Ruby Bright Star Construction Co.,Ltd.

Ruby Bright Star Construction Co.,Ltd. Ruby Bright Star Construction Co.,Ltd.
ဆောက်​လုပ်​​ရေး နှင်

--> သ​ဘောကျမိသည့်​ အ​ဆောက်​အဦးများ
22/07/2017

--> သ​ဘောကျမိသည့်​ အ​ဆောက်​အဦးများ

အုတ်တစ်ချပ် ကောင်းမကောင်း စမ်းသပ်နည်း Site ထဲကိုလာတယ်။ အုတ်ခဲ၂ခဲကို ကောက်ကိုင်ပြီး ရိုက်ထည့်လိုက်တာမှာ ကျိုးသွား...
10/07/2017

အုတ်တစ်ချပ် ကောင်းမကောင်း စမ်းသပ်နည်း

Site ထဲကိုလာတယ်။ အုတ်ခဲ၂ခဲကို ကောက်ကိုင်ပြီး ရိုက်ထည့်လိုက်တာမှာ ကျိုးသွားတယ်။ အုတ်တွေက မကောင်းဘူး ပြောပြီး ပြန်သွားတယ်ဗျ လို့ ပြောလာပါတယ်။ ဘယ်သူလဲဗျ၊ QC engineer လားလို့  မေးရာမှာ အင်ဂျင်နီယာတွေ မဟုတ်ပါဘူး၊ ဘယ်သူတွေ ဆိုလား။ အဲဒါနှင့် အုတ်ကောင်းမကောင်း ဘယ်လိုစမ်းသပ်ကြသလဲ ဆိုတာကို ပြောပြမိပါတယ်။
အုတ်တစ်ချပ် ကောင်းမကောင်း အောက်ပါနည်းတွေနှင့် စမ်းသပ်နိုင်ပါတယ်။
(1) Absorption test ရေစုပ်ယူမှု
(2) Crushing strength test ဖိအားခံနိုင်မှု
(3) Hardness test မာကြောမှု
(4) Shape and size ပုံစံနှင့် အရွယ်အစား
(5) Color test အရောင်
(6) Soundness test အသံကောင်းမွန်မှု
(7) Structure of brick ဖွဲ့ စည်းပုံ
(8) Presence of soluble salts (efflorescence test) ဆားပေါက်မပေါက်
စတဲ့နည်းလမ်းတွေနှင့် စမ်းသပ်လို့  ရပါတယ်။
(1) Absorption test ရေစုပ်ယူမှုက အုတ်တစ်ချပ်အနေနှင့် ဘယ်လောက်ရေစုပ်ယူသလဲ ဆိုတာကို ကြည့်တာပါ။ အုတ်တစ်ချပ်ကိုယူ အလေးချိန်ချိန်ပြီး ရေထဲ ၂၄နာရီ စိမ်ထားရပါမယ်။ အလေးချိန်ပြန်ချိန်ကြည့်တဲ့အခါ ရေစုပ်ယူလို့  တိုးလာတဲ့ အလေးချိန်က မူလအလေးချိန်ရဲ့  ၂၀% မကျော်ရဘူး ဆိုပါတယ်။
(2) Crushing test ဖိအားခံနိုင်မှုက အုတ်တစ်ချပ်ကို ကွန်ကရစ်တုံးခွဲစမ်းသလို compression test machine မှာ ဖိပြီး စမ်းကြည့်တာပါပဲ။ ကွဲသွား ကျိုးသွားတဲ့ ဖိအားက 3.5N/mm2 ထက်မနည်းရဘူး ဆိုပါတယ်။ 507.632 psi ပေါ့။
(3) Hardness test မာကြောမှုက မာကြောတဲ့ အရာတစ်ခုနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရဘူး ဆိုပါတယ်။ လုပ်ငန်းခွင်မှာ အများအားဖြင့် လက်သည်းနှင့် ခြစ်ကြည့်တာပါပဲ။ လက်သည်းနှင့် ခြစ်ကြည့်ရာမှာ အရာမထင်ရင် မာကြောတယ်လို့  ယူဆကြပါတယ်။
(4) Shape and size ပုံစံနှင့် အရွယ်အစားမှာ ပုံစံအားဖြင့် စောင်းခြင်း ရွဲ့ ခြင်းမရှိ လေးထောင့်ကျပြီး အစွန်းအနားတွေဟာ ဖြောင့်တန်းညီညာနေရပါမယ်။ အရွယ်အစားအားဖြင့် အုတ်ချပ်၂၀လောက်ကို ကောက်ယူပြီး တိုင်းတာကြည့်တဲ့အခါ တစ်ချပ်နှင့် တစ်ချပ် တူညီမှု ရှိရပါမယ်။ အတိုအရှည် အထူအပါး ကွဲပြားမှု မရှိရပါ။
(5) Color test အရောင်က အုတ်ချပ်တွေဟာ တူညီတဲ့ အရောင်ရှိရမှာဖြစ်ပြီး အုတ်ချပ်တစ်ချပ်မှာကို အရောင်အနုအရင့် ကွဲတာမျိုး မဖြစ်ရပါဘူး။
(6) Soundness test အသံကောင်းမွန်မှုက အုတ်၂ချပ်ကို ယူပြီး တစ်ချပ်နှင့်တစ်ချပ် ရိုက်ကြည့်ရာမှာ ပေါ့ပါးတဲ့ ချိုလွင်တဲ့အသံကြားရပါမယ်။ လေးလေးပင်ပင် ထုံတုံတုံ အသံမျိုး မရှိရပါဘူး။
(7) Structure of brick ဖွဲ့ စည်းမှုက အုတ်ကို ချိုးကြည့်ပြီး ဒါမှမဟုတ် အုတ်ကျိုးကို ယူကြည့်တဲ့အခါ အုတ်ရဲ့  အတွင်းသားမျက်နှာပြင်တွေက အက်ကြောင်း အပေါက် စတာမျိုးတွေ မရှိရပဲ တစ်သားထဲရှိနေရပါမယ်။
(8) Effloresence test ဆားပေါက်မပေါက်က အုတ်ကို ရေထဲ ၂၄နာရီစိမ်ထားပြီး အခြောက်ခံပါ။ ခြောက်သွေ့ သွားတဲ့အခါ အုတ်ချပ်ပေါ်မှာ မီးခိုးရောင် အဖြူရောင် အမှုန်လေးတွေ ကပ်နေတာမျိုး တွေ့ ရရင် အုတ်မှာ ဆားဓါတ်ပါတယ် ဆိုပါတယ်။
အဲဒါတွေက ယေဘုယျအားဖြင့် စမ်းသပ်ကြည့်လို့  ရတဲ့ နည်းလမ်းတွေပါ။ lab တွေမှာ ဒီထက် အသေးစိပ် စမ်းသပ်ကြည့်လို့  ရပါတယ်။
ခုနက ပြောတဲ့ အုတ်က မကျိုးရဘူး ဆိုတာက ဒီလိုပါ။ ရိုက်ကြည့်လို့  မကျိုးရဘူး ဆိုတာမှာ ဖြည်းဖြည်းရိုက်ရင်တော့ ဘယ်ကျိုးပါ့မလဲ။ အင်းဟာ … အင်းဟာ … ဆိုပြီး အားနှင့် ရိုက်လို့ ကတော့ ကျိုးမှာပေါ့။ တစ်ချို့ များ ပစ်ချရင် မကျိုးရဘူး ဆိုပြီး အပေါ်ကိုတောင် အားပါးတရ ပစ်တင်လိုက်ကြတယ်။ အမှန်က အောက်မှာရှိတဲ့ အုတ်တစ်ချပ်အပေါ်ကို အမြင့် 1m(3ft) အမြင့်ကနေ အသာကိုင်ပြီး လွတ်ချရတာပါ။ အဲလိုလွတ်ချတဲ့ အုတ်က မကျိုးရဘူးလို့  ဆိုတာပါ။
အဲဒါမျိုးလေးတွေ သိထားတော့ အင်ဂျင်နီယာမဟုတ်ရင်တောင် site ထဲ ခပ်တည်တည်နှင့် ၀င်ပြောလို့  ရတာပေါ့။ အခုလဲ ပြောနေကြတာပါပဲလေ။

to : U Kyithar Myint

ကွန်ကရစ် လောင်း​နေစဉ်​ ​ဆောင်​ရန်​​၊ ရှောင်​ရန်​များ‌​ဆောင်​ရန်​‌(၁) အ​တွေ့အကြုံ ရင့်​ကျက်​ပြီးသား ကန်​ထရိုက်​တာ(သို့)ပ...
10/07/2017

ကွန်ကရစ် လောင်း​နေစဉ်​ ​ဆောင်​ရန်​​၊ ရှောင်​ရန်​များ

‌​ဆောင်​ရန်
‌(၁) အ​တွေ့အကြုံ ရင့်​ကျက်​ပြီးသား ကန်​ထရိုက်​တာ(သို့)ပန်းရံအဖွဲ့ကို အသုံးပြုပါ။
(၂) ကွန်​ကရစ်​​လောင်း​နေစဉ်​အတွင်းလည်း ဘယ်​လိုဘယ်​ပုံ​​လောင်း​​နေသည်​၊ ကျွမ်းကျင်​မှုရှိမရှိကို ​သေချာဂရုစရိုက်​စစ်​​ဆေး​စောင့်​ကြည့်​ပါ။
(၃) ကွန်​ကရစ်​​လောင်းရာတွင်​ ​ခေါင်း​ဆောင်​ ကန်​ထရိုက်​တာ(သို့)ပန်းရံ​ခေါင်း မရှိပဲ သာမန်​အလုပ်​သမားများကသာ လုပ်​​နေခြင်း မဖြစ်​​စေရန်​ ဂရုစိုက်​ပါ။
‌(၄) ကွန်​ကရစ်​​အချိုးအစားကို ​သေချာစစ်​​ဆေးပြီး ဘိလပ်​​မြေအနှစ်​ ထွက်​မထွက်​ ​စောင့်​ကြည့်​ပြီး ​ အလုပ်​နဲ့လိုက်​​လျောညီ​ထွေရှိ​သော ဘိလပ်​​မြေကိုသာ အသုံးပြု​စေပါ။
(၅) ကွန်​ကရစ်​​လောင်းမည့်​အချိန်​ကို ရာသီဥတုသာယာ​သော ​နေ့ရင်​ကို ​ရွေးချယ်​ပါ။
(၆)လိုချင်​​သော Grade(M15-20..)အလိုက်​ မှန်​ကန်​​သော ကွန်​ကရစ်​အချိုးအစားကို မှန်​ကန်​​အောင်​ ဂရုစိုက်​ပါ။
(၇) ကွန်​ကရစ်​​ဖျော်​ရာတွင်​ ​ရေပါဝင်​မှု အချိုးအစားနဲ့ ​ရေဘယ်​​လောက်​​ရော​နှောသည်​ကို ​စောင့်​ကြည့်​ပါ။
(၈) ကွန်​ကရစ်​မ​လောင်းမီ slump test ကို အရင်​စမ်းစစ်​​ပါ။
(၉) ​ဖျော်​ပြီးသား ကွန်​ကရစ်​ကို ၁၅မိနစ်​ မှ မိနစ်​၂၀ အတွင်း ​လောင်းပြီးသားဖြစ်​​နေပါ​စေ။
(၁၀) ကွန်​ကရစ်​ သိပ်​သည်းရန်​ တုန်​ခါစက်​ သို့မဟုတ်​ သစ်​သားတုတ်​ဖြင့်​ ​ထောင်း​ပေးရပါမည်​။ ထိုမှသာ ​လေခိုခြင်း အားကူသံ​ချောင်းသံ​ချေးတက်​ခြင်းနဲ့ honey comb ​ပေါ်ခြင်းနဲ့ အ​ဆောက်​အအုံသက်​တမ်း စသည်​တို့ကို ထိန်းချူ ပ်​နိုင်​မည်​ဖြစ်​သည်​။
(၁၁) ကွန်​ကရစ်​ ​လောင်း​နေစဉ်​ formwork ကားသွားခြင်း အ​ပေါက်​ဖြစ်​​နေခြင်း ကွန်​ကရစ်​ယို​နေခြင်း ရှိမရှိ ​သေချာ​စောင့်ကြည့်​ပါ။
(၁၂) ကွန်​ကရစ်​ cover နည်းသွားခြင်း ရှိမရှိ စစ်​​ဆေးပါ။
(၁၃) ကွန်​ကရစ်​​လောင်းပြီးသည့်​အပိုင်းကို မျဉ်းတံရိုက်​ရိုက်​ပြီး စနစ်​တကျ ညှိသွားပါ။
(၁၄) joint ​နေရာများကို စနစ်​တကျ ပြုလုပ်​ပြီး အထူးဂရုစိုက်​ပါ။
(၁၅) ကွန်​ကရစ်​​လောင်းပြီးသား​နေရာ bleeding ဖြစ်​ခြင်းများ ဂရုစိုက်​ပါ။
(၁၆) Curing ပြုလုပ်​ခြင်း မ​ပေါ့မဆပဲ မိမိကွန်​ကရစ်​ အရည်​အ​သွေးပြည့်​ဝ​စေရန်​ အထူးဂရုစိုက်​ ​ဆောင်​ရွက်​ပါ။

ရှောင်​ရန်​များ.....
(၁) ပျက်​စီး​နေ​သော သစ်​သားပုံစံများကို အသုံးမပြုပါနဲ့..honey comb ဖြစ်​​ပြီး ကွန်​ကရစ်​ ခံနိုင်​ရည်​ နည်းခြင်း ရုပ်​ဆိုးခြင်းများကို ဖြစ်​​စေသည်​။
(၂) ကွန်​ကရစ်​​အတွက်​ ​ရောစာကြီး ခွဲ​ကျောက်​များ သန့်​မသန့်​ ​မြေကြီး​ရော​နေခြင်း စသည်​များကို ဂရုစိုက်​ပါ။ မဟုတ်​ပါက ကွန်​ကရစ်​ကိုအားနည်း​စေပြီး ပြန်​ပြင်​သည့်​စရိတ်​ကို များ​စေသည်​။
(၃) Concrete slump များ​သော ကွန်​ကရစ်​ကို အသုံးမပြုပါနဲ့ ။
(၄) ကွန်​ကရစ်​​လောင်းပြီး​နောက်​ ​ရေထပ်​​လောင်းခင်း စသည်​များကို မပြုလုပ်​ပါနဲ့။
(၅) ငါး​ပေထက်​မြင့်​​သော ​နေရာမှ ကွန်​ကရစ်​​လောင်းခြင်းကို ​ရှောင်​ကြဉ်​ပါ။ segregation ဖြစ်​​စေနိုင်​သည်​။
(၆) ကွန်​ကရစ်​​လောင်းပြီး bleeding ဖြစ်​​နေချိန်​ အ​ချောကိုင်​ မျဉ်းတံရိုက်​ခြင်း မပြုလုပ်​ပါနဲ့။
(၇) ကွန်​ကရစ်​၏ initial setting time ​နောက်​ပိုင်းတွင်​ vi****or ထိုးခြင်းများ မပြုလုပ်​ရပါ။
(၈) ကွန်​ကရစ်​သား အလွန်​နု​နေချိန်​ ပုံစံများ ပြန်​မဖြုတ်​သင့်​​သေး​ပေ။
(၉) ကွန်​ကရစ်​ကို အ​ချောကိုင်​ရာတွင်​ ​ရေပြန်​ဖြန်းခြင်းများ မပြုလုပ်​ရပါ။
(၁၀) ကွန်​ကရစ်​မာပြီး​နောက်​နှာပြင်​ အ​ချောကိုင်​ခြင်းများကို ​ရှောင်​ကြဉ်​ပါ။

to : Civil Engineering Knowledge
from : Civil AM

  ဆောက်လုပ်ရေးလုပ်ငန်းခွင် အင်ဂျင်နီယာတစ်ဦးရဲ့ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေပါ။သိသလိုလို မသိသလိုလိုနဲ့ သတိလက်လွ​တ် မ...
19/04/2017



ဆောက်လုပ်ရေးလုပ်ငန်းခွင် အင်ဂျင်နီယာတစ်ဦးရဲ့ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေပါ။
သိသလိုလို မသိသလိုလိုနဲ့ သတိလက်လွ​တ် မဖြစ်စေလိုတဲ့ ဆန္ဒနဲ့ ထပ်ဆင့်ဝေမျှ လိုက်တာပါ။

Duty of Site Engineer ★ ★ ★

1.Drawing interpolate
အပြန်ပြန် အလှန်လှန် လေ့လာထားရပါတယ်။

2.Finding drawing error
Structure error အတွက် အကုန်လုံးကို
အကြမ်းဖျင်းလောက် တွက်ပြီး စစ်တတ်ရမယ်။
Archi နဲ့ Structure နှစ်ပုံတွဲ ကြည့်ပြီး
အားသာချက် အားနည်ချက် ရှာတတ်ရမယ်။Water Supply and Electrical pipe line တွေ ကိုယ့် Structure ထိ၊ မထိ ကြည့်တတ် ရမယ်။

3.Estimate ( Roughly ) Actual
ဘယ်နေရာမှာ ဘယ်ပစ္စည်း ဘယ်လောက်ကုန်မယ်၊
ဘယ်နေရာရောက်ရင် ဘာပစ္စည်းတွေ
လိုလာတော့မယ်၊ ဘယ်နေ့  ဘယ်အချိန်မှာ မှာယူရမယ်ဆိုတဲ့ Estimate အကြမ်းတစ်လုံး လုံးလုံးစာ ကြို တွက်ထားရမယ်။

4.Materials Order and Received
ကိုယ်မှာလို့ ရောက်လာတဲ့ ပစ္စည်းတွေရဲ့ အရည်အသွေးနဲ့ ပမာဏ မှန်၊ မမှန်စစ်ဆေးဖို့ လိုပါလိမ့် မယ်။

5.Planning and Working schedule
Step by Step ဒါပြီးရင် ဘာလုပ်မယ်၊ဘယ်အချိန် M& E ဝင်မယ်၊ ဘယ်နေ့မှာအပြီး၊ လူအင်အားဘယ်လောက်နဲ့ လုပ်ရမယ်ဆိုတဲ့
လုပ်ကွက် planning Time and date planning Worker planning လုပ်ရပါမယ်။

6.Labour Arrangement
အလုပ်သမား ခိုင်းတတ်ရမယ်။
စီစဉ်ညွှန်ကြား တတ်ရမယ်။
ပြဿနာပေါင်းစုံ ရှင်းတတ်ရမယ်။
ကိုယ့် အလုပ်သမားအပေါ် တာဝန်ခံမှုရှိရမယ်။

7.Checking QC
Survey. Conc.Re bar. brick work. formwork.M&E work.
အကုန်လုံးကို စစ်နိင်ဖို့၊ အကုန်လုံးကိုသိနေဖို့  လေ့လာထားဖို့လိုတယ်။

8.Materials control QS
ကုန်သင့်တဲ့နေရာမှာ ကုန်သင့်သလောက်ပဲ ကုန်ဖို့ Materials control လုပ်ပေးနိင်ရမယ်။

9.Safety
ထိခိုက်ရှနာ မဖြစ်ရအောင် အသိပညာပေးဖို့
ကြိုတင်ပြင်ဆင်ထားဖို့  လိုက်နာတတ်ကြစေဖို့ လုပ်နိုင်ရမယ်။

ဒီတော့ Site Engineer ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ကျွန်တော်သိသလောက် ချရေးတာကိုပဲ (၉) ချက်ပာ​။ ကျန်နေအုံးမယ် ထင်ပါတယ်။ Site အင်ယာ ဆိုသည်မှာ ...

1.Structure သမား
2.Archi သမား
3.M & E သမား
4.QC
5.QS
6.Manager
7.Store
8.Surveyor
9.Safety officer
10.commercial (ဈေးတွက် တွက်ခြင်း)

အသားမဲချင်သလောက် မဲပါစေ။
ပင်ပန်းရင် ပင်ပန်းပါစေ။
လူအထင် သေးရင် သေးပါစေ။
Archi. structure.QC.QS နှိမ်ချင် နှိမ်ကြပါစေ။
Site Engineer ဆိုတဲ့ စွယ်စုံရအင်ယာ
တစ်ယောက်ဘဝကို ကြေကြေနပ်နပ် ခံယူနိုင်ကြပါေ​စ။

❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

..
..

Structure Engineer တစ်ယောက်၏ခြေလှမ်းများ - အပိုင်း(၁၁)Column တိုင်တစ်လုံး၏ ခံနိုင်အားကိုတွက်ထုတ်ခြင်းFor Axially Loaded ...
28/02/2017

Structure Engineer တစ်ယောက်၏ခြေလှမ်းများ - အပိုင်း(၁၁)
Column တိုင်တစ်လုံး၏ ခံနိုင်အားကိုတွက်ထုတ်ခြင်း

For Axially Loaded Compression Members
---------------------------------------------

column တွေထဲမှာ short column ရယ် slender column ရယ် နှစ်မျိုးရှိတဲ့ထဲမှာ short column က ရာခိုင်နုန်းတော်တော်များများပါတယ်လို့ ရှေ့ကအပိုင်းမှာရေးခဲ့ပြီးပါပြီ

short column အကြောင်းကိုပြောမယ်ဆိုရင် axially loaded compression member တွေအကြောင်းကိုပြောရတော့မယ် ဒါဘာပြောချင်လည်းဆိုတော့ load က column တိုင်ရဲ့တည့်တည့်ကိုကျတာပါ ဒီလိုဆိုတော့ column တိုင်တည့်တည့်မကျတဲ့အခါမျိုးလည်းရှိတာပေါ့ အခုတွက်ပြမဲ့ equation က load ကသာ column ရဲ့ တည့်တည့်ကျမယ်ဆိုရင် ဘယ်လောက်ထိခံနိုင်မလည်းဆိုတာတွက်မှာပါ တည့်တည့်မကျဘူး distance တစ်ခုကနေ လွဲပြီးကျမယ် ဆိုလိုတာက moment အနေနဲ့ကျမယ်ဆိုရင်လည်း မစိုးရိမ်ပါနဲ့ ACI ကပြောထားတဲ့ equation လေးတွေရှိပါတယ်

ကျတော့အနေနဲ့ equation ရေးပြတာမဟုတ်ပဲ equation ရအောင် ACI က နှစ်ပေါင်းများစွာ ဘယ်လိုစဉ်းစားခဲ့ရလည်းဆိုတော တဆင့်ချင်းရေးပါမယ်

ပထမဆုံးအနေနဲ့ column ပေါ်ကျတဲ့ load ကသာမများဘူးဆိုရင် steel ကော် concrete ကော် နှစ်ခုစလုံး elastic အခြေနေပါ ... မြင်သာအောင်ဥပမာပေးရရင် သရေကွင်းတစ်ခုကိုဘယ်ညာဆွဲလို့ ဆွဲတဲ့အားမများဘူးဆိုရင် ဆွဲထားတာပြန်လွတ်လိုက်ရင် သူ့ရဲ့ နဂိုနေရာကိုပြန်ရောက်သွားပါတယ် သူ့ပေါ်ကျတဲ့အလေးချိန်တွေကြောင့် column က ပုံစံမပျက်ခဲ့ဘူးလို့ဆိုလိုတာပါ

အခုလို elastic အခြေနေမှာ concrete ရဲ့ strain နဲ့ steel ရဲ့ strain ကတူပါတယ်

Elastic အခြေနေမှာ stress နဲ့ strain က တိုက်ရိုက်အချိုးကျပါတယ်

strain ဆိုတာက အားသက်ရောက်လို့ ရှည်သွားတဲ့ပမာဏကိုပြောတာ

-------------------------------------------------------

column တိုင်မှာ Steel နဲ့ Concrete နှစ်မျိုးပဲရှိတာ သူတို့နှစ်ယောက်က ရောနေတာ column တိုင်ဆီကို အပြင်ကလာမဲ့အားတွေကို သူတို့နှစ်ယောက် တစ်ယောက်နဲနဲခွဲဝေရမှာ

concrete ရှည်ထွက်လာတဲ့အတိုင်း steel က လိုက်ရှည်ချင်ရင် အပြင်ကလာတဲ့အားတွေကို ခွဲဝေတဲ့နေရာမှာ တစ်ခုနဲ့တစ်ခုက မတူနိုင်တော့ဘူး ဘာလို့လည်းဆိုတော့ concrete ရဲ့ ခံနိုင်အားနဲ့ steel ရဲ့ ခံနိုင်အားကမတူဘူးလေ

ဥပမာ concrete တစ်လက်မရှည်ဖို့ အားက တစ်ကျပ်လိုတယ်ဆိုရင် steel တစ်လက်မရှည်ဖို့ဆိုရင် အားက ၃ ကျပ်လည်း ဖြစ်သွားနိုင်တယ်

ကျတော်တို့က ရှည်တာကိုတူချင်တော့ အပြင်ကလာတဲ့အားတွေကို အချိုးကျကျခွဲဝေရတော့မယ်

-------------------

အဲ့ဒါကို fs=nfc လို့ပြောလိုက်

fs ဆိုတာက သံချောင်းက ထမ်းရမဲ့ stress
fc ဆိုတာက ကွန်ကရစ်က ထမ်းရမဲ့ stress
n ဆိုတာက သူတို့နှစ်ယောက်ရဲ့ အချိုးကျကျခွဲဝေရမဲ့အဆ

n=Es/Ec
Ec=57000√f'c

ဒီမှာမေးစရာရှိတာက ဘာလို့ ရှည်သွားတဲ့တန်ဖိုး တူချင်လည်းဆိုတာပါ .... တူရပါမယ် သူတို့နှစ်ခုက တစ်သားထဲလောင်းထားတာမို့လို့ပါ တန်းဖိုးနှစ်ခုက မတူတော့ဘူးဆိုရင် steel ရှည်သလောက် concrete ကလိုက်မရှည်ဘူးဆိုရင် သံချောင်းကျွတ်သွားတာတွေ ပြုတ်သွားတာတွေ ချောင်သွားတာတွေဖြစ်ပြီး failure ဖက်ကိုဦးတည်ပါလိမ့်မယ် ...

--------------------

RC တိုင်ရဲ့ ခံနိုင်အားကိုတွက်ပါတော့မယ်

Load,P = Stress X Area
P = f x A

Column တိုင်ရဲ့ခံနိုင်အား = Concrete ခံနိုင်အား + Steel ခံနိုင်အား

Column တိုင်းရဲ့ခံနိုင်အား = fc x Ac + fs x Ast

Ac = Area of concrete, Ast= Area of steel
fc = Concrete stress , fs= Steel Stress

-----------------------

ကွန်ကရစ်ရဲ့ Area, Ac ဆိုတာ column တိုင်တစ်ခုလုံး area ထဲကနေ သံချောင်းကိုနုတ်ထားတာပဲ Ag ကတော့ gross area တစ်ခုလုံးပါ

P = fc Ac + fs Ast >>> Eq-1

P = fc ( Ag - Ast ) + fs x Ast
P = fc Ag - fc Ast + (fs) Ast
P = fc Ag - fc Ast + (nfc) Ast

equation တစ်ခုထဲမှာ material ၂ မျိုးမလိုချင်ဘူး တစ်မျိုးထဲလိုချင်တော့ fs နေရာမှာ nfc သွင်းလိုက်တာပါ ဒါကိုနောက်ဆုံးဟိုရွေ့ဒီရွေ့ equation အရ ရှင်းလိုက်ရင်နောက်ဆုံးရလာမှာက

P = fc [ Ag + (n-1)Ast ] >>> Eq-2

ဒါက elastic အခြေနေပါ ... ဒီ Equation- 2 က column ထဲမှာ ဖြစ်ပျက်နေတဲ့ အားတွေပဲရှိသေးတယ် column တိုင်ရဲ့ အမြင့်ဆုံးခံနိုင်အားမဟုတ်သေးဘူး column ရဲ့ အမြင့်ဆုံးခံနိုင်အားကိုလိုချင်ရင် ကွန်ကရစ်ထမ်းရမဲ့အားကလည်း အမြင့်ဆုံး ultimate,f'c အခြေနေ ရှိရမယ် သံချောင်းရဲ့ stress ကလည်း yield stress fy ပေါ့

ဒါကြောင့် fc , fs နေရာတွေမှာ 0.85f'c , fy တွေ အစားသွင်း .... P ကလည်း အားသက်ရောက်မှုခံရတယ်ဆိုတဲ့အခြေနေကနေ အားသက်ရောက်မူခံနိုင်တဲ့အခြေနေ Pn ဖြစ် ... Equation 1 ရဲ့ symbol တွေကိုပြောင်းလိုက်သော် ---

Pn = 0.85 f'c Ac + fy Ast >>> Eq-3

ဒီ Eq-3 က Ac ဆိုတာ ကွန်ကရစ်ရဲ့ Area ပဲရှိသေးတယ် တကယ်တော့ Ac ကိုလိုချင်ရင် Ag ထဲကနေ သံချောင်းကိုနုတ်ရမှာ ဒါကြောင့်

Pn = 0.85 f'c (Ag-Ast) + fy Ast >>> Eq-4

ဒီလောက်ဆိုရမယ်ထင်ပါတယ် ဒါက ခံနိုင်အားပဲရှိပါသေးတယ် design အရခွင့်ပြုမဲ့ကောင်မဟုတ်သေးဘူး တန်ဖိုးနဲ့လျှော့ချရပါမယ် strength reduction factor တွေက beam နဲ့ column တွေမှာမတူပါဘူး column တွေမှာက safety factor ပိုယူပါတယ်

ဘာကြောင့်လည်းဆိုရင် beam ထက်အရေးကြီးလို့ပါ beam က failure ဖြစ်ရင် local အနေနဲ့ပဲအဖြစ်များပါတယ် column က တော့ တစ်တိုင်လစ်တာနဲ့ တအိမ်လုံးပြိုကုန်မှာ ဒါကြောင့် circular column တွေမှာဆိုရင် 0.75 , square or rectangular တွေမှာဆိုရင် 0.65 အသီးသီးရှိကြပါတယ် beam မှာတော့ အများအားဖြင့် 0.9 ပဲရှိကြတယ် ( ACI 10.3.6.1 ) ဒီမှာတချက်စစ်ကြည့်ပါ circular ထက်ကို square or rectangular column တွေက ကြောက်လန့်ပြီးတော့ ပို့လျှော့ထားတယ် ဘာလို့လည်းဆိုတော့ circular column တွေက သံချောင်းရေ အလုံးအရေတွက်ပိုများတယ်လေ

💡ဒါက axial load အတွက်ပါ သို့သော် တချို့သောအခြေနေတွေမှာ construction error ကြောင့်ပဲဖြစ်ဖြစ် စောင်းသွားတာမျိုးတွေရှိနိုင်ပါတယ် ဒါကို eccentricities of loading လို့ခေါ်ပါတယ် ဒီလိုအခြေနေမျိုးအတွက် ACI ကစဉ်းစားထားပြီးသားပါ နဂိုရှိပြီးသား တန်ဖိုးကိုပဲလျှော့ချလိုက်ပါတယ် ထပ်ပြီးလျှော့ချထားတာကတော့ အောက်ပါ အတိုင်းပါ

For spirals 0.85
For ties 0.8
----------------

Summary

💡 without accentricities of loading

Pn=0.85 f'c ( Ag - Ast ) + Ast fy

💡 For concentrically-Loaded Spirally -Reinforced columns

Max.strength=0.6375[0.85f'c(Ag-Ast)+Ast fy]
0.6375=0.85x0.75

💡 For concentrically-Loaded Tied - Reinforced columns

Max.strength=0.52 [0.85f'c(Ag-Ast)+Ast fy]
0.52=0.8x0.65

-----

Structure Engineer တယောက်၏ခြေလှမ်းများ အပိုင်း ( ၁၂ )
Column ၏ Lateral Ties & Spirals
Aung Hla Min Naing

Credit (Post, Photo)..

15/02/2017

တွေကို ဖုန်း​ပေါ်မှာ ဖတ်​မယ်​ ပြင်​မယ်​ တိုင်းမယ်

တင်​​ပေးထားတဲ့ apk ဟာ ​Autocad Dawing ​တွေကို ဖုန်း​ပေါ်မှာ ဖတ်​မယ်​ ပြင်​မယ်​ တိုင်းမယ်​ ဆိုရင်​ အဆင်​အ​ပြေဆုံးဖြစ်​လို့ တင်​​ပေးလိုက်​ပါတယ်​ Computer ရှိ​ပေမဲ့လည်း လုပ်​ငန်း အ​ရေးကြီးလို့
အလုပ်​ထဲမှာ Di တိုင်းဖို့လိုအပ်​လာရင်​ အဆင်​​ပြေစွာတိုင်း လို့ရပါတယ်
ကောင်းတာ​တွေက​တော့အများကြီးပါ ​​အောက်က Link မှာ​Down ပြီးသုံးကြပါ Page မှာ ​ပြထားတဲ့ blog မှာလည်းဝင်​ရှာ down နိုင်​ပါတယ်

http://adf.ly/1hJeeB

Credit ...
Thank ..

အုတ်တိုက်၏ခန်.မှန်းတန်ဖိုးတွက်နည်း=====================ထုထည်ခန်.မှန်းခြေ တွက်နည်းဖြင့်တွက်ယူခြင်းထုထည်ခန်.မှန်းခြေ ...
15/02/2017

အုတ်တိုက်၏ခန်.မှန်းတန်ဖိုးတွက်နည်း
=====================

ထုထည်ခန်.မှန်းခြေ တွက်နည်းဖြင့်တွက်ယူခြင်း

ထုထည်ခန်.မှန်းခြေ တွက်နည်းသည် အဆောက်အအုံ၏ စုစုပေါင်းထုထည်ကို၎င်းဒေသရှိ အလားတူအဆောက်အအုံ၏ ထုထည်တစ်ယူနစ် ကုန်ကျစရိတ်နှုန်းနှင့် မြှောက်ယူသော
နည်းဖြစ်၏။

ထုထည်တွက်ရာတွင် အောက်ခံခုံဧရိယာကို အဆောက်အအုံ၏ အမြင့်နှင့် မြှောက်ရ၏။
ပျဉ်ထောင်အိမ်များတွင် အမြင့်သည် အောက်ခံခုံမျက်နှာပြင်မှ လျောက်တန်း(Pole plate)
အထက်ခေါင်မိုးအမြင့်၏ နှစ်ပုံတစ်ပုံ အထိအကွာအဝေးဖြစ်၏။

အုတ်တိုက်များတွင်မူ အမြင့်သည်အုတ်မြစ်အုတ်နံရံမှ မိကျောင်းတုံး ( Wall Plate)
အထက်ခေါင်မိုးအမြင့်၏နှစ်ပုံတစ်ပုံအထိအကွာအဝေးဖြစ်၏။ အောက်ခံခုံ ဧရိယာအတွက်
အတိုင်းအတာများမှာ အောက်ခံခုံဧရိယာတွက်နည်းအတိုင်းပင်ဖြစ်၏။

ပုံစံ (၃-၁) တွင်ဖော်ပြထားသည့် အုတ်တိုက်၏ခန်.မှန်းတန်ဖိုးကို ထုထည်ခန်.မှန်းခြေနည်းဖြင့်ရှာမယ်ဆိုရင်။

အုတ်တိုက်၏အမြင့်သည် မြေမျက်နှာပြင်မှ မိကျောင်းတုံးအပေါ်အနားအထိ ( 15 ပေ)၊
အုတ်မြစ်အနက် ( 4 ပေ) နှင့် ခေါင်မိုးအမြင့်သည် ( 6 ပေ) ရှိ၏။ ၎င်းဒေသတွင်
အလားတူအဆောက်အအုံ၏ ထုထည်တစ်ယူနစ်နှုန်းမှာ (1000)ကျပ်ဖြစ်သည်။

ပုံစံ (၃-၁) ၏ စုစုပေါင်း အောက်ခံခုံဧရိယာ = ဧရိယာ A + ဧရိယာ B + ဧရိယာ C

= (30’ x 16’ ) + (16’ x 14’ ) + (20’ x 14’)
= 480 sq-ft + 224 sq-ft + 280 sq-ft
= 984 sq-ft

အုတ်တိုက်၏ စုစုပေါင်းအမြင့် = 15’ + 4’ + 0.5 (6’)= 22’

အုတ်တိုက်၏ ထုထည် = အောက်ခံခုံဧရိယာစုစုပေါင်း x အမြင့်
= 984 x 22= 21648 ကုဗပေ

အုတ်တိုက်၏ ခန်.မှန်းတန်ဖိုး = စုစုပေါင်းထုထည် x တစ်ယူနစ် နှုန်း
= 21648 x 1000 ကျပ်= 216.5 သိန်းခန်.

ထိုကြောင့် ပုံ (၃-၁) တွင်ဖေါ်ပြထားသော အုတ်တိုက်၏ ခန်.မှန်းတန်ဖိုးမှာ 216 သိန်း
5 သောင်းခန်.ကုန်ကျနိုင်ပါသည်။

မှတ်ချက် ။ ။ အဆောက်အအုံ၏ တစ်ယူနစ်နှုန်းကို နေရာဒေသပေါ်မူတည်ပြီး အစားထိုးတွက်ယူပါရန်။

Credit ...
www.winningland.org

09/01/2017

အဆောက်အဦးတစ်ခု တရားဝင်ဆောက်လုပ်ရန်အတွက် လိုအပ်သော စာရွက်စာတန်းများ

📊📊📊📊📊📊📊📊📊📊📊📊📊📊📊📊📊

အဆောက်အဦးတစ်ခု တရားဝင်ဆောက်လုပ်ရန်အတွက် လိုအပ်သော စာရွက်စာတန်းများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှချမှတ်ထားသောစည်းကမ်းအချို့ကို အများပြည်သူ မှတ်သားထားနိုင်ရန်အလို့ငှာပြန်လည်မျှဝေတင်ပြလိုက် ပါသည်။

ကိုယ်ပိုင်လုံးချင်း အဆောက်အဦဆောက်လုပ်ခွင့်လျှောက်ထားရာတွင်

၁။ ဌာနမှသတ်မှတ်လျှောက်လွှာ
၂။ သတ်ဆိုင်ရာ ဌာနမှ ၃ နှစ်အတွင်းထုတ်ပေးထားသော မြေပုံ/မြေရာဇ၀င်မူရင်း
၃။ဂရန်မိထ္တူ ( သို့ ) နယ်နိမိတ်တိုင်းတာမှတ်သားထားသည့်မြေပုံ ( မူရင်း နှင့်တိုင်ဆိုင်စစ်ဆေးရန် )
၎။မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ အခွန်အကြွေးအကျန်ကင်းရှင်းကြောင်းထောက်ခံချက်
၅။လျှောက်ထားသူ၏မှတ်ပုံတင်မိထ္တူ
၆။လျှောက်ထားသူကိုယ်တိုင်သတ်ရှိထင်ရှားရှိပြီးလက်မှတ်ရေးထိုးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်
၇။ဘေးမြေကွက်များမှကန့်ကွက်ရန်မရှိကြောင်းနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်
၈။အိမ်ငှားမရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက် နှင့် အိမ်ငှားရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက် အပြင်မြို့နယ်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်
၉။လိုင်စင်ရအင်ဂျင်နီယာမှလက်မှတ်ရေးထိုးထားသော အဆိုပြုပုံစံ (၃)စုံနှင့် ပစ္စည်းစာရင်း (၃)စုံ
၁၀။ ၃ထပ်နှင့်အထက်အဆောက်အဦများအတွက် SEC မှတွက်ချက်ထားသော ခိုင်ခံမှုဆိုင်ရာတွက်ချက်မှုပုံစံ (၂) စုံ

ကိုယ်ပိုင်လုံးချင်း အဆောက်အဦဆောက်လုပ်ခွင့်လျှောက်ထားရာတွင် လိုက်နာရမည့်မြေကျန်များ

၄၀ x ၆၀ ကျယ်ဝန်းသည့်မြေကွက်ပေါ်တွင် ၃ထပ်နှင့်အောက်ကိုယ်ပိုင်လုံးချင်းတည်ဆောက်လိုပါကအဆောက်အဦဆောက်လုပ်ခွင့်ရသူသည်မိမိမြေပေါ်တွင် ရှေ့ဘက် ၁၂ ပေ ၊ အနောက်ဖေး ၆ ပေ ( နောက်ဖေးလမ်းကြားရှိပါက ၁ ပေ )၊ ဘေးဖက်နှစ်ဖက်အား အမိုးစွန်းမှ ၃ပေ ချန်ပြီးဆောက်လုပ်ရပါမည်။

၄၀ x ၆၀ အောက်ငယ်သည့်မြေကွက်ပေါ်တွင် ကိုယ်ပိုင်လုံးချင်းတည်ဆောက်လိုပါကအဆောက်အဦဆောက်လုပ်ခွင့်ရသူသည်မိမိမြေပေါ်တွင် ရှေ့ဘက် ၁၂ ပေ ၊ အနောက်ဖေး ၆ ပေ ( နောက်ဖေးလမ်းကြားရှိပါက ၁ ပေ)၊ ဘေးဖက်နှစ်ဖက်အား အမိုးစွန်းမှ ၁ ပေ ချန်ပြီးဆောက်လုပ်ရပါမည်။

ကိုယ်ပိုင်လုံးချင်း အဆောက်အဦဆောက်လုပ်ခွင့်လျှောက်ထားရာတွင် အနည်းဆုံးထားရှိရမည့်အခန်းအမြင့်များမှာ မြေညီ ၁၀ ပေ၊ကျန်အထပ်များ ၉ ပေဆီထားရှိရမည်ဖြစ်ပြီး အထက်ပါသတ်မှတ်ချက်အားပြောင်းလဲလိုပါကခိုင်လုံသောအကြောင်းပြချက်ဖြင့်သီးခြားခွင့်ပြုချက်ရယူဆောင်ရွက်ရပါမည်။

အထက်ပါအစည်းမျည်းစည်းကမ်းများအတိုင်းတည်ဆောက်ပြီးစီးသွားသောအခါ သက်သေခံလက်မှတ်( BCC ) လျှောက်ထားရာတွင်

၁။ BCC လျှောက်လွှာ
၂။လျှောက်ထားသူ/ ပိုင်ရှင် ၏မှတ်ပုံတင်မိထ္တူ
၃။လျှောက်ထားသူကိုယ်တိုင်သတ်ရှိထင်ရှားရှိပြီးလက်မှတ်ရေးထိုးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်
၎။ဆောက်လုပ်ခွင့်ပါမစ် မိတ္တူ
၅။ဆောက်လုပ်ခွင့်ပုံစံ Drawing မိတ္တူ ၁ စုံ
၆။ဆောက်လုပ်ခွင့်ပုံစံ စစ်ဆေးခငွေသွင်းချလံမိတ္တူ
၇။အဆောက်အဦဆောက်လုပ်ပြီးစီးကြောင်း လိုင်စင်အင်ဂျင်နီယာနှင့်
၈။စစ်ဆေးရေးအင်ဂျင်နီယာ၏ မှတ်ချက်ပါရှိသော log-book
၉။သန့်ရှင်းရေးဌာန၏အမှိုက်ပုံးဝယ်ပြီးကြောင်း ထောက်ခံချက်
၁၀။ပြည်တွင်းအခွန်ဦးစီးဌာန၏အခွန်ဆောင်ပြီးကြောင်း ထောက်ခံချက် တို့လိုအပ်ပါသည်။

Credit: &

Copy ..,

ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဦးထုပ်ဆောင်းသင့်တဲ့ အကြောင်းရင်း အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ဆောက်လုပ်ရေး ခြံဝိုင်းအတွ...
09/01/2017

ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဦးထုပ်ဆောင်းသင့်တဲ့ အကြောင်းရင်း

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ဆောက်လုပ်ရေး ခြံဝိုင်းအတွင်း တစ်နေရာမှာ ဖြစ်ပါတယ်။ အောက်မှာ ဘိလပ်မြေ မွေနေတဲ့သူဟာ ဦးထုပ်ဆောင်းမထားပါဘူး။ အပေါ်ကနေ အက်ဆီးဒန့်နဲ့ ကျလာတဲ့ သံချောင်းဟာ ခေါင်းထဲကို စိုက်ဝင်သွားတာ ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ။

နှစ်ဖက်စလုံး ဖျောင်ထွက်ပေမယ့် အသက်မသေပါဘူး။ ဆေးရုံကို အမြန်ပို့ပေးခဲ့ရပြီး ငါးနာရီကြာ ခွဲစိတ်မှုမှာ သံချာင်းကို ဘယ်ထုတ်နိုင်ခဲ့ပါတယ်။ ဦးခေါင်းခွံကို ခွဲပြီးတော့ ဖယ်ထုတ်ပေးခဲ့ရပါတယ်။ ဦးနှောက်ရဲ့ အဓိက အရေးကြီးတဲ့ အစိတ်အပိုင်းကို မထိခိုက်ခဲ့တာဟာ အင်မတန် ကံကောင်းလို့ပဲ ဖြစ်ပါတယ်။ သံချောင်းကို ဖယ်လိုက်ပြီးတဲ့အခါ ဘယ်ဘက် အခြမ်း ခန္ဓာကိုယ်က အစိတ်အပိုင်း တစ်ချို့ အလုပ်မလုပ်နိုင်သေးပေမယ့် ဒါဟာလည်း ယာယီသာ ဖြစ်ကြောင်း ဆရာဝန်များက ဆိုပါတယ်။ သုံးလနေတဲ့အခါ သာမန်လူအတိုင်း အကုန် ပြန်ကောင်းသွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ တိုက်ပေါ်မှာ လုပ်သူများမှသာ ဦးထုပ်ဆောင်းရန် လိုခြင်း မဟုတ်ပဲ ယင်း ဆောက်လုပ်ရေး ဝင်းအတွင်းက လူတိုင်း ဆောင်းရန်လိုအပ်ပါတယ်။ ခြေထောက်ပေါ်လည်း ကျနိုင်တာကြောင့် Safety Shoes လို့ခေါ်တဲ့ အလေးချိန် ပိကျမှုတွေကို အတိုင်းတာ တစ်ခုထိ ခံနိုင်တဲ့ ဖိနပ်များ စီးထားရန် လိုအပ် ပါတယ်။ ဆောက်လုပ်နေဆဲ တိုက်တာတွေရဲ့ အနီးအနားကို သွားရတော့မယ်ဆိုရင် ဘေးဘယ်ညာ အပေါ်အောက် အန္တရာယ်များ ရှိမရှိကို သေချာ စစ်ဆေးပြီးမှ ဖြတ်သွားဖြတ်လာ လုပ်သင့်ပါတယ်။

Credit ...

03/01/2017

Basic User များအတွက်
*** AutoCAD Commands ***

=======================

1. Line ( L )

=========

* L > Enter, စမှတ်ကလစ်ချ သွားမည့်ဘက် Direction ပြ Distance တန်ဖိုးရိုက်ပြီး Enter. ( Cursor movement ကို Horizontal, Vertical အတိုင်းသာသွားချင်ရင် AutoCAD Window ၏အောက်ဆုံး Bar ဖြစ်သော Drawing Status Bar မှ ORTHO ( F8 ) ကို ဖွင့်ထားပေးပါ။ )

* Line တွေကို Distance အတိအကျ, Angle အတိအကျနဲ့ ဆွဲချင်လျှင်, L > Enter, စမှတ်ကလစ်ချ @ ( Shift + 2 ) ရိုက် , Distance တန်ဖိုး H > Enter ထားမည့်နေရာ ကလစ်ချ Enter.

(2) Vertical လိုင်းတွေဆွဲချင်လျှင် XL > Enter > V > Enter ထားမည့်နေရာ ကလစ်ချ Enter.

(3) Angle တန်ဖိုးနဲ့ဆွဲချင်လျှင် XL > Enter > A > Enter, Angle တန်ဖိုး ရိုက်ပြီး Enter, ထားမည့်နေရာ ကလစ်ချ Enter.

(4) Bisect ကတော့ထောင့် ( < ) တွေကို ထက်ဝက်ပိုင်းချင်ရင်သုံးပါတယ်။ XL > Enter > B > Enter > Angle Vertex Point ဖြစ်သော ထောင့်မှာကလစ်ချ ( တြိဂံထိပ်စွန်း၊ ထောင့်တစ်ခုတွင်မျဉ်းနှစ်ကြောင်းဆုံရာ)၊ Angle Start Point ကလစ်ချ၊ Angle End Point ကလစ်ချ Enter.

( Angle Start/End Point = ထက်ဝက်ပိုင်းမည့် Angle ၏ မျဉ်းနှစ်ကြောင်းဆုံရာမဟုတ်သည့် ဆန့်ကျင်ဘက်နေရာများ။ ).

(5) L > Enter နဲ့ဆွဲထားတဲ့ လိုင်းတွေကို Offset ပွားတဲ့အခါ Construction Line ပြန်ထွက်ချင်ရင်သုံးပါတယ်။ XL > Enter > O > Enter, ခြားမည့် Offset Distance တန်ဖိုး Enter, Offset ပွားမည့် Object ( Line ) ကိုကလစ်ချ၊ ပွားမည့် ဘက် မှာကလစ်ချ၊ Enter.

3. Polyline ( PL ), (2D View ထဲမှာ တစ်ဆက်တည်း Line တွေဆွဲချင်ရင်သုံးပါတယ်။)

=================================================

* Polyline တွေမဆွဲခင်မှာ သူ့ရဲ့ Command Options တွေကို အရင်ကြည့်ရအောင်။ PL > Enter, ရိုက်ပြီး စမှတ်ကလစ်ချလိုက်တဲ့အချိန်မှာ [ Arc / Halfwidth / Length / Undo / Width ] ဆိုပြီးတွေ့ရမှာပါ။

(1) Arc ဆိုတာကတော့ Polyline Line တွေနဲ့တွဲပြီး Arc တွေကိုဆွဲချင်ရင်သုံးပါတယ်။ PL > Enter, စမှတ်ကလစ်ချ A > Enter, Arc ရဲ့ End Point ကလစ်ချ (or) S > Enter, ဆွဲချင်တဲ့ Arc ရဲ့ Second Point ကလစ်ချ, End Point ကလစ်ချ, (or) Arc ရဲ့ Diameter (ORTHO ဖွင့်ထားရင်) တန်ဖိုး ရိုက် Enter. ( ဒီနေရာမှာ Options တွေရှိသေးတယ်နော် လေ့လာကြည့်ပါ။ )

(2) Halfwidth ကတော့ အထူတန်ဖိုးကိုတစ်ဝက်သာပေးပြီးဆွဲတာပါ ( Line Width တန်ဖိုး 1 ထားချင်ရင် 0.5 ပဲရိုက်ထည့်ရမှာပါ။ ), PL > Enter, စမှတ်ကလစ်ချ H > Enter, လိုချင်တဲ့ Starting half-width ရဲ့ တန်ဖိုး Enter, Ending half-width ရဲ့တန်ဖိုး Enter,

သွားမည့်ဘက် Direction ပြ, Distance တန်ဖိုးရိုက်ပြီး Enter. ( အထူတန်ဖိုးတွေ ပြန်ဖြုတ်ချင်ရင် half-width တန်ဖိုးတွေကို zero ပြန်ထားပေးလိုက်ပါ။ )

(3) Length ဆိုတာကတော့ Polyline ကို Arc နဲ့ဆွဲပြီးချိန်မှာ ရလာတဲ့ Arc ရဲ့ Tangent နဲ့ တစ်ပြေးတည်း Line ပြန်ဆွဲချင်ရင်သုံးပါတယ်။ PL > Enter, စမှတ်ကလစ်ချ A > Enter, ( ORTHO (F8) ပိတ်ပြီး စမ်းကြည့်ပါ။ ) Arc ရဲ့ End Point ကလစ်ချ, Line ပြန်ဆွဲမှာဖြစ်တဲ့အတွက် L > Enter, Length ကိုသုံးဖို့အတွက် L > Enter, Distance တန်ဖိုး Enter.

(4) Undo ကတော့ ဆွဲခဲ့တာတွေ တစ်ခုချင်းစီ နောက်ပြန်ဆုတ်တာပေါ့။

(5) Width ဆိုတာက အထူတန်ဖိုးကို အပြည့်ပေးပြီးဆွဲတာပါ။

* ( Width ကိုသုံးပြီး Arrowhead ပုံစံဆွဲကြည့်ရအောင် ) Pl > Enter, စမှတ်ကလစ်ချ W > Enter, Starting Width ကို 0 (zero) Enter, Ending Width ကို 1 (proper value) Enter, သွားမည့်ဘက်ကို Direction ပြ Distance တန်ဖိုး (3) Enter,

Width ပြန်လျှော့ဖို့အတွက် W > Enter, 0 (zero) Enter, 0 (zero) Enter, သွားမည့်ဘက်ကို Direction ပြ Distance တန်ဖိုး Enter (or) ကလစ်ချ Enter. . . .

* [ (͟͞ ) ], Parallel လိုင်းနှစ်ကြောင်းကို Arc နဲ့ပိတ်ထားတဲ့ပုံစံ တစ်ဆက်တည်းဖြစ်နေအောင် Polyline နဲ့ဆွဲကြည့်မယ်။

Pl > Enter, စမှတ်ကလစ်ချ ( Width တွေပါနေရင် W > Enter မှာ 0 တွေပြန်ပေးထားနော် )(ORTHO (F8) ဖွင့်ထားပါ ) ညာဘက်ကို Direction ပြ Distance တန်ဖိုး (10) Enter, A > Enter, အပေါ်ဘက်ကို Direction ပြ Arc တန်ဖိုး (5) Enter, L > Enter, ဘယ်ဘက်ကို Direction ပြ Distance တန်ဖိုး (5) Enter, A > Enter, CL (Close) > Enter.

4. Multiline ( ML ) ( Parallel Line တွေဆွဲချင်ရင် သုံးပါတယ်။ 2D Plan မှာ Wall တွေဆွဲတဲ့အခါ အသုံးများပါတယ်။ )

===================================================================

* Multiline မှာ Options သုံးမျိုးရှိပါတယ်။ [ Justification / Scale / STyle ] တို့ပဲဖြစ်ပါတယ်။ * Justification ကတော့ စမှတ်ကို Multiline ရဲ့ Top, Zero, Bottom ညှိဖို့ဖြစ်ပါတယ်။ * Scale ကတော့ Multiline နှစ်ကြောင်း ကြား အကွာအဝေးပါ။

* Style ကတော့ Multiline တွေကို ကြိုတင်ပြီး Style သတ်မှတ်ထားဖို့ပါ။ ( ပုံမှန်အတိုင်းဆို Style = Standard ပါပဲ။ ကိုယ်တိုင်သတ်မှတ်ဖို့ဆိုရင် MLSTYLE နဲ့ Multiline Style ခေါ်ကာ New တောင်းပြီး သတ်မှတ်ထားနိုင်ပါတယ်။ Multiline Style ကိုတော့ ကိုယ်တိုင်စမ်းကြည့်တော့နော် မခက်ပါဘူး။ )

* ကဲ Multiline တစ်ကြောင်းဆွဲမယ်ဆိုရင် ML > Enter, J > Enter, T (Top) > Enter ( စမှတ်ဟာ Multiline ရဲ့ အပေါ်ပိုင်းမှာ ဖြစ်ပါတယ်။) [OR] Z (Zero) > Enter ( စမှတ်ဟာ Multiline ရဲ့ အလယ်။) [OR] B (Bottom) > Enter ( စမှတ်ဟာ Multiline ရဲ့ အောက်ပိုင်းမှာပါ။ ),

S > Enter, Line နှစ်ကြောင်းကြား အကွာအဝေးတန်ဖိုး (wall thickness) ရိုက်ပြီး Enter, Style တွေတောင်းခဲ့လို့ ရွေးချင်ရင် (တောင်းခဲ့မှသာ)ST > Enter, Style name ရိုက်ထည့်ပြီး Enter, စမှတ်ကလစ်ချ သွားမည့်ဘက် Direction ပြ Distance တန်ဖိုးပေးပြီး Multiline တွေဆွဲနိုင်ပါပြီ။

5. Multiline Edit (MLEDIT)

================

* Multiline တွေကို အသေးစိတ်ပြန်ပြင်ဖို့အတွက် သုံးတဲ့ Command ဖြစ်ပါတယ်။ MLEDIT > Enter, Multilines Edit Tools Dialog Box ကျလာတဲ့အခါ ကိုယ်ပြင်ချင်တဲ့ပုံစံအတိုင်း Box ထဲမှာရှိတဲ့ Icon ကိုကလစ်နှိပ်ပြီး ပြင်ချင်တဲ့ Multiline တွေပေါ်ကို ကလစ်ချကာ ပြင်နိုင်ပါတယ်။

ဒီနေရာမှာ Icon မှာပါတဲ့အတိုင်း Dotted Line နဲ့ပြထားတဲ့ (Horizontal အတိုင်းရှိနေမယ့်) Multiline ကို နောက်မှ ကလစ်ချပေးပါ။ Vertex တွေ အတိုးအလျှော့လုပ်တာကတော့ ကလစ်ချတဲ့အချိန်မှာ မသိသာပါ။ Command ထွက်ပြီးချိန် Select ပေးကြည့်မှသာသိနိုင်မှာပါ။ Select ပေးထားတဲ့အချိန်မှာ Grip (တုံး)ပေါ်မှာ ကလစ်ချပြီး လိုသလိုရွှေ့နိုင်ပါတယ်။

* ဘာပဲဖြစ်ဖြစ် Wall တွေဆွဲရုံသက်သက်လောက်ဆိုရင်တော့ Multiline တွေဟာ ပြန်ပြင်ရတာ ရှုတ်ထွေးနေမှာပါ။ ဒါကြောင့် နောက်ပိုင်းမှာ Multiline အဖြစ်သုံးမှာမဟုတ်တော့ဘူးဆိုရင်တော့ X > Enter, Multiline တွေကို Select ပေး Enter နဲ့သာ Explode ဖောက် Line အဖြစ်ပြောင်းပြီး လိုသလိုသာပြင်ပါတော့။

Credit to Org Writer

Copy from ...
အင်​ဂျင်​နီယာနဲ့ သက်​ဆိုင်​သမျှ တင်​ကြမယ်​ Group

29/12/2016

AutoCAD Shortcut Keys

L - Line - မျဉ်းဖြောင့်တစ်ကြောင်းဆွဲခြင်း

ML - Multiline - မျဉ်းဖြောင့်၂ကြောင်းပြိုင်ဆွဲခြင်း

REC - Rectangle - ထောင့်မှန်စတုဂံဆွဲခြင်း

C - Circle - စက်ဝိုင်းဆွဲခြင်း

POL - Polygon - အနားညီပိုလီဂွန်(ဗဟုဂံ)များဆွဲခြင်း

A - Arc - စက်ဝန်းပိုင်းဆွဲခြင်း

EL - Ellipse - ဘဲဥပုံစက်ဝိုင်းဆွဲခြင်း

PL - Polyline - တစ်ဆက်တည်းဖြစ်သော မျဉ်းများဆွဲခြင်း

M - Move - နေရာရွှေ့ခြင်း

E - Erase - ဖျက်ခြင်း

TR - Trim - အနားစများ တိခြင်း/ညှိခြင်း

EX - Extend - မျဉ်းများ/မျဉ်းကွေးများအား ဆန့်ထုတ်ခြင်း

F - Fillet - မျဉ်းပြိုင်မဟုတ်သော မျဉ်း၂ကြောင်း(သို့)စက်ဝိုင်း/စက်ဝန်း၂ခုအား ဆုံမှတ်တစ်ခုတွင် သတ်မှတ် အချင်းဝက်တစ်ခုဖြင့်ဆက်သွယ်ပေးခြင်း

CHA - Chamfer - မျဉ်းပြိုင်မဟုတ်သော မျဉ်း၂ကြောင်းအား ဆုံမှတ်တစ်ခုတွင် သတ်မှတ်အရှည်ရှိသော မျဉ်းတစ်ကြောင်းဖြင့်ဆက်သွယ်ပေးခြင်း

CO/CP - Copy - ပုံများ ပုံတူပွားခြင်း

O - Offset - မျဉ်းများ၏၉၀ဒီဂရီအတိုင်း အကွာအဝေးတူညီစွာ/အချိုးတူညီစွာဖြင့် ပုံပွားပေးခြင်း

RO - Rotate - ပုံများအား ဗဟိုချက်တခုထား၍လှည့်ပေးခြင်း

S - Stretch - ပုံများအား လိုအပ်သောနေရာမှစ၍ ဆွဲကျုံခြင်း/ဆွဲဆန့်ခြင်း

SC - scale - အရွယ်အစား အကြီး/အသေး ပြောင်းလဲခြင်း

MI - Mirror - ပုံများအား မှန်ရိပ်တွင်ပေါ်သကဲ့သို့ ပြောင်းပြန်လှန်ပေးခြင်း

AR - Array - ပုံများအား တူညီသောအကွာအဝေးပေး၍ ပုံတူများပွားထုတ်ခြင်း

X - Explode - တစ်ဆက်တည်းဖြစ်နေသော မျဉ်းများ ပုံများအား ပြန်လည်ခွဲထုတ်ခြင်း

DIV - Divide - မျဉ်းများအား အကွာအဝေးတူညီစွာ အမှတ်များဖြင့် ပိုင်းဖြတ်ခြင်း

H - Hatch - သတ်မှတ်ဘောင်တခုထဲတွင် အစင်းကြောင်းများ၊ အမှတ်များ...စသည်ဖြင့် ဖြည့်ပေးခြင်း

T/MT - Multiline Text - စာရိုက်ခြင်း

P - Pan - မြင်ကွင်းအား ရွှေ့၍ကြည့်ခြင်း

Z - Zoom - မြင်ကွင်း ချုံ့/ချဲ့၍ ကြည့်ခြင်း

UN - Unit - အတိုင်းအတာယူနစ် ပြောင်းလဲခြင်း

LI - Limits - ပုံဆွဲမည့် ဧရိယာအား အတိုင်းအတာတစ်ခု သတ်မှတ်ပေးခြင်း

PR/OP - Option - အထွေထွေ အသုံးပြုမှုများပြောင်းလဲခြင်း

V - View - သတ်မှတ်မြင်ကွင်းတစ်ခုအား သိမ်းဆည်းထားခြင်း

OS - Object Snap - ပုံများ၏သတ်မှတ်နေရာတစ်ခုအားcursor ကို ရောက်အောင်မသွားပဲ အတိအကျယူခြင်း

RE - Regenerating - ပုံများကို မြင်ကွင်းအမှန်မြင်ရရန်အတွက် ပြောင်းလဲပေးခြင်း

U - Undo - ပြုလုပ်ပီးသား commandအား ပြန်လည်ဖျက်သိမ်းခြင်း

REDO - Redo - ဖျက်သိမ်းပြီးသား command အား ပြန်လည်ခေါ်ယူခြင်း

PE - Polyline Edit - မျဉ်းကြောင်းများအား တစ်ဆက်တည်းဖြစ်အောင်ပြုပြင်ခြင်း

ED - Text Edit - စာသားများအား ပြုပြင်ခြင်း

DDEDIT - Text Edit - စာသားများအား ပြုပြင်ခြင်း

HE - Hatch Edit - hatch များအား ပြုပြင်ခြင်း

MA - Match Properties - objectတစ်ခု(သို့)objectများ၏ propertiesများကို အခြား objectတစ်ခု၏propertiesဖြင့်တူညီအောင် ပြုလုပ်ပေးခြင်း

CH - Change Properties - objectတစ်ခု(သို့)objectများ၏ propertiesများကို ပြောင်းလဲပေးခြင်း

A - Layer - လေယာများစီစဉ်ခြင်း

LT - Line Type - မျဉ်းကြောင်း အမျိုးအစားများ ရွေးချယ်ခြင်း

LW - Line Weight - မျဉ်းကြောင်းအထူအပါးများအား ရွေးချယ်ခြင်း

CTS - Line Type Scale - မျဉ်းကြောင်းအမျိုးအစားများအား ရွေးချယ်ခြင်း

D - Dimension Style - အညွှန်းစာများထိုးခြင်း

DI - Distance - အကွာအဝေးတိုင်းတာခြင်း

LEN - Lenthen - အရှည်အလျားတိုင်းတာခြင်း

AA - Area - ဧရိယာတိုင်းတာခြင်း

SL - Slice - 3D ပုံများအား လှီးဖြတ်ခြင်း

UNI - Union - 3D ပုံများအား ပေါင်းစပ်ခြင်း

SU - Subtract - 3Dပုံဆုံမှတ်များ တစ်ခုမှ တစ်ခုဖယ်ထုတ်ခြင်း

3A - 3D Array - 3D ပုံများအား အကွာအဝေးတူညီစွာဖြင့် ပုံတူများပွားထုတ်ခြင်း

F1 - Help
F2 - Text Window
F3 - Object Snap
F4 - Tablet
F5 - Isoplane(L,R,T view)
F6 - Coordinates - ON/OFF
F7 - Grid - ON/OFF
F8 - Ortho - ON/OFF
F9 - Snap - ON/OFF
F10 - Polar Tracking - ON/OFF
F11 - Osnap Tracking - ON/OFF

Credit to ...

Address

No. 687, Swae Nwae Phayar Street
Pyay

Telephone

+959795914933

Website

Alerts

Be the first to know and let us send you an email when Ruby Bright Star Construction Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share