Green Corner

Green Corner အဆင့်အတန်းမှီတဲ့ အရည်အသွေး နဲ့ စိတ်?

06/08/2020

[ ] မြေဆွေးကန် Compost Stack

ကျနော် / ကျမတို့ ခြံ / အိမ်မှာက မြက်တွေ၊ သစ်ရွက်ခြောက်တွေ၊ တခြားသော Garden Waste တွေ၊ အပင်ခုတ်တာတွေ စတာလိုမျိုး အမှိုက်က အများကြီးထွက်တယ်။ မြေဆွေးသေချာလုပ်ချင်တယ်။ ဘယ်လိုလုပ်ရလဲ။

[ ] ပါဝင်ရမယ့်အချိုး
မြေဆွေး / သစ်ရွက်ဆွေးမြေဩဇာ / သစ်ဆွေးမြေဩဇာ ဘယ်လိုခေါ်ခေါ်ပေါ့။ တချို့က Black Gold တောင်ခေါ်ကြသေး။ ပြုလုပ်တဲ့အခါမှာ Carbon to Nitrogen Ratio, C:N ratio ဆိုတာက အရေးပါလာတယ်။ အဓိက ပါဝင်ပစ္စည်းက

1. နိုက်ထရိုဂျင်အဓိက ကြွယ်ဝတဲ့ အစိမ်း ( Green ) ရယ်၊
2. ကာဗွန်ကြွယ်ဝတဲ့ အခြောက်ရယ် ( Brown)
3. အပေါ်ကနှစ်ခုအလုပ်လုပ်နိုင်ဖို့ ပေါင်းစည်းလုပ်ဆောင်ပေးဖို့ မြေသား ( Black) ရယ်၊ လိုပါတယ်။
ဒီသုံးမျိုးက သူ့အချိုးအဆနဲ့သူ ရောစပ်ပြီး လုပ်ဆောင်ပေးရပါတယ်။

ဘိုကာရှီမှာ အားသာတာတခုက ဘယ်ဟာက ပမာဏပိုများတယ်ဆိုတာ ဂရုစိုက်နေစရာမလိုတာပါပဲ။
ကာဗွန်ရော နိုက်ထရိုဂျင်ရော ဘာနေနေ ဘယ်ဟာက ပိုများများ အရေးမကြီးဘူး။ ဘိုကာရှီမှာ EM သုံးထားတယ်။ အီးအမ်မှာ ပါဝင်တဲ့ အကျိုးပြုအနုဇီဝ လေးတွေက Equalizers တွေပဲ။ သူတို့က ထိန်းညှိလုပ်ဆောင်ပေးသွားတာမို့ အဆင်ပြေပြေ လွယ်လွယ်ကူကူနဲ့ လုပ်ဆောင်နိုင်တယ်။

[ ] How to Build လုပ်ဆောင်ပုံ
ဆိုတော့ လိုရင်းဖြစ်တဲ့ မြေဆွေးကန်လုပ်နည်း ပြောကြစို့ရဲ့။

ကျင်းတူးပြီး ပြုလုပ်နိုင်တယ်။
ကျင်းမတူးဘဲ မြေပေါ်မှာတင် ကန်ဆောက်ပြီး ပြုလုပ်နိုင်တယ်။ နှစ်သက်ရာရွေးချယ်ဖို့ပါ။

ကျင်းတူးမယ်ဆိုရင် ၄ ပေပတ်လည်၊ သို့ ၊ ရှည်ရှည်လိုချင်တာမျိုးဆို ၄ ပေ၊ ၆ ပေ လောက်အကျယ် တူးပါ။ (၃ ပေ၊ ၆ပေတော့ မတူးနဲ့ပေါ့😁)
ကျင်းမတူးဘဲ လုပ်မယ်ဆိုရင်တော့ ဝါးကတ်လိုမယ်။ ဝါးတိုင်စိုက်၊ ဝါးတန်းတန်း၊ ပြီးတော့ ဝါးကတ်ကို ကပ်ချည်ပေါ့။ ဒါဆို အမှိုက်ကန်လေးလိုမျိုး ကန်လေးရသွားမယ်။
သစ်သားနဲ့လည်းရပါတယ်။ ဘိုကာရှီမြန်မာ မှာတော့ သစ်သားခုံ၊ ပဲလတ်ပြား တွေနဲ့ ဆောက်ပါတယ်။ ပဲလတ်ပြား လေးပြားကို ထောင်ပြီး ကြိုးချည်လိုက်ရင် ကန်လေးတကန်ရတာပါပဲ။
ဆိုတော့ ကိုယ်နှစ်သက်သလို မြေကြီးထဲကန်တူးတူး၊ မြေကြီးပေါ် ကန်ဆောက်ဆောက်၊ အဆင်ပြေရာ ရွေးချယ်ပါ။

[ ] သိထားသင့်တာလေးတွေ
မြေဆွေးကန်ပြုလုပ်ဖို့ရွေးချယ်ထားတဲ့နေရာက အရိပ်ရတဲ့နေရာဖြစ်ရင် ပိုကောင်းပါတယ်။ သစ်ပင်ရိပ်၊ သစ်ပင်ကြီးတွေအောက် စတာမျိုးပေါ့။
မိုးတွင်းမှာ မြေမှာတူးပြီးလုပ်မယ်ဆိုရင်တော့ တွင်းနှုတ်ခမ်းလေးတွေ မြင့်မြင့်ထားသင့်ပါတယ်။ ရေမဝင်အောင်လို့ပါ။ မိုးရွာလို့ ရေအရမ်းဝင်သွားရင် မြေဆွေးကန်က ရေကန်လိုဖြစ်သွားမှာ။ ဒါဆို မြေဆွေးလုပ်ငန်းစဉ်တွေက ရပ်ဆိုင်းသွားမယ်။ ​နှေးကွေးသွားမယ်။ အကျိုးမပြီး အချည်းနှီးဖြစ်သွားလိမ့်မယ်။ ဒါလေးသတိချပ်ဖို့လိုမယ်။

ဘိုကာရှီမှာ နမူနာလုပ်ထားတဲ့ Triple compost stack ဆိုတဲ့ သုံးကန်တွဲလေးရှိတယ်။ ပဲလတ်ပြား ၁၀ ပြား ပဲလိုတယ်။ ခြံကျယ် ဝန်းကျယ် ဥယျာဉ်နဲ့ ပန်းခြံနဲ့ နေရာလည်းရှိတယ်။ အမှိုက်လည်းထွက်တယ်။ မြေဆွေးလည်းလုပ်ချင်တယ်။ ဆိုတဲ့ လူများအတွက် နမူနာလုပ်ပေးထားတာ။
သုံးကန်တွဲထဲက တကန်က ယာယီ အမှိုက်သိုလှောင်ကန်။ ကျန်တဲ့ နှစ်ကန်က မြေဆွေး လုပ်တဲ့အခါ လည်ပတ်လုပ်ဆောင်ဖို့။ အလှည့်ကျ Rotation နဲ့ပေါ့။ ဒီလိုသဘောမျိုး။

[ ] How to compost မြေဆွေးလုပ်ပြီ
ကန်ဆောက်ပြီးရင် လုပ်နည်းကတော့ လွယ်သလားပေါ့။
1. သစ်ရွက်ခြောက်၊ Brown stuff ကာဗွန်ကြွယ်တာလေး ၆ လက္မလောက် တလွှာ တစ်ထပ်ထည့်။ ရေရွှဲရွှဲလောင်း။ EM ရှိရင် အီးအမ်နဲ့ စပ်ပြီးလောင်းပေး။
2. အစိမ်းအစို Green stuff နိုက်ထရိုဂျင်ကြွယ်ဝတာလေး အပေါ်က တလွှာထည့်။ မီးဖိုချောင်က ထွက်သမျှ အမှိုက်တွေကို အချဉ်ဖောက်ထားတာက Green ပဲပေါ့။ အစိမ်း အစိုအနေနဲ့ထည့်ပေါ့။
3. အပေါ်ကကျတော့ Black stuff အမဲ ဖြစ်တဲ့ မြေသား၊ မြေဆွေး၊ နွားချေး၊ ကြက်ချေး စတာတခုခုထည့်ပေါ့။ ပြီးရင် အပေါ်က ရေတခါထပ်လောင်းပေးပေါ့။
ဒီနည်းအတိုင်း ကန်မပြည့်မချင်းလုပ်ဆောင်သွားနိုင်တယ်။ တရက်ထဲနဲ့ကန်အပြည့်ဖြည့်ရမှာလား။ မလိုပါဘူး။ တရက်နည်းနည်းရှိ နည်းနည်းပေါ့။ လုပ်တဲ့အခါတိုင်းမှာသာ ခုလိုမျိုး သုံးလွှာ သုံးဆင့် သုံးလေယာ ပါအောင် လုပ်ပေး။

[ ] Time to be Ready
ဘယ်လောက်ကြာရင် သုံးလို့ရမှာတုန်း။
ဘိုကာရှီရယ်၊ အီးအမ်ရယ်ပါမယ်ဆိုရင် ၂ ပတ် နောက်ပိုင်း ဒီကန်ထဲက တူးယူပြီး အသုံးပြုနိုင်ပြီလို့ဆိုပါတယ်။
ဒီမှာကတော့ ၆ပတ် ကနေ ၈ ပတ်လောက်အထိ၊ ၂လပေါ့။ ထားပြီးမှ သုံးပါတယ်။

[ ] Maintenance
အရေးကြီးတာတခုက ခြောက်သွေ့ရာသီများဖြစ်ကြတဲ့ ဆောင်းနဲ့ နွေကာလမှာ မြေဆွေးကန်ကို တရက်ခြားတခါလောက်တော့ လိုအပ်သလို ရေလောင်းပေးရပါမယ်။ အစိုဓာတ်ကောင်းကောင်းရမှ မြေဆွေးလုပ်ငန်းစဉ် ထိရောက်အောင် လုပ်ဆောင်နိုင်မှာမို့ပါ။
မိုးရာသီမှာတော့ ရေအရမ်းမဝင်သွားအောင် ဂရုစိုက် ကာကွယ်ထိန်းသိမ်းပေးရမှာပါ။ အစိုဓာတ်များလွန်းသွားတော့ လုပ်ငန်းစဉ်နှေးကွေးသွားတတ်လို့ပါ။ အရမ်းစိုနေတဲ့အခါ အခန့်မသင့်ရင် အနံ့ပါ ဆိုးတတ်ပါတယ်။
ဘိုကာရှီမြန်မာအနေနဲ့ကတော့ မြေကျင်းတူးတာထက် မြေပေါ်ကန်ဆောက်ပြီးလုပ်တာကို ပိုသဘောကျပါတယ်။လွယ်ပြီးလူသက်သာလို့ပါ။ ကျင်းတူးတာက ပိုပန်းပါတယ်။ လုပ်ငန်းစဉ်ကျလည်း နည်းနည်း ပိုနှေးကွေးပါတယ်။

[ ] Compost Harvesting မြေဆွေးကန်ဖော်မယ်
မြေပေါ်မှာ ဝါးကတ်၊ သစ်သားပြား စတာတစ်ခုခုနဲ့ ကန်လုပ်ပြီး မြေဆွေးလုပ်တဲ့အခါ၊ နှစ်လ နောက်ပိုင်း မြေဆွေးဖော်တော့မယ်ဆိုရင်၊ အဆင်ပြေတဲ့ဘက်ကနေ ကန်ကို တဘက်က လှပ်ပစ်လိုက်ပါ။ ဒီလိုလှပ်ရ ဖြုတ်ရ လွယ်အောင် သံမရိုက်ပါနဲ့။ အစကထဲက ကြိုးနဲ့ပဲချည်ပြီး ဆောက်ပါ။
တဘက်လှပ်ပြီး အပေါ်ယံကနေစ ဂေါ်ပြားနဲ့ ထိုးယူသုံးတာမျိုးမလုပ်ပါနဲ့။ ပေါက်ပြားနဲ့ ပေါက်ချပြီးသုံးပါ။ အမျိုးအစားက တမျိုးထဲထည့်ပြီး လုပ်ခဲ့တာမဟုတ်ပါဘူး။ ဆိုတော့ နှံ့နှံ့စပ်စပ် အစုံပါအောင်လို့
မြေဆွေးကန်ကို မွေးနေ့ကိတ်လှီးသလို အပိုင်းလိုက် တူးသုံးပေးပါ။ အပေါ်ယံလေးက စတင်ပြီး ဂေါ်ပြားနဲ့ ထိုးယူသုံးလိုက်ရင် မွေးနေ့ကိတ်ကို အပေါ်ပိုင်း သပ်သပ်လှီးစားသလိုမျိုးဖြစ်နေမယ်စိုးမိပါတယ်။ ဒါလေးတစ်ချက် သတိပြုဖို့ပါ။

[ ] Trainings
ဒီလောက်ဆို A Complete Guide to Bokashi Composting လို့တောင် ပြောလို့ရမယ် ထင်ပါတယ်။ သင်တန်းတက်ရင် ၂ နာရီအတွင်းမှာ ဒါတွေအကုန် အသေးစိတ် သေချာ သင်ပေးပါတယ်။ အခု ဘိုကာရှီမြန်မာ ပေ့ချ်မှာ မြန်မာလို သပ်သပ် ရေးတင်ထားသမျှအကုန်ဟာ သင်တန်းမှာ သင်ပေးတဲ့နည်းစနစ်တွေကို ရေးတင်ပေးတာပါ။ စိတ်ဝင်စားတယ်ဆို သင်တန်းမှာလဲ လူချင်းတွေ့၊ လက်တွေ့ လုပ်ဆောင်ကြည့်နိုင်အောင် ဖိတ်ခေါ်ပါတယ်။
လူချင်းတွေ့ဆွေးနွေးတာ သင်ယူတာကတော့ စာဖတ်တာ စာအုပ်နဲ့လုပ်ကြည့်တာမျိုးနဲ့တော့ ကွာခြားတာပေါ့။
1. တနဂ်နွေနေ့တွေမှာဆို Household Bokashi Training ရှိတတ်ပြီး၊
2. အဂ်ါနေ့တွေမှာတော့ Gardeners' Bokashi Training ရှိတတ်ပါတယ်။
ဟော်တယ်တွေ၊ စားသောက်ဆိုင်တွေ၊ နိုင်ငံတကာကျောင်းတွေ၊ ကုမ္ပဏီတွေ၊ စက်ရုံတွေ၊ NGO တွေ စတဲ့ မြို့ပေါ်က အဖွဲ့အစည်းကြီးတွေကိုလည်း Green and Clean အဖွဲ့အစည်းတွေ ဖြစ်စေဖို့ Organic (bio) Waste Management and Composting Trainings တွေ အထူးဝန်ဆောင်မှုပေးပါတယ်။

နယ်ဘက်ကိုလည်း ထွက်ဖြစ်ပါတယ်။ ဘယ်နယ်ဘက်ကို သွားဖြစ်သည်ဖြစ်စေ သေချာပြီဆိုတာနဲ့ ကြိုတင် အသိပေးပါ့မယ်။ ဒါမှ ရန်ကုန်က မဟုတ်သူများလည်း လူချင်းတွေ့ဆွေးနွေးဖို့ အခွင့်ကြုံနိုင်အောင်လို့ပါ။





"19July မမေ့နိုင်" 😢“မျက်ရည်သွန်းလို့ ဘ၀င်ညိုး၊ ဇူလိုင် တစ်ဆယ့်ကိုး”၁၉ရက် ဂျူလိုင် ၂၀၂၀ ခုနှစ် ၁၀နာရီ ၃၇မိနစ် တွင် ကျရော...
19/07/2020

"19July မမေ့နိုင်" 😢
“မျက်ရည်သွန်းလို့ ဘ၀င်ညိုး၊ ဇူလိုင် တစ်ဆယ့်ကိုး”
၁၉ရက် ဂျူလိုင် ၂၀၂၀ ခုနှစ် ၁၀နာရီ ၃၇မိနစ် တွင် ကျရောက်သော အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်ဆောင်ကြီးများအား GREEN CORNER Agritech Co., Ltd. မှ လေးစားစွာဖြင့် ဦးညွှတ်ဂုဏ်ပြုလိုက်ရပါတယ်။

15’x80’ Customize   House
18/06/2020

15’x80’ Customize
House

*   မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃​​ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ...
02/03/2020

* မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃​​ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ့်သည်းအောင် ရေဖြန်း
ဒင်ဆောင့် လိုအပ်သည့် သိပ့်သည်းမှု့ အနေအထားရအောင် ဆောင်
ရွက်ပေးရမည်။

* အဆောက်အဦအတွက် ပတ်တန်းရိုက်သည့်အခါ တောင့်တင်းခိုင်
မာအောင်ရိုက်၍ ပတ်တန်းတိုင်အား မြေအဝင် ၃ပေ၄ပေ
ဝင်အောင်ရိုက်ထားသင့်ပါသည်။အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ အဆောက်အဦတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။
ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။ဥပမာ(၃၊၄၊၅)
(၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။

* အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။

* (၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင်
အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။

* Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။

* Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်
အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။ လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။ သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။ အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ်(၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏
ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။
* အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်
(၇)ရက်အထိ ရေဖြန်းပေးရပါသည်။

* အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။

* ဝါးငြမ်းများဆင်သောအခါ အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာ
ခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။

* သံကိုဖြတ်တောက်သည့်အခါ (၄၅) ဒီဂရီချိုးချင်​​သော သံချောင်း
ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။ (၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)

* တံခါးရွက်များကို အဆောက်အဦတစ်ခုလုံး၊ အခြားလုပ်ငန်းများ
ပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။

* အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တ
ရာဖြင့် သုတ်ထားရပါမည်။

* အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။

* လှေကားပြုလုပ်ရာတွင် လှေကားထစ်အရေအတွက်ကို "ရာဇ'' ၊
"မရဏ '' ၊ ''လာဘ'' ဟူ၍ အစဉ်လိုက် မှတ်ယူသွားရာ ''မရဏ''ကျသည့်
လှေကားထစ်များကို ရှောင်ကျဉ်ကျသည်။
ဥပမာ - ရာဇ. ၁ ၊ ၄ ၊ ၇ ၊ ၁၀
မရဏ. ၂ ၊ ၅ ၊ ၈ ၊ ၁၁
လာဘ. ၃၊ ၆ ၊ ၉ ၊ ၁၂
အထက်ပါ '' မရဏ '' လှေကားထစ်များဖြစ်ကြသော ၂ ၊ ၅ ၊ ၈၊ ၁၁
စသည်တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များဖြစ်သည်ဟု ဆိုလိုသည်။လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။

* နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍
ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။ နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

* ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်
ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။ သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထား
ရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက်
အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ
ရေဖြည့်ထားရပါမည်။
မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ
ပြင်ညီအောင် ညှိပေးရမည်။ Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန်vibrator အသုံးပြုရာတွင်rodတံကိုတည့်မတ်စွာထိုးရပါမည်။Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်​ရေန်သတိ​ပြုရမည်။Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။
Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။

*သံချောင်းဆက်ရာတွင် အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံး
ရှိရပါမည်။သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့
(12') အမြင့်ထိသာ လောင်းသင့်ပါသည်။

*အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။

*Concrete 1m^3လျှင် 35.32ft^3 ရှိပါသည်။
* ရေကိုဂါလံတွက်သည့်အခါ အလျှား× အနံ × အမြင့် ×6.25နှင့်မြောက်လျှင့်ရေဂါလံရရှိပါမည်။ရေကိုလီတာဖြင့်တွက်သည့်အခါအလျား×အနံ×အမြင့်=ရလာတဲ့အဖြေကို4.54နှင့်မြှောက်ရပါမည်။

*(8"×8")​ကြွေပြားတစ်ကျင်းလျှင်225ချပ်
(8"×12")​ကြွေပြားတစ်ကျင်းလျှင်150ချပ်
(12"×12")​ကြွေပြားတစ်ကျင်းလျှင်100ချပ်
(1 '×2')​ကြွေပြားတစ်ကျင်းလျှင်50ချပ်
(2 '×2 ')​ကြွေပြားတစ်ကျင်းလျှင်25ချပ်

*သစ်တစ်တန်တွင်ရှိရမည့် အတိုင်းအတာများ
(12"×1")=600'
(11"×1")=655'
(10"×1")=720'
(9"×1")=800'
(8"×1")=900'
(7"×1")=1029'
(6"×1")=1200'
(5"×1")=1440'
(4"×1")=1800'
(3"×1")=2400'
(2"×1")=3600'
(1"×1")=7200'
(2"×1-1/2")=7200 '
(3"×1-1/2")=1600 '
(6"×6")=200 '
( 3"×3")=800 '
(3"×2")=1200 '
(4"×4")=450 '
(4"×2")=900 '
(4"×1-1/2")=1200 '
(5"×5")=288 '
(5"×3")=400 '
(5"×2")=720 '
(6"×2")=600 '
(6"×1-1/2")=2400 '

1Ton တွင်ရှိသောသံချောင်းအရေအတွက်များ
တစ်ချောင်းလျှင်12mm=40ft
6.5mm=0.26kg/m
1ton=3834m
1 viss = 20.22=20'-3"

8mm=0.395kg/m
1ton=2531m
1 viss = 13.35=13'-4"

10mm=135 ချောင်း
12mm=88 ချောင်း
16mm=53 ချောင်း
18mm=41 ချောင်း
20mm=33 ချောင်း
22mm=27 ချောင်း
25mm=21 ချောင်း
1m=3.28ft
1 inch=25.4mm
1m^3=35.32ft^3
Water 1ft^3=62.4 lb
Water 1ft^3=624 Gal
Water 1 Gal=10lb
Water 1 Gal=4.54 Liter
1 Ton = 2240 Lb
1 Acre-ft=1234m^3
1 Acre=0.405 hectares
1 meter= 3.281 feet
1 km= 0.621 Mile
1 sq mile =2.59 sq km

တစ်ဧကလျှင် 208.71 ft ပတ်လည်ရှိသည်။
တစ်ဧက=43560 စတုရန်းပေ
ဘိလပ်မြေတစ်အိတ်လျှင် 50kg လေးပါသည်။
တစ်တန်လျှင် 1000 kg
ဘိလပ်မြေ 20 အိတ်လျှင် တစ်တန်ရှိပါသည်။

Sand(သဲ)
Sand coarse(သဲကြမ်း)
Sand fine(သဲ နု)
Gravel(ကျောက်စရစ်)
Cement(ဘိလပ်မြေ)
Water(ရေ)
Brick(အုတ်)
Brickwork (အုတ်စီခြင်း)
Plastering work(နံရံချောခြင်း)
Stair plastering work (လှေခါးချောခြင်း)
Bamboo( ဝါးလုံး)
Earth(soil)မြေတူး
Plywood(အထပ်သားပြား)
Dig earth(soil)မြေကြီးတူး
Earth (soil) compaction construction(မြေကြီးကြိတ်ခြင်း)
Earth(soil) leveling construction(မြေကြီးညှိခြင်း)
Water pump(ရေစုပ်စက်)
Backhoes(မြေတူး၊မြေကုတ်ကား)
Construction roller(မြေကြိတ်စက်)
Plate compactor(မြေရိုက်စက်)
Shrine room(ဘုရားခန်း)
Living room(ဧည့်ခန်း)
Single bed room (တစ်ယောက်အိပ်ခန်း)
Master bed room(မိသားစုအိပ်ခန်း)
Kitchen room(မီးဖိုခန်း)
Dining room(ထမင်းစားခန်း)
Bath room( ရေချိုးခန်း)
Toilet(အိမ်သာခန်း)
Common toilet(အများသုံးအိမ်သာခန်း)
Lounge room(sitting)အပန်းဖြေခန်း
Basement (cellar)မြေအောက်ခန်း
Study room(စာကြည့်ခန်း)
Roof (အမိုး)
Lighting rod(မိုးကြိုးလွှဲ)
Gutter(ရေတလျောက်)
Attic(ထပ်ခိုး)
Gable(မြင်းမိုရ်ပိတ်)
Water Tank(ရေလှောင်ကန်)
Ceiling(မျက်နှာကျက်)
Balcony(လသာဆောင်)
Verandah(ဝရံတာ)
Windows(ပြတင်းပေါက်များ)
Doors(တံ ခါးများ)
Ventilator(လေဝင်လေထွက်ပေါက်)
Portico(အိမ်ရှေ့ပေါ်တီကို)
Staircase/stairs(​လှေခါးများ)
Gate(ဝင်းတံခါး)
Fence(ခြံစည်းရိုး)
Garden home(ဥယျာဉ်)
Letter box(အိမ်ရှေ့စာတိုက်ပုံး)
Door bell(အိမ်ရှေ့အချက်ပေးဘဲလ်)
Drain(ရေမြောင်း)

*လိုအပ်သည်များကို မိမိတို့အသိပညာ၊အတွေ့အကြုံများဖြင့် ထပ်မံဖြည့်ဆည်းပါလို့ပြောရင်း........

* မေတ္တာဖြင့် *credit.
U Myo Min
Wint Hte San Construction & Home Decoration Co.,Ltd.

27/01/2020
26/01/2020
🏗 Concrete building နဲ့ Steel Building​တွေရဲ့​ကောင်းကျိုး/ဆိုးကျိုးများ=================================================...
05/12/2019

🏗 Concrete building နဲ့ Steel Building​တွေရဲ့​ကောင်းကျိုး/ဆိုးကျိုးများ
=================================================

🧱 Advantages of Concrete
-----------------------------------------
၁။ Compressive Strength ပိုမို​ကောင်းမွန်​တယ်​။
၂။ မီး​လောင်​ဒဏ်​ကို Steel ထက်​ပိုပြီး ခံနိုင်​တယ်​။
၃။ ပြင်​ဆင်​စရိတ်​နည်းနည်းနဲ့ သက်​တမ်းတာရှည်​ခံနိုင်​တယ်​။
၎။ Dams, Piers, Footing တို့လိုမျိုး Structural Types​တွေအတွက်​ပိုပြီး​တော့ economical ကျတယ်​။
၅။ Precast Structural Components​တွေလို လိုချင်​တဲ့ ပုံစံကို သွန်း​လောင်းနိုင်​တယ်​။ Deflection ဖြစ်​ပေါ်မှုနည်းနည်းနဲပ Rigid member​တွေ တည်​ဆောက်​နိုင်​တယ်​။

🧱 Disadvantages of Concrete
-------------------------------------------------
၁။ Tensile strength က Compressive strength​အောက်​၁၀ ပုံ ၁ ပုံခန့်​နည်းတယ်​။
၂။နောက်​ဆုံးလိုချင်​တဲ့ Strength ရရှိဖို့အတွက်​ဖျော်​စပ်​ရတာ​တွေ (Mixing)၊ သွန်း​လောင်းရတာ​တွေ(casting) နဲ့ curing (အစိုဓာတ်​ထိန်းသိမ်းရတာ​တွေ) စတာ​တွေ လိုအပ်​ပါတယ်​။
၃။ ကွန်​ကရစ်​သွန်း​လောင်းဖို့အတွက်​ဆင်​ရတဲ့ formworks​တွေရဲ့ ကုန်​ကျစရိတ်​က မြင့်​မားပါတယ်​။ formworks အတွက်​လိုအပ်​တဲ့ ပစ္စည်း​တွေနဲ့ လုပ်​သားပညာရှင်​ခ​တွေက သွန်း​လောင်းရတဲ့ ကွန်​ကရစ်​ရဲ့ ကုန်​ကျစရိတ်​နီးပါးရှိပါတယ်​။
၎။ Steel နဲ့ စာရင်​Compressive strength ပိုနည်းပါတယ်​။ ( materials​ပေါ်မူတည်​ပြီး​တော့ 1း10 ခန့်​ရှိပါတယ်​)။ အဲဒီအတွက်​ကြောင့်​အထပ်​မြင့်​အ​ဆောက်​အဦ​တွေရဲ့ Column​တွေဟာ ကြီးမားတဲ့ Section​တွေဖြစ်​လာပါတယ်​။
၅။ Live loads သက်​ရောက်​မှု​တွေနဲ့ Shrinkage​တွေ​ကြောင့်​concrete မှာ cracks​တွေ​ပေါ်လာပါတယ်​။

🏗 Advantages of Steel
---------------------------------------
၁။ Strength to weight ratio မြင့်​မားပါတယ်​။
၂။ Steel structures​တွေရဲ့ ဂုဏ်​သတ္တိ​တွေက uniform ဖြစ်​ပါတယ်​။ တသားတည်းဖြစ်​ပြီး​တော့ ကြိုတင်​ခန့်​မှန်းနိုင်​မှု ပိုမိုမြင့်​မားတယ်​။
၃။High ductility ဖြစ်​တဲ့ အတွက်​ကြောင့်​ပြိုကျ/ပျက်​စီး​တော့မဲ့ အ​ခြေအ​နေ​တွေကို ကြိုတင်​ပြီး လုံ​လောက်​တဲ့ သတိ​ပေးနိုင်​စွမ်းရှိပါတယ်​။
၎။ လွယ်​လွယ်​ကူကူ ပြန်​လည်​အသုံးပြုနိုင်​ပါတယ်​။
၅။ Steel structure​တွေဟာ concrete structure နဲ့ စာရင်​သူ့မှာပါဝင်​တဲ့ ပစ္စည်း​တွေနဲ့ လွယ်​လွယ်​ကူကူ လျင်​လျင်​မြန်​မြန်​တည်​ဆောက်​နိုင်​ပါတယ်​။
၆။ Steel structure တည်​ဆောက်​ရာမှာ အခြားတည်​ဆောက်​ရေးပစ္စည်း​တွေကို အသုံးပြုခြင်းအားဖြင့်​ရာသီဥတု​ကြောင့်​ဖြစ်​လာမဲ့ အကျိုးသက်​ရောက်​မူ​တွေ နည်းနိုင်​ပါတယ်​။
၇။ နဂိုကတည်းက ရှိ​နေတဲ့ Steel structure ကို ထပ်​ပြီး တိုးချဲ့ဖို့ လွယ်​ကူပါတယ်​။
၈။ ပြုပြင်​ထိန်းသိမ်းထားတဲ့ Steel frame​တွေဟာ အကန့်​အသတ်​မရှိ သက်​တမ်းရှည်​ကြာနိုင်​ပါတယ်​။

🏗 Disadvantages of Steel
------------------------------------------
၁။ သံ​ချေးတက်​ပြီး ထိခိုက်​လွယ်​တဲ့ အတွက်​ကြောင့်​သံ​ချေးမတက်​ဖို့ zic-rich paint နဲ့ ထပ်​ပြီး ကာကွယ်​ထားဖို့လိုအပ်​ပါတယ်​။အခြား structural materials​တွေနဲ့စာရင်​ပြင်​ဆင်​ထိန်းသိမ်းစရိတ်​ပိုမိုကုန်​ကျနိုင်​ပါတယ်​။ Corrosion-resistance steel​တွေကိုလည်းဘဲ သုံးဖို့လိုအပ်​ပါဦးမယ်​။
၂။ အပူချိန်​မြင့်​မား​လေ​လေ အကျိုးသက်​ရောက်​မှုများ​လေ​လေ ဖြစ်​တဲ့အတွက်​ကြောင့်​မီး​လောင်​ခြင်းဒဏ်​မှ ကြိုတင်​ကာကွယ်​ထားဖို့ လိုအပ်​ပါလိမ့်​မယ်​။
၃။ထပ်​ခါထပ်​ခါသက်​ရောက်​နေတဲ့ ၀န်​အား​တွေ​ကြောင့်​faituage ဖြစ်​တာ​တွေ၊ Stress concentration​တွေပါဝင်​လာတဲ့အခါ structural details​ပေါ် မူတည်​ပြီး structural steel​တွေဟာ ကျိုးလွယ်​ပဲ့လွယ်​ထိခိုက်​လွယ်​ပါတယ်​။
၎။ ပိုမိုသွယ်​လျတဲ့ Compression member​တွေ ပိုလာရင်​ဖိအား​ကြောင့်​တွန့်​ကြေပျက်​စီးမှု​အန္တရာယ်​ပိုများလာမှာပါ။ တခါတရံမှာ​တော့ member​တွေ ပိုမို​တောင့်​တင်းဖို့အတွက်​ထပ်​လောင်း ထည့်​ပေးရတာ ရှိလာတဲ့အခါ structure ဟာ ပုံမှန်​အ​နေအထားမှာ ရှိမ​နေတာ​တွေ ဖြစ်​လာပါ​တော့တယ်​။



24/11/2019

REGASA Distribuidor exclusivo www.regasa.co [email protected] Invernaderos, protección de cultivos. - Económico - Alta Calidad - Mínimo Mantenimiento Caracterís...

Address

10th Street, Shwechi Qtr
Pyinmana

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+95943015755

Website

Alerts

Be the first to know and let us send you an email when Green Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Green Corner:

Share