19/05/2026
အိမ်တအိမ်ဆောက်မယ်၊ Project တစ်ခုစမယ်ဆိုရင်
“Engineer ခေါ်ထားတာပဲ မဟုတ်လား?” လို့ထင်တတ်ကြပါတယ်။
တကယ်တော့ Construction Field ထဲမှာ Role တစ်ခုချင်းစီမှာ တာဝန်၊ ဆုံးဖြတ်နိုင်စွမ်း/ခွင့် နဲ့ တာဝန်ယူမှု၊တာဝန်ခံရမှုတွေ မတူပါဘူး။
Client တွေ ရောထွေးနေတတ်တဲ့ Position တွေကို ရှင်းပြထားပါတယ်။
1. Site Engineer(Civil Engineering Fieldကပါ။)
အဓိကတာဝန် ကတော့Site မှာ Drawing အတိုင်းအလုပ်ဖြစ်မဖြစ် စစ်ဆေးမယ်၊Layout, Level, Dimension တိုင်းတာတွေလုပ်မယ်၊Labor / Sub-contractor တွေနဲ့လုပ်ငန်းခွင်ကို ထိန်းကြောင်းမယ်၊ ကျရောက်လာတဲ့ ပြသနာ တွေ ကိုအချိန်နဲ့တပြေးညီ ဖြေရှုင်းမယ်၊
နေ့စဥ်လုပ်ကွက်တွေကို Control လုပ်မယ်ပေါ့။
အတိုချုံးပြောရရင်တော့“Drawing ကို Ground ပေါ်မှာ အကောင်အထည်ဖော်တဲ့သူ”ပါ။
2. QC Engineer (Quality Control)(Civil Engineering Fieldထဲကပါပဲ)
အဓိကတာဝန် ကတော့
Concrete quality တွေစစ်မယ်၊Material specification ကိုက်မကိုက် စစ်မယ်၊Finishing Qualityတွေ စစ်မယ်၊
Checklist / Inspection Report ထုတ်မယ်၊စာချုပ်ပါအချက်တွေ နဲ့ ကိုက်ညီမှုရှိမရှိလဲစစ်ပါတယ်။Clientဘက်က လာတာပါ။ Structure သမားများပါတယ်။တကယ်သမာသမတ်ကျပြီး Ethic ရှိတဲ့ QC ဆို Contractor ရော Clientရော (2)ဘက်လုံး ထိန်းညှိုပေးပြီး Win-Win အခြေအနေကို ဖန်တီးပေးနိုင်ပါတယ်။
အတိုချုံးပြောရရင် “အလုပ်ပြီးတာမပြီးတာထက် မှန်မှန်ကန်ကန်ပြီးလားကိုပဲ စစ်တဲ့သူ”ပါ။
3. QS (Quantity Surveyor)(Civil Engineering Fieldထဲက များပါတယ်။)
အဓိကတာဝန်ကတော့
BOQ တွက်မယ်၊ပစ္စည်းအရေအတွက်တွေနဲ့ လုပ်အားခတွေ တွက်မယ်၊ Project ရဲ့ ကုန်ကျစရိတ်တွက်ချက်မယ်၊ Claim / Payment တွေစစ်မယ်၊Budget Control လုပ်ပါမယ်။
အတိုချုံးပြောရရင်“ငွေယိုပေါက်ထိန်းတဲ့သူ ”ပါ။
4. Structural Designer(Civil Engineering Filedကပါပဲ။)
အဓိကတာဝန် ကတော့
Architectဆီကရလာတဲဲ့ Design ကို မြေပြင်မှာ ခိုင်ခိုင်ခံခံ့ နဲ့ လက်တွေ့ လုပ်ကိုင်လို့ရအောင်၊ အဆောက်အဦးကိုသက်ရောက်လာတဲ့ အားတွေ ကိုဘယ်လိုတုန့်ပြန်မလဲဆိုတာ ကို စံချိန်စံညွှန်းတွေနဲ့ အညီ တွက်ချက်ပုံဖော်ပေးတဲ့သူပါ။
အတိုချုံးပြောရရင်
“အဆောက်အဦး မပြိုအောင်တွက်တဲ့သူ”ပါ။
5. Architect(Architecture Fieldကပါ။ဒီမှာတော့ Civil က Engr.တွေလဲ ရှိတတ်ပါတယ်။)
အဓိကတာဝန် ကတော့
Building Design Concept ဖန်တီးမယ်။
Client Lifestyle နဲ့ ကိုက်ညီတဲ့ Designပေါ့။Projectတခုမြေပြင်ပေါ်ပုံပေါ်လာအောင်ပထမဆုံးစိတ်ကူးပုံဖော်တဲ့သူ ဖြစ်သလို Engineer တွေနည်းတူ building codeတွေ၊ ပစ္စည်းတွေရဲ့အရည်အသွေးတွေ၊ ရာသီဥတုတွေရဲ့ အကျိုးသက်ရောက်မှုတွေ၊ လူတွေနဲ့ ပစ္စည်းတွေရဲ့ အချိုးအစားတွေ ၊ ဆောက်လုပ်ရေးနည်းပညာတွေ စတဲ့ အချက်တွေကို ကျွမ်းကျင်ပိုင်နိင်ကြပါတယ်။
အတိုချုံးပြောရရင်“လှပမှု + အသုံးဝင်မှုကို ဖန်တီးတဲ့သူ”ပါ။
6. MEP Engineer (Electrical နဲ့ Mechanical Engineering Fieldက ပါ။)
M = Mechanical
E = Electrical
P = Plumbing
အဓိကတာဝန်ကတော့
Electrical Wiring Design တွေ ၊ရေပိုက်တွေ သွယ်တန်းဖို့နဲ့ ရေဆိုးတွေစွန့်ပစ်ဖို့ကိစ္စတွေ၊Aircon နဲ့ Ventilation Systemတွေ ၊Fire Fighting Systemတွေကို တာဝန်ယူကြပါတယ်။
အတိုချုံးပြောရရင်“Building ထဲက အသက်ရှူစနစ်တွေကို စီမံတဲ့သူ”ပါ။
7. Site Supervisor(Engineering Fieldထဲကမဟုတ်လဲ ရပါတယ်။)
အဓိကတာဝန် ကတော့
အလုပ်သမားတွေကို နေ့စဉ် ကြီးကြပ်မယ်၊Material အသုံးအနှုန်း စောင့်ကြည့်မယ်၊Workmanship စစ်ဆေးမယ်၊Site Discipline ထိန်းကြောင်းပါမယ်။Site Engr.နဲ့ ကွာခြားချက်ကတော့Supervisor က Ex*****on ပိုင်းကို ကြီးကြပ်တယ် Site Engineer က Technical Decision ပိုယူရပါတယ်။(Labour headမဟုတ်ပါဘူး။ Technician Levelပါ။)
ခုကျနော်ပြောခဲ့တဲ့ Roleတွေကတော့ ဒီမှာ အတွေ့ရအများဆုံးနဲ့ Clientတွေ ရောထွေးတတ်တာတွေကို ပဲ ပြထားပါတယ်။Client တွေ သိထားသင့်တဲ့ အရေးကြီးဆုံးအချက်ကတော့
Construction Project တစ်ခုမှာ
Role တစ်ခုတည်းနဲ့ အကုန်မပြီးပါဘူး။
Architect က လှဖို့စဉ်းစားတယ်။
Structural Engineer က မပြိုဖို့စဉ်းစားတယ်။
QS က Budget မကျော်ဖို့စဉ်းစားတယ်။
QC က Quality မကျဖို့စဉ်းစားတယ်။
Construction အဖွဲ့ က တကယ်တည်ဆောက်တယ်။
Project တစ်ခု အောင်အောင်မြင်မြင်နဲ့ပြီးစီးတယ် ဆိုတာ တဦးတယောက်ကောင်းရုံနဲ့ ရရှိလာတာမဟုတ်ပါဘူး။ Client အပါအဝင် အားလုံးပူးပေါင်း ဆောင်ရွက်မှုကနေ သာ ရနိုင်တာပါ။
Clientတွေအနေနဲ့ အဖွဲ့အစည်းကောင်းတွေနဲ့ ချိတ်ဆက်နိုင်ကြပါစေခင်ဗျာ။