကျင့်သုံးသောကြောင့် စက္ကဝတ္တိဓမ္မသတ်ဟူ၍လည်း ခေါ်ကြသည်။
ကုရုတိုင်းနေ လူတို့ လိုက်နာကျင့်သုံးသော တရားဖြစ်သောကြောင့် ကုရုဓမ္မသီလဟူ၍လည်း ခေါ်ကြသည်။
အရေအတွက် ၅-ပါးရှိသောကြောင့် ပဉ္စသီလဟူ၍လည်း ခေါ်ကြသည်။
လူပုဂ္ဂိုလ်တို့၏ ကိုယ်ကျင့်တရားဖြစ်သောကြောင့် ဂဟဋ္ဌသီလဟူ၍လည်း ခေါ်ကြသည်။
လူတို့အမြဲနိစ္စ စောင့်သုံးအပ်သောကြောင့် နိစ္စသီလဟူ၍လည်း ခေါ်ကြသည်။
မြတ်စွာဘုရား တားမြစ်သည့်အတိုင်း ရှောင်ကြဉ်ရသော အကျင့်ဖြစ်သောကြောင့် ဝါရိတ္တသီလဟူ၍လည်း ခေါ်ကြသည်။
အရိယာပုဂ္ဂိုလ်တို့ နှစ်သက်မြတ်နိုးအပ်သောကြောင့် အရိယကန္တသီလဟူ၍လည်း ခေါ်ကြသည်။
ကျင့်သုံးအပ် ကျင့်သုံးသင့် ကျင့်သုံးထိုက်သောကြောင့် သိက္ခာပဒသီလဟူ၍လည်း ခေါ်ကြသည်။
ဤသို့ အမည်အမျိုးမျိုးဖြင့် ဂုဏ်ပြုခေါ်ဆိုထားသော ဂရုဓမ္မသီလခေါ် ၅-ပါးသီလကား
(၁) သူတပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
(၂) သူတပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း။
(၃) ကာမဂုဏ်တို့၌ မှာယွင်းစွာပြုခြင်းမှ ရှောင်ကြဉ်ခြင်း။
(၄) မဟုတ်မမှန်သော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း။
(၅) မူးယစ်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်းတို့ ဖြစ်သည်။
ငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်တို့၏ နားမျက်စိနှင့် တူ၏။
ငါးပါးသီလပျက်စီးသောသူသည် နား မျက်စိ ချို့ယွင်းသောသူကဲ့သို့ ဆင်းရဲဒုက္ခ ရောက်တတ်၏။
ငါးပါးသီလ ပျက်စီးသူသည် အသက်ရှင်လျက် သေသူမည်၏။
အမှိုက်သဖွယ် စွန့်ပစ်အပ်သူ မည်၏။
အပုပ်နံ့ထွက်သော အကောင်ပုပ်နှင့်တူ၏။
ခြေပြတ် လက်ပြတ် ဦးခေါင်းပြတ်သောသူနှင့် တူ၏။
ဤသို့ ငါးပါးသီလပျက်လျှင် ဆိုးကျိုးများကို ခံစားရရှိသည့်နည်းတူ ငါးပါးသီလကို စောင့်ထိန်းလျှင်လည်း ကောင်းကျိုးချမ်းသာများကို အတိုင်းမသိ ခံစား စံစား ရရှိကြပေသည်။
ငါးပါးသီလ စောင့်ထိန်းခြင်း၏ အကျိုးတရားများကို ဣတိဝုတ် အဋ္ဌကထာနှင့် ခုဒ္ဒကပါဌအဋ္ဌကထာတို့တွင် အကျယ်တဝင့် ဖွင့်ဆိုထားသည်မှာ မှတ်သားဖွယ်ကောင်းလှသည်။ ငါးပါးသီလမြဲသူမှာ စားဝတ်နေရေး မပူပင်ရ၊ သေသူအတွက် သောကမရောက်ရ၊ သေပြီးနောက်လည်း နတ်ပြည်သို့ ရောက်ရ၏။ သက်တမ်းစေ့ နေရ၏ စသော အကျိုးကျေးဇူးများကို ခံစားရ၏။
ထို့ပြင် ငါးပါးသီလကို လူတိုင်းကိယ်စီ မြဲကြပါလျှင် မိုးလေဝသ မှန်ကန်သည်။ သယံဇာတ သဘာဝပစ္စည်းများ ပေါကြွယ်နိုင်သည်။ အမှုအခင်းများကင်း၍ တရားရုံးများ အချုပ်ထောင်များပင် ထားစရာမလိုတော့ပေ။ ယနေ့ ကမ္ဘာသူ ကမ္ဘာသားတို့ တောင့်တနေသော ကမ္ဘာ့ငြိမ်းချမ်းရေးကြီးမှာ နိုင်ငံတိုင်း လူသားတိုင်းသာ ငါးပါးသီလ စောင့်ထိန်းကြလျှင် မုချမသွေ ရရှိနိုင်ပေသည်။

ယခုလို တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်)နေ့တွင် ငါးပါးသီလစောင့်ထိန်းကြပြီးကပ်သုံးပါးဘေးမှလွတ်မြောက်ကြပါစေကြောင်း Shwe Pyi Thit မိသားစုမှ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်ရှင်။

🌧️🌧️မိုးတွင်းရောက်ပြီဆိုတော့ မိမိတို့ရဲ့ နေအိမ်၊ အဆောက်အဦး🏠 အများစုမှာ ရေယိုစိမ့်တဲ့ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။ဒီလိုပြဿ...
10/08/2022

🌧️🌧️မိုးတွင်းရောက်ပြီဆိုတော့ မိမိတို့ရဲ့ နေအိမ်၊ အဆောက်အဦး🏠 အများစုမှာ ရေယိုစိမ့်တဲ့ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။
ဒီလိုပြဿနာတွေရဲ့ အဓိကအကြောင်းအရင်းကတော့ အက်ကြောင်းတွေ ကြောင့်များပါတယ်။

🔶ဒီလိုကြုံတွေ့နေရပြီဆိုရင်တော့ MAPEIမှ
ကွန်ကရစ်အက်ကြောင်းများနှင့် ကွန်ကရစ်မျက်နှာပြင်အပေါက်များ ပြုပြင်ရန်အတွက် အသုံးပြုနိုင်သော Adesilex PG2 SP (Epoxyကော်) ကိုညွှန်းပေးချင်ပါတယ်။

ကိုအသုံးပြုခြင်းအားဖြင့်
✅ကွန်ကရစ်အက်ကြောင်းများ၊ ကွန်ကရစ်အပေါက်များနှင့်
corner အနားစွန်းများအား ပြုပြင်နိုင်ခြင်း
✅ကွန်ကရစ်၊ အုတ်၊ mortar၊ natural stone အချင်းချင်းတွဲ
ဆက်စေနိုင်ခြင်း
✅အသုံးပြုရလွယ်ကူပြီး အသုံးပြုပြီးပါက အကျုံ့အကြွမရှိခြင်း
✅အောက်ခံမျက်နှာပြင်တွင် စွဲကပ်မှုအားကောင်းမွန်ပြီး မြင့်မားတဲ့ Compressive Strength ကိုလဲရရှိစေပါတယ်။

🔰အသုံးပြုနိုင်သောနေရာများ
- Concrete Beams နဲ့ Pillars တို့တွင် steel,
carboplate တို့ကပ်ရာတွင် အသုံးပြုခြင်း
- ကွန်ကရစ်နှင့် ကြွေပြား၊ စတီး၊ သံ၊ မှန်၊ အလူမီနီယမ်၊ ကျောက်ပြား၊
PVCပိုက်များကပ်ရာတွင် အသုံးပြုခြင်း
- Precast concrete များတွဲဆက်ရာတွင်အသုံးပြုခြင်း
- အဆောက်အဦး၏ Jointနေရာများကို Sealingလုပ်တဲ့အခါ
ရေလုံတိပ်များဖြစ်တဲ့ (Mapeband TPE, Mapeband
Flex Roll) တို့ဖြင့်ကပ်၍ တွဲဆက်အသုံးပြုနိုင်ခြင်း
- အက်ကြောင်းများအား Epoxy ဆေးရည်ဖြစ်သော Epojet LV
ဖြည့်ရန်အတွက် Injectorတပ်ဆင်ရန်နှင့် Epoxyဆေးရည်များ
ပြန်လည်မထွက်စေရန်အတွက် အက်ကြောင်းတစ်လျှောက်
Sealing ပြုလုပ်ရာတွင်အသုံးပြုခြင်း

🔰အသုံးပြုပုံ
အသုံးပြုမည့်အောက်ခံမျက်နှာပြင်တွင်ဖုန်များ၊ အမှုန်အမှိုက်များ
မရှိ‌စေရန် သန့်ရှင်းရေးသေချာစွာပြုလုပ်ရမည်။ မျက်နှာပြင်သည်
ခြောက်သွေ့ကာရေလုံးဝမရှိစေရဘဲ လုံလောက်သောမာကြောမှုလဲ
ရှိရပါမည်။

🔸Component A(သုံးဆ) နှင့် Component B(တစ်ဆ)
အားရောစပ်၍ သမအောင်မွှေရမည်။
🔸Adesilex PG2 SP (5kg) တစ်Setလျှင်
3m²(1mmအထူ)ခန့်အသုံးပြုနိုင်ပါသည်။
🔸တစ်ခုနဲ့တစ်ခုတွဲဆက်စေရန်အတွက် အသုံးပြုပါက
1-2mm အထူခန့်ဖြစ်ပြီး အက်ကြောင်းသည်နံရံတွင်ဖြစ်ပါက
10mm(1cm)အထူထိ ဖြည့်သိပ်နိုင်ပါတယ်။
🔸Setting time မှာ 30°C တွင် 2:30 - 3 hrs ဖြစ်ပါသည်။

Packaging ကတော့ 5kg(တစ်Set) ရရှိနိုင်ပါတယ်ရှင်။

🔰Adesilex PG2 SP အကြောင်းပိုမိုသိရှိလိုပါက (သို့မဟုတ်)
Shwe Pyi Thit မှ Product များအကြောင်း အသေးစိတ်
သိရှိလိုပါက Shwe Pyi Thit ၏ Messengerမှဖြစ်စေ၊
ဖုန်း ☎️ 09-758 663 200၊ 09-444 475 686 တို့ကို အချိန်မေရွးဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

🏡ပြည်ရုံးခွဲ_ဆိုင်လိပ်စာ အမှတ်(1746) တရုတ်စု၊ တိုက်ကြားလမ်း၊ ပြည်မြို့မှာဝယ်ယူရရှိနိုင်ပါပြီရှင်။

- ဝါဆိုလပြည့်နေ့၏ ထူးခြားသောဖြစ်စဉ်တော်များမှာ တုသိတာ နတ်ပြည်၌ သေတကေတုအမည်ရသောနတ်သားနတ်သက်စုတေပြီး ကပိလဝတ်ပြည် သာကီဝင်မင...
12/07/2022

- ဝါဆိုလပြည့်နေ့၏ ထူးခြားသောဖြစ်စဉ်တော်များမှာ တုသိတာ နတ်ပြည်၌ သေတကေတုအမည်ရသောနတ်သားနတ်သက်စုတေပြီး ကပိလဝတ်ပြည် သာကီဝင်မင်းမျိုးတို့၏ဘုရင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားခေါင်ကြီး မယ်တော်မာယာ ဝမ်းကြာတိုက်၌ မဟာသက္ကရာဇ် ၆၇ ခုနှစ် ဝါဆိုလပြည့် ကြာသပတေးနေ့တွင် ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသား အဖြစ် ပဋိသန္ဓေယူသောနေ့ဖြစ်သည်။

- သိဒ္ဓတ္ထမင်းသားသည် ၁၆ နှစ်အရွယ်မှ ၂၉ နှစ်အရွယ်အထိနန်းစည်းစိမ် ၁၃နှစ်ခံစားတော်မူပြီး နိမိတ်ကြီးလေးပါးကိုမြင်တွေ့ရာမှ မဟာသက္ကရာဇ် ၉၇ ခုနှစ် ဝါဆို လပြည့်တနင်္လာနေ့တွင် တောထွက်တော်မူသည်။

- တောထွက်တော်မူပြီး ဒုက္ကရစရိယာ ခြောက်နှစ်တာကျင့်၍ မဟာသက္က ရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် အတုမရှိဘုရားဖြစ်တော် မူရာ မဟာဗောဓိပင်မှ ၁၈ ယူဇနာ (၁၄၄ မိုင်ခန့်)ဝေးကွာသော မိဂဒါဝုန် သို့ ခြေကျင်ကြွတော် မူသည်။ သားသမင်တို့အား ဘေးမဲ့ပေးရာမိဂဒါဝုန် တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား မဟာသက္ကရာဇ် ၁၀၃ ခုနှစ် နေလည်းဝင်စ၊ လလည်းထွက်ချိန် ဝါဆိုလပြည့် စနေနေ့ ညချမ်းအချိန်တွင် မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးတို့ဖြင့် တန်ဆာဆင်အပ်သော ဓမ္မစက္က ပဝတ္တနသုတ္တန် (ဓမ္မစကြာ) တရားဦးကို ဟောတော်မူသည်။

-ထို့ကြောင့်ဝါဆိုလပြည့်နေ့သည်ဘုရားအလောင်းပဋိသန္ဓေတည်သော‌နေ့၊ တောထွက်တော်မူသောနေ့၊ ဓမ္မစကြာတရားဦးဟောတော်မူသောနေ့၊ ဘုရားဖြစ်ပြီဟု ရဲဝံ့စွာ ကြေညာသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်း သောနေ့၊ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့၊ ဧဟိဘိက္ခုဟူသော မြတ်ဗုဒ္ဓ၏ ဗျာဒိတ်တော်ရရဟန်း စတင်ပေါ်ထွန်းသောနေ့ဟူ၍ ထူးကဲသော ဝိသေသများဆောင်ကြဉ်းသဖြင့် ဤဝါဆို လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင် အပေါင်းတို့က ကောင်းမှုအထူးပြု၍ ကောင်းကျိုးများကို ရယူသင့်ကြပေသည်။

-ထို့အပြင် မြတ်စွာဘုရားရှင် ခုနစ်ဝါမြောက် ဝါဆိုတော်မူစဉ် အဘိဓမ္မာတရား ဟောကြားရန်အတွက် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူစဉ် ရေမီးအစုံဖြင့် တန်ခိုးပြာဋိဟာတို့ကို ဝါဆိုလပြည့်နေ့တွင် ပြတော်မူသည်။ ထို့ကြောင့် ပြည်သူ ပြည်သား သူတော်ကောင်းများအနေ ဖြင့် ဝါဆိုလပြည့်နေ့ ဤနေ့သို့ရောက်တိုင်း သဒ္ဓါတရား ပေါက်ရာ နေ့ထူးအခါတော်တို့ကို နှလုံးသွင်း၍ ဗုဒ္ဓမြတ်စွာဘုရားကို အာရုံပြုကာ ကြည်ညိုပူဇော်ခြင်းဖြင့် ကောင်းခြင်းမင်္ဂလာ ဝေဖြာစေမည်ဖြစ်ပါသည်။ ဝါဆိုလပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ထူးခြားသောဖြစ်စဉ်တော်များနှင့် ထေရဝါဒ ဗုဒ္ဓသာသနာဝင်သမိုင်းတွင် အထူးခြားဆုံးလ၊အထူးခြားဆုံး‌နေ့ ဖြစ်၍ ကောင်းမှုကုသိုလ်များကို အလေးအနက်ထားပွားများရမည့် အချိန် အခါ ဖြစ်ပါသည်။

အခုလိုနေ့ထူးနေ့မြတ် ဝါဆိုလပြည့်နေ့အခါသမယတွင် ကောင်းမှုကုသိုလ် များပြုလုပ်ကာ ခုနှစ်ရက်သားသမီးအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့နှင့်ပြည့်စုံ၍ စီးပွားလာဘ်လာဘများလဲ တိုးတက်ပါစေကြောင်း Shwe Pyi Thit မိသားစုမှဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။

 ိုဘယ်အခါမှာအသုံးပြုသင့်ပါသလဲ💬💢ကွန်ကရစ်အဟောင်းနဲ့အသစ်တွဲဆက်တဲ့အခါ Concrete Mix  ထဲမှာပါဝင်တဲ့ cementကလုံလောက်တဲ့ Bonding...
14/06/2022

ိုဘယ်အခါမှာအသုံးပြုသင့်ပါသလဲ💬

💢ကွန်ကရစ်အဟောင်းနဲ့အသစ်တွဲဆက်တဲ့အခါ Concrete Mix ထဲမှာပါဝင်တဲ့ cementကလုံလောက်တဲ့ Bonding Strengthကို မ‌ပေးနိုင်တာကြောင့် တွဲဆက်မှုအားပိုမိုကောင်းမွန်စေရန် Bonding Agent ကိုအသုံးပြုသင့်ပါတယ်။

💠မိတ်ဆွေတို့အတွက်MAPEIအမှတ်တံဆိပ်မှ Bonding Agent
အတွက်ဆိုရင် ရွေးချယ်စရာ(၂)မျိုးရှိပါတယ်။🙆
💠ပထမဆုံးအနေနဲ့ Rubber Latex Based Bonding
Agent အမျိုးအစား Planicrete SPကိုမိတ်ဆက်ပေးပါရစေရှင်။

♦️နံရံများ၌plasterချောခြင်းပြုလုပ်တဲ့အခါအောက်ခံကွန်ကရစ်သား
နှင့် plasterသား ဆွဲကပ်မှုမရှိခြင်း
♦️ကွန်ကရစ်အဟောင်းနဲ့အသစ် တွဲဆက်မှုအားနည်းတဲ့အခါ လေခို၍
ကွာထွက်နိုင်ခြင်း
♦️ကြမ်းခင်းများ Toppingတင်တဲ့အခါ toppingလေခိုခြင်း၊ အက်
ကြောင်းများဖြစ်ပေါ်ခြင်း စတဲ့ပြဿနာတွေရှိလာပြီဆိုရင်တော့
Planicrete SP ကိုသာသတိရလိုက်ပါ💁

ကို
- နေအိမ်၊ အဆောက်အဦးများ၏ အတွင်းအပြင်ကြမ်းခင်းများတွင်
levelling mortar ခင်းခြင်း
- အဆောက်အဦး၏ အတွင်းအပြင်နံရံများတွင် plasterချောခြင်း
- ကွန်ကရစ်အဟောင်းနဲ့အသစ်တွဲဆက်ရာတွင် slurry bond coat
အဖြစ် အသုံးပြုခြင်း
- နံရံplasterချောတဲ့အခါ စွဲကပ်မှုကောင်းမွန်စေဖို့ ဗြုတ်ရိုက်ရာတွင်
အသုံးပြုခြင်း
- ကြွေပြားများကပ်ရာတွင် ဘိလပ်မြေmortarထဲသို့ စွဲကပ်မှုကောင်း
မွန်စေရန် အစရှိတဲ့နေရာများတွင် အသုံးပြုနိုင်ပါတယ်။

Planicrete SP ကိုသုံးရင်ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ🤔
✅Bonding Strength ပိုမိုကောင်းမွန်ခြင်း
✅Plasterသားများနှင့် Screed Topping Layer များတွင်
လေခိုမှုမရှိခြင်း၊ စွဲကပ်မှုအားပိုမိုကောင်းမွန်ခြင်း၊ mortarကျစ်လစ်
သိပ်သည်းစေခြင်း၊ အက်ကြောင်းဖြစ်မှုများ နည်းပါးစေကာ အရည်အ
သွေးပိုမိုကောင်းမွန်စေပါတယ်။

‼️Planicrete SP အသုံးပြုမည့်နေရာတွင် ဖုန်၊ဆီ၊အမှိုက်များ
မရှိစေရပါ။ မျက်နှာပြင်သည်လုံလောက်သောမာကျောမှုရှိရမည်။
Planicrete SP ကိုဘိလပ်မြေမပါဝင်ဘဲ အသုံးပြု၍မရပါ။

💠အသုံးပြုပုံ
Plaster‌ချောခြင်းနှင့်Toppingတင်ခြင်းတွင် Slurry bond
coat အဖြစ်အသုံးပြုပါက 0.3kg/m²
🔹Planicrete SP (၁ဆ) + Cement (၁ဆ)

နံရံများချောရာတွင် စွဲကပ်မှုကောင်းမွန်စေရန် ဗြုတ်ရိုက်ခြင်း
(Spatter-dash coat)အဖြစ်အသုံးပြုပါက 0.3kg/m²
🔹Planicrete SP (၁ဆ) + Cement (၁ဆ) + Sand(၁ဆ)

နံရံplasterချောခြင်းနှင့်ကြမ်းခင်းlevellingများလုပ်ဆောင်ရာတွင်
plasterနှင့်mortarသားများ ကျစ်လစ်သိပ်သည်းမှုရှိစေရန်အတွက် Mortar (1:3 ratio) ရောစပ်၍အသုံးပြုပါက 1kg/m²
🔹Planicrete SP (၁ဆ + Water ၃ဆ) + Cement(2 ဆ)
+ Sand(6 ဆ)

🔷 Packaging – 5kg/pail, 25kg/pail

💠 Planicrete SP (သို့မဟုတ်) Shwe Pyi Thitမှဆေးပစ္စည်း
များအကြောင်း အသေးစိတ်သိရှိလိုပါက Page Messenger
မှဖြစ်စေ၊ ဖုန်း☎️ ၀၉-၇၅၈ ၆၆၃ ၂၀၀၊၀၉-၄၄၄ ၄၇၅ ၆၈၆ တို့မှလဲ
ဆက်သွယ်မှာယူမေးမြန်းနိုင်ပါတယ်ရှင်။

✨ပြည်ရုံးခွဲ_ဆိုင်လိပ်စာ အမှတ်(၁၇၄၆)၊ တရုတ်စု၊ တိုက်ကြားလမ်း၊
ပြည်မြို့ ကိုလဲ ကိုယ်တိုင်လာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။

နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)နယုန်လပြည့်နေ့သည်ကပိလဝတ်မြို့နှင့်ကောလိယမြို့ နှစ်ပြည်ထောင်ရေလုပွဲ ပြဿနာကြောင့် မြို့နှစ...
13/06/2022

နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)

နယုန်လပြည့်နေ့သည်
ကပိလဝတ်မြို့နှင့်ကောလိယမြို့ နှစ်ပြည်ထောင်ရေလုပွဲ ပြဿနာကြောင့် မြို့နှစ်မြို့ သွေးချောင်းစီး စစ်ခင်းတော့မည့်အခိုက်တွင် မြတ်စွာဘုရားရှင်၏ တရားမြတ်ဒေသနာတော်ဖြင့် လူအပေါင်း ဘေးအန္တရာယ်မှကင်းဝေးပြီး ငြိမ်းချမ်းရေးရတဲ့နေ့လေးဖြစ်ပါတယ်။

ဒီလိုနေ့ထူးနေ့မြတ် အခါသမယမှာ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့ ကုသိုလ်များပွားများနိုင်ပြီး‌ ဘေးအန္တရာယ်ကင်းကွာငြိမ်းချမ်းကြပါစေလို့ Shwe Pyi Thit မိသားစုမှ ဆုတောင်း‌မေတ္တာပို့သလိုက်ပါတယ်ရှင်။

Address

Pyay, Bago
Pyay
08151

Website

Alerts

Be the first to know and let us send you an email when Shwe Pyi Thit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share