Super Home Construction Co.,Ltd

Super Home Construction Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Super Home Construction Co.,Ltd, Construction Company, No. 71, Dhammazedi Road, Yangon, Sanchaung.

https://www.facebook.com/share/p/hfsSivswaQ8D4Ecf/?mibextid=oFDknk
21/02/2024

https://www.facebook.com/share/p/hfsSivswaQ8D4Ecf/?mibextid=oFDknk

Steel_Structure_Building တွေ RC_Short_Column (Pedestal) ထားရတဲ့
အခြေခံ ကြောင်းအရင်းများ • • •

ကျွန်တော်တို့တွေ Steel အဆောက်အအုံ တွေဆောက်ကြတဲ့ အခါ မှာ သံတိုင်တွေရဲ့ အောက်ခြေမှာ RC pedestal လေးတွေ တွေ့မြင်ရလေ့ရှိပါတယ်။ ဒီတော့ ဒီကနေ့ ဆောင်းပါလေးက Steel Column လေးတွေ အောက်မှာ RC Pedestal ထားရခြင်းအကြောင်းအရင်းလေးကို အနည်းငယ် ဖော်ပြပေးမှာဖြစ်ပါတယ်။ 🎈🎈
၁။ ဝန် တွေကို area ကြီးမားတဲ့ အရာတစ်ခုကို ဖြတ်သန်းစေခြင်း
ဥပမာ ပေးရမယ် ဆိုရင် ခဲလုံးတွေပေါ်မှာ ဖိနပ်မပါပဲ လမ်းလျှောက်ရင် နာကျင်မှုကို ခံစားရမှာ ဖြစ်ပြီး ဖိနပ်ဝတ်လိုက်တဲ့အခါမှာတော့ နာကျင်မှု သက်သာသွားတာကို အားလုံးသိကြမယ်ထင်ပါတယ်။ ဒီလိုပါပဲ အဆောက်အအုံရဲ့ ကြမ်းခင်းတွေက ကျွန်တော်တို့ ခြေဖဝါးတွေလိုပဲ သံတိုင်တွေကနေလာတဲ့ ဒဏ်အားတွေကို ခံစားကြရပါတယ်။ ဒါတွေကို တစ်ဆင့် လျှော့တဲ့ အနေနဲ့ ဖိနပ်နဲ့ ခြေဖဝါးနာကျင်မှုကို လျှော့ချ သလို RC Pedestal ရှိနေခြင်းက လျှော့ချစေပါတယ်။
၂။ Reduce Punching Shear stress
လက်ချောင်းလေးတွေကို ရွှံ့ထဲမြှုပ်အောင်ထိုးထည့်တာနဲ့ လက်သီးကို မြုပ်အောင်ထိုးထည့်တာ ဘယ်ဟာက ပိုပြီး ခက်ခဲမလဲ။?
လက်သီးကို မြုပ်အောင်လုပ်ရတာပိုခက်မှာပါ။ engineer term အရဆိုရင်တော့ stress နဲ့ area ပြောင်းပြန်အချိုးကျတဲ့ အတွက် area ကြီးတဲ့ လက်သီးက မြုပ်အောင်လုပ်ဖို့ အားပိုလိုပါလိမ့်မယ်။ သံတိုင်ရဲ့ area ထက် RC Pedestal က area ပိုကြီးတာကြောင့် RC Pedestal ရှိနေခြင်းက ဒီအချက်ကို ကာကွယ်ပေးပါတယ်။
၃။ နောက်တစ်ခု က buckling။
ဝါလုံးတိုတို တစ်ချောင်းကို အသုံးပြုပြီး ထောက်ခုန် တာနဲ့ ဝါးလုံးရှည်ရှည် ကို ထောက်ခုံတာ ဘယ်ဟာ ပိုကွေးပြီး ကျိုးနိုင်ချေရှိမလဲ။ သေချာပါတယ် ဝါးလုံးရှည်က ကျိုးနိုင်ချေများမှာပါ။ အင်ဂျင်နီယာ လိုပြောရင်တော့ buckling failure ဖြစ်ဖို့များတဲ့အတွက်ကြောင့်ပါ။ ဒီတော့ သံတိုင်သီးသန့် ရှည်ရှည် သုံးမယ်ဆိုရင် buckling failure အတွက်ပိုမိုတွက်ချက်ရမှာ ဖြစ်ပြီး short column တက်ထားတဲ့အခါမှာ steel အတွက် buckling failure ဖြစ်နိုင်ချေလျှော့ချပေးမှာဖြစ်ပါတယ်။
၄။ soil နဲ့ steel column ကို ထိမထား တဲ့ အတွက် တိုက်စားမှုဒဏ် လျော့နည်းပြီး ကြာရှည်ခံအောင်ဆောင်ရွက်ပေးနိုင်ပါတယ်။ တစ်နည်း durability ကို တက်စေပါတယ်။ 🎈🎈
အထက်ပါအချက်တွေအပြင် အခြားသော အချက်များလည်း ကျန်ရှိကောင်း ကျန်ရှိနိုင်ပါသေးတယ်။ ဒါကြောင့် ဒီကနေ့ဆောင်းပါးလေးကနေ RC Pedestal ထားရခြင်းရည်ရွယ်ချက် အချို့ကို နားလည်နိုင်ကြမယ်လို့ မျှော်လင့်လိုက်ရပါတယ်။


https://m.facebook.com/story.php?story_fbid=826716819460094&id=100063653511873&mibextid=Nif5oz
27/12/2023

https://m.facebook.com/story.php?story_fbid=826716819460094&id=100063653511873&mibextid=Nif5oz

ဘာကြောင့် ဟက်ခိုး (Hardcore) ရိုက်တာလဲ⁉️
ဒါက အိမ်ရှင်တွေ တော်တော်များ မေးတဲ့ မေးခွန်းပါ၊ မျက်စိထဲ ရိုးရိုးလေး မြင်ကြည့်ရအောင်။
သင့်ရှေ့မှာ ကားတစ်စီး ဗွက်နစ်နေတယ် ဆိုပါစို့ ၊ ကားဒရိုက်ဘာ ဆင်းလာမယ် ၊ ဗွက်လည်နေတဲ့ ချိုင့်ထဲ အုတ်ခဲကျိုး ၊ ခဲကျိုး ၊ ကျောက်တုံးတွေ ရိုက်ထည့်ပြီး ပြန်ရုန်းထွက်မယ် ။ ဒါဆိုရင် ကားက ရုန်းထွက်နိုင်ပါပြီ။ သင့်မျက်လုံး မြင်မိရင် ဟက်ခိုးဘာကြောင့် ရိုက်ရလဲ ဆိုတာ နည်းနည်းသဘောပေါက်လောက်ပါပြီ ။
ဟက်ခိုးကို မြေသားမမှန်သော နေရာရာများ ၊ ဗွက်လည်သော မြေသားများတွင် အသုံးပြုရန်၊ အုတ်မြစ်ရဲ့ အမာခံ အလွှာဖြစ် ထည့်သွင်းပေးတာပါတဲ့ ။
ပြီးတော့ ဟက်ခိုးက ကျလာသော ဝန်များကိုလည်း တူညီစွာ ဖြန့်ကျတ်ပေးသေးပါတယ်။
ဟက်ခိုးကို လမ်းခင်းခြင်း ၊ ကားလမ်းများ၊အဆောက်အဦး အုတ်မြစ်များ၊မြေညီထပ် floor concrete များ တွင် အောက်ခံ အမာခံ လွှာဖြစ် အသုံးပြုရပါတယ်တဲ့။
ဟက်ခိုးကို ရေ၌ မပျော်ဝင်သော ကျောက်တုံးကျောက်ခဲ များဖြစ်သာ အသုံးပြုရမည် ဖြစ်ပြီး ကျစ်လစ်သိပ်သည်း အောင် ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ ( ဆိုလိုတာက ကျောက်တွေကို သေချာ စီစီရီရီ ရိုက်ရမှာ ဖြစ်ပြီး သဲဖြည့် ရေလောင်း ဒင် ဆောင့် ခိုင်းတာပါ)
ကန့်သက်ထားတာ တစ်ခု ဟက်ခိုးကို အဆောက်အဦး စွန့်ပစ်ပစ္စည်း အုတ်ခဲကျိုး၊ ခဲကျိုး ၊ ကွန်ကရစ် အကျိုး အကြေများဖြင့် မပြုလုပ်ရပါဘူးတဲ့ ။
သူတို့ဟာ ဆွေးမြေ့ပျက်စီးနှိုင်ပြီး ဆာလဖိတ် ပါဝင်ကာ ရေနဲ့ဓာတ်ပြုပြီး ကွန်ကရစ် ကို ပျက်စီးစေလို့ပါတဲ့။
မလျှော်မမှန်သော ဟက်ခိုးရိုက်ခြင်းဟာလည်း Hardcore အလွှာ၏ ပံပိုးမှု့ဆိုင်ရာ ဂုဏ်သတ္တိကို ခြိမ်းခြောက်စေပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းများ၏ မျှော်လင့်ထားသောဝန်နှင့်ဖြစ်နှိုင်ခြေ ရှိသော ဖိအားများ၏ Hardcore အလွှာ၏ သင့်တော်သော အထူသည် ပုံမှန်အားဖြင့် 100-150 mm ကောင်းစွာ ကျစ်လစ်စွာ ထားရှိရမည် ဟု ဆိုထားပါသည်။
ဟက်ခိုး၏ အဓိက လုပ်ဆောင်ချက်ကတော့ အောက်ခံမြေသား အဆင့်မြင့်တင်မှု့ အတွက် လိုအပ်သော အမာခံ အလွှာပါလို့ ပြောချင်ပါတယ်။

မူရင်းရေးသားသူအား Credit ပေး ဂါရဝပြုပါသည်…
𝑰𝒓𝒐𝒏 𝑵𝒂𝒕𝒊𝒐𝒏 မှ ပြန်လည်မျှဝေပေးလိုက်ပါသည် ။

ခိုင်ခံ့လှပ ပြီး လုံခြုံစိတ်ချ ရတဲ့ အိမ်လေး များ ပိုင်ဆိုင်နိုင်ကြပါစေ…
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“𝐁𝐔𝐈𝐋𝐓 𝐘𝐎𝐔𝐑 𝐃𝐑𝐄𝐀𝐌 𝐖𝐈𝐓𝐇 𝐈𝐑𝐎𝐍 𝐍𝐀𝐓𝐈𝐎𝐍”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

#အိုင်းယွန်းနေးရှင်း #အိုင်းယွန်းနေးရှင်းမန္တလေး #ကုန်မာ #ဆောက်လုပ်ရေး

တထပ်ပြီးတထပ်ချီတက်ရင်း
19/12/2023

တထပ်ပြီးတထပ်ချီတက်ရင်း

https://www.facebook.com/100063696371460/posts/806888214777717/?mibextid=adzO7l
02/11/2023

https://www.facebook.com/100063696371460/posts/806888214777717/?mibextid=adzO7l

မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
************************************
- Segregation ဟူသည် အဘယ်နည်း
Segregation ဟူသည်မှာ ကွန်ကရစ်အနှစ်များ
တစ်သားတည်းမကျခြင်းကို ဆိုလိုသည်။ ကွန်က
ရစ် ဖျော်စပ်ရာတွင် လုံလောက်သော စေးကပ်မှုမရှိ ခြင်း၊ သမအောင်မွှေနှောက်ရောစပ်မှု မရှိခြင်းတို့
ကြောင့် Segregate ဖြစ်ပြီး ကွန်ကရစ် အချိူ းအစား အလိုက် ပြည့်ဝသော Strengthကို မရရှိနိုင်တော့ပေ။
ထို့ကြောင့် Concrete Segregation မဖြစ်စေ
ရန် အောက်ပါအချက်များကို ဂရုတစိုက် လိုက်နာ
ဆောင်ရွက်သင့်သည်။
၁။ ကွန်ကရစ်ဖျော်စပ်ရာတွင် အဓိကဖြစ်သည့်
ရေဘိလပ်မြေအချိူ း(water cement ratio)ကို
ကွန်ကရစ်အချိူ းအလိုက် Design mix ကို စနစ်တကျ တွက်ပြီး ရေကို မများလွန်း မနည်းလွန်းစေ
ရန် ဂရုစိုက်ရမည်။

၂။ Segregate ဖြစ်ရခြင်း၏ အဓိကအကြောင်း
ရင်းတစ်ခုသည် ကွန်ကရစ်ဖျော်စပ်ချိန်(mixing time)ဖြစ်သည်။ ပုံမှန်သတ်မှတ်ဖျော်စပ်ချိန်သည်
နှစ်မိနစ်ဖြစ်သော်လည်း ပိုမိုကောင်းမွန်အဆင်ပြေ
သလို လုပ်ဆောင်သင့်သည်။

၃။ တုန်ခါမှုအတွက် vi****or အသုံးမပြုဘဲ တုတ်
ချောင်း၊ သံချောင်းများဖြင့် ထိုးဆွခြင်းသည်လည်း concrete segregation ဖြစ်စေနိုင်သည်။

၄။ လိုအပ်ပါက စေးကပ်မှုပိုမိုကောင်းမွန်စေရန် Viscocity Enhancing Admixture များဖြစ်သည့် ဓာတုဆေးများအသုံးပြုခြင်းဖြင့်လည်း concrete segregation ကို ကာကွယ်နိုင်သည်။

၅။ ပုံစံများ ဆင်ရာတွက် စနစ်တကျနဲ့ ကောင်းမွန်သော ပုံစံများကိုသာ အသုံးပြုသင့်သည်။ ပုံစံများ
အပေါက်ရှိနေပါက ကွန်ကရစ်အနှစ်များ ယိုစိမ့်ပြီး segregation ဖြစ်စေနိုင်သည်။

၆။ အားကူသံချောင်းများ၏ အကွာအဝေး(spacing)
သည်လည်း စနစ်တကျတွက်ချက်ထားသင့်သည်။ အလွန်စိတ်လွန်းပါက ရောစာကြီးများ မ၀င်ဆန့်နိုင်ဘဲ တစစီကွဲသွားကာ concrete segregation ကို
ဖြစ်စေနိုင်ပါသည်။

#ဆရာထန်ပီး
(NYRDDC,MDY)
TP-CONSTRUCTION

https://www.facebook.com/story.php?story_fbid=775714151233299&id=100063841642784&post_id=100063841642784_775714151233299...
26/10/2023

https://www.facebook.com/story.php?story_fbid=775714151233299&id=100063841642784&post_id=100063841642784_775714151233299&mibextid=Nif5oz

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၃)
Foundation မြေ၀င်နက်နက်တူးထားလို့ အထပ်များများဆောက်လို့ရတယ်။

အဆောက်အဦအဟောင်းတွေကို ထပ်တိုးဆောက်ချင်တဲ့အိမ်ရှင်တွေ ပြောလေ့ရှိပါတယ် "အဆောက်အဦဆောက်တုန်းက Foundation ကို (၈ပေလောက်) အနက်ကြီးချထားလို့ နောက်တစ်ထပ်တက်လို့ ရပါတယ်" တဲ့။ Footing size (ခွာဆိုဒ်) အကျယ်အ၀န်းမေးတော့ သူတို့မသိပါဘူး။ Foundation နက်တော့ မြေကြီးခံနိုင်ရည်ကောင်းတဲ့အတွက် load ခံနိုင်ရည်ပိုရှိတာ မှန်ပါတယ်။ ဒါပေမယ့် ဒီတချက်တည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။
၁) Foundation မြေ၀င်ကို ဘယ်နှယ်ထပ်အတွက် ဘယ်လောက်ဆိုပြီး အသေသတ်မှတ်ထားလို့ မရပါဘူး။ နောက်ပြီး "၂ထပ်တုန်းက ၆ပေတူးတယ်၊ ၃ထပ်တုန်းက ၇ပေတူးတယ်၊ အခု ၈ထပ်ဆောက်မယ်ဆိုတော့ ၁၂ပေလောက်တူးရမယ်ထင်တယ်" လို့ မှန်းလို့ မရပါဘူး။။
၂) Foundation အတွကသင့်တော်တဲ့ Depth (အနက်) ကို မြေကြီးစမ်းလို့ရတဲ့ Result က ဘယ်နှယ်ပေမှာ မြေကြီးခံနိုင်အား ဘယ်လောက်ရှိတယ်ဆိုတာကနေ သင့်တော်တဲ့ မြေကြီးခံနိုင်အားရှိတဲ့ သင့်တော်တဲ့အနက်ကို ယူပါတယ်။ Footing အတွက်လိုအပ်တဲ့ အကျယ်အ၀န်း ဧရိယာကိုတော့ Column တိုင်ကနေ Footing ကထမ်းရမယ့် load ကို မြေကြီးခံနိင်ရည်နဲ့စားရင် ရပါပြီ။
ဥပမာ Footing ကထမ်းရမယ့် load က ၂၅တန်ရှိတယ်၊ ၇ပေအနက်မှာရှိတဲ့ မြေကြီးခံနိုင်အား (Safe Bearing Capacity) က ၁တန်ရှိတယ်ဆိုပါစို့။ Footing ကို ၇ပေအနက်တူးမယ်ဆိုရင် Footing အတွက်လိုအပ်တဲ့ အကျယ်အ၀န်း ဧရိယာက Load ကို မြေကြီးခံနိုင်အား (Safe Bearing Capacity)နဲ့စားဆိုတော့ ၂၅ ကို ၁ နဲ့စားတဲ့အဖြေ ၂၅စတုရန်းပေ ဖြစ်ပါတယ်။ ဒီတော့ ၅ပေပတ်လည်ဆိုရပါပြီ။
၃) Footing တစ်ခုက ထမ်းဆောင်နိုင်တဲ့ Load ၀န်က်ု မြေကြီးခံနိုင်အား (Safe Bearing Capacity) နဲ့ Footing အကျယ်အ၀န်း ဧရိယာနဲ့ မြှောက်ရင်ရတယ်ဆိုတာ သိနိုင်ပါပြီ။ ဒါကြောင့် Foundation အနက် (တနည်းအားဖြင့် မြေကြီးခံနိုင်အား Safe Bearing Capacity) ပဲပြောနေပြီး သူ့ရဲ့မြှောက်ဖော်ကိန်း Footing အကျယ်အ၀န်း ဧရိယာမသိရင် မပြည့်စုံတော့ အဖြေရှာဆုံးဖြတ်လို့ မရနိုင်ပါဘူး။

ရေးသားသူ ဆရာဘိုဘိုကျော် 🙏 # # #🙏🙏

https://www.facebook.com/story.php?story_fbid=334139812453987&id=100075739136149&post_id=100075739136149_334139812453987...
13/10/2023

https://www.facebook.com/story.php?story_fbid=334139812453987&id=100075739136149&post_id=100075739136149_334139812453987&mibextid=Nif5oz

BoBo Kyaw ရေးသားပါသည်။

#အဆောက်အဦးတစ်ခုကို PAE ​ကျသင့်တာကို ကြည့်ပြီး နဲတယ်များတယ်​ပြောမရဘူး။ ဒီနှုန်း​လေးနဲ့ ကိုယ်​ဆောက်မယ့်အ​​ဆောက်အဦကို ​​ဆောက်သင့်မ​ဆောက်သင့် ဆုံးဖြတ်လို့မရပါဘူး။

ကုန်ကျစရိတ် PAE ဆိုတာ
💥ကိုယ်လိုချင်တဲ့ အ​ဆောက်အဦအဆင့်အတန်း​ပေါ်မူတည်ပြီး ကွာခြားပါတယ်။
ငလျင်ဒဏ်ခံလား မခံလား။ ငလျင်ဒဏ်ခံက ဘယ်​လောက်ပြင်းအားအထိခံနိုင်တာလဲ။
အ​​ဆောက်အဦအရပ်အမြင့်က 14 ​ပေ လား 10​ပေလား။ 9"အုတ်ရိုးလား 4.5"လား။ အုတ်စီတာ ဘိလပ်​မြေနဲ့ပဲစီမှာလား။ ​နောက်ပြီး ​​နောက်ထပ် လား ​ပေါင်းများစွာ,....

💥အ​ဆောက်အဦက 15'×50' လား 35'x50' လား။ အကြမ်းအားဖြင့် မျက်နှာစာ အခန်းဖွဲ့နဲရင် PAE ပိုများကုန်တတ်ပါတယ်။ ​အ​​ဆောက်အဦ​သေး​​​သေးကျဥ်းကျဥ်း​လေး​တွေက PAE နဲ့ဆိုများ​နေတတ်ပါတယ်။

💥​အခန်း​တွေအများကြီး ပြွတ်သိပ်ပြီးဖွဲ့မှာလား။ အခန်းကျယ် Hall ​တွေများ​နေမလား။ အခန်းဖွဲ့များရင် အုတ်ပိုကုန်မယ်။ ပြီး ဝိတ်များလို့ ထုတ်, တိုင်, ​ဖောင်​ဒေးရှင်းပိုသုံးရမယ်။ တံခါး​တွေ ပိုထည့်ရမယ်။ ​ရေချိုးခန်း အိမ်သာသုံးပစ္စည်း​တွေပိုကုန်မယ်။ အုတ်နံရံဧရိယာပိုများ​တော့ ​ဆေးသုတ်တာ ​ကြွေပြားကပ်တာ ပိုသုံးရမယ်။ ဒါ​ကြောင့်ပိုကုန်မယ်။

💥အခု​ပြောတာ အကြမ်းထည်​လောက်​ပြောတာပါ။ အ​ချောထည်ဆိုပိုဆိုးပါတယ်။ ၁သိန်းတန် ဗိုလ်ထိုင်လား သိန်းသုံး ​လေးဆယ် ဗိုလ်ထိုင်လားဆိုတာ Range ကြီးက ကွာလွန်းပါတယ်။ ​ကြွေပြားတချပ်ဆိုလဲ ၃
သုံး​ လေးရာတန်လား သုံး ​လေး​သောင်းတန်လားဆိုတာ ရှိပါတယ်။ မီးလုံးဆိုလဲ သုံး ​လေး​ထောင်တန်လား သုံး ​လေး​သောင်းတန်လားရှိတယ်။ သိန်းရာချီတန် မီးဆိုင်း​တွေလဲ ရှိမယ်။

💥လက်ရာပိုင်းကိုပြောမယ်ဆိုလဲ အကြမ်းထည်မှာ သံချီတာ အ​​သေးစိတ်လိုက်နာရမှာ​တွေကို လိုက်နာပြီး သပ်သပ်ရပ်ရပ် အ​သေးစိတ်လုပ်တာလား။ ကွန်ကရစ်လောင်းမယ့်အထဲ သပွန်းဟင်းချက်သလို အကုန်​ပစ်ထည့်ထားတာလား။ ​တွေ့တဲ့​နေရာဆက် ​တွေ့သလိုသံ​တွေထိုး လုပ်သလားဆိုတာ​ပေါ်မူတည်ပြီး လက်ခကွာပါမယ်။ မဖြစ်မ​နေ ​လုပ်ရမယ့် လုပ်သင့်တဲ့အဆင့်၁၀ခုရှိရင် ၃ခုပဲလုပ်မှာလား ၁၀ခုအပြင် ထပ်​ဆောင်း လုပ်ဦးမလား စတာ​တွေ​ပေါ် ကုန်ကျစရိတ်ကွာပါမယ်။

⚠️ဒါ​​​​ကြောင့် PAE နဲ့ မိမိအ​​ဆောက်အဦကို မဆုံးဖြတ်ကြဖို့ အကြံ​ပေးလိုပါတယ်။ အဓိက ကိုယ်တတ်နိုင်တဲ့ပမာဏနဲ့ ထိုက်သင့်တဲ့အရည်အ​သွေးကို ​ရွေးချယ်ပါ။ ကိုယ်လိုချင်တဲ့အရည်အ​သွေးနဲ့ ကျသင့်တဲ့ပမာဏကို အသုံးပြုကျပါ။ ဘယ်လိုပဲလုပ်လုပ် အနဲဆုံးရှိရမယ့် Public Safety လိုအပ်ချက်​တွေ​တော့ ပြည့်မီရပါမယ်။ ကိုယ်​​ဆောက်လိုက်တဲ့အ​ဆောက်အဦ ကိုယ်​နေမယ့်အ​ဆောက်အဦဟာ ​နေထိုင်မယ့်လူ​တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံမှု​ပေးနိုင်ဖို့က အဓိကအ​ရေးကြီးဆုံးပါပဲ။ 10 တန် တတ်နိုင်တာကို 10 တန်​​​လောက်နဲ့ အ​​ခြေခံလိုအပ်ချက်​တွေ ပြည့်မီရင် ဘာမှမဖြစ်​ပေမယ့် ၂၀​လောက်နဲ့မှ အ​ခြေခံလိုအပ်ချက်ပြည့်မီမှာကို ၁၀​လောက်နဲ့ဖြစ်​အောင်လုပ်ရင်​တော့ Public Safety အားနဲပါပြီ။ စိုးရိမ်ရပါပြီ။

ပုံက ပြင်းအားများတဲ့ငလျင်ဒဏ်ခံ ၃ထပ်တိုက်အ​​ဆောက်အဦ ​ဖောင်​ဒေးရှင်းချ​နေပုံပါ။

ဗိုလ်ဗိုလ်​ကျော်

ာဗိုလ်ဗိုလ်ကျော်

https://www.facebook.com/story.php?story_fbid=332851305930036&id=100076155072802&post_id=100076155072802_332851305930036...
05/10/2023

https://www.facebook.com/story.php?story_fbid=332851305930036&id=100076155072802&post_id=100076155072802_332851305930036&mibextid=Nif5oz

👷 အုတ်စီတဲ့အခါ ဘာလို့ ဂျာလီထည့်စီ ခိုင်းရတာလဲ ။ ဒီတိုင်းစီကော မရဘူးလား လို့ ပန်းရံတစ်ယောက်က မေးလာပါတယ်။
ဟုတ်ကဲ့ ၊အဆောက်အဦးတွေဟာ တည်ဆောက်ပြီးရင် ကျုံ့ခြင်း ဆန့်ခြင်း ဆိုင်ရာ သဘောတရား ပိုင်ဆိုင်ထားပါတယ်။ ငလျှင်၊ မုန်တိုင်းကဲ့သို့သော သဘာဝဘေးတွေ ခံရနှိုင်ပါသေးတယ်။ ပူခြင်း အေးခြင်း ဆိုင်ရာ ရာသီဥတု ဒဏ်တွေလဲ ခံရနှိုင်ပြီး ကား ၊ ရထား သွားလာမှု့ကနေ လဲ တုန်ခါမှု့ ဒဏ်လဲ ခံရနှိုင်ပါတယ် ။
အာ့တွေကြောင့် မိမိတို့ အုတ်စီနံရံတွေဟာ တုန်ခါပြီးး ကွဲအက်လာတက်ပါတယ်။
ဒါကြောင့် ဂျာလီကို လေးလွှားတစ်ခါ ထည့်စီခိုင်းတာပါ ။
ဂျာလီ(Xmat) သူကလေ အုတ်နံရံတွေရဲ့ တုန်ခါမှု့ကို အဓိက ထိန်းကြောင်းပေးပြီးး အက်ကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဂျာလီ ထည့်စီခြင်းအားဖြင့် ခိုင်ခံ့တဲ့ နံရံတစ်ခု ပိုင်ဆိုင်မှာ ဖြစ်ပြီးး အရည်အသွေးမှီတဲ့ အဆောက်အဦး တစ်ခု ဖြစ်လာမှာပါ ။
အာ့ကြောင့် လေးလွှားတစ်ခါ ဂျာလီ ထည့်စီခိုင်းတာပါလို့ ပြောဖြစ်ပါတယ်။

Grand Ideas Construction & Decoration Co.,Ltd.






https://www.facebook.com/story.php?story_fbid=1245844216215120&id=100023686590528&post_id=100023686590528_12458442162151...
25/09/2023

https://www.facebook.com/story.php?story_fbid=1245844216215120&id=100023686590528&post_id=100023686590528_1245844216215120&mibextid=CDWPTG

သတိထားသင့်တဲ့ column တိုင်လောင်းခြင်း
အပိုင်း(2)

ဒီတစ်ခေါက်မှာတော့ Column သံချည်ပြီးသွားတဲ့အချိန်ကနေ ကွန်ကရစ်လောင်းပြီးတဲ့အချိန်ထိ ဘာတွေဂရုစိုက်ရမယ်ဆိုတာ‌ ပြောပြပေးသွားပါမယ်။

📌ပထမဆုံးအနေနဲ့ Column သံချည်ပြီးသွားလို့ တိုင်ပုံ formwork စွပ်ရမဲ့အချိန်ရောက်ပြီဆိုရင် Column သံချောင်းချည်ထားတဲ့ပတ်လည်မှာ ကွန်ကရစ်ကာဗာဘလောက်တုံး ချည်ဖို့မမေ့ပါနဲ့။

ပြီးရင်တော့ တိုင်ပုံကာတဲ့အပိုင်းရောက်ပါပြီ။တိုင်ပုံကာတဲ့နေရာမှာ အထပ်သားနဲ့သစ်သားတွဲရိုက်ထားတဲ့ပုံစံခွက်၊ ပလက်စတစ်တိုင်ပုံခွက်၊ သံနဲ့လုပ်ထားတဲ့တိုင်ပုံခွက် စသည်ဖြင့်အမျိုးမျိုး သုံးကြပါတယ်။ ဘယ်လိုပုံစံခွက်နဲ့ပဲကာသည်ဖြစ်စေ အဓိကလိုအပ်တာ‌ကတော့
📌ကာထားတဲ့တိုင်ပုံသည် ယိမ်းယိုင် တိမ်းစောင်းတာမျိုးမရှိရပါဘူး။
📌ထောင်မတ်နေပြီးတော့ တိုင်ရဲ့ မျက်နှာပြအလှည့်တွေကလဲ မှန်ကန်ရပါမယ်။ လည်နေတာ လိမ်နေတာမျိုး မရှိရပါဘူး။
📌ကွန်ကရစ်လောင်းတဲ့အခါ ထိုးတဲ့ Vi****or ရဲ့တုန်တဲ့ဒဏ်ကိုခံနိုင်ရည်ရှိရပါမယ်။

သစ်သားနဲ့အထပ်သားကိုအသုံးပြုပြီး တိုင်ပုံကာမယ်ဆိုရင်တော့
📌အသုံးပြုမယ်အထပ်သားကိုညီညာချောမွတ်တာမျိုးပဲအသုံးပြုသင့်ပါတယ်။ ထပ်ကာထပ်ကာ သုံးဖို့ရည်ရွယ်ထားရင်တော့ ရေစိုခံတဲ့အထပ်သားမျိုးသုံးသင့်ပါတယ်။
📌တိုင်ပုံချုပ်မဲ့သစ်သား‌တွေအနေနဲ့လဲ ဆွေးနေတာ မျိုးရှိမရှိလိုက်စစ်ဆေးပါ။
📌 နောက်ဆုံးအနေနဲ့ column ကို ကွန်ကရစ်လောင်းပြီဆိုရင် ကွန်ကရစ်အရည်အသွေးပြည့်ဖို့၊ Vi****or လုံလောက်အောင်ထိုးဖို့ လိုအပ်ပါတယ်။

မူရင်းရေးသားသူအား Credit ပေး ဂါရဝပြုပါသည်။
𝑰𝒓𝒐𝒏 𝑵𝒂𝒕𝒊𝒐𝒏 မှ ပြန်လည်မျှဝေပေးလိုက်ပါသည် ။

ခိုင်ခံ့လှပ ပြီး လုံခြုံစိတ်ချ ရတဲ့ အိမ်လေး များ ပိုင်ဆိုင်နိုင်ကြပါစေ…
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“𝐁𝐔𝐈𝐋𝐓 𝐘𝐎𝐔𝐑 𝐃𝐑𝐄𝐀𝐌 𝐖𝐈𝐓𝐇 𝐈𝐑𝐎𝐍 𝐍𝐀𝐓𝐈𝐎𝐍”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

#အိုင်းယွန်းနေးရှင်း #အိုင်းယွန်းနေးရှင်းမန္တလေး #ကုန်မာ #ဆောက်လုပ်ရေး

Address

No. 71, Dhammazedi Road, Yangon
Sanchaung

Telephone

+959799701779

Website

Alerts

Be the first to know and let us send you an email when Super Home Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Super Home Construction Co.,Ltd:

Share